Saturday 19 November 2011







ဝေဖန်သုံးသပ်စေရန် တင်ပြလိုက်သော စာရေးသူအားအထူးပဲကျေးဇူးတင်ပါတယ်။ မိမိ၏ယုံကြည်ချက်မိမိ၏အမြင်ကိုပြတ်ပြတ်သားသားအမည်ခံရေးသားပေးပို့ တဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။ အဖွဲ့ အစည်းတံဆိပ်တပ်ပြီး ယုံကြည်ချက်နှင့်ခံယူချက်ကို ချပြရာတွင် ဆက်သွယ်ရန်အမည်နာမတစုံတရာမပါဘဲ ကြေညာချက်ထုတ်ပြန်ခြင်းသည် နေဝင်ရီသရော နွားရိုင်းသွင်းချိန် အထီးအမ မကွဲပြားသောကာလမှာ ဖြစ်ပေါ်တတ်သည် ကိုယ့်လူသူ့ ဖက်သား၊ အချောင်သမား၊ အဖျက်သမားတို့ ၏ရန်ကို ကာကွယ်နိုင်မှာဖြစ်ပါသည်။

မြန်မာပြည်ကြီးအမြန်ငြိမ်းချမ်းနိုင်ပါစေ

အောင်သန်းဦး (ဂျာမဏီ)

ကျေးဇူးပြု၍ပူးတွဲပါဖိုင်ကိုဖွင့်ကြည့်ပါရန်



2011/11/18 BOO DAW <bothawguru@gmail.com>
ပြည်ပရောက် နိုင်ငံရေးစိတ်ဝင်စားသူများ ဝေဖန်သုံးသပ်နိုင်ရန်
 
Democratic Alliance of Burma (DAB) ၏ တာဝန်မဲ့မှုများ
၈လေးလုံး အင်တာနက်စာမျက်နှာနှင့် အချို့  သောကိုယ်ပိုင် အင်တာနက်စာမျက်များတွင် ဒေါ်အောင်ဆန်း စုကြည်နှင့် တကွ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD)  ကို ဝေဖန်သုံးသပ်ခြင်း၊ နိုင်ငံရေးအကြံ့ပုခြင်းများ လုပ်နေသည်တွေ့ ရပါသည်။
ဒီမိုကရေစီ အခြေခံသဘောတရားအရ လွတ်လပ်စွာဝေဖန်ပိုင်ခွင့်ရှိပါသည်။ အကြံဥာဏ်များပေးခွင့်ရှိကြ ပါသည်။ သို့ သော်လည်း ထိုသို့  ဒီမိုကရေစီ အရ  ဟု ဟစ်ကြွေးပြီး ဝေဖန်ပိုင်ခွင့်ရှိသည်။ အမေရိကန်နိုင်တွင် အိုဘားမားကို ဝေဖန်နေတာမတွေ့ ဘူးလား စသည်ဖြင့် ဒီမိုကရေစီဆိုသည့် စနစ်အား လွန်စွာမှ တတ်သိ သိရှိ နားလည်နေသူများသကဲ့သို့  ပြောဆိုပြန်လည်ချေပနေမှုများကိုလည်းတွေ့ ရပါသည်။ ဒီမိုကရေစီ ဆိုသည့် စနစ်အတွင်း၌ရှိသည့် စည်းမျဉ်းဥပဒေတွေကို မည်မျှသိရှိတတ်ကျွမ်းနားလည် နေကြသနည်း ဆိုသည်ကို တော့ မသိရှိနိုင်ခြေ။ 
၎င်း အင်တာနက်စာမျက်နှာများသည် ရန်သူ့ အကြိုက်ဖြစ်နေစေသည်ကို အားလုံးသောသူများသိရှိနေကြ သော်လည်း သူထက်ငါ အလုအယက် ဝေဖန်သုံးသပ်နေကြသည်ကိုလည်းတွေ့ ရပါသည်။ သူထက်ငါ အလု အယက်ဝေဖန်နေသူများ   အပြန်အလှန်အချင်းပွား နေသူများ၏ ဦးရေ (၁၀) ဦးထက်မကျော်ကြောင်းလည်း လေ့ လာသိရှိရပါသည်။
ကိစ္စမရှိဟု အားလုံးကို ပြောလိုပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူများအားလုံး၏ ဝေဖန်သုံးသပ်နေခြင်း များကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သိရှိနိုင်မည်မဟုတ်သောကြောင့်ဖြစ်ပါသည်။ သိရှိပါကလည်း စိတ်ဝင်စားမည်မဟုတ်လှကြောင်းလည်းအသိပေးလိုပါသည်။ ထို့ အပြင် ထိုသူများသည် အများအားဖြင့် လက်ရှိ နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့ အစည်းများတွင် လုပ်နေကြသည့်သူများမဟုတ်သည်ကိုလည်းတွေ့ ရပါ သည်။ ထို့ အတွက်ကြောင့် ကိစ္စ အထူးမရှိပါဟု ထပ်မံတင်ပြပါသည်။
သို့ သော်လည်း  ၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၁၅) ရက် နေ့ စွဲပါဖြင့် မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့  ချုပ် (မဒမခ) Democratic Alliance of Burma (DAB) မှ သဘောထားထုတ်ပြန်ကြေညာချက် တစောင်ထွက်လာသည်။ ၎င်းသဘောထားကြေညာချက်သည်တော့ဖြင့် အရေးပါသဖြင့် ယခုကဲ့သို့ လူထုအား အသိပေးရခြင်းဖြစ်ပါသည်။
 
သဘောထားကြေညာချက်ပါ (၆) ချက်ကိုထောက်ရှုရလျှင်။
(DAB) ကြေညာချက် အချက် (၃) တွင်  "ယနေ့ကာလ ပြောင်းလဲမှုများသည် စစ်မှန်သော ဒီမိုကရေစီ အသွင်ကူးပြောင်းမှု နိုင်ငံရေးဖြစ်စဉ် ဟုတ်မဟုတ်ကို အလေးထား စောင့်ကြည့်သွားရန် လိုအပ်သည်ဟု ရှုမြင်သည်" ။ ဟု ဆိုထားသဖြင့် (DAB) အဖွဲ့ ကြီးက ဘယ်အချိန်ဘယ်ကာလအထိ စောင့်ကြည့်ကြမည်နည်း။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် (DAB) အဖွဲ့ နှင့် အတူ ထိုင်စောင့်ဆိုင်းနေရမည့် အချိန်ကာလ ဟုတ်မဟုတ် ကို လက်တွေ့ ကျကျ (DAB)  အနေဖြင့် သိရှိသုံးသပ်ဆုံးဖြတ်သင့်ပါသည်။ ဒေါ်အောင်ဆန်း စုကြည်သည် အချိန်နှင့်အမျှ အာဏာရှင်အသွင်ပြောင်းအစိုးရနှင့် အနီးကပ်ရင်ဆိုင်လှုပ်ရှား တွေ့ ဆုံနေရသည်ကို သတိချပ် သင့်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တွေ့ ဆုံဆွေးနွေးပြီး အပေးယူလုပ်ခြင်း၊ ပေးဆပ်ခြင်း၊ အလျှော့အတင်း လုပ်ရခြင်းတို့ ကို ပြုလုပ်နေချိန်ဖြစ်သည်ကို ထည့်သွင်းစဉ်းစားဆင်ခြင်သင့်ပါသည်။ ထိုသို့  လုပ်ငန်းများအား လက်တွေ့ အကောင်အထည်ဖေါ် ဆောင်ရွက်နေသူအား (DAB) အနေဖြင့် ယခုအချိန်တွင် ရှုမြင်သုံသပ် ချက်များနှင့် ရွေးကောက်ပွဲဝင်သင့်မ၀င်သင့် စသည့်တို့ အား သဘောထားထုတ်ပြန်ရန် မလိုအပ်ဟု တင်ပြ ပါသည်။
အာဏာရှင်အသွင်ပြောင်းအစိုးရ၏ ကိုယ်စားလှယ် ၀န်ကြီးအောင်ကြည် နှင့် တွေ့ ဆုံပြီးတိုင်း နှင့် မတွေ့ ဆုံမိ အချိန်တိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်အစိုးရကိုယ်စားလှယ်များ၊ အခြားနိုင်ငံခြားတိုင်းပြည်မှ ကိုယ်စားလှယ်များဖြင့် တိုက်ရိုက်တွေ့ ဆုံဆွေးနွေးခြင်းများပြုလုပ်နေသည်ကို သတိချပ်မိရန်လိုအပ်ပါသည်။
အာဏာရှင်အသွင်ပြောင်းအစိုးရ၏ ကိုယ်စားလှယ် ၀န်ကြီးအောင်ကြည် နှင့် တွေ့ ဆုံပြီးတိုင်းတွင် ဒေါ်အောင် ဆန်းစုကြည်နှင့် NLD တို့ မှ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်နှင့် နိုင်ငံရေးအကြပ်အတည်းတခုကို ပျော့ပြောင်းသော နည်းဖြင့် အရယူနေရချိန်  ဖြစ်သည်အညီ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးကိုလည်း လုပ်ဆောင်နေ သည်ကို သတိချပ်မိရန် လိုအပ်ပါသည်။ လက်တွေ့  အချိန်နှင့် အလုပ်လုပ်နေသူများအတွက် စောင့်ကြည့် ရန်ဆိုသည့် ကိစ္စမရှိကြောင်း ထင်ရှားပါသည်။
ယခုကဲ့သို့  သဘောထားထုတ်ပြန်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည် အား စဉ်းစားဆင်ခြင်ဥာဏ်နည်းပါး သော သူ အဖြစ် ပြောနေသကဲ့သို ဖြစ်နေပါသည်။ (DAB) အဖွဲ့ ၏ အချက် (၁) (၂) ပါ နိုင်ငံရေးသုံးသပ်ချက် အဆင့်အတန်းလောက်ကို ဒေါ်အောင်ဆန်းစုကြည် မှ မြင်မထားပါလျှင် ၎င်းအနေဖြင့် လူထုခေါင်းဆောင် နေရာမှ စွန့် ခွာသွားမည် မလွဲ ဧကန်ဖြစ်ပါသည်။  စွန့် ခွာသွားသင့်ပါသည်။
(DAB)  အချက် ၄။ "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မူလ ရည်မှန်းချက်များဖြစ်သော နိုင်ငံရေးအကျဉ်းသား များ လွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်များကို နိုင်ငံရေးအရ တန်းတူရည်တူ ဆွေးနွေးပွဲများ၏ သဘောတူညီမှုများအရသာလျှင် အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်လိမ့်မည်၊ စစ်အုပ်စုက လွှမ်းမိုးထားသော ဟန်ပြ လွှတ်တော်အတွင်း မှတဆင့် ၎င်းရည်မှန်း ချက်များကို ဖေါ်ဆောင်သွားရန်မှာ မဖြစ်နိုင်ဟု ယုံကြည်သည်။"  ဟု ဆိုထားပြန်ပါသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၏ အဓိက မူလရည်မှန်းချက်များတွင် တွေ့ ဆုံဆွေးနွေးရေးဆိုသည့် အချက် လည်း ပါဝင်သည်ကို သတိမေ့ထား၍မရပါ။ မိမိလိုရာကိုသာစွဲပြီး ဝေဖန်သုံးသပ်ယုံကြည်ခြင်းကို ရှောင်သင့်ပါ သည်။ DAB အနေဖြင့် တွေ့ ဆုံဆွေးနွေးရေးတွင် အင်မတန်မှပါဝင်လိုသည်ကိုနားလည်ပေးပါသည်။
နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဆိုသည့်ကိစ္စတွင် NLD ကလုပ်ငန်းစဉ်တခုအနေဖြင့် အကောင် အထည်ဖေါ်ဆောင်ရွက် နေခြင်းဖြစ်သလို လုပ်ငန်းတိုးတက်မှုအတိုင်းအတာတခု အနေဖြင့်လည်း ရရှိလာသည့် ရလာဒ်များကိုလည်း သတိချပ်သင့်ပါသည်။
ပြည်တွင်းငြိမ်းချမ်းရေးဆိုသည့် ကိစ္စတွင်  ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထုတ်ပြန်ကြေညာသဘောထား ပေးပြီးဖြစ်ပါသည်။ ထိုကာလတွင်း၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအနေဖြင့် ဒေါ်အောင်ဆန်းစု ကြည်၏ သဘောထားအပေါ်တွင် ကြိုဆိုသည် ထောက်ခံသည်ဆိုသည့် တုန်ပြန့် မှုသာရှိခဲ့ပါသည်။ လက်တွေ့  လုပ်ငန်း အကောင်အထည်ဖေါ်ဆောင်ရွက်ရန် မည်သို့ ဆက်လက်လုပ်ဆောင်မည်ဆိုသည်ကို ဒေါ်အောင်ဆန်းစုကြည် နှင့် တိုက်ရိုက် ဆက်သွယ်ပြီး လုပ်ဆောင်ခဲ့ခြင်းများမရှိခဲ့သည်ကို  တွေ့ ရပါသည်။ DAB အနေဖြင့်လည်း ထိုကိစ္စအား မည်သည့် လုပ်ငန်းမျှဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်းများ မရှိသည်ကိုလည်းတွေ့ ရပါ သည်။
လက်ရှိ အခြေအနေတွင် KNU အနေဖြင့် တဖွဲ့ ချင်းသာအရင်ဆွေးနွေးမည်ဆိုသည့် မူချမှတ်ထားသည်ဟု ထုတ်ပြန်ထားသည်ကိုတွေ့ ရှိရပါသည်။ ထို့ ကြောင့် အသွင်ပြောင်းအစိုးရမှ တဖွဲ့ ချင်းစီကို ဆွေးနွေးနေခြင်း အပေါ် တွင် ဆင်ခြေပေးငြင်းဆိုရန် မသင့်သည်ကို သတိပြုမိပါသည်။
တဖန် DAB မှ အဖွဲ့ ဝင် များ ပါ သည့် NCUB မှ ကြေညာချက် ထုတ်ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည်အား တိုက်တွန်း၍ ဆွဲထည့်သည်ကိုလည်း တွေ့ ရပြန်ပါသည်။ ၎င်း NCUB တွင် ခေါင်းဆောင်လုပ်၍ အင်တာဗြူး သူအနေဖြင့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအား တစုတစည်း ညီညွတ်အောင်ပြုလုပ်ပြီး တသံတည်း ထွက်သည့် အခြေအနေရောက်အောင် အရင်ဆုံးလုပ်ဆောင်ပြီးမှ ဒေါ်အောင်ဆန်းစုကြည်နှင့် အသွင်ပြောင်း အစိုးရတို့ ကို တောင်းဆိုခြင်း တိုက်တွန်းခြင်း စတာတွေပါသည့် ကြေညာချက်ထုတ်ရန်သင့်ပါသည်။
NLD နှင့် ဒေါ်အောင်ဆန်းစုကြည် အလုပ်များနေချိန်တွင် ၀ိုင်းဝန်းပံ့ပိုးကူညီရမည့်အစား သခွပ်ပင်ကတကျီကျီ လုပ်နေခြင်းမျိုးဖြစ်နေစေသည့် မိမိတို့ နိုင်ငံရေးအရှိန်အဟုန် ပျက်မသွားစေရန် ကြေညာချက်ထုတ်ပြန် အင်တာဗြူး များလုပ်ဆောင်နေခြင်းတို့ သည် ကောင်းသည့် လုပ်ရပ်များ ဟုတ်မဟုတ်သုံးသပ်ရန်လိုပါသည်။
DAB/NCUB/NCGUB/NLD-LA  အဖွဲ့ တို့ တွင် လမ်းပြမြေပုံ (၇) ချက်ကို အချက်တိုင်းတိုက်ဖျက်သွားရန် ဆိုသည့် မူချမှတ်ကာ လုပ်ဆောင်ခဲ့ကြသော်လည်း အချက်တိုင်းအောင်မြင်မှုမရှိခဲ့သည်ကိုတွေ့ ရပါသည်။
ထိုအချိန်ကာလများက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေပါသည်။ ယခု ၎င်းလမ်းပြမြေပုံ (၇) ချက်ကို အဏာရှင်အသွင်ပြောင်းအစိုးရက အောင်မြင်စွာလုပ်ဆောင်နိုင်သွားပြီကို မည်သူမျှငြင်းနိုင်မည်မဟုတ် ကြောင်း တင်ပြပါသည်။ ဘာကြောင့်မအောင်မြင်ခဲ့သည်ကို မိမိကိုယ်မိမိ အသိရှိဆုံးဖြစ်မည်ဟုသိရှိပါသည်၊ ထို့  ကြောင့် DAB အတွင်း ကိစ္စများအားထည့်သွင်းမတင်ပြခြင်းဖြစ်ပါသည်။
ကျန်ခဲ့သည့်အချိန်ကာလများတွင် (DAB) အဖွဲ့ အနေဖြင့် မည်သည့်ကိစ္စများတွင် အလေးထား ဆောင်ရွက် နေပါသနည်း။ အနှစ် (၂၀) အတွင်း အဖွဲ့ ပေါင်း (၂၅) ဖွဲ့  ပါဝင်ဖွဲ့ စည်းထားသည့် (DAB) သည် ယခု လက်ရှိအချိန်ကာလတွင် မည်သို့ ရပ်တည်နေပါသနည်း။ ဟန်သာရှိပြီး အဆန်မရှိသည့် (DAB)၊ စက္ကူကျားရုပ် (DAB) ဘ၀ဖြစ်နေသည့်အဖွဲ့ အစည်း ဖြစ်နေသည်ကို (DAB)အနေ ဖြင့် အသိဆုံးဖြစ်ပါသည်။
ထိုသဘောသဘာဝအခြေအနေအရ DAB ၏ ထုတ်ပြန်ကြေညာချက်သည် NLD အတွင်း ကြီးမားသည့် သဘောထားကွဲ လွဲမှုများဖြစ်လာစေရန် တွန်းပို့ သည့် ကြေညာချက်သာဖြစ်နေပါသည်။ အဘယ်ကြောင့် ဆိုသော် ပြည်တွင်းရှိ နိုင်ငံရေးလုပ်နေသူအချို့ တွင် တောတွင်းလက်နက်ကိုင်၊ ပြည်ပအတိုက် အခံအဖွဲ့  စည်းများ ဆိုသည်ကို အထင်တကြီးရှိနေကြသောကြောင့်ဖြစ်သည်။ ဖြစ်စဉ်အမှန်နှင့် တကယ်လက်တွေ့  DAB အနေအ ထားကို မသိရှိနားမလည်သူများရှိနေပါသည်။
DAB မှ သုံးသပ်ထားသည့် စစ်အုပ်စုမှ လွှမ်းမိုးထားသောဟန်ပြလွတ်တော်ဆိုသည်မှာ များစွာမှ မှန်ကန်ပါ သည်။ သို့ သော် ၎င်းလွတ်တော်မှ ထုတ်ပြန်ကြေညာသည့် ဥပဒေများအတိုင်း ဆုံးဖြတ်ချက်များအတိုင်းသာ ကမ္ဘာ့အဖွဲ့ အစည်းများက ကြိုဆိုခြင်း စောင့်ကြည့်ခြင်း ထောက်ခံခြင်း စသည်တို့ ကို လုပ်နေကြသည် ကို အားလုံးက မငြင်းနိုင်သည့်အနေအထားရှိနေပါသည်။ လက်ရှိ ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဌ ဖြစ်ရေးကို အဖွဲ့ ဝင် နိုင်ငံခြားရေးဝန်ကြီးများက ထောက်ခံလိုက်သည်ကို ကြည့်ခြင်းအားဖြင့် အသွင်းပြောင်းအစိုးရ၏ အခြေအနေကို သိရှိနေနိုင်ပါသည်။ DAB အနေဖြင့် နိုင်ငံခြားရေးဝန်ကြီး တဦး တယောက်နှင့်များဆွေးနွေးနိုင်ပြီး ကန့်  ကွက်နိုင်သည့် အဆင့်တွင် ရှိနေလျှင် အတိုင်းထက်အလွန် ၀မ်းသာကြိုဆိုရမည်မှာအမှန်ဖြစ်ပါသည်။
DAB နောက်ကြောင်းပြန် လှန်ရသော်။ ။။။။ ၁။ လမ်းပြမြေပုံ (၇) ချက်အားလည်း မတိုက်ဖျက်နိုင်ခဲ့။
၂။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးဖြစ်နေစဉ်ကာလ များတွင်လည်း ရဟန်သံဃာများအား ရိုက်သတ် ဖမ်းဆီးထောင်ချနေခြင်းအားလည်းမကူနိုင်။ ၃။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကိစ္စကိုလည်း မခြေဖျက်နိုင်။
(၂၅) ဖွဲ့  ဘာများလုပ်နေပါသနည်း။
ယခု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့်အခါ လုပ်ငန်းများအောင်မြင်တိုးတက်လာသည့် အပေါ်တွင် ပံ့ပိုးကူညီရမည့်အစား NLD အဖွဲ့ ဝင်များ နှင့် ပြည်သူကိုေ၀၀ါးစေသည့် ကြေညာချက် ထုတ်ပြန်ခြင်းသည် ကောင်းသော လုပ်ရပ်ဟုတ်မဟုတ် သုံးသပ်နိုင်ပါသည်။
သုံးသပ်မိသည်မှာ ဒေါ်အောင်ဆန်းစုကြည်လွတ်လာပြီးနောက် မြန်မာနိုင်ငံပြင်ပရှိ အဖွဲ့ အစည်းများ နိုင်ငံရေး လုပ်ကွက် အတော်ပျောက်သွားသည့် အဖြစ်ကိုရောက်ရှိခဲ့သည်ကို တွေ့ ရပါသည်။ Proposal တင်သည့် အခါတွင်လည်း ယခင်ကကဲ့သို့  ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ပြည်တွင်း လုပ်ငန်းစဉ် စသည်ဖြင့် တင်ရန် လည်း အခက်အခဲတွေဖြစ်လာပုံရသည်ဟုလည်း သုံးသပ်မိပါသည်။
ထို့ ကြောင့် ယခုကဲ့သို့ အကြံပေးလမ်းညွန်နေခြင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက မှတ်ပုံမတင် ဘဲ နေ၊ ကြားဖြတ်ရွေးကောက်ပွဲလည်းမ၀င် ဆိုတာဖြစ်စေချင်နေတာပါလား။ ထိုသို့ လုပ်လိုက်လျှင် တရားမ၀င် ပါတီ အဖြစ် အသွင်ပြောင်းအစိုးရကကြေညာ၊ ဒေါ်အောင်ဆန်းစုကြည်တို့ က ထိပ်တိုက်ရင်ဆိုင် လမ်းမပေါ် ထွက် လူထုအုံကြွမှုကြီးဖြစ်၊ ထို့ နောက် အနိုင်ရ ပွဲသိမ်းသွားမယ်လို့ ထင်ပါသလား။ သို့ မဟုတ် ဒေါ်စုကို နေအိမ် အကျယ်ချုပ်ပြန်ဖြစ်စေချင်နေတာလား။ ဒါမှ မိမိတို့  ပြန်လည်ပြီး နိုင်ငံရေးဆန်းပွင့်လာမယ်လို့ သုံးသပ် ထားကြပါလား။
DAB အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံကို ဖျက်သိမ်းရေးပြုလုပ်မည်ဆိုပါကလည်း မည်သည့်နည်းလမ်းများဖြင့် ဖျက်သိမ်း တိုက်ဖျက်ပြီး၊ DAB နှင့်အတူ လူထုမှမည်မျှပါဝင်ပတ်သက်ရမည်ကို လုပ်ငန်းစဉ်များ ချပြပြုလုပ်ခြင်း များဖြင့်သာလျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို ကူညီရာရောက်မည်ဖြစ်ပါသည်။
(DAB) အနေဖြင့် ယခုအချိန်တွင် နိုင်ငံရေးသုံးသပ်ချက် သဘောထားများနှင့် ဒေါ်အောင်ဆန်းစုကြည်အား တိုက်တွန်းချက်များထုတ်ပြန်ခြင်းလုပ်မည့်အစား
DAB နှင့်ပတ်သက်သည့် တိုင်းရင်းသားလက်နက်ကိုအဖွဲ့  အစည်းများ၏ အပစ်အခတ်ရပ်ဆဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စများကို DAB အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းအားလုံး တပေါင်းတစည်း တည်း ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိဘဲ၊ DAB မှ ဦးဆောင်ဦးရွက်မှုပြု လုပ်နိုင်ခဲ့ခြင်း မရှိဘဲနှင့် လူထုကအားကိုးသည့် အစင်အလာကြီးသည့် ဒေါ်စုနှင့် NLD ကို  နိုင်ငံရေး သုံးသပ်ဝေဖန်မှု များပြုလုပ်နေခြင်းသည် ဒီမိုကရေစီကျင့်စဉ်အရ သုံးသပ်ခွင့်ရှိ သော်လည်း ယခုကဲ့သို့  ကြေညာချက် ထုတ်ခြင်း မှာ အဖွဲ့ အစည်ခေါင်းစဉ် နှင့် စည်းတံဆိပ်တုံးသာရှိသည့် တာဝန်မဲ့သော နိုင်ငံရေးအဖွဲ့  အစည်းတခုဖြစ် ကြောင်းထင်ရှားပါသည်။
လှိုင်မြင့်
၁၈။ ၁၁။ ၂၀၁၁



--
Aung Than Oo

mobile: +49 173 5347534
e mail : atoburma@web.de
             atoburma@googlemail.com




No comments:

Post a Comment