Wednesday, 19 March 2014

ဒီမိုဝေယံ





Posted: 18 Mar 2014 10:35 AM PDT


မင်္ဂလာပါ သုခအလင်းမျိုးဆက်သစ်


"မင်္ဂလာပါ ဆရာမ …"
"မင်္ဂလာပါ .. ဆရာ" ဟူသည့် ဆရာ/မများအား နှုတ်ဆက်ကြိုဆိုနေသည့် အသံများ ဒီနေ့မနက် (၈းဝဝ) နာရီဝန်းကျင်မှစ၍ နာရေးကူညီမှုအသင်း(ရန်ကုန်) ဝန်းအတွင်း၌ ကြားနေရသည်။ ယခင့်ယခင် နှစ်များတွင် သုခအလင်း ပညာရေးမှ ဖွင့်လှစ်သည့် နွေရာသီအင်္ဂလိပ်စာ သင်တန်းများအား တက်ရောက်ခဲ့ ဖူးသည့် ကျောင်းသား/သူများမှ မိမိတို့ကို သင်ကြားပို့ချပေးခဲ့သော အင်္ဂလိပ်စာ ဆရာမများနှင့် ပန်းချီ ဆရာတို့အား နှုတ်ခွန်းဆက်သနေကြခြင်း ဖြစ်သည်။

ဒီနေ့ ၁၇.၃.၂ဝ၁၄ ရက်နေ့သည် နာရေးကူညီမှုအသင်း(ရန်ကုန်) "သုခအလင်း ပညာဒါနကျောင်း" ဖွင့်ပွဲအခမ်းအနား မင်္ဂလာရှိသည့် နံနက်ခင်း နေ့ရက်လေးပင် ဖြစ်ပေသည်။ စာသင်ကျောင်းသို့ လျှောက် လှမ်းသွားခဲ့ရာ ကျောင်းဆောင်သစ်၏ လှေခါး၌ "မင်္ဂလာပါ" ဟူသော စာသားလေးသည် ခရီးဦးအဖြစ် ကြိုဆိုလျှက်၍ မျက်နှာခြင်းဘက်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)အား မျိုးစေ့ချ၍ ပြုစုပျိုးထောင်ပေး ခဲ့သည့် စာရေးဆရာ၊ ဒါရိုက်တာကြီး ကျေးဇူးရှင် ဘဘဦးသုခ ၏ ရုပ်ပုံကြီးသည် ခန့်ညားစွာ မြင်တွေ့ရပြီး ပထမထပ်သို့ လှေခါးအတိုင်း တက်လှမ်းသွားခဲ့ရာ လှေခါးရှေ့မျက်နှာပြင်ထက်တွင် တွေ့မြင်လိုက်ရသည့် ပုံရိပ်သည် သာမန်လူတစ်ယောက်မဟုတ်သော တောင်အာဖရိကနိုင်ငံ၏ မဟာလူသား။

လူမည်းအမျိုး သားခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလား (လူဖြူလူမည်း အသားအရောင်ခွဲခြားရေးဝါဒကို ဆန့်ကျင်တော် လှန်အောင်ပွဲခံဖို့ လူ့ဘဝသို့ ရောက်ရှိလာသူဖြစ်သည်။) ပညာရေးအတွက် "Education is Powerful Weapon, it can change the World." ဟူ၍ မှတ်ချက်ပြု ပြောကြားခဲ့သည့် စကားရပ်ကိုလည်း တွေ့မြင် ခဲ့ရသည်။ တွေးတောရင်းနဲ့ ဆက်လက်တက်လှမ်းခဲ့ရာ ညာဘက်ခြမ်းတွင် "FUTURE" စာသားအား တွေ့ရချိန်တွင် အနာဂတ်မျိုးဆက်သစ်တို့အတွက် အနာဂတ်ခေါင်းဆောင်မှု အခန်းကဏ္ဍသည် လူငယ်များ တို့၏ လက်ထဲတွင်ရှိနေကြောင်းကို တွေးတောရင်း ဒုတိယထပ်သို့ ဆက်လက်တက်ရောက်ရန် ခြေလှမ်း ပြင်လိုက်ချိန်မှာတော့ "YOU ARE PEACE MAKER" ဟူ၍ ကျွန်တော့်ကို လက်ညှိုးထိုးနေသည့်အလား ပုံရိပ်လွှာပိုင်ရှင်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကျေးဇူးရှင် ဘဘဦးသုခ၏ လက်ဆင့်ကမ်းအမွေ အား ယနေ့တိုင် ကိုယ့်ကျိုးစွန့်၍ အများပြည်သူတို့နှင့်အတူ ရင် ဘတ်ခြင်းထပ်တူထပ်မျှ ပေးဆပ်နေသည့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏ ရုပ်ပုံလွှာ ပင်ဖြစ်လို့နေသည်။

ဒုတိယထပ် အပေါ်သို့ လှမ်းမျှော်၍ ကြည့်ရှုလိုက်ချိန်မှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးဖခင်ကြီး၏ သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှ အပြုံးပန်းဖြင့် ကြိုဆိုနေသယောင်၊ ပညာရေးနှင့် ပတ်သက် ပြီးပြောဆိုထားတဲ့ "တော်တဲ့လူရယ်၊ ညံ့တဲ့လူရယ်လို့မရှိဘူး။ သင်လို့ရတဲ့လူနဲ့၊ သင်လို့မရတဲ့လူပဲရှိတယ်။" အစရှိသည့် လေးစားအတုယူဖွယ် ပညာရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး အစရှိသည့် နယ်ပယ်အသီးသီးတို့မှ ထင်ရှားကျော်ကြားသည့် နိုင်ငံ့ခေါင်းဆောင်များ၊ ကမ္ဘာ့ခေါင်းဆောင်များတို့၏ ရုပ်ပုံလွှာများ၊ ပညာရေးနှင့် ပတ်သက်သည့် အဆိုအမိန့်များဖြင့် လမ်းညွှန်သဖွယ်အဖြစ် အဆောက်အဦးအတွင်း၌ မျိုးဆက်သစ် ကလေးများအပေါ် လွှမ်းမိုးနိုင်ရန် ရည်ရွယ်ပြီး Graffiti Artist Arker Kyaw ၏ အနုပညာဖန်တီးမှု လက် ရာဖြင့်ရေးဆွဲ၍ အသိပညာ ရသမြောက်စွာ ဖော်ကျူးပြီး မြန်မာနိုင်ငံ၏ထူးခြားသည့် ပညာရေး အဆောက် အဦးအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် တွေ့မြင်ရပြီဖြစ်သည်။

ဆက်လက်၍လည်း ဦးသန့်၊ ဗိုလ် ချုပ်အောင်ဆန်း၊ MOTHER TERESA, ALBERT EINSTEIN အစရှိသည့် ကမ္ဘာကျော်တို့၏ ရုပ်ပုံများနှင့် အဆိုအမိန့်များကိုလည်း အာကာကျော်မှ ထပ်မံပြီး ရေးဆွဲသွားမည်ကိုလည်း သိရှိခဲ့ရသည်။

မြန်မာ့ပညာရေးကဏ္ဍအား နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် တစ်ဖက်တစ်လမ်း ဝိုင်းဝန်း သယ်ပိုး၍ အနာဂတ်မျိုးဆက်သစ်တို့၏ ပညာရေးမြှင့်တင်ရန် ရည်ရွယ်၍ အလှူရှင်များ၏ လှူဒါန်းမှု၊ ပံ့ပိုးမှု၊ ကူညီမှုများတို့ဖြင့် တည်ဆောက်ခဲ့ပြီး စာသင်ခန်း (၁ဝ) ခန်း၊ စာကြည့်တိုက်၊ ကျောင်းအုပ်ရုံးခန်း၊ ဆရာ/မ နားနေခန်း၊ သန့်စင်ခန်း (၁ဝ) ခန်းအပြင် သင်ထောက်ကူပြုအနေဖြင့် Audio System, Projector များဖြင့် စည်းစနစ်ကျန၍ စည်းကမ်းပြည့်ဝသည့် သင်ကြားမှုစံနှုန်းများဖြင့် ကျောင်းသား/သူများအား သင်ကြားပို့ချ လျှက်ရှိသည်။

၁၇.၃.၂ဝ၁၄ ရက် နံနက် (၉းဝဝ) နာရီတွင် "သုခအလင်း ပညာဒါနကျောင်း" ဖွင့်ပွဲအခမ်းအနား အား အထူးဧည့်သည်တော်အသင်းသား ဦးရဲလွင်(မဇ္ဈိမလှိုင်း)၊ တေးရေး/ဆို ဆောင်းဦးလှိုင်၊ မြန်မာ့ဂုဏ် ဆောင် အလှမယ်များဖြစ်ကြသော နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ၊ ထားထက်ထက်၊ ဂုဏ်ရည်အေးကျော်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်မြင့် မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်လွင် တို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးခဲ့ပြီး အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ သုခအလင်း ပညာဒါနကျောင်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်မှ ကျေးဇူးတင်စကား ပြောကြားခြင်း၊ ပညာရေး အကြံပေး ဒေါ်နီလာဘာရာဒွါဂျာ မှ မုဒိတာစကား ပြောကြားခဲ့ပြီးနောက် စာသင်ဆောင်များ အသီးသီးသို့ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်နှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့မှလိုက်လံ၍ တက်ရောက်လာကြသည့် ကျောင်းသား/သူများတို့အား စည်းကမ်းပိုင်းနှင့် ပညာရပ်ဆိုင်ရာများ၊ အားပေးစကားများ ပြောကြား ခဲ့သည်။

ထို့နောက် "သုခအလင်း ပညာဒါနကျောင်း" ၌ ပညာဒါန ဆရာ/မများတို့၏ ကူညီပံ့ပိုးမှုဖြင့် တစ် ပါတ်လျှင် (၆) ရက်၊ တစ်ရက်လျှင် သင်တန်းချိန် (၂) ချိန်၊ တန်းခွဲ (၅) ခုတို့အဖြစ် အင်္ဂလိပ် (4 Skills)၊ ယဉ်ကျေးလိမ္မာ၊ ပန်းချီ၊ Fun and Learn Center မှ LEGO ဘလောက်တုံးများဖြင့် သင်ကြားပို့ချမည့် (သိပံ္ပ၊ နည်းပညာ၊ စက်မှုနှင့် သင်္ချာ) ပေါင်းစပ်မှု လက်တွေ့အသုံးချမှုပညာရပ်များနှင့် ကျောင်းသား/သူ (၄၃ဝ) ဦးတို့အား (အခမဲ့) သင်ကြားပို့ချပေး နေပြီဖြစ်သည်။

အနာဂတ်ကာလတွင် တိုင်းပြည်၏ကိစ္စအဝဝကို ပခုံးပြောင်းတာဝန်ယူရမည့် မျိုးဆက်သစ်များပင် ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း မှ "နိုင်ငံ့အရေးကိုဆောင်ရွက်လိုလျှင် ပညာရေး ကို အလေးပေး ဆောင်ရွက်မှအောင်မြင်မယ်။" ဟု ပြောကြားခဲ့ဖူးသည်။ ထို့ကြောင့် ပညာရေးကို မျိုးဆက် သစ်လူငယ်များတို့ လက်ဆင့်ကမ်းအမွေအဖြစ် သယ်ဆောင်သွားမှသာလျှင် မြန်မာနိုင်ငံတော်ကြီးသည် ပညာရေးဖြင့် ကမ္ဘာ့အလယ်၌ ဂုဏ်ယူဝင့်ကြွားစွာ ပြန်လည်မြင်တွေ့ရတော့မည်ဖြစ်သည်။

နာရေးကူညီမှု အသင်း(ရန်ကုန်)၏ "သုခအလင်း ပညာဒါနကျောင်း"သည် အနာဂတ်တိုင်းပြည်အတွက် ကောင်းသော ဉာဏ်ပညာ၊ အတွေးအခေါ်နှင့် တရားမျှတသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် ထွန်းလင်းတောက်ပသည့် ကြယ်ပွင့်လေးများ ကမ္ဘာ့နယ်ပယ်/ မြန်မာ့နယ်ပယ်အသီးသီး၌ အရည်အချင်းပြည့်ဝသည့် သားကောင်း သမီးရတနာများသည် စာသင်ကျော်အတွင်းရှိ နယ်ဆင်မင်ဒဲလား၊ ဒေါ်အောင်ဆန်းစုကြည်၊ ဘဘ ဦးသုခ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်၊ မာသာထရီဆာ၊ အိုင်းစတိုင်းလ် ကဲ့သို့သော ကမ္ဘာကြီးကိုပြောင်းလဲစေခဲ့ သည့် ကမ္ဘာ့ကျော်ပုဂ္ဂိုလ်များတို့၏ အငွေ့အသက်များ လွှမ်းခြုံနေမည့် လူသားအကျိုးပြု ပညာရှင်များ မွေး ထုတ်ရာ ကျောင်းတစ်ကျောင်း ဖြစ်ပေတော့မည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

Sunday, 16 March 2014

မွတ်ဆလင်နိုင်ငံတည်ဆောက်ရေး ကြိုးစကို ဆွဲကြည့်ခြင်း

အမြင်ဆောင်းပါး | ခိုင်လင်း (မေဃ၀တီ) | ဖေဖေါ်ဝါရီ ၆ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်

မြန်မာနိုင်ငံတော်ထဲက နောက်ထပ်နိုင်ငံ တနိုင်ငံထွက်ပေါ်လာအောင် UN အဖွဲ့အစည်းတွေနဲ့ INGO အဖွဲ့တွေက စနစ်တကျလုပ်ဆောင်နေတာလားဆိုတာ သံသယဖြစ်မိတယ်ဆိုတဲ့အကြောင်း လွန်ခဲ့တဲ့နှစ်က ဆောင်းပါးတပုဒ်မှာ အစလေးတခု ဖော်ပေးခဲ့ပါတယ်။ အဲဒီအစလေးကို ဆွဲထုတ်ဖို့ ဇန္န၀ါရီ (၁၃) ရက် မောင်တောဖြစ်စဉ်က ကျွန်တော့်ကို တွန်းအားပေးခဲ့ပါတယ်။

အစိုးရ၀န်ထမ်း ရဲတပ်ကြပ်ကြီးတဦး အကြမ်းဖက်ခံရခြင်း ပကတိအဖြစ်မှန်သတင်းက နိုင်ငံတကာကို မရိုက်ခတ်ဘဲ ဘင်္ဂလီလေးဆယ်ပတ်ဝန်းကျင် သတ်ဖြတ်ခံရတယ်ဆိုတဲ့ လုပ်ကြံသတင်းက နိုင်ငံတကာကို ရိုက်ခတ်ခဲ့တယ်။ အဖြစ်မှန်က ပျောက်ကွယ်သွားပြီး လိမ်ညာဝါဒဖြန့်မှုက မှန်ကန်တဲ့ အဖြစ်အပျက်တစ်ခုလို နိုင်ငံတကာမီဒီယာတွေ၊ အစိုးရအဖွဲ့တွေ၊ ကုလသမဂ္ဂ အေဂျင်စီတွေအထိ ပျံ့နှံ့ခဲ့ပါတယ်။

တကယ့်အဖြစ်မှန်သတင်းကို ဖုံးလွှမ်းစေတဲ့ လုပ်ကြံသတင်းရဲ့ "အင်အား" နဲ့ မြန်မာနိုင်ငံရဲ့ အတွင်းအပြင်ချိတ်ဆက်ထားတဲ့ ကွန်ရက်ရဲ့ကျယ်ပျံ့မှုကိုလည်း ချင့်တွက်နိုင်ပါတယ်။ ကြံ့ခိုင်ရေးပါတီလွှတ်တော်အမတ် ဦးရွှေမောင်ကိုယ်တိုင် ဒီလုပ်ကြံသတင်းကို အင်အားဖြည့်ထားခြင်းက သံသယဟာ ပိုလို့ခိုင်မာစေပါတယ်။ ဒီသံသယတွေဟာ ဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေ၊ အထောက်အထားတွေကြောင့် ဖြစ်နိုင်ချေအပေါ်မှာ သံသယဖြစ်မိခြင်း၊ ကောက်ချက်ချရခြင်း ဖြစ်မိပါတယ်။

ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေ သူတို့လိုချင်တဲ့ မွတ်ဆလင်နိုင်ငံတော်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ မွတ်ဆလင်နိုင်ငံတွေ စုဖွဲ့ထားတဲ့ (OIC) ကို ချဉ်းကပ်ခဲ့တာတွေရှိတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ညင်သာစွာ ၀က်စွက်ဖို့ ကြိုးစားခဲ့ပေမယ့် မြန်မာလူထုရဲ့ အမျိုးသားရေးအမြင်နဲ့ တော်လှန်ခဲ့မှုတွေကြောင့် (OIC) ဟာ နောက်ကို ဆုတ်ခဲ့ပါတယ်။

ဒါပေမယ့် (OIC) ရဲ့လက်တံက ရှည်ပါတယ်။ INGO အဖွဲ့တွေ၊ UN အဖွဲ့တွေဟာ သာမန်အားဖြင့် ကြည့်ရင် (OIC) နဲ့သီးခြားစီဖြစ်နေပါတယ်။ သြဇာလည်း မသက်ရောက်နိုင်ဘူးလို့ မြင်နိုင်ပါတယ်။ အမှန်တကယ်က INGO အဖွဲ့တွေနဲ့ UN အဖွဲ့ဟာ (OIC) ရဲ့ သြဇာသက်ရောက်နိုင်သလို (OIC) ရဲ့ ခါးပိုက်ဆောင်တွေလည်း ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် မွတ်ဆလင်နိုင်ငံတွေရဲ့လက်တံ တွေဖြစ်ပါတယ်။ တဖက်မှာလည်း Human Right လို အဖွဲ့တွေဟာလည်း (OIC) ရဲ့ လက်တံတွေဖြစ်တယ်ဆိုတာ အဲဒီအဖွဲ့ရဲ့ တဘက်သတ်ရပ်တည်ချက်တွေ၊ သူတို့ရဲ့လှုပ်ရှားမှုတွေက ငြင်းမရတဲ့ ခိုင်မာတဲ့ အထောက်အထားတွေဖြစ်ပါတယ်။

မောင်းတော ဒုချီးရားတန်းအကြမ်းဖက်မှုဖြစ်စဉ်ဟာ အစိုးရ၀န်ထမ်းတဦးကို အကြမ်းဖက်တိုက်ခိုက်ခြင်း ဖြစ်တယ်။ အဲဒီဖြစ်စဉ်မျိုး ဘယ်နိုင်ငံမှာဘဲဖြစ်ဖြစ် သီးခံမှာ မဟုတ်ပါဘူး။ အကြမ်းဖက်မှုကို ပြင်းထန်တဲ့စစ်ဆင်ရေးတွေ လုပ်ကြတာချည်းဖြစ်ပါတယ်။ ဘယ်အဖွဲ့အစည်းတွေက ကန့်ကွက်သည်ဖြစ်စေ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ အမျိုးသားအကျိုးစီးပွားအပေါ်မှာ ရပ်ပြီး တုံ့ပြန်ကြတာချည်း ဖြစ်ပါတယ်။ အစိုးရ၀န်ထမ်းတဦး အကြမ်းဖက်ခံရခြင်း သတင်းတခုတည်းသာ နိုင်ငံတကာကို ပျံ့နှံ့ခဲ့ရင် ဘင်္ဂလီတွေဖက်က တဘက်သတ်ရပ်တည်ခဲ့တဲ့ INGO အဖွဲ့တွေ၊ UN အဖွဲ့တွေရဲ့ပုံဖော်မှုလမ်းကြောင်းတွေ လမ်းလွဲသွားနိုင်ပါတယ်။ တဘက်မှာလည်း ဘင်္ဂလီတွေဟာ သနားစရာသတ္တ၀ါတွေအဖြစ် ပုံဖော်ထားမှု မျက်နှာဖုံးတွေ ကွာကျသွားမှာ သေချာပါတယ်။

ဒါကြောင့် အစိုးရ၀န်းထမ်းတဦး အကြမ်းဖက်သတ်ဖြတ်ခံရခြင်းဖြစ်စဉ်ကို ပျောက်ကွယ်သွားဖို့ INGO အဖွဲ့တွေ၊ UN အဖွဲ့စတဲ့ အဖွဲ့တွေဟာ မဟုတ်မမှန်လုပ်ကြံထားတဲ့ သတင်းရင်းမြစ်ကို ပေးခဲ့ခြင်း ဖြစ်တယ်လို့ နားလည်ပါတယ်။ သတင်းထုတ်ပြန်ခြင်းဟာ သတင်းရင်းမြစ်ခိုင်မာမှုအပေါ်မှာ အခြေခံထားမှုမရှိခြင်းနဲ့ အဲဒီအဖွဲ့တွေကိုယ်တိုင် သတင်းရင်းမြစ်တွေဖြစ်နေခြင်းက တမင်တကာ အကွက်ချလုပ်ဆောင်ခြင်းဆိုတာ ထင်ရှားပါတယ်။ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ ငွေကြေးပေးမှုကို လက်ခံထားတယ်လို့နာမည်ကြီးနေတဲ့ ဧရာဝတီသတင်းဌာနရဲ့ လုပ်ရပ်တွေကလည်း မီးလောင်ရာလေပင့်သလို ဖြစ်စေခဲ့ပါတယ်။

မြန်မာအစိုးရအဖွဲ့တွေ၊ စုံစမ်းစစ်ဆေးရေးကော်မရှင်တွေက အဲဒီဒေသကို သွားရောက်စစ်ဆေးခဲ့မှု တွေအရ တပ်ကြပ်ကြီး အောင်ကျော်သိန်းပျောက်ဆုံးခဲ့ခြင်းသာ တွေ့ရှိရပြီး ဘင်္ဂလီလေးဆယ်ကျော် သတ်ဖြတ်ခံရခြင်းအထောက်အထားအထားတွေ မတွေ့ရှိရကြောင်း ရှင်းလင်းပြောကြားခဲ့ပေမယ့် နယ်စည်းမခြားဆရာဝန်အဖွဲ့စတဲ့ INGO အဖွဲ့တွေက သူတို့အဖွဲ့တွေမှာ ခိုင်မာတဲ့ အထောက်အထားတွေ ပြနိုင်တယ်လို့ ပြောပေမယ့် အထောက်အထားတွေ မပြနိုင်ခဲ့ခြင်းနဲ့ ၂၀၁၂ အရေးအခင်းက ဗီဒီယိုမှတ်တမ်းအဟောင်းကိုသာ ဆွဲထုတ်ပြနိုင်ခဲ့ခြင်းတွေက အဲဒီအဖွဲ့တွေရဲ့ ရိုးသားမှုမရှိခြင်းနဲ့ တမင်တကာအကွက်ချ လုပ်ကြံဖန်တီးခဲ့ခြင်းဆိုတာ ထင်ရှားပါတယ်။

ယခင်အရေးအခင်းကာလတွေမှာရော၊ ယခုဖြစ်စဉ်မှာပါ UN အဖွဲ့နဲ့ INGO အဖွဲ့တွေရဲ့ ရပ်တည်လှုပ်ရှားမှု နိုင်ငံတကာအသိုင်းအ၀ိုင်းက ရခိုင်အမျိုးသားတွေနဲ့ မြန်မာအစိုးရက ဘင်္ဂလီတွေကို မျိုးတုံးသတ်ဖြတ်မှု (Genocide) လုပ်နေတယ်ဆိုတာကို မြင်လာအောင် တမင်တကာ လုပ်ဆောင်ခြင်းဆိုတာ ထင်ရှားပါတယ်။ ဒီလုပ်ရပ်တွေဟာ OIC ရဲ့ လက်တံတွေဖြစ်တယ်ဆိုတာ ထင်ရှားစေပါတယ်။ OIC ဟာ သူကိုယ်တိုင် ပါဝင်ခွင့်မရပေမယ့် နောက်ကွယ်က ကြိုးကိုင်တဲ့လုပ်ရပ်ဖြင့် ရပ်တည်ခဲ့တယ်လို့ အခိုင်အမာပြောနိုင်ပါတယ်။

တနည်းအားဖြင့် ပြောရရင် အဲဒီအဖွဲ့ရဲ့လက်တံတွေ၊ ကွန်ရက်တွေက လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် OIC အဖွဲ့ မြန်မာပြည်တွင်းမှာ တရားဝင်ရုံးစိုက်ခွင့် မရှိရင်လည်း သူတို့အဖွဲ့ရဲ့လုပ်ချင်တဲ့ အလုပ်တွေကို ညင်သာစွာလုပ်ဆောင်နိုင်ခဲ့၊ လုပ်ဆောင်နေဆဲလည်း ဖြစ်ပါတယ်။

INGO အဖွဲ့တွေဟာ ကူညီရေး၊ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အရေခြုံထားပြီး သတင်းပေးလုပ်ငန်းတွေ၊ လက်တံတွေ၊ ဒေါက်တိုင်တွေ၊ ကွန်ရက်တွေအဖြစ် ရပ်တည်ခဲ့တာတွေက များပါတယ်။ တောင်အာဖရိကနိုင်ငံ ပြန်လည်တည်ထောင်ရေးလုပ်ငန်းစဉ်တွေမှာလည်း INGO အဖွဲ့တွေကို အစိုးရအဖွဲ့က မောင်းထုတ်ဖို့ကြိုးစားခဲ့ဖူးပါတယ်။ နောက်ဆုံးမှာ အဲဒီအဖွဲ့တွေကို မောင်းမထုတ်ခဲ့ပေမယ့် အစိုးရရဲ့ထိန်းချုပ်မှုအောက်ကို ဆွဲသွင်းခဲ့ဖူးပါတယ်။

ရခိုင်ပြည်ထဲမှာ ရပ်တည်နေတဲ့ INGO အဖွဲ့တွေကိုလည်း အစိုးရအနေနဲ့ ဒီအတိုင်းလွှတ်ထားရင် အချုပ်အခြာအာဏာကို ထိပါးခိုင်းတာနဲ့ တူပါလိမ့်မယ်။ တနည်းအားဖြင့် ပြောရရင် မိမိပြည်တွင်းရေးကို ၀င်စွက်ဖက်ခိုင်းတာနဲ့ တူပါလိမ့်မယ်။ မောင်တောဖြစ်စဉ်ကို ပြောင်းပြန်လှန်ပြီး သတင်းရင်းမြစ်လုပ်သူဟာ INGO အဖွဲ့တွေဖြစ်နေခြင်းက ထင်ရှားတဲ့သာဓကဖြစ်ပါတယ်။ ယူအန်အေဂျင်စီကိုယ်တိုင်က သတင်းအရင်းအမြစ်ခိုင်မာမှု ရှိ၊ မရှိကို မစစ်ဆေးဘဲ ထုတ်ပြန် ခဲ့ခြင်းတွေဟာ ဟန်ချက်ညီတဲ့လုပ်ရပ်တွေဆိုတာ ထင်ရှားပါတယ်။

သမိုင်းနဲ့ ချီတဲ့ လုပ်ရပ်တွေ၊ အထောက်အထားတွေအရ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ မြန်မာနိုင်ငံတော်ထဲက အစ္စလာမ်မစ်နိုင်ငံပေါ်ထွန်းရေး အိပ်မက်ကို မြန်မာနိုင်ငံလွတ်လပ်ရေး မရခင်ကပင် တစိုက်မတ်မတ် မျိုးဆက် အဆက်ဆက်လုပ်ဆောင်ခဲ့ခြင်းကို သတိမူဖို့လိုပါတယ်။ အဲဒီ အိပ်မက်တွေအတိုင်း ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေဟာ ပြည်တွင်းထဲက မွတ်ဆလင် ဘာသာဝင်တွေကို မျိုးဆက်အဆက်ဆက်စည်းရုံးခဲ့သလို တဖက်မှာလည်း မွတ်ဆလင်ကမ္ဘာက ထောက်ခံအောင်၊ ကူညီအောင်ကြိုးစားခဲ့တဲ့ သမိုင်းအထောက်အထားတွေရှိပါတယ်။

ဒါကြောင့် (၅၇) မွတ်ဆလင်နိုင်ငံတွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ OIC ဟာ နောက်ကွယ်က ရပ်တည်ခဲ့ခြင်းဖြစ်တယ်။ အဲဒီလိုရပ်တည်တဲ့နေရာမှာ ညင်သာစွာ ရပ်တည်ခဲ့တယ်။ သူရဲ့လက်တံတွေ၊ ကွန်ရက်တွေကိုသာ မောင်းနှင်ခဲ့ပါတယ်။ ဒါကြောင့် UN အဖွဲ့၊ INGO အဖွဲ့တွေဟာ မြန်မာနိုင်ငံထဲက နယ်မြေအချို့ ကို ဖဲ့ထုတ်ပြီး ဘင်္ဂလီတွေအတွက် အစ္စလာမ်မစ်နိုင်ငံတော်တခု မွေးထုတ်ဖို့ ကြိုးစားနေခြင်းဖြစ်တယ်လို့ ပြောရခြင်း ဖြစ်ပါတယ်။

အဲဒီလို ပြောခဲ့ခြင်းဟာ အထက်မှာ တင်ပြခဲ့တဲ့ လုပ်ဆောင်ချက်တွေအရ ကောက်ချက်ချရခြင်းသာ ဖြစ်ပါတယ်။ ပြည်တွင်းထဲမှာ OIC ရဲ့လက်တံတွေ၊ ကွန်ရက်တွေဖြစ်တဲ့ UN ၊ INGO အဖွဲ့တွေနဲ့အတူ ဟန်ချက်ညီညီ လှုပ်ရှားနေတာကတော့ နိုင်ငံတကာလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ဘဲ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာလည်း OIC ရဲ့လက်တံတခု ဖြစ်ပါတယ်။

ဒါကြောင့် OIC နဲ့ နိုင်ငံတကာလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ဟာ Genocide ဆိုတဲ့စကားလုံးကို အခြေအမြစ်မရှိပေမယ့် လက်နက်သဖွယ် သုံးစွဲခဲ့တာ ဖြစ်တယ်။ လူမျိုးတုံးသတ်ဖြတ်ခြင်း (Genocide) လုပ်တယ်ဆိုရင် ခိုင်မာတဲ့ အထောက်အထားတွေနဲ့ ချပြဖို့ လိုအပ်ပါတယ်။ ခိုင်မာတဲ့ အထောက်အထားမရှိဘဲ လူမျိုးတုံးသတ်ဖြတ်ခြင်း (Genocide) လုပ်တယ်လို့ ပြောဆိုခြင်းဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းအားနဲ့ ဘင်္ဂလီတွေအတွက် အစ္စလာမ်မစ်နိုင်ငံတခု ဖြစ်ပေါ်လာအောင် လုပ်ဆောင်ခြင်းဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။

ဒီနေရာမှာ ကိုးကားချင်တာတစ်ခုရှိတယ်။ အမေရိကန်အမျိုးသမီးတဦး ပြောဆိုချက်ဗီဒီယိုမှတ်တမ်းပါ။ သူမဟောပြောမှု နောက်ခံဆိုင်းဘုတ်မှာ ရေးထားတာကတော့ At The Hudson Institute Washington DC လို့ ရေးထားတာကို တွေ့ရပါတယ်။ ခုနှစ်ကတော့ အောက်တိုဘာ ၃၀ ရက်နေ့ ၂၀၀၇ ဖြစ်ပါတယ်။ အဲဒီအမျိုးသမီးပြောကြားချက်တွေထဲက သတိထားစရာတွေကို ဆွဲထုတ်ပြချင်ပါတယ်။

သူမက "လူ့အခွင့်အရေးအဖွဲ့ကို လက်နက်သဖွယ် အသုံးပြုပြီး မွတ်ဆလင်တွေရဲ့ အပြစ်တွေကို ဖုံးကွယ်ဖို့နဲ့ သူတို့လုပ်ခဲ့တဲ့ ပြစ်မှုတွေကို တဘက်မှာခံနေရတဲ့သူက လုပ်ခြင်းသာ ဖြစ်ပါတယ်လို့ ပြောင်းပြန် ပြန်လုပ်ပြီး လိမ်လည်ဖို့နဲ့ အာရုံတဖက်ကို လွှဲဖို့ လူ့အခွင့်ရေးအဖွဲ့ကို မွတ်ဆလင်တွေက အသုံးချပါတယ်။ နောက်ပြီး သူတို့မွတ်ဆလင်တွေက အခြားဘာသာဝင်တွေကို မုန်းတီးတာတွေ၊ သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဖုံးကွယ်ဖို့ အကြောင်းပြချက်အနေနဲ့ UN ၊ Human Right ကို အသုံးချပါတယ်။ သူတို့ကလည်း သူများကို စော်ကားသေးတယ်။ သူတို့ကို ပြန်ခုခံရင် ခုခံတဲ့သူတွေ အမှားဖြစ်တယ်လို့ လုပ်ကြတယ်။ UN ကလည်း မွတ်ဆလင်ဘက်က ရပ်တည်တဲ့အခါ ခံရတဲ့သူတွေက နှစ်ခါနာရတဲ့သဘောဖြစ်နေတယ်။ မွတ်ဆလင်တွေက အခြားသူတွေကို ခေါင်းလိုက်ဖြတ်တာကို အပြစ်မရှိသလိုလုပ်ပြီး ပြန်ခုခံသူကိုတော့ မွတ်ဆလင်တမျိုးလုံးကို ဖျက်ဆီးတော့မလို အကြီးကြီးလုပ်ကာ အာရုံကို တဘက်ပြောင်းပေးလိုက်တယ်" တဲ့။

သူမရဲ့ ဟောပြောချက်ဟာ ဒီနေ့မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာကို အခြေခံပြီး ပြောနေသလား ထင်မှတ်ရပါတယ်။ ဒီနေရာမှာ ကုလသမဂ္ဂ အဖွဲ့အနေနဲ့ဘဲဖြစ်ဖြစ်၊ နိုင်ငံတကာလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အနေနဲ့ဘဲဖြစ်ဖြစ် OIC ရဲ့ ကွန်ရက်တွေ၊ လက်တံတွေ၊ ဒေါက်တိုင်တွေ ဖြစ်နေတယ်ဆိုတာကို နားလည်ထားဖို့ ဆိုတာပါဘဲ။ သူမရဲ့ထောက်ပြမှုဟာ မြန်မာနိုင်ငံထဲက ဖြစ်ရပ်တွေသာမဟုတ် တကမ္ဘာလုံးမှာ ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တွေကို ထင်ဟပ်စေပါတယ်။

ဒါကြောင့် မောင်တောဖြစ်စဉ်မှာ အစိုးရအမှုထမ်းတယောက် အကြမ်းဖက်သတ်ဖြတ်ခံရမှုသတင်း ပျောက်ကွယ်သွားခဲ့ရပြီး လုပ်ကြံသတင်းက နိုင်ငံတကာကို ရိုက်ခတ်ခဲ့တာဖြစ်တယ်။ ယူအန်အေဂျင်စီအနေနဲ့ အိနြေ္ဒသိက္ခာတောင် မဆည်နိုင်ဘဲ ယူအန်ရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ပြီး ထုတ်ပြန်ခဲ့ခြင်းတွေက သိသာထင်ရှားပါတယ်။ ယူအန်အေဂျင်စီ၊ INGO အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေဟာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေအတွက် မြန်မာနိုင်ငံတော်ထဲက နယ်မြေအချို့ကို ဖဲ့ထုတ်ပြီး မွတ်ဆလင်နိုင်ငံတခုမွေးဖွားဖို့ ညင်သာစွာ လုပ်ဆောင်နေတယ်လို့ ယုံကြည်ပါတယ်။ IOC အဖွဲ့ဟာ မြန်မာပြည်တွင်းထဲမှာ ရုံးစိုက်ခွင့် မရှိပေမယ့်၊ အဲဒီအဖွဲ့ရဲ့ လက်တံတွေ၊ ဒေါက်တိုင်တွေ၊ ကွန်ရက်တွေဟာ စနစ်တကျပုံဖော်နေတယ်လို့ နားလည်ပါတယ်။

အထက်က တင်ပြခဲ့တဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံတော်ထဲက နယ်မြေအချို့ကို ဖဲ့ထုတ်ပြီး ဘင်္ဂလီတွေအတွက် နိုင်ငံတခုမွေးဖွားပေးဖို့ လုပ်ဆောင်နေတာလားဆိုတဲ့ မေးခွန်းကို မေးရပါလိမ့်မယ်။ မွတ်ဆလင်နိုင်ငံအဆင့်ကို မတက်လှမ်းခင် သမိုင်းလိမ်တင်ပြတိုက်ပွဲဝင်ခြင်း၊ တိုင်းရင်းသားဖြစ်ရေး၊ မွတ်ဆလင်ပြည်နယ်ဖြစ်ပေါ်ရေးတွေကတော့ ပထမလှေခါးထစ် တွေဖြစ်ပါလိမ့်မယ်။

နောက်ဆုံး ဒီဆောင်းပါးကို သူမရဲ့ အောက်ပါ ဟောပြောချက် အစိတ်အပိုင်းတစ်ခုနဲ့ အဆုံးသတ်ပါရစေ။ သူမက "သေချာတာကတော့ ---- ဒီလောက်ကြီးကျယ်တဲ့ UN အဖွဲ့ကြီးကိုယ်တိုင် အနုကြမ်းစီးခံထားရပြီဆိုတာ သိသာထင်ရှားနေပါတယ်။ UN အဖွဲ့ကြီးရဲ့ ဆုံးဖြတ်ချက်တွေနဲ့ အကာအကွယ်တွေရပြီးတဲ့နောက်မှာ UNHCR ၊ Human Right စတာတွေကို အသုံးချလို့ ရသွားပါပြီ။ နောက်တဆင့်အနေနဲ့ မွတ်ဆလင်တွေ ဘာလုပ်မလဲဆိုတော့ တကမ္ဘာလုံး အတိုင်းအတာနဲ့ ကျန်တဲ့ဘာသာဝင်တွေကို တိုက်ခိုက်တော့မှာ ဖြစ်ပါတယ်။ ဒီတော့ သင်္ချာနည်းနဲ့ တွက်ကြည့်ရင် အဖြေဟာ ရှင်းရှင်းလေးပါ။ UN မှာ ၁၉၂ (ယခု ၁၉၃) အဖွဲ့ဝင်ရှိပါတယ်။ US နဲ့ အပေါင်းပါမဟုတ်တဲ့ အဖွဲ့ဝင်နိုင်ငံ (၁၇၀) ထဲက အင်အားအကြီးဆုံး မဲပေးနိုင်တဲ့ အဖွဲ့ဝင်နိုင်ငံ အများဆုံးဟာ OIC က (၅၇) နိုင်ငံပါတဲ့ အဖွဲ့ဘဲ ရှိတယ်။ နောက်တချက် UN ရဲ့ လူ့အခွင့်အရေးအဖွဲ့ကို ကြည့်ပါ။ (၄၇) နိုင်ငံအဖွဲ့ဝင်မှာ နေရာအများဆုံး ယူထားပြီး အများဆုံးမဲပေးနိုင်တဲ့ အာဖကန်နဲ့ အာရှမှာ အများဆုံးပါဝင်နေတာက OIC မွတ်ဆလင်နိုင်ငံတွေဘဲ ဖြစ်တယ်။ မဲပေးစနစ်နဲ့ အနိုင်ယူခြင်းဖြစ်တာကြောင့် မွတ်ဆလင်တွေကဘဲ ဒီအဖွဲ့တွေကို လွှမ်းမိုးထားပါတယ်။ ဒီတော့ -- သူတို့လိုချင်တာ သူတို့ဟာ သူတို့မဲပေးပြီး ယူလိုက်ယုံဘဲရှိပါတယ်" တဲ့ ။ ။

ခိုင်လင်း (မေဃ၀တီ)

ဖေဖော်ဝါရီ (၅) ၂၀၁၄ ညး ၉း ၂၅




--
http://www.burmaburo.blogspot.com

Friday, 14 March 2014

Daw Aung San Suu Kyi - SMU HRH Lecture (22 Sep 2013)

The Mountain of Mystery | Full Documentaries - Planet Doc Full Documenta...

DVB - အေးနေ၀င်းနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)

DVB - အေးနေ၀င်းနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း (၂)

ဒီမိုဝေယံ





ဒီမိုဝေယံ


Posted: 12 Mar 2014 06:17 AM PDT
ယနေ့ မတ်လ(၁၂)ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဘဘဦးတင်ဦး၏ (၈၇)နှစ်မြောက် မွေးနေ့မှ အသက်ရာကျော် ရှည်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ယနေ့ မတ်လ(၁၂)ရက်နေ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဘဘဦးတင်ဦး၏ ၈၇နှစ်ပြည့် မွေးနေ့ မင်္ဂလာဖြစ်သည်..။ 

 ယနေ့ကျရောက်သော ဘဘဦးတင်ဦး၏ (၈၇)နှစ်ပြည့် မွေးနေ့ မင်္ဂလာအား ဂျပန်နိုင်ငံမှာ ရောက်ရှိနေထိုင်နေသူ သားဖြစ်သူ ဦးသန့်ဇင်ဦးမှ သံဃာတော်များအား ဆွမ်း၊ လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး ကောင်းမှု ကုသိုလ်ပြုလုပ်ခဲ့သည်..။
ယနေ့ကျရောက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဘဘဦးတင်ဦး၏ (၈၇)နှစ်ပြည့် မွေးနေ့ မင်္ဂလာမှသည် တိုင်းကျိုး၊ ပြည်ကျိုး ဆက်လက်ထမ်းရွက်နိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အသက်ရာကျော် ရှည်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်..။

ယနေ့ မတ်လ(၁၂)ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး သံမဏိလူသား ဘဘဦးဝင်းတင်ရဲ့ (၈၄)နှစ်ပြည့် မွေးနေ့မှသည် တိုင်းကျိုးပြည်ကျိုး ဆက်လက် ထမ်းရွက်နိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အသက်ရာကျော် ရှည်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

 ဒီမိုဝေယံ
 ဓာတ်ပုံ ဖိုးဝဏ္ဏ
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

DASSK Einladung 13.April.2014

Wednesday, 12 March 2014

moelay1310@gmail.com hat ein YouTube-Video mit dir geteilt.


DVB TV - မဆလ သမ္မတဟောင်း ဦးနေ၀င်းရဲ့မြေး အေးနေ၀င်းနှင့် ဒီဗွီဘီ တွေ့ဆုံမေးမြန်းခန်း (အပိုင်း - ၁)
©2014 YouTube, LLC 901 Cherry Ave, San Bruno, CA 94066

Tuesday, 11 March 2014

ဒီမိုဝေယံ






ဒီမိုဝေယံ


Posted: 09 Mar 2014 10:26 PM PDT
တိုကျို စာပေဟောပြောပွဲမှ ဆရာနေဝင်းမြင့်ရဲ့ (အမေနဲ့ အလင်းဆုံးကြယ်).. ဆရာမောင်သာချိုရဲ့ (ရေကြည်ပြီး မြက်နုစေချင်)

၂၀၁ ၄ခုနှစ် မတ်လ(၉)ရက်နေ့န့ ဂျပန်နိုင်ငံ အလင်းအိမ် စာပေအင်အားစု၏ တတိယအကြိမ်မြောက် စာပေဟောပြောပွဲအား နာမည်ကျော် စာပေပညာရှင်များ ဖြစ်ကြတဲ့ ဆရာနေဝင်းမြင့်နဲ့ ဆရာမောင်သာချိုတို့မှ လာရောက်ဟောပြောခဲ့ပါတယ်..။

ယနေ့ ဂျပန်နိုင်ငံ အလင်းအိမ် စာပေအင်အားစု၏ တတိယအကြိမ်မြောက် စာပေဟောပြောပွဲမှာ ဆရာနေဝင်းမြင့်မှ (အမေနဲ့ အလင်းဆုံးကြယ်) ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ဆရာမောင်သာချိုမှ (ရေကြည်ပြီး မြက်နုစေချင်ဆိုတဲ့) ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်..။

ကျွန်တော်တို့ ပရိသတ်တွေ မျက်ရည်ဝဲခဲ့ရတဲ့ ဆရာမောင်သာချိုရဲ့ (ရေကြည်ပြီး မြက်နုစေချင်ဆိုတဲ့) ဟောပြောချက်မှာတော့ လက်ရှိ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ လူနဲ့ တိရိစ္ဆာန်တောင် မကွဲပြားနိုင်လောက်အောင် ဆင်းရဲတွင်းနက်လွန်းတဲ့ အခြေအနေကို မျက်စိရှေ့မှာ ကွင်းကွင်းကွက်ကွက် ပေါ်လာနိုင်အောင် ကဗျာနဲ့ မိမိကိုယ်တွေ့ အဖြစ်အပျက်တွေကို တွဲဘက်ဟောပြောခဲ့တာပါ..။

ံHuman resourcesကို သေသေချာချာ ပြုစုပျိုးထောင်ဖို့ မကြိုးစားခဲ့ပဲ အသိမိုက်မဲခဲ့တဲ့ အုပ်ချုပ်သူ အစိုးရတရပ်ရဲ့ အမှောင်ခေတ်အောက်မှာ သယံဇာတကျိန်စာ သင့်ခဲ့ရတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ တရိစ္ဆာန်သာသာ ဆင်းရဲတွင်းနက်နေရတဲ့ အခြေအနေတွေအတွက် ကျွန်တော်တို တဦးချင်း တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းလုပ်ဆောင်ကြပါစို့..

ဒီမိုဝေယံ

ဆရာမောင်သာချိုရဲ့ (ရေကြည်ပြီး မြက်နုစေချင်)

ဒီလင့်ခ်မှာ နားဆင်ပါ..။
https://soundcloud.com/demowaiyan/sayar-mg-tha-cho-tokyo-2-9-03
အချိန်မရတဲ့ အတွက် ဒုတိယပိုင်းကနေ စတင်လိုက်ပါတယ်။

ဒေါင်းလုပ်လုပ်ချင်ရင်
http://www.mediafire.com/listen/7y4ig91581611u3/Sayar_Mg_Thacho_Tokyo1.WMA

http://www.mediafire.com/listen/5qeqxutuohc5ppd/Sayar_Mg_Tha_Cho_Tokyo2.WMA
 
တိုကျို စာပေဟောပြောပွဲမှ ဆရာနေဝင်းမြင့်ရဲ့ (အမေနဲ့ အလင်းဆုံးကြယ်).. အသံဖိုင် ဒေါင်းလုပ်ရယူရန်...
https://soundcloud.com/demowaiyan/9-03-2014
 ဒေါင်းလုပ်ခ်လင့် 
 http://www.mediafire.com/listen/o592odn6i88tltl/Sayar_Nay_Win_Myint_Tokyo_9.03.2014.mp3
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

Sunday, 9 March 2014

(ရ )    အရာရာ၌ မလွန်ကျူးခြင်း၊ အနည်းငယ်မျှ ၀န်လေးခြင်း မရှိရလေအောင် သတိထားရမည်။
( ၈) တိုက်ရိုက်ပြောခြင်းသည် ခုခံစိတ်ကို ဖြစ်စေတတ်သည်။
      အဘယ်အရာကိုလုပ်ပါဟု ပြောမည့်အစား လုပ်လျှင် အဘယ်အကျိုးမျိုးဖြစ်မည်ကို ပြောရမည်။
( ၉) သိလိုသောစိတ်သည် ဂရုစိုက်သောစိတ်ဖြစ်၏။
      ဂရုစိုက်ခြင်းသည် အရေးယူခြင်း လေးစားခြင်းပင် ဖြစ်လေသည်။
(၁၀) အချိန်ရှိသရွေ့ အမှားပြင်နိုင်၏။
၁) ပညာကြီးလျက် အပေါင်းမတတ်သူ၊ အဆင်းလှလျက် လူချစ်လူခင်မများသူတွေ များစွာရှိကြလေသည်။
( ၂) ချစ်စေလို နှုတ်ခမ်းလက်နှစ်သစ်၊ မုန်းစေလို နှုတ်ခမ်းလက်နှစ်သစ်။
( ၃) မှန်ကန်ခြင်း၌ အဖော်မလို။
( ၄) လောကမှာ သိစရာ တတ်စရာတွေ မကုန်နိုင်အောင် ရှိလေရာ၊ ငါသိလှပြီ တတ်လှပြီဟု ထင်နေသူများသည်
      မိမိဘာမျှ မတတ်သေးကြောင်း ကြေညာခြင်းပင်ဖြစ်သည်။
( ၅) အမိန့်ကို ကောင်းစွာ နာခံတတ်မှ အမိန့်ပေးသူအဖြစ်သို့ ရောက်နို၏။
      အမိန့်ကို သုန်မှုန်စွာ နားထောင်သူ သည် ကျေးကျွန်နှင့်တူ၏၊။
      ရွှင်လန်းကြည်ဖြူစွာ နာခံတတ်သူကား သားကောင်းသမီးကောင်း တပည့်ကောင်းနှင့်တူ၏။
( ၆) မိမိအတွက် တစ်ပါးသူမှာ အနည်းငယ်မျှ ၀န်လေးခြင်း မရှိရအောင် သတိထားရမည်။

ပီမိုးနှင်း

(၁၃) အခက်အခဲသည် စိတ်သဘောကြီးမား ရင့်သန်ခြင်းအတွက် အကောင်းဆုံးသော သင်ခန်းစာများဖြစ်၏။
(၁၄) အပြစ်ကင်းသောစိတ်သည် စွပ်စွဲခြင်းကိုမကြောက်။
(၁၅) အားလုံးကြီးပွားနည်းမှာ အမျိုးသားအလုပ်ဟူသမျှ အသင်းဖွဲ့၍ထားအပ်ခြင်းဖြစ်သည်။

ပီမိုးနှင်း

(၁၂) ငါသည် ငါ၏အဖော်ဖြစ်၏၊
       ငါ၏လမ်းစဖြစ်၏။
       ငါ၏ခိုကိုးရာဖြစ်၏။
       ငါ၏အဖော်ကောင်းဖြစ်၏။
       ငါ့ထက် ဘယ်သူမှ ငါ့ကိုမကယ်နိုင်။

Thursday, 6 March 2014





Posted: 05 Mar 2014 08:50 AM PST
ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှ လောင်းကစားဝိုင်းများ ဖယ်ရှားပေးစေလို.. (တိုင်ကြားစာ)

ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ ဘာပွဲရယ်လို့အမည်တပ်စရာမရှိဘဲ
လောင်းကစားသက်သက် ကျင်းပနေပါတယ်။

၂၃-၂-၂၀၁၄ရက်နေ့ကစပြီး တစ်လလောက်ကျင်းပမယ်လို့ ကြားမိပါတယ် ဒီပွဲမှာ လေးကောင်ဂျင်
ဒေသအခေါ် ဂုံးကင်း(အံစာတုံးလိုတဖက်မှာ အကောင် တစ်ရုတ်စီ ပါရှိသည်)
ဖဲကျူး(တရုတ်ဖဲ)တွေ ခင်းထားပါတယ်။ ပင်လုံဒေသမှာလူငယ်၃၀ရာနှုန်းလောက်မူးယစ်ဆေးဝါးသုံးစွဲနေကြတယ်။

ကလေးတွေရဲ့ အနာဂတ်ဟာမတွေးရဲစရာပါ။တကယ်ဆိုဒီလဟာ ကျောင်းနေအရွယ် ကလေးတွေရဲ့ အရေးကြီးတဲ့ စာမေးပွဲကာလပါ။ ပွဲသံကတချိန်းချိန်းနဲ့စာမကျက်နိုင်တဲ့ကလေးတွေ ပွဲလည်ရင်း အကျင့်ပျက်နေတဲ့ကလေးတွေ ဘာသာရေးပွဲ စာပေဟောပြောပွဲ တွေမှာ ပွဲမိန့်တင်တာမရတတ်တဲ့ တာဝန်ရှိသူတွေ ဒီလောင်းကစားဝိုင်းကိုတော့ ဘယ်လိုအမိန့်နဲ့ပေးတယ်ဆိုတာ စဉ်းစားမရတော့ပါဘူး။ အနာဂတ်ကိုတွေးမိရင် ဒီလို ဥပဒေမဲ့ ဖြစ်ရပ်တွေ မရှိသင့်တော့ပါဘူးကြောင်း ဒီမိုဝေယံမှ တဆင့်ဖော်ပြပေးပါရန်..
ပင်လုံမြို့သူမြို့သားများ ကိုယ်စား တင်ပြလိုက်ပါတယ်။

စိုင်းပြည်ချစ်(ပင်လုံ)
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

Check out the Awesonme Dingtone Mobile App!

Hi there!
Dingtone is the app I discovered recently. It is pretty cool.
Here is what you can do with Dingtone:
* Free phone calls at any time, anywhere
* Free texting, sharing photos and videos.
* Free group conference calls with up to 8 friends
* You can turn your phone into a Walkie Talkie-simply push to talk.
Dingtone is available for iPhone and Android. You can get the app for free from http://dingtone.me/d?i=g6Yd1x.
My Dingtone ID is 1960299. Please add me by using this ID.
Speak to you soon.
Sent from Phone_samsung_GT-I9505





--
http://www.burmaburo.blogspot.com



--
http://www.burmaburo.blogspot.com

သမ္မတကြီး ဘဲရီးဂွတ်- Mr president Very good


ကောင်းလေစွ၊ ကောင်းလေစွ၊

သမ္မတဆိုသည်မှာဤသို့ပြတ်သားရပေမည်။




သမ္မတကြီး ဘဲရီးဂွတ်-Mr President very good ,

ဘင်္ဂလားဒေ့ရှင်္က ၀န်ကြီးချုပ်ရှိတ်ဟာစီနာ လာတယ်-မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်နဲ့  တွေ့ ဆုံတယ် ။ သူတို့ နိုင်ငံတွင်းရောက်ရှိနေထိုင်နေတဲ့  ဘင်္ဂလီဒုက္ခသည်တွေကို ပြန်ခေါ်ပြီး လက်ခံယူပါလို့  ပြောတယ် ။ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က သူတို့ ဟာ မြန်မာနိုင်ငံသားမဟုတ်လို့  ငြင်းဆိုပြီး လက်မခံပယ်ချလိုက်တယ်ဆိုတာ သတင်းတွေ ဖတ်ရတယ် ။

ဘင်္ဂလားဒေ့ရှင်္ လူမျိုးတွေက ဘင်္ဂလီစကားပြောပြီး မူဆလင်ဘာသာဝင်တွေဖြစ်တယ် ။ ဒုက္ခသည်စခမ်းက ဘင်္ဂလီကုလားတွေဟာလဲ မူဆလင်ဘာသာဝင်ဖြစ်တယ် ။ အဲဒါကို မြန်မာနိုင်ငံသားဆိုပြီး ပြန်ခေါ်ပါလို့  ပြောတာကိုက လက်ခံနိုင်စရာ အကြောင်းမရှိတာဘဲဖြစ်တယ် ။ မြန်မာနိုင်ငံက ဗုဒ္ဒဘာသာကို ကိုးကွယ်တာဖြစ်တယ်- တိုင်းရင်းသားလူမျိုး-၁၃၅-မျိုးရှိတယ် ။ ဒီတော့ သမ္မတကြီး ပြောတာမှန်တယ် ။

ဘင်္ဂလားဒေ့ရှင်္နိုင်ငံမှာ ရခိုင်ဒုက္ခသည်တွေ ဆိုရင် ဒုတိယနိုင်ငံကို ရောက်နေတဲ့  ဒုက္ခသည်လို့  ပြောနိုင်ပြီး ပြန်ခေါ်သွားပါလို့  ပြောလာရင် မြန်မာနိုင်ငံသမ္မတကြီးက လက်ခံရမှာဖြစ်တယ် ။ ဒါက ယခင် စစ်အစိုးရက လူ့ အခွင့်အရေးချိုးဖေါက်ခဲ့ မှုကြောင့် ထွက်ပြေးရောက်ရှိနေကြသူများဖြစ်လို့  အရပ်သားအစိုးရလက်ထက်မှာ ပြန်ခေါ်ရတာဖြစ်တယ် ။ ခုတော့ ရခိုင်ဒုက္ခသည်မှ မဟုတ်တာ ။ ဒီတော့ သမ္မတကြီး ပြောတာမှန်တယ် ။

ဘင်္ဂလားဒေ့ရှင်္နိုင်ငံမှာ ရှိနေတဲ့  ဒုက္ခသည်လို့  ပြောပြောနေတဲ့  အဲဒီလူတွေကို -UNHR-က ကျွေးမွေးစောင့်ရှောက်နေတယ် ။ UNHCR- ကို ကမ္ဘာ့ကုလသမ္မဂ ဒုက္ခသည်များမဟာမင်းကြီးရုံးလို့ေ ခ်ါတယ် ။ ဒုက္ခသည်တွေကို ပြန်လည်နေရာချထားရေးအတွက် စီစဉ်ပေးနေတဲ့  အဖွဲ့ ဖြစ်တယ် ။ မြန်မာနိုင်ငံက မြန်မာနိုင်ငံသားမဟုတ်လို့  လက်မခံ ပယ်ချလိုက်ပြီဆိုရင် ဘင်္ဂလားဒေ့ရှင်္နိုင်ငံဝန်ကြီး မစ္စ ရှိတ်ဟာစီနာက သူ့ နိုင်ငံကိစ္စ သူဖြေရှင်းဖို့ ဘဲလိုတယ် ။ UNHCR-က ကျွေးမွေးစောင့်ရှောက်ပေးတာကို လက်ခံပြီး ဒီအတိုင်း ထားပေးမလား ဒါမှမဟုတ် ပြန်လည်နေရာချထားရေး ( Resettlement ) လုပ်မလား ဆိုတာဘဲ ရှိတယ် ။ ဒီတော့ ကိုယ်နဲ့ မဆိုင်လို့  လက်မခံ ပယ်ချတယ်ဆိုတဲ့  မြန်မာသမ္မတကြီး ပြောမှန်တယ်။

တဆက်တည်းမှာဘဲ မြန်မာသမ္မတကြီး ပြောတာအမှတ်ရနေမိတယ် ။ ကြိုက်တဲ့ နိုင်ငံက ( ခိုးဝင်ဘင်္ဂလီ ကုလား ) သူတို့ ကို လက်ခံရင် သင်္ဘောနဲ့ တင်- တင်ပို့ ပေးမယ်လို့  ပြောတာကြားဖူးတယ် ။ ဒါက မြန်မာနိုင်ငံရဲ့  အာဏာပိုင်အမြင့်ဆုံး တစ်ဦးဖြစ်တဲ့  သမ္မတတစ်ဦးရဲ့  နုတ်ထွက်စကားဘဲ ။ ဒီတော့ခါ -UNHCR-အနေနဲ့  ဘင်္ဂလားဒေ့ရှင်္နိုင်ငံက အဲဒီလူတွေကို ဘယ်လို အတန်းအစားမျိုးနဲ့  သတ်မှတ်သတ်မှတ် တတိယနိုင်ငံကို ခေါ်ဆောင်သွားမယ်ဆိုရင် မြန်မာနိုင်ငံက အဲဒီလိုလူမျိုးတွေကိုလဲ ပို့ ဆောင်ခေါ်ယူဖို့  တာဝန်ရှိနေသေးတယ် ။

စစ်တွေမြို့ မှာ -NGO-အဖွဲ့ တစ်ခုဖြစ်တဲ့  -AZG-နယ်စည်းမခြားဆရာဝန်များအဖွဲ့ ကို မောင်းထုတ်ကြတယ် ။ မောင်းထုတ်ရတဲ့  အကြောင်းရင်းက ခွဲခားဆက်ဆံတာ- သတင်းအမှားတွေ ထုတ်ပြန်ပြီး နိုင်ငံကို သိက္ခာချလို့ ဘဲဖြစ်တယ် ။ -UNHCR- က သူတို့ ရဲ့  အခြားလုပ်ငန်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းလိုက်တယ်လို့  ကြားရတယ် ။ ကျွန်တော်ကတော့ ပိုကောင်းတယ်လို့  ပြောချင်တယ် ။ ရခိုင်ပြည်နယ်မှာပါမက မြန်မာနိုင်ငံမှာပါ သူတို့ မရှိလေအကောင်းဆုံးဖြစ်တယ် ။ အိန္ဒိယနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်က လူဦးရေ ပေါက်ကွဲမှု အန္တရယ်ကို ကြောက်ရွ့ံပြီး နိုင်ငံရေးမတည်ငြိမ်ဆုံး နိုင်ငံဒေသဖြစ်တာမို့ လို့  -ဒုက္ခသည်အဖြစ် နယ်စပ်ပြေးလာပြီး ဒုက္ခသည်အဖြစ် ခိုးဝင်လာမှာ စိုးရိမ်လို့ -UNHCR-နဲ့  စာချုပ်ချုပ်ဆိုထားတဲ့  နိုင်ငံမဟုတ်ဘူး ။

မြန်မာနိုင်ငံဟာလဲ -UNHCR-ကို လုပ်ချင်ရာ လုပ်ခွင့်ပေးလို့  ရတဲ့  အဖွဲ့ အစည်းမဟုတ်ဘူးဆိုတာ နားလည်ပေးဖို့ လိုတယ် ။ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာဟာ ခိုးဝင်ဘင်္ဂလီကုလားတွေရဲ့  လူဝင်မှုကြီးကြပ်ရေးပြသနာဖြစ်တယ် ။ မကြာခင်သန်ကောင်စာရင်းကောက်ခံတော့မယ် ။ ဒီလိုကောက်ခံတဲ့ အခါ တိုင်းရင်းသားလူမျိုး-၁၃၅-မျိုးထဲမှာ မရှိတဲ့  လူမျိုးနာမည်ကို ဖြည့်စွက်ရေးလာရင် အဲဒီလူမျိုးကို တရားဥပဒေအရ ဖမ်းဆီးအရေးယူရလိမ့်မယ် ။ တိုင်းရင်းသားလူမျိုးစုရဲ့  မျိုးစုနာမည်ကွဲနေတာကို ဖြည့်စွက် ပြောင်းလဲတာက ဘာမှ ပြသနာမရှိပေမဲ့  နယ်စပ်ဖြတ်ကျော်ခိုးဝင်လာတဲ့  ဘင်္ဂလီကုလားတွေကိုတော့ ဘယ်လိုနည်းနဲ့ မှ သန်ကောင်စာရင်းမှာ ရေးထည့်ခွင့်မပြုနိုင်ဘူးဆိုတာ သိထားဖို့ လိုတယ် ။

နာမည်ကိုရေးထည့်တိုင်အောင် တိုင်းရင်းသားနိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ သန်ကောင်စာရင်းစစ်ရေးကော်မီတီတို့ က ပြန်လည်စစ်ဆေးတဲ့ အခါမှ ဆက်လုပ်ကြမယ်ဆိုတာကတော့ အဓိပ္ပယ် သိပ်မရှိလှဘူးလို့  ပြောချင်တယ် ။ ကျွန်တော်တို့  ဖြစ်ချင်တာက နာမည်စာရင်းကောက်ခံတဲ့ အခါမှာ လူမျိုးနာမည်ကို ရေးပြီဆိုကတည်းက မရေးရဘူးလို့  သတ်သတ်မှတ်မှတ် ကြေညာထားရန်ဘဲလိုတယ် ။ အဲဒီလိုမှ မဟုတ်ဘဲ ရေးလာပြီဆိုရင် မြန်မာနိုင်ငံရဲ့  လူ့ အခွင့်အရေးကို ကာကွယ်တဲ့ အနေနဲ့  ရေးတဲ့ သူ မည်သူမဆို ဖမ်းဆီးထောင်ချဖို့ လိုတယ် ။ မြန်မာနိုင်ငံမှာ သန်ကောင်စာရင်းကောက်တာဟာ လူ့ အခွင့်အရေးကို ကာကွယ်တာဖြစ်တယ် ။ သန်း-၆၀-ကျော်သော သူများရဲ့  လူ့ အခွင့်အရေးကို ကာကွယ်နေတဲ့  သမ္မတကြီးကို ပြောချင်တယ် ။

သမ္မတကြီး ဘဲရီးဂွတ် -Mr President very Good ,

ခိုင်အောင်ကျော် ( နယူးယောက် )





--
http://www.burmaburo.blogspot.com

ဘင်္ဂါလီဒုက္ခသည်များကို ပြန်လက်ခံရန် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တောင်းဆိုမှု မြန်မာသမ္မတပယ်ချ




ကူမင်းတိုက်ခိုက်မှုကို အကြမ်းဖက်မှုအဖြစ် အမေရိကန်သတ်မှတ်

Wednesday, March 05, 2014



ဝါရှင်တန်၊ မတ် ၎

တရုတ်နိုင်ငံ ကူမင်းမြို့၌ ဓားကိုင် တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၉ ဦး သေဆုံးခဲ့ပြီး ယင်းတိုက်ခိုက်မှုကို အကြမ်းဖက်မှု လုပ်ရပ်အဖြစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတ်မှတ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ကူမင်းမြို့၌ စနေနေ့တွင် ဖြစ်ပွားခဲ့သော ဓားကိုင် တိုက်ခိုက်မှုကို အကြမ်းဖက်မှုအဖြစ် သတ်မှတ်ရန် အမေရိကန် ပြည်ထောင်စုက တွန့်ဆုတ်နေခြင်းကြောင့် စံနှစ်မျိုး ချမှတ်ကျင့်သုံးနေကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများက စွပ်စွဲလိုက်ပြီးနောက် ယခုကဲ့သို့သော သတ်မှတ်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ရှင်ကျန်ခွဲထွက်ရေး ဝါဒီများဖြစ်သော အူဂါ မွတ်ဆလင်များက ကူမင်း တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု တရုတ်အစိုးရအဖွဲ့က ပြစ်တင် ပြောကြားထားသည်။

ခွဲထွက်ရေးဝါဒီများ၏ တိုက်ခိုက်မှုကို အကြမ်းဖက်မှုအဖြစ် အနောက်မီဒီယာများက သတ်မှတ်ခြင်း မရှိသဖြင့် တရုတ်နိုင်ငံက ဝေဖန်မှုများ လုပ်ဆောင်လျက်ရှိသည်။

ကူမင်းမြို့တော်ရှိ မီးရထား ဘူတာရုံတွင် ဓားကိုင်ထားသူရှစ်ဦးက အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်းကြောင့် ၂၉ ဦးသေဆုံးခဲ့ပြီး ၁၂၀ ထိခိုက်ဒဏ်ရာ ရရှိသွားကာ လူနာ ၂၀ ကျော်မှာ အခြေအနေ စိုးရိမ်ရကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာတွင် ထုတ်ပြန်သွားသည်။

တိုက်ခိုက်ရေးသမား လေးဦးကို အရာရှိများက အခင်းဖြစ်ပွားရာ နေရာတွင်ပင် ပစ်သတ်လိုက်ပြီး ဒဏ်ရာရှိသွားသော အမျိုးသမီးတစ်ဦးကို ထိန်းသိမ်းထားကြောင်း တရုတ် အရာရှိများက ပြောကြားသည်။

ကျန်ရှိနေသေးသော သံသယရှိသူ သုံးဦးကို တနင်္လာနေ့တွင် ဖမ်းဆီးနိုင်လိုက်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာတွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်ရပ်ကို ဘေဂျင်းမြို့တော်ရှိ အမေရိကန်သံရုံးက၊ ကြောက်မက်ဖွယ် အဓိပ္ပာယ်မရှိသော အကြမ်းဖက်မှု ဖြစ်သည်ဟု အစောပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်းကြောင့် ကမ္ဘာ့အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတွင် အမေရိကန် ပြည်ထောင်စုက စံနှစ်မျိုး ချမှတ်ကျင့်သုံးနေကြောင်း တရုတ်အစိုးရ ပိုင် Xinhua သတင်းတွင် ဝေဖန်သွားသည်။
"ရှီကျင် လူသတ်သမားတွေကို လွတ်မြောက်မှု ရှာဖွေနေတဲ့ ဖိနိုပ်ခံနေရသူအဖြစ် အမေရိကန်တွေက ပုံဖော်လိုက်တာပဲ" ဟု ဆက်လက်ဖော်ပြထားသည်။

ထို့ကြောင့် အမေရိကန် ပြည်ထောင်စုတွင် ယင်းကဲ့သို့သော တိုက်ခိုက်မှုများ ပေါ်ပေါက်လာပါက မည်ကဲ့သို့ မှတ်ချက်ပေးမည်နည်းဟု တရုတ်ပြည်သူ့နေ့စဉ် သတင်းတွင် ဝေဖန်ထားသည်။

သို့သော်လည်း ကူမင်းမြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုသည် အများပြည်သူများကို ပစ်မှတ်ထားသည့် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်နိုင်သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ပတ်ကီက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

ကူမင်း တိုက်ခိုက်မှုနှင့် မကြာသေးမီ လများအတွင်း ဘေဂျင်းမြို့တော်တွင် ပေါ်ပေါက်ခဲ့သော တိုက်ခိုက်မှုများမှာ ရှင်ကျင်ဒေသ အခြေစိုက် အူဂါ မွတ်ဆလင် ခွဲထွက်ရေး ဝါဒီများက လုပ်ဆောင်ခြင်း ဖြစ်သည်ဟု အများက ယူဆထားသည်။

သို့သော်လည်း ကူမင်း တိုက်ခိုက်မှုကို ပြတ်ပြတ်သားသား ရှုတ်ချကြောင်း ဂျာမနီအခြေစိုက် ကမ္ဘာ့ အူဂါကွန်ဂရက်က ထုတ်ပြန်လိုက်ပြီး စုံစမ်းစစ်ဆေးမှုများကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ရန် တရုတ်အာဏာပိုင်များကို တောင်းဆိုလိုက်သည်။

ရှင်ကျန်ဒေသရှိ အူဂါလူမျိုးများမှာ တူရကီနွယ်ဝင် မွတ်ဆလင်များဖြစ်ပြီး ယင်းတို့၏ နယ်မြေများအတွင်း တရုတ် ဟန်လူမျိုးများ တိုးချဲ့ဝင်ရောက် လာခြင်းကြောင့် မကျေနပ်မှုများ တိုးပွားလာကာ ပြီးခဲ့သည့် နှစ်များအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

The Voice Weekly

သန်းခေါင်စာရင်းတွင် "ရိုဟင်ဂျာ"ဟု ထည့်သွင်းခွင့်မပြုရန် ရခိုင်အမတ်တို့ ၀န်ကြီးဦးခင်ရီထံ တောင်းဆို

Wednesday, March 05, 2014

မင်းမင်း

နေပြည်တော်၊ မတ် ၎

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် ရခိုင်ပြည်နယ်တွင်းရှိ ဘင်္ဂါလီများက "ရိုဟင်ဂျာ"ဟု ထည့်သွင်းမည်ဆိုပါက လက်မခံရန် ရခိုင်ပြည်နယ်ရှိ ပြည်သူ့လွှတ်တော်အမတ်လေးဦးက လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၀န်ကြီး ဦးခင်ရီနှင့် မတ်လ ၄ ရက် ညနေပိုင်းက ဆွေးနွေး တောင်းဆိုလိုက်သည်။

သန်းခေါင်စာရင်းတွင် "ရိုဟင်ဂျာ"ဟု ထည့်သွင်းလိုက်မည်ဆိုပါက ရခိုင်တိုင်းရင်းသားတို့က ကျေနပ် လိမ့်မည်မဟုတ်ဘဲ မတည်ငြိမ်မှုများ ဖြစ်လာနိုင်သည်ဟု ရခိုင်အမတ်တို့က ဆိုသည်။

ဝန်ကြီးဦးခင်ရီနှင့် သွားရောက်ဆွေးနွေးခဲ့သည့် မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက "ရိုဟင်ဂျာလို့ ပြောလာတဲ့အခါ အခက်အခဲရှိမယ်။ ရိုဟင်ဂျာလို့ စာရင်းကောက်ရင် သမိုင်းမှတ်တမ်းဝင် ဖြစ်သွားမယ်။ ပိုပြီးဖြေရှင်းရခက်သွားမယ်လို့ ပြောခဲ့တယ်"ဟု မဇ္ဈိမကို ပြောသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် တိုင်းရင်းသားပြည်သူတစ်ဦးချင်းစီ၏ ပင်ကိုယ်ဆန္ဒ အတိုင်း ရေးသွင်းနိုင်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးဝင်း မြင့်က ဖေဖော်ဝါရီ ၂၄ ရက်က အမျိုးသားလွှတ်တော်တွင် ပြောသည်။

ဝန်ကြီးဦးခင်ရီက သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ် နီးလာသည့်အတွက် ရခိုင်ပြည်နယ်တွင် အဆင်မပြေဖြစ်မည်ဟု စိုးရိမ်နေသည်ဟုလည်း ၀န်ကြီးနှင့် သွားရောက်တွေ့ဆုံရာတွင် ပါဝင်သူတစ်ဦး ဖြစ်သည့် ရသေ့တောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက ပြောသည်။

"သူတို့အကျပ်ရိုက်နေပုံရတယ်။ သူတို့မှာလည်း UN တို့ လူ့အခွင့်အရေးတို့ပေါ့လေ။ ဒါပေမဲ့ ရိုဟင်ဂျာလို့ ထည့်လိုက်မယ်ဆိုရင် ရခိုင်တိုင်းရင်းသားတွေဘက်က ဘယ်လိုမှ လက်ခံမှာမဟုတ်ဘူး။ ဆူပူမှုက ဖြစ် လာမှာပဲ"ဟု ဒေါ်ခင်စောဝေက ပြောသည်။

ရခိုင်အမတ်တို့တင်ပြမှုအပေါ် ၀န်ကြီးဦးခင်ရီက တိကျသည့်အဖြေ ပြန်ပေးခြင်း မရှိသေးပေ။ သို့သော် ၀န်ကြီးက "မထည့်ဖို့ ကြိုးစားနေပါတယ်လို့တော့ ပြောတယ်"ဟု ဒေါ်ခင်စောဝေက မဇ္ဈိမ၏ တယ်လီဖုန်း ဖြင့် ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် မတ် ၃၀ မှ ဧပြီ ၁၀ ရက်အထိ သန်းခေါင်စာရင်းကောက်ယူရန် အစိုးရက စီစဉ် ထားသည်။

ထိုအစီအစဉ်သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးများအ တွက် အထူးအရေးကြီးသည့်ကာလမျိုးတွင် တင်းမာမှုများ မြင့်တက်လာစေနိုင်သည်ဟု ဘရပ်ဆဲလ်မြို့ အခြေစိုက် နိုင်ငံတကာပဋိပက္ခများ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) ၏ ဖေဖော်ဝါရီ ၁၂ ရက်ထုတ် အစီရင်ခံစာတွင်လည်း သတိပေးထားသည်။

Mizzima Burmese

ဘင်္ဂါလီဒုက္ခသည်များကို ပြန်လက်ခံရန် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တောင်းဆိုမှု မြန်မာသမ္မတပယ်ချ

Wednesday, March 05, 2014

ရန်ကုန်၊ မတ် ၎

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရှိနေသည့် ဘင်္ဂါလီ ဒုက္ခသည်များကို မြန်မာ အစိုးရက ပြန်လက်ခံပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina ၏ တောင်းဆိုမှုကို သမ္မတဦးသိန်းစိန်က ငြင်းဆို ပယ်ချခဲ့ကြောင်း သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သည့် ဘင်္ဂလားပင်လယ်အော် ဒေသတွင်းဆိုင်ရာ ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (BIMSTEC) တတိယ ထိပ်သီးညီလာခံသို့ တက်ရောက်ရန်အတွက် မတ်လ ၃ ရက်နေ့က မြန်မာနိုင်ငံ ရောက်ရှိခဲ့သည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံရာတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ရှိနေသည့် မြန်မာ ရိုဟင်ဂျာ တိုင်းရင်းသားများ (မူရင်းအသုံးအနှုန်း) ကို မြန်မာအစိုးရက ပြန်လည် လက်ခံပေးရန် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် တိုက်တွန်း ပြောကြားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

ယင်းသတင်းနှင့် ပတ်သက်၍ သမ္မတရုံးသို့ ဆက်သွယ် မေးမြန်းရာ ၎င်းကယင်းသို့ ပြန်လည် ပြောကြားခြင်း ဖြစ်သည်။
"ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ကမ်းလှမ်းခဲ့တာတော့ အမှန်ပါ။ ဒါပေမဲ့ သူတို့တွေက မြန်မာနိုင်ငံသား မဟုတ်တဲ့ အကြောင်း၊ သူတို့ကို ပြန်လက်ခံမည် မဟုတ်တဲ့အကြောင်း သမ္မတကြီးက ပြန်ပြီး ငြင်းဆိုလိုက်ပါတယ်" ဟု အဆိုပါ သမ္မတရုံး အကြီးတန်း အရာရှိက ရှင်းပြသည်။

ထို့အပြင် အဆိုပါ ဒုက္ခသည်များကိစ္စကို ဖြေရှင်းရန်အတွက် နှစ်နိုင်ငံ မျက်နှာစုံညီ ဆွေးနွေးမည်ဟု ဦးသိန်းစိန်က ကတိပေး ပြောကြားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ ဘင်္ဂလားဒေ့ရှ် သတင်းဌာန အချို့တွင် ရေးသား ဖော်ပြထားမှုကိုလည်း "ဘင်္ဂါလီ အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးပွဲတွေ လုပ်မယ်လို့ သမ္မတဦးသိန်းစိန် ကတိပေးခဲ့တာ မရှိပါဘူး" ဟု ၎င်းက ထပ်လောင်းရှင်းပြသည်။

မြန်မာနိုင်ငံသို့ မတ်လ ၄ ရက်နေ့က ရောက်ရှိခဲ့သည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သည် ၎င်း၏ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် နာယက သူရဦးရွှေမန်း အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့နှင့်လည်း တွေ့ဆုံခဲ့သည်။

သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးမြှင့်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေး အပါအဝင် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း အဆိုပါ သမ္မတရုံး တာဝန်ရှိသူက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ်တွင် ပထမဦးဆုံးအကြိမ် ရောက်ရှိလာခဲ့ပြီး ယခုခရီးစဉ်သည် ဒုတိယအကြိမ် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။




--
http://www.burmaburo.blogspot.com

Kala Militarists



Saturday, March 1, 2014


ရဲတွေဝိုင်းထားတော့ ကုလားတွေက ပြန်ဝိုင်း


Wira Thu
မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာယာမြို့သစ်၊ ဗ/၁နေ ကိုဇော်ဝင်း(ခ) အာရကန်နေအိမ်မှာ မိတာပါ။
ဗ/၁ ရပ်ကွက်က ကုလားရပ်ကွက်ဖြစ်ပါတယ်။ မနက်အစောကြီး ရဲတွေဝိုင်းထားတော့ ကုလားတွေက ပြန်ဝိုင်းပါတယ်။
အင်အားရာချီတဲ့ ရဲဝန်ထမ်းတွေ ပြိုင်တူမောင်းတင်ပြလိုက်မှ နောက်ဆုတ်သွားကြတာပါ။
မနေ့က ချမ်းအေးသာစံမြို့နယ်၊ ဒီနေ့ ချမ်းမြသာစည်မြို့နယ်၊ မနေ့က ၂ယောက်မိ။ ၂ ယောက်ထဲမှာ ကိုဇော်ဝင်း တစ်ယောက်ပါ။
ဒီနေ့ (၄)ယောက်မိ။ ၄ ယောက်ထဲမှာလည်း ကိုဇော်ဝင်းတစ်ယောက်ပါပါတယ်။ (နာမည်တူ ဇော်ဝင်း နှစ်ယောက် ဖြစ်ပါတယ်။)
ဒီကိုဇော်ဝင်းကိုတော့ အာရကန်လို့ ခေါ်ကြပါတယ်။ ဘင်္ဂလီလူမျိုးပါ။ မှတ်ပုံတင်မရှိပါ။

BY ရဲရင့်ငယ်(ကနေဒါ) ... 3/01/2014
ခေါင်းစဉ်






မန္တလေးခရိုင် မြို့နယ် နှစ်ခုတွင် စစ်သုံးကျည်ကာ ပုံစံဝတ်စုံများနှင့် တိုက်ခိုက်ရေး ပစ္စည်းများတွေ့

Browse › Home › » မန္တလေးခရိုင် မြို့နယ် နှစ်ခုတွင် စစ်သုံးကျည်ကာ ပုံစံဝတ်စုံများနှင့် တိုက်ခိုက်ရေး ပစ္စည်းများတွေ့

မန္တလေး၊ မတ် ၁

မန္တလေးမြို့တော် ချမ်းအေးသာစံ မြို့နယ် အနောက် အပ်ချုပ်ဝင်း ရပ်ကွက်နှင့် ချမ်းမြသာစည် မြို့နယ်တို့တွင် နေထိုင်သော လူခြောက်ဦးထံမှ ဖေဖော်ဝါရီလ ၂၈ ရက်နှင့် မတ်လ ၁ ရက်နေ့တို့တွင် စတီးပြားများ ထည့်သွင်း၍ ဓား၊ လှံ အကာအကွယ်ဖြင့် အထူး ပြုလုပ်ထားသည့် စစ်သုံးကျည်ကာ ပုံစံဝတ်စုံ ၁၄ စုံနှင့် တိုက်ခိုက်ရေး ပစ္စည်းများ စစ်ဆေး တွေ့ရှိခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ရုံးမှ ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်က ချမ်းအေးသာစံ မြို့နယ် ကူရှင်ချုပ် လုပ်ငန်း လုပ်ကိုင်သူ ခင်မောင်ဌေးထံမှ အလူမီနီယံပြား၊ စတီးပြားများ ထည့်သွင်း၍ ဓား၊ လှံ အကာအကွယ်ဖြင့် အထူး ပြုလုပ်ထားသည့် စစ်သုံးကျည်ကာ ပုံစံဝတ်စုံ နှစ်ထည်၊ လေးခွ ၁၃ လက်၊ ကုန်းသီးအလုံး ၉၀၊ ခရင်းခွ တစ်ခု၊ လှံတစ်ချောင်း၊ ဓားနှစ်ချောင်းတို့ကို တွေ့ရှိခဲ့ပြီး ၎င်းကို ဆက်လက် စစ်ဆေး မေးမြန်းချက် အရ ချမ်းအေးသာစံ မြို့နယ်တွင် နေထိုင်သူ ရွှေမောင်အိမ်မှ ခြောက်ထည်၊ လှမြင့်အိမ်မှ တစ်ထည်၊ ဇော်ဦးအိမ်မှ နှစ်ထည်တို့ကို တွေ့ရှိခဲ့ရကြောင်း၊ မတ်လ ၁ ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ် နေသူ သိန်းဇော်ထံမှ နှစ်ထည်၊ ဂျင်ကလိ ၁၀ ခု၊ စမုတ်တံများ၊ ဓားနှစ်ချောင်း၊ ခင်မောင်သန်းထံမှ တစ်ထည်တို့ကို တွေ့ရှိခဲ့ပြီး ဒုတိယရဲမှူးကြီး စိန်ထွန်းက ရှင်းပြသည်။

အဆိုပါ ဓား၊ လှံများဖြင့် ပြုလုပ်ထားသည့် စစ်သုံးကျည်ကာ ပုံစံဝတ်စုံများကို ချုပ်လုပ်သူကို စစ်ဆေးရာ ၎င်းသည် မိတ္ထီလာတွင် ဘာသာရေး ပဋိပက္ခပြီးနောက် ချုပ်လုပ်ခဲ့ခြင်း ဖြစ်ပြီး ယင်းအင်္ကျီများကို ဇော်ဝင်းဆိုသူက တစ်ထည်လျှင် လက်ခ ၃၀၀၀ ကျပ်နှုန်းဖြင့် အထည် ၃၀ ချုပ် လုပ်ခဲ့ကာ တွေ့ရှိသော ဓားများမှာ အစ်အခါ ကာလတွင် နွားများ လည်လှီးရန် ထားရှိကြောင်း ထွက်ဆိုခဲ့သည်ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

"အဓိက ကတော့ မိတ္ထီလာလိုမျိုး ကုလား-ဗမာ အဓိကရုဏ်း ဖြစ်လာရင် ကြိုတင် ကာကွယ်ဖို့ အတွက်လို့ သိရတယ်။ သူ့ကို လာအပ်ကြတယ်။ ကျွန်တော်တို့ စစ်ဆေးရ သလောက်တော့ ပစ္စည်းတွေ သိမ်းပြီးပြီ" ဟု ၎င်းကဆိုသည်။

၎င်းတို့ ခြောက်ဦးအနက် လေးဦးကို ချမ်းအေးသာစံ မြို့မ နယ်မြေ ရဲတပ်ဖွဲ့စခန်းတွင် လည်းကောင်း၊ နှစ်ဦးကို ချမ်းမြသာစည် မြို့မ နယ်မြေ ရဲတပ်ဖွဲ့ စခန်းတွင် လည်းကောင်း (ပ) ၁၅၅/ ၂၀၁၄ လက်နက်ပုဒ်မ ၁၉ (က) (ခ)အရ အမှုဖွင့် ဖမ်းဆီးကာ ပစ္စည်းများ သိမ်းဆည်း ရမိသူများကို စစ်ဆေးလျက် ရှိကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်မံ ရှင်းပြသည်။

The Voice Weekly





--
http://www.burmaburo.blogspot.com

တူရကီတွင် ဗလီဆရာနှစ်ဦးမှ ၎င်းတို့၏ နှမအရင်းခေါက်ခေါက်အား မုဒိမ်းကျင့်









တူရကီတွင် ဗလီဆရာနှစ်ဦးမှ ၎င်းတို့၏ နှမအရင်းခေါက်ခေါက်အား မုဒိမ်းကျင့်

Sunday, March 02, 2014



Sunday, March 2, 2014

တူရကီအရှေ့ပိုင်း၊ ကားစ်စီးတီး အနီးရှိ ရွာတစ်ရွာမှ ဗလီဆရာညီအစ်ကိုနှစ်ယောက်သည် ၎င်းတို့၏ နှမအရင်းခေါက်ခေါက်ဖြစ်သူကို အကွက်ချ၍ အစီအစဉ်တကျ မုဒိမ်းကျင့်ခဲ့ကြပြီး နှမလေးဖြစ်သူ ကိုယ်ဝန်ရှိလာစဉ်တွင်လည်း အစ်ကိုကြီးဖြစ်သူမှ ၎င်းကိုယ်ဝန်ကို အတင်းအဓမ္မ ဖျက်ချခိုင်းခဲ့မှုများကြောင့် တူရကီရဲမှ ၎င်းဗလီဆရာနှစ်ယောက်ကို ဖမ်းဆီးလိုက်သည်။

ယာကူတီယေရွာလေးမှ အသက် ၂၁ နှစ်အရွယ် HB က သူမအား အစ်ကိုဖြစ်သူ MB မှ ပြီးခဲ့သည့် သောကြာနေ့က မုဒိမ်းကျင့်ခဲ့ကြောင်း၊ ထို့ပြင် သူမ၏ အစ်ကိုတစ်ဦးဖြစ်သူ AB မှလည်း ၎င်းနှင့်အတူ နေထိုင်စဉ်အတွင်း အကွက်ကျကျစီစဉ်ကာ သူမကို မုဒိမ်းကျင့်ခဲ့ကြောင်း ရဲအား တိုင်ကြားခဲ့သည်။ လွန်ခဲ့သော ခုနစ်နှစ်က အမေဖြစ်သူ နှင့် ပြီးခဲ့သည့်နှစ်က အဖေဖြစ်သူ ဆုံးပါးသွားခဲ့၍ အစ်ကိုများနှင့် ကျန်ရစ်ခဲ့သော မိန်းမပျိုက ထိုသို့ညိစွန်းခဲ့မှုများကြောင့် သူမသည် သူမ၏ အစ်ကိုနှစ်ဦးအနက်မှ တစ်ဦးဦးနှင့် ကိုယ်ဝန်ရရှိခဲ့ကြောင်း၊ သို့သော် သူမ၏ အစ်ကိုနှစ်ဦးမှာ ဗလီဆရာများ ဖြစ်ကြပြီး ရပ်ရွာဘာသာရေးကိစ္စများတွင် ဦးဆောင်ဦးရွက်ပြုသူများ ဖြစ်သဖြင့် ၎င်းတို့၏ စကားကို မပယ်ရှားဝံ့ပဲ ကိုယ်ဝန်အား ဖျက်ချခဲ့ရကြောင်းတို့ကိုလည်း အခိုင်အမာ ပြောကြားခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းခံရပြီးသည့်နောက် အစ်ကိုတစ်ဦးဖြစ်သူ AB က ၎င်းအမှုကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ထိုသို့ကျူးလွန်ရခြင်းမှာ ၎င်းရပ်တည်နေသော အနေအထား၏ ဖိအားကို မတွန်းလှန်နိုင် ၍ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အခြားအစ်ကိုတစ်ဦးဖြစ်သူ MB မှ ၎င်းမှ ယင်းပြစ်မှုကျူးလွန်ခဲ့သည့်အတွက် နှမဖြစ်သူကို ငွေကြေးတစ်စုံတစ်ရာ ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ဗလီဆရာ နှစ်ယောက်ကို လက်ရှိအချိန်၌ ထိန်းသိမ်းထားသည်။




--
http://www.burmaburo.blogspot.com