Monday 22 August 2011



"ဧရာဝတီ"အလုပ်ရုံဆွေးနွေးပွဲ

Posted: 21 Aug 2011 06:46 AM PDT


၁၈-၈-၂၀၁၁ နေ့ က ဗေဒါသင်တန်းကျောင်းမှာ"ဧရာဝတီ"အမည်နဲ့ အလုပ်ရုံဆွေးနွေးပွဲတခုကျနော်စီစဉ်ဖြစ်ခဲ့ ပါတယ်။

ကျနော်လုပ်ရမဲ့ အလုပ်တခုလုပ်ပြီးပြီလို့ သဘောထားပြီးခပ်တည်တည်နေလိုက်တာ ဒီနေ့ အထိဘဲဆိုပါတော့ လေ။

ဒီနေ့ ကိုခင်မောင်ဝင်းကသတိပေးမှဒီအကြောင်း Online ပေါ်မှာ ကျနော်ဘာမှမပြောဖြစ်သေးပါလား ဆိုတာသတိရတယ်။

မနက်(၉)နာရီတိတိမှာ ကျနော်အခမ်းအနားစပါတယ်။ဘယ်သူလာလာ/မလာလာ ရှိသမျှနဲ့ စမယ်လို့ ဆုံးဖြတ်ထားတာကိုး။

လူဦးရေ(၃၀)ကျော်တက်ရောက်ပါတယ်။ခင်ဗျားတို့သိနိုင်တဲ့လူသိများသူတွေထဲကဦးအောင်ကြည်ညွန့်(ချောင်းဆုံ)။ ကိုဖြိုးမင်းသိန်း။ ကိုမျိုးရန်နောင်သိမ်း။တို့ ပါပါတယ်။ကျန်တဲ့ သူများကတက်ကြွလှုပ်ရှားသူများပေါ့ ဗျာ။

ကျနော့် ရဲ့ On line မိတ်ဆွေထဲကတယောက်တော့ လာနှုတ်ဆက်လို့ကျနော့် တော်တော်ဝမ်းသာ သွားတယ်။ (အရင်မမြင်ဘူးဘူး)

တကယ်တမ်း"အလုပ်ရုံဆွေးနွေးပွဲ"လို့ နံမယ်တပ်ထားပေမဲ့ လူရင်းတွေအချင်းချင်း ထိုင်စကားပြောသလို ပါဘဲ။(ဘုံတူညီချက်ရှိနေတာကိုး)

ကျနော်တို့ အားလုံးကသိချင်နေကြသူတွေလေ။အစဉ်အလာအရ(နှစ်ပေါင်း(၂၀)ကျော်ဘာမှမသိဘဲ နေလာခဲ့ရတဲ့အခါကျတောဟိုဟာလည်းသိချင်/ဒီဟာလည်းသိချင်။""မောင်လူမွှေး""မေးသလို"စာကလေးတွေကဘာကြောင့်ဖိနပ်မစီးသလဲ""ဆိုတာမျိုးပေါ့ ဗျာ။

အလုပ်ရုံဆွေးနွေးပွဲရဲ့ အင်္ဂါရပ်နဲ့ လည်းမညီတဲ့ အတွက်အဲသလိုနံမယ်မတပ်ပါနဲ့ လို့ တယောက်က ထောက်ပြတယ်။

အဲဒီအတွက်နောက်ဆွေးနွေးပွဲကို"ဧရာဝတီ"စကားဝိုင်းလို့ဘဲနံမယ်တပ်တော့မှာဖြစ်ပါတယ်။နောက်ပြီးဗေဒါသင်တန်းကျောင်းနေရာဟာလည်းတကယ်တမ်းကျတော့ လူ(၃၀)ကျော်ကိုတောင်မချိမဆန့် ထမ်းထားရတာဖြစ်တဲ့ အတွက်နောက်ထပ်သင့် တင့် တဲ့ နေရာကိုရွေးဘို့ လည်းအားလုံးကတိုက်တွန်းကြပါတယ်။

ပြောတဲ့ အကြောင်းအရာတွေကိုခြုံငုံသုံးသပ်ရရင်တော့ 

(၁) ဧရာဝတီမြစ်နဲ့ တကွမြစ်ဆုံပေါ်မှာတည်ဆောက်မဲ့ ဆည်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ(ရရှိခဲ့ သမျှ)ကိုဝေမျှပေးနိုင်ခဲ့ ပါတယ်။

(၂) (မြစ်ဆုံဆည်အပါအ၀င်)ဧရာဝတီမြစ်ပေါ်မှာတည်ဆောက်မဲ့ ဆည်တွေနဲ့ ပတ်သက်ပြီးရရှိခဲ့ သမျှအချက်အလက်တွေအရဆက်လက်တည်ဆောက်ခြင်းကိုဆိုင်းငံ့ ပေးထားရန်တောင်းဆိုဘို့ လိုအပ်ကြောင်းသဘောတူညီမှုရရှိခဲ့ ပါတယ်။

(၃)ဆည်တည်ဆောက်ခြင်းများကို ဖွဲ့ စည်းပုံအခြေခံဥပဒေ (နိုင်ငံသားတို့ ၏မူလအခွင့် အရေးများနှင် တာဝန်များအခန်းကဏ္ဍ)အရကန့် ကွက်နိုင်သည့် အကြောင်းအရာများကိုသိရှိကြေငြာနိုင်ခဲ့ ပါတယ်။

(၄)သို့ အတွက်ပထမဦးစွာစတင်ဆောင်ရွက်နိုင်တဲ့ လုပ်ငန်း (အမည်ရင်း။ လိပ်စာမှန်။ အမျိုးသားမှတ်ပုံတင် အမှတ်များနှင် အတူ)အဖြစ်နိုင်ငံတော်သမတကြီးထံလိပ်မူပြီးလက်မှတ်ထိုးတောင်းဆိုမှု(Signature Campaign) ကိုတက်ရောက်လာသူများအားလုံးက တညီတညွတ်တည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။

(၅)နောက်တကြိမ်ထပ်မံပြုလုပ်မယ်"ဧရာဝတီစကားဝိုင်းမှာလူထု၊လူတန်းစားအမျိုးမျိုးပါဝင်နိုင်ရေး။အသိပညာရှင်။အတတ်ပညာရှင်များမှဦးဆောင်ပါဝင် ဆွေးနွေးနိုင်ရေး။နှင့် အခြားသောလူပုဂ္ဂိုလ်။အဇွဲ့ အစည်းများမှဆောင်ရွက်သည့် "ဧရာဝတီ"လှုပ်ရှားမှုများကို အားပေးကူညီမည်ဖြစ်ကြောင်းအားလုံးသဘောတူဆုံးဖြတ်နိုင်ခဲ့ ကြပါတယ်။

ပြည်တွင်းပြည်ပမှ မိတ်ဆွေများခင်ဗျား။

ကျနော့်ရဲ့ပထမဆုံးအကြိမ်"ဧရာဝတီ"လှုပ်ရှားမှုနဲ့ပတ်သက်ပြီးအစီရင်ခံနိုင်တာဟာအင်မတန်နည်းပါးတယ်။အားမရဖြစ်ရတယ်ဆိုခဲ့ ရင်ကျနော်ရဲ့ အားနည်းချက်တွေကြောင့် သာဖြစ်ပါတယ်။ရရှိနိုင်ခဲ့ တဲ့ သတင်းအချက်အလက်။ကျင်လည်နေရတဲ့ အသိုင်းအ၀ိုင်းနှင့်တကွအခြားသောချို့ ငဲ့ မှုများကိုအကြောင်းမပြတော့ ပါဘဲထပ်မံပြုလုပ်ရန် (အသည်းအသန်)ကြိုးပမ်းနေသောဒုတိယအကြိမ်"ဧရာဝတီ"စကားဝိုင်းမှာတော့ကျနော်ယခုထက် ပိုမိုကြိုးစားပါမယ်လို့ ကတိပြုပါတယ်။

(ပထမအကြိမ်"ဧရာဝတီ"အားအောင်မြင်နိုင်ရန်အားပေးကူညီခဲ့ကြသူများအားလုံးအား အထူးကျေးဇူးတင်ရှိပါသည်ခငိဗျား)

ဦးဝင်းချို(တစ်သီးပုဂ္ဂလ)

ဆက်သွယ်ရန်။၀၁-၃၉၃၁၅၅လိုင်းခွဲ၂၆၄။၀၉-၈၀၃၃၅၅၄

email.wincho1020@gmail.com


ကုန်းတတန် ရေတတန် လေတတန်

Posted: 21 Aug 2011 06:27 AM PDT

ကမ္ဘာမြေပြင်မှ ထွက်ခွာသွားသူတို့သည် အမျိုးမျိုးသော ထွက်ခွာခြင်းများနှင့်အတူ အသီးသီး ထွက်ခွာသွားကြသည်။ သက်တမ်းကုန်ဆုံး၍ ထွက်ခွာခြင်း၊ (၉၆) ပါးသော ရောဂါနှင့် သက်တမ်းမကုန်ဆုံးခင် ထွက်ခွာသွားခြင်း၊ ဥပစ္ဆေဒကကံကြောင့် ထွက်ခွာသွားခြင်းတည်းဟူသော ဖူး၍ကြွေ၊ ပွင့်၍ကြွေ၊ နု၍ကြွေ၊ ရင့်၍ကြွေ၊ မှည့်၍ကြွေ၊ ပိုးကိုက်၍ကြွေ၊ ခူးကြွေသော ကြွေပုံ ကြွေနည်း၊ သေပုံ သေနည်းတို့ဖြင့် အသီးသီး သေဆုံးကြရကုန်၏။

ဦးသိန်းဝင်းသည် ဒလမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး မိသားစု စားဝတ်နေရေးအတွက် ရေခြားမြေခြား သမုဒ္ဒရာပင်လယ်အော်ကြီးထဲတွင် နိုင်ငံရပ်ခြားပိုင် ပင်လယ်ကူးသင်္ဘောကြီးပေါ် တွင် သင်္ဘောလုပ်သားအဖြစ် ရိုးသားစွာ လုပ်ကိုင်နေသူဖြစ်သည်။ မိမိ၏၀မ်းစာ၊ မိသားစုဝမ်းစာ အတွက် ပင်ပန်းကြီးစွာ အသက်စွန့်၍ ပင်လယ်ပြင်ကြီးထဲ ရှာဖွေနေဆဲ ဦးသိန်းဝင်း၏ မလွန်ဆန် နိုင်သည့် ပင်ပန်းဆင်းရဲမှုဒဏ်ကြောင့် ဖြစ်ပေါ်လာသော ရောဂါဝေဒနာကို ခံစားလာခဲ့သည်။ ထို့ကြောင့် မိမိ၏ ရောဂါဝေဒနာ ခံစားမှုအား ကြံကြံခံ၍ အမိမြေ မိသားစုရှိရာ ဒလမြို့သို့ ပြန်လာ၍ ဆေးဝါးကုသမှုကို မိသားစုနှင့် မခွဲတမ်း အနီးကပ်ကုသရန်အတွက် ကြိုးစားတော့သည်။ ဝေဒနာ ကိုခံစားရင်း တိုင်ဝမ်မြို့မှ ရန်ကုန်သို့ ပြန်အလာ လေယာဉ်သည် တိုက်ရိုက်ရန်ကုန်သို့ ပြန်သန်း မည့် လက်မှတ်ကို မရရှိခဲ့သည့်အတွက် ထိုင်းနိုင်ငံမှတဆင့် ရန်ကုန်(ဒလ)သို့ ပြန်ရန်ကြိုးစားတော့ သည်။ သို့သော် ၁၆.၈.၂၀၁၁ (အင်္ဂါ) နေ့တွင် ထိုင်းနိုင်ငံအရောက် လေယာဉ်ပေါ်တွင် ဦးသိန်းဝင်း သည် ရောဂါဝေဒနာဖောက်ကာ အသက်ပါ ဆုံးရှုံးသွားခဲ့ရသည်။ ထို့ကြောင့် ဦးသိန်းဝင်း၏ ရုပ် အလောင်းအား ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့မှ ဘန်ကောက်မြို့ရှိဆေးရုံသို့ ပို့ဆောင်စစ်ဆေးကာ ရန်ကုန်မြို့ သို့ ၁၈.၈.၂၀၁၁ (ကြာသပတေးနေပ) ည (၇း၀၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဦးသိန်းဝင်း၏ ရုပ်အလောင်းအား စစ်ဆေးကာ ညတွင်းချင်း ရန်ကုန်ပြည်သူ့ဆေးရုံ အအေးခန်းသို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အကူအညီဖြင့် အသင်းသားများနှင့် ၀န်ထမ်းတို့မှ ပို့ဆောင်ကူညီပေးခဲ့သည်။

၂၀.၈.၂၀၁၁ (စနေနေ့) နံနက် (၁၁း၀၀) နာရီအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံ အအေးခန်းမှ ဦးသိန်းဝင်း၏ ရုပ်အလောင်းအား ကျန်ရစ်သူမိသားစုတို့၏ ဆန္ဒအရ နာရေးကူညီမှု အသင်း(ရန်ကုန်) အကူအညီဖြင့် ဒလမြို့သို့ ရန်ကုန်မြို့ စဥ့်အိုးတန်းဆိပ်ကမ်းမှတဆင့် စက်တပ် သမ္ဗာန်ဖြင့် ပြန်လည်၍ ပို့ဆောင်ကာ ဓနိတောသုဿန်၊ ဒလမြို့နယ်တွင် အပြီးသတ် သင်္ဂြိုလ်ပေး မည်ဖြစ်သည်။

ဦးသိန်းဝင်းကဲ့သို့ ကုန်းတတန်၊ ရေတတန်၊ လေတတန်ဖြင့် ကမ္ဘာမြေပြင်ကြီးမှ နောက်ဆုံး ထွက်ခွာသွားခြင်းမျိုးကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကူညီဖေးမမှုတို့သည် အလွန်ထူးခြား သော ဖြစ်ရပ်ဖြစ်စဉ်တစ်ခုပင် ဖြစ်တော့သည်။

ကောင်းရာသုဂတိလားပါစေ . . . . ။

(ကျော်သူ)



မြန်မာတို့ ၏ သူရဲကောင်း ကိုးကွယ်သော ၀ါဒ

Posted: 21 Aug 2011 06:16 AM PDT


ကျွန်တော် ငယ်စဉ်က "အဘယ်သူအား သင်လေးစားပါသနည်း၊ သင် ဘာဖြစ်ချင်ပါသနည်း " ဟု မေးလျှင် "အလောင်းမင်းတရား ဖြစ်ချင်ပါ သည်။ စူပါမင်းအား လေးစားပါသည် " ဟု ပြောကောင်း ပြောပေလိမ့်မည်။ ပြောလည်း ပြောခဲ့ပါလိမ့်မည်။ ထိုခေတ်ထိုအခါက ကျွန်တော်မှ မဟုတ် ကျွန် တော်နှင့် ရွယ်တူ အခြားကလေးငယ်များအား မေးလျှင်လည်း ထိုကဲ့သို့သာ ဖြေမည် ဖြစ်သည်။ အလောင်းမင်းတရား နေရာတွင် ကျန်စစ်သားလည်းဖြစ် ကောင်းဖြစ်နိုင်သည်။ စူပါမင်း နေရာတွင် လင်းနို့ လူသားလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ ဆိုလိုသည်မှာ လူဟူ၍ ဖြစ်လာလျှင် သူ့ထံ၌ တသီးပုဂ္ဂလ စံအ ဖြစ် သတ်မှတ်ထားသော စံပြပုဂ္ဂိုလ်တစ်ဦး ရင်ထဲတွင် ရှိနေခြင်း ကြောင့်ဖြစ် ၏။ ထို စံပြ ပုဂ္ဂိုလ်မှာ ကျွန်တော်တို့ အားကျအတုယူစရာ အဖြစ် တည်ရှိနေ သည်။ ဥပမာ စူပါမင်းအား ဘာကြောင့် လေးစားသနည်း ဟု မေးလျှင် " လူ တွေကို သူက ကယ်တင်လို့ပါ၊ သူက သူရဲကောင်းမို့လို့ပါ ဟုသာ ဖြေဆိုမှာ မလွဲဧကန်ပင် ဖြစ်သည်။ ထပ်မံတွေးတောစရာမှာ ကျွန်တော်တို့ ရင်ထဲတွင် ငယ်စဉ်ကတည်းက ရှိနေသော စံပြ ပုဂ္ဂိုလ် ဆိုသူမှာ သူရဲကောင်းများ ဖြစ် နေခြင်းပင်။

သူရဲကောင်း ဆိုသော စကားကို ငယ်စဉ်တည်းက ကြားဖူးသည်။ ကြိုက်လည်း ကြိုက်သည်။ သေသေချာချာ အဓိပ္ပါယ် မသိခဲ့သော်လည်း သူရဲကောင်းဆိုသူများသည် ပြည်သူလူထုအား ကူညီသူ၊ အနစ်နာခံသူ၊ မိမိ ကိုယ်ကျိုးစွန့်သူ၊ မေတ္တာတရား ကြီးမားသူ၊ အစွမ်းထက်သူများအဖြစ်တော့ အကြမ်းမျဉ်း သိရှိခဲ့ရသည်။ ထို့ကြောင့် ငယ်စဉ်ကတည်းက ကျွန်တော် သူရဲ ကောင်း ဖြစ်လိုခဲ့သည်။ တဖြည်းဖြည်း အရွယ်ရောက်လာတော့ ငယ်စဉ်တုန်း ကလို ဓါးလှံကိုင်သော သူရဲကောင်းများ ဖြစ်ချင်သည့် စိတ်မရှိတော့ဘဲ၊ ဗိုလ် ချုပ်အောင်ဆန်းလို ကိုယ်ကျိုးစွန့် အနစ်နာခံသော သူရဲကောင်းမျိုး ကဲ့သို့ ဖြစ်ချင်လာသည်။ ဗိုလ်ချုပ်တို့ မည်သို့မည်ပုံ လွတ်လပ်ရေးအတွက်ကြိုးပမ်း ခဲ့ရပုံ၊ မည်မျှ ဆင်းရဲ အနစ်နာခံခဲ့ရပုံ၊ အမှန်တရားကို မြတ်နိုးပုံ၊ သဘောထား ကြီးမြင့်ပုံ စသည့် ပြုမူ ဆောင်ရွက်ချက်များက ကျွန်တော့် နှလုံးသားထဲတွင်စွဲမြဲစွာ တွယ်နှောင်နေခဲ့သည်။

ထို့ကြောင့် ကျွန်တော် ဗိုလ်ချုပ်လို ဖြစ်ချင်သည်။ ဗိုလ်ချုပ်ကို လေး စားသည်။ ဗိုလ်ချုပ်လို စိတ်ဓါတ်မျိုး အကျင့်စရိုက် ရှိသူဆိုလျှင် ကျွန်တော် လေးစားမည်။ ထိုကဲ့သို့သောသူမျိုး၏ ဦးဆောင်မှုနောက်သို့ ကျွန်တော်လိုက် မည်။ ဗိုလ်ချုပ်ကဲ့သို့သော သူရဲကောင်းမျိုး၏ နောက်သို့ ကျွန်တော် တစ်ယောက် တည်းသာ လိုက်ပါမည်တော့ မဟုတ်၊ တစ်တိုင်း တစ်ပြည်လုံးမှ လူငယ်များ ပါ လိုက်ပါကြလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့ မြန်မာနိုင်ငံ သားများသည် သူရဲကောင်း မြတ်နိုးသော စိတ်၊ ကယ်တင်ရှင်အားမျှော်လင့် သော စိတ် မွေးကတည်းက ပါနေခြင်းကြောင့် ဖြစ်သည်။ ထိုကဲ့သို့ စိတ်ထား မျိုး ရှိနေကြသော ကျွန်တော်တို့ မြန်မာနိုင်ငံသား အတော်တော်များများမှာ ထူးဆန်းစွာပင် ဗုဒ္ဓဘာသာဝင်များ ဖြစ်နေကြခြင်းပင်။

ဗုဒ္ဓ၀ါဒ၌ "အတ္တာဟိ အတ္တနော နာထော" မိမိကိုယ်သာ ကိုးကွယ် ရာ၏ ဟူသော အဆုံးအမ အထင်အရှား ရှိနေသော်လည်း ကျွန်တော် အပါ အ၀င် ကျွန်တော်တို့ နိုင်ငံသား အတော်များများက သူရဲကောင်းအား မြတ် နိုးသော စိတ်၊ အားကိုးသော စိတ် က ငယ်စဉ်ကတည်းက သန္ဓေတည်နေခဲ့ပြီဖြစ်သည်။ထို့ကြောင့် ကျွန်တော် ဗိုလ်ချုပ်လို ဖြစ်ချင်သည်။ ဗိုလ်ချုပ်ကို လေး စားသည်။ ဗိုလ်ချုပ်လို စိတ်ဓါတ်မျိုး အကျင့်စရိုက် ရှိသူဆိုလျှင် ကျွန်တော် လေးစားမည်။ ထိုကဲ့သို့သောသူမျိုး၏ ဦးဆောင်မှုနောက်သို့ ကျွန်တော်လိုက် မည်။ ဗိုလ်ချုပ်ကဲ့သို့သော သူရဲကောင်းမျိုး၏ နောက်သို့ ကျွန်တော် တစ်ယောက် တည်းသာ လိုက်ပါမည်တော့ မဟုတ်၊ တစ်တိုင်း တစ်ပြည်လုံးမှ လူငယ်များ ပါ လိုက်ပါကြလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့ မြန်မာနိုင်ငံ သားများသည် သူရဲကောင်း မြတ်နိုးသော စိတ်၊ ကယ်တင်ရှင်အားမျှော်လင့် သော စိတ် မွေးကတည်းက ပါနေခြင်းကြောင့် ဖြစ်သည်။ ထိုကဲ့သို့ စိတ်ထား မျိုး ရှိနေကြသော ကျွန်တော်တို့ မြန်မာနိုင်ငံသား အတော်တော်များများမှာ ထူးဆန်းစွာပင် ဗုဒ္ဓဘာသာဝင်များ ဖြစ်နေကြခြင်းပင်။

ကျွန်တော်တို့ မြန်မာနိုင်ငံသားများ သူရဲကောင်း ကိုးကွယ်သည့် စိတ်က ယခုမှ ရုတ်တရတ် ထပေါ်လာသည်တော့မဟုတ်၊ လွန်ခဲ့သော နှစ် ပေါင်းများစွာကတည်းက အခြေတည်လာခဲ့ခြင်း ဖြစ်သည်။ ရာဇ၀င် ကို ပြန် ကြည့်ရလျှင် ပထမဆုံး အနော်ရထာမင်းမြတ် တည်ထောင်ခဲ့သည့် ပုဂံ မင်း နေပြည်တော်။ ထိုခေတ်ထိုအခါက တိုင်းပြည်ကြွယ်ဝ ခဲ့ပါ၏။ ပြည်သူပြည် သားများ ဆင်းရဲဒုက္ခ ဖိစီးမှု ကင်းဝေးခဲ့ရကာ မှားသော အယူများ ပယ်ပျောက် ၍ ကောင်းသော အယူ စွဲမြဲလာစေခဲ့သည်။ "မင်းနှင့် ပြည်သူ လက်တွဲတူ" ခဲ့ကြသည်။ ပုဂံနှင့် အတူ အနော်ရထာ၊ ရှင်အရဟံ၊ ကျန်စစ်သား၊ ငထွေးရူး၊ ငလုံးလဖယ် စသည့် ပုဂ္ဂိုလ်များ၏ သမိုင်းများ နံမည်ဂုဏ်ရှိန်များ ယခုတိုင် မပျောက်မပျက် တည်ရှိနေသေးသည်။ သို့သော် အနော်ရထာ စတင် ထူ ထောင် ခဲ့သော ပုဂံမင်းဆက်တစ်လျှောက်တွင် မင်းကျင့်တရားနှင့် ညီသည့် မင်းကောင်း မင်းမြတ်များ ပေါ်ပေါက်ခဲ့သလို ၊ အရည်အချင်း မရှိသော ပြည် သူကို နှိပ်စက်သော မင်းဆိုး၊ မင်းယုတ်များလည်း၊ ပေါ်ပေါက်ခဲ့ဖူးသည်။ မည် သို့ပင် ဆိုစေကာမူ အနော်ရထာ တည်ထောင်ခဲ့သော ပုဂံသည်လည်း အရည် အချင်း ညံဖျင်းသည့် မင်းလက်ထက်တွင် ပျက်စီးခဲ့ရသည်။

အနော်ရထာမင်း ပြီးနောက် ဒုတိယနိုင်ငံတော် တည်ထောင်သည့် ဘုရင့်နောင်၊ တတိယ နိုင်ငံတော် တည်ထောင်သည့် အလောင်းမင်းတရား စသည့် သူရဲကောင်း မင်းမြတ်များလည်း မြန်မာရာဇ၀င်တွင် ထွက်ပေါ်ခဲ့ ဖူး သည်။ ထိုသို့ သူရဲကောင်း မင်းမြတ်များ ပေါ်ထွက်လာချိန်တွင် မြန်မာတို့၏ ရာဇ၀င် ခမ်းနား ကြီးကျယ်နေသည်။ တန်ခိုး သြဇာ ထက်မြတ်နေသည်။ တိုင်း ပြည် သာယာဝပြောနေသည်။ သို့သော် သူရဲကောင်းမင်းများ လွန်ပြီးနောက် တွင်မူ သူတစ်လူ ငါတစ်မင်းဖြင့် အချင်းချင်း စိတ်ဝမ်းကွဲမှု၊ တန်ခိုးအာဏာ ပြိုင်ဆိုင်မှု၊ ညီရင်း အစ်ကိုချင်း သတ်ဖြတ်ပြီး ထီးနန်း သိမ်းပိုက်မှုများဖြင့်သာ အချိန်ကုန်ဆုံးနေခဲ့ရပြီး တိုင်းပြည်လည်း တဖြည်းဖြည်း ဆုတ်ယုတ်ကာ တ ပါးသော တိုင်းပြည်မှ မင်းတို့၏ စစ်မက်ပြုမှုကြောင့် မြန်မာနိုင်ငံတော်ကြီး အ ကြိမ်ကြိမ်ပြိုကွဲခဲ့ရသည်။

တိုင်းပြည်အုပ်ချုပ်သော ဘုရင်က မင်းကျင့်တရားနှင့် မညီ၊ အရည် အချင်း မရှိဘဲ ထင်ရာစိုင်းတိုင်း ကျွန်တော်တို့ တိုင်းပြည် အပျက်ခံရပါမည် လား။ ယနေ့ခေတ်တွင် ထိုကဲ့သို့သော မင်းမျိုးကို ကျွန်တော်တို့က လေးစား ကြည်ညိုကာ သူအမိန့်ပေးသည့် အတိုင်း လုပ်ရပါမည်လော။ သို့မဟုတ် အ နှစ် လေးငါးရာ နေမှ တစ်ခါပေါ်သော ကယ်တင်ရှင် သူရဲကောင်းကို စောင့် မျှော်ရပါမည်လော။

ယနေ့ခေတ်တွင် တစ်ဦးတစ်ယောက်တည်း တော်နေ တက်နေရုံ ဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်လာမည် မဟုတ်ပေ။ ပြည်သူပြည်သား များ တစ်ဦးချင်းအလိုက် စွမ်းရည် တိုးတက်လာပါမှ တိုင်းပြည် တိုးတက်ကြီးပွားမည် ဖြစ်သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသူ/သားများသည် သူရဲကောင်း ကိုးကွယ်သော ၀ါဒကို ကျင့်သုံးခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ကြ ပြီ ဖြစ်သည်။ သူရဲကောင်းအား မြတ်နိုးသောစိတ် သူရဲကောင်းအား ချစ်ခင် ကာ အတုယူလေးစားပြီး စံပြ ပုဂ္ဂိုလ်အဖြစ်ထားရှိကာ ကောင်းသော အကျင့် များကို ကျင့်သုံးလိုက်နာခြင်းများ ရှိသင့်သော်လည်း သူရှိမှ ဖြစ်မည်၊ သူမရှိ လျှင် ဦးဆောင်မည့်သူ မရှိလျှင် မလုပ်တက်သော အကျင့်ဆိုးများကိုတော့ ပြင်ဆင်ရန် လိုအပ်သည်ဟု တွေးထင်မိသည်။ ထို့အပြင် "အတ္တာဟိ အတ္တ နော နာထော" မိမိကိုယ်သာ ကိုးကွယ်ရာ၏ဟူသော မြတ်ဗုဒ္ဓ အဆုံးအမ ကို သတိချပ်စေလိုသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြား မျိုးချစ် ခေါင်းဆောင်ကြီးများက မြန်မာနိုင်ငံအား အင်္ဂလိပ်ကျွန်အဖြစ်မှ လွတ်မြောက် အောင် ကြိုးပမ်းပေးခဲ့ကြသည်။ ကမ္ဘာ့မြေပုံပေါ်တွင် ကိုယ်ပိုင် အချုပ်အခြာအာဏာနှင့် ရပ် တည်သော နိုင်ငံတစ်ခုကို ဖြစ်စေခဲ့သည်။ သို့သော် စိတ်ဓါတ်ညံဖျင်းသော နိုင်ငံရေးသမား တစ်စု၊ အာဏာရှင်တစ်စု တို့ကြောင့် တိုင်းပြည် ဆင်းရဲမွဲတေ ခဲ့ရပြီး နိုင်ငံသားများ အရည်အသွေး ကျဆင်းခဲ့ရသည်။

အာဏာရှင် နေ၀င်း အစိုးရ၏ ညံ့ဖျင်း ယုတ်မာမှုများ၊ မတော်မတ ရား ဖိနှိပ်ချုပ်ချယ်မှုများကို မခံမရပ်နိုင်ဖြစ်ပြီး ထကြွတော်လှန်ခဲ့သည့် 8888 လူထု အရေးတော်ပုံနှင့်အတူ ဒေါ်အောင်ဆန်းစုကြည် ဆိုသည့် လူထု ခေါင်း ဆောင်တစ်ဦး ထပ်မံ ပေါ်ပေါက်လာခဲ့သည်။ တိုင်းပြည်အတွက် အားကိုးအား ထား ပြုရမည့် လူထုခေါင်းဆောင်တစ်ဦးအဖြစ် ပြည်သူအများက သတ်မှတ် ခဲ့ကြသည်။ မှောင်မိုက်နေသော မြန်မာပြည်ကြီးအတွက် အလင်းတန်း တစ်ခု ကို တွေ့ရှိလိုက်ရသလို ပြည်သူအများ အားကိုး မျှော်လင့်ခဲ့ကြသည်။ ဗိုလ်ချုပ် ရဲ့ သမီးလေး ဆိုသော အသိကလည်း ပြည်သူတို့ မျှော်လင့်ချက်ကို ပိုမို လင်း လက်စေခဲ့သည်။

သူမ ကျွန်တော်တို့ တိုင်းသူ ပြည်သားများ အပေါ်တွင် ထားရှိသော စေတနာ မေတ္တာတရားကို ကျွန်တော်တို့ အသိအမှတ်မပြုဘဲ မနေနိုင်ပေ။ ယုံကြည်ချက်တစ်ခု အတွက် နှစ်ပေါင်းများစွာ အကျဉ်းကျခံခဲ့ရသည်။ လက် ရှိ စစ်အာဏာရှင်၏ ကောက်ကျစ်ယုတ်မာမှုများကို ကြံကြံခံရင်း အရာရာတွင် ပြည်သူရှေ့မှ မားမား မတ်မတ် ရပ်ခဲ့သည်။ ပြည်သူ/သားများကလည်း ဒေါ် အောင်ဆန်းစုကြည်အား ချစ်ခင် မြတ်နိုးကြသည်။

ဒေါ်အောင်ဆန်းစုကြည် ယခုအချိန်တွင် ထောင်က လွတ်လာပြီ ဖြစ်သဖြင့် မြန်မာနိုင်ငံတော်ကြီး ဒီမိုကရေစီ ရတော့မည်ဟု မျှော်လင့်ခဲ့ကြ သည့် ပြည်သူ/သားများကလည်း ဒုနှင့် ဒေး ရှိသည်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း ထိုကိစ္စအတွက် အစွမ်းရှိသရွှေ့ ကြိုးပမ်းမည်ဟု ကျွန်တော်လည်း ယုံကြည်မိသည်။ သို့သော် ကျွန်တော်တို့ ပြည်သူများသည် သူမအား အား ကိုးကြသည်၊ ချစ်ခင်ကြသည်၊ လေးစားကြသည် ထို့အတူ ကျွန်တော်တို့ သူမ အပေါ်တွင် တာဝန်လည်း မဲ့နေသည်။ ဒီမိုကရေစီ ရရှိအောင် ဒေါ်အောင် ဆန်းစုကြည် ကြိုးပမ်းလိမ့်မည်။ မြန်မာနိုင်ငံအရေးသည် သူမနှင့် သက်ဆိုင်သည်။ သူမ ကောင်းကြောင်း၊ တိုင်းပြည်အတွက် မည်သို့မည်ပုံ လုပ်မည်ဖြစ် ကြောင်းသာ ပြောနေကြသည်။ မြန်မာနိုင်ငံ စစ်မှန်သော ဒီမိုကရေစီရရှိရေး အတွက် (သို့) တိုင်းပြည် တိုးတက်ကြီးပွားစေရေးအတွက် သူမနှင့်အတူ ပူး ပေါင်းလုပ်ဆောင်မှုများ အတော်ကို နည်းပါးနေသေးသည်။ ဒီမိုကရေစီ စနစ် ကို ထူထောင်ရာတွင် သူမတစ်ဦးတစ်ယောက်တည်း နှင့် မည်သို့မျှ မဖြစ်နိုင် ပါ၊ ပြည်သူအများကလည်း ၀န်းရံပါမှ မိမိတို့ အလိုရှိရာ နိုင်ငံတော်သစ်ဆီသို့ အလျှင်အမြန် လှမ်းချီ နိုင်မည်ဖြစ်သည်။ နိုင်ငံအရေးသည် နိုင်ငံသားတိုင်း တွင် တာဝန်ရှိသည်။ မိမိ နှင့် မဆိုင်ဟု သဘောထားကာ နေ၍မရပေ။

အကယ်၍ မပြောကောင်း မဆိုကောင်း ဒေါ်အောင်ဆန်းစုကြည်ရုတ်တရတ် တိမ်းပါးသွားခဲ့လျှင် ကျွန်တော်တို့ မည်သို့ မည်ပုံ ရှေ့ဆက်၍ ဒီမိုကရေစီရေးကို တိုက်ပွဲဝင်မည်နည်း ?? သူမ မရှိလျှင် ကျွန်တော်တို့ နောက် ထပ် နှစ်တစ်ရာလောက် ထပ်ပြီး အခြား သူရဲကောင်း ခေါင်းဆောင်တစ်ဦး ကို စောင့်ရပါအုန်းမည်လား ?? အခြား ခေါင်းဆောင်တစ်ဦးက ထပ်မံမပေါ် ပေါက်တော့ ဘူး ဆိုလျှင်ကော မည်သို့ မည်ပုံ ရှေ့ဆက်ကြမည်နည်း ??

ထပ်မံ၍ ကွဲကြပြဲကြ နှင့် မြန်မာနိုင်ငံကြီး အစိပ်စိပ်အမွှာမွှာ ထပ်မံဖြစ်ပျက်ဦး ပါမည်လား ?? လူတစ်ယောက်သည် သူရဲကောင်းတစ်ဦးကို အားကျအတုယူ သင့်သည်။ လေးစားချစ်ခင်သင့်သည်။ သို့သော် လွန်ကဲစွာ အားကိုးအားထိုက် မပြုရာ၏။ မိမိ၏ ကိုယ်ရည်ကိုယ်သွေးများ ပါးလျှော့လာပေလိမ့်မည်။ မိမိ ကိုယ် မိမိအားကိုးခြင်း၊ စည်းလုံးညီညွတ်စွာနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းတို့ဖြင့် မိမိတို့ အလိုရှိရာကို ဆုပ်ကိုင်နိုင်အောင် ပြုလုပ်ရပေမည်။ မိမိကိုယ်ကို မိမိ အားကိုးချင်စိတ် မွေးနိုင်ကြပါစေဟု မျှော်လင့်ရင်း .........

မိုးသဲခါး


အဝေးမြေမှ ညီအစ်ကိုတို့ ရေ..(အောင်မျိုးထွန်း)

Posted: 20 Aug 2011 07:26 PM PDT


အဝေးမြေမှ ညီအစ်ကိုတို့ရေ ပြန်လာချင်စိတ် ရှိခဲ့ရင်လည်း အောင့်အီးသည်းခံ နေပေးကြပါဦး။ မြန်မာနိုင်ငံအနှံ့ ထောင်အသီးသီးမှာ ရှိနေကြတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတဲ့ အချိန်ထိပေါ့။ ကျေးဇူးမမေ့ပါဘူး။"

ဖေ့စ်ဘွတ်မှာ လွန်ခဲ့တဲ့ ၃ ရက်က ကျွန်တော်ရေးခဲ့တဲ့ စာသားလေးပါ။ နိုင်ငံရေးမှာ သံယောဇဉ်တို့၊ ခံစားမှုတို့ ဆိုတာ ရှိကိုရှိရမယ်လို့  ကျွန်တော်ခံယူထားပါတယ်။ ဦးနှောက်နဲ့ စဉ်းစားရမယ်၊ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရမယ် ဆိုတဲ့ ကြွေးကြော်သံကို ကျွန်တော့်ဘ၀ တလျှောက်လုံး ငြင်းပယ်ထားပါတယ်။ ၁၉၈၈ ခု၊ စစ်အာဏာသိမ်းအစိုးရရဲ့ အသားလွတ်ရင့်သီးနှိပ်စက်မှုတွေကို ထိုက်သင့်သလောက် ကျွန်တော်ခံခဲ့ရပါတယ်။ ကျွန်တော့်ကို ဖမ်းမမိလို့ အဖေနဲ့ ကျွန်တော့်ဇနီးကို စမ်းချောင်းရဲစခန်း၊ အင်းစိန်အကျဉ်းထောင်တို့ကို ပို့ပြီး ယုတ်မာရက်စက်စွာ ဖမ်းဆီးထိန်းသိမ်း ထားခဲ့တာတွေကို ကျွန်တော် ဘယ်လို ဖျောက်ဖျက်ရပါ့မလဲ။ အဖေနဲ့ ဇနီးဟာ တစ်ချက်မှ မငြီးငြူခဲ့ပါဘူး။

အဲဒီလိုဖြစ်စဉ်မျိုးတွေ၊ တွေးလိုက်တိုင်း တနုံ့နုံ့ နာကျင်နေရတာမျိုးတွေ ကျွန်တော်တို့နိုင်ငံမှာ ဒုနဲ့ဒေးပါ။ သား၊ သမီးတွေက နိုင်ငံရေးကြောင့် ထောင်ကျချိန်မှာ မိဘတွေက ကွယ်လွန်တိမ်းပါးသွားတာတွေ၊ မိဘတွေက အကျဉ်းထောင်ထဲရှိချိန်မှာ မိဝေးဘဝေးစွာနဲ့ ကြီးပြင်းခဲ့ရတဲ့ ရင်နှစ်သည်းချာတွေရဲ့ ဘ၀တွေ၊ နောက်ဆုံးထွက် သက်တွေကို မတွေ့လိုက် မမြင်လိုက်ရဘဲ ထာဝရဝေးကွာသွားခဲ့ကြတဲ့ နိုင်ငံရေးမိသားစုဝင်တွေ လမ်းတိုင်း ရပ်ကွက်တိုင်းမှာ မမြင်ချင်မှအဆုံး၊ မကြားချင်မှအဆုံး။ပြုသူအသစ် ဖြစ်သူအဟောင်း ဆိုရအောင်လည်း ခက်လှပါတယ်။

"ယခုအချိန်သည် အချင်းချင်းငြင်းခုံ နေရမည့်အချိန်၊ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြစ်ရှာ၊ အပြစ်ပြောနေကြရမည့် အချိန်မဟုတ်တော့ကြောင်း....၊ အကြောင်း အမျိုးမျိုးကြောင့် ပြည်ပကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေကိုလည်း ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်သွားတာ မရှိဘူးဆိုရင် အချိန်မရွေး ပြန်လာနိုင်ဖို့ ကျွန်တော်တို့ စဉ်းစားပေးမှာဖြစ်ပါတယ်"

သြဂုတ်လ (၁၇)ရက်နေ့က မြန်မာနိုင်ငံသမ္မတဦးသိန်းစိန် ပြောသွားတဲ့ အထက်ပါ စကားတချို့နဲ့ ပတ်သက်ပြီး ပြည်ပကိုရောက်နေကြတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများရဲ့ အမြင်သဘောထားတွေကို မီဒီယာတွေမှာ ဆက်တိုက် တွေ့ လာရပါတယ်။ ၁၉၈၈ ခုနှစ်၊ ၈၈၈၈ အရေးတော်ပုံကြီး ဖြစ်ပြီးကတည်းက ဒီမိုကရေစီရေး တိုက်ပွဲအတွက် ပြည်ပကို ထွက်ခွာသွားကြတဲ့သူတွေထဲမှာ ကျွန်တော့်သူငယ်ချင်း မြောက်များစွာရှိပါတယ်။

နော်ဝေး၊ ထိုင်း၊ အမေရိကန်၊ကနေဒါ၊ အင်္ဂလန်၊ သြစတေးလျ စတဲ့နိုင်ငံတွေမှာ ရပ်တည်အခြေချပြီး မြန်မာပြည် ဒီမိုကရေစီရေးအတွက် လှုပ်ရှားရုန်းကန်နေကြသူများရဲ့  ခံစားချက်တွေကို ကိုယ်ချင်းစာနိုင်ကြဖို့ သိပ်အရေးကြီး ပါတယ်။ တယ်လီဖုန်း၊ အီးမေးလ်၊ ဖေ့စ်ဘွတ်တွေက တစ်ဆင့် သူတို့ရဲ့ အမြင်တွေ၊ ရှုထောင့်တွေ၊ ဆန္ဒတွေကို ကျွန်တော် သိခွင့်ရခဲ့ပါတယ်။ မိသားစု ဆွေမျိုးအသိုင်းအ၀ိုင်းနဲ့ ကင်းကွာပြီး နိုင်ငံရပ်ခြားမှာ ဘ၀အခြေချ ရှင်သန်ဖို့ဆိုတာ ပြည်တွင်းမှာ ထိုင်နေပြီး "လွယ်ပါတယ်" လို့ လက်လွတ်စပယ် ငါ့စကားနွားရ ပြောလို့ မဖြစ်ပါဘူး။ သူတို့တတွေရဲ့ ရုန်းကန်မှုတွေ၊ ပင်ပန်းဆင်းရဲစွာ အံကြိတ်ကြိုးစားရတာတွေ၊ အနှိမ်ခံအပြောခံပြီး လက်စ မသတ်နိုင်သေးတဲ့ ပညာရေးကို ပြီးမြောက်အောင် လုံ့လစိုက်ထုတ်ရတာတွေ၊ တရိပ်ရိပ်တက်လာတဲ့ အိမ်အလွမ်းစိတ်တွေက မျက်ရည်စတွေနဲ့ ကြိတ်မှိတ်အနားသတ်လိုက်ရတာတွေ စသဖြင့် နေ့နေ့ညည ခံစားချက်တွေကို ကျွန်တော်တို့ နားလည်ပေးရပါလိမ့်မယ်။ သူတို့  မပျော်ကြဘူးလို့  ကျွန်တော် တစ်ထစ်ချ ယုံတယ်။

အမေက ထောင် (၆) နှစ်၊ ညီမက ထောင် (၆၅) နှစ်၊ နောက်ညီမ တစ်ယောက်က ထောင် (၁၁) နှစ်၊ ညီမ ခင်ပွန်းက ထောင် (၁၁) နှစ်၊ နောက်ညီမ ခင်ပွန်းသည်တစ်ယောက်က ထောင် (၁၄) နှစ်.. သူကိုယ်တိုင်က
၈၈ ခုနှစ်ကတည်းက မြန်မာ့ဒီမိုကရေစီရေးအတွက် ပြည်ပမှာ ရှင်သန်ရေတဲ့ ကျွန်တော့်သူငယ်ချင်း ကိုညီညီအောင်ရဲ့ အိပ်မက်မျိုးတွေကို ဘယ်သူက ဝေမျှမက်ဘူးမှာလဲ။ ညီညီအောင်ရဲ့ မိတ်ရင်းဆွေရင်း တွေဖြစ်တဲ့ ဌေးကြွယ်၊ မင်းဇေယျ၊ လှမျိုးနောင်၊ အံ့ဘွယ်ကျော်၊ သော်ဇင်၊ ကြီးသန်းတို့ အားလုံးလည်း လက်ရှိအစိုးရရဲ့ ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေအဖြစ် နှစ်ရှည်ထောင်ဒဏ်တွေနဲ့ပါ။ ကိုညီညီအောင်လို သံတူကြောင်းကွဲ ဘ၀မျိုးတွေနဲ့ ပြည်ပမှာ အခြေချနေရတဲ့ ကျွန်တော်တို့ ရဲဘော်ရဲဘက်များရဲ့  ညီညာတဲ့အသံတွေကို ရင်းနှီးစွာ ဂရုပြု နားစွင့်သင့်ပါတယ်။

ဗီယက်နမ်အစိုးရက သူ့နိုင်ငံ စီးပွားရေးကို တရှိန်ထိုးဦးမော့လာအောင် စေတနာရှိရှိနဲ့ ဆောင်ရွက်ချင်တဲ့အခါ ပြည်ပရောက်နေတဲ့ ဗီယက်နမ်နိုင်ငံသားတွေကို ထူးထူးကဲကဲ ဖိတ်ခေါ်မှုမရှိဘဲ "နေချင်ရင်လည်း ဆက်နေကြပါ။ ပြည်ပမှာ ရောက်နေတဲ့ သူ့နိုင်ငံသားတွေဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဗီယက်နမ်နိုင်ငံ အတွက်ပါဘဲ"လို့ ဗီယက်နမ် ကွန်မြူနစ် ခေါင်းဆောင်များက နားလည်မှုအပြည့်ခံယူပြီး တစ်ဘက်ကလည်း လက်တွေ့ လိုအပ်တဲ့ အမေရိကန်အစိုးရနဲ့ အပေးအယူမျှတစွာ ပူးပေါင်း ဆောင်ရွက်တဲ့အပြင် ပြည်ပရောက် သူ့နိုင်ငံသားတွေ အလိုလို ပြန်လာချင် စိတ်ပေါက်လာအောင် လိုက်လျောညီထွေတဲ့ ရေခံမြေခံကောင်းတွေကို မိန့်ခွန်းတွေပေး၊ ကြွေးကြော်ရေးတွေ မလုပ်ဘဲ ကမ္ဘာက အံ့သြသွားရတဲ့အထိ မှန်မှန်ကန်ကန်ုပ်ပြနိုင်ခဲ့ပါတယ်။ ဒီလို တစ်ပါတီစနစ်နဲ့ မောင်းနှင်တဲ့ အရှေ့တောင် အာရှနိုင်ငံငယ် တစ်ခုမှာတောင် ဆယ်စုနှစ်တစ်ခု စွန်းစွန်းအတွင်းမှာ ဖွံ့ဖြိုးမှုဆီ ရောက်ဖို့သွားကြရာမှာ ပြည်ပရောက် နိုင်ငံသားတွေအပေါ် ထားအပ်တဲ့ အစိုးရရဲ့ အမြင်ရှုထောင့်ကို လေ့လာကြည်သင့်ပါတယ်။

ကျွန်တော်တို့လို ပါတီစုံစနစ်နဲ့ ဒီမိုကရေစီနိုင်ငံကို မရောက် ရောက်အောင် ချီတက်ကြမယ်လို့ စိတ်ပိုင်းဖြတ် ထားတဲ့ သမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ ကွန်မြူနစ် ဗီယက်နမ်အစိုးရထက် သာလွန်ကောင်းမွန်အောင် လုပ်ပြနိုင်ဖို့ လိုပါတယ်။ ဒီနေရာမှာ ဗီယက်နမ်နဲ့ နိုင်ငံရေးဘက် ဂရောင်းမတူဘူးလို့ အကြောင်းပြလို့ မရပါဘူး။ အစိုးရ ဆိုတာ ကျန်တဲ့ သဘာဝမတူတဲ့ နိုင်ငံရေးအဖွဲ့ အစည်းတွေထက် လုပ်ပိုင်ခွင့် ပိုရှိသလို၊ ဖြစ်ပျက်ခဲ့မှု အားလုံးအပေါ် တာဝန်ခံမှုအပိုင်းမှာ အခရာ ပိုကျပါတယ်။ ဟိုးတုန်းက တန်းတူရှိခဲ့တဲ့နိုင်ငံတွေ၊ ကျွန်တော်တို့ထက် နောက်ကျခဲ့တဲ့ နိုင်ငံတွေဟာ ဒီကနေ့ ကျွန်တော်တို့ကို ကျော်ဖြတ်သွားရတဲ့ ၀မ်းနည်းနာကျည်းဖွယ် ဖြစ်အင်တွေ အပြီးသတ်ချင်တယ် ဆိုရင်ဖြင့်၊ သမ္မတကြီး မိန့်ခွန်းပါအတိုင်း အပြစ်မရှာပါနဲ့ ဆိုရင်ဖြင့် မြန်မာနိုင်ငံအနှံ့ ထောင်အသီးသီးမှာ အကျဉ်းချခံထားရတဲ့ နိုင်ငံရေးသမား ၂၀၀၀ ကျော်ကိစ္စက ကြီးစွာသော သဘောကွဲလွဲမှုနဲ့ အစိုးရရဲ့ လုပ်ဆောင်မှု တွေအပေါ် မပြေးသော်ကန်ရာရှိ သံသယပွားစရာ ဖြစ်နေပါတယ်။ စိတ်ဝမ်းကွဲမှုရဲ့ ဇစ်မြစ်ဖြစ်နေပါတယ်။

ဒါကို မတူတဲ့ အရေးလို့ မှတ်ယူပြီး လောလောဆယ် ဘေးဖယ်ထုတ်ထားလို့ လုံးဝမဖြစ်နိုင်ပါဘူး။ လတ်တလော အရေတကြီး ဆောင်ရွက်ရမယ့် အထူးတလှယ်ကိစ္စလို့ မြင်ပါတယ်။ ဒါမှသာ လက်ရှိအစိုးရအနေနဲ့ အခြားတစ်ဘက်ကို အပြစ်ရှာ အပြစ်မပြော တော့ဘူးရယ်လို့ ကျွန်တော်တို့ ၀မ်းမြောက်စွာ ကောက်ချက်ချနိုင် ပါလိမ့်မယ်။ ရှစ်ဆယ့်ရှစ်ကို ခါးခါးသီသီး ဖြတ်သန်းလာခဲ့ရတဲ့ ကျွန်တော်တို့ မျိုးဆက်တွေရဲ့ အညှိုးအတေးစိတ်နဲ့ နာကျင်မှုတွေကို အထိုက်အလျောက် လျော့ပါးစေပါလိမ့်မယ်။ ဒီကမှ တစ်ဆင့်ပြီးတစ်ဆင့် နိုင်ငံရေးဟာမိုနီပို ဖြစ်လာပါလိမ့်မယ်။ တိုင်းပြည်အတွက် ပြန်လည်သင့်မြတ်ရေး အပေါင်းလက္ခဏာတွေ အပြိုင်းအရိုင်း ပေါ်ထွက်လာပါလိမ့်မယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားတဲ့ အစိုးရဘက်က သဘောထားတွေ ပြောင်းလဲလာ သလိုမျိုး ထောင်ထဲက ရဲဘော်ရဲဘက်တွေအပေါ် သဘောထားတွေ မပြောင်းနိုင်တော့ဘူးလား။ တကယ်ဆိုရင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည်ထက် အချိန်ပို စောခဲ့ပါတယ်။ တချို့သူငယ်ချင်းတွေဆို ထောင်သက်ပိုကြာပြီး တချို့ဆို ကြေကွဲဖွယ်ရာ အသက်ကိုတောင် ပေးခဲ့ရပါတယ်။ ဒါတွေကို မေ့ပစ်လိုက်ချင်ပါတယ်။


အောင်မျိုးထွန်း
၂၀- ၈- ၂၀၁၁


" ဧရာဝတီမြစ်ကို ပိတ်ဆို့ရေကာတာ တည်ဆောက်ခြင်း"

Posted: 20 Aug 2011 08:36 AM PDT

ဧရာဝတီအတွက်-သီးညီနောင် (ရုပ်/သံ)

Posted: 20 Aug 2011 07:14 AM PDT


Hip hop - တရုတ် - အိန္ဒိယ သံစဉ်လေးတွေနဲ့  ဧရာဝတီကို ကယ်တင်ကြမယ်-သီးညီနောင် (ရုပ်/သံ)
(ဒီနေ့ တော့ Hip hop - တရုတ် - အိန္ဒိယ သံစဉ်လေးတွေနဲ့  ဧရာဝတီကို ကယ်တင်ကြမယ်) ဆည်ကြီးဆောက်တာ ရေကာတာ ဆောက်တာ မြန်မာပြည် နေရာတကာ .. လျှပ်စစ်မီးရရင် အလကားရရင် ယူမှာ ယူမှာ .. ပြန်ပေးလိုက်မယ် အလကား အိန္ဒိယထုတ် ပန်းကန်ပြား ... :P
ရေကာတာကြီးပီးတော့ လျှပ်စစ်မီးဝယ် တရုတ်ကြီးကတော့ အရမ်းထောမယ် ... Gas နဲ့  လျှပ်စစ် --- ၀ယ်မယ်နော် ဈေးမဆစ်
DVB entertainment


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment