Tuesday 20 May 2014

ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ ရခိုင်လက်နက်ကိုင်တပ်များ ချထားပေးရေး တောင်းဆိုတော့မည်


Post 19 May 2014
By နောင်ရိုး(မြစ်မခ)


 ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံနယ်စပ်၌ ဒေသလုံခြုံရေးအတွက် ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းများ ချထားပေးရေး တောင်းဆိုတော့မည်ဟု ရခိုင်နိုင်ငံရေးပါတီများထံမှ သိရှိရသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက်လက်နက်ကိုင်အုပ်စုများနှင့် ပဋိပက္ခများဖြစ်ပွားနေပြီး ယင်းအခြေ အနေကို ထိန်းသိမ်းနိုင်ရန်အတွက် သက်ဆိုင်ရာဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားနိုင်ရေး ရခိုင်တိုင်းရင်းသားများမှ လိုလားနေခြင်းဖြစ်သည်။
 "အဓိကကတော့ နယ်စပ်ကို လုံခြုံစေချင်တယ်။ အခုထက် လုံခြုံမှုကို ပေးစေချင်တယ်။ ဒါကြောင့် နယ်စပ်လုံခြုံ ရေးအတွက် (AA)၊(ALP)တပ်တွေကို နယ်စပ်မှာထားဖို့အတွက် အစိုးရကိုရော တာဝန်ရှိသူတွေကိုရော တင်ပြ တယ်"ဟု ယခင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ဆိုသည်။
ထို့ပြင် ပြည်တွင်းသို့ တရားမ၀င် ၀င်ရောက်လာသည့် ဘင်္ဂါလီလူမျိုးများကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း များအနေဖြင့် တရားဝင် စုံစမ်းစစ်ဆေးရေး၍ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းစွာ ထိရောက်စွာအရေး ယူသွားရန် ပြည်ထောင်စုအစိုးရထံတင်ပြထားသည်ဟူ၍လည်း သိရသည်။
ယခုရက်ပိုင်းများအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက်တပ်ဖွဲ့များနှင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့များ အကြားအပြန် အလှန်ပစ်ခတ်မှုများရှိခဲ့ပြီး ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့ကလည်း ရခိုင်ပြည်နယ် မောင်တောနယ်စပ် မိုင်တိုင် အမှတ်(၅၂)၌ တစ်ဖက်နိုင်ငံမှ လက်နက်ကိုင် သောင်းကျန်းသူဆိုသူများ၏ ချောင်းမြောင်း ပစ်ခတ်မှုကြောင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် အမှတ်(၁) နယ်ခြားစောင့်တပ်မှ ရဲတပ်ဖွဲ့ဝင် (၄)ဦးသေဆုံးကာ၊ဒုရဲအုပ် တစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်သားနှစ်ဦးမှာ လက်နက်ခဲယမ်းများနှင့် ပျောက်ဆုံးနေကြောင်း သိရသည်။
ယခုဖြစ်စဉ်များမှာ ကျူးကျော်ရန်စခြင်းဖြစ်သော်လည်း ရခိုင်နယ်စပ်တွင် ရခိုင်လက်နက်ကိုင်တပ်များ ချထား ပေးရန်ဆိုသည်မှာ ပြည်ထောင်စုအစိုးရမှ ခွင့်ပြုမှသာဖြစ်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်း ရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ပြောသည်။
"အဓိက လုံခြုံရေးအတွက် တာဝန်ရှိတာက ပြည်ထောင်စုအစိုးရနဲ့ ရခိုင်ပြည်နယ် အစိုးရပဲ။ ဒါမဖြစ်သင့်ဘူးလေ။ ကိုယ်တို့ကို ကျူးကျော်တာပဲ။ ကျူးကျော်ပြီး ရန်စတာပဲ။ လုံခြုံရေး များများချပေးဖို့ လိုတယ်။ မဟုတ်ရင် တစ်ချိန်မှာ အန္တရာယ် အရမ်းရှိလာနိုင်တယ်"ဟု  ဦးဇော်အေးမောင်က ဆိုသည်။
ထို့ပြင် ရခိုင့်တပ်မတော်(AA)မှ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်ကလည်း လုံခြုံရေးအရ လိုအပ်လာပါက ရခိုင်ပြည်နယ်အား ကာကွယ်ရန် အသင့်ရှိသည်ဟု ထုတ်ဖော်ပြောကြားထားသည်။
မေလ ၁၇ရက်နေ့က တိုက်ခိုက်ခံရသည့်အတွက် ကျဆုံးသွားသော် ရဲဘော်များမှာရဲတပ်သား သီဟအောင်၊ တပ်သား လှမင်းထက်၊တပ်သား ၀င်းမင်းထွေးနှင့် တပ်သား နေလင်းဦးတို့ ဖြစ်ပြီး ပျောက်ဆုံးနေသော ရဲတပ် သားနှစ်ဦးမှာ ရဲတပ်သား ဝေလင်းဦးနှင့် တပ်သား အေရာမောင်တို့ ဖြစ်သည်။
လက်ရှိအချိန်တွင် ယင်းသို့ လက်နက်ကိုင်တပ်များ ချထားပေးရန် ပြည်ထောင်စုအစိုးရမှ ခွင့်ပြုမပေးသေး သော်လည်း ရခိုင်ပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်စွာနှင့် ထပ်မံတောင်းဆိုသွားမည်ဟုလည်း ရခိုင်လူမှု အဖွဲ့အစည်းများက ပြောဆိုနေကြသည်။



RSO လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုအပေါ် ပြန်လည်ဖြေရှင်းပေး ရန် မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် အစိုးရထံ တောင်းဆို

May 20, 2014


ကျဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင်  ၄ဦး


ရန်ကုန်၊ မေ ၁၉- မောင်တောနယ် စပ်တွင် မေ ၁၇ က ဘင်္ဂလားဒေရှ့်မှ RSO လက်နက်ကိုင်အဖွဲ့မှ နယ်ခြား စောင့်ရဲတပ်ဖွဲ့ ဝင်များအား တိုက်ခိုက် မှုကြောင့် သေဆုံးဒဏ်ရာ
ရခြင်းများ နှင့်ပတ်သက်ပြီး မြန်မာအစိုးရမှ ဘင်္ဂ လားဒေရှ့် အစိုးရတာဝန်ရှိသူ များ ထံ ကန့်ကွက်ရှုတ်ချသည့် အဆိုလွှာ ကို မေ ၁၈ရက်က ပေးပို့ခဲ့ကြောင်း နိုင်ငံတော် လုံခြုံရေးနှင့် ထောက် လှမ်း ရေးဌာနမှ ဒုရဲမှူးကြီးမင်းအောင်က ဒီမိုကရေစီတူဒေးသို့ အတည်ပြု ပြောကြားသည်။


ယင်းကဲ့သို့ ကန့်ကွက်ရှုတ်ချ သည့် အဆိုလွှာကိုပေးပို့ခဲ့ သည့်အ ပြင် ဘင်္ဂလားဒေရှ့်နိုင်ငံအနေဖြင့် မြန်မာအစိုးရကို အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး ပြန်လည်ဖြေရှင်းပေး ရန်၊ ကျူးကျော်ပစ်ခတ်သောအကြမ်း ဖက်သမားများကို ဖော်ထုတ်အရေး ယူပေးရန်စသည့် ကိစ္စများကိုပါထည့် သွင်းရေးသားထားကြောင်း သိရသည်။

ဒုရဲမှူးကြီးမင်းအောင်က ''ဒီဖြစ် ရပ်နဲ့ပတ်သက်ပြီး နယ်ခြားစောင့်တပ် က တာဝန်ရှိသူတွေနဲ့သက်ဆိုင်ရာ ဌာနတွေက တာဝန်ရှိ သူတွေ ကတော့ အစည်းအဝေးတွေ ပြုလုပ်နေတယ်။ လုံခြုံရေးကိုတော့ အရင်ထက်ပိုပြီး ဂရုတစိုက်နဲ့စောင့်ကြပ် မှုတွေပြုလုပ် ပါတယ်။''ဟုပြော သည်။

မေ ၁၇ ရက်က မောင်တောနယ် စပ် မိုင်တိုင်အမှတ် ၅၂တွင် ဖြစ်ပွား ခဲ့သည့် RSO လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် အမှတ် ၁ နယ် ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်လေး ဦးကျဆုံးပြီး တစ်ဦးမှာဒဏ်ရာရရှိ ခဲ့ကြောင်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဝင်များအနေဖြင့် နယ်စပ်ခြံစည်းရိုး လမ်းတစ်လျှောက် ဗန္ဓုကျေးရွာ ဘက် သို့ ချီတက်လာစဉ် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ RSO လက်နက်ကိုင်အဖွဲ့မှ ပုန်းခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဟု မောင်တောမြို့နယ် ရဲတပ်ဖွဲမှူးရုံးမှ သိရသည်။

မောင်တောမြို့နယ် ရွှေရင်အေး ကျေးရွာနေသူ ဦးထွန်းမြတ်ကျော် က ''မောင်တောမှာနေတဲ့ ရခိုင်တိုင်း ရင်းသားတွေအနေနဲ့ လုံခြုံမှုမရှိသ လို ခံစားနေရတယ်။ မောင်တောမှာ ပြဿ နာတွေကတစ်ခုပြီး တစ်ခုဖြစ် နေတော့ နေထိုင်ရတာအဆင်မပြေ ဘူး။ တချို့ဆိုစစ်တွေ တို့ ကျောက်ဖြူ တို့ဘက်ကို ပြောင်းသွားကြပြီ'' ဟု ပြောသည်




--
http://www.burmaburo.blogspot.com

No comments:

Post a Comment