- Friday, 16 August 2013 12:36
- Written by ဦးအေးဆောင်
တိုင်းရင်းသား ပူးပေါင်း ဆောင်ရွက်ရေး ကော်မီတီ (WGEC)   က ရေးဆွဲတဲ့ နိုင်ငံရေး ဆွေး နွေးရေး မူဘောင်ကို လူထုအား ရှင်းလင်း ပြမယ်   ဆိုတဲ့ သျှမ်းသံတော်ဆင့် သတင်းကြောင့် ဒီ WGEC   က ဘာကြောင့် ရှင်းပြ ချင်တာလဲ ဆိုတာကို ကျွန်တော် စဉ်းစား   နေမိတယ်။
သူတို့က   နိုင်ငံရေး အဖွဲ့လား၊ တပ်ပေါင်း စုလား၊ ရွေးကောက်ပွဲ ၀င်မလို့ မဲဆွယ် တာလား၊   နိုင်ငံရေး ဆွေးနွေး ပွဲမှာ ပါချင် တာလား ဆိုတာ တွေကို ကျယ်ကျယ် ပြန့်ပြန့်   ဆန့်တွေး မိနေတယ်။
ဒီမူဘောင်ရဲ့ အဓိက - က သက်ဆိုင်ရာ နယ်မြေ အတွင်းက စီမံကိန်း ကနေဝေစုတွေ   ခွဲပေးဖို့၊ အပစ်ရပ် နယ်မှာ NGO၊   INGO   တွေလှုပ်ရှားခွင့် ပေးဖို့ ၊အစိုးရက နောင်လုပ်မည့် အစည်းအဝေး အဆင့်ဆင့်မှာ   စိုးရိမ် စိတ်မကြီးဖို့ဖြေသိမ့် တာတွေပါ   ပါတယ်။
ဘာဖြစ်လို့ ဒီမူဘောင်ကို ဆွဲရ တာလဲ ဆိုတာကစရရင် ဦးအောင်မင်းနဲ့ ဆွေးနွေး   ပွဲတွေက တော်တော် ခေတ်စား လာနေတော့ဆွေးနွေးပွဲ ပြင်ဆင်မှု တွေလုပ်ရာ ကနေ ကြံ့ဖွတ်   အစိုးရ အတွက် အကွက်ဖန် အကျိုးပြုဖို့၊ နေရာယူ အမြတ်ထုတ်ဖို့ ချောင်းနေတဲ့   ဟန်ယောင်ဟွေက EU ငွေနဲ့အစည်းဝေး စရိတ်ပေးရင်း လူမွေး တာကို မမြင်ချင် ပေမဲ့ မြင်နေ   ရတယ်။
မူလက   ဒီဆွေနွေးရေး မူဘောင်ဟာ UNFC   အဖွဲ့ဝင်တွေ အများစုပါတဲ့ ကွန်ဖရင့်မှာ ရေးဆွဲ ခဲ့တာပါ။ နောက်တော့ အစည်းဝေး   စားရိတ် ပေးခဲ့တဲ့ ဟန်ညောင်ဟွေက သူသဘော အတိုင်း ဦးအောင်မင်းဆီအစည်းအဝေး ဆုံဖြတ်   ချက်ကို တင်ပြ ပေါက်ကြား လိုက်ပါ တော့တယ်။ ဒီအချိန်ကစပြီး WGEC   ကို UNFC   က ကင်းကင်း နေလာ တော့တာပါ။ ဒီတော့ ပြဿနာဟာ နိုင်ငံရေးကိစ္စ မဟုတ်ဘဲ   ဖေါက်ပြန်တဲ့ ပုဂ္ဂိုလ်ရေး လူလည် ကျမှု ဖြစ်နေ တာကို သိသာစေချင်ပါတယ်။
ဒီမူဘောင်ကို ယေဘုယျ စီစစ် လိုက်ပါက ငြိမ်းချမ်းရေးစကားလုံး အောက်မှာ   အခွင့်အရေးပြ မြူလုံးများ သာဖြစ်ပြီး ဖြစ်နိုင်ခြေအလွန် နည်းတဲ့ စိတ်ကူးယဉ် အစီအစဉ်   များသာ ဖြစ်နေတယ်။ ထူးခြား ဒါက "စစ်အာဏာရှင် " ဆိုသောစကား၊ "စစ်အုပ်စု " ဆိုသောစကား လုံးဝ မပါပါ။"ဖက်ဒရာယ်" ဆိုတဲ့   စကားလုံး လည်း မပါပါ။ 
UNFC   က ဆုံးဖြတ် ထားတဲ့ ဖွဲ့စည်းပုံ ဥပဒေအသစ်ရေးဆွဲရေးလည်း မပါ တော့ ပါ။ဒါ   ကြောင့် WGEC   ရဲ့ မူဘောင်ဟာ UNFC   နဲ့တောင် အဆင်မပြေ လေတော့ တိုင်းပြည် စည်းလုံး ညီညွတ်ရေး၊ ငြိမ်းချမ်းရေး   ဆိုတဲ့အရာတွေ အတွက် များစွာ အလှမ်းဝေး လှပါတယ်။ WGEC   ရဲ့ မူဘောင်ဟာအစိုးရကို ဖါးပြီး၊ မက်လုံး ပေး ဂိုဏ်းဖွဲ့၊ UNFC   ကို ထိုးခွဲတဲ့ လုပ်ရပ်သာဖြစ်ပါတယ်။
နယ်စပ်ဒေသမှာ ဟန်ယောင်ဟွေရဲ့ လုပ်ရပ် တွေကို လက်လှမ်း မှီသမျှပြန်လည်   သုံးသပ် ကြည့်ပါက - ၁၉၉၅ ခု နောက်ပိုင်းမှာ ရောက်လာပြီး ၁၉၉၀ရွေးကောက်ပွဲ ရလာဒ်ကို   ပယ်ဖျက်ဖို့ လာလှုပ်ဆော် ခဲ့တယ်၊ ကြားကာလအုပ်ချုပ်ရေးကို စစ်အစိုးရနှင့်   ပေါင်းလုပ်ဖို့ ဆွယ်ခဲ့တယ်၊ NDF ကို   ENC   အပြိုင် ဖွဲ့ပေးပြီ့း ထိုးခွဲတယ်၊ နောက်ပိုင်းမှာ မူမမှန်တဲ့ ENC လည်း   အားနည်းအလုပ်မဖြစ်တော့ ခေါက်ထား လိုက်တယ်။ DAB   ကိုလည်း UNFC   နဲ့ ပြိုင်စေဖို့အားပေး ခဲ့တယ်။ 
UNFC   ကို လူမှုရေး အဖွဲ့ လိုလိုWGEC   အဖြစ် ပြောင်းလဲဖို့လုံးပမ်းရာသူရဲ့ မရိုးမသား နိုင်ငံရေး အမြတ်ထုတ်   မှုတွေကြောင့် မအောင်မမြင် ဖြစ်သွားတယ်။သူရဲ့ လုပ်ရပ် ကရန်သူနှင့် နိုင်ငံရေး၊   စစ်ရေးရင်ဆိုင်ရာမှာ UNFC   ကို အင်အား ဆုတ်ရုတ်အောင် လုပ်ပြီး ရန်သူ ကြံ့ဖွတ် အစိုးရအကြိုက်   သွေးကွဲအောင် သွေးခွဲ နေတာသာ ဖြစ်ပါတယ်။ သူဟာ နိုင်ငံရေးပါတီတခုကိုလည်း မထောင်၊   မဦးဆောင်ဘဲ ရှိပြီးသား တပ်ပေါင်းစု တွေကိုအစည်းဝေး စာရိတ်ပေး၊ ပရိုဂျက် ချပေးပြီး   ငွေနဲ့ သူ့သြဇာကို တည်ဆောက် နေတာသာ   ဖြစ်ပါတယ်။
သူ့သြဇာလို့ ဆိုတာ ကလည်း သူ့ရဲ့ ကိုယ်ပိုင် အကြံထက်သူအမှုထမ်း နေတဲ့   EBO   ကညွှန်ကြားချက် အတိုင်း၊ ဥရောပက နိုင်ငံတွေ အကျိုးအတွက်ကြံ့ဖွတ်အစိုးရထံက   စီးပွါးရေး အကျိုး အမြတ် ရရှိရေးအတွက်တော်လှန်ရေးအင်အားစုများ နိုင်ငံရေး၊စစ်ရေး   အရည်အသွေးကျဆင်းပြီး ရန်သူနဲ့နားလည်မှုယူ အလျှော့ပေး ပူးပေါင်းရေး အတွက် တဘက်က   တော်လှန်ရေးအင်အားစု တွေကို   ဖိအားပေး နေသာ ဖြစ်ပါတယ်။
အခု   အချိန်မှာသစ္စာဖေါက် ခံရတဲ့ UNFC   ကို အထက်စီးကနေ " ခေါင်းမာတယ်" "နည်းနာ   ခေါင်းပါးတယ်" လို့   လိုက်အပုတ်ချနေပြီး UNFC   ထောက်ခံသူများ၊ လိုလား သူများကို လိုက်သွေးထိုး နေတယ်။ 
ယခင့်   ယခင်က အဖြစ်အပျက် တွေမှာ သူ့ကိုဝေဖန် ရှုတ်ချဖို့ အတွက် စိတ်ကူး ရှိပေမဲ့ဗမာနဲ့   တိုင်းရင်းသား ဆိုတဲ့ လူမျိုးရေး အမြင် ဖြစ်နေမှာ စိုးတာရယ်၊တိုင်းရင်းသား တွေထဲမှ   တဦး ဦးတော့ ပေါ်လာ မှာဘဲ ဆိုတဲ့ အမြင်နဲ့ နေခဲ့တယ်။အခုတော့ တိုင်းရင်းသား အဖွဲ့   အစည်ကြီးးဖြစ်တဲ့ UNFC   က နိုင်ငံရေး စစ်ရေးတိုးတက်ဖို့ အရှိန် ယူနေစဉ်မှာသိက္ခာချ နံမည်ပျက် စေဖို့   ငြိမ်းချမ်းရေးအရည်ခြုံ မူမဲ့ WGEC   ကို လူသူရှေ့ တင်ဖို့ ကြိုးပမ်း ချက်ဟာ   တိုင်းရင်းသာနိုင်ငံရေးလှုပ်ရှားမှုကို လူထုအမြင် ရှုတ်ထွေးစေမည့်အပြင် ၊ ရန်သူအား   ပေးလုပ်ရပ်သာဖြစ် တာကြောင့် ဟန်ယောင်ဟွေဟာသူ့ ဒလံ အဖြစ် လုပ်နေတာကို   လှစ်လျူရှုထား၍ မရ   နိုင်တော့ပါ။
ဟန်ဟာ   သူ့ကိုယ်ပိုင် နိုင်ငံရေး သြဇာအရှိန်အ၀ါ ရှိသူမဟုတ်ပါ။ သူများကိုမှီပြီး   အမြတ်ထုတ်နံမည်ယူတတ်သာတာဖြစ်တယ်။ အခုတေ့ သူက ဗိုလ်ချုပ်မူတူး၊ ဗိုလ်ချူပ်ရွက်ဆစ်   တို့ကို အသုံးချခါ UNFC   ဆန့်ကျင်ရေး လှုပ်ရှား မှုများ လုပ်သော်လည်းအောင်မြင်မှုမ ရသည့်အဆုံး လူထုကို   ချပြခါ မသမာတဲ့နည်းနဲ့၊ EU ငွေဖြင့်နောက်လိုက် ရှာတော့မည့်ပုံ ဖြစ်ပါတယ်။ WGEC   ဟာရန်သူ စစ်အာဏာရှင် ကြံ့ဖွတ်နဲ့ပတ်သက်ရင် အလျှော့ ပေးရေး၊ ပူးပေါင်း   ရေးကို တိမ်းညွှတ် နေတဲ့အစုဖြစ်တယ်။
တော်လှန်ရေးကို ဆန့်ကျင်တယ်။ UNFC   ဆိုတာက ပိုကျယ် ပြန့်တဲ့ညီညွတ်ရေး၊ ဖက်ဒရာယ် ရေးအတွက်   ဒီမိုကရေစီအင်အားစုတွေကိုပါအဆက်အစပ်ပြီး ဘုံရန်သူကြံ့ဖွတ် စစ်အာဏာရှင်ကို ဦးတည်   တိုက်ပွဲဝင် နေတာကိုသိထား သူများက GWEC   ဟာ UNFC   ကို နိုင်ငံရေး အမြင် အရ ဘယ်လိုမှ ယှဉ်နိုင်မှာမဟုတ်တာ   ထင်ရှားပါတယ်။
နိုင်င်ငံရေးနဲ့ တော်လှန်ရေးခရီးကြမ်းမှာ အချောင်သမား၊ ဖေါက်ပြန် သူတွေဟာ   ပုံစံ အမျိုးမျိုးနဲ့ ပေါ်လာတတ်သလို သူတို့ ရဲ့ အဆိပ်ငွေ့ တွေကို တတ်နိုင် သလောက်   ဖြန့်ကျက် ကြတာ ချည့်ပါဘဲ။ပြင်းတာ၊ ပြော့တာ သာ ကွာပေမဲ့ အဆိပ်တွေက   လူကိုသေစေတာချည့်ပါဘဲ။ဖြစ်နိုင်ရင် အစဦး သိမြင်ကထည်းက သူတို့ ကို   ရှောင်ရှားယုံသာမကကျရောက် နိုင်တဲ့ အန္တရာယ် အကြောင်းကို ဖေါ်ထုတ်ပြီး ဖွင့်ချ   တိုက်ခိုက် မှသာလူထုကို အကျိုးပြုရာ ကျမှာပါ။ ဟန်လို ဖေါက်ပြန်   သူများရဲ့ခုတုံးလုပ်   အမြတ်ထုတ် တာကို တားဆီး နိုင်မှာပါ။
--
http://www.burmaburo.blogspot.com
 
 
 
No comments:
Post a Comment