Sunday 10 February 2013

အော်ကလန်မှာ ကျင်းပသော ကချင်ဒေသငြိမ်းချမ်းရေး ဆန္ဒထုပ်ဖေါ်ပွဲ အကြောင်း



သို့  - - - = ခင်ဗျား
 နယူးဇီလန်နိုင်ငံ ကချင်ကွန်မြူနတီမှ ယနေ့  (၉-၂-၂၀၁၃) ပြုလုပ်သော ကချင်ဒေသ တိုက်ပွဲများ အပြီးအပိုင် ရပ်စဲရေး၊ ထာဝရငြိမ်းချမ်းရေး၊ ဆန္ဒပြပွဲ၊ ဆုတောင်းပွဲများပြုလုပ်ခြင်း အကြောင်းအရာနှင့် ဓါတ်ပုံမှတ်တမ်းများပေးပို့ ပါသည်။
အထက်ပါဆန္ဒထုပ်ဖေါ်ပွဲများကို နယူးဇီလန်စံတော်ချိန် နနံနက် ၁၁း၀၀ နာရီမှာ စတင်ကျင်းပပြီး နေ့ လယ် ၂ါ်၀၀ နာရီခန့် မှာ ကြွေကျော်သံများနှင့်အတူ အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။
အော်ကလန်မြို့ တော် (Auckland City) ၏အလယ်ဗဟိုလ်ဖြစ်သော Queens Street ရှိ မြို့ တော်ခန်းမရှေ့ လမ်းဆုံတွင်ပြုလုပ် သော ဆန္ဒထုပ်ဖေါ်ပွဲကို အစပထမတွင် ကချင်ကွန်မြူနတီမှ လူ ၅၀ ခန့် နှင့်စတင်ပါသော်လည်း တဖြေးဖြေး မြန်မာတိုင်းရင်း သားများဖြစ်သော ကရင်၊ ချင်း၊ မြန်မာ၊ ရခိုင်၊ ကရင်နီ၊ ရှမ်း၊ မွန် စသည်ဖြင့်မြန်မာပြည်သားများ စုစည်း အားပေးလာပြီး သက်ဆိုင်ရာသတင်းဌာနများမှ တာဝန်ခံများလာရောက်သတင်းယူကြပါသည်။
အထူးသဖြင့် ကချင်တိုင်းရင်းသူ ကလေးများ၏ လှပသေသပ်စွာတိုင်းရင်းဝတ်စုံကလေးမျာဖြင့် ဆန္ဒပြုပုံကို အော်ကလန်မြို့ သူမြို့  သားများအပြင် တိုးရစ်များအထူးအားပေးကြပါသည်။ သက်ဆိုင်ရာ ကွန်မြူနတီအဖွဲ့ အစည်းများမှ တာဝန်ခံပုဂ္ဂိုလ်များကလည်း ကချင်ဒေသစစ်မီးငြိမ်းရေးဆန္ဒများထုပ်ဖေါ် ဆွေးနွေး မိန့် ခွန်းများပြောကြားကြပါသည်။ နေ့ လယ် ၂း၀၀ နာရီခန့် တွင် ကြွေးကျော်သံများနှင့်အတူ အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။ ပူးတွဲပါ လှုပ်ရှားမှုဓါတ်ပုံများကိုတပါတည်းပေးပို့ ပါသည်။

ပေးပို့ သူ
မွန်ဦးမြေ




--
http://www.burmaburo.blogspot.com

No comments:

Post a Comment