Thursday 10 January 2013





Posted: 09 Jan 2013 09:05 AM PST
ဟင်္သာတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ညီလာခံ

ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မြို့နယ် အလုပ်အမှု့ဆောင်အဖွဲ့ဝင် (၂၁) ဦးကိုမကြာမီ ရက်ပိုင်းအတွင်း ရွေးချယ်တင်မြှေက်ရန်ရှိပါသည်။ထိုသို့ရွေးချယ်ရာတွင် ရပ်ကျေးညီလာခံ ကိုယ်စားလှယ်(၄၀၀)ခန့်မှ  ရွေးချယ်တင်မြှေက်ကြရန်ဖြစ်ပါတယ်။မဲစနစ် နဲ့ လည်း မိမိတို့ကြိုက်နှစ်သက်ရာ ပုဂ္ဂိုလ်များကို  ရွေးချယ်ရန်ဖြစ်ပါတယ်ရှင့်….
ဒီမိုကရေစီနည်းကျကျ အောက်ခြေမှစပြီး ရွေးချယ်တင်မြှောက်ရာတွင်  လူကောင်းလူတော်များ ကိုရွေးချယ်ရန် မှာမြို့နယ်ညီလာခံသည် အထူးအချက်အချာကျ ပြီးအရေးကြီးဆုံး ပါတီအတွင်း ခိုင်မာတောင့် တင်းမှု့ သတ်မှတ် နိုင်ပါမည်။
     လူကောင်းဟုဆိုရာတွင်
(၁)အကျင့်စာရိတ္တကောင်းမွန်ခြင်း
(၂)မိမိကိုယ်ကျိုးကို မငဲ့ ကွက်သူ
(၃)အမှားအမှန် ခွဲခြားစိတ်ဖြာနိုင်သူ
(၄)အမှန်ကို ဆောင်ပြီး အမှားကိုရှောင်နိုင်သူ
(၅)အများအကျိုးကို ဦးစားပေးဆောင်ရွက်သူဖြစ်သင့် ပါတယ်။
   လူတော်ဟုဆိုရာတွင်
(၁)သူတပါးကိုဝေဖန်ခြင်းထက် မိမိကိုယ်ကိုမိမိဝေဖန်သုံးသပ်သူ
(၂)ဒီမိုကရေစီစနစ်ကိုအကြွင်း မဲ့ ယုံကြည်သူ
(၃)နိုင်ငံရေး အစဉ်အလာကောင်းသူ
(၄)အသင်းအဖွဲ့အစည်းအရုံးများကို ဦးဆောင်နိုင်သူ
(၅)မတရားသည့် ဥပဒေအမိန့်အာဏာများကို တာဝန်အရဆန့်ကျင်သူ
(၆)ဥပဒေစိုးမိုးရေးနှင့်တရားမျှတမှု့ကိုရိုသေလေးစားလိုက်နာသူ
(၇)ရဲဘော်ရဲဘက် စိတ်ဓါတ် အပြည့်ရှိသူ
(၈)ပြည်ထောင်စုစိတ်ဓါတ် အပြည့်ရှိသူများဖြစ်သင့်ပါတယ်
   ဟင်္သာတမြို့နယ်။အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် အလုပ်အမှု့ဆောင်များရွေးချယ်ရာတွင် အောင်မြင်စွာ ရွေးချယ်တင်မြှေက် နိုင်ရန်နှင့်လူကောင်းလူတော်များ ရွေးချယ်တင်မြှောက် နိုင်ရန်အတွက် ကျွန်မတို့လက် လှမ်းမှီ သမျှ အောက်ပါပုဂ္ဂိုလ် (၁၁) ဦးကို၎င်းတို့၏ ကိုယ်ရေးရာဇ၀င်များ ကိုသေချာသုံးသပ်ပြီး (၁)မြို့မိမြို့ဖ (၂)၀ါရင့် နိုင်ငံရေးသမားများ(၃)ကျောင်းသားသမဂ္ဂ လူငယ်ခေါင်းဆောင်များ(၄)အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် လူကြီးလူငယ်များ(၅)လှု့မှု့ရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များနျင့်တိုင်ပင်ပြီး၎င်းတို့၏ သဘော ထားနဲ့ ဆန္ဒများကို တောင်းခံကာ ပမာဏရွေးချယ်ခဲ့ပါတယ်။ထိုသို့ ရွေးချယ်ရာတွင် ရာနှုန်းပြည့် သဘောဆန္ဒ တူညီခြင်း မရှိကြပါ။ သဘောထားအမျိုးမျိုး ရှိသည့်အနက် အများစု ဆန္ဒ သဘောထားကို မူတည်ပြီး စာရင်ပြုစု ထားသော်လည်း မဖြစ်မနေရွေးချယ်သင့်သည့် သဘောထားဆန္ဒ မရှိပါ။ရွေးချယ်ရန်တာဝန်မှာ မြို့နယ်ညီလာ ခံကိုယ်စားလှယ်များသာ ဖြစ်ပါတယ်ရှင့်..  ၄င်းတို့ရွေးချယ် ပြီးပါကလည်းကျန် တဲံသူအနေဖြင့်မည်သို့မျှ ကန့်ကွက်မည်မဟုတ်ပါ။အများဆန္ဒ ကိုလေးစားလိုက်နာရမည်သာဖြစ်ပါတယ်။၎င်းတို့အမည် စာရင်းများကို အက္ခရာစဉ်လိုက် ဖော်ပြလိုက်ပါတယ် ရှင့်…….
(၁)ဦးကျော်ဝင်း (နိဗ္ဗာန်)
(၂)ဦးခင်မောင်ရီ (အေးမြသာယာ)
(၃)ဦးစောဝင်း (တာငါးဆယ်တောင်)
(၄)ဒေါ်ဆွေဆွေနွယ်(မြ၀တီ)
(၅)နော်ဆေးဖေါ (ဓမ္ဘီ)
(၆)မနီလာ (ရွှေသိန်းမင်းပွဲရုံ)
(၇)ဦးမျိုးမြင့် (ဆကာရပ်)
(၈)ဦးလှမြင့်(တာငါးဆယ်တောင်)
(၉)ဦးလှိုင်မြင့်ထွန်း(ဥယျာဉ်မြောက်)    
(၁၀)ဦးသာအေး (ပန်းဘဲတန်း)
(၁၁)ဦးအောင်ဟိန်း (တာကလေး) ရပ်ကွက်တို့ဖြစ်ပါတယ်၊
၎င်းတို့၏ ကိုယ်ရေးရာဇ၀င် အချက်အလက်များကိုလည်း အခါအားလျော်စွာ ဆက်လက်တင်ပြသွားပါမည်။ ကျန်(၁၁)ဦးကိုလည်း ဆက်လက်ဖေါ်ပြပေးပါမည်။ကျွန်မတို့ လက်လှမ်းမမှီ သည့်ဒေသများ ကျန်ရှိနေပါသေးတယ်။ပြည်စုံ မှု့မရှိသည်ကို သည်းခံနားလည် ခွင့်လွှတ် ပေးပါရန် ကျွန်မက မေတ္တာရပ်ခံ အပ်ပါတယ်။ရွေးချယ်တင်မြှောက် အဖွဲ့တွင် မိမိဆန္ဒရှိသူ ကိုအဆိုပြုရာတွင် အဆိုပြုရသည့်အကြောင်းရင်းနှင့် မိမိ အဆိုပြုသူ၏ ကိုယ်ရေးရာဇ၀င် ကိုတက်ရောက်သူများ သိရှိစေရန် တင်ပြပါက အကောင်းဆုံးဖြစ်နိုင် ကြောင်းကိုတင်ပြအပ်ပါတယ် ရှင့်….
ကျွန်မတို့နည်းသူ အကြံပြုချင်သူများကို လည်းဖိတ်ခေါ်ပါတယ် ရှင့်…. ကျွန်မ တို့ ဟင်္သာတသူအဖွဲ့ တင်ပြချက်ကို ရိုးသားစွာ ထင်မြင်ချက် အထူးဝမ်းမြှောက် ပါကြောင်း အမျိုးသားဒီမိုကရေစီပါတီဝင် အားလုံး နှင့်ပြည်သူအားလုံးအား တင်ပြလိုက်ပါတယ်                                     
                                                                           
                                                                                ဟင်္သာတသူများအဖွဲ့
                                                                               ဘက်မလိုက်နိုင်ငံ ရေးလှုပ်ရှားသူများ
                                                                                ဧရာဝတီတိုင်း
                             
Posted: 09 Jan 2013 09:02 AM PST
<
div style="text-align: justify;">  မကွေးတိုင်းဒေသကြီး ရေစကြိုမြို့တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များနှင့်စေတနာရှင် ကျူရှင်ဆရာတစ်စုတို့ပေါင်းစပ်ကာ ပြီးခဲ့သောဇူလိုင်လဆန်းကစပြီးဖွင့်လှစ်ခဲ့သည့်  အမေ့အိမ် အခမဲ့ ပညာဒါနစာသင်ကျောင်းတွင် ယနေ့ (၈.၁.၁၃)ဆရာကန်တော့ ပွဲကျင်းပခဲ့ကြပါ သည်။ မြို့ပေါ်နှင့်နယ်ဘက်တို့မှလာရောက်ပညာသင် ယူနေကြသော ဆယ်တန်းကျောင်းသား/သူ ၄၁ ဦးရှိပြီး ယင်းတို့ကဆရာများကို ဆောင်းဝတ်စုံတစ်စုံစီနှင့်ပုဆိုးတစ်ထည်စီကို စုပေါင်း ကန်တော့ပေးခဲ့ကြပါသည်။ယင်းအတွက်ကုန်ကျငွေကိုမူ ကျောင်းကော်မတီကပင် စေတနာရှင်မိဘပြည်သူ
 များဆီမှ အလှူခံပေးပြီးပြုလုပ်ပေးခဲ့ပါသည်။

  ရေစကြို အမေ့အိမ် ပညာဒါနကျောင်း
တည်နေရာ။     ။ မဇ္ဈိမာရုံကျောင်းလမ်း၊ စည်ပင်သာယာရပ်၊အမှတ်၂ နယ်မြေ။
စတင်သည့်နေ့။    ။ ၇.၇.၂၀၁၂.
ကျောင်းသားဦးရေ။    ။ ၄၁ ယောက်။(ကျား=၁၇။မ=၂၄)
ဆက်သွယ်ရန်။    ။၀၉၆၅၇၀၉၅၇။၀၉၆၈၀၃၃၅၂။ ၀၆၂၃၀၅၃၁။
ငွေရည်ဆန်း (ရေစကြို)။၀၉ ၆၅၇၀၉၅၇။
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

No comments:

Post a Comment