Wednesday 16 January 2013

ရွှေတွံတေးဆရာတော် ငြိမ်းချမ်းပါစေ-ကမ္ဘာမြေ နိုင်/ချုပ် စာအုပ်ရောင်းပွဲသို့ကြွရောက်










                   နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်(
နိုင်/ချုပ်) က ပြုလုပ်သော စာအုပ်ရောင်းပွဲကို ရန်ကုန်မြို့ 
ကန်တော်ကြီးကရ၀ိတ် ဥယျာဉ်တွင် (15.1.2013 မှ 18.1.2013)နေ့ထိ ကျင်းပရာ
ရွှေတွံတေးဆရာတော်နှင့် နိုင်ငံခြားသား ရဟန်းတော်များ
ဧည့်သည်တော်များလဲကြွရောက်ခဲ့ကြသည်။ နိုင်/ချုပ် စာအုပ်ရောင်းပွဲမှ
ရရှိသော အမြတ်ငွေကို ကချင်ဒုက္ခသည်များနှင့် မိဘမဲ့ခလေးများ ပညာရေးအတွက်
ထောက်ပံ့မည်ဖြစ်ရာ
 ရွှေတွံတေးဆရာတော်နှင့် ဧည့်သည်များက အလျူငွေများပေးအပ်ခဲ့သည်။်
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့
နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ယက်  ဦးဝင်းတင်ဖောင်ဒေးရှင်းနှင့်
နိုင်/ချုပ် တို့သည် ဒုက္ခသည်များနှင့် ခက်ခဲရင်ဆိုင်နေရသူများ
အကျဉ်းစံများကို ကူညီစောင့်ရှောက်ပေးနေကြသည်။
ရွှေတွံတေးဆရာတော်က...........
                                             ဒီအဖွဲ့တွေ
ရည်ရွှယ်ချက်ကောင်းလို့ အားပေးတာပါ။ ထောင်ထဲမှာရှိတဲ့
အကျဉ်းသားတွေအားလုံးကိုလဲ ချက်ချင်းလွှတ်ပေးစေချင်တယ်။ ကချင်ဒေသမှာလဲ
စစ်ပွဲတွေ ချက်ချင်းရပ်စေချင်တယ်။
အင်အားကြီး ပါဝါကြီးတဲ့သူက သဘောထားကြီးပေးလိုက်ရင် ငြိမ်းချမ်းသွားမှာပဲ။
ဆရာတော်ကိုယ်တိုင်က ငြိမ်းချမ်းပါစေလို့ ပြောနေကြမို့ အခုကျင်းပတဲ့
ငြိမ်းချမ်းပါစေ ကမ္ဘာမြေ စာအုပ်ရောင်းပွဲကို ကြွဖြစ်တာပါ စသည်ဖြစ်
မိန့်ကြားပါသည်။






--
http://www.burmaburo.blogspot.com

No comments:

Post a Comment