Wednesday 6 February 2013

ရွှေတွံတေးဆရာတော် ထောင်တွင်းအကြမ်းဖက်ခံရမှုသမိုင်း အခမ်းအနားတက်ရောက်




                            ၁၉၈၉ ခုနှစ် သာယာဝတီအကျဉ်းထောင်တွင်း Anti
Labor တိုက်ပွဲအထိမ်းအမှတ် အခမ်းအနားကို ၁. ၂. ၂၀၁၃ နေ့ တွင်ရန်ကုန်မြို
့တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပရာ ရွှေတွံတေးဆရာတော်
တက်ရောက်အမှားစကားပြောကြားခဲ့သည်။
                             နိုင်ငံရေးအကျဉ်းသားအခွင့်အရေးများ
ဖျက်ဆီးခံရသည့်အပြင် လူမဆန်စွာ မတရားညှင်းပန်းနှိပ်စက်ရိုက်နှက်ခံခဲ့ရသော
ထောင်တွင်းအကြမ်းဖက်ခံရမှုသမိုင်းတင်အခမ်းအနားလည်းဖြစ်သည်
လူ၁ယောက်ကို ၂၀-၃၀ ၀ိုင်းရိုက်ကြသဖြင့် နံရိုးကျိုး - လက်ကျိုး -
မျက်စေ့ကန်းနှင့် သေရာပါဒဏ်ရာများအသီးသီးခံစားကြရသည်။
ထိုဒဏ်ဖြင့်ပင်ထောင်လွတ်ပြီး ၁လကျော်တွင်သေဆုံးသွားသူလည်းရှိခဲ့သည်။
                             အခမ်းအနားသို့  Anti Labor တိုက်ပွဲဝင် ၉၅
ဦးရဲဘော်များ နှင့်မိသားစုဝင်များ ၈၈ မျိုးဆက်ကျောင်းသားများ
နိုင်ငံရေးအကျဉ်းသားဟောင်းများ  အဖွဲ့ အစည်းအသီးသီးမှပုဂိုလ်များ
စိတ်ဝင်းစားသူများနှင့်
မီဒီယာများ တက်ရောက်ကြသည်။
                            ဖြစ်စဉ်အကျဉ်းကို ကိုမာကီးက ပြောကြားပြီး
ရွှေဝါရောင် ဦးပဏီတ  - သာယာဝတီပြန် ကိုဋ္ဌေးကြွယ် -
ထောင်တွင်းကျဆုံးသွားသော (ကိုသက်ဝင်းအောင်) ၏ အကိုဖြစ်သူ ကိုပြုံးချို -
တိုက်ပွဲဝင် (ကိုဇော်ထွန်း)၏
အစ်မ တို့ ကအမှတ်တရစကားပြောကြားကြပြီး ကိုအေးလွင်က ကဗျာရွတ်ဆိုခဲ့သည်။
                           ရွှေတွံတေးဆရာတော်က.......................
စစ်အာဏာရှင်စနစ်အောက်မှာ တနိုင်ငံလုံး အကျဉ်းချခံကြရတာပါ
တက်ကြွလှုပ်ရှားသူတွေကို အကျဉ်းထောင်၄၄ ခုမှာထပ်အကျဉ်းချတယ်
ထောင်တွင်းနိုင်ငံရေးအကျဉ်းသား
အခွင့်အရေးနဲ့ အမှန်တရားအတွက်ဆက်လက်တိုက်ပွဲဝင်သူတွေကိုလဲအကြမ်းဖက်
ဆက်ဖိနိုပ်တယ် ဒီအမိုင်းတွေမပျောက်အောင် အခုလိုကျင်းပတာပါ .....
လူတွေကိုသိစေချင်တယ် တနိုင်ငံလုံး တကမ္ဘာလုံးသိစေချင်တယ်
ဘယ်အစိုးရပဲဖြစ်ဖြစ်
ဒီလိုလူမဆန်တဲ့အကြမ်းဖက်ရက်စက်မှုတွေ မပေါ်ပေါက်ရအောင် လူသားအားလုံး
ဝိုင်းဝန်းဆောင်ရွက်ကြဖို့ လူအား ငွေအား အကြံဥာဏ်အား တွေနဲ
့ဝိုင်းဝန်းပံ့ပိုးပေးကြဖို့ တိုက်တွန်းပါတယ်
                            ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးအတွက်
ဒီလိုသက်စွန့် အနစ်နာခံပြီး အခြေခံ အုတ်မြစ်ချခဲ့ကြရတာ - Anit Labour
တိုက်ပွဲဝင်ရဲဘော်တို့ ရဲ့ အုတ် ၉၅
ချပ်ဟာလည်းပါဝင်ခဲ့တယ်ဆိုတာကိုလေးစားဂုဏ်ပြုပါတယ်.....
စသဖြင့်ပြောကြားခဲ့သည်။
    Anti Labor တိုက်ပွဲဝင်ရဲဘော်များကိုလဲ ဂုဏ်ပြုငွေသားနှင့်အမှတ်တရ
ပစ္စည်များပေးအပ်ခဲ့ပါသည်။





--
http://www.burmaburo.blogspot.com

No comments:

Post a Comment