- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်မြောက်မွေးနေ့ မြန်မာနိုင်ငံ အမျိုးသားနေ့တွင် ထုတ်ပြန်သော ဗဟိုအမျိုးသမီးအဖွဲ့၏စာတမ်း...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ မွေးနေ့အမှီ ရောက်ရှိလာတဲ့ သားငယ် ကိုထိန်လင်းအား ရန်ကုန်လေဆိပ်တွင် သွားရောက်ကြိုဆို...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ မဲဆောက်နေ မြန်မာပြည်သူ .. ပြည်သားများအတွက် မွေးနေ့ နှုတ်ခွန်းဆက် အားပေးစကား....
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာပြည်သူလူထုသို့ ပေးပို့သည့်(၆၆) နှစ်မြောက် မွေးနေ့ နှုတ်ခွန်းဆက်စကား...
- မင်္ဂလာရှိသော မေမေ တေးရေး ..တေးဆို (ဝိုင်မြစ်ချို)♫ ♫ ♫
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်မြောက် မွေးနေ့ ဂုဏ်ပြုသီချင်း(PRMG . Japan)
- ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်အဖြစ် Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)၏ အင်တာနက် စာမျက်နှာ (Website) ဖွင့်လှစ်ခြင်း အသိပေး ကြေငြာချက်
- ကျေးဇူးမေမေ ကျေးဇူးပါမေမေ...♫ ♫ ♫
- သြစတေးလျနိုင်ငံ မယ်လ်ဘုန်းမြို့မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းပွဲ အခမ်းအနား (ဓာတ်ပုံ)
- တစ်နပ်စား လမ်းစဉ် ဆောင်းပါးရှင် (အရှင်ဥက္ကဋ္ဌ).
- ကမာ့္ဘဒုက္ခသည်များနေ့ အကြို ဂုဏ်ပြုပွဲအခမ်းအနား ဓာတ်ပုံ (နယူးဒေလီ)
- Happy Birthday ပါ ဖွားဖွားစု !!!
- လူထုခေါင်းဆောင် (သို့ ) မတရားသော အမိန့် အာဏာမှန်သမျှ ဖီဆန်သူ... ဆောင်းပါးရှင် (ဇော်ဝင်းအေး)
- ပန်းမြတ်ဧကရီ ( ၀ါ ) ဒေါ်အောင်ဆန်းစုကြည် ကဗျာရှင် (ဗမာ့သွေး)
| Posted: 19 Jun 2011 03:45 AM PDT | 
| Posted: 18 Jun 2011 10:34 PM PDT | 
| Posted: 18 Jun 2011 09:10 PM PDT မဲဆောက်မြို့မှာ ရောက်နေကျတဲ့  ကျွန်မတို့မြန်မာနိုင်ငံက ပြည်သူပြည်သားတွေနဲ့  ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့ မိတ်ဆွေတွေကို ကျွန်မနှုတ်ဆက်ပါတယ်။ ဒီလိုကိုယ့်တိုင်းပြည်ကို ပြစ်ပြီးတော့ တိုင်းတစ်ပါးမှာ သွားပြီးတော့နေရတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါကျွန်မတို့ရဲ့ ပြင်ပရောက်နေတဲ့ ပြည်သူလူထုတွေအားလုံး လုံလုံခြုံခြုံ အေးအေးဆေးဆေးနဲ့ ကျွန်မတို့နိုင်ငံကို ပြန်ရောက် လာနိုင်ဖို့အတွက် ဒီမိုကရေစီလှုပ်ရှားမှုမှာပါဝင်တဲ့သူတွေအားလုံးကကြိုးစားနေကြတာ ဖြစ်ပါတယ်။ အခုလိုပြင်ပရောက်နေပေမဲ့လဲ ကိုယ့်တိုင်းပြည်ရဲ့အရေးကိုဆက်လက် လုပ်ဆောင်နေတဲ့အတွက်လည်း ကျွန်မအများကြီး ဂုဏ်ယူပါတယ်။ ကျွန်မရဲ့မွေးနေ့ ကို သတိတယနဲ့ ဒီလိုစုဝေးကျတဲ့အတွက်လဲ ကျွန်မကျေးဇူးတင်ပါတယ်။ မွေးနေ့တွေ ကိုဖြတ်သန်း လာရတဲ့အခါ ကျွန်မတို့ရဲ့အတိတ်ကို ပြန်ပြီးတော့စဉ်းစားမိပါတယ်။ ဒီမိုကရေစီလှုပ်ရှားမှုအရေးဟာ အနှစ်(၂၀) ကျော်ခဲ့ပါပြီ ဒီအနှစ်(၂၀) ဟာ အချည်းနှီးမဟုတ်ပါဘူး ပင်ပင်ပန်းပန်းနဲ့ ဖြတ်သန်းခဲ့ရပေမယ့် ဒီလိုပင်ပင်ပန်းပန်းနဲ့ ဖြတ်သန်းခဲ့ရလို့ကို ကျွန်မတို့ဟာ ဘ၀သင်ခန်းစာတွေအများကြီးရခဲ့ပါတယ် ဒီဘ၀သင်ခန်းစာတွေနဲ့ ကျွန်မတို့နိုင်ငံဟာ နောင်နိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ စစ်မှန်တဲ့ခိုလှုံရာတစ်ခုဖြစ်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်မတို့နားလည်လာတာဖြစ်ပါတယ်။ အားလုံးတူတူ ကြိုးစားသွားမယ်ဆိုလို့ရှိရင် နောင်ကျွန်မမွေးနေ့တွေမှာ ဒီလို ရေဒီယိုကနေ တစ်ဆင့် မဲဆောက်မှာ ရောက်နေတဲ့ကျွန်မတို့ ပြည်သူပြည်သားတွေကို စကားပြောရမဲ့အစား အားလုံးကို မြန်မာနိုင်ငံအတွင်းမှာ စုစုစည်းစည်းနဲ့ တွေ့ဆုံပြီးတော့ နှုတ်ဆက်ချင်ပါတယ် အဲဒီလိုနှုတ်ဆက်နိုင်ဖို့လည်း ကျမတို့ကြိုးစားပါမယ်။ အားလုံးကနေပြီးတော့ ကျွန်မတို့နဲ့ ကြိုးစားပေးပါလို့ အားလုံးကနေ စိတ်ဓာတ်မကျကျပါနဲ့ ပြင်ပရောက်နေတဲ့သူတွေအားလုံးဟာလဲ ကျွန်မတို့ရဲ့ အင်အားတွေပါပဲ ပြင်ပကို ရောက်နေပါလား ဆိုပြီးတော့ အားမငယ်ပါနဲ့ နောက်ပြီးတော့လည်း.. ဒို့တစ်တွေကနေပြီးတော့ အင်မတန်မှ ဒုက္ခရောက်နေတဲ့သူတွေ ဆင်းရဲမှုနဲ့ ရုန်းကန်နေရတဲ့သူတွေမို့လို့ ဘာမှထိထိရောက်ရောက် လုပ်နိုင်စွမ်းမရှိဘူး ဆိုတဲ့အတွေးမျိုးလဲ မထားပါနဲ့။ လူတိုင်းလူတိုင်းဟာတန်ဖိုး ရှိသလို လူတိုင်းလူတိုင်းဟာ စိတ်အင်အား ကိုယ်အင်အား ရှိကြပါတယ်။ ကိုယ်ရှိတဲ့အင်အားလေးတွေနဲ့ ကိုယ်တတ်နိုင်သမျှ ကျွန်မတို့ရဲ့လှုပ်ရှားမှုကို ကူညီမယ်ဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံတစ်နိုင်ငံလုံးကို ကူညီရာလဲရောက်ပါတယ် ဒါကြောင့်မို့လို့ ဆက်လက်ပြီး ကူညီနိုင်ကျပါစေ နောင်တစ်နေ့တစ်ခါမှာ မကြာတော့မယ့် တစ်နေ့တစ်ခါမှာ ကျွန်မတို့အားလုံးတွေ့ဆုံနိုင်ကြပါစေလို့ ကျွန်မဆုတောင်းရင်းနဲ့ ကျေးဇူးတင်ပါတယ်လို့ ကျွန်မထပ်ပြီးတော့ပြောချင်ပါတယ်။ ဗီဒီယိုဖိုင် ဒေါင်းလုပ်လုပ်ချင်ရင်..  http://www.mediafire.com/?rldi8n4rdh6q8ew ပေးပို့ပေးတဲ့ ကိုသောင်းတန်ချိုနဲ့ ကောင်းစလင်းအား ကျေးဇူးတင်ပါသည်...။ | 
| Posted: 18 Jun 2011 08:49 PM PDT ဘယ်ဘာသာပဲ ကိုးကွယ် - ဘာလူမျိုးပဲဖြစ်ဖြစ် - ဘာစကားပဲပြောပြော တကယ့်ကို စေတနာအပြည့်နဲ့  တောင်းပေးတဲ့ ဆု ဟာ အတိုင်းအတာ တခုထိ ထိရောက်မှုရှိတယ်လို့ ကျမ ယုံပါတယ်.. ဘာလို့ လဲဆိုတော့ ကျမက မေတ္တာ စေတနာရဲ့ စွမ်းပကားကို အင်မတန် ယုံလို့ပါပဲ .. အရင်နှစ်တွေမှာ ဆုတောင်းပေးတဲ့သူတွေ အခုနှစ် ဆုတောင်းပေးသူအားလုံးကို ကျေးဇူးတင်တယ် ပြောရင်းနဲ့ ဒီဆုတောင်းပေးချက်တွေဟာ ကျမကို အင်မတန် အထောက်အကူပေးတယ်လို့  ပြောချင်ပါတယ်..။ | 
| မင်္ဂလာရှိသော မေမေ တေးရေး ..တေးဆို (ဝိုင်မြစ်ချို)♫ ♫ ♫ Posted: 18 Jun 2011 08:43 PM PDT | 
| လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်မြောက် မွေးနေ့ ဂုဏ်ပြုသီချင်း(PRMG . Japan) Posted: 18 Jun 2011 08:40 PM PDT | 
| Posted: 18 Jun 2011 08:27 PM PDT GW Announcementညီအကိုမောင်နှမများ ခင်ဗျား...။ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)၏ အင်တာနက် စာမျက်နှာ www.generationwave.org ( Website) ဖွင့်လှစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည် ခင်ဗျား။ လေးစားစွာဖြင့် Generation Wave(မျိုးဆက်သစ် လူငယ်များအစည်းအရုံး) info@generationwave.org media@generationwave.org www.generationwave.org | 
| ကျေးဇူးမေမေ ကျေးဇူးပါမေမေ...♫ ♫ ♫ Posted: 18 Jun 2011 01:31 PM PDT  ကျေးဇူးမေမေ ကျေးဇူးပါမေမေ... ♫ ♫ ♫  (၆၆)နှစ်ပြည့် မွေးနေ့ရှင် အမေစုအတွက်... ဒီနေ့ ဇွန်လ (၁၉)ရက်နေ့ (၆၆)နှစ်ပြည့် အမေစုမွေးနေ့...။ ကျွန်တော်တို့ ပြည်သူတွေရဲ့ ရင်ထဲမှာ စွဲကျန်နေရစ်မယ့် ထူးခြားတဲ့ နေတစ်နေ့ပါပဲ..။ ဘာရယ်မဟုတ် အခုတလော မိဘမေတ္တာဘွဲ့ အမေသီချင်းတွေ နားထောင်နေမိပါတယ်...။ အင်မတန်မှ လေးစား နှစ်သက်ခဲ့ရတဲ့ ကွယ်လွန်သူ နိုင်ငံကျော် အဆိုတော် ကိုထူးအိမ်သင်ရဲ့ ကျော်ကြားခဲ့တဲ့ အမေမေတ္တာဘွဲ့ သီချင်းတွေထဲက အကြိုက်ဆုံးတစ်ပုဒ်ဖြစ်တဲ့ ကျေးဇူးပါမေမေ ဆိုတဲ့ သီချင်းလေးပါပဲ.. ရေးစပ်သူက ကိုလေးလွင်ပါ..။ အမေလို့ စတင်ပြီး ခေါ်ဝေါသုံးစွဲပါရစေ အမေ။ အမေစု ကျွန်တော်တို့ ပြည်သူတွေ အားလုံးအတွက် အပင်ပန်းခံ၊ နေအိမ် အကျယ်ချုပ်အဖြစ်  နှစ်ပေါင်းများစွာ စတေးခံခဲ့ရ ပေးဆပ်ခဲ့ရတာတွေ များနေပါပြီအမေ..။ ကျွန်တော်တို့ ပြည်သူတွေ လေးစားချစ်ခင်ရပြီး နိုင်ငံတကာက လေးစားချစ်ခင်ရတဲ့  အမေစုဟာ ကျွန်တော်တို့ နိုင်ငံရဲ့အလင်းရောင်ပါ အမေ။ အမေစုဟာ ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူတွေရဲ့ အားကိုးရာပါ အမေ..။ နိုင်ငံတကာ လေးစားချစ်ခင်မှုရရှိတဲ့ အမေစုသာ မရှိရင် ကျွန်တော်တို့ ပြည်သူတွေရဲ့ ဘဝဟာ အာဏာရှင်အောက်မှာ မတွေးဝံ့စရာပါအမေ..။   အမေစုကို လေးစားချစ်ခင်တဲ့ သားတွေထဲက တစ်ယောက် အနေနဲ့ ထပ်ပြီး ပူဆာ တောင်းဆိုပါရစေ အမေ...။ အမေဆက်လက်ပြီး ကျွန်တော်တို့ ပြည်သူတွေရှေ့မှာ မားမားမတ်မတ် ရပ်တည် ပေးပါဦးအမေ..။ အမေရဲ့ ဆုံးဖြတ်ချက်တွေ လမ်းညွှန်ချက်တွေ နောက်မှာ တသွေမသိမ်း လိုက်နာဆောင်ရွက်ပါ့မယ် အမေ...။ ၂၃နှစ်လုံးလုံး တိုင်းပြည်တွေအတွက် မိသားစုနဲ့ ပျော်ရွှင်ရမယ့် ဘဝတွေ အချိန်တွေကို စွန့်လွှတ်ပြီး နိုင်ငံနဲ့ ပြည်သူအတွက် ဘဝကို နှစ်မြုပ်ထားခဲ့ရတဲ့ အမေစုကို သားတို့ လေးစားစာနာမိပါတယ်.. အမေ။ သားတို့ အမေစု အပေါ်မှာ ကံသုံးပါးနဲ့ ပြောမှားဆိုမှား ရှိခဲ့တာတွေ ရှိရင် အမေမွေးနေ့မှာ ခွင့်လွှတ်ပါလို့လည်း တောင်းပန်ပါတယ် အမေ..။ အမေစုရဲ့ (၆၆)နှစ်ပြည့် မွေးနေ့အခါသမယမှာ.... (ကျေးဇူးပါမေမေ♫ ♫ ♫ ) သီချင်းလေးထဲက အကြိုက်ဆုံး စာသားလေးတွေဖြစ်တဲ့ ဟိုအရင်တုန်းကလိုတော့ မမိုက်ဘူးအမေ ...♫ ♫ ♫  ဟုတ်ပါတယ် အမေစု ကျွန်တော်တို့ အမေစုသားတွေ ဖြစ်ဖို့အတွက် သတ္တိနဲ့ မိုက်ရူးရဲစိတ် (၂)ခုထဲက မိုက်ရဲရူးရဲစိတ်ဓာတ်ကို ဖယ်ထုတ်ပြီး အမှန်တရားအတွက် သတ္တိရှိရှိနဲ့ ရင်ဆိုင်ပါ့မယ်.. အမေ..။ ကျွန်တော်မေမေ အသက်ရာကျော်ဖို့ ဆုတောင်းနေ..♫ ♫ ♫  ဆိုတဲ့ စာသားအတိုင်း အမေစု မွေးနေ့မှာ  သားတို့ မြန်မာနိုင်ငံသားတွေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက အမေ အသက်ရာကျော် ရှည်စေဖို့ ဆုမွန်ကောင်း တောင်းပေးနေပါတယ် အမေ။ ကျွန်တော်မေမေ ပန်းကြာရေတွေ ရွှင်လန်းစေ ♫ ♫ ♫  ဆိုတဲ့ စာသားလေးအတိုင်း အမေစု ပိန်းကြာရွက်တွေပေါ် ရေမတင်သလို ဘေးအန္တရာယ် ကင်းပါစေအမေ။ ကြည်လင် အေးမြတဲ့ ရေအလျဉ်လို အေးချမ်းပါစေအမေ...။ ကျေးဇူးမေမေ ကျေးဇူးပါမေမေ ♫ ♫ ♫  ကျွန်တော်တို့ အဝေးရောက် သား၊သမီးတွေကနေ အမေ့စုရဲ့ (၆၆)နှစ်ပြည့် မွေးနေ့အတွက် ထပ်လောင်း ပြောပါရစေ... ကျေးဇူးမေမေ... ကျေးဇူးပါမေမေလို့......♫ ♫ ♫  ဒီမိုဝေယံ | 
| Posted: 18 Jun 2011 01:30 PM PDT | 
| တစ်နပ်စား လမ်းစဉ် ဆောင်းပါးရှင် (အရှင်ဥက္ကဋ္ဌ). Posted: 18 Jun 2011 01:15 PM PDT စိတ်ချမ်းသာစွာနေထိုင်နိုင်ရေးသည် ဘ၀တစ်ခုအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသည်။ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာ မည်မျှပင် ရှိနေစေကာမူ စိတ်ချမ်းသာမှုတစ်ခု ဆိတ်သုဉ်းနေပါက ရရှိထားသည့် ဘ၀တစ်ခု၏တန်ဖိုးသည် ပြီးပြည့်စုံသည်ဟု မဆိုသာပေ။ တစ်ချိန်တည်းမှာပင် ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံခြင်းသည် စိတ်ချမ်းသာရေးတွင် အထောက်အပံ့တစ်ခုအနေဖြင့် ပါဝင်နေသည်ကိုလည်း ငြင်းပယ်၍မရနိုင်ပေ။ ဤနေရာတွင် ဘ၀အတွက် ပဓာနနှင့် သာမညကို နားလည်သဘောပေါက်ပြီး ပဓာနကျသည့် လမ်းကြောင်းအမှန်ကို ရွေးချယ်ပြီး လက်တွေ့ကျကျ ကျင့်သုံးနိုင်မှသာလျှင် ဘ၀တွင်သာယာချောမွေ့ပြီး ပျော်ရွှင်မှုကို ရရှိနိုင်ပေလိမ့်မည်။ ယနေ့ကာလတွင် စည်းစိမ်ဥစ္စာ ချမ်းသာကြွယ်ဝမှု၊ ရာထူးအာဏာရှိမှု စသည့် အကျိုးခံစားမှုများနဲ့ ပတ်သက်ပြီး  ယင်းတို့၏ နောက်ခံ အကြောင်းတရားများအပေါ် အကောင်းနှင့် အဆိုး၊ အမှားနှင့်အမှန် စသည်တို့ကို တစ်နေ့တစ်ခြား ဝေဖန်ပိုင်းခြားလာနေကြသည်။ ဥပမာအားဖြင့် ရာထူးအာဏာရရှိမှု၊ စီးပွါးဥစ္စာ ဖြစ်ထွန်းမှုစသည့် အကျိုးတရားတိုင်းသည် ကောင်းမှုကုသိုလ်၏ အကျိုးရလာဒ်ဖြစ်ခဲ့ပါက ယင်းတို့၏ အကြောင်းနောက်ခံများ ဖြစ်နိုင်ဖွယ်ရှိသည့် နည်းမျိုးစုံနှင့် လုယက်ယူငင်ခြင်း၊ လိမ်ညာကောက်ကျစ်ခြင်း စသည့် မသမာသည့်နည်းလမ်းများသည် ကုသိုလ်ပင်ဖြစ်ရမည်ဟု တွေးဆလာကြခြင်းဖြစ်သည်။ ယင်းအတွေးအခေါ်အယူအဆသည် အကြောင်းနှင့် အကျိုးဟူသည့် အယူအဆလမ်းကြောင်းနှစ်သွယ်တွင် ပန်းတိုင်ဟူသည့် အကျိုးတစ်ခုတည်းကိုသာ ရှေ့ရှုဦးတည်ထားသည့် မိမိအတွက်အကျိုးရှိက ဘနဖူး သိုက်တူးမည့် ၀ါဒမျိုးဖြစ်သည်။ အဆိုပါလမ်းစဉ်သည် မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ဘုရားရှင်နှင့် ၀ါဒရေးရာကွဲပြားကြသည့် တိတ္ထိဆရာကြီး ခြောက်ယောက်အနက် ပုရာဏကဿပ တိတ္ထိဆရာကြီး၏ လမ်းစဉ်ပင်ဖြစ်သည်။ ၎င်း၏လမ်းစဉ်အရ မိမိရည်ရွယ်ထားသော အကျိုးပန်းတိုင်သို့ ရောက်ရှိ၊ ရရှိလျှင် ယင်း၏အကြောင်းလမ်းစဉ်သည် အမှန်ဟူ၍ ဆုံးဖြတ်ယူဆသူဖြစ်သည်။ ထိုဆရာကြီး၏ အယူအဆလမ်းစဉ်အရ ဖခင်ကိုသတ်၍ ဘုရင်ဖြစ်လာခဲ့သည်ဖြစ်စေ၊ ရွေးကောက်တင်မြှောက်သည့် လမ်းစဉ်အရ ဘုရင်ဖြစ်လာခဲ့သည်ဖြစ်စေ ဘုရင်ဖြစ်လာရေးသည် အဓိကပန်းတိုင်ဖြစ်သည်။ ဘုရင်ဖြစ်ခြင်း ဟူသည့် အကျိုးပန်းတိုင်သို့ ရောက်လျှင် ယင်းပန်းတိုင်သို့ ရောက်ကြောင်းဖြစ်သော အဖသတ်မှု၊ လိမ်ညာကောက်ကျစ်မှု စသည်တို့သည်လည်း အမှန်ဟုပင်ယူဆသည်။ ၎င်းပုရာဏကဿပ တိတ္ထိဆရာကြီး၏ အယူဝါဒအရ အကျိုးကောင်းခြင်းသည် အကြောင်းကောင်း၍သာ ဖြစ်သည်ဟု ပြောဆိုလေ့ရှိသည်။ ထို့ကြောင့် အဖကိုသတ်ပြီး မင်းဖြစ်လာသည့် အဇာတသတ်ကိုပင် အဖကိုသတ်ခြင်းသည် မှန်ကန်သည့် အကြောင်းတရားဖြစ်၍ နောင်တရဖွယ်မရှိကြောင်း ဖြောင်းဖျခဲ့ဖူးသည်။ ဤနေရာတွင် ပုရာဏကဿပ တိတ္ထိဆရာကြီး ကဲ့သို့သော အကြံပေးပုဂ္ဂိုလ်များ မြန်မာနိုင်ငံတွင် ရှိ /မရှိ ဆိုသည့်ကိစ္စမှာ စဉ်စားဖွယ်ရာပင် ဖြစ်နေတော့သည်။ အကျိုးရလာဒ် တစ်ခုတည်းကိုသာ ပဓာနထားသူများသည် "ဘယ်သူသေသေ ငတေမာပြီးရော" ဟူသည့် တစ်နပ်စားဉာဏ် သဘောတရားကို လက်ကိုင်ထားသူများဖြစ်သည်။ ၎င်းတစ်နပ်စားဉာဏ် ရှိသူတို့အဖို့ လိမ်ညာကောက်ကျစ် လုယက်ယူငင်၍လည်း စီးပွါးရှာကြသကဲ့သို့ လိမ်ညာ ဟန်ဆောင်၍လည်း လောက၏ ပူဇော်သက္ကာရကို ရယူတတ်ကြသည်။ မိမိ၏ အထက်လူကြီး စသည်တို့ကို ဖြားယောင်း၍လည်း ရာထူးအာဏာကို ရယူတတ်ကြသည်။ ထိုသူတို့အဖို့ လုပ်ပိုင်ခွင့်နှင့် ရာထူးအာဏာ လက်ဝယ်ရောက်ရှိပြီးပါက တာဝန်နှင့် ရပိုင်ခွင့်တွင် တာဝန်ဆိုသည်ကို လျစ်လျူရှုတတ်ပြီး ရပိုင်ခွင့်ကိုသာ လက်မလွှတ်စတမ်း အမိအရဆုပ်ကိုင်လေ့ ရှိတတ်ကြသည်။ ယင်းလုပ်နည်း လုပ်ဟန်များသည် ယနေ့ခေတ်တွင် ထင်ရှားစွာ တွေ့မြင်နေကြရပြီး လက်တွေ့တွင်လည်း တကယ်ပင် ကြီးပွါးချမ်းသာ နေကြသည်မှာ ငြင်းပယ်၍မရအောင်ပင် မှန်နေသည်။ သို့အတွက်ကြောင့် ၎င်းတို့၏ အယူဝါဒ လမ်းစဉ်တို့ကို အမှန်အဖြစ် လက်ခံလိုက်နာ ယုံကြည်ကြရတော့မည်လော။  ကိစ္စတစ်ခုကို တွေးခေါ်ဆုံးဖြတ်ကြရာတွင် မိမိမြင်နိုင်စွမ်းရှိရာ မျက်စိတစ်ဆုံးအတွင်းမှာသာ ကြည့်ပြီး ဆုံးဖြတ်၍မရနိုင်ပေ။ မိမိမြင်နိုင်စွမ်းမရှိသော၊ မိမိဉာဏ်မမှီနိုင်သော အရားများစွာလည်း ရှိနေပေသေးသည်။ အထက်တွင် ဖော်ပြခဲ့သည့် လမ်းစဉ်မျိုးဖြင့် အသက်မွေးဝမ်းကြောင်း ပြုမှုမျိုးကို ဗုဒ္ဓ၀ါဒအလိုအရ မိစ္ဆာဇီဝ မှားယွင်းသည့် အသက်မွေးဝမ်းကြောင်း ပြုမှုမျိုးအဖြစ် ခံယူထားပြီး ရှုတ်ချထားသည်။ ယင်းမိစ္ဆာအာဇီဝလမ်းစဉ်ဖြင့် ကြီးပွါးလာမှုကြောင့် အနာဂတ်ခရီးတွင် အနည်းဆုံး တွေ့ကြုံလာရနိုင်ဖွယ်ရှိသည့် အချက်သုံးချက်ကိုဖော်ပြလိုသည်။ မသမာသည့် နည်းလမ်းများဖြင့် ရရှိလာခဲ့သည့် စည်းစိမ်ဥစ္စာ ချမ်းသာသုခနှင့် ရာထူးဂုဏ်သိန်တို့သည် ကာလအားဖြင့် အရှည်ကြာဆုံး တစ်ဘ၀မျှသာ ဖြစ်နိုင်သကဲ့သို့ ၄င်းတို့ကျက်စားရန် နယ်မြေဒေသမှာလည်း ကျဉ်းမြောင်းလှပေသည်။  မသူတော်များလွှမ်းမိုးရာ ဒေသ တနည်းအားဖြင့်ဆိုရသော် ၀ိပတ္တိတရား ထွန်းကားရာဒေသမျိုးတွင်သာ ကျက်စားနိုင်ပေသည်။ ယင်းကိုပင် ခေတ်ပျက်သူဋ္ဌေးများအဖြစ် ခေါ်ဝေါ်သုံးနေကြခြင်း ဖြစ်ဟန်တူသည်။  ပုဂ္ဂိုလ်အားဖြင့်လည်း ဓာတ်တူချင်းမှ ရောသည် ဆိုသည့်အတိုင်း အကြံတူ ဉာဏ်တူ ကလိမ်ကျသူအချင်းချင်း၊ တကိုယ်ကောင်းကျင့်သူများ အချင်းချင်းမှာသာ မျက်နှာပွင့်နိုင်ကြသည်။ မြတ်ဗုဒ္ဓစာပေများတွင် ဖော်ပြပါ မိစ္ဆာဇီဝ ကျင့်စဉ်မျိုးကို အသက်မွေးမှု လွယ်ကူကြောင်း လမ်းစဉ်အဖြစ် ဖော်ပြထားပြီး ကဲ့ရဲ့ရှုတ်ချထားသည်။ ဗုဒ္ဓဘာသာဆိုသည်မှာ မြတ်စွာဘုရားရှင် ကျင့်သုံးတော်မူခဲ့သည့် လမ်းစဉ်၊ ဟောကြားတော်မူခဲ့သည့် စကားတော်၊ ချမှတ်တော်မူခဲ့သည့် မူဝါဒများကို ဆိုလိုသည်။ ယင်းကျင့်စဉ် စကားတော်များနှင့် မူဝါဒများကို လိုက်နာကျင့်သုံးသူကိုသာလျှင် ဗုဒ္ဓဘာသာဝင်ဟူ၍ ခေါ်ဆိုနိုင်သည်။ ယင်းသို့မဟုတ်ပါက အမည်ခံ ဗုဒ္ဓဘာသာဝင် တစ်ယောက်သာဖြစ်ပေလိမ့်မည်။ ဘာသာ အယူဝါဒတစ်ခုကို ကြိုက်/ မကြိုက် ဆိုသည်ထက် လက်တွေ့ကျင့်သုံးမှုသည်သာ ပို၍အပြုသဘောဆောင်လေသည်။ ပုဂ္ဂိုလ်ခင်မှ တရားမင် ဆိုသည့်စကားအတိုင်း ပုဂ္ဂိုလ်ရေးသို့လိုက်၍ လိုက်နာကျင့်သုံးမှုရှိသကဲ့သို့ အခြားတစ်ဖက်တွင် ဆန့်ကျင်သယောင်ဖြင့် ပုဂ္ဂိုလ်ရေးအရ ဝေဖန်တိုက်ခိုက်နေလင့်ကစား လိုက်နာကျင့်သုံးမှုပိုင်းဆိုင်ရာတွင် ကျင့်ဝတ်သိက္ခာ စာမျက်နှာအရ ထပ်တူကျနေသည်တို့ကိုလည်း တွေ့ရတတ်ပေသည်။  နိဂုံးချုပ်အားဖြင့် ကာလ၊ ဒေသ၊ ပုဂ္ဂလ ဟူသည့် နယ်ပယ်သုံးခုတွင် မိမိဘ၀ လိပ်ပြာသန့်စွာဖြင့် ရှင်သန်နိုင်ရေးအတွက် ပုရာဏကဿပ တိတ္ထိဆရာကြီးကဲ့သို့သော ပုဂ္ဂိုလ်တို့၏ တစ်နပ်စားလမ်းစဉ်မှ ရှောင်ရှားနိုင်ကြစေရန် တင်ပြလိုက်ရပါသည်။  အရှင်ဥက္ကဋ္ဌ ဆောင်းပါး ပေးပို့ပေးတဲ့ အရှင်ဥက္ကဋ္ဌအား ကျေးဇူးတင်ပါသည်...။ | 
| ကမာ့္ဘဒုက္ခသည်များနေ့ အကြို ဂုဏ်ပြုပွဲအခမ်းအနား ဓာတ်ပုံ (နယူးဒေလီ) Posted: 18 Jun 2011 12:46 PM PDT  ကမ္ဘာ့ဒုက္ခသည်များနေ့ ဂုဏ်ပြုပွဲ အခမ်းအနားကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ (Dos Bosco)  ကျောင်းမှာ ဇွန်လ (၁၈ )ရက် ညနေ (၄း ၀၀) ၀န်းကျင်မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ ၊ NGO အဖွဲ့အစည်းတွေ ၊ သတင်းမီဒီယာတွေနဲ့ စာနယ်ဇင်းအဖွဲ့တွေနဲ့ အတူ မြန်မာဒုက္ခသည် ပါဝင်ခဲ့ပြီး လူဦးရေ စုစုပေါင်း (၇၀၀) ကျော် တက်ရောက်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး ဆီမီးကို ထွန်းညှိပြီး အခမ်းအနားကို အခုလို ဖွင့်လှစ်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့ အခြေစိုက် ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံး UNHCR ရဲ့ အကြီးအကဲဖြစ်သူ ( Chief of mission )က "  ဒီနေ့ဟာ တကမ္ဘာလုံးမှာ ရှိတဲ့ ဒုက္ခသည် များနေ့ဘဲ ဖြစ်ပါတယ်။ ဘယ်လို လူမျိုးဟာ ဒုက္ခသည်တွေ ဖြစ်သလဲ။ ဘယ်လိုလူမျိုးကို ဒုက္ခသည်လို့ ခေါ်သလဲ။ ဒီဒုက္ခသည်တွေအတွက် ကျမတို့ ဘာတွေ လုပ်ပေးကြမလဲ။ ဘာတွေ လုပ်ပေးသင့်လဲ။ သူတို့ဟာ တကယ့်ကို အရေးကြီးတဲ့ ပုဂိုလ်တွေဘဲ ဖြစ်တဲ့ကြောင်း" ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် သူက ဆက်ပြီး ကမ္ဘာပေါ်မှာ ဒုက္ခသည်ပေါင်း သန်း ၂၀ နီးပါး ရှိပြီး နဲ့ သူတို့ရဲ့ ဘ၀လုံခြုံရေး အတွက် ယူအန် နေရာရှာပေးလာတာဟာ နှစ်ပေါင်း ၆၁နှစ် ရှိပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ၁၉၅၀ ဒီဇင်ဘာမှာ စတင်ဖွဲ့စည်း တည်ထောင်ခဲ့တဲ့ ယူအန် ဟာ လူဦးရေ ၁၄ သန်းကို သူတို့ဘ၀ ရပ်တည် နိုင်ရေး သင့်တော်မယ့်နေရာကို ပြန်လည်ချထား ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိ နယူးဒေလီမှာ ရှိတဲ့ ယူအန်ဟာ ဒုက္ခသည်တွေ ၁၄ ရာခိုင်နှုန်းကို အလုပ်အကိုင်ရှာပေးနိုင်ခဲ့ပြီး တလကို ရူဘီ (၇၀၀၀) နဲ့ မိသားစု ၁၂၇ စုကို အလုပ်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ တကမ္ဘာလုံးနဲ့ ဆိုင်တဲ့ ဒုက္ခသည်များနေ့ အခမ်းအနားမှာ အိန္ဒိယ ရိုးရာအကနဲ့ ယူအန် ရုံးဝန်ထမ်းတွေနဲ့ ဖျော်ဖြေ တင်ဆက်မှု ၊ YMCA ကလေးများရဲ့ အက ၊အိန္ဒိယနိုင်ငံမှာ ရောက်နေတဲ့ အာဖဂန် လူမျိုးတွေရဲ့ ရိုးရာအက ၊မြန်မာ အမျိုးသမီးများရဲ့ ကြယ်အက ၊ဆိုမားဗီယား အက ၊ စတဲ့ မတူကွဲပြားတဲ့ ရိုးရာ ယဉ်ကျေးမှု အကတွေနဲ့ လူငယ်တွေရဲ့ ခေတ်အပေါ်အကနဲ့ ပရိတ်သတ်အကြိုက် ဖျော်ဖြေ တင်ဆက်ခဲ့ပြီး ည ( ၉း၀၀) မှာ အခမ်းအနား ပြီးဆုံးခဲ့ပါတယ်။ ပေးပို့ပေးတဲ့ ညီငယ် စည်သူအား ကျေးဇူးတင်ပါသည်..။ | 
| Happy Birthday ပါ ဖွားဖွားစု !!! Posted: 18 Jun 2011 12:19 PM PDT Happy Birthday ပါ ဖွားဖွားစု !!! ဒီနေ့(18th June) အမေ့အိမ် ပညာဒါနကျောင်းလေးမှာ ပညာသင်ယူနေကြတဲ့ အတန်းစုံက ကလေးငယ်တွေအားလုံး စုပေါင်းပြီး သူတို့ ချစ်တဲ့ ဖွားဖွားစုရဲ့ (66) နှစ်မြောက်မွေးနေ့ အကြို ဆုတောင်ပွဲ လေးတစ်ခုကို ပျော်ရွှင်စွာ ကျင်းပပြုခဲ့ကြပါတယ်။ အခမ်းအနားမှာ..... ဖွားဖွား ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျေးဇူကြောင့် ဒီအမေ့အိမ်ကျောင်းလေးပေါ်ပေါက်လာရပုံကို ဆရာ ဦးအေးဘိုက ကလေးများကို ရှင်းလင်းပြောပြပြီး၊ ကဗျာဆရာကြီ ဦးတင်မိုးရဲ့ '' မွေးနေ့ မင်္ဂလာ '' ကဗျာကို ဆရာ ဒေါ်စံပါယ်က ကလေးများနဲ့ အတူသံပြိုင် ရွတ်ဆိုပြီး ဖွားဖွားစု အတွက် မွေးနေ့ ဆုတောင်းမေတ္တာများ ပို့သခဲ့ကြပါတယ်။ ''Happy Birthday ဖွားဖွားစု'' သီချင်းကိုတော့ ဆရာ ဥာဏ်ဝင်းအောင် က ဂီတာတီးပေးပြီး ကလေးများနဲ့ ဆရာ ဆရာမများအားလုံး ပါဝင်သီဆိုပြီး Birthday cake ကို တပျော်တပါး လှီးခဲ့ကြပါတယ်၊ နောက်ဆုံး အစီအစဉ် အနေနဲ့ ကလေးများကို မုန့်နဲ့ လက်ဆောင်ပစ္စည်းလေးများ ပေးအပ်ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါတယ်။ ထူခြားမှုတစ်ခုကတော့ UAE နိုင်ငံမှ ကိုနေမိုးဝင်း နှင့် သူငယ်ချင်းတစ်စုက အမေစုမွေးနေ့ အမှတ်တရ ကောင်းမူပြုသည့် အနေဖြစ် အလှူငွေ ကျပ် ၃၀၀၀၀၀ိ/ (သုံးသိန်း)ကို ကိုယ်တိုင်ကိုယ်ကြ လာရောက် လှူဒါန်းပြီး ကလေးများနဲ့ အတူ အမေ့မွေးနေ့ ပွဲကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲခဲ့ကြပါတယ်။ မနက်ဖြန်(19th June)မှာ ကျရောက်မယ့် အမေ့မွေးနေ့မှာလည်း ကလေးများအားလုံးရဲ့ ရင်ထဲက စကားလုံးလေးတွေကို သူတို့ကိုယ်တိုင် မညီမညာ လက်ရေးလေးတွေနဲ့ ရေးသားထားတဲ့ ''အမေ့အိမ်မှ ဆုတောင်းသံ'' စာအုပ်ကို အမေ့စုထံ မွေးနေ့လက်ဆောင်အဖြစ် ပေးအပ်မှာ ဖြစ်ပါတယ်။ အမေ ကိုယ်ကျန်းမာပြီး စိတ်ချမ်းသာပါစေ.....။ အမေ့ရဲ့ သားသမီးနှင့် မြေးများ အမေ့အိမ် ပညာဒါနကျောင်း လှိုင်သာယာ ကိုငယ်အား ကျေးဇူးတင်ပါသည်...။ | 
| လူထုခေါင်းဆောင် (သို့ ) မတရားသော အမိန့် အာဏာမှန်သမျှ ဖီဆန်သူ... ဆောင်းပါးရှင် (ဇော်ဝင်းအေး) Posted: 18 Jun 2011 10:09 AM PDT လူထုခေါင်းဆောင် (သို့ )  မတရားသော အမိန့် အာဏာမှန်သမျှ ဖီဆန်သူ။ ဆောင်းပါးရှင် (ဇော်ဝင်းအေး)  အလင်းအိမ်မှ ဖော်ပြသည်။ ၆၆ နှစ်မြောက် အမေစုအတွက် မွေးနေ့  ဆောင်းပါး ဇွန်လ တစ်ဆယ့်ကိုးရက်နေ့။   ။ ထိုနေ့ကား  မြန်မာနိုင်ငံ၏  လွတ်လပ်ရေး  ဗိသုကာဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်းမှ၊  တချိန်မှာ  မြန်မာလူထုအတွက်၊  ရှေ့တန်းမှ  မားမားရပ်ကာ၊  လူထုခေါင်းဆောင် ဖြစ်လာမည့်၊  သမီးရတနာ  ဒေါ်အောင်ဆန်းစုကြည်၏  မွေးနေ့တည်း။  တချိန်က  ဗိုလ်ချုပ်သည်  သူကိုယ်တိုင်  အယ်ဒီတာ အဖြစ်  လုပ်ကိုင်၍၊  ထုတ်ဝေခဲ့သော  အိုးဝေ မဂ္ဂဇင်းထဲတွင်  ပါရှိသော  ကဗျာဖြစ်သည့်  "အနိုင်မခံ"ထဲက အတိုင်း--- ငါ့အား  ဖုံးလွှမ်းထားသော  လကွယ်သန်းခေါင် ဤအမှောင်  အတွင်းမှနေ၍  အနိုင်မခံ  အရှုံးမပေးတတ်သော ငါ၏  စိတ်ဓာတ်ကို  ဖန်ဆင်းပေးသည့်  နတ်၊ သိကြားတို့အား  ငါ  ကျေးဇူးတင်၏။ ---ဆိုသလို၊  အနိုင်မခံ  အရှုံးမပေးသော  စိတ်ဓာတ်ဖြင့်၊  မြန်မာနိုင်ငံကို  လွတ်လပ်ရေးရအောင်  ရယူပေးနိုင် ခဲ့သည်။ ထို့အတူ  ယ္ခုအချိန်တွင်လည်း၊  ဗိုလ်ချုပ်တို့  ရယူပေးခဲ့သော၊  လွတ်လပ်ရေး  အရသာကို၊  ခံစားခွင့်  မရသော၊  တိုင်းသူပြည်သားတို့အတွက်၊  ယခင်လို  အနိုင်မခံ  အရှုံးမပေးတတ်သည့်  စိတ်ဓာတ်ပိုင်ရှင်၊  သမီး ရတနာကို  ချန်ထားပေးခဲ့သော  ဗိုလ်ချုပ်အား၊  ကျွန်ုပ်တို့မှ  ထပ်မံကျေးဇူးတင်ပါ၏။ လောကဓံတရား၏  ရက်စက်ကြမ်းကြုတ်သော  လက်ဆုပ်အတွင်းသို့ ကျရောက်နေရငြားသော်လည်း  ငါကား  မတုန်လှုပ်  မငိုကြွေး  ကံတရား၏  ရိုက်ပုတ်ခြင်း  ဒဏ်ချက်တို့ကြောင့် ---ဟုဆိုသလို၊  ဗိုလ်ချုပ်သည်  အင်္ဂလိပ်နယ်ချဲ့တို့၏ အမျိုးမျိုးသော  ရက်စက်ကြမ်းကြုတ်မှု၊  ဖိနှိပ်မှု တို့ကြားမှ ဒုက္ခ  အမျိုးမျိုးခံကာ၊  တိုင်းပြည်လွတ်လပ်ရန်၊  တခုတည်းသော  ရည်သန်ပြီး၊  စိတ်ခွန်အား  ကောင်းမွန်စွာဖြင့်၊  အသက်ကိုပါ  စွန့်လွှတ်ကာ၊  ခေါင်းမော့  ရင်ကော့၍၊  ရပ်တည်သွားခဲ့သော  အာဇာနည် စစ်စစ်တည်း။ ဒေါ်စုသည်လည်း  ဖခင်၏  သွေးအပြည့်ပါသူပီပီ၊  အာဏာရှင်တို့၏  အမျိုးမျိုးသော  ဖိနှိပ်ချုပ်ချယ်မှု၊ နှစ်ပေါင်းများစွာ ဖမ်းဆီးခံရမှု အကြိမ်ကြိမ်နဲ့၊  အသက်သေဆုံးနိုင်သည့်တိုင်အောင်  လုပ်ကြံခံရမှုများ ကြုံတွေ့ ခဲ့ရသော်လည်း၊  သူရဲကောင်းသွေးအပြည့်ပါသူပီပီ၊  ပြည်သူပြည်သားတို့၏  လွတ်လပ်ခွင့်၊  တန်းတူညီမျှ ခွင့်၊  တရားမျှတမှု ရရှိရေးအတွက်၊  သူကိုယ်တိုင်  ဒုက္ခအမျိုးမျိုး ခံစားရသော်လည်း၊  အာဏာရှင်တို့၏  ခြိမ်းခြောက်မှုကို  မကြောက်မလန့်၊  မတုန်လှုပ်စွာနဲ့  တိုင်းပြည် အနာဂတ်ကောင်းစားရေး၊  လူထုအကျိုးအတွက်၊  "မတရားသော အမိန့်အာဏာမှန်သမျှ   ဖီဆန်ကြ။"    ဆိုသော  နာမည်ကျော်  မိန့်ခွန်းမျိုးဖြင့်  လူအများကို  ရှေ့ဆောင်လမ်းပြရင်း  အဏာရှင်တို့အား  ဦးမညွှတ်တမ်း  တော်လှန်နေဆဲ၊  လူထုရဲ့  ခေါင်းဆောင်ပင်ဖြစ်၏။  သူမသည်ကား၊  သူမ၏  ဦးခေါင်းမှ  သွေးစိမ်းရှင်ရှင်တို့ဖြင့်  ရဲရဲနီနေသည့်တိုင်  ဦးညွှတ်  ဒူးထောက်အညံ့ခံမည့်  ပုဂ္ဂိုလ်မျိုး  မဟုတ်ချေ။ ထိုအတူ  ဒေါ်စုသည်၊  လူထုရဲ့  ခေါင်းဆောင် ဆိုသော  ဂုဏ်ပုဒ်ကို၊  မြန်မာ့လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်၏  သမီးရတနာ ဖြစ်ခြင်းကြောင့်  ရရှိခဲ့ခြင်း  မဟုတ်။  သူမ၏  ရိုးသားမှု၊  ကိုယ်ပိုင် အရည်အချင်း၊  ခေါင်းဆောင်နိုင်စွမ်း ရှိမှုတို့နဲအတူ၊  တိုင်းသူပြည်သားတို့နဲ့  ခံစားချက်ကို  တသားတည်းဖြစ်အောင်  ခံစားနိုင်စွမ်း ရှိသော  စိတ်ဓာတ်ကြောင့်သာ  မြန်မာနိုင်ငံသားအားလုံး၏  ရင်ထဲ၊  အသည်းထဲမှ  တညီတညွတ်တည်း  လူထုခေါင်းဆောင်အဖြစ်  သတ်မှတ်ခံရခြင်း  ဖြစ်သည်။  ထို့အတူ  တိုင်းရင်းသား  လူမျိုးပေါင်းစုံ၏  ယုံကြည်မှုကို  ရရှိထားသော  "တဦးတည်းသော  ခေါင်းဆောင်" ဟု  ပြောမည်ဆိုလည်း  လွန်အံ့ မထင်။ လူထုခေါင်းဆောင် တစ်ယောက်အဖြစ်  ယုံကြည်မှု၊  အားကိုးမှု၊  လေးစား ကြည်ညိုမှု  ဆိုတာ၊ အာဏာနဲ့  သိမ်းသွင်းလို့  မရသလို၊  ခြိမ်းခြောက် ယူလို့လည်း  မရပါဘူး။  ဥစ္စာဓနနဲ့  ဖြားယောင်းလို့ မရသလို၊  ဟန်ဆောင်မှုများနဲ့လည်း  သိမ်းသွင်းလို့ မရနိုင်ပါဘူး။  သူ့အလိုလို  ရင်ထဲ၊  အသည်းထဲမှ  အလိုလို  ခံစားလာရပြီးမှ၊  ပေါက်ဖွားလာတဲ့  အရာတွေသာ  ဖြစ်လို့၊  ဘယ်လိုအရာများနဲ့မှလည်း  ဖျက်ဆီးလို့ မရနိုင်ပါဘူး။  အများကောင်းကျိုးအတွက်  စေတနာသန့်သန့်နဲ့  ဘယ်လို ဆောင်ရွက်တယ်။  အများသူငါ အပေါ်မှာ၊  ဘယ်လောက်  စာနာ နားလည်းပေးနိုင်တယ်၊  မိမိကိုယ်ကျိုး  မိမိအတ္တ၊  မိမိရဲ့ မိသားစုနဲ့  အသက် ခနြွာပါ  စွန့်လွှတ်နိုင်စွမ်းရှိတယ်  ဆိုတာတွေဟာ၊  အပြောနဲ့  သက်သေပြနိုင်တဲ့  အရာတွေ  မဟုတ်ပါဘူး။  လက်တွေ့လုပ်ရပ်များ၊  စွန့်လွှတ် အနစ်နာခံမှုများနဲ့သာ  ပြမှ ရရှိပါတယ်။  အဲဒီလို  လူများသာ၊  မည်သူ၏  တိုက်တွန်းမှု  မပါပဲ၊  အားလုံးက  ယုံကြည်လေးစားစွာနဲ့  ခေါင်းဆောင်ကောင်းအဖြစ်၊  ရင်ထဲမှာ  ကမ္ဗည်းတင်  နေရာပေးကြတာ  ဓမ္မတာပါ။  အဲဒီလို  အရည်အချင်းများနှင့်  ပြည့်စုံ၍သာ၊  မြန်မာနိုင်ငံသားအားလုံးနဲ့ ကမ္ဘာကပါ  ဒေါ်အောင်ဆန်းစုကြည်ကို  မြန်မာနိုင်ငံ၏  တကယ့်အစစ်အမှန်  ခေါင်းဆောင်အဖြစ်  သတ်မှတ် နေရာပေးကြ ခြင်း  ဖြစ်၏။ ဤလောဘ   ဒေါသကို   ကြီးစိုးရာဌာန၏   အခြားမဲ့၌ကား သေခြင်းတရားသည်   ငံ့လင့်လျက်ရှိ၏။ သို့သော်   ငါ့အား   မတုန်လှုပ်သည်ကို   တွေ့ရအံ့ နောင်ကိုလည်း   ဘယ်တော့မှ   မကြောက်သည်ကိုသာ   တွေ့ရအံ့။ ဒေါ်စု-ကား၊  မြန်မာနိုင်ငံသားတို့အတွက်  လွတ်လပ်မှု၊  ငြိမ်ချမ်းမှုကို  ရှာဖွေပေးရင်း၊  အဏာရှင် တို့ကို  ဖီဆန် တော်လှန်ရေးလုပ်နေသူဖြစ်၏။  ထို့အတွက်  သူမမှာ  အသက်ပါ ဆုံးနိုင်သည်အထိ  ဖြစ်နိုင်သည်ကို  သိရှိပြီး  ဖြစ်၏။  သို့ရာတွင်  သူမကား  ယုံကြည်မှုအတွက်  မတုန်မလှုပ်၊  မကြောက်မရွံ့ နဲ့ ဖြတ်သန်း  ရှင်သန် နေသည်ကို  သမိုင်းက  သက်သေခံနေ၏။  ထို့အတူ  သူမမျှော်လင့်ထားသော  လွတ်လပ်ခွင့်၊  တန်းတူညီမျှခွင့်၊  တရားဥပဒေ စိုးမိုးခွင့်တွေ ရှိသည့်၊  ဒီမိုကရေစီ  ရရှိပြီး၊  နောက်ဆုံး ပန်းတိုင်ဖြစ်သော၊  တိုင်းပြည် ငြိမ်းချမ်းမှု မရသရွေ့၊  ဘယ်လိုအရာနဲ့မှ  တားဆီးလို့မရပဲ၊  မကြောက်မရွံ့  သတ္တိရှိရှိဖြင့်  ပန်းတိုင်ထိတိုင်၊  သူမ တတ်စွမ်း သမျှဖြင့်  အရောက်လှမ်းမည့်   ခေါင်းဆောင်ကောင်းဖြစ်၏။ သုဂတိကို   သွားရာတံခါးဝသည်   မည်မျှ ကျဉ်းမြောင်းသည်   ဖြစ်စေ ယမမင်း၏   ခွေးရေ ပုရပိုဒ်၌   ငါ့အပြစ်တို့ကို   မည်မျှပင်  များစွာ   မှတ်သားထားသည်ဖြစ်စေ "ငါကား   ဂရုမပြု၊   ငါသာလျှင်   ငါ့ကံ၏   အရှင်သခင်ဖြစ်၍   ငါသာလျင်  ငါ့စိတ်၏   အကြီးအကဲ   ဖြစ်သတည်း။" ဒေါ်စု-ကား၊  တိုင်းပြည်ကောင်းစားရေး၊  အာဏာရှင်တို့လက်မှ  လွတ်မြောက်ရေးအတွက်ဆိုလျှင်၊  မည်သူ၏  မျက်နှာမှမထောက်၊  မည်သူတဦးတယောက်၏  အပြစ်တင်  ဝေဖန်မှုကိုမှ မမှုပဲ၊  ဂရုမစိုက်ပဲ၊  သူမ  ယုံကြည်ရာ အတွက်၊  အရောက်လှမ်းမည့်သူသာ  ဖြစ်၏။  ထို့အတူ  သာမန်လူများလို၊  အစဉ်အလာ ကိုယ်ကျင့် တရားအမြင်တွေ၊  အရှိတရားအပေါ်  အစဉ်အလာတရားကနေ၊  နားလည်လက်ခံထားပုံတွေကြားမှာ  ပိတ်မိသူ  မဟုတ်ပါဘူး။  အခြေအနေနဲ့  အချိန်ကာလအရ၊  သမိုင်း၏  တောင်းဆိုမှုအရ  မိမိနိုင်ငံ၊  မိမိလူမျိုးနဲ့  ကမBာ ကြီးကို  မြှင့်တင်ပေးနိုင်စွမ်း  ရှိသော၊  ခေါင်းဆောင်ကောင်း  တစ်ယောက်အဖြစ်  ပေါ်ထွက်လာသူ  ဖြစ်၏။  လောကနီတိ များကြားမှာ  ပိတ်မိသူ  မဟုတ်ပဲ၊  ကာလ၊  ဒေသ၊  ပယောဂ ဟူသော၊  သုံးပါးသော အနေအထားကို  လေ့လာ သုံးသပ်ပြီးပါမှ၊  လုပ်သင့်လုပ်ထိုက်တာကို  ကြောက်ရွံ့ခြင်းကင်းစွာ  တစိုက်မတ်မတ် လုပ်ကိုင်နိုင်စွမ်း ရှိသော  လူစားမျိုးဖြစ်၏။  ကိုယ့်ကံကြမ္မာကို  ကိုယ်တိုင် ဖန်တီးနိုင်စွမ်းရှိသလို၊  ကိုယ့်စိတ်ကို  စေခိုင်းနိုင်သော  စွမ်းဆောင်ရည် ရှိသော၊  အရှင်သခင်လို  လူစားမျိုး ဆိုလည်း၊  မမှားချေ။  ထို့ပြင်  သူတို့ဟာ၊  သူတို့ရဲ့ စိတ်ထဲမှာ  သူတို့ရဲ့  ကိုယ်ပိုင်  အတ္တဘ၀ကို၊  ငြင်းပယ်ထားပြီး၊  တိုင်းပြည်နဲ့ လူအများအတွက်  ငြိမ်းချမ်းမှုကို  ဆောင်းကျဉ်းပေးနိုင်မယ့်  ဘ၀ထဲမှာပဲ  တသက်တာ  မြုပ်နှံထားရင်း၊  ပိုင်းဖြတ်ထားသော  အကြီးအကဲဆိုလည်း  မှားအံ့  မထင်ချေ။ ခေတ်ကာလနှင့်  အခြေအနေများက  တောင်းဆိုလာလျှင်၊  လူများစု၊  တနည်းအားဖြင့်  အင်အား နည်းသော  ဖိနှိပ်ခံ  လူတန်းစားများဘက်မှ၊  မားမားမတ်မတ်  ရပ်တည်ကာ၊  ကာကွယ်ပေးသည့်  ပြည်သူတို့ အားကိုး အားထားရာ၊  သူရဲကောင်း (၀ါ)  လူထုခေါင်းဆောင်ကား၊  ခေတ်တိုင်း၊  ခေတ်တိုင်းမှာ  ပေါ်ထွက်လာသည် မှာ  လောကဓမ္မတာပင်။  ထိုသူတို့၏  ခေါင်းဆောင်ညွှန် | 
 












 
 
No comments:
Post a Comment