Saturday 9 February 2013

ဘင်္ဂါလီရန်မအေးသေးပါ။

ရခိုင်မိသားစုတစ်စုအား ဘင်္ဂလီများမှ အကြမ်းဖက်

မြောက်ဦးမြို့နယ် ဒုံးဘွယ်ကျေးရွာမှ ရခိုင်မိသားစု တစ်စုကို ၄င်းအနီးအနားရှိ ဘင်္ဂလီကျေးရွာ ရှင်းတောင် ရွာမှ ဘင်္ဂလီများတစ်စုက ဖေဖော်ဝါရီလ(၇)ရက်နေ့က အကြမ်းဖက် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ 
အဆိုပါ ဒုံးဘွယ်ကျေးရွာမှ အကြမ်းဖက်တိုက်ခိုက်ခံရသူများမှာ သားဖြစ်သူ ဦးမောင်ရွှေသန်း အသက်(၂၅)နှစ်ခန့် နှင့် အဖဖြစ်သူ ဦးသာထွန်း(၅၂)နှစ်ခန့်တို့ဖြစ်ပြီး ကြာသပတေးနေ့ ည(၁၂)နာရီအချိန်တွင် စိုက်ပျိုးခြံ ၌ ညအိပ်စောင့်နေစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ 
“ ဦးသာထွန်းတို့ မိသားစုက ရွာနဲ့မနီးမဝေးမှာ ပြောင်းခင်းနဲ့ ကွမ်းခင်းတွေ စိုက်ပျိုးကြပါတယ်။ အဲဒီ စိုက်ပျိုး ခင်းမှာနေပြီးတော့  အစောင့်အနေနဲ့ သူတို့အိပ်နေကြတာပါ။ ဆိုတော့ ကြသပတေးနေ့ကပေါ့ ည ၁၂ နာရီလောက် ရှိမယ် ထင်ပါတယ်။ အနီးအနားက ဘင်္ဂလီကျေးရွာဖြစ်တဲ့ ရှင်းတောင်ကျေးရွာက ကုလားတွေ အများကြီးဘဲ ၁၅ ယောက်လောက်ရှိမယ်ထင်ပါတယ်။ သတ်ဖို့လာကြတယ်။ ယောက်ျားဖြစ် တဲ့သူတွေက ကုလားဝင်လာ တဲ့အသံ ကိုကြားလို့ သူတို့ မိန်းမတွေကို ဒုံးဘွယ် ရွာကို ထွက်ပြေးခိုင်း လိုက်ပါ တယ်။ မိန်းမတွေက ရွာသား တွေကို လိုက်ခေါ်နေတုန်း ကုလားတွေက မျက်နှစ် ဖုန်းစွပ်ပြီး ကြိုးတွေ နဲ့ချဉ်ပြီးတော့ ၀ိုင်းရိုက်ကြပါတယ်။ ရွားသားတွေ လိုက်လာတော့မှ ကုလားတွေက ထွက်ပြေး သွားကြပါ တယ်။ ” ဟု ဆွေမျိုး တစ်ဦးမှ ပြောပြသည်။ 
အကြမ်း ဖက်ကုလားများ ရိုက်ချက်ကြောင့် သားဖြစ်သူ မောင်ရွှေသန်းမှာ နှခေါင်းရိုးကျိုးသွားပြီး အဖေဖြစ် သူ ဦးသာထွန်း မှာလည်း ကုလားများ ဝိုင်းရိုက် ချက်ဒဏ် ရာနှင့် ကြိုးချဉ်နှောင် ဒဏ်ရာများကြောင့် သတိမေ့ ကျန်ခဲ့ရာ ရွာသားများက မြောင်းဘွယ် ဆေးရုံးသို့ ပို့ပေးထားကြောင်း သိရသည်။ “ ဒဏ်ရာ တွေက အင်မတန် ပြင်းပါတယ်။ လူတကိုယ်လုံးနာကျင်နေပါတယ်။ အခုတော့ မြောင်းဘွယ်ဆေးရုံမှာ အတွင်း လူနာအဖြစ် ကုသခံနေရပါတယ်။ ” ဟု သားဖြစ်သူ မောင်ရွှေသန်း၏ မိန်းမကပြောသည်။ 
ဤကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြောင်းဘွယ်ရဲစခန်းကို တိုင်ကြားထားပြီဖြစ်ကြောင်း သိရသည်။
(forward blog မှကူးယူဖေါ်ပြပါသည်)

No comments:

Post a Comment