အမေရိကန်  နိုင်ငံ သမတ၊ အထက်လွှတ်တော်(ဆီးနိတ်)။အောက်လွှတ်တော် (ကွန်ဂရက်) အမတ်များ၊  ဒီမိုကရေစီကို လေးစားမြတ်နိုးးသော ကမ္ဘာခေါင်းဆောင်များ ထံသို့   မြန်မာမျိုးချစ်များ မှ တောင်းဆိုချက်။
အကျဉ်းတင်ပြချက် 
စစ်အာဏာရှင်စနစ်ကြောင့်မြန်မာပြည်သူများအားလူမှုဒုက္ခမျိုးစုံပေးနေခြင်းကိုရပ်တမ်းကရပ်ဖို့   အချိန်ရောက်ပြီဖြစ်သည်။လစ်ဗျားနိုင်ငံအရေး အခင်းတွင် ပြည်သူများကို  အာဏာရှင်မှမတရား  သတ်ဖြတ်ခြင်းမှကာကွယ်သည့်အနေဖြင့်နိုင်ငံတကာမှဝင်ရောက်ခဲ့သည့်  သာဓကအတိုင်းကျွနုပ် တို့  မြန်မာပြည်သူပြည်သားများ ကိုလည်း  ဒီမိုကရေးကိုတန်ဖိုးထားသည့်   နိုင်ငံများမှ အလား တူအကူစစ်ရေးအရ  အကူအညီများပေးရန်တောင်းဆိုလိုက်သည်။
တင်ပြချက်
မြန်မာပြည်သူများသည် စစ်အာဏာရှင် မျိုးဆက်တဆက်ပြီး တဆက် ၏နှိပ်စက်မှု   အောက်တွင် ၁၉၆၂ ခုနှစ် မှ စ၍ ယနေ့ ထက်တိုင် ကျရောက် နေခဲ့ သည်။
- မြန်မာပြည်သူများသည် မျှော်လင့်ချက်ကင်းမဲ့ စွာဖြင့် စစ်အာဏာရှင်  စံနစ်အောက်တွင် လွတ်လပ်မှု့ မရှိ ဆိုးဝါးမှု့ များစွာကို ခါးစည်းခံစားပြီး  ကြောက်ရွံ့ စွာနေထိုင်ခဲ့ ကြရသည်။
- မြန်မာပြည်သူများတွင် လွတ်လပ်စွာ မိမိဆန္ဒကို ထုတ်ဖေါ်ပိုင်ခွင့်၊  လွတ်လပ်စွာ အဖွဲ့ အစည်း အသင်းအပင်း ဖွဲ့ စည်းခွင့်၊ လွတ်လပ်စွာ  ပုံနှိပ်ထုတ်ဝေပိုင်ခွင့် နှင့် ဥစ္စာပစ္စည်း ပိုင်ဆိုင်ခွင့် တို့ သည်  စစ်အုပ်ချုပ်မှု့ အောက်တွင် ခွင့်ပြုထားခြင်း   မရှိချေ၊ မြန်မာနိုင်ငံ  တွင်တရားမျှတစွာ ဥပဒေနှင့်စိုးမိုး
အုပ်ချုပ်မှုအလျှင်းမရှိချေ။
-၂၀၀၃ ခုနှစ် မေလ(၃၀) ရက်နေ့ တွင် ဒီပဲယင်းအရေးအခင်းတွင်  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ထောက်ခံသူ လူဦးရေ ရာကျော်အား ရက်စက်စွာ  သတ်ဖြတ်ခြင်းခံခဲ့ ကြရသည်။
-၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ရွှေဝါရောင် တော်လှန်ရေးဟု အမည်တွင်သော  ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ရဟန်းသံဃာ တော်များနှင့်ပြည်သူများကို  ရက်စက်စွာ သတ်ဖြတ်ဖြိုခွဲပြီ့း ကျောင်းသားပြည်သူများ နှင့်   ရဟန်းသံဃာတော်များကို ထောင်သွင်း အကျဉ်းချခဲ့သည်။
ဘားနတ်ကောချနာက ကုလသမဂ္ဂ မှ ပြည်သူများ ကိုကာကွယ်ရန်တာဝန်ရှိသည် ဆိုသည့်  ကုလဆုံးဖြတ်ချက်အရ စစ်အာဏာရှင်က ခွင့်ပြုခြင်းမရှိသော်လည်း မိမိသဘော နှင့်   ၀င်ပြီး ပြည်သူကို ကယ်တင်သင့်ကြောင်း ပြောကြားခဲ့ သည်။
-၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဂီရိမုန်တိုင်း ဒါဏ်ကို  ဒုတိယအကြိမ်ခံခဲ့ရပြန်သည်။ သို့ ရာတွင် စစ်အစိုးရက ပျက်စီးမှုများ ကို  ဖုံးကွယ်ရ်ျ     ထိခိုက်မှု့  သိပ်မရှိသယောင် နိုင်ငံတကာ ကူညီမှု့ ကို မ၀င်  ရောက်နိုင်ရန် ပြုလုပ်ခဲ့ ပြန်သည်။
-ကျွန်ုပ်တို့ အနေနှင်  မြန်မာနိုင်ငံအရေးကို နိုင်ငံတကာမှ  ကိုယ်ထိလက်ရောက် ၀ိုင်းဝန်း ကူညီ ကြရန် အချန်ရောက်ပြီဟု တိုက်တွန်းချင်သည်။  ကုလသမဂ္ဂ မှ လစ်ဗျားနိုင်ငံ သို့ဝင်ရောက်နိုင်ခဲ့ လျှင် အဘယ်ကြောင့်  မြန်မာနိုင်ငံ သို့ မ၀င်ရောက် နိုင်သနည်း? ဟုမေးချင်ပါသည်။
-မြန်မာနိုင်ငံသည် အိပ်ပျော်နေသော မီးတောင် နှင့် တူပါသည်၊ အကယ်ရ်ျ  ပြည်သူများက၎င်းတို့  ၏ အခွင့်  အရေးများကိုအုံကြွတောင်းဆိုလာပါကစစ်အစိုးရမှရက်စက်စွာ သတ်ဖြတ်အုံးမည်ဖြစ်  သည်။ ကျွန်ုပ်တို့ အနေ နှင့်  နိုင်ငံတကာအစိုးရများမှ  အနာဂတ်ဖြစ်ပေါ်လာမည့်လူထုအုံကြွမှုကို သတိနှင့်စောင့် ကြည့်ရ်ျ  ငြိမ်းချမ်းစွာ မိမိတို့ လိုလား ချက်များကို တောင်းဆိုသော  ပြည်သူများကို                                                                        အကာအကွယ်ပေးဖို့ လိုပါသည်။ ကျွန်ုပ်တို့  အနေ နှင့်  တရုပ် နှင့်   ရုရှား အစိုးရတို့ ကိုလည်း ယင်းကဲ့ သို့ ဖြစ်ပေါ်လာပါက ယခင်က ၎င်းတို့    မြန်မာအရေးတွင် ဗီတို  အာဏာ သုံးရ်ျစစ် အစိုးရအားအကာအကွယ်ပေးမှု့ မျိုးကို  ဆက်လက်မပြုလုပ်ရန် တောင်းဆိုလိုက်ပါသည်။
ထိုကဲသို့ စစ်ရေးအရ၀င်ရောက်မှုသည် မြန်မာနိုင်ငံကို  နိုင်ငံခြားတပ်များမှ ကိုလိုနီပြုရန် ၀င်ရောက် ခြင်း ဟု မြန်မာပြည်သူများမှ  လုံးဝ ယူဆလိမ့်မည် မဟူတ်ဘဲ မိမိတို့  အားစစ်ကျွန်ဘ၀မှ လွတ်လပ် သော   ဂုဏ်သိက္ခာရှိသောလူသားများအဖြစ် ကမ္ဘာ့ အလယ်တွင်ရပ်တည်နိုင်ရန်  လူသားခြင်းစာနာ ထောက်ထားသောစိတ်ထားဖြင့် ၀င်ရောက်ကူညီသည်ဟု  သတ်မှတ်ကာထာဝစဉ်ကျေးဇူးတင်ရှိ နေမည်ဖြစ်ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးသို့   ကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည်။
စစ်ကျွန်ဘ၀သို့ ရောက်နေကြသောပြည်သူများကိုယ်စားမြန်မာမျိုးချစ်များ
Military Intervention on Burma Petition
OVERVIEW
Burmese people have been suffered enough under military rule and now  Libya case proved that we will have the same rights to demand from the  democracy loving countries to help us.  Our people have been slaughtered  by the military for decades.  We need the world to know that we are  human being and we deserve to choose the government we like.  Our  destiny for freedom will not come to reality if there is foreign  military intervention in Burma.
Burmese people have been suffered enough under military rule and now  Libya case proved that we will have the same rights to demand from the  democracy loving countries to help us.  Our people have been slaughtered  by the military for decades.  We need the world to know that we are  human being and we deserve to choose the government we like.  Our  destiny for freedom will not come to reality without foreign military  intervention in Burma.
To Honorable World Democratic Leaders
An Appeal to the International Communities by Burmese Nationalists
The current attack on Libyan dictator Muammar Gadaffi's troops by  international air strikes gave our people hope. We want the same action  from the international communities for our beloved country Burma, which  has been under successive military regimes since 1962.
The Burmese people have been living hopelessly in fear under terrible  conditions: brutal military regimes that have ruled for more than four  decades, lack of medical care, a poor education system; malnutrition,  forced labor, the taking of child soldiers, and rapidly spreading AIDS  and tropical diseases are indicative of Burma today.
Burmese people have no freedom of expression, organization, or  publication, and we lack of property rights under military rule. There  is no rule of law in Burma.
Nationwide demonstrations on August 8, 1988, which was known as the  Four-Eighths Movement, were crushed by brutal force, with government  forces killing more than 3,000 unarmed demonstrators.
On May 30, 2003, the Depeyin Massacre killed more than a hundred  members of the opposition political party, the National League for  Democracy.
In September 2007, a peaceful demonstration known as the Saffron  Revolution was led by Buddhist monks. It was crushed and thousands  including monks were put into prisons.
Over two million refugees have been staying in Burma's neighboring  countries (Thailand, China, India, and Bangladesh) for more than two  decades and are hoping to go home someday.
In 2008, Cyclone Nergis hit hard Burma's delta region, killing more  than 137,000 people and leaving two and a half million homeless. But the  military regime refused foreign aid for weeks and let its people die.  The French foreign Minister Bernard Kouchner suggested that the United  Nations should invoke its "responsibility to protect" civilians as the  basis for a resolution to allow the delivery of international aid even  without the Junta's permission.
We were encouraged by French President Nicolas Sarkozy's assurance  that from now on France will not allow any dictatorial regime to  slaughter its own people. We are counting on his words and want to see  the USA and other democratic countries take the same stand.
In 2010, Burma was hit again by Cyclone Giri, but still the Junta  downplayed the damage and ignored offers of help from international  donors.
We think it is time for the international community to act on Burma.  If the United Nations can intervene in Libya, why not in Burma?
Burma is like a sleeping volcano; it can erupt any time. When people  rise up for their rights, the regime will slaughter thousands of  innocent people again. We want the international community to prepare  for that moment so that it can help our peaceful demonstrators who want  to decide their own destiny. We also request that the Chinese and  Russian governments not use their veto again, as they did in the past,  if something happens in Burma in the near future.
Many United Nations' resolutions were never complied with by the  Burmese regime and were ignored time after time. The United Nations'  resolutions on Burma never help the suffering people because the  resolutions have no teeth. The only thing that can save the Burmese  people from the slavery of the military Junta is international  intervention just like in Libya. We, the people of Burma, want to see  international military intervention in Burma to free us from our  suffering.
Burmese people will not see the international military intervention  as  occupational forces, we see it as the liberation forces which aim is  to free Burma from military yoke.
Burmese Nationalists, 88 Generation and new generations.
 သီလ၊  သမာဓိ၊ ပညာဟု ကိုယ်ကျင့်တရားကို  အခြေခံသော ပညာရေးစနစ် ဂုဏ်တု၊   ဂုဏ်ပြိုင်နှင့် ငွေ၊ ဝတ္ထုတို့၏ ဖျက်ဆီးမှု  ကြောင့် ပုံစံတစ်မျိုး   ပြောင်းခဲ့ရပေပြီ။ အခု ပညာရေးစနစ်ကို  ပြုပြင်ချင်လျှင် အစိုးရတီထွင်ထားသော   ဘွဲ့ထူး၊ ဂုဏ်ထူးများနှင့် အာမိသပူ ဇာ  တို့၌ အခြေခံနေသည်ကို တွေ့ရှိရမည်   ဖြစ်သည်။ ဘွဲ့ရတိုင်း ပညာတတ်မဟုတ်သော  စစ်တပ်အုပ်ချုပ်သော ခေတ်၏  အရောင်သည်  သံဃာလောကသို့လည်း ဝင်ရောက်လျှက်  ရှိနေပေတော့သည်။
ဘုန်းတော်ကြီး စာမေးပွဲများ ......
မကြာမီ  ပထမပြန် စာမေးပွဲများ စစ် တော့မည်။ ဘုန်းတော်ကြီးများရဲ့ ပညာရေး   ဖြတ်သန်းမှုကို ပထမပိုင်း အခြေအနေများနှင့် ယခုလက်ရှိ အခြေ အနေများကို   နှိုင်းယှဉ်နေမိသည်။ ဟိုယခင် ဤပထမပြန် စာမေးပွဲ ပုံစံနှင့် ယခုပုံစံ   များစွာကွဲပြား သွားပေပြီ။
အကောင်းကို ဦးတည်သလား၊ အဆိုးကို ဦးတည်သလား၊ တိုးတက်မှုလား၊ ဆုတ်ယုတ်မှုလား၊ ဤမေးခွန်းများက အဆက်မပြတ်ပေါ်လာသည်။
ဘုန်းတော်ကြီးများ၏  စာပေလေ့လာသင်ယူမှုသည်  နှုတ်ငုံဆောင်ရသော ပညာရေးသင်ကြားမှု ဖြစ်သည်။  ကြောင်ပုစွန်စား  ကျွတ်ကျွတ်ဝါးသို့ ဟူ၍ ဟိုး အင်းဝခေတ်လောက်တည်းက  စွဲမြဲခဲ့သော  သင်ကြားမှုစနစ်သည် ယနေ့အချိန်ထိ မပြောင်းလဲသေးပေ။ ဗုဒ္ဓ  စာပေနှင့်  အဆုံးအမများသည် ယနေ့ခေတ်တိုင်မက နောင် လူသားတည်ရှိနေသမျှ  အသုံးဝင်နေမည်  ဆိုသည်မှာ သံသယဖြစ်စရာမရှိ ပေ။ လက်ငင်းဘဝတွင်  အသုံးချနိုင်သော  နေ့စဉ်ဘဝနှင့် အံဝင်ခွင်ကျ ရှိလှသော အဆုံးအမများ  ဖြစ်ပေသည်။
သို့သော်လည်း သင်ယူဆဲ ကာလနှင့်  နောင်နှစ်တော်တော်ကြာသည်အထိ  ကိုယ်သင်ထားသည့် ပညာရေးသည် လက်တွေ့ ဘဝတွင်  မည်ကဲ့သို့ အသုံးဝင်သည်ကို  သဘောမပေါက်ဘဲ ရှိကြသည်။ သဂြိုဟ်လို အဘိဓမ္မာ  အခြေခံများသည် ကုသိုလ်၊  အကုသိုလ်နှင့် စိတ်ဖြူစင်အောင် ပြုလုပ်ပုံများ  အတိအကျ ပါရှိသော်လည်း  သင်ကြားပြသသော ဆရာတချို့ကလွဲ၍ ဆရာအများစုက  နှုတ်တက်ရွရွသာ အတင်း  ကျက်အံခိုင်းခဲ့သည်။
သဒ္ဒါလို  ဘာသာရပ်တွင် နာမ်ပုဒ်၊ ကြိယာပုဒ်  တည်ဆောက် ပုံများကို ပါဠိသဒ္ဒါသုံး  ဝေါဟာရဖြစ်သော ဓာတ်၊ ပစ္စည်း၊ ဝိဘတ်  တွဲစပ်ပုံတို့ကို နေ့စဉ် အလွတ်ကျက်မှတ်  ရသော်လည်း  ပါဠိဝါကျတည်ဆောက်ပုံတို့ကို ကျွမ်းကျွမ်းကျင်ကျင် မရှိလှချေ။  နောက်ပိုင်း  မဟာဂန္ဓာရုံ ဆရာတော် တို့လို ခေတ်မီ ပြောင်းလဲလိုသော ဆရာတော်  တချို့၏  ကြိုးပမ်းမှုကြောင့် ပါဠိသိက္ခာစသော ကျမ်းစာများ ဖြည့်စွက်  သင်ကြားကြသော  စာသင်တိုက်တချို့မှ လွဲ၍ စာသင်တိုက် တော်တော်များများ သည်  ပါဠိဝါကျ  မစီကုံးတတ်ကြပေ။ စာမေးပွဲတွင်လည်း အလွတ်ကျက်မှတ်ထားသော  စာတွေထဲမှာ  ပါဠိတစ်ပုစ္ဆာ၊ အနက်တစ်ပုစ္ဆာကို ပိုင်နိုင်စွာ  ဖြေဆိုနိုင်လျှင်ပင်  အောင်မှတ်ရရန် အတော်နီးစပ်နေခြင်းကလည်း  အာဂုံဆောင်ဓလေ့ကို  ပိုမိုအားပေးသည်ဟု ထင်သည်။ ဥာဏ်စမ်း ပုစ္ဆာများ  မဖြေနိုင် သော်လည်း  အောင်မှတ်ရဖို့အတွက် အာဂုံကျက် ထားရသော စာများက  အားကိုးလောက် နေသည်။  ဤလိုနှင့် ပထမငယ်၊ ပထမလတ်၊ ပထမကြီး တန်းများကို  ဖြတ်ကျော်ခဲ့ပြီးနောက်  ဓမ္မစရိယတန်းလို သဘောတရား ကို ဦးစားပေးရသော  အတန်းကို အောင်မြင်သူ  နည်းပါးခဲ့သည်။
စာမေးပွဲပုစ္ဆာများကို  တစ်နိုင်ငံလုံး  တစ်ပြေးညီ တစ်ပုံစံတည်းမို့ မည်သည့်နေရာက ဖြေဖြေ  အောင်မြင်သူတိုင်း  အရည်အချင်းမှာ မကွာခြားလှပေ။ ယခုနောက်ပိုင်း  စစ်တပ်အာဏာသိမ်းပြီးနောက်  ဖြစ်ပေါ်လာခဲ့သော စာမေးပွဲပုံစံများက  ပညာသင်ကြားသူ စာသင် သားတို့အား  အရည်အချင်းကို တစ်မျိုးပြောင်းလဲသွားစေသည်။  စာသင်ပုံစနစ်သည် နဂိုအတိုင်း  ဖြစ်သော်လည်း စာဖြေပုံစနစ်သည်  တစ်မျိုးတစ်ပုံစံ ဖြစ်သွားပေပြီ။
တိုင်းအလိုက် မေးခွန်းထုတ်၍  စာဖြေချိန်ရက်  မတူတော့ခြင်းက စာဖြေသူတို့အတွက် ရွေးချယ်စရာ အသစ်တို့ကို  ဖန်တီးပေးသလို  ဖြစ်သွားစေသည်။ မန္တလေးတိုင်း စာဖြေရက်နှင့် စစ်ကိုင်းတိုင်း  စာဖြေရက်  မတူညီခြင်းကို စာသင်သား သံဃာ တစ်ပါးက ကိုယ်တွေ့ကို  ပြောပြခဲ့ဖူးသည်။  ပထမလတ်တန်းကို မန္တလေးတွင်လည်း စာရင်းပေးသွင်းထားသည်။  စစ်ကိုင်းတွင်လည်း  ပေးသွင်းထားသည်။ မေးခွန်းချင်းလည်း မတူသည့်အတွက်ကြောင့်  တစ်တိုင်းမဟုတ်  တစ်တိုင်းမှာတော့ အောင်မြင်နိုင်သည်။ တိုင်းအတွင်း ပထမ၊  ဒုတိယ၊ တတိယ  တို့ကို ရွေးသည်။ ထိုပြည်နယ်နဲ့တိုင်း ပထမ၊ ဒုတိယ၊  တတိယတို့ကို တဖန်ပြန်၍  ကမ္ဘာအေး၌ ပြန်လည်၍ ဖြေကြရသည်။ ထိုထဲမှ  တစ်နိုင်ငံလုံး ပထမ၊ ဒုတိယ၊ တတိယကို  ရွေးချယ်သည်။
စာမေးပွဲစနစ်  ပြောင်းလာသည်နှင့်အတူ  မေးခွန်းပုံစံ ပြောင်းလာသည်။ တိုင်းအတွင်း၊  ပြည်နယ်အတွင်းက စာသင်တိုက်ကြီး  များမှ ထိုတိုင်း၊ ပြည်နယ်အတွက်  မေးခွန်းထုတ်ကြရ သည်။ စာသင်တိုက်ကြီးမှ  မေးခွန်းထုတ် စာချ ဆရာတော်တစ်ပါး  သွားရောက်ပြီဟု သတင်းကြားသည်နှင့်  ထိုဆရာတော် စပို့ခဲ့သော ဘာသာရပ်နှင့်  သက်ဆိုင်သော မှတ်စုစာအုပ်များကို  အခြားစာသင်တိုက်များမှ  အလုအယက်ရှာဖွေရတော့သည်။ ထိုဆရာတော် မေးလေ့မေးထရှိသော  မေးခွန်းဟောင်း  များကလည်း စာသင်သားသံဃာတော်တို့ စာမေးပွဲကို များစွာ  အကူအညီပေးမည့်  အရာများ ဖြစ်သည်။ ဒကာ၊ ဒကာမများ၏ ဂုဏ်တု ဂုဏ်ပြိုင်ပြုမှု  စာမေးပွဲ  အောင်မြင်သော ကိုရင်များကိုသာ ပစ္စည်းလေးပါး ထောက်ပံ့သူပေါများမှု   တို့ကြောင့် စာမေးပွဲအောင်ရန် နည်းပေါင်းစုံ ကြိုးစားလာကြသည်။
စာမေးပွဲမသမာမှုများက  နောက်ပိုင်းတွင်  နေရာအနှံ့မှ ကြားလာရသည်။ သာသနာရေးဝန်ထမ်းတချို့၏  စည်းကမ်း ဖောက်ဖျက်မှုက  မေးခွန်းများ ပေါက်ကြားစေသည်။ နောက်ပိုင်းတွင်  သာသနာရေးဝန်ထမ်းတချို့ကို  လာဘ်ထိုး၍ လက်မှတ် ရယူခဲ့သူများပါ ရှိလာသည်ကို  ကြားသိရသည်။
ဒုတိယ ပါရာဇိက သိက္ခာပုဒ်တွင် မသမာသော   ခိုးယူမှုအပေါ် ၂၅ မျိုး အထိ ပြဆို၍ ကိုယ်ကျင့် သိက္ခာကို အမြင့်ဆုံး   တည်ဆောက်နိုင်ရန် ပညတ်ပေးထားသော်လည်း ထိုစာမေးပွဲ မသမာမှုများက ထို ၂၅   ပါးထဲမှာ ကျူးလွန်မိအောင် အခြေအနေများက တွန်းပို့နေသည်။ တချို့နေရာများတွင်   လူစားဝင်ဖြေခြင်းတို့ကိုလည်း ထိထိရောက်ရောက် မတားဆီး နိုင်ပေ။
ယခုခေတ်၌  ခေတ်စားလာသော တက္ကသိုလ်ပညာရေးများ  ရှိသည်။ ထိုတက္ကသိုလ်များမှ  ရရှိသောဘွဲ့များသည် အရပ်ဖက် ကျောင်းသားများ  ရရှိသော ဘွဲ့များနည်းတူ (B.A)  (M.A) (PhD) ဖြစ်လာသောကြောင့် စာသင်သားများ  ထိုဘွဲ့များဆီ မျက်နှာမူဦးတည်  လာကြသည်။ တက္ကသိုလ်တိုင်းကို မဆိုလိုသော်လည်း  အိန္ဒိယ၊ သီရိလင်္ကာ စသော  တက္ကသိုလ်များ အဝေဖန်ခံနေရသည်။ (PhD) အတွက်  လေ့လာနေသော စာသင်သားတစ်ပါးကို  တွေ့ဖူးသည်။ တစ်ချိန်လုံး ထိုတက္ကသိုလ်မှာ  မရှိ။ သူတက်သည်က အိန္ဒိယ။  သူနေသည်က ထိုင်း။ တစ်နေရာစီမို့ ခေတ်မီနည်းအရ  ထိုတက္ကသိုလ်နှင့် အမြဲမပြတ်  အဆက်အသွယ်ရှိနေသည်ဟု ထင်မိသည်။  သေချာမေးကြည့်တော့ ဘာအဆက်စပ်မှ မရှိ။
"အရှင်ဘုရား၊ ဘယ်ခေါင်းစဉ်အတွက် လေ့လာနေပါသလဲ" လို့ မေးလျှောက်တော့ ပါရမီအကြောင်း စာတမ်းတင်ဖို့ လုပ်နေတယ် ဟု ပြန်ဖြေသည်။
"စာအုပ်  စာတမ်းတွေတော်တော်များများ  လေ့လာရမှာပဲနော် " ဟု ထပ်လျှောက်တော့ "  လယ်တီဆရာတော်ရဲ့ ပါရမီ ဒီပနီ  ရှိနေတာပဲ ဗျာ" ဟု ပြန်ဖြေတာကို  ကြားသိခဲ့ရသည်။
ဤလိုနှင့် (B.A) (M.A) (PhD) ဟု ဘွဲ့တွေ   မွေးထုတ်ပေးရာ တက္ကသိုလ်အချို့က ဘုန်းတော်ကြီးပညာရေးစနစ်ထဲမှ   ဖြစ်ပျက်နေမှုအချို့ ဖြစ်သည်။ တကယ်တိတိကျကျ သင်ကြားပို့ချသော   တက္ကသိုလ်များလည်း မရှိမဟုတ်။ ဆွမ်းဆန်နဲ့ ရောသော ကြွက်ချေးအချို့က ခေတ် ပေါ်   ဘုန်းတော်ကြီး ပညာရေးကို ဖြတ်လမ်းလိုက်လိုသူတို့ ကို အားပေးရာရောက်နေ  သည်။
ရှေးခေတ်နှင့် ယခုအထိ ဂုဏ်သိက္ခာရှိ  တန်ဖိုးထားနေရဆဲ  ဖြစ်သော သကျသီဟ၊ စေတီယင်္ဂဏ စသော စာမေးပွဲများက ယခုခေတ်ပေါ်  ပညာရေးတို့ထက်  သံဃာလောကတွင် အသိအမှတ်ပြုခံခဲ့ရဆဲ တန်ဖိုးတစ်ခုအဖြစ်  ပညာလိုသူတိုင်း၏  ကျားကုတ်ကျားခဲ အားထုတ်ဆဲ ဖြစ်သည်။ ထိုစာမေးပွဲတို့၏  အားနည်းချက်၊  ချို့ယွင်းချက်တို့ မရှိသောကြောင့် တန်ဖိုး ထားခံရခြင်း  ဖြစ်သည်။
သီလ၊  သမာဓိ၊ ပညာဟု ကိုယ်ကျင့်တရားကို  အခြေခံသော ပညာရေးစနစ် ဂုဏ်တု၊  ဂုဏ်ပြိုင်နှင့် ငွေ၊ ဝတ္ထုတို့၏ ဖျက်ဆီးမှု  ကြောင့် ပုံစံတစ်မျိုး  ပြောင်းခဲ့ရပေပြီ။ အခု ပညာရေးစနစ်ကို  ပြုပြင်ချင်လျှင် အစိုးရတီထွင်ထားသော  ဘွဲ့ထူး၊ ဂုဏ်ထူးများနှင့် အာမိသပူ ဇာ  တို့၌ အခြေခံနေသည်ကို တွေ့ရှိရမည်  ဖြစ်သည်။ ဘွဲ့ရတိုင်း ပညာတတ်မဟုတ်သော  စစ်တပ်အုပ်ချုပ်သော ခေတ်၏ အရောင်သည်  သံဃာလောကသို့လည်း ဝင်ရောက်လျှက်  ရှိနေပေတော့သည်။
 အရှင် ဇဝန (ဓမ္မာစရိယ)
http://www.facebook.com/note.php?saved&¬e_id=208806599132177#!/profile.php?id=100001168658232&sk=wall
Former Burmese political prisoners on the Thai-Burma border
U  Zawana was arrested in 1993 and sentenced to 29 years in prison for his  political activities. He was jailed for 16 years in Insein and  Tharawaddy prisons. After his release from prison he was forced to flee  Burma and now lives in exile in a safe house on the Thai-Burma border  James Mackay
No comments:
Post a Comment