Saturday, 10 December 2011



Posted: 09 Dec 2011 09:27 PM PST



ရန်ကုန် မြေအောက်လမ်းတော့ မပြောတတ်ဘူးခင်ဗျ။ ဩဂုတ်လတုန်းကတော့ နေပြည်တော်အတွက် ရုရှားက ၃၁ မိုင် မြေအောက်ရထားလမ်း ဖေါက်မယ်ဆိုသလို အသံတွေကြားမိပါတယ်။ နောက်ပိုင်းကျတော့ ပြည်ထောင်စုဝန်ကြီး ဦးမင်းအောင်က ပိုက်ဆံမရှိလို့ မဆောက်နိုင်ပါဘူးတဲ့။ သို့ပေမယ့် အဲဒီအစား လာမယ့်နှစ်အနည်းငယ်အတွင်း ရန်ကုန်-နေပြည်တော်-မန္တလေး မြေပေါ်အမြန်ရထားလိုင်း တရုတ်နဲ့ ပေါင်းဆောက်ဖို့ စီစဉ်ထားပါတယ်တဲ့။ ကျွန်တော့်အမြင်အရ မြေအောက်လိုင်း၊ မိုးပျံလိုင်း အစရှိတာတွေက မြေပြင်ပေါ်မှာ ပုံမှန်သွားနေတဲ့လိုင်းတွေ အင်မတန်ရှုပ်ထွေးလွန်းလို့ ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်ရှားနိုင်အောင် ကြံဆပြီးလုပ်ထားကြတာတွေ ဖြစ်မယ်ထင်ပါတယ်။ ဒါကြောင့် လက်ရှိအနေအထားအားဖြင့် မြေပေါ်မောင်းနေတဲ့ ယာဉ်ကြောတွေ (မီးရထားလမ်း၊ ကားလမ်း) တွေကို ခေတ်မီသပ်ရပ်အောင် အရင်ဆုံးစီစဉ်ပြီးမှ မြေအောက်လိုင်း၊ မိုးပျံလိုင်းတွေ စဉ်းစားရင် လက်တွေ့ပိုကျမယ် ထင်ပါတယ်

မောင်သစ်စိမ်း(MMCP)



Posted: 09 Dec 2011 07:52 PM PST
lu maw lat
မိတ်ဆွေများသို့

ကျွန်တော်အလုံ nldလူငယ်တာဝန်ခံနဲ့၂၀၀၇ အကြမ်းမဖက်အမျိုးသားလှုပ်ရှားမှု လုပ်ခဲ့သူပါ။ ကျွန်တော်အဖေနဲ့အတူ ဗန်းမော်ထောင်မှာ နိုင်ငံေ၇းမှုနဲ့ နှစ်၇၀ ကျနေတဲ့ မမာမာဦးရဲ့ အဖေအဘ ဦးအုန်းမောင် ဆုံးချိန်က သူတို့မိသားစုပတ်သတ်လို့ နိုင်ငံရေးဘ၀ အကြောင်း ခံစားရတာလေး စရေး ဖြစ်ပါတယ်။ ဒုတိယစာကိုတော့ မင်္ဂလာပါ ဦးသိန်းစိန် နာမယ်နဲ့ ဆောင်းပါတိုလေးကို အင်းစိန်ထောင်မှာ နိုင်ငံရေးမှုနဲ.၂၉နှစ်ထောင်ကျနေတဲ့ တစ်ဦးတည်သောသမီး မသန္တာနဲ့သူ့ဖခင် လေဖြတ်နေသူ၊အခု ဒုတိယအကြိမ် ကျွန်တော်တာဝန်ယူ ရန်ကုန်ပြည်သူ.ဆေးရုံကြီးတင်ထားရသူ အသက်၈၁နှစ်အရွယ် အဘဦးခင်ညိုတို့အတွက် ပြီးခဲ့တဲ့လွတ်ငြိမ်းခွင့်နေ့မှာခံစားရတာလေးကို ရင်ဖွင့်ရေးထားချင်းဖြစ်ပါတယ်။

အခုစာကတော့ ဗန်းမော်ထောင်မှာ၂၀၀၄ ခုနှစ်မှာ နောက်ဆုံး ၄ကြိမ်မြောက် အဖြစ်အနှစ်၂၀ နိုင်ငံရေးမှုနဲ့အကျဉ်းကျနေတဲ့ ကျွန်နော့်ဖခင်အလုံnldဥက္ကဌဦးဘမြင့်ဆီ ၆.၁၂.၁၁နေ့မှာ ရန်ကုန်စာတိုက်ကြီးက နေ ပို့တဲ့စာပါ။ ဒီစာမှာတော့ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးတွေနဲ့ဝန်ပိနေလို့ အဖေထောင်ဝင်စာမလာနိုင်တာစိတ်မကောင်းကြောင်းနဲ့ကျွန်တော်တို.သားအဖ ကြားနိုင်ငံရေးအတွက် ရုန်းကန်ခဲ့ရမှုဘ၀တွေ၊ ရုန်းကန်နေဆဲနဲ.လက်ရှိနိုင်ငံရေးအခြေအနေပါ။ အစိုးရနဲ့အချောင်သမားတွေပေါ်မှာ ကျွန်တော်တို့ထားတဲ့စိတ်သဘောထားတွေကို ခံစားနားလည်နိုင်သမျှ ရင်ထဲရှိတဲ့အတိုင်း ရေးထားတာပါ။ ကျွန်တော်ချစ်သောမိတ်ဆွေများ ဖတ်ကြည့်ပေးစေလိုပါတယ်။

အားလုံပေါ်မေတ္တာဖြင့်
ကိုလူမော်လတ်

Posted: 09 Dec 2011 08:52 AM PST
(VOA News မှ 8 Dec 2011 ရက်စွဲပါ "AS Reform lauded in Rangoon, Conflict in Kachin State" သတင်းဆောင်းပါးကို yangonchronicle ဘာသာပြန်ဆိုသည်)

ပြီးခဲ့သော ဇွန်လက တာပိန်မြစ်ပေါ်ရှိ တရုတ်-မြန်မာ ဖက်စပ်ရေလှောင်တမံ အနီးမှ ဖြစ်ရပ်ကြောင့် ကချင်ပြည်နယ်တွင် ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲမှု အဆုံးသတ်သွားခဲ့လေသည်။ တိုက်ပွဲကာလ ၆ လနှင့် စစ်ပြေးဒုက္ခသည် ထောင်ပေါင်းများစွာ ထွက်ပေါ်လာပြီးနောက်တွင် မြန်မာအစိုးရသစ်က ပြုပြင်ပြောင်းလဲမှုများကို ဦးတည်၍ တိုးတက်မှုများရရှိနေသော်လည်း ကချင်ပြည်နယ်ကို နောက်တွင်ချန်ထားခဲ့သည်။

ယခုလ အစောပိုင်း မြန်မာနိုင်ငံခရီးစဉ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်က "သမ္မတ ဦးသိန်းစိန် ဦးဆောင်သော တစ်နှစ် သား အရပ်ဖက်အစိုးရသည် ပြုပြင်ပြောင်းလဲမှုများကိုဦးတည်၍ သိသာထင်ရှားသော တိုးတက်မှုများရရှိအောင် အမှန်တကယ် ပြုလုပ်နိုင်ခဲ့သော်လည်း ယခု ထက် ပို၍ လုပ်ဆောင်စရာများစွာ ကျန်နေသေးသည်ပာု ပြောကြားခဲ့သည်။

မြန်မာ့တပ်မတော်က နယ်စပ်ဒေသ တိုင်းရင်းသားများအား နှိပ်ကွပ်သော စီမံချက်ကို ဆက်လက်လုပ်ဆောင်နေသော မြန်မာနိုင်ငံအနောက်ပိုင်းမှ စစ်အင်အားသုံး စနစ်တကျအနိုင်ကျင့်မှုများမှာမူ အဆိုးဝါးဆုံးကိစ္စများထဲမှ တစ်ခုဖြစ်ပေသည်။ ရှမ်းပြည်တပ်မတော်-တောင်ပိုင်း(SSA-S)က မြန်မာအစိုးရ နှင့် အပစ်ရပ်သဘောတူညီချက် လက်မှတ်ထိုးလိုက်ပြီဖြစ်သော်လည်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှာမူ ကံမကောင်းသေးပေ။ ပြဿနာကို နိုင်ငံရေးအဖြေရှာရန် မြန်မာတာဝန်ရှိသူများက ကမ်းလှမ်းခြင်းမရှိကြောင်း KIA ဗိုလ်ချုပ် ဂွမ်မော်၏ အကြံပေးဒူခေါင်က ပြောကြားသည်။

"သူတို့က (အစိုးရက) မြန်မာနိုင်ငံ ပြောင်းလဲနေပါပြီလို့ နိုင်ငံတကာကြေညာပါတယ်။ ပာုတ်ပါတယ် မြန်မာနိုင်ငံပာာ ပြောင်းလဲနေပါတယ်။ ဒီတိုက်ပွဲပာာလည်း အသေးအမွှားပါ။ ရက်အနည်းငယ်အတွင်း ပြီးသွားမှာပါ။ ဒါပေမယ့် နိုင်ငံရေးအရပြောရမယ်ဆိုရင် သူတို့က(အစိုးရက) နိုင်ငံရေးလှုပ်ရှား ဆန့်ကျင်တဲ့အုပ်စုအားလုံးကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖယ်ရှားပစ်ချင်ကြတာပါ။ အစိုးရက ဒီတိုက်ပွဲကို ပြင်းပြင်းထန်ထန် အရှိန်မြှင့်လိမ့်မယ်လို့ ကျွန်တော်တို့ ယူဆထားပါတယ်။ အခုကိုပဲ ကျွန်တော်တို့ ဒေသမှာ တကယ်ဖြစ်ပွားနေပါပြီ" ပာု ဒူခေါင်က ဆိုသည်။

ယခုနောက်ဆုံးအစိုးရတပ်ဖွဲ့များ၏ ဖိအားပေးမှုမှာ နယ်စပ်မြို့ မဂျရန်ကို ခြိမ်းခြောက်နေခြင်းဖြစ်ပြီး အကြောင်းရင်းမှာ ရေအားလျှပ်စစ် စီမံကိန်း များနှင့် နီးကပ်ပြီး နယ်စပ်ကုန်သွယ်ရေးအချက်အချာဖြစ်နေ၍ မပာာဗျူပာာမြောက် အရေးပါသောကြောင့်ဖြစ်သည်ပာု ဒူခေါင်က ပြောကြားသည်။ အစိုးရ က လာမည့်ရွေးကောက်ပွဲများတွင် KIA ကို ပါဝင်ယှဉ်ပြိုင်ခွင့်မပေးလိုခြင်းကြောင့် ပြဿနာပဋိပက္ခအတွက် နိုင်ငံရေးအဖြေရှာရန် မျှော်လင့်ချက် ဆက်လက် မှေးမှိန်နေသည်ပာု ယင်းက ပြောကြားသည်။

ကယ်ဆယ်ရေးအဖွဲ့အစည်းများအား တိုက်ပွဲဒဏ်ခံနယ်မြေများသို့ သွားရောက်ခွင့် ပေးထားသည်ပာုဆိုသော်လည်း လတ်တလော ကုလသမဂ္ဂ အကဲဖြတ်မှုများအရ ဒုက္ခသည်လူထုထံသွားရောက် ကူညီနိုင်ရေးမှာ ပြဿနာတစ်ရပ်ဖြစ်နေကြောင်း၊ အိုးမဲ့အိမ်မဲ့ ဖြစ်နေသော ဒုက္ခသည်အရေအတွက် ကိုပင် အတိအကျ မသိနိုင်သည်အထိ ပြဿနာရှိနေကြောင်း သိရှိရသည်။ ကုလသမဂ္ဂ အကဲဖြတ် အစီရင်ခံစာက အဓိက စိုးရိမ်စရာမှာ စားနပ်ရိက္ခာနှင့် ရေမလုံလောက်မှုဖြစ်ပြီး ထိုပြဿနာကို ကချင်ပြည်နယ်အချို့ဒေသများတွင် အရေးပေါ်ဖြေရှင်းရန် လိုအပ်နေသည်ပာု တင်ပြထားသည်။ နိုင်ငံတကာ ဖွံ့ဖြိုး ရေးအစီအစဉ်များနှင့် ဒုက္ခသည်များအကြား ဆက်သွယ်မှုလမ်းကြောင်းကို ကြီးကြပ်ထိန်းသိမ်းပေးနေသော ကချင်အဖွဲ့အစည်းတာဝန်ရှိသူ ဒါရိုက်တာ လာရစ်က ကုလအကဲဖြတ် အစီရင်ခံစာပါ အချက်များကို အတည်ပြုပြောဆိုသည်။

"ဒုက္ခသည် အရေအတွက် အတိအကျ သိရှိနိုင်ဖို့ အရမ်းကိုခက်ခဲနေပါတယ်။ လောလောဆယ်တော့ ၃ သောင်းကျော်နေပါပြီ။ နိုင်ငံတကာ ဖွံ့ဖြိုး ရေး အစီအစဉ်တွေ၊ ကယ်ဆယ်ရေးအုပ်စုတွေအတွက် လက်ရှိ ကြီးမားတဲ့ ပြဿနာအခက်အခဲကတော့ စားနပ်ရိက္ခာ ပြတ်တောက်မှုပါပဲ" ပာု ယင်းက ပြောကြားသည်။

မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် ဆယ်စုနှစ်များချီ၍ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားခဲ့ခြင်းကြောင့် အရပ်သားများကို ပစ်မှတ်ထားခြင်း၊ ကလေး သူငယ်စစ်သားများ အဓမ္မစုဆောင်းခြင်း၊ အကျဉ်းသားများကို ပေါ်တာအဖြစ်ခိုင်းစေခြင်း၊ လိင်အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ်သုံးစွဲခြင်း၊ စသည်တို့ အပါအဝင် အစိုးရတပ်ဖွဲ့များ ကျုးလွန်သော စစ်ရာဇဝတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျဖြစ်ပွားနေကြောင်း အထောက်အထားဖြင့် စွပ်စွဲမှုများ တသီ တတန်း ထွက်ပေါ်လာခဲ့သည်။

ကချင်ပြည်နယ်မှ စစ်ရာဇဝတ်မှုများအကြောင်း ဖော်ထုတ်ထားသော အစီရင်ခံစာကို မကြာသေးမီက ထုတ်ပြန်ခဲ့သည့် Bryan Erykson က ယခု လပိုင်းများအတွင်း ကချင်ပြည်နယ်မှ တိုက်ပွဲကြောင့် အိမ်ပစ်ယာပစ် ထွက်ပြေးနေရသော ဒုက္ခသည်အရေအတွက် ၃၀၀၀၀ အသာလေးကျော်နေပြီ ပာု ပြောကြားသည်။ "တောထဲမှာ နေ့တိုင်းဖြစ်ပွားနေတဲ့ ပစ်ခတ်မှုတွေကို ကျွန်တော်တို့ စောင့်ကြည့်နေတာပါ။ ပစ်ခတ်မှုအများစုက မှတ်တမ်းမှတ်ရာ မရှိပဲ ဖြစ် ပွားနေတာပါ။ ဒါကြောင့် ပြဿနာရဲ့ပမာဏကို အချိန်နဲ့ တစ်ပြေးညီ သိအောင်ကြိုးစားဖို့ ခက်ခဲပါတယ်။ ဒီတော့ နေရာတကာ မြို့တိုင်း၊ ရွာတိုင်းက အရေ အတွက် ၂၀၀ မှ ၂၀၀၀ ကြားလူတွေပာာ နေအိမ်တွေကနေ ဖယ်ပေးကြဖို့ အဓမ္မ မောင်းထုတ်ခံရတယ်ဆိုတာလောက်ပဲ ကျွန်တော်တို့ပြောနိုင်မယ် ထင်ပါ တယ်။ ကချင်ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ နေရာကအခိုင်အမာ၊ အချက်အချာ ကျတယ်ဆိုရင် မြန်မာစစ်တပ်က ဝေးဝေးကို ဖယ်ခိုင်းတော့တာပါပဲ။ ဒီနည်းနဲ့ပဲ အရပ်သားတွေ နေစရာမရှိဖြစ်နေရတာကို ကျွန်တော်တို့မြင်တွေ့နေရပါတယ်"ပာု Erykson က ဆိုသည်။

Erykson က ဆက်လက်၍ "မြန်မာအစိုးရတပ်များ ကချင်ထိန်းချုပ်နယ်မြေထဲသို့ တိုးဝင်လာသည်နှင့်အမျှ ပိုမိုထင်ရှားသော လူ့အခွင့်အရေး ချိုးဖောက်မှု အထောက်အထားများ တွေ့ရှိရသည်။ ၎င်းအထောက်အထားများတွင် ခြိမ်းခြောက်နှိပ်စက်မှုများ၊ ဥပဒေပြင်ပ ခြိမ်းခြောက်သတ်ဖြတ်မှုများ၊ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းများ ပါဝင်သည်" ပာု ပြောကြားသည်။

မြန်မာအရပ်ဖက်အစိုးရသစ်သည် နိုင်ငံရေးအကျဉ်းသားများ ထိန်းသိမ်းထားကြောင်း ဝန်ခံခြင်းဖြင့် တိုးတက်ပြောင်းလဲမှုကို ပြသခဲ့သော်လည်း နယ်စပ် ဒေသများတွင် စစ်ရာဇဝတ်မှု ကျုးလွန်နေခြင်းကိုမူ ယခုတိုင်ဝန်ခံခြင်း မရှိသေးပေ။


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

နိုင်ငံရေးသီချင်းများ – BURMA VJ MEDIA

ပြည်ဖျက်မိစ္ဆာ – BURMA VJ MEDIA

နားစဉ်ကြည့် ပါ။

(burmavjmedia blogမှကူးယူဖေါ်ပြပါသည်)

နိုင်ငံရေးသီချင်းများ – BURMA VJ MEDIA

ချယ်ရီ (ရနံမဲ့ခရီးရှည်) – BURMA VJ MEDIA

နားစဉ်ကြည့် ပါ။

(burmavjmedia မှကူးယူဖေါ်ပြပါသည်)

နိုင်ငံရေးသီချင်းများ – BURMA VJ MEDIA

ရှစ်ရက်၊ရှစ်လ၊ရှစ်ဆယ့်ရှစ် – BURMA VJ MEDIA

နားစဉ်ကြည့် ပါ။



 (burmavjmedia မှကူးယူဖေါ်ပြပါသည်)

လမ်းဘေးသီချင်း – BURMA VJ MEDIA

လမ်းဘေးသီချင်း – BURMA VJ MEDIA

နားဆင်ကြည့် ပါ။

( burmavjmedia  မှကူးယူဖေါ်ပြပါသည်)

ဒီနံရံတွေကြား – BURMA VJ MEDIA

ဒီနံရံတွေကြား – BURMA VJ MEDIA

နား စဉ် ကြည့် စေချင်ပါတယ်။
( burmavjmedia မှကူးယူဖေါ်ပြပါသည်)

Thursday, 8 December 2011


ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် မြန်မာ့ ကျက်သရေဆောင် [ သွန်းနေစိုး ]
Posted: 03 Dec 2011 05:42 PM PST

ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ၀ိဝါဒကွဲကြသူတွေ ရှိကောင်းရှိပါလိမ့်မည်။ သို့သော် သေချာတာတစ်ခုတော့ ပြောရန်ရှိ၏။ ဒေါ်အောင်ဆန်းစုကြည်ဆိုသည်မှာ မြန်မာ့ကျက်သရေဆောင် ဖြစ်သည်။ ဒီအချက်ကိုတော့ဖြင့် ငြင်းစရာ ရှိလိမ့်မည် မထင်ပါ။

ဒီ့အတွက် သက်သေပေါင်းများစွာ ရှိပါသည်။

အခုလတ်တလော အမြင်သာဆုံးအဖြစ် ဟီလာရီကလင်တန်လာသော အဖြစ်ကို မြင်ကြည့်မိသည်။ ဟီလာရီဆိုသည်က ကမ္ဘာလှည့် သြဇာပေးနေသော အမျိုးသမီးကြီးတစ်ဦး။ ထိုကဲ့သို့ ကျနော် အမြင်ရှိသည်။ တကယ်လဲ ထက်မြက်စူးရှသော မိန်းမတစ်ဦးပါပဲ။ အမေရိက၏ First Lady အဖြစ် ၈နှစ်ကြာစိုးစံခဲ့ရသည်။ နောက် သူမ၏ အိမ်နိမ့်စံဘ၀က သိပ်မကြာ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရောက်ရပြန်သေး၏။ သမ္မတဖြစ်ဖို့တောင် လက်တစ်ကမ်းအလိုလေး ရှိခဲ့တာပဲ။ ပြောလိုသည်မှာ ဒီလို အမျိုးသမီးကြီးတွင် မာန် အနည်းနဲ့အများတော့ ရှိလိမ့်မည်။ ဘယ်သူနဲ့ တွေ့တွေ့ သူမ၏ အဲဒီမာန်ကို မြင်နိုင်သည်ဟု ကျနော် ထင်ပါသည်။

ဒီလိုနှင့် သူမက ဒေါ်အောင်ဆန်းစုကြည်ဆီ လာတွေ့ခဲ့သည်။ ကမ္ဘာမှာလက်ရှိ အထက်မြက်ဆုံးများထဲတွင် အ၀င်အပါဖြစ်သော အမျိုးသမီးနှစ်ဦး တွေ့ဆုံပွဲ။

ကျနော့်ရင်ထဲကို ထိသွားသည်ကား သူတို့နှစ်ယောက်လုံး၏ ဟန်ပန်များကို ဖြစ်သည်။ တကယ့်ငယ်ပေါင်းကြီးဖော်တွေ တွေ့ကြသလို၊ ကွဲကွာနေသော မိတ်သင်္ဂဟများ ပြန်တွေ့ကြသလို လှိုက်လှိုက်လှဲလှဲ ရှိလွန်းလှပါသည်။ ဒီမှာတွင်ပင် ကျနော့်ခေါင်းထဲ စကားလုံးတစ်ခု ၀င်ရောက်လာခြင်းဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် မြန်မာ့ကျက်သရေဆောင်။

နိုင်ငံခြားရောက်သူတို့က ပြောကြသည်။ နိုင်ငံခြားတိုင်းပြည်တွေမှာ မိတ်ဆက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နာမည် ပြောပြမိတ်ဆက် ရတာမျိုး ရှိသည်တဲ့။ အိုဗားမား အာဆီယံစည်းဝေးပွဲလာတော့ ပြောလိုက်သည်မိန့်ခွန်းထဲမှ စကားများက ကျနော့်ရင်ကို ပိုထိရှသွားစေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းပြောပြီးဖြစ်ကြောင်းနှင့် ဟီလာရီကို မြန်မာနိုင်ငံသို့ စေလွှတ်မည့်အကြောင်းများ။ အိုဗားမားလို လူမျိုးကပင် အရေးတယူ မလုပ်၍ မရသော ပုဂ္ဂိုလ်ဆိုသည်မှာ ကမ္ဘာပေါ်တွင်ပင် ရှာမှ ရှားလှပါသည်။ ထိုကဲ့သို့သော လူမျိုးက ကျနော်တို့ နိုင်ငံမှာ ရှိနေ၏။ ကျနော်တို့ လူမျိုးဖြစ်နေ၏။ ကျနော်တို့လူမျိုးစစ်စစ် မိဘနှစ်ပါးမှ ပေါက်ဖွားခဲ့သူ ဖြစ်နေ၏။ ကျနော်တို့လူမျိုးတွေ မှည့်လေ့ရှိသော နာမည်မျိုးစစ်စစ် မှည့်ထားသူဖြစ်နေ၏။ ထို့ကြောင့် မြန်မာ့ကျက်သရေဆောင်ဟု တင်စားထိုက်ပေသည်။

ကမ္ဘာပေါ်မှာ ထင်ရှားသော ကမ္ဘာ့ခေါင်းဆောင် ဘယ်နှစ်ယောက်ရှိမလဲ? ထိုအထဲတွင် ဒေါ်အောင်ဆန်းစုကြည်ပါ၏။ ကမ္ဘာမှာ ချန်လှပ်ထား၍ မရသော ခေါင်းဆောင်များထဲတွင် ကျနော်တို့နိုင်ငံမှ တစ်ယောက်က အ၀င်အပါဖြစ်နေသည့်အတွက် ကျနော်တို့ ဂုဏ်ယူ ရပါသည်။

ကျနော်က ဒေါ်အောင်ဆန်းစုကြည်နားကလူ မဟုတ်ပါ။ သူ အခက်ခဲကြုံနေရစဉ်က မ၀န်းရံနိုင်ခဲ့သလို သူ မြင့်တက်လာသောအခါ ပြေးကပ်သူလည်း မဟုတ်ခဲ့။ အဝေးကြီးမှာ အေးအေးကြီးသာ နေပါသည်။ သို့သော် ကျနော့်ရင်ထဲမှာ ခေါ်နေမိသော စကားတစ်ခွန်းရှိ၏။ ကျနော်တို့အားလုံး၏ အမေ။

အမေဆိုသည်ကား ကျနော်တို့အား လုံခြုံမှုပေးနိုင်သူ၊ လမ်းပြသွန်သင်မှု ပေးနိုင်သူ။ နွေးထွေးမှုပေးနိုင်သူ၊ ဂုဏ်ကျက်သရေကို တိုးစေသူ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ရှိနေခြင်းအတွက် မြန်မာနိုင်ငံသားအားလုံးတွင် မိခင်နှစ်ယောက်ရှိနေ၏။ တစ်ယောက်က

မွေးခဲ့သော အသက်ကို ပေးသည့်အမေ။ ပုဂ္ဂလဘ၀အတွက် ခိုကိုးရာ။ နောက်တစ်ယောက်က နိုင်ငံသားတစ်ယောက်၏ သိက္ခာကိုမြင့်တင်ပေးခဲ့သည့်အမေ။ မြန်မာတည်းဟူသော ဂုဏ်သိက္ခာအတွက် ခိုကိုးရာ။

ဦးသန့်နောက်ပိုင်းတွင် ကမ္ဘာကျော်တဲ့ မြန်မာမရှိဟု ပြောချင်နေသူများ၊ ယိုးဒယား၊ တရုပ်၊ ကုလားများကို အဖေခေါ်ချင်နေသူများအား မှားယွင်းကြောင်း ဒေါ်အောင်ဆန်းစုကြည်ရှိနေခြင်းက သက်ရှိထင်ရှား သက်သေပြနေပါသည်။ ကျနော့်တစ်ဦးတည်း သဘောပြောရပါလျှင် ယိုးဒယားက ကိုယ့်ထက်သာသည်ဟု ပြောလျှင် မချိအောင် နာလှပါသည်။ ယိုးဒယားမုန်းလို့ မဟုတ်ပါ။ အထင်ကြီးစရာဟု ဘယ်တုန်းကမှ ထင်မထားခဲ့သောကြောင့် ဖြစ်ပါသည်။ ဗိုလ်ချုပ်မိန့်ခွန်းပါ `ယိုးဒယားပြည်ဆိုလို့ရှိရင် လွတ်လပ်တဲ့နိုင်ငံထဲမှာ ညံ့ညံ့ပဲ´ ဆိုသောစကားကို ငယ်ငယ်ကတည်းက စွဲခဲ့၏။ ယခု အဲဒီထက်များစွာ ကိုယ်ကနိမ့်ကျနေပြီလို့ ပြောလာလျှင် `ဟိုလူ့မြင်တဲ့အခါ မျက်နှာချိုသွေးရ၊ ဒီလူ့မြင်တဲ့အခါ မျက်နှာချိုသွေးရနဲ့ ဖာသယ်လို နိုင်ငံမျိုး ဖြစ်နေမှာဘဲ´ ဟူသောဆုံးမစကားကို အမှတ်ရမိကာ အသက်ကို သတ်သည်ထက် နာ၏။ တစ်ခုတော့ ပြောချင်ပါသည်။ အာဏာလက်ရှိရှိသူ မဟုတ်ပါပဲလျက် (တစ်ခါမှ အာဏာမရခဲ့ဘူးပါပဲလျက်) ကမ္ဘာက ခုလို အလေးစားခံရသူမျိုး ယိုးဒယားမှာ ရှိသလား။ အရှေ့တောင်အာရှနိုင်ငံတွေမှာ ရှိသလား။ သူတို့မှာ ဒေါ်အောင်ဆန်းစုကြည် ရှိသလား ဟုပင်။

ကျနော့်စိတ်ထင် ဟီလာရီ၏ မျက်ဝန်းများ၊ အပြုအမူများတွင် ဒေါ်အောင်ဆန်းစုကြည်အား အထင်ကြီး အလေးထားစိတ်ကို မြင်လိုက်ရသည်ဟု ထင်ပါသည်။ ဘာကြောင့်ပဲဖြစ်ဖြစ် ထိုတစ်ချက်တည်းနှင့်ပင် ကိုယ့်ကိုယ်ကို မြန်မာဖြစ်ရတာ အတော်ဂုဏ်ယူသွားမိ၏။ ငါတို့မှာ ဒီလိုလူမျိုး ရှိနေတာပဲ။

ထို ဂုဏ်ယူမှုသည် စိတ်ခွန်အားကို ဖြစ်ပေါ်စေ၏။ ငါတို့လည်း ကြိုးစားမယ်ဆိုရင် ဒီလို အဖြစ်မျိုး တစ်နေ့မှာ ရောက်နိုင်တာပဲ။ ငါတို့ရဲ့ မြန်မာ့သွေး မြန်မာ့ဗီဇက ကမ္ဘာမှာ ဒီလိုအနေအထားရှိအောင် ထွန်းပေါက်နိုင်တဲ့ အစွမ်းရှိတယ်။ တို့မှာ လုပ်ရင်ဖြစ်တဲ့ ဗီဇမျိုးစေ့ရှိပြီးသား၊ ကိုယ်တိုင်ကြိုးစားဖို့ပဲလိုတယ်ဟူသော စိတ်များ ပွားများလာစေခဲ့၏။ အသက်ကို ကယ်လိုက်သည့်ပမာ ခံစားရပါသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာစက ရွှေဂုံတိုင်ရုံးရှေ့တရားပွဲကို ကျနော်သွားသည်။ ခပ်ဝေးဝေးကမို့ အရိပ်သဏ္ဍန်မျှသာ မြင်ရပါသည်။ အသံဝိုးတ၀ါးမျှသာ ကြားရပါသည်။ သို့သော် ရင်ထဲတွင် ချမ်းမြေ့သော ညွှတ်နူးခြင်းဖြစ်မိသည်။

နောက်ပိုင်းပဲခူးခရီးစဉ်မှာကျတော့ကျနော်ကံကောင်းသည်ဟုပြောရမည်။ပဲခူးကသူငယ်ချင်းတစ်ယောက်အိမ်မှာ အလှူရှိလို့ ပဲခူးရောက်နေသည်နှင့် ကြုံ၏။ သူတို့အိမ်ကလဲ ရွှေမော်ဓောဘုရားနှင့် နီးနီးလေး။ ဒေါ်အောင်ဆန်းစုကြည်လာမည်ကြားတော့ ကျနော်တို့ ရွှေမော်ဓောဘုရားမှာ စောင့်ကြသည်။ ဒီတစ်ကြိမ်မှာလဲ အဝေးကပဲ နေလိုက်ပါသည်။ လူအုပ်ကား တော်တော်ပင် များ၏။ လက်တွေ တန်းလျက်သား ကာထားသူများကြားမှ ဒေါ်အောင်ဆန်းစုကြည်။ အနားက အဘွားကြီးတစ်ယောက် အော်လိုက်သံကို ကြားရသည်။

`ဟယ် ဟိုမှာ ဒေါ်အောင်ဆန်းစုကြည်လေးတော့´တဲ့။ လှည့်ကြည့်လိုက်တော့ သဘက်ကြီး ခေါင်းပေါင်းထားသော အမယ်အိုကြီးတစ်ယောက်ကို မြင်ရသည်။

`အရှေ့သွားကြည့်လေ အဘွား´ဆိုတော့ ...

`နေပါစေကွယ်၊ ဒီကလဲ တွေ့ရသားပဲ´
ဆို၏။ သူ့မျက်နှာကား ပြုံး၍နေသည်။ ကျနော် အနည်းငယ်စပ်စုမိ၏။

`အန်တီစုကို ခုလိုမြင်ရတော့ ဘယ်လိုနေသလဲ၊ အဘွား´

ဆိုတော့ ကျနော် မထင်မှတ်သော စကားတစ်ခွန်း ထွက်လာသည်။ စကားက နှစ်လုံးတည်း။ အတော်ထိရောက်သော စကားပါပေ။

`ချစ်တယ်´တဲ့။ နောက် ဘာမှဆက်မပြောတော့ပဲ ကြည်နူးသော မျက်ဝန်းများဖြင့် ဆက်ကြည့်နေလေ၏။

မိမိရင်သွေးတစ်ယောက်အား ကြည့်နေသလို မေတ္တာလွှမ်းသောအကြည့်များဟု ကျနော်ခံစားရပါသည်။ အမေစုသည်ကား ကျနော်တို့လို ငယ်ရွယ်သူများအတွက် အမေသဖွယ် ခံစားရသလို အဘွားအရွယ် အဖိုးအရွယ်များအတွက်တော့ သမီးသဖွယ်ခံစားမှုကို ပေးစွမ်းနိုင်သူ။ မြန်မာတည်းဟူသော မိသားစုအတွင်းမှ အတောက်ပဆုံး မိသားစုဝင်တစ်ဦး ဖြစ်ပါချေသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးနောက် ခြံတံခါးဝတွင် စက္ကူပြားကလေးကိုင်ကာရိုက်ထားခဲ့သောပုံ။ `ကျမကလဲ ပြည်သူတွေကို ချစ်ပါတယ်´ ဆိုသော စာတမ်းပါ ဓာတ်ပုံကို တော်တော်များများ မြင်ဘူးကြပေလိမ့်မည်။ ပြည်သူတွေမှာလဲ ထောင်မပြဖြစ်သော စာတမ်းတွေ ကိုယ်စီရှိပါလိမ့်မည်။ ပြည်သူတွေကလဲ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ပါတယ်ဟု ရေးထွင်းထားသော စာတမ်းများပင်။

ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေ ချစ်ကြသလဲ? အမြင်အမျိုးမျိုး ရှိပါလိမ့်မည်။ ကျနော်ကတော့ မြန်မာ့ကျက်သရေဆောင်မို့ ချစ်ခြင်းဖြစ်၏။ တခြား သူ့လုပ်ဆောင်ချက်များအပေါ် အလေးအနက် ကျေးဇူးတင်မိသော်လည်း မြန်မာ့ကျက်သရေဆောင်မို့ ချစ်ခြင်းက ပိုပါလိမ့်မည်။

စကားစပ်၍ ပြောရမည်ဆိုလျှင် ဗိုလ်ချုပ်သွေးဖြစ်သော်လည်း ဦးအောင်ဆန်းဦးကိုတော့ ကျနော်တို့ မချစ်ပါ။ ဦးအောင်ဆန်းဦး အင်တာဗျူးပါသော ဂျာနယ်ကိုလည်း မဖတ်ပါ။ စိတ်ထဲ နာနေသည်ဟုပင် ပြောရမည်လား။ ရာဇ၀င်တွေလည်း ရိုင်းခဲ့ပြီ အဖရေဟု ဗိုလ်ချုပ်အား တိုင်တည်သော စာပိုဒ်ကို သူ့အား ကြည့်ကာ ရင်ကွဲမတတ်ရည်ညွှန်း သီဆိုနေသူများအား လျစ်လျူရှုခဲ့ရက်သူဟု မြင်ပါသည်။ အဲဒီလို အခြေအနေမျိုးမှာ ကိုယ့်မိသားစုနှင့်ကိုယ် အေးအေးဆေးဆေးနေလို့ ရပါလျက် ဒုက္ခတွင်းသို့ ဆင်းလာခဲ့သူ ဒေါ်အောင်ဆန်းစုကြည်၏ ကျေးဇူးကို ကျနော်တို့ ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ပါ။

တစ်ခါတစ်လေ သူ့လုပ်ဆောင်ပုံနှင့် ပတ်သက်၍ သဘောမတူသည်များ ရှိကောင်းရှိပါလိမ့်မည်။ သို့သော် ထိုအခါမျိုးတွင် ငါ ဥာဏ်မမီလို့ပဲ နေမှာလေဟု ကိုယ့်ကိုယ်ကို ဖြေလျှော့မိ၏။ ကမ္ဘာက လက်ခံသော လုပ်ကိုင်ဆောင်ရွက်ပုံကို သူသာ တတ်သိ နားလည်ပါသည်။ ကျနော်တို့ကား သူ နောက်လိုက်များ။ သူ့ကို သစ္စာရှိစွာ ၀န်းရံကြရုံသာ ရှိ၏။

ကိုမင်းကိုနိုင်မွေးနေ့အထိမ်းအမှတ်ပွဲသို့ရောက်သွားစဉ်ကရောက်လာသူပရိသတ်များအားဒေါ်အောင်ဆန်းစုကြည် ပြတင်းပေါက်မှ မျက်နှာ ထွက်ပြခဲ့သည်ကို မြင်တွေ့ရသည်။ တကယ်ကို နေတစ်စင်း ထွက်ပြူလိုက် သလိုပါပဲ။ လူတွေကို ကြည့်၍ သိမ်မွေ့စွာ ပြုံး၍ သူ လက်ပြခဲ့သည်။ တည်ငြိမ်သော ဟန်ပန်နှင့်အတူ အဟုန်ပြင်းသော အားအင်တစ်ခုကို ခံစားလိုက်ရသည်။

ကျနော့်စိတ်ထဲတွင် ပုံပြင်တစ်ပိုင်းတစ်စကို သွားသတိရလိုက်မိ၏။ `လေ´ နဲ့ `တောင်´ ဘယ်သူ အစွမ်းထက်သလဲဆိုသည်က ထိုပုံပြင်ပါ မေးခွန်း။ ရုတ်တရက်ကြည့်လျှင်တော့ တောင်ဆိုသည်က ထုထည်ကြီးသည်။ အင်အားရှိသည်။ အခြေတောင့်သည်။ တောင်က ခိုင်မာတယ် အစွမ်းထက်တယ်လို့ ထင်ရမလိုပါပဲ။ သို့သော် ညင်သာစွာ အဆက်မပြတ်တိုက်ခတ်နေသော လေက နောက်ဆုံး အင်အားကြီး ကျောက်တောင်ကြီးကိုပင် အစွမ်းမဲ့သော ကျောက်မုန့်အစအနကလေးများဖြစ်အောင် ခြေမွပစ်နိုင်ကြောင်း ပုံပြင်မှာ အဖြေပေးထားသည်။

ဒေါ်အောင်ဆန်းစုကြည်တွင်လည်း လေကဲ့သို့ တည်ငြိမ်ညင်သာမှုရှိ၏။ ပြီးတော့ အဆက်မပြတ်သော ၀ိရိယရှိသည်။ အမိုက်မှောင်သည် ကျောက်တောင်ကဲ့သို့ ရှိပါစေ။ ဒေါ်အောင်ဆန်းစုကြည်က ခြေလွှင့်ပစ်နိုင်လိမ့်မည်ဟု ကျနော်မျှော်လင့်ထားပါ၏။

ထို့အပြင် ...

မြန်မာပြည် ဂုဏ်သိက္ခာမဲ့စေမည့်ကိစ္စများအား တားဆီးနိုင်မည့်သူအဖြစ်လည်း ခံယူမိပါသည်။ မြန်မာပြည်သည်အာရှတွင်ထွန်းတောက်ခဲ့ရာမှပြည်တွင်းရေးပြဿနာများကြောင့်နောက်တန်းရောက်ခဲ့ရသည်။ သံထည်ကောင်းပါလျက် ထုတ်မသုံးနိုင်လို့မို့ သံချေးတွေတက်ကာ တုံးသလို ဖြစ်နေရသော ဓားတစ်စင်းလို ခံစားမိသည်။ ထိုဓား၏ ထက်မြက်မှုကို အသစ်ပြန်ဖြစ်စေရန်တော့ ကျနော်တို့အားလုံး ကြိုးစားကြရပါမည်။ ယင်းသို့ ကြိုးစားရာတွင် ဒေါ်ဆောင်ဆန်းစုကြည်မှာ ဦးဆောင်သူနေရာက ပါဝင်နိုင်လိမ့်မည်။ ကမ္ဘာတွင် ၀င်ဆန့်သော သူ့အရည်အသွေးများဖြင့် မြန်မာတည်းဟူသော ဓားတစ်စင်း ပိုမိုတောက်ပအောင် ထည့်ဝင်သယ်ပိုးမှုများစွာ ပြုနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။

ထိုသို့ ယုံကြည်သောကြောင့်လည်း မြန်မာ့ ကျက်သရေဆောင်ဟု ကျနော် တင်စားမိခဲ့ခြင်း ဖြစ်ပါလေ တော့သည်။

သွန်းနေစိုး Thorn Nay Soe




You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

ဖော်လံဖား (၀တ္ထု) - အမှာစာ (သွန်းနေစိုး)

Posted: 03 Dec 2011 10:47 PM PST


ဖော်လံဖား  (၀တ္ထု) - အမှာစာ

(သွန်းနေစိုး)

by Thorn Nay Soe on Sunday, December 4, 2011 at 2:24pm
ဤ၀တ္ထုရေးရသော ခံစားမှု

မနေ့ကတင် Facebook ပေါ်မှာ ဖတ်လိုက်ရပါသည်။ သာကူးတွေကို မခံချိမခံသာဖြစ်နေသော စာများ။ အထူးသဖြင့် ကျနော့်ရင်ကို ထိရှသွားရသည်ကတော့ `စစ်တပ်အစိုးရတုန်းကလဲ သူတို့ပဲ ပြေးကပ်လိုက်ကြ၊ နေရာတွေရကြ။ အခု အမေစုကျပြန်တော့ သူတို့ပဲ ပြေးကပ်ကြပြန်ပြီ။ ပြည်သူတွေမှာတော့ ဒုံရင်းက ဒုံရင်းပဲ´ ဟူသော မှတ်ချက်စကားဖြစ်ပါသည်။ ဘာမှမဟုတ်ရှာသော ထိုသို့ ပြေးကပ်ဖို့ပင် အခွင့်မသာရှာသော ပြည်သူတွေကိုယ်စား ကျနော် လူမိုက်လုပ်ပါတော့မည်။ ကျနော့်တစ်ဦးတည်း အနေနှင့်တော့ သိပ်ဂရုစိုက်လှသည် မဟုတ်ပါ။ ကိုယ်လဲ ပြေးကပ်ချင်ရင် ပြေးကပ်စရာ အနေအထားတွေ ရှိခဲ့ပါသည်။ သို့သော် ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ ပြေးမကပ်ခဲ့။ ထို့ကြောင့် ဂျာနယ် ထုတ်ဝေချင်သော်လည်း ခက်ခဲနေရသလို စာရေးဆရာတစ်ချို့ ကားတွေရသွားသည်ကိုလည်း `သြော် ဟုတ်လား၊ ပြည်သူ့ဘက်သား ဆိုသူကြီး ကားတွေ ရသွားပါပကော´ ဟုသာ နေခဲ့ပါသည်။ အခု ပြည်သူက မခံမရပ်နိုင်တာ မြင်သောအခါ မနေသာပါ။ ၀င်ပြောပါမည်။ ထို့ကြောင့် သာကူးများ မုန်းလိုကလည်း ဘ၀အသေင်္ချေ မုန်းစေသတည်း။

ဤ၀တ္ထုရေးရခြင်း ရည်ရွယ်ချက်

မနေ့ကကျနော် ကြေငြာလိုက်သလိုပါပဲ။ သာကူးကြီးများကို ခပ်စပ်စပ်လေးနှက်လိုခြင်းက အဓိကရည်ရွယ်ချက် ဖြစ်ပါသည်။ အခုအချိန်သည် ညီညွတ်ရေး ရှေးရှုရမည့်ကာလဆိုတာ ကျနော် နားလည်ပါသည်။ ကျနော်ကိုယ်တိုင်လည်း ညီညွတ်ရေးစာတွေ ရေးခဲ့ပါသည်။ သို့သော် ကျနော့်စိတ်ထဲ အင်မတန်စိုးရိမ်တာရှိ၏။ ထိုသာကူးကြီးများမှာ အင်မတန် အကပ်ကောင်းပါသည်။ အင်မတန်လည်း ရည်ရွယ်ချက်ကြီးကြပါပေသည်။

ယင်းကဲ့သို့သောလူမျိုး နေရာရသွားလျှင် တိုင်းပြည်နာပါလိမ့်မည်။ အစဉ်အလာအရလည်း ထိုကဲ့သို့သော သူမျိုးပင် ကောင်းစားတတ်သည်ကို မြင်ရပါသည်။ သူတို့က နေရာလိုချင်သည်ကိုး၊ နေရာရပေမပေါ့။ ထိုကဲ့သို့နေရာရအောင် လုပ်နိုင်သော အစွမ်း၊ အင်အားလည်း ရှိကြပါသည်။ အမေစုက ပညာရှိသည်မို့ ဆင်ခြင်နိုင်မည်ထား။ နှစ်ဘက်လုံးနှင့်အလွမ်းသင့်တယ်ဆိုပြီး တစ်ဘက်ကို တစ်မျိုးပြော တစ်ဘက်ကို တစ်မျိုးပြပြီး နေရာရအောင် ယူသွားမည့် ခြေလှမ်းကို ကျနော်မြင်နေမိပါသည်။

တကယ်စေတနာထားသူ၊ တကယ်လှုပ်ရှားဆောင်ရွက်ခဲ့သူများကတော့ နံရံလေးဘက်ကြားတွင်ပင် ဘ၀ကို အဆုံးသတ်ရတော့မည်လော။ သေချာသည်က ကျနော်တို့ ဒီနေ့ ဒီလိုအခြေအနေ ရောက်လာသည်မှာ ထိုသာကူးကြီးများ၏ စွမ်းဆောင်ချက် တစ်စိုးတစ်စေ့မျှ မပါပါ။ တကယ်စွမ်းဆောင်ခဲ့သူများထဲမှ အင်အားစုကြီး ယခုထိ နံရံလေးဘက်ကြားတွင် ရှိနေဆဲဖြစ်ပါသည်။ သူတို့က သဘောထားကြီးသူများမို့ ဘယ်လိုမှ မနေပေမယ့် ကျနော်က သူတို့ကိုယ်စား နာပါသည်။ ထို့ကြောင့် ရေးပါသည်။

ဤ၀တ္ထုရေးရခြင်း ရပ်တည်ချက်

သာကူးကြီးများအန္တရာယ် သတိပေးနိုးဆော်စာ သဖွယ် ဖြစ်ပါလိမ့်မည်။ ကျနော်တို့ မြန်မာများသည်ကား အင်မတန်ခွင့်လွှတ်နိုင်သော စိတ်စေတနာမျိုးရှိကြပါသည်။ ဂဠုန်ဦးစောတုန်းကပင် အသက်ကို လွတ်ငြိမ်းခွင့်ပေးရန် ၀ိုင်းတောင်းပန်ကြသေးသည်ပဲ။ တကယ်တော့ ဒီစာမှာ ကျနော့်ကိုယ်ကျနော် စိတ်တင်းပေးသော စာလည်းဖြစ်ပါလိမ့်မည်။ ပြောသာ ပြောတာ ကျနော်လည်း စိတ်ပျော့ပါသည်။ မြန်မာမို့ မေ့လွယ် ပျောက်လွယ်လည်း ရှိတတ်ပါသည်။

ထိုကဲ့သို့ ကျနော်တို့က ခွင့်လွှတ်ထားမိလျှင် နောက်ကျောဓားနဲ့ ထိုးမယ့်အရေး၊ ဂုတ်ခွစီးမယ့် အရေးကို စိုးရိမ်ရပါသည်။ သာကူးဆိုသည်ကတော့ သာလျှင် ကူးမည်ပဲ။ ဘယ်သူဘာပြောပြောလဲ ဂရုစိုက်မည် မဟုတ်ပါ။ ကျနော်တို့ချင်း သတိထားရန်သာ ရေးခြင်းဖြစ်ပါသည်။ ကျနော်အင်မတန် လေးစားသော အချုပ်တန်းဆရာဖေတုန်းက `ပလူးကြပြေးကျို့ခါခါ ခွေးသို့ပမာ´ ဟု ရေးခဲ့ပါသည်။ ကျနော်က ဆရာဖေ့လို ပုဂ္ဂိုလ်ကြီးနှင့် မနှိုင်းဝံ့ မနှိုင်းသာပါ။ သို့သော် ဆရာဖေ့လိုဖြစ်ရန် အားကျကြိုးပမ်းနေသော သူတစ်ယောက်တော့ ဖြစ်နိုင်လိမ့်မည် ထင်ပါသည်။

ကျနော်တို့ စာရေးဆရာ ဆိုသည်မှာလည်း ပြည်သူ့အသံ နာခံရမည်ဟု ကျနော်ခံယူထားပါသည်။ ပြည်သူက မခံရပ်နိုင်လာလျှင် ပြည်သူ့အသံကိုထင်ဟပ်ပေးရန် တာဝန်ရှိသည်ဟု ထင်ပါသည်။ နိုင်ငံရေးသမားတွေက နိုင်ငံရေးအလုပ်လုပ်ကြပါ။ ညီညွတ်ရေးအတွက် ဆွေးနွေးစေ့စပ်ကြပါ။ ကျနော်ကား စာရေးဆရာစစ်စစ်ဖြစ်ပါ၏။ စာရေးဆရာအလုပ်ကို လုပ်ပါတော့မည်။

ဤ၀တ္ထု၏ ဦးတည်ချက်

တစ်ဦးတစ်ယောက်တည်းကို တိုက်ရိုက်မရည်ရွယ်ပါ။ လောကတစ်ခုတည်းမှ လူများကိုလည်း မရည်ရွယ်ပါ။ စီးပွားရေးသမား ယောင်ဆောင်နေသော သာကူးကြီးများ၊ နိုင်ငံရေးသမား ယောင်ဆောင်နေသော သာကူးကြီးများ၊ စာနယ်ဇင်းသမား ယောင်ဆောင်နေသော သာကူးကြီးများ၊ အနုပညာသမား ယောင်ဆောင်နေသော သာကူးကြီးများ ... တို့ကိုရည်ရွယ်ပါသည်။ အယောင်ဆောင်နေသောဟု ကျနော်ပြောခဲ့ပါသည်။

နိုင်ငံရေးသမားအစစ်၊ စီးပွားရေးသမား အစစ်၊ စာနယ်ဇင်းသမား အစစ်၊ အနုပညာသမား အစစ်များဆိုလျှင် ထိုကဲ့သို လုပ်လိမ့်မည် မဟုတ်ပါ။ အတုတွေ များလာလျှင် ရွာနာပါလိမ့်မည်။ ငါးခုံးမတစ်ကောင်ကြောင့်ပင် တစ်လှေလုံးပုတ်နိုင်သလို ငါးခုံးမ များသထက်များလာလျှင် လှေပေါ်မှ ခုန်ချပြီး ရေနစ် သေပစ်လိုက်ဖို့သာရှိ၏။ ကိုယ်စီးနေသော လှေကလေးတော့ဖြင့် အနံ့ဆိုးများ ကင်းစေ့ချင်ပါသည်။ အကယ်၍များ မတော်တဆ ကျနော့်စာအားဖတ်မိကာ အရှက်တရားရ အသိတရားဝင်ပြီး နောင်ထိုကဲ့သို့မမှားတော့ပဲ နောင်ကြဉ်သွားစေမည်ဆိုငြားအံ့။ ကျနော်အတွက် အတိုင်းထက်အလွန်ပင် ဖြစ်ပါလိမ့်မည်။

ဤ၀တ္ထု၏ ဖွဲ့စည်းပုံ

ဇာတ်လမ်းတစ်ခု ဖန်တီးထားပါသည်။ သို့သော် ပိုအဓိက ကျသည်မှာ ထိုဇာတ်လမ်းထဲတွင် ပြောသောစကားများ၊ ပေးချင်သော ခံစားချက် အချက်အလက်များ ဖြစ်ပါသည်။ ငယ်ငယ်တုန်းက သင်္ကြန်သံချပ်လေးတစ်ခုကို သွားသတိရလိုက်မိ၏။ `မှတ်ထား၊ နောက်ဒါမျိုးမလုပ်နဲ့´ ဆိုသော စကား။ ဘာပဲ ဖြစ်ဖြစ် ရေးမယ့် ရေးတော့ မှတ်လောက်သားလောက်အောင် တွယ်ပါတော့မည်။ ကျနော့်ဝတ္ထုပါ ဇာတ်ကောင်အမည်မှာ အောင်မောင်း ဖြစ်ပါသည်။

ထိုဇာတ်ကောင်နာမည်မှာ ဘယ်သူ့နာမည်ကိုမှ ထည့်သွင်းထားခြင်းမဟုတ်ပါ။ သို့သော် ထိုဇာတ်ကောင်၏ အမူအကျင့်များ၊ ဇာတ်လမ်းတွင်းပါ ထိုဇာတ်ကောင်ကို ပြောကြသော စကားများကတော့ဖြင့် တည့်တည့်ကြီးကို ရည်ရွယ်ပါသည်။

ကျေးဇူးတင်ပါသည်။
ကျနော်၏ ၀တ္ထုအမည်မှာ ... `ဖော်လံဖား´ ဖြစ်ပါသည်။

ပရိသတ်အား လေးစားစွာ ...
သာကူးကြီးများအား မလေးစားစွာ ... ဖြင့် ...

သွန်းနေစိုး (Thorn Nay Soe)
မကြာမှီ ရေးသားဖော်ပြမယ့် ဆရာသွန်းစိုးရဲ့ ဖော်လံဖား ဝတ္ထုအမှာစာပါ...။

ဗိုလ်ချုပ်အောင်ဆန်း အတ္တုပတ္တိရိုက်ကူးရေးအတွက် ဒီကနေ့ ရုပ်ရှင်အနုပညာရှင်များနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးပွဲ.. (ရုပ်သံ)

Posted: 03 Dec 2011 08:30 AM PST

ဗိုလ်ချုပ်အောင်ဆန်း အတ္တုပတ္တိရိုက်ကူးရေးအတွက် ဒီကနေ့ ရုပ်ရှင်အနုပညာရှင်များနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးပွဲ.. (Burma VJ Media)(ရုပ်သံ)
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

ယတြာနှင့်အာဏာ (၃) နိဂုံး (ကဗျာဆရာ နေရဲနီ)

Posted: 04 Dec 2011 08:23 AM PST

ယတြာနှင့်အာဏာ (၃)နိဂုံး
 (ကဗျာဆရာ နေရဲနီ)
ကာလာမတို့တဆင့်စကား
ကြားကာမျှဖြင့်လည်း မယုံကြလင့်
ဘိုးဘွားစဉ်ဆက် လက်ခံလာသောကြောင့်
ဟူ၍လည်း မယုံကြလင့်
ကောလဟလဖြင့်လည်း မယုံကြလင့်
သင်ထားသောစာနှင့် ညီညွတ်သည်ဟုလည်း မယုံကြလင့်
မိမိကြံစည်ထားသော အကြံဖြင့်၍လည်း မယုံကြလင့်
အထောက်အထား ရှိ၍လည်း မယုံကြလင့်
ဝါဒတူယုံမျှဖြင့်လည်း မယုံကြလင့်
ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏
စကားဖြစ်သောကြောင့်လည်း မယုံကြလင့်
ဆရာ့စကားဖြစ်သောကြောင့် ဟူ၍လည်း မယုံကြလင့်
ကိုယ်တိုင်ကြုံတွေ့ သိမြင်ခံစားပြီးမှသာလျှင် ယုံကြည်ကြပါ ဟူ၍
မြ၀တီရုပ်မြင်သံကြား စတင်ထုတ်လွှင့်စဉ်က
အေးစန္ဒာကြည် မည်သော အမျိုးသမီးတယောက်၏
ကြည်လင်ချိုမြသော အသံဖြင့်
အထက်ပါ ကာလာမသုတ်တရား အကျဉ်းချုပ်ကို
ည၈နာရီသတင်းပြီး တိုင်ကြားနေရ၏။

ပြည်သူပြည်သား အပေါင်းတို့သည်လည်း
နေမြင့်လေ အရူးရင့်လေ ဆိုဘိသကဲ့သို့
အုပ်ချုပ်သောအစိုးရမင်းတို့၏အကြာင်းကို
ကြာကြာဝါးလေ ခါးမှန်းသိလေ ဖြစ်လာသောအခါ
ထိုကာလာမသုတ္တန်သည်လည်း မြ၀တီရုပ်မြင်သံကြားမှ
ကယ်သူမဲ့နေသော ရေနစ်သူကဲ့သို့
ဖြေးဖြေးချင်းစုန်းစုန်း မြုပ်လေတော့သည်။
ကန်တော်ကြီး လှေသဘင်ပွဲတော်မှ
ရှေးမှီနောက်မှီ ဇာတ်မင်းသားကြီးက
ဝတ်စုံပြည့်ဖြင့် မျက်မှန်တပ်ကာ
ချီးကျူးထောမနာပြုသော ရတုပိုဒ်စုံကို ဆိုလေသောအခါ
ဤလောကဇဗ္ဗူတွင် ငါမှငါတကားဟု အထင်ရှိလေ၏။
ရွှေဘုန်းတော်တိုးပါလို့ ရွှေမိုးတွေရွာ ဟူသော
ဘုန်းတော်ဘွဲ့ကို ကြားရပြန်လေသော်
မယ်မယ်ဘုရား မမဘုရားဟူသော အသုံးအနှုန်းနှင့်တကွ
ရောက်လေရာရာတွင် ကြီးကြီးငယ်ငယ် ရွယ်တူပါမကျန်
လက်အုပ်ချီ၍ အရိုအသေပေးကြရသည်။
သမီးတော်တို့ ညောင်းညာ၍
တိုင်းမှူးကတော်တို့က ခြေဆုပ်လက်နယ် ပြုကြရသည်လည်းရှိ၏။
အိမ်တော်သို့ လာသမျှ လူအားလုံး မည်သူမဆို
ကြမ်းပြင်၌ကျုံ့ကျုံ့ထိုင်ကာ ခစားကြရသည်။
အခမ်းအနား ဟူသမျှတို့၌လည်း
ဇနီးမယား၊သမီးများနှင့် တကွ
မျောက်မူးလဲပါမကျန် မြေးများ၏ နောက်တော်ပါးက
ဗိုလ်ချုပ်ကြီးများမှာ မျက်နှာငယ်စွာ ကျုံ့ကျုံ့ယုံ့ယုံ့ ထိုင်ကြရရှာ၏။

သာလွန်မင်း ကောင်းမှုတော်စေတီ တည်သည်ကို နမူနာယူ၍
တရုပ်ပြည်မှ စွယ်တော်ကို ပင့်ပြီးသကာလ
စွယ်တော်စေတီတို့ကို ရန်ကုန်၊ မန္တလေးတို့၌ တစ်ဆူစီတည်သော်
စွယ်တော်နှစ်ဆူ အရွယ်တူ
ပြည်သူလည်းမွဲ တပ်လည်းကွဲ ဟူသော တဘောင်ပေါ်ခဲ့လေသည်။
ဤတဘောင်သည်ကား သွေးထွက်အောင်မှန်၏။
ထောင်ထောင်ရှိ၍ မျက်စေ့စပါး မွှေးစူးလှသော တိုင်းမှူးတို့ကို
ဝန်ကြီးဟူသော ရာထူးအချွန်ဖြင့်ပင့်ကာ
ဖြေးဖြေးချင်း တသုတ်ပြီး တသုတ်ရှင်းခဲ့သည်။
တစ်ဖန် ရာဇဂဟဓဇရာဇာ မည်သော
ဆင်ဖြူတော်ဟု သမုတ်လေသော သတ္တ၀ါ ပေါ်ထွန်းပြန်ရာ
တရားသောမင်း အုပ်ချုပ်လေသောကြောင့်
တိုင်းပြည်သာယာ ၀ပြောမည့် နိမိတ်ဟူ၍
ပြည်သူတို့အား မျက်မှန်စိမ်းတပ်ကာ
တိုင်းပြည်အား မဟာအ၀ီစိငရဲတည်းဟူသော
တရုပ်လက်သို့ တွန်းပို့ခဲ့လေသည်။
ကျေးဇူးမကင်းသော တပည့်အား ပေါက်ဖေါ်တို့က
ကော်ဇောနီခင်း၍ ကြိုလေသော် မနာလို ၀န်တိုစိတ်နှင့်တကွ
မိမိကုလားထိုင်ကို ကိုင်လှုပ်မည်စိုးရိမ်ရကား
ဒူးရင်းသီးအား အခွံမနွှာဘဲ ပါးစပ်ဖြဲ၍ အတင်းသွင်းသကဲ့သို့
ဝန်ကြီးချုပ်ဟူသော ရာထူးအချွန်ဖြင့်ပင့်ကာ
မကြာမြင့်မီပင် ထောက်လှမ်းရေးတရွာလုံးကိုမြေလှန်၍
နရသိန်စံနန်းတော်သို့တဖွဲ့လုံးတွန်းပို့ခဲ့လေသည်။

ဟိုအတန်း မီးလောင်သော် ဆူဆူညံညံနှင့်
ပြေးကြလွှား ကြဆိုဘိလေသကဲ့သို့
လူတကာ မျက်မုန်းကျိုး၍ အော့နှလုံးနာသည့်
M.I ရွာကို မြေလှန်ပြီးသကာလ ခေါင်းဆောင်နှင့်တကွ
တဖွဲ့လုံးကို ထောင်နန်းတော်သို့ အတင်းတွန်းပို့၍ စံစေသော်
အချို့သည်ကား သွေးပျက်၍ အနိစ္စရောက်ကြ၏
အချို့သည်ကား စီးပွားပျက်၍ ဒုက္ခရောက်ကြရ၏
အချို့သည်ကား စိတ်ပျက်၍ ရူးသွပ်ကြရ၏။
အချို့သည်ကားမိမိပို့ခဲ့သော သူက အတွင်းမှ နေ၍အပြုံးဖြင့် ဆီးကြိုလေသော်
ငါထင်သလို မဟုတ်ပါလားဟူ၍ နောင်တကြီးစွာရလျှက်
ရင်တွင်း၌ မီးဝင်လောင်သကဲ့သို့ အနေအထိုင် ခက်ရလေ၏။

ကောင်းကင်ယံ၌ သောကြာကြယ်သည် လနှင့်နီးသော်
တိုင်းပြည်ပျက်မည့် အတိတ်နိမိတ်ဟူ၍
ခေတ်အဆက်ဆက်က နက္ခတ်ဆရာတို့ လက်ခံလာသည်ကိုပင်
တိုင်းပြည်သာယာဝပြောပေလိမ့်မည်ဟူ၍
ဓာတ်ပုံနှင့်တကွ သတင်းစာတွင် ဖေါ်ပြလေသော်
တတိုင်းတပြည်လုံးက လူ့ကလိမ်ခြုံ လူလိမ်ကြီးဟူ၍
ပြုံးစေ့စေ့နှင့်မှတ်ချက်ပြုကြ၏။

တပ်မတော်သာအမိ တပ်မတော်သာအဖ
ဟူသော ဆောင်ပုဒ်အောက်၌
အဘ ဟူသည်မှာအမေ့လင်မဟုတ်
အထက်အရာရှိအား လက်အောက်ငယ်သားတို့က
စားဖားကြီး ဟူ၍စိတ်တွင်းမှ မှတ်ချက်ပြုကာ
ရာထူးအဆင့်ဆင့် ဖား၍ခေါ်ကြသော မြန်မာဝေါဟာရအသစ်ဖြစ်၏။
တရုပ်ပြည်သို့ သွားဖန်များသော်
ပြည်ပအားကိုး ပုဆိန်ရိုး ဟူသောစာသားသည်လည်း
သတင်းစာ ရုပ်မြင်သံကြား ရေဒီယိုတို့မှ
ပျောက်ချင်းမလှ ပျောက်ခဲ့လေပြီ။
ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည် ဟူသော ကြွေးကြော်သံအောက်၌
အချင်းချင်းစားခွက်လုကြ၍ ခွက်စောင်းခုတ်ကြသည်မှာ
လျင်သူစား အ သူခံ ဦးသူဆော်
လက်နှေးသည်ရှိသော် ကုလားထိုင်ပျောက်၍ နရသိန်စံကြရသည်လည်းရှိ၏။
စက်မှုစွမ်းအားခေတ်ကျော်လွှားဟု
ဆိုင်းဘုတ်ကြီးများ ထောင်ထားသော စက်ရုံတို့မှ
တူရွင်း ပေါက်တူး ဂေါ်ပြား ပုဆိန် တင်းပုတ် အစရှိသော
ကျောက်ခေတ် အသုံးအဆောင်တို့ကို ထုတ်လုပ်ဖြန့်ဖြူး၏
နိုင်ငံအ၀ှန်း သစ်တောစွမ်းဖြင့် စိမ်းလန်းစေရမည်ဟု
မာန်ဖီကာကြုံးဝါးသော အသံအောက်၌
တချိန်သောအခါက အမြဲစိမ်းသစ်တောတို့ဖြင့်
ကမ္ဘာ့အလည်၌ ၀င့်ဝင့်ထည်ထည် ဂုဏ်ယူလောက်သော
ရိုးမတောတို့သည်ပင် တစပြင်အဖြစ်
အကျည်းတန်စွာ ငိုညည်းနေကြလေပြီ။
သမုဒ္ဒရာရေကိုတခွက်ချင်းခပ်၍သွန်သော်ကုန်နိုင်စရာရှိ၏
န အ ဖ လက်ထက်အပြောနှင့် အလုပ်မညီသော
ခါးတောင်းကျိုက်တခြား တင်တခြားတို့ကို
လက်ညှိုးထိုးပြသော် ကုန်နိုင်မည် မဟုတ်ပေ

ဝန်ထမ်းအပေါင်းတို့သည်လည်း
အထက်ဖား အောက်ဖိ ငါ့ဖို့ကြည့် ဟူသော
ဖ သုံးလုံးကိုကြေညက်ကြရလေသည်။
အဖားတော်ရမည်။ ဆွေမျိုးတော်ရမည်။ ပညာတော်ရမည်။
စသော တော် သုံးတော်နှင့်လည်းပြည့်စုံကြရ၏။
မုသာဝါဒကို ကျမ်းကျေ၍
မလိမ့်တပတ်ညစ်နည်းကိုလည်း
တဖက်ကမ်းခတ်တတ်ကျွမ်းကြရသည်။
နောက်ဆုံး၌ကား လူရိုး ဟူသည်
သုဿန်၌သာ ရှိလေတော့၏။

ပိဋကတ်တော်ကို ထုံးလိုမွှေ ရေလိုနှောက်နိုင်သော ဆရာတော်တို့က
တရားတော်နှင့် အညီဟောပြလေသော်
သင်္ကန်းချွတ်၍ နရသိန်ကျောင်းတော်၌ သီတင်းသုံးကြရ၏
မမှန်သည်ကို လုပ်ဇာတ်ခင်း၍
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

The Lady ...




The Lady ...



(Credit: Google image)

မနေ့ညက အဲဒီရုပ်ရှင် သွားကြည့်ဖြစ်ပါတယ်၊ လူများ,မများ မသိနိုင်တာနဲ့ ရုပ်ရှင်မစမီ နာရီဝက် ကျော်ကျော်လောက် ကတည်းက ကြိုရောက်နေ ဖြစ်တယ်၊ လက်မှတ်ဝယ်ဖို့ တန်းစီရင်း ခုံနေရာ ဘယ်လောက် ကျန်သေးသလဲ ပြတဲ့ မော်နီတာကို ကြည့်လိုက်တော့ ၈၀ ရာခိုင်နှုန်း လောက်ကို ကျန်နေသေးတာ တွေ့ရတယ်၊ ဒါနဲ့ အေးအေးဆေးဆေးပဲ ဖြစ်သွားတယ်..၊ ပြမယ့် ခန်းမထဲကို ဝင်လို့ရပြီ ဆိုတာနဲ့ ကျနော်တို့ ဝင်ထိုင်နေလိုက်ပြီး နည်းနည်းစီ ဝင်လာနေတဲ့ လူတွေကို ငေးကြည့်နေ မိတယ်၊ ကျနော့်စိတ်ထဲမှာ ဒီလိုဇတ်ကားမျိုးကို လာကြည့်သူတွေဟာ ဘယ်လိုလူမျိုး တွေများ ဖြစ်နိုင်မလဲလို့ အရမ်း သိချင်နေမိတယ်၊ မြန်မာပြည်ကို ရောက်ဖူးသူတွေလား၊ ဒါမှမဟုတ် မကြာခင်မှာ သွားမယ့်သူတွေလား၊ ဒါမှမဟုတ် ကမ္ဘာ့နိုင်ငံရေးကို စိတ်ဝင်စားလို့ ဒုက္ခနွံထဲက မတက်နိုင်သေးတဲ့ နိုင်ငံလေးနဲ့ အဲဒီအထဲက အမျိုးသမီး တစ်ယောက် အကြောင်း ပိုပြီး သိချင်သူတွေ များလား၊ ဒါမှမဟုတ် Luc Besson ဘာပဲရိုက်ရိုက် ကြည့်လိုက်မယ် ဆိုသူတွေလား...၊

ကျနော့်စိတ်ထဲ တွေးနေမိတာကို ဘေးက မအိမ်သူကို ပြောတော့ အင်မတန် လက်တွေ့ကျတဲ့ အကြံဥာဏ်ကို ပေးတယ်၊ 'သိချင်ရင် လိုက်မေးကြည့် ပါလား' တဲ့..၊ ဝင်လာသူတွေ ကတော့ ကျနော် မျှော်လင့်ထားသလို သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေ များတယ်၊ မြန်မာ တစ်ယောက်တလေများ ကံကောင်းစွာနဲ့ ပါလာမလားလို့ တစ်ယောက်မှ အလွတ်မပေးဘဲ ထိုင်ကြည့်နေသေးတယ်၊ အာရှသူလို့ ယူဆရတဲ့ အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ရတာက လွဲရင် ကျန်တဲ့ ပရိတ်သတ်တွေက အနောက်တိုင်းသား တွေချည်းပါပဲ၊ ဒီလို ရုပ်ရှင်မျိုးကို ကြည့်ပြီး ပြန်အထွက်မှာ တခြားမြန်မာ လူမျိုးတွေရဲ့ အမြင်ကို ကြားချင်၊ သိချင်မိတယ်၊ အဲဒီလိုနဲ့ ခန်းမထဲမှာ မီးတွေ မှောင်သွားခဲ့တယ်....၊

ဗိုလ်ချုပ်က သူ့သမီးလေးကို အစဉ်အလာ ကြီးခဲ့တဲ့ မြန်မာ့သမိုင်းကို ပြောပြနေတဲ့ အခန်းနဲ့ ဇတ်လမ်း စ,ပါတယ်၊ အဲဒီ အခန်းမှာ ပုဂံရဲ့ အရုဏ် တက် မြင်ကွင်းတွေကို ကြိုကြားကြိုကြား ညှပ်ပြီး ပြသွားတယ်၊ ပုဂံဟာ မြင်ကွင်းကျယ် ပိတ်ကားပေါ်မှာ ကြည့်ရတာ ပိုပြီး ကျက်သရေ ရှိနေသလိုပဲ၊ အဲဒီနောက်တော့ အတွင်းဝန်ရုံး လုပ်ကြံ သတ်ဖြတ်မှု၊ သိပ်မကြာခင်မှာပဲ ဒေါ်ခင်ကြည် နေမကောင်းလို့ မြန်မာပြည် ပြန်လာရတဲ့ အမေစု အခန်းတွေကို ပြပါတယ်၊ ပြီးတော့ ၈၈ အရေးတော်ပုံ၊ NLD ဖွဲ့စည်းမှု၊ ရွှေတိဂုံ ညီလာခံ.. စတာတွေ ဆက်လာပါတယ်၊ ဒီအခန်းတွေကို ပြတဲ့အခါ အများသိတဲ့ အတိုင်း ယိုးဒယားနယ်စပ်မှာ တူနိုင်သလောက် အတူဆုံး ဆက်တင်လုပ်ပြီး ရိုက်ထားတဲ့ အခန်းတွေနဲ့ ရန်ကုန်မြို့က တကယ့်နေရာတွေကို ရောမွှေပြီး ပြသွားတယ်၊ ဒီဇတ်ကား ရိုက်ဖို့ ဆုံးဖြတ်ပြီးတဲ့အခါ ဘာမှ မစသေးခင် ဒါရိုက်တာ Luc Besson နဲ့ အဖော် ၂ ယောက်က မြန်မာပြည်ကို လာပြီး ရှုခင်း၊ မြင်ကွင်းတွေကို ကင်မရာ အသေးလေးနဲ့ ၁၇ နာရီစာ ရိုက်သွားခဲ့တယ်လို့ ဆိုပါတယ်၊ အခု အဲဒီရှုခင်းတွေကို ဒီလို နေရာတွေမှာ ပြန်သုံးထားတာ ဖြစ်ပါတယ်၊ အမေစုရဲ့ အမှတ် ၅၄ အိမ်ကိုတော့ ယိုးဒယား နယ်စပ်မှာ တပုံစံတည်း ပြန်ဆောက်ပြီး ရိုက်ပါတယ်၊

ဇတ်လမ်းက အမေစုအဖြစ် သရုပ်ဆောင်တဲ့ မီရှဲလ်ယိုး (Michelle Yeoh) နယ်တွေကို စည်းရုံးရေး ခရီးထွက်တာ၊ နောက်တော့ နေအိမ် အကျယ်ချုပ် ထိန်းသိမ်းခံရတာတွေ ဆက်ပြတယ်၊ မီရှဲလ်ယိုးက ဇတ်ဝင်ခန်းတွေမှာ မြန်မာစကားကို သွက်သွက်လက်လက် ပြောနိုင်အောင် ကျင့်ထားတာ တွေ့ရပေမယ့် လေသံကတော့ အတော်လေး ဝဲတယ်၊ ဒီနေရာမှာ သူ့အသံနဲ့ ခပ်ဆင်ဆင်တူ နိုင်မယ့် မြန်မာ အမျိုးသမီး တစ်ယောက်ကို စကားပြောခိုင်းပြီး နောက်ခံအသံ ထပ်မယ်ဆိုရင် ဖြစ်နိုင်ပေမယ့် ကျနော်ကတော့ သူကိုယ်တိုင် ပြောတာကိုပဲ ပိုသဘောကျတယ်၊ ဒါဟာ သူ့ရဲ့ အားထုတ်မှု မဟုတ်လား၊ အစ တစ်ကြောင်း၊ နှစ်ကြောင်းလောက်မှာ နားထဲ တမျိုးဖြစ်ပေမယ့် နောက်တော့လည်း အသားကျ သွားပါတယ်၊ မြန်မာ စစ်ဗိုလ်ချုပ်တွေရဲ့ ဇတ်ဝင်ခန်းတွေကိုလည်း အတတ်နိုင်ဆုံး ပီပြင်အောင် ကြိုးစားထားတာ တွေ့ရတယ်၊ ဒါပေမယ့် တချို့ဗိုလ်ချုပ်တွေက မျက်နှာကြည့်လိုက် တာနဲ့ ထိုင်းလူမျိုးမှန်း သိသာသလို တချို့ကလည်း မြန်မာစကား ပြောတဲ့လေသံ အရမ်း ဝဲလွန်းတာ သတိထား မိတယ်၊ စစ်ဗိုလ်၊ စစ်သားနဲ့ ပတ်သက်တာတွေ ပြရင် အများအားဖြင့် ရက်စက်၊ ကြမ်းတမ်းမှု၊ ကောက်ကျစ်မှုကို ပြနိုင်ဖို့ ကြိုးစားတာ တွေ့ရတယ်၊ ဒီအတိုင်း ဟုတ်လိုက်လေဗျာ-လို့ ဆိုရမယ့် အခန်းတွေ ရှိသလို ဇတ်နာအောင် သာသာထိုးထိုးလေး လုပ်ထားတာတွေလည်း ပါတယ်လို့ ပြောရမှာ ပါပဲ၊ ဒါဟာ ခံစားမှုကို ဦးစားပေးတဲ့ ရုပ်ရှင် မဟုတ်လား...၊

ဇတ်လမ်းရဲ့ အရေးပါတဲ့ အခန်းတစ်ခု ဖြစ်သလို ကျနော်လည်း အကြိုက်ဆုံး ဇတ်ဝင်ခန်းကတော့ အမေစုကို နိုဘယ်လ် ငြိမ်းချမ်းရေးဆု ပေးတဲ့အခန်းပါပဲ၊ အော်စလိုမြို့က ဆုပေးပွဲ ခန်းမ၊ အခမ်းအနား အပြင်အဆင်မှ စပြီးတော့ နောက်ဆုံး ဆုလက်ခံ ယူတဲ့ မိုက်ကယ်လ်အဲရစ်စ်၊ အလက်ဇန်းဒါးနဲ့ ကင်မ်တို့ ရပ်နေတဲ့ ပုံစံ အနေအထား အသေးစိတ်ကအစ ဂရုစိုက်ထားတာ သတိထား မိတယ်၊ တဖက်ကလည်း ရန်ကုန်က အိမ်ကြီးထဲမှာ အမေစု တဖြစ်လဲ မီရှဲလ်ယိုးက ရေဒီယို အဟောင်းကြီး တစ်လုံးကို နားထောင်နေတယ်၊ သူ့ကိုယ်စား မိသားစုကို ဆုလက်ခံယူဖို့ ဖိတ်ခေါ်လိုက် ချိန်မှာပဲ မီးပြတ်သွားတယ်၊ သူနဲ့အတူ ရေဒီယို နားထောင်နေတဲ့ အဖော် အမျိုးသမီးက ရေဒီယိုအသေးလေး ပြေးယူတယ်၊ အဲဒီအချိန် အခမ်းအနားကို လွတ်သွားမှာစိုးလို့ အမေစုက စိတ်လှုပ်ရှား နေတယ်၊ ရေဒီယို ရောက်လာတော့ အထဲမှာ ဓါတ်ခဲ မရှိပြန်ဘူး၊ အဲဒါနဲ့ လက်နှိပ်ဓါတ်မီးထဲက ဓါတ်ခဲတောင့်တွေထုတ်၊ ရေဒီယိုထဲ အမြန်ထည့်ပြီး ဖွင့်နားထောင် လိုက်တော့ သားကြီး အလက်ဇန်းဒါးက ကျေးဇူးတင်စကား ပြောနေခဲ့ပြီ၊ အမေစုကတော့ သားရဲ့အသံကို မျက်ဝန်းတွေ တလက်လက်နဲ့ နားထောင် နေတယ်၊ ကျေးဇူးတင်စကား ပြောအပြီးမှာ ဂုဏ်ပြုအော်ခက်စထရာက တေးသွားတစ်ပိုဒ်ကို တီးမှုတ်လိုက်တယ်၊ ကျနော် အရမ်းကြိုက်တဲ့ Pachelbel Canon တူရိယာသက်သက် တေးသွား..၊ စန္ဒရားနဲ့ ချယ်လိုကို အားပြုထားတဲ့ တေးသွား...၊ အဲဒါကို ရေဒီယိုကနေ ကြားရတဲ့အခါ အမေစုက တဖက်ကနေ စန္ဒရားကို အသာအယာ လိုက်တီးပါတယ်..၊ မိသားစုနဲ့ ဝေးပြီး တစ်ဦးတည်း ပိတ်လှောင်ခံထားရတဲ့ အိမ်ကြီးထဲမှာ စိတ်ဓါတ်မာကျော ပါတယ်ဆိုတဲ့ အမျိုးသမီး တစ်ယောက်ကတော့ ညအမှောင်ထဲ စန္ဒရားခလုတ်တွေကို အသာအယာ တို့ထိလို့...၊ အဲဒီမြင်ကွင်းကို အလင်းအမှောင် နိုင်နိုင်၊ နောက်ခံဂီတ အားကောင်းကောင်းနဲ့ ပံ့ပိုးလိုက်တဲ့အခါ အမျိုးစုံတဲ့ ခံစားမှုတွေက ရင်ဘတ်ထဲမှာ ပြည့်ကျပ် လာတော့တယ်၊

ကျနော် ပြန်ပြောချင်တဲ့ နောက်တစ်ခန်းကတော့ ကင်ဆာရောဂါနဲ့ သိပ်မနေရတော့မယ့် အကြောင်း ရေးထားတဲ့ မိုက်ကယ်လ်အဲရစ်စ်ဆီက စာကို ဖတ်အပြီးမှာ ဗြိတိသျှ သံရုံးကတဆင့် အမေစုက ဖုန်းဆက်တဲ့ အခန်းပါ၊ အသံလှိုင်းတွေ သိပ်မကြည်တဲ့ ဖုန်းကို မျက်ဝန်းမှာ မျက်ရည်တွေ ဝဲပြီး ပြောတဲ့အခန်း...၊ 'ကျမ ပြန်လာဖို့များ လိုနေမလားဟင်' ဆိုတဲ့ စကားလေးကို ပြောချလိုက်တဲ့ မီရှဲလ်ယိုးရဲ့ မျက်နှာမှာ အရိပ်တွေ အများကြီး ဖြတ်ပြေးသွားတယ်၊ မိသားစု၊ သေကောင်ပေါင်းလဲ ခင်ပွန်း၊ နောက်ဆုံးကြားခြင်း ဖြစ်ကောင်းဖြစ်မယ့် အသံ၊ အချုပ်အနှောင်၊ သောက၊ ပြည်သူလူထု၊ ဒုက္ခဆင်းရဲ... အဲဒါတွေ အကုန်လုံးကို အဲဒီ စက္ကန့်ပိုင်းလေးမှာ မီရှဲလ်ယိုးရဲ့ မျက်နှာမှာ တွေ့လိုက်ရတယ်၊ ရင်နင့်ရတဲ့ အခန်းပါပဲ၊ တိတ်ဆိတ်နေတဲ့ ရုံထဲမှာ ကျနော့်ဘေးက မအိမ်သူလိုပဲ တိတ်တဆိတ် ရှိုက်သံတွေ ကြားနေရတယ်..၊

သရုပ်ဆောင်တွေ အဖြစ် မိုက်ကယ်လ်အဲရစ်စ်၊ အလက်ဇန်းဒါး၊ ကင်မ် တို့ရဲ့ ရုပ်သွင်၊ အမူအရာတွေ အတော်လေး တူပေမယ့် အမေစုရဲ့ ကာရိုက်တာကို ခံစားယူရတာတော့ လွယ်မယ့်အလုပ်လို့ ကျနော် မထင်ပါဘူး၊ ဒါပေမယ့် အရပ်အမောင်း၊ မျက်နှာသွင်ပြင်ခြင်း ဆင်သလို ရှိတဲ့ အာရှ သူ မင်းသမီး မီရှဲလ်ယိုးက အတော်လေးကောင်းအောင် သရုပ်ဆောင်သွား နိုင်တာ တွေ့ရပါတယ်၊ အထူးသဖြင့် တချို့အခန်းတွေမှာ အမေစုရဲ့ အကြည့်ကို 'ဖမ်း' နိုင်တာ သတိထား မိတယ်၊ ဇတ်လမ်းထဲမှာ မျက်ရည်ဝဲတာ..၊ မျက်ရည်ကျတာတွေ ပါ,ပါတယ်၊ အမေစုကော.. အပြင်မှာ ဒီလိုမျိုး ရှိဖူးလား? ကရုဏာတရား ကြီးမားလှတဲ့ အဲဒီမျက်ဝန်းတွေ ထဲမှာ မျက်ရည်တွေ ရစ်ဝဲနေတာ မြင်တွေ့ဖူးသူ မရှိသလောက် နည်းပါးလိမ့်မယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် ဒီတိုင်းပြည်ကို ချစ်လွန်းတဲ့ ဒီအမျိုးသမီးကြီး ဟာလည်း သူ့ရဲ့ ကိုယ်ပိုင် မိသားစု အတွက် ငိုကြွေးရချိန်တွေ ရှိလိမ့်မှာ အသေအချာပါ၊ အနည်းဆုံး ရင်ထဲက နက်ရှိုင်းတဲ့ တစ်နေရာမှာ ဖြစ်ဖြစ်ပေါ့၊ ဘာပဲဖြစ်ဖြစ် အခုကတော့ ခံစားမှုကို နှိုးဆွရမယ့် ရုပ်ရှင်ဖြစ်လို့ ဒီလိုမျိုး သာသာထိုးထိုး ရှိနိုင်တာ သဘာဝပါပဲ၊

ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး ပြင်သစ်ဒါရိုက်တာ Luc Besson ကို အင်တာဗျူးတွေမှာ မေးကြတယ်၊ 'ခင်ဗျားရဲ့ ရုပ်ရှင်ကို ဒေါ်အောင်ဆန်းစုကြည်သာ ကြည့်ခွင့်ရရင် ဘာပြောမယ်လို့ ထင်သလဲ'..တဲ့၊ သူက ဖြေတယ်၊ 'ဖြစ်နိုင်တာ နှစ်ခုပါပဲ၊ ဒေါ်စုက ဟက်ဟက်ပက်ပက် ရယ်မောပြီး ဖြစ်ရလေ Luc ရယ်..၊ မင်းမို့ ကြံကြံဖန်ဖန် ဒီလိုမျိုး စိတ်ကူးယဉ်တွေ စဉ်းစားတတ် ပလေတယ်-လို့ ပြောရင်ပြော..၊ ဒါမှမဟုတ် သူ့မိသားစုရဲ့ ပုံရိပ်တွေကိုကြည့်ပြီး အောက်မေ့ သတိရစိတ်နဲ့ တိတ်ဆိတ်ချင်လည်း တိတ်ဆိတ် နေလိမ့်မယ်' တဲ့၊ တကယ်တမ်းမှာလည်း Luc Besson က ကံကောင်းစွာနဲ့ အမေစုကို လာတွေ့ခွင့် ရခဲ့ပါတယ်၊ အဲဒီမှာ သူက မေးလိုက်တယ်၊ 'အဆင်ပြေမယ်ဆိုရင် ဒေါ်စု ဒီဇတ်ကားကို ကြည့်ချင်သလား' ဆိုတော့ အမေစုက 'ကျမအတွက် အားရှိတဲ့ တစ်နေ့ကျရင် ကြည့်ဖြစ်မှာပါ'လို့ ပြန်ပြောတယ်လို့ ဆိုပါတယ်၊

အနှုတ်လက္ခဏာ တစ်ခုကို ပြောပါ ဆိုရင်တော့ ဇတ်ကား အဆုံးသတ်ဟာ ကျနော့် အတွက်တော့ မချင့်မရဲ ဖြစ်ရပါတယ်၊ ဒီဇတ်လမ်းကို ရိုက်နေတဲ့ အချိန်မှာ ဇတ်သိမ်းဟာ happy ending မဟုတ်သလို tragic ending လို့လည်း မဆိုနိုင်တဲ့ အချိန်ပါ၊ (အခုထိလည်း ဒီနှစ်ခုထဲက တစ်ခုမှ မဟုတ်သေးပါဘူး)၊ ဆိုတော့ ရုပ်ရှင်ဇတ်သိမ်းဟာ အထိုက်အလျောက် ခက်မှာ သေချာပါတယ်၊ ဒါပေမယ့် အခုလိုမျိုး ဇတ်သိမ်းပုံထက် ပိုပြီး အနုပညာ ဆန်မယ့် လုပ်ကွက်တွေ ရှိမယ်လို့ ကျနော်ထင်တယ်၊ ဘာပဲဖြစ်ဖြစ် ဒါရိုက်တာမှာလည်း သူ့အကြောင်းပြချက်နဲ့သူ ရှိမှာပါပဲ၊ မကောင်းဘူးလို့ ပြောရတာ လွယ်လွယ်လေးပါ၊ ရုပ်ရှင်တစ်ခုလုံးကို ခြုံကြည့်ရင်လည်း ဟာကွက်တွေ အများကြီးပါ၊ အထူးသဖြင့် အမေစုရဲ့ နိုင်ငံရေး လှုပ်ရှားမှု အသားပေး အခန်းတွေမှာပေါ့၊ ဒါပေမယ့် ရသလောက် သတင်းအချက်အလက် တွေနဲ့ပဲ သူများနိုင်ငံမှာ သိုသိုသိပ်သိပ်နဲ့ ဒီလိုမျိုး ရိုက်ခဲ့ရတာ ကျနော်တို့ မေ့ထားလို့ မဖြစ်ပါဘူး၊ ပြီးတော့ ဒီရုပ်ရှင်ဟာ မြန်မာ့နိုင်ငံရေးကို ရိုက်ကူးတဲ့ သတင်းမှတ်တမ်းကားလည်း မဟုတ်ပါဘူး၊ အဲဒီ နိုင်ငံရေးထဲမှာ တန်ဖိုးကြီးမား လှတဲ့ ပေးဆပ်၊ စွန့်လွှတ်မှုတွေနဲ့ နေထိုင်နေတဲ့၊ လူတွေက ချစ်စနိုးနဲ့ 'The Lady' လို့ နာမ်စားသုံး ခေါ်ဝေါ်ကြတဲ့ လွတ်လပ်ခြင်းရဲ့ နှင်းဆီတစ်ပွင့် အကြောင်းပါ၊ ကျနော့်အတွက်တော့ ရင်ကိုလာမှန် ခဲ့ပါတယ်...။ ။


ညီလင်းသစ်
၅ ဒီဇင်ဘာ၊ ၂၀၁၁
Posted by Nyi Linn Thit au 5.12.11

*
*--
*Don't worry. Be Happy ,*
                  **Moe Moe.










နိုဝင်ဘာလ၂၅ရက်နေ့ က လှိုင်သာယာမှာ ဟောကြားမယ့် ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလ တရားပွဲပိတ်ခံရပြီး၊ ဗီနိုင်းကြော်ငြာများအား ဆွဲစုတ်ဖျက်ဆီး၊ ခြိမ်းခြောက်ခြင်းခံရ...

Saturday, November 26, 2011  ဒီမိုဝေယံ  15 comments


25-11-2011 လှိုင်သာယာ။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ တရားသဘင် ကျင်းပရန်အတွက် အခမ်းအနားပြင်ဆင် ပြီးသွားမှ တိုင်းညွန်ကြားချက်ဖြင့် မြို့နယ်မှ အုပ်ချုပ်ရေးတာဝန်ရှိသူများမှ လာရောက် တားဆီးပိတ်ပင် ဖျက်သိမ်း ခဲ့ပါသည်။ ဟောကြားမည့် ဆရာတော်မှာ ဆရာတော် ဥူးသုမင်္ဂလဖြစ်ပါသည်။ 

အခမ်းအနားကို လုံးဝ ဖျက်သိမ်းပစ်ရပါမည်ဟု အုပ်ချုပ်သူများ လာရောက် ပြောဆိုနေသောအချိန်တွင် မီးသတ်များ၊ နှင့် စွမ်းအားရှင်များသည် နံပါတ်တုတ်(ရာဘာ)များ ကိုင်ဆောင်ထားသည် ကိုလည်း တွေ့ရှိရပါသည်။ ဗွီနိုင်းများကိုလည်း ဆွဲစုတ် ဖျက်ဆီးသွားခဲ့ပါသည်။ တရားဟောရန် လူများပြည့်နှက် နေသည့်အချိန်မှ တရားဟောခွင့် မရှိကြောင်းလာပြောပြီး မီးသတ်ဝတ်စုံ အသစ်များဖြင့် တုတ်များကို လက်ဖြင့်ဆပြီး ခြိမ်းခြောက်မှုများလည်း ပြုလုပ်ခဲ့ပါသည်။ ပရိသတ်များ အားလုံးမှာလည်း တရားပွဲရရှိရန် အလွန်ကြိုးစားပြီးမှ အခုလို တရားပွဲပျက်သွားရခြင်းအပေါ် အလွန်ဝမ်းနည်း ခံစားရကြောင့်း မျက်ရည်များလည်၍ပင်ပြောကြား ကြပါသည်။

အဆိုပါဖြစ်စဉ်မှာ ဆရာတော်အား သံဃာနာယကအဖွဲ့မှာ ဗုဒ္ဓဟူးနေ့တွင် သတိပေးပြီးနောက် ဖြစ်ခဲ့သည့် ဖြစ်စဉ်လည်းဖြစ်ပါသည်။ ဆရာတော်မှာ တရားဟောပြီး ရရှိသော ဓမ္မပူဇာများဖြင့် ပရဟိတလုပ်ငန်းများကို အကုန်ပြန်လည် လှူဒါန်းနေသော ဆရာတော် တစ်ပါးလည်းဖြစ်ပါသည်။ ထို့ကြောင့် ပရဟိတ လုပ်ငန်းများ အနေဖြင့်လည်း အလွန်နစ်နာသော ဖြစ်ရပ်လည်းဖြစ်ပါသည်။ နိုင်ငံတော်ရှိ သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့ရာ နေရာများကိုလည်း ဆရာတော်သည် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှလှူဒါန်း ပေးနေသော ဆရာတော် တစ်ပါးလည်း ဖြစ်ပါသည်။ အဆိုပါဆရာတော် တစ်ပါးအား တရားပွဲမဟောရန် တားမြစ်ခြင်းသည် ယခုဖြစ်ပေါ်နေသော အခြေအနေများဖြင့်လည်း အလွန်သွေဖယ်နေသော လုပ်ရပ်လည်း ဖြစ်ပါသည်။

ကောင်းမွန်သော အခြေအနေများကိုလည်း ဖျက်ဆီးပစ်သော ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးရှိ ပရဟိတလုပ်ငန်းများနှင့် ဆရာတော်အား ကြည်ညိုကြသော တရားနာ ပရိတ်သတ်များ သည် အလွန်မကျေမချမ်း ဖြစ်ကာ ၀မ်းနည်း ကြေကွဲနေရပါသည်။ အဆိုပါဖြစ်ရပ်ကြောင့် ယခုလက်ရှိ အုပ်ချုပ်နေသော အစိုးရသည် ဗုဒ္ဓပူဇနိယပွဲတော် အမည်တပ်ကာ စတိတ်ရိုးများ၊ လောင်းကစားဝိုင်းများ၊ အခြားသော ပျော်ပွဲရွှင်ပွဲများကို ခွင့်ပြုချက်များပေးကာ ယခုလို တရားပွဲစစ်စစ်များကို ဂုဏ်သိက္ခာမရှိ တားဆီး နှောက်ယှက်မှုများ ပြုလုပ်ခြင်းသည် နိုင်ငံတော်သစ်ဆီသို့ လှမ်းနေသော ခြေလှမ်းများအား ယုံမှားသံသယ ရှိဖွယ်ပင် ဖြစ်ပါတော့သည်။

တရားနာသွားရောက်သူ တဦး..
ပြည်တွင်းက တို့သံဃာတော်တွေကတော့ ဤသို့...
ပြည်တွင်းမှ အမျိုးဘာသာ သာသနာတော်အတွက် ကြိုးပမ်းနေတဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ ဆရာတော်များအား နှိပ်စက် အနိုင်ကျင့်၊ ပိတ်ပင်မှုများ ပြုလုပ်နေပေမယ့် တရုတ် မဟာဟာန ရဟန်းတော်များအား ဤသို့ ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမျှော်နေခြင်းဟာ တရားပါသလား..
မနှစ်က တရုတ်ပြည် ခရီးစဉ်မှာ ဦးရွှေမန်းတို့ သီဟ၊သူရ တင်အောင်မြင့်ဦးတို့က ကြုံကြုံလေး အနောက်မှာ ဗိုလ်သန်းရွှေရဲ့ သမီးတော်တေ၊ွ မြေးတော်တွေက ရှေ့မှာ...
မဟာယန ဘုန်းတော်ကြီးတွေ နိဗ္ဗာန်ရောက်ကြောင်း တရားတော်တွေကို လမ်းညွှန်ပေးနိုင်ပါသလား၊ ဗိုလ်သန်းရွှေတို့ အုပ်စုရည်ညွှန်းတဲ့ ကြည်ညိုထိုက်သော ရဟန်းတော်များဆိုတာ မဟာယာနဘုန်းတော်ကြီးတွေကို ရည်ညွှန်းလေသလား...

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ပြည်တွင်း ပရဟိတ လုပ်ငန်းများ လုပ်ကိုင်နေတဲ့ NGO အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့မှုအတွက် ဆရာတော်ဥူးသုမင်္ဂလအား အာဏာပိုင်များမှ အလေးထား စောင့်ကြည့်ခြင်း ခံခဲ့ရပါတယ်..။ အမျိုး၊ ဘာသာ သာသနာအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ ဆရာတော်ဟာ မြစ်ဆုံဆည်မံကိန်း အကြောင်းလေ့လာဘို့ အတွက်.. လွန်ခဲ့တဲ့ ၁နှစ်ခွဲခန့်ကတည်းက ဧရာဝတီမြစ်ဆုံမှ မချမ်းဘောမြို့ထိ တိုင်အောင် ခက်ခဲကြမ်းတမ်းသော ခရီးလမ်းများအား ဖြတ်ကျော်ကာ သွားရောက်လေ့လာခဲ့ပြီး အများပြည်သူ သိရှိနိုင်ဖို့ တရားပွဲများမှာ ဟောကြားခဲ့ပါတယ်..။



--
KiKie











Zaw Aung (Monywa) – မြန်မာတို့ရဲ့ အကိုကြီးပေါက်ဖော်အကြောင်း

မြန်မာတို့ရဲ့ အကိုကြီးပေါက်ဖော်အကြောင်း

ဇော်အောင် (မုံရွာ)၊ ဒီဇင်ဘာ ၄၊ ၂၀၁၁

မနေ့က Hardware Tools ရောင်းတဲ့ စင်ကာပူတရုပ်အမျိုးသမီးကြီးနဲ့ သူ့ဆိုင် ပစ္စည်းသွားဝယ်ရင်း စကားပြောဖြစ်ပါတယ်။

သူတို့မိတ်ဆွေ အစုလိုက် သားသမီးများကျောင်းပိတ်ချိန်၊ မြန်မာပြည် အလည်သွားမယ်။ သူ့ရဲ့ ဆိုင်ခွဲတခု ရှမ်းပြည်မှာဖွင့်ထားတာလည်း သွားကြည့်မယ်။ အင်းလေး၊ ပုဂံ၊ မန္တလေးနဲ့ ပုပ္ပါးတောင်တွေကို တိုးရစ်အဖွဲ့နဲ့ သွားဖို့ ဘွတ်ကင်လုပ်ထားပြီးပြီ။

"ငါတို့က အရင်စစ်အစိုးရခေတ်က မသွားသင့်လို့ သွားချင်ရက် မသွားနိုင်ဘူး။ အခုတော့ မြန်မာလူထုကို သွားလေ့လာရမယ်။ ငါ့တို့စင်ကာပူကုမ္မဏီမှာ S-pass နဲ့ ခန့်ထားတဲ့ မြန်မာလူငယ်တွေ အများကြီးပဲ။ သူတို့က ကုလား၊ တရုတ်အလုပ်သမားလို မဟုတ်ဘူး။ ပညာတတ်၊ ဘွဲ့ရကြတယ်။ သူတို့ Part-Time ပညာသင်ကြတာ ငါတို့ခွင့်ပြုပါတယ်။ ၅နှစ် ငါတို့ဆီလုပ်ပြီး ဒီပလိုမာရတော့ Singapore Airline ကိုပြောင်းသွားတယ်။ အခုထိလည်း ငါတို့နဲ့ ခင်ခင်မင်မင်ပါ။ သူတို့က အလုပ်သမားဘ၀တုန်းကကော၊ အခု PR ဖြစ်သွားချိန်မှာကော မြန်မာပြည် လုံးဝမပြန်ချင်ဘူးလို့ ပြောကြတယ်။  သူတို့ဘာကြောင့် ကိုယ့်နိုင်ငံကို မပြန်ချင်ရသလဲ .. ငါသိချင်လွန်းတယ်။ ဒါကြောင့် ငါမိသားစု၊ မိတ်ဆွေတွေနဲ့ ဒီခရီးထွက်ဖို့ စီစဉ်ရပါတယ် ..။"

သူက တရုတ်ပြည်နဲ့ စီးပွားရေးလုပ်တဲ့ပုံစံကို ပြောပြန်တယ်။

"ငါတို့ရောင်းတဲ့ပစ္စည်းအကြောင်း ဆက်ပြောရရင် … ပစ္စည်းဆိုတာ ကွာလတီကောင်းမှ ဖြစ်မယ်။ ဟိုး … အနှစ်၂၀လောက်က အခုလို ဈေးချိုပြီး ကွာလတီမမှီတဲ့ တရုတ်ပစ္စည်းတွေ စင်ကာပူမှာတွေ့ရခဲ တယ်။ အခုတော့ တရုတ်ပြည်က ၀ိသမစီးပွားသမားတွေ လူတွေကို "ချိ"လုပ်ပြီး (Cheating) ပစ္စည်းအညံ့တွေရောင်းတယ်။ ငါ ဒီတရုတ် China Businessman တွေရဲ့ စိတ်သဘောထားကို လုံးဝမကြိုက်ဘူး။ သူတို့သား၊ သမီးတွေ၊ ငွေကြေးတွေကို စင်ကာပူမှာ လာထားကြတယ်။ သူတို့ကိုယ်တိုင်က အချိန်မရွေး အဖမ်းခံ၊ ဘ၀ဆုံးသွားနိုင်တယ်။ ဒါလဲ အသေခံပြီး (Risk) ၀ိသမစီးပွားလုပ်နေကြတယ်။

ဒီလူတွေက ဆင်းရဲသားများ၊ လူမှုအဖွဲ့အစည်းများကို ငွေလှူဒါန်းတာတော့ ရှိပါတယ်။ ပီးနပ် (ပဲစေ့လောက်) ပါပဲ။ နဲနဲလေး လှူဒါန်းပြပြီး Show Their Face မျက်နှာပြ လှူဒါန်းတာမျိုးပဲ လုပ်ကြတယ်။ ဒီလို ကွာလတီမဲ့ပစ္စည်းတွေကို ဆင်းရဲသူ၊ မသိနားမလည်သူတွေကို "ချိ"လုပ်ပြီး စီးပွားရေးလုပ်သူများနဲ့ ဘယ်တော့မှ ပေါင်းပြီးမလုပ်ဘူး။  အကောင်းဆုံး ကာကွယ်တဲ့နည်းလမ်းကတော့ ဒီလိုလူမျိုးတွေကို မှန်းသိရင် ဝေးဝေးရှောင်၊ လုပ်ငန်းအတူ လုပ်တာကို အမြန်ရပ်ဆိုင်းပစ်ရတဲ့ နည်းပါပဲ။"

ကျွန်တော်လည်း ဒီအမျိုးသမီးပြောစကားနားထောင်ရင် ခရစ်ယာန်ကျမ်းစာ ဒါဝိပ်မင်းကြီးရဲ့ ဆာလံကျမ်း အခန်း(၁)ကို သတိရပါတယ်။

မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်၊၊ လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင် ပြုသောသူတို့၏ အစည်းအဝေး၌ မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညဥ့်မပြတ်ဆင်ခြင် အောက်မေ့သောသူသည် မင်္ဂလာရှိ၏၊၊ အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာ စိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏၊၊ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း၊၊

Burma's Big Brother By Dan Beaker ဆောင်းပါးတစ်စောင် ဖတ်မိပါတယ်။

ဆောင်းပါးက အောက်ပါ ၂ချက်ကို ပြန်ဆွေးနွေးချင်ပါတယ်။
၁။ Moreover, upper-middle-class Chinese investors are snapping up small and medium enterprises from across the country. The historic Burmese capital Mandalay, for example, is overwhelmed with Chinese-owned factories and shops. Among others, the local blanket and spare machine parts industries have been forced out of business in recent years. Locals attribute these developments to the actions of Chinese private and state actors who have increased prices of the necessary raw materials for these products while introducing cheap imports. Although much of this is taking place through proxy business owned by Burmese citizens, millions of first-generation Chinese in Burma, many with fake Burmese IDs obtained from corrupt immigration officials, are also in on the game.

… … …  တရုတ်လူမျိုးများ အလယ်အလတ်တန်း ကုမ္ပဏီရင်းနှီးမြုတ်နှံမှုမှာ အထူးသဖြင့် မန္တလေးမြို့စီးပွားရေးများအပါအ၀င် နေရာကောင်းများစွာမှာ ကြီးစိုးထားကြောင်း၊ မြန်မာမှတ်ပုံတင်အတုနဲ့ ခပ်တည်တည် လာဘ်ပေးပြီးနေထိုင်လုပ်ကိုင်ကြောင်း… စသဖြင့် ရေးသားထားပါတယ်။

နိုင်ငံတနိုင်ငံတိုးတက်ရေးမှာ Small & Mediam Business ကုမ္ပဏီအလတ်၊ အသေးစားများစွာ ရှိမှ အလယ်လတ်တန်းစားများစွာ ပေါ်ပေါက်၊ နိုင်ငံစီးပွား တိုးတက်နိုင်မယ်ဖြစ်ပါတယ်။ တရုတ်များ လာရောက်ဖွင့်လှစ်ကြတာ နိုင်ငံစီးပွား တိုးတတ်သလားတော့မသိ .. အမြတ်ငွေအားလုံးက မြန်မာအစိုးရ(အစစ်)၊ ပြည်သူများ မရဘဲ .. တရုတ်၊ ယူနန်ပြည်နယ်ကို ပြန်သယ်သွားကြပါတယ်။ ဒီတရုတ်ပြည်သားများ ဘာကြောင့် မြန်မာပြည်ထဲ တရားမ၀င်နည်းနဲ့ ၀င်ရောက်လုပ်ကိုင်နိုင်သလဲဆိုတော့ မြန်မာနိုင်ငံမှာ ကာကွယ်ဖို့နည်းလမ်း လုံးဝမရှိလို့ဖြစ်ပါတယ်။ ထိုင်းလူမျိုးများ တရားမ၀င် လာမလုပ်ဖူးလား ဆိုတော့ … လုပ်ပါတယ် ပြောရမယ်။ ဒါပေမဲ့ ထိုင်းလူမျိုးများဟာ မြန်မာလိုပဲ လောဘဇောသိပ်မကြီးဘူး။ ယူနန်တရုတ်များလောက် လောဘမရှိတော့ ဒါလောက်လိမ်ညာလုပ်ကိုင် Cheat Business တွေ မလုပ်ကြပါဘူ။

ကာကွယ်ဖို့နည်းလမ်းကတော့ နယ်စပ်မှာ သူတို့အတွက် Work Permit System စနစ်တကျလုပ်ဖို့ပါပဲ။ ဘယ်နိုင်ငံမဆို နိုင်ငံခြားသား အလုပ်လာလုပ်ရင် Work Pass, EP, S-pass စသဖြင့် တရားဝင်လျှောက်ထားရပါတယ်။ အစိုးရက ငွေရပါတယ်။ မလျှောက်ချင်သူများကတော့ Visitor Pass နဲ့ စီးပွားရေးဝင်လာလုပ်တယ်။ စတေးရှောင်တယ်။ ပြန်ဝင်လာတယ်။ မြန်မာအခေါ် တိုင်ပတ်တယ်ပေါ့။ အခုတော မြန်မာပြည်ကို တခြားနိုင်ငံသားများစွာ စီးပွားလာလုပ်တော့ တရားဝင်နည်းနဲ့လုပ်ဖို့လည်း ခက်ခဲနေတယ်။ Work Permit System ကလည်း ဘယ်တော့ ဖြစ်မလဲမသိ၊ ဒီတော့ ၀ိသမလူညာကြီး တရုတ်ပြည်သားများက လုပ်ရဲ၊ ကိုင်ရဲဆိုတော့ အတုလုပ်ပြီး၊ လာဘ်ပေးနေထိုင်လိုက်ကြတယ်။ တဖက်သတ် စီးပွားရေးအသာစီးရသွားပြီး ပြည်တွင်းက ၀ိသမလောဘသမားများ၊ အာဏာပိုင်များကို လာဘ်ပေးလိုက်တော့ သူတို့ကို လုံးဝ မယှဉ်နိုင်တော့ဘူး။  ဒါကြောင့် ကာကွယ်နည်းလမ်းဟာ Work Permit System ကို ထက်မြက်စွာ လုပ်ကိုင် ပြဌာန်း၊ ကျင့်သုံးရန်ပဲဖြစ်ပါတယ်။

 

၂။In the case of large-scale state-sponsored projects such as dam and pipeline building for energy export, the vast majority of this investment in fact stays in China. These companies have little interest in training local workers or facilitating technology transfers to their Burmese counterparts, bringing in all heavy machinery from China along with engineers and other specialists. Almost everything that must be sourced in Burma, such as security, basic materials, and corvée labor, is paid for through the provision of shares to state-owned or military-affiliated companies. Such companies, most prominently Asia World Co. and Max Myanmar, maintain strong relationships in China, acting as brokers to secure almost all large-scale projects and in return are handed many of their peripheral contracts. Not only does this deprive the Burmese people of the ordinary benefits that come with investment. It also risks creating total dependency on China within crucial areas of the country's emerging economy.

နိုင်ငံခြားကုမ္ပဏီအကြီးစားများ ၀င်ရောက်လာခြင်းကလည်း Small & Medium Business များစွာ ပေါ်ပေါက်စေပါတယ်။  လောလောဆယ်တော့ တရုတ်၊ ပြင်သစ်၊ ကိုးရိးယား ရေနံကုမ္ပဏီကြီးများနဲ့ ယုံကြည်မှု တည်ဆောက်နေပါတယ်။ ကုမ္ပဏီကြီးများကို ဒေသခံ၊အာဏာပိုင်များက လာဘ် မတောင်းရဲပါဘူး။ အစိုးရ၊ စပယ်ရှယ်ပရောဂျက်ဖြစ်တော့ မထိရဲပေမဲ့၊ သူတို့အလုပ်သမားများ၊ အတတ်ပညာကို မြန်မာများ လုံးဝ မရပါဘူး။ သူတို့ အလုပ်သမား၊ ပညာရှင်များပဲ လုပ်ကိုင်ကြတော့ .. မြန်မာအစိုးရပဲ ပိုက်ဆံ၊ အခွန် (အခွံ) ရတယ်။ နိုင်ငံသားများက အလုပ်လဲမရ၊ အတတ်ပညာလည်း မရ ..သူတို့ကို Work Permit System ကျင့်သုံးဖို့လည်း မဖြစ်နိုင် ခက်ခဲနေဆဲဖြစ်ပါတယ်။

ပြည်တွင်း ကုမ္ပဏီကြီးများကလည်း လက်ဝါးကြီးအုပ်ထားပြီး ကုမ္ပဏီအငယ်စားများကို ၀ါးမြိုပါတယ်။ စင်ကာပူက မိတ်ဆွေများ ဒေါ်လာသိန်း၊ သန်း စုဆောင်းငွေနဲ့ မြန်မာပြည်သွားပြီး အလတ်စားစီးပွားရေးတွေ သွားလုပ်တာ "၀ါးစား" ခံရတယ်။ ဒီလူတွေ အကုန်ပြောင်ပြီး စင်ကာပူပြန်လာ လခစားအလုပ် ပြန်လုပ်ရတယ်။ ခံလိုက်ရသူတွေ များတယ်။ (အခုလည်း ဒီပုံစံနဲ့ တကမ္ဘာလုံးက နိုင်ငံခြားပြန်တွေ အထုတ်အပိုးတွေနဲ့ အလုပ်အကျွေးပြုဖို့ ပြန် (ပျံ)ဖို့ လုပ်နေကြပြီ)။

 ပုဂ္ဂလိက လုပ်ငန်းများစွာ ပေါ်ပေါက်လာပေမဲ့၊ အာဏာပိုင်ဆွေမျိုး အသိုင်းအ၀ိုင်းကုမ္ပဏီများက တဖက်သတ် အသာစီးနဲ့၊ ဥပဒေကလည်း သူတို့ဖက်မှာ ရှိနေပါတယ်။ (Cronies လို့ ခေါ်ပါတယ်)။ အထူးသဖြင့် အရေးပါတဲ့ နယ်မြို့ အိမ်ယာ၊ လယ်ယာများကို ဈေးသက်သာစွာ သိမ်းပိုက်လိုက်ကြပြီး၊ သူတို့ရဲ့ နောက်ဂျင်နဂေးရှင်းအတွက် ပစ္စည်းဥစ္စာမပူပင်ရအောင် လုပ်ထားပြီးပါပြီ။ အကြံပေးပုဂ္ဂိုလ်များကတော့ တရုတ်ဝိသမ လောဘသများတွေပါပဲ။ 

ဘိန်းဘုရင်ဟောင်း၊ တရုပ်ပြည်တွင်းမှာ စီးပွားသောင်းကျန်းမှုနဲ့ ထွက်ပြေးလာသူများ .. မြန်မာပြည်မှာ ရောက်လာပြီး အကြံပေး (ပွဲစား) လုပ်စားနေကြပါတယ်။  မြန်မာပြည်က စီးပွားရေးသောင်းကျန်းသူများ အစိုးရအမြင်ကပ်ပုဒ်မနဲ့ မိသားစုလိုက် ထိုင်း၊ စင်ကာပူ၊ အမေရိကားတွေမှာ ထွက်ပြေးရသူများလိုပါပဲ တရုတ်ပြည်က ၀ိသမ၊ အစိုးရ၀ရမ်း ထုတ်ထားသူများလည်း မြန်မာပြည်မှာ လုပ်ကိုင်နေကြပါတယ်။

 ကာကွယ်ဖို့နည်းလမ်းကတော့ နယ်စပ်မှာ နိုင်ငံခြားကုမ္ပဏီအကြီး၊ အသေး ကျောသားရင်သားမခွဲ၊  Work Permit System စနစ်တကျလုပ်ဖို့ပါပဲ။ ဒါမှမဟုတ်ရင်တော့ ၀ိသမတရုတ်စီးပွားရေးကို အမေရိကန်တောင် မနိုင်ဘဲ ဒုက္ခရောက်နေတာ .. မြန်မာလောက်တော့ တရုတ်ဝိသမများက အချဉ်ပါပဲ။

တရုတ်ဝိသမ မလွှမ်းမိုးနိုင်အောင် စစ်မှန်သော မျိုးချစ်မြန်မာများ … ထိုင်းနိုင်ငံ၊ စင်္ကာပူနဲ့ မလေးရှားနိုင်ငံက စနစ်များကိုပဲ နည်းလမ်းယူဖို့ရှိပါတယ်။

END






ဦး သိ န်း စိ န်အ စိုး ရ အ ဖွဲ့ လ စာ နဲ့ အဆောင် အယောင်

Posted: 06 Dec 2011 11:16 PM PST

ကျော်လှမောင်(ကျောက်ဖြူ) ဒီဇင်ဘာ ၆၊ ၂၀၁၁

မေး။ ။ သမ္မတ ဦးသိန်းစိန်ရဲ့ လစာ ဘယ်လောက်ရပါသလဲ။

ဖြေ။ ။ သမ္မတ ဦးသိန်းစိန်က တလကို ကျပ်ငွေ သိန်း ၅၀ ရပါတယ်။

မေး။ ။ သမ္မတ ဦးသိန်းစိန်လစာက တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် နည်းနေပါသလား

ဖြေ။ ။ ကျပ် သိန်း၅၀ ဆိုတာ တရားဝင်ငွေလဲနှုန်း တဒေါ်လာ ၆ကျပ်နဲ့တွက်ရင် သမ္မတ ကြီး ဦးသိန်းစိန်ရမဲ့ လစာဟာ တလကို အမေရိကန်ဒေါ်လာ ၈သိန်း ၃သောင်း ကျော်ပါတယ်။ ဒါကြောင့် တရားဝင်ငွေလဲနှုန်ူနဲ့ တွက်ရင် သမ္မတ ကြီး ဦးသိန်းစိန်ရဲ့လစာက အမေရိကန်သမ္မတ ကြီး အိုဘားမားရဲ့ တလ ၀င်ငွေထက် ၂၅ ဆ များနေသလို တလ ဒေါ်လာ ၂သောင်းခွဲရတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထက်လဲ ၄ ဆနီးပါး များနေပါတယ်။ တွက်ရလွယ်အောင် တဒေါ်လာကို မှောင်ခိုဈေး ကျပ်တထောင်ထားတွက်ရင်တောာင် သမ္မတ ကြီး ဦးသိန်းစိန်ရဲ့လစာက တလကို အမေရိကန်ဒေါ်လာ ၅ ထောင် ရမှာဖြစ်ပါတယ်။



မေး။ ။ အာရှတိုက်က နိုင်ငံအကြီးအကဲတွေလစာနဲ့စာရင် ဘယ်လိုနေပါသလဲ။

ဖြေ။ ။ မှောင်ခိုငွေလဲနှုန်းနဲ့ဆိုရင်တောင် သမ္မတ ကြီး ဦးသိန်းစိန်ရဲ့လစာက မြန်မာကို အကူအညီပေးနေတဲ့ အိန္ဒိယနိုင်ငံရဲ့ အမျိုးသမီးသမ္မတ ကြီး ပရာဒိဗ္ဗ ဒေ၀ီဆင်းပတ္တေးလ် ထက် ဒေါ်လာ ၂ ထောင်များနေသလို အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန်ဆင်း လစာထက် ဒေါ်လာ တထောင်များနေပါသေးတယ်။ အာဆီယံအဖွဲ့ဝင် ဗီယက်နမ် သမ္မတ ရဲ့ လစာက ဒေါ်လာ ၂၄၀ သာရှိတာမို့ မှောင်ခိုငွေလဲနှုန်းနဲ့ဆိုရင်တောင် သမ္မတ ကြီး ဦးသိန်းစိန်ရဲ့လစာက ဗီယက်နမ်သမ္မတ လစာထက် အဆ ၂၀ များနေပါတယ်။

မေး။ ။ မြန်မာပြည်သူတွေ ဆင်းရဲတွန်းနက်လို့ စီးပွားကျပ်နေချိန်မှာ သမ္မတလစာကို ခုလောက်အများကြီးပေးထားတာ သင့်တော်ပါသလား။
ဖြေ။ ။ ဘယ်လိုမှ မသင့်တော်ပါ။ တနေ့ တဒေါ်လာအောက် ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူတွေက တိုင်းပြည်လူဦးရေရဲ့ ၃၂% ရှိနေတဲ့ မြန်မာနိုင်ငံမျိုးမှာ၊ တဦးချင်း GDP 469 ဒေါ်လာသာရှိတဲ့ မြန်မာလို နိုင်ငံမျိုးမှာ သမ္မတဦးသိန်းစိန်ရဲ့လစာက ပြည်သူတဦးချင်း ဂျီဒီပီထက် ဆယ်ဆကျော် များနေတာမို့ နိုင်ငံတကာကကြည့်ရင် အမြင်မတော် ဆင်တော်နဲ့ခလောက်ဆိုတဲ့ကိန်း ဖြစ်နေပါတယ်။

မေး။ ။ သမ္မတ ဦးသိန်းစိန်ကို လစာတွေ ခုလောက်အများကြီးပေးဖို့ ဘယ်သူက ဆုံးဖြတ်ခဲ့ပါသလဲ။ တခြား ဘာခံစားခွင့်တွေ ပေးထားပါသေးလဲ။

ဖြေ။ ။ သမ္မတ ဦးသိန်းစိန်ကို လစာတွေ ခုလောက်အများကြီးပေးဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တဦးတည်းက စစ်အစိုးရလက်ထက်မှာ လျို့ဝှက် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ စစ်အစိုးရလက်ထက်မှာ သူထုတ်ချင်တဲ့ ဥပဒေကို ထုတ်ခွင့်ရဖို့ ၂၀၀၈ အခြေခံဥပဒေက ခွင့်ပြုထားပါတယ်။ အရပ်သားအစိုးရ ခေါင်းဆောင်မဲ့သူတွေရဲ့ လစာကို ချီးမြှင့်ငွေ စရိတ်နဲ့ အဆောင်ယောင်များဆိုင်ရာ ဥပဒေ ၅ မျိုးနဲ့ ထုတ်ပြန် သတ်မှတ်ခဲ့တာပါ။ သမ္မတ ကြီး ဦးသိန်းစိန်အတွက် ကား ၆ စီးနဲ့ ယာဉ်မောင်း ၆ ဦး ဆိုပီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဥပဒေနဲ့ ပြဌာန်း ပေးထားပါတယ်။

မေး။ ။ တခြားဆောင်အယောင်တွေ ဦးသိန်းစိန်အတွက် ဘာပေးထားပါသလဲ

ဖြေ။ ။

၁။အိမ်တော်ဝန်နဲ့ အိမ်တော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (ပစ္စည်းထိန်း၊ စားဖိုမှူး၊ စားပွဲထိုး၊ ခ၀ါ၊ အိမ်အကူ၊ သန့်ရှင်းရေး စသည်များ)

၂။ အိမ်တော်နဲ့ အိမ်တော်ဝန်း ထိန်းသိမ်းစောင့်ရှောက်ရေး အခမဲ့ ခံစားခွင့်၊

၃။ အိမ်တော်ဆိုင်ရာ လိုအပ်တဲ့ ပရိဘောဂနဲ့ ထိန်းသိမ်းစောင့်ရှောက်မှု စရိတ်

၎။ လုံခြုံရေးအစောင့်အရှောက်၊

၅။ ကိုယ်ရံတော် အရာရှိနှစ်ဦးနဲ့ ကိုယ်ရေးအရာရှိ ၂ ဦး

၆။ ရေအခမဲ့ သုံးစွဲခွင့်၊

၇။ လျှပ်စစ်ဓါတ်အား အခမဲ့ သုံးစွဲခွင့်

၈။ ပြည်တွင်း ပြည်ပ ဖုန်းအခမဲ့ပြောဆိုခွင့်

၉။ မော်တော်ယာဉ် ၆ စီး။

၁၀။ ယာဉ်မောင်း ၆ ဦး။

၁၁။ မော်တော်ယာဉ် ၆ စီးအတွက် အမှန်ကုန်ကျသည့် စက်သုံးဆီ၊

၁၂။ မော်တော်ယာဉ် ၆ စီးအတွက် အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ။

မေး။ ။ သမ္မတ ကြီး ဦးသိန်းစိန်မှာ နိုင်ငံတာဝန်ထမ်းဘို့အတွက် ကား ၆ စီးတောင် လိုပါသလား

ဖြေ။ ။ ဘယ်လိုကားမျိုးတွေ ဘယ်လောက်တန်တဲ့ကားတွေလို့ သတ်မှတ်မထားတဲ့အတွက် ကမ္ဘာမှာဈေးအကြီးဆုံးကားမျိုးကိုတောင် နိုင်ငံဘဏ္ဍာငွေနဲ့ ၀ယ်စီးခွင့်ရှိတယ်ဆိုတဲ့သဘော ဖြစ်နေပါတယ်။

ဒီနေရာမှာ သမ္မတဦးသိန်းစိန်လို တခြားနိုင်ငံခေါင်းဆောင်တွေရော ကား ၆ စီးတောင်သုံးသလားဆိုတာ ပြန်ကြည့်ဘို့လိုပါတယ်။ မြန်မာနိုင်ငံထက် စီးပွားရေးကောင်းတဲ့ အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှား သမ္မတဆိုရင် Mercedes Benze S600L W221 အမျိုးအစား ကျည်ကာကား ၂ စီးကိုသာ သုံးပါတယ်။ တစီးကိုသာ သမ္မတ စီးပီး ကျန်တစီးကို လုံခြုံရေးအတွက် တည်ကြက်ကားအဖြစ်သုံးပါတယ်။ဒါကြောင် သမ္မတဦးသိန်းစိန်က အင်ဒိုနီးရှားသမ္မတ ထက် ကားအစီးရေ ၃ ဆ ပိုသုံးထားပါတယ်။

မလေးရှားဝန်ကြီးချုပ်ဆိုရင်လဲ ကား ၃ စီးဘဲ သုံးပါတယ်။ မြန်မာထက် စီးပွားရေးတိုးတက်တဲ့ ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ်ဆိုရင် Mercedes Benze S600L- W220 ကျည်ကာကား တစီး BMW 730LI (E66) တစီးနဲ့ Range Rover ကျည်ကာကား တစီး ပေါင်း ၃ စီးသာသုံးပါတယ်။ တောင်ကိုရီးယားသမ္မတ ဆိုရင် ၂၀၀၅ ခုနှစ်ထဲက၀ယ်ထားတဲ့ BMW7 Series ကားတစီးဘဲသုံးပါတယ်။ မကြာခင်ကမှ သမ္မတ အတွက် ပြည်တွင်းဖြစ် ဟွန်ဒိုင်း ကျည်ကာကား ၃ စီး ထပ်ဝယ်ပေးထားပါတယ်။

မေး။ ။ ဒုသမ္မတ ဦးတင်အောင်မြင်ဦးနဲ့ စိုင်းမောက်ခမ်းတို့ရော လစာနဲ့ အဆောင်အယောင် ဘယ်လိုရပါသလဲ။

ဖြေ။ ။ ဒုသမ္မတ လစာကို တလ ကျပ်ငွေ သိန်း၄၀ ပေးထားပါတယ်။ အဆောင်အယောင်တွေကတော့

၁။အိမ်တော်ဝန်နဲ့ အိမ်တော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (ပစ္စည်းထိန်း၊ စားဖိုမှူး၊ စားပွဲထိုး၊ ခ၀ါ၊ အိမ်အကူ၊ သန့်ရှင်းရေး စသည်များ)

၂။ အိမ်တော်နဲ့ အိမ်တော်ဝန်း ထိန်းသိမ်းစောင့်ရှောက်ရေး အခမဲ့ ခံစားခွင့်၊

၃။ အိမ်တော်ဆိုင်ရာ လိုအပ်တဲ့ ပရိဘောဂနဲ့ ထိန်းသိမ်းစောင့်ရှောက်မှု စရိတ်

၎။ လုံခြုံရေးအစောင့်အရှောက်၊

၅။ ကိုယ်ရံတော် အရာရှိတဦးနဲ့ ကိုယ်ရေးအရာရှိ ၂ ဦး

၆။ ရေအခမဲ့ သုံးစွဲခွင့်၊

၇။ လျှပ်စစ်ဓါတ်အား အခမဲ့ သုံးစွဲခွင့်

၈။ ပြည်တွင်း ပြည်ပ ဖုန်းအခမဲ့ပြောဆိုခွင့်

၉။ မော်တော်ယာဉ် ၅ စီး။

၁၀။ ယာဉ်မောင်း ၅ ဦး။

၁၁။ မော်တော်ယာဉ် ၅ စီးအတွက် အမှန်ကုန်ကျသည့် စက်သုံးဆီ၊

၁၂။ မော်တော်ယာဉ် ၅ စီးအတွက် အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ။

မေး။ ။ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် နဲ့ ပြည်ထောင်စု တရားသူကြီးချုပ် ၃ ဦးလစာက ဘယ်လောက်ရပါသလဲ

ဖြေ။ ။ ချီးမြှင့်ငွေ စရိတ်နဲ့ အဆောင်ယောင်များဆိုင်ရာ ဥပဒေအရ တဦးကို တလ ကျပ်ငွေ ၃၅ သိန်း ပေးထားပါတယ်။ အဆောင်အယောင်တွေကတော့-

-အစိုးရအိမ်တွင် အခမဲ့ နေထိုင်ရမည်

-နေအိမ် ပရိဘောဂစရိတ် အခမဲ့

-လုံခြုံရေးအစောင့်အရှောက်

-ပြည်တွင်း ပြည်ပ အခမဲ့ ဆေးကုသခွင့် (ဒီအချက်ကို သမ္မတနဲ့ ဒုသမ္မတမှာ ထဲ့မထားပါ)

-ရေအခမဲ့သုံးခွင့်

-လျှပ်စစ်ဓါတ်အား အခမဲ့သုံးခွင့်

-ပြည်တွင်းခေါ်ဆိုမှုအတွက် တယ်လီဖုန်းအခမဲ့သုံးခွင့် (ပြည်ပအတွက် ဘယ်သူက ကျခံရမယ်ဆိုတာ ရေးမထားပါ)

-ကိုယ်ရေးအရာရှိတဦး

-အိမ်အကူနှစ်ဦး

-ထမင်းချက်နှစ်ဦး

-ဥယျာဉ်ထိန်းသိမ်းစရိတ် အခမဲ့

-မော်တော်ယာဉ် ၄ စီး

-ယာဉ်မောင်း ၄ ဦး

-မော်တော်ယာဉ်၎ စီးအတွက် တစီးကို တလ စက်သုံးဆီ ဂါလံ ၆၀ နှုန်း

-မော်တော်ယာဉ် ၄ စီးအတွက် တလ အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ

မေး။ ။ ပြည်ထောင်စုဝန်ကြီးတဦးကို လစာနဲ့ အဆောင်အယောင် ဘယ်လိုပေးထားပါသလဲ

ဖြေ။ ။ ပြည်ထောင်စုဝန်ကြီးတဦးကို တလကျပ် သိန်း၃၀ ပေးပါတယ်။ ပြည်သူ့လွှတ်တော် ဒု ဥက္ကဌ အမျိုးသားလွှတ်တော် ဒု ဥက္ကဌတွေရဲ့လစာနဲ့ အတူတူ ဖြစ်ပါတယ်။ အဆောင်အယောင်တွေကတော့

-အစိုးရအိမ်တွင် အခမဲ့ နေထိုင်ရမည်

-နေအိမ် ပရိဘောဂစရိတ် အခမဲ့ (မပေးပါ)

-လုံခြုံရေးအစောင့်အရှောက်

-ပြည်တွင်း အခမဲ့ ဆေးကုသခွင့်

-ရေအခမဲ့သုံးခွင့်

-လျှပ်စစ်ဓါတ်အား အခမဲ့သုံးခွင့်

-ပြည်တွင်းခေါ်ဆိုမှုအတွက် တယ်လီဖုန်းအခမဲ့သုံးခွင့် (ပြည်ပအတွက် ဘယ်သူက ကျခံရမယ်ဆိုတာ ရေးမထားပါ)

-ကိုယ်ရေးအရာရှိတဦး

-အိမ်အကူနှစ်ဦး

-ဥယျာဉ်လုပ်သားနှစ်ဦး

-ဥယျာဉ်ထိန်းသိမ်းစရိတ် အခမဲ့

-မော်တော်ယာဉ် ၃ စီး

-ယာဉ်မောင်း ၃ ဦး

-မော်တော်ယာဉ် ၃ စီးအတွက် တစီးကို တလ စက်သုံးဆီ ဂါလံ ၆၀ နှုန်း

-မော်တော်ယာဉ် ၃ စီးအတွက် တလ အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ

မေး။ ။ ပြည်ထောင်စု ဒုဝန်ကြီးတဦးကိုတော့ တလ ကျပ်ငွေ သိန်း ၂၀ ပေးပါတယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ ဒု ရှေ့နေချုပ်၊ ဒု စာရင်းစစ်ချုပ်နဲ့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင်တွေနဲ့ လစာ အဆောင်ယောင်တူပါတယ်။ အဆောင်အယောင်တွေကတော့-

-အစိုးရအိမ်တွင် အခမဲ့ နေထိုင်ရမည်

-နေအိမ် ပရိဘောဂစရိတ် အခမဲ့

-လုံခြုံရေးအစောင့်အရှောက်

-ပြည်တွင်း အခမဲ့ ဆေးကုသခွင့်

-ရေအခမဲ့သုံးခွင့်

-လျှပ်စစ်ဓါတ်အား အခမဲ့သုံးခွင့်

-ပြည်တွင်းခေါ်ဆိုမှုအတွက် တယ်လီဖုန်းအခမဲ့သုံးခွင့် (ပြည်ပအတွက် ဘယ်သူက ကျခံရမယ်ဆိုတာ ရေးမထားပါ)

-ကိုယ်ရေးအရာရှိတဦး

-အိမ်အကူတဦး

-ဥယျာဉ်လုပ်သားတဦး

-ဥယျာဉ်ထိန်းသိမ်းစရိတ် အခမဲ့

-မော်တော်ယာဉ် ၃ စီး

-ယာဉ်မောင်း ၃ ဦး

-မော်တော်ယာဉ် ၃ စီးအတွက် တစီးကို တလ စက်သုံးဆီ ဂါလံ ၆၀ နှုန်း

-မော်တော်ယာဉ် ၃ စီးအတွက် တလ အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ



မေး။ ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ခုလို ဥပဒေမျိုးကို သူ့သဘောနဲ့သူ ဘာကြောင့်ထုတ်ခွင့်ရခဲ့ပါသလဲ

ဖြေ။ ။ အဲသလိုလုပ်ခွင့်ရှိတယ်ဆိုတဲ့အကြောင်းကို အခြေခံဥပဒေ ၂၀၀၈ ပုဒ်မ ၄၄၃ မှာထဲက ပြဌာန်းထားလို့ဖြစ်ပါတယ် ဒီဥပဒေ ၅ မျိုးကို နအဖက ထုတ်တယ်လို့ဆိုတဲ့အတွက် နအဖအဖွဲ့ဆိုတာ အဲဒီဥပဒေထုတ်တဲ့အချိန်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး ၂ ဦးသာကျန်တော့တဲ့ အဖွဲ့ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ ဦးသိန်းစိန်အစိုးရတဖွဲ့လုံးရဲ့ လစာ စရိတ်နဲ့ အဆောင်အယောင်တွေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေတဦးတည်းက ဆုံးဖြတ်ပီး ဥပဒေထုတ် ပြဌာန်းခဲ့တာပါ။



မေး။ ။ ဒီ ဥပဒေကို ပြင်နိုင်မဲ့အလားအလာ ရှိပါသလား

ဖြေ။ ။ ဒီဥပဒေတွေကို မတရားဘူးဆိုပီး လွှတ်တော်မှာ အတိုက်အခံက ပြင်နိုင်သလားဆိုရင် အတိုက်အခံ အားနည်းနေတဲ့အတွက် လွှတ်တော် ပထမ ၅နှစ်သက်တမ်းအတွင်း ပြန်ပြင်ဘို့ မဖြစ်နိုင်တာ သေချာနေပါတယ်။ သဘောကတော့ လွှတ်တော် ဥက္ကဌတွေဖြစ်တဲ့ သူရဦးရွှေမန်း ဦးခင်အောင်မြင့်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဌ ဦးသိန်းစိုးတို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးတို့ ၅ နှစ်အတွင်း ရထားတဲ့ ကား ၄ စီးကို စိတ်ချလက်ချသုံးနို်င်သလို နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌလို ပုဂ္ဂိုလ်မျိုးကလဲ လေရှီး လဟယ် နန်းယွန်းဘက်တွေမှာ ကား ၃ စီးနဲ့ ၅ နှစ်ထိ (မောင်းစရာနေရာ ရှိရှိ မရှိရှိ) စိတ်အေးလက်အေး မောင်းနှင်နိုင်မှာ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

မေး။ ။ သမ္မတ အပါအ၀င် အရပ်သား အစိုးရသစ်တဖွဲ့လုံး လစာသစ်ကို အပြည့်အ၀ မခံစားသေးဘဲ နအဖလက်ထက် အစိုးရအဖွဲ့ဝင်တွေ ခံစားတဲ့လစာကိုသာ ခံစားသွားမယ်လို့ သမ္မတ ဦးသိန်းစိန်ပြောတဲ့အကြောင်း မြန်မာသတင်းစာတွေမှာ ဖော်ပြထားပါတယ်။ အစိုးရသစ်က ဘာကြောင့် လစာလျှော့ယူပါသလဲ

ဖြေ။ ။ အဓိကအချက်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအမိန့်နဲ့ ပေးထားတဲ့ သူတို့လစာတွေက ပြည်သူတွေရဲ့ဝင်ငွေနဲ့ အရမ်းကွာနေတော့ ပြည်သူတွေ အုံကြွမှာ စိုးရိမ်ပီး ချွေးသိပ်တဲ့အနေနဲ့ လုပ်ပြတာပါ။ ရာသက်ပန် လျှော့ယူမယ်လို့ မပြောသလို ဘယ်လောက်ကြာအောင် လျှော့ယူမယ်လဲ ကတိပေးမထားပါ။

မေး။ ။ သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းအရဆိုရင် နိုင်ငံတော်ရဲ့ လက်ရှိအခြေနေ နိုင်ငံတော်ရဲ့ ငွေကြေးအခြေအနေနဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို ရှေ့ရှုတဲ့အနေနဲ့ လစာသစ်ကို မခံစားသေးဘဲ နအဖလက်ထက်က လစာဟောင်းကိုသာ အစိုးရတဖွဲ့လုံး ခံစားမယ်လို့ ပြောပါတယ်။ ဟုတ်ပါသလား။

ဖြေ။ ။ မဟုတ်ပါ။ နိုင်ငံတော်ရဲ့ လက်ရှိအခြေနေ နိုင်ငံတော်ရဲ့ ငွေကြေးအခြေအနေနဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို ရှေ့ရှုတယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအမိန့်နဲ့ ထုတ်ထားတဲ့ ဥပဒေကို ဖျက်သိမ်းမှသာ ပြည်သူက ယုံမှာဖြစ်ပါတယ်။

နအဖလက်ထက်က လစာဟောင်းဆိုတာလဲ သိသူနည်းပါတယ်။ စစ်အစိုးရအာဘော်လို့ လူသိများတဲ့ ပိတောက်မြေ ဘလော့ဆိုက်အာဘော်အရဆိုရင် တလ ကျပ်ငွေ သိန်း၅၀ ရမဲ့ သမ္မတ ဦးသိန်းစိန်က ယခင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ယူခဲ့တဲ့ လစာ တလ ကျပ်ငွေ ၁၂သိန်းသာယူမှာဖြစ်ပီး တလကျပ်ငွေ သိန်း ၃၀ ရမဲ့ ၀န်ကြီးတွေက နအဖ၀န်ကြီးလစာ တလကို ၆သိန်း သိန်း၂၀ ရမဲ့ ဒုဝန်ကြီးတွေက ယခင် နအဖဒုဝန်ကြီးလစာ ၄ သိန်းသာ ယူမယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့က နိုင်ငံခြားသတင်းစာဆရာတဦးကတော့ နအဖ၀န်ကြီးတဦးလစာက ပိတောက်မြေ ဘလော့ဆိုက်ပြောသလိုမဟုတ်ဘဲ တလကျပ်ငွေ ၄ သိန်းဖြစ်ပီး ဒုဝန်ကြီးလစာက ၃ သိန်းသာဖြစ်တယ်လို့ ပြောတဲ့အတွက် ဘယ်လစာကို အမှန်ထားပီး အစိုးရသစ်က ခံစားမယ်ဆိုတာ မသဲမကွဲ ဖြစ်နေပါတယ်။

နအဖအစိုးရလက်ထက် စစ်အစိုးရခေါင်းဆောင်တွေရဲ့လစာကို နအဖက မထုတ်ပြန်ခဲ့လို့ အတိအကျ မသိရတဲ့လစာမျိုးကို သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရသစ်က ခံစားမယ်လို့သာပြောပီး လစာကိန်းဂဏန်းကို သမ္မတ က ထဲ့မပြောလို့ ဘယ်လောက်လျှော့ယူမလဲဆိုတာ တိုင်းပြည်ကို မထုတ်ပြန်ဘဲ ရသလားဆိုတာလဲ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ နောက်ဆုံးတိုးတဲ့လစာဆိုရင် ၁၂ သိန်းဖြစ်ပီး ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့လစာက ၁ဝ သိန်းဖြစ်ပါတယ်။ ၂ဝဝဝ ခုနှစ် ဧပြီ တရက်နေ့မှာတိုးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခြေခံလစာက တသိန်း၅သောင်းဖြစ်ပါတယ်။ ၂ဝဝ၆ ခုနှစ်မှာ ထပ်တိုးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့လစာက တလကို ၁၂ သိန်းဖြစ်တာမို့ ၆နှစ်အတွင်း ၇ဝဝ ရာခိုင်နှုန်းတိုးလိုက်တဲ့ သဘောဖြစ်ပါတယ်။

၂ဝဝဝ ခုနှစ် ဧပြီ တရက်နေ့မှာတိုးတဲ့ ဗိုလ်ချုပ်ကြီးတဦးရဲ့လစာက တလကို တသိန်းဘဲရှိပါတယ်။ ၂ဝဝ၆ ခုနှစ်မှာ ထပ်တိုးတဲ့ ဗိုလ်ချုပ်ကြီးတဦးရဲ့လစာသစ်က ရှစ်သိန်းဖြစ်ပါတယ်။ ဒါကြောင့် ၆နှစ်အတွင်း မြန်မာ ဗိုလ်ချုပ်ကြီးတဦးရဲ့လစာလဲ ၇ဝဝ ရာနှုန်းတက်လာပါတယ်။

ဗိုလ်မှူးချုပ်တဦးရဲ့လစာက ၃သိန်းရှိပီး ဗိုလ်ချုပ်တဦးရဲ့လစာက ၄သိန်းရှိပါတယ်၊ စစ်အစိုးရ ဝန်ကြီးတဦးရဲ့လစာကိုလဲ ၄ သိန်းပေးထားတဲ့အတွက် ဝန်ကြီးတဦးနဲ့ ဗိုလ်ချုပ်တဦး တန်းတူ ဖြစ်နေပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီးတဦးရဲ့လစာကို ၆သိန်းပေးထားပီး ဗိုလ်ချုပ်ကြီးတဦးရဲ့လစာကို ၈သိန်းပေးထားပါတယ်။

ဆိုလိုတဲ့သဘောက တိုင်းပြည်အုပ်ချုပ်ရေးတာဝန်ယူထားရတဲ့ နအဖခေတ် ဝန်ကြီးတဦးက ဒု ဗိုလ်ချူပ်ကြီးတဦးလောက် အရေးမပါတဲ့သဘော ဖြစ်ပါတယ်။ နအဖခေတ် ဒုဝန်ကြီး တဦးရဲ့လစာကိုလဲ ၃ သိန်းပေးထားတာမို့ ဗိုလ်မှူးချုပ်တဦးနဲ့ တန်းတူ ဖြစ်နေပါတယ်။ တဘက်ကြည့်တော့လဲ လစာ ၄သိန်းသာရတဲ့ တချိုံဝန်ကြီးတွေ ကား ၂ဒါဇင်ကျော် ထည်လဲ စီးနေတာ ဘယ်ကရတဲ့ငွေနဲ့ဝယ်တာလဲလို့ မေးစရာရှိပါတယ်။

အပေါ်ယံကြည့်ရင် လူထုက ဆင်းရဲနေချိန်မှာ အစိုးရခေါင်းဆောင်တွေက လစာသစ်ကို အပြည့်မခံစားထိုက်ဘူးလို့ သမ္မတ ဦးသိန်းစိန်ပြောတာ ကြိုဆိုထိုက်တယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ လစာသစ်ကို လုံးဝမခံစားတော့ဘူးလို့ ဦးသိန်းစိန်ပြောတာမဟုတ်သလို အချိန်ဘယ်လောက်ကြာကြာ နအဖအစိုးရအဖွဲ့ လစာဟောင်းနဲ့နေမယ်ဆိုတာလဲ သမ္မတ သစ်က ကတိပေးထားတာ မရှိပါဘူး။ ဒါကြောင့် လပိုင်းအတွင်းမှာဘဲ လစာသစ်ကို ပြန်လည်ခံစားတယ်ဆိုပီး လုပ်ခွင့်ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်နေပါတယ်။

ကျော်လှမောင်(ကျောက်ဖြူ) ဒီဇင်ဘာ ၆၊ ၂၀၁၁

Source:
-ချီးမြင့်ငွေ စရိတ်နဲ့ အဆောင်အယောင်များဆိုင်ရာ ဥပဒေ ၅ မျိုး
-Press reports


Aung San Suu Kyi interview with Virginia Tech

Posted: 06 Dec 2011 09:10 AM PST


On December 5, 2011 Burmese democracy leader and Nobel Peace Prize Winner, Aung San Suu Kyi had a Skype interview with Virginia Tech geography Professor John Boyer and his 3000 student World Regions class.


ထိုင်းနိုင်ငံ မဲဆောက်မြို့ တွင် ဒီဇင်ဘာလ ၄ ရက်နေ့ ပြုလုပ်သော စာပေဟောပြောပွဲတွင် ပြောကြားခဲ့ သည့် စာရေးဆရာ ချစ်ဦးညို ၏ အသံဖိုင်

Posted: 06 Dec 2011 08:32 AM PST



ထိုင်းနိုင်ငံ မဲဆောက်မြို့ တွင် ဒီဇင်ဘာလ ၄ ရက်နေ့ ပြုလုပ်သော စာပေဟောပြောပွဲတွင် ပြောကြားခဲ့သော စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ၏ အသံဖိုင်

Burma VJ Media Network


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

"How to Remove a Dictator"



YouTube help center | e-mail options | report spam

burma.germany11@gmail.com has shared a video with you on YouTube:

Popular social media, such as Facebook and Twitter, were instrumental in organizing the non-violent protests that led to the resignation last month of Egyptian President Hosni Mubarak. Some people in Egypt and other parts of the world have also been using other media for ideas on how to remove a dictator. A Washington D.C. company produces documentaries, video games on civil disobedience, non-violent tactics for political change

© 2011 YouTube, LLC
901 Cherry Ave, San Bruno, CA 94066

Wednesday, 7 December 2011

NLD မဲဆွယ်ပွဲအတွက် ဟစ်ပ်ဟော့ပ် သီချင်း တပုဒ် ~ The Irrawaddy's Blog

NLD မဲဆွယ်ပွဲအတွက် ဟစ်ပ်ဟော့ပ် သီချင်း တပုဒ် ~ The Irrawaddy's Blog


ဇေယျာသော်၊







မြန်မာပြည် ဟစ်ပ်ဟော့ပ်ရေစီးကြောင်းရဲ့ ပထမမျိုးဆက်တွေဖြစ်တဲ့ ဇေယျာသော်၊ ရန်ရန်ချန်း နဲ့ အနဂ္ဂ တို့ မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှတ်တရ ရိုက်ကူးထားတဲ့ပုံပါ (ဓာတ်ပုံ - ဇေယျာသော် Facebook fan page)

၁၉၉၀ တုန်းက NLD ရဲ့ မဲဆွယ်သီချင်းအတော်များများမှာ ရိုးရာ အိုးစည်ဗုံမောင်းသံတွေ ပါပါတယ်။
အနှစ် ၂၀ ကျော်အကြာ ရွေးကောက်ပွဲ အသေးစားတခုကို ထပ်ဝင်မယ့်
NLD ရဲ့ ပထမဆုံး မဲဆွယ်သီချင်းမှာတော့ အိုးစည်ဗုံမောင်းသံမပါတော့ပါဘူး၊ ဒါပေမယ့် မဲဆွယ်သီချင်းက ရိုးရာ သံချပ်နဲ့ ဆင်တူတဲ့ ဟစ်ပ်ဟော့ပ် ပုံစံဖြစ်နေပါတယ်။
နားဆင်ကြည့်ပါအုံး။
 NLD မဲဆွယ်ပွဲအတွက် ဟစ်ပ်ဟော့ပ် သီချင်း တပုဒ် ~ The Irrawaddy's Blog



ခေတ်ပေါ်သီချင်း နဲ့ ဒီနေ့ခေတ်လူငယ်တွေရဲ့ စကားလုံးတွေက လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်နဲ့ မတူတော့ပါဘူး။

ဒီသီချင်းဖြစ်မြောက်ရေးအတွက် NLD ကို ၀န်းရံနေတဲ့
ဇေယျာသော် ပါဝင်ခြင်း ရှိမရှိ မသိရသေးပါ။