Wednesday 26 June 2013

1954 Act.



ကျွန်ုပ်တို့ ဗုဒ္ဓဘာသာသည် ဘာသာရေးကဏ္ဍနှင့် လူမှုရေးကဏ္ဍတို့တွင် ရာယှက်ခြင်းမရှိ တသီးတခြားစီ ပိုင်းခြား ထားပေသည်။ ဗုဒ္ဓဘာသာ၏ ရင်းမြစ်သဘောတရားမှာ လောကီရေးနှင့်သက်ဆိုင်သည်မဟုတ်ပေ။
မန်မာ့ဓလေထုံးတမ်း ဥပဒေဆိုသည်မှာ မြန်မာလူမျိုးတို့၏ သမိုင်းကြောင်းတလျှောက်တွင် အဓွန့်ရှည်စွာ လက်ခံ ကျင့်သုံးခဲ့သည့် ဓလေ့ထုံးတမ်းများကို အခြေခံပြီး ပေါက်ဖွားလာသော လူမှုရေးဥပဒေဖြစ်သည်။
ဗုဒ္ဓဘာသာနတရား ဥပဒေဟူသည့် ဝေါဟာရသည် အဓိပ္ပါယ်လွဲမှားနေကြောင်း ဥပဒေပညာရှင်များက တညီတညွတ်တည်းလက်ခံဆုံးဖြတ်ခဲ့ကြသည်မြန်မာဗုဒ္ဓဘာသာဝင်များနှင့်သက်ဆိုင်သည့်လူမှုရေးဥပဒေကိုပြဆိုရာ၌မူ မြန်မာ ဗုဒ္ဓဘာသာဝင်များနှင့်သက်ဆိုင်သည့် လူမှုရေးဥပဒေမှာ "မန်မာ့ဓလေ့ထုံးတမ်းဥပဒေ" ဖစ်သင့်ကြောင်းပဒေပညာရှင် အသီးသီးက တညီတညွတ်တည်း လက်ခံဆုံးဖြတ်ခဲ့ကြသည်
ဤအချက်များ ကိုဖော်ပြရခြင်းမှာ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာ၏ လူမှုရေးနှင့် တသီးတခြားတည်ရှိမှုကို ဦးစွာပထမ သိရှိ စေလိုခြင်းကြောင့် ဖြစ်ပါသည်။ အခြားသော ဘာသာများတွင်ကား ကျွန်ုပ်တို့ ဗုဒ္ဓဘာသာမှာကဲ့သို့ မဟုတ်ပဲ ဘာသာရေး
နှင့် လူမှုရေးရောယှက်နေသည့် ဘာသာများလည်းရှိသည်ကို တွေ့ ရသည်။ ကျွန်ုပ်ယခု တင်ပြလိုသည်မှာ မြန်မာဗုဒ္ဓဘာ သာမိန်းမများ၏ ထိမ်းမြားလက်ထပ်ရေးနှင်သက်ဆိုင်သော ဥပဒေဖြစ်သည် ထိမ်းမြား လက်ထပ်ရေးသည် လူမှုရေးကိစ္စ သက်သက်သာဖြစ်သည်။ ထိမ်းမြားလက်ထပ်ရေးနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာ၏ ဘာသာရေးရှုထောင့်မှ ၀င်ရောက်စွက် ဖက်ခြင်း တစုံတရာမရှိပေ။
မြန်မာဗုဒ္ဓဘာသာဝင်များနှင့် သက်ဆိုင်သော လူမှုရေးဥပဒေဟု ဥပဒေပညာရှင်အသီးသီးက တညီတညွတ်တည်း လက်ခံဆုံးဖြတ်ခဲ့ကြသော " မန်မာ့ဓလေ့ထုံးတမ်းဥပဒေ "ကလည်း ထိမ်းမြားလက်ထပ်ရေးနှင့်ပတ်သက်အချုပ်အ ခြယ်မရှိ လွတ်လပ်ခွင့်ပေးထားသည်။ မန်မာ ဗုဒ္ဓဘာသာတယောက်အား ဘာသာခြားနှင့်ထိမ်းမြားမှုကို တားမြစ်ပိတ်ပင် ခင်းမရှိပေ။
သို့သော် ဘာသာခြားတို့၏ ဓလေ့ထုံးတမ်းများ၊ ဘာသာခြားတို့၏ ဘာသာရေး တရားဥပဒေများကမူ များစွာ ကြပ် တည်းလှသည်ကိုတွေ့ ရသည်။ ဘာသာခြားနှင့် ထိမ်းမြားလက်ထပ်ခြင်းကို ကြပ်တည်းစွာတားမြစ်ပိတ်ပင်ထားခြင်း၊ ၄င်း တို့၏ ဘာသာသို့မကူးပြောင်းဘဲ ၄င်းတို့ဘာသာဝင်နှင့် တရားဝင်ထိမ်းမြားမှုမပြုနိုင်ခြင်းအမျိုးဇာတ် မတူသူနှင့် ထိမ်းမြား မှုမပြုနိုင်ခြင်းတို့ကို တွေ့ရပေသည်
သို့ဖြစ်၍ ၄င်းတို့၏ ဘာသာရေး ဓလေ့ထုံးတမ်းများ ဥပဒေများအရဆိုလျှင် အခြေအနေအရပ်ရပ်ကြောင် ဘာသာ ခြားများနှင့် အိမ်ထောင်ပြုကြရသည့် မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများသည် တရားဝင်မယားဖြစ်မြောက်ရန် ကိစ္စမှာ မိမိတို့၏ကိုးကွယ်ရင်းဘာသာဖြစ်သည့် ဗုဒ္ဓဘာသာကို စွန့်လွှတ်မှသာ ဖြစ်နိုင်မည့်အခြေ အနေတွင်ရှိပေ သည်ထိုသို့ မိမိကိုးကွယ်ရာဘာသာဖြစ်သည့် ဗုဒ္ဓဘာသာကိုစွန့်လွှတ်ရန်၊ ဘာသာကူးပြောင်းရန် လိုပါသလား? မလိုပါ။
မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ၏ အခွင့်အရေးများ နစ်နာဆုံးရှုံးရခြင်း မရှိစေရန်အလို့ငှာ ၁၉၅၄-ခုနှစ် ကပင် " ၁၉၅၄-ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေ"ကို ပဌာန်း၍ ဘာ သာခြားနှင့် လက်ထပ်ရသော မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတို့အနေနှင့် လင်ယောကျာ်း၏ဘာသာသို့ ဘာသာကူး ပြောင်းခြင်းမပြုဘဲ တရားဝင်လက်ထပ်ထိမ်းမြားနိုင်ခြင်း၊ တရားဝင်ဇနီးမယားအဖြစ်ဖြင့် လင်ယောက်ျား၏အမွေကို တရားဝင်ဆက်ခံနိုင်ခြင်း စသည့် အခွင့်အရေးများကို ဖော်ဆောင်ပေးခဲ့ပါသည်။
၎င်း " ၁၉၅၄-ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ"သည် အထူး ဥပဒေ တရပ်ဖြစ်သည်နှင့်အညီ အခြားဥပဒေ၊ ဓလေ့ထုံးတမ်းနှင့် မိသားစုဥပဒေများအပေါ်လွှမ်းမိုးသည်
၎င်းဥပဒေ ပုဒ်မ- ၄ တွင်``အခြားတည်ဆဲ တရားဥပဒေများတွင်သော်လည်းကောင်း၊ တရားဥပဒေကဲ့သို့  အာဏာ ရှိသော ဓလေ့ထုံးစံများတွင်သော်လည်းကောင်း မည်သို့ပင် ဆန့်ကျင်လျက်ပါရှိစေကာမူ ဤအက်ဥပဒေပါ ပဌာန်းချက် များသည် ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ထိုမိန်းမ၏ ဗုဒ္ဓဘာသာဝင်မဟုတ်သော လင်ယောက်ျားတိုင်းအပေါ် အာဏာသက် ရာက်ရမည်´´ဟု ပဌာန်းထားပေသည်။
နိုင်ငံတကာကလက်ခံသည့် ဥပဒေအချင်းချင်း ပဋိပက္ခဖြစ်မှု (Conflict of Laws)ဆိုင်ရာ ယဘုယျစည်းမျဉ်း အရ လည်း-``ထိမ်းမြားသူတို့၏ အရည်အချင်းနှင့်ပတ်သက်အဆုံးအဖြတ်ပေးရမည့် ဥပဒေမှာ နေရင်းဒေသဥပေ(lex-domicilii) ဖြစ်ပြီး၊ ပုံစံအားဖြင့် တရားဝင်မှုနှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးရမည့်ဥပဒေမှာ ထိမ်းမြားမှု ပဋိညာဉ်ပြုရာ ဒေသဥပဒေ (lax loci celebrationis)ဖြစ်ပေသည်။´´
ထို့ကြောင့် ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ဗုဒ္ဓဘာသာဝင်အမျိုးသမီးနှင်ထိုအမျိုးသမီး၏ ဗုဒ္ဓ ဘာသာ ၀င်မဟုတ်သော လင်ယောက်ျားတို့အကြား ဖြစ်ပွားသည့် ထိမ်းမြားမှု၊ အမွေဆက်ခံမှုကိစ္စများကို " ၁၉၅၄-ခုနှစ်၊ ဗုဒ္ဓဘာ သာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင်အမွေဆက်ခံမှုအက်ဥပဒေ" အရသာလျှင် အဆုံးအဖြတ်ပေး ရမည် ဖြစ်ပေသည်။
၎င်း " ၁၉၅၄-ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေ " နှင့်အတူ သက်ဆိုင် ရာ စီရင်ထုံးများနှင့်တကွရှင်းလင်း ရေးသားထားချက်များကို ဗဟိုတရားရုံးချုပ် ရှေ့နေကြီးဦးမြစိန်ရေးသားသော "မြန်မာ့ ဓလေ့ထုံးတမ်းဥပဒေ" စာအုပ်တွင် ပါရှိသည့်အတိုင်း ကောက်နှုတ်တင်ပြပါသည်End




--
http://www.burmaburo.blogspot.com

No comments:

Post a Comment