Posted: 05 Aug 2013 03:52 PM PDT
အားလုံးကြားလိုက်ကြမှာပေါ့။ သမ္မတကြီးကတော့သွားပြီ။ သွားပြီဆိုတာကခေါင်းပါင်းချွတ်
ထားပါတော့လေ။ ဦးသိန်းစိန်စကားကလည်း ယတိမပြတ်လှဘူး။ ဓာတ်တော့ပေါက်လောက်ပါတယ်။ တာထွက်တန်းစီတဲ့အချိန်မှာ ဘယ်လိုလိမ်ဖည်လိမ်ဖည် ပါလာဦးမလဲတော့မသိနိုင်ဘူးပေါ့။ လတ်တလောတော့ သူ့ကိုမူးတင်းပဲတင်း သမ္မတလောင်းရယ်လို့ပဲ သတ်မှတ်ထားကြဗျ။
ဘယ်သူတွေကျန်သလဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းပဲပေါ့။ သူတို့က ပါတီကြီးနှစ်ခုရဲ့ ဥက္ကဌတွေ လည်းဖြစ်တယ်။ လွှတ်တော်တွင်း ထိပ်တန်းခေါင်းဆောင်တွေလည်းဖြစ်
ဦးရွှေမန်းကပြောတယ်။ နိုင်ငံနဲ့ နိုင်ငံသားအကျိုးစီးပွားကို သမ္မဆိုတဲ့ပုဂ္ဂိုလ် အလုပ်နိုင်ဆုံးဆိုရင် သမ္မတဖြစ်ချင်တယ်။ သမ္မတထက်ပိုပြီး လုပ်နိုင်တဲ့ ဌာနတွေ၊ ပုဂ္ဂိုလ်တွေ ရှိတယ်ဆိုရင်လည်း အဲဒါတွေ ဖြစ်ချင်တယ်တဲ့ဗျား။ သတင်းထောက်ကိုပြောတာ။ သူပြောပုံအရတော့ သမ္မတလုပ်ချင်လွန်းတာသေချာတယ်။ သမ္မတထက်ပိုလုပ်နိုင်တဲ့ အလုပ်ရှိရင်လုပ်ချင်တယ်ဆိုတာကဘာ
ဦးရွှေမန်းကို ဒုတိယသမ္မတနံပါတ်ချိတ်နေတဲ့ သတင်းတွေကလည်းရှိသေးသကိုး။ သတင်းတစ်ခုအဆိုအရ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှု
ဒေါ်အောင်ဆန်းစုကြည် ကတော့ပြတ်ပါတယ်။ ရှင်းရှင်းပဲ။ သမ္မတလုပ်ချင်တယ်တဲ့။ ဦးရွှေမန်းက သူနဲ့ပြိုင်ရဲတယ်ဆိုရင် ကောင်းပါတယ်တဲ့။ အဲဒီ လိုပြိုင်မယ်ဆိုရင်လည်း အခြေခံဥပဒေပြင်ဆင်ရေးကို ဖြစ်နိုင်အောင် ဦးရွှေမန်းကြိုးစားပေးစေချင်တယ်
နောက်ထပ် ပေါ်ထွက်လာတဲ့သတင်းတွေကရှိသေး။ ဒေါ်စုကသမ္မတ၊ ဦးရွှေမန်းက ဒုတိယသမ္မတဆိုတဲ့သတင်း။ ဦးရွှေမန်းကသမ္မတ၊ ဒေါ်စုကဒုတိယသမ္မတဆိုတဲ့သတင်း။ ရေပန်းအစားဆုံးကတော့ ဦးရွှေမန်းကသမ္မတ၊ ဒေါ်စုကလွှတ်တော်ဥက္ကဌ။ နောက်သတင်း ဆန်းတစ်မျိုးကတော့ သမ္မတကိစ္စ အခြေခံဥပဒေမပြင်ဘူးတဲ့။ ဦးရွှေမန်းက သမ္မတ၊ ဒေါ်စုက ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး
စုံရောဗျာ စုံရော။
မှန်တာပြောရင်ကျုပ်က အဲဒီလို နိုင်ငံရးကစားကွက်တွေ၊ကျားကွက်ေ
ကျုပ်တို့ ဒီချုပ်ဥက္ကဌကြီးက သတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူ့ရဲနိုင်ငံရေးသဘောထားတွေကို ရှင်းပြသွားတာ ကြားရတယ်။ တွေးစရာတွေ၊ ရေးစရာတွေအများကြီးပဲ ရလိုက်သဗျာ။ ဒေါ်စုက စိတ်ထားဝတိံသမားဆိုတော့ နှလုံးကြီးကြီး၊ ဦးနှောက်ကျယ်ကျယ် သဘောထားတွေ ပြောသွားတယ်ဗျာ။
အတိုက်အခံဆိုတဲ့ အသုံးအနှုန်းကို သူသိပ်မကြိုက်ဘူးတဲ့။ ဒီမိုကရေစီလွှတ်တော်စနစ်မှာ အတိုက်အခံသဘောတရား လိုအပ်တယ် တော့ ပြောသဗျ။ သူ့အနေနဲ့ တိုက်လည်း မတိုက်ချင်၊ ခံလည်း မခံချင်ဘူးတဲ့။ ပူးပေါင်းဆောင်ရွက်ခြင်းကို ပိုလို့ လိုလားတယ်တဲ့။
ကျုပ်က အငေးသမား၊ အတွေးသမားလေ။ ဥက္ကဌကြီးစကားကို အောက်ခြေမှာ ကြားနေရတဲ့စကားနဲ့ယှဉ်တွဲစဉ်းစာ
ကောင်းကင်ပါတီ နိုင်ငံရေးမှာ အတိုက်အခံစိတ်ဓာတ်မပြင်းဘဲပူးေ
သဘောတရားတွေ အသာထားလိုက်ကြပေါ့ဗျာ။ ဥက္ကဌရဲ့ လက်တွေ့ကျတဲ့ စကားကိုပဲ မှတ်ထားလိုက်ကြစို့ရဲ့။
ဥက္ကဌက မှန်မှန်ကန်ကန်ပြိုင်ရအောင် မျှမျှတတလုပ်ပေးပါတဲ့။ ဒီစကားက သမ္မတရွေးကောက်ပွဲအတွက်သာ အရေးကြီးတာ မဟုတ် ဘူးဗျာ။၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးတစ်ခုလံ
ကျုပ်တို့ပြည်ထောင်စုကြီး ဖွဲ့စည်းကြတဲ့အချိန်မှာ ကျုပ်တို့ရဲ့နိုင်ငံရေးဒဿနအြေ
ခွင့်တူညီမျှရင်၊ တရားမျှတရင်၊ လွတ်လပ်ရင် (လက်ပြန်ကြိုးအမျိုးမျိုးချည်တဲ
-၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးမှာဒီချ
- ၂၀၁၅ လွှတ်တော်သုံးရပ်ရဲ့ သမ္မတရွေးမြှောက်ပွဲမှာ ဒီချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်
- ဒီနေ့ နိုင်ငံရေးရည်မှန်းချက်ပန်းတို
ဟံသာဝတီဦးဝင်းတင်
ဒီလှိုင်းဂျာနယ်။ ။ အတွဲ(၂)၊ အတွဲ(၂၉)။

No comments:
Post a Comment