Saturday 19 November 2011


Burma in pieces ရုပ်/သံ)

Posted: 18 Nov 2011 11:16 PM PST



Shot illegally and often covertly in Burma and Thailand over 2 years, Burma In Pieces is a poetic sound and visual metaphor of life under a military dictatorship, pieced together from 150 hours of original material, interviews and archive footage. Filmed on bustling city streets and in remote mountain villages, in trains and markets, guerrilla resistance compounds in the landmine infested Burmese jungle, refugee camps on the Thai border, Buddhist temples, schools and kick boxing tournaments, the film offers intimate and unique observations of life in Burma under the shadow of the military dictatorship that controls it. For decades, the horrific human rights violations and political oppression in Burma has gone untold and unnoticed by the world, and while this situation has changed in recent years, Burma is still a closed society and its people remain distant statistics in a world desensitized by the horrors of conflict. Burma In Pieces therefore attempts to offer a detailed, nuanced human perspective of the nature of fear and oppression by bringing the audience into the lives, homes and environments of the Burmese people, thus experiencing their warmth, struggle and sacrifice.


နဖူးကွဲ ဒူးပြဲတာ မမြင်ချင်ပါ- ကိုကိုအောင်(ဆန်ဖရန်စစ္စကို)

Posted: 18 Nov 2011 09:40 PM PST

နိုင်ငံရေးအသင်းအသွင် မှတ်ပုံတင်
ပေါ်လွင်လာတဲ့ အင်အယ်ဒီ။

ပြည့်သူဘက်က အဓိက
အတိကျရပ်မယ့် အင်အယ်ဒီ။

အသင်းအတွက်မဟုတ် အတ္တအတွက်မလုပ်
အဟုတ်ကိုနိုင်ငံအတွက်
အသက်ပေးလုပ်မယ့် အင်အယ်ဒီ။

ငြိမ်းချမ်းရေးလမ်းစဉ် ရှေ့တန်းတင်
အောင်မြင်အောင်လုပ်မယ့် အင်အယ်ဒီ။

အင်အယ်ဒီလုပ်ရပ် အထပ်ထပ်
မွန်မြတ်ပါပေ့ ကောင်းပါသဟေ့။

မမေ့ဖို့ရာ တစ်ခုသာ
အများစုဟာ သိန်းစိန်လူတွေပါ။

လွှတ်တော်တွေထဲ ဆုံးဖြတ်မဲ
လူနည်းစုက ရှုံးရမြဲ။

အရှုံးရတဲ့လူနည်းစုက
လူများစုကိုလိုက်နာရ
ပုပ်ပွနေတဲ့ ဒီပုပ်ထဲ
ဒီပဲဟာ ဒီပဲပါပဲ။

သိန်းစိန်အစိုးရ
ကြိမ်းသေကြုံတိုးနေရတာက
အပြည်ပြည်ဆိုင်ရာဖိအား
ပိုထူးခြားတာက အာဆီယံဥက္ကဌ
မုချလုပ်ရရေး နဲ့ ပိတ်ဆို့နေသေးတဲ့
စီးပွားရေး ပွင့်လာရေးအတွက်
ကြောင်ခံတွင်းပျက်နေတဲ့အချိန်။

ငြိမ်းချမ်းရေးမြော်ကိုး
အမျိုးမျိုးကြိုးစား
ထောင်နှုတ်ခမ်းနားလျှောက်
ထွက်ပေါက်အခါခါ ရှာကြံနေတဲ့ဒေါ်စု
အလုအရက် အချိတ်အဆက်
ဇရက်တောင်ပံကျိုးနေတဲ့အချိန်။

ဤအချိန်နှစ်ချိန် အရှိန်အဟုန်
စုဆုံပြီးကြုံလာခိုက် အကြိုက်ကိုတွေ့
မနောတွေခွေ့ပြီး တွေ့ဆုံဆွေနွေးရေး
အခါမနှေး လမ်းခင်းပေးတော့တယ်။

ကြောင်ခံတွင်းပျက်နဲ့ဇရက်တောင်ပံကျိုး
ဘယ်လိုအဖြစ်မျိုး ကြုံတိုးလာလိမ့်နိုး
ဘယ်သူမျှမမြော်ကိုးနိုင်
အပိုင်ကိုင်နိုင်သူ ဒေါ်စုက
သူ့လူကိုယ့်ဘက်သား ဆွဲဆောင်နိုင်ငြားက
နိုင်အားဟာဒေါ်စုဘက် မဲသာလို့ထွက်
မှန်းချက်နဲ့နှမ်းထွက် မကိုက်ခဲ့ပါလျှင်
လိုချင်တာမရ ပြည်သူတွေရဲ့ဆန္ဒ
ပေါက်ကြမဲ့နှဖူး ပြဲရမယ့်ဒူး ထူးထူးခြားခြား
ရူးများရူးရလေတော့မလား။
ကြည့်သွား သတိထား အသိပွား။

ကိုကိုအောင်(ဆန်ဖရန်စစ္စကို)
နိုဝင်ဘာ ၁၈ ၂၀၁၁


နိုဝင်ဘာ ၁၈ ၂၀၁၁


အားလုံး ကြိုးစားကြရင် အဆင့်အတန်းရှိတဲ့ မြန်မာပြည်ဖြစ်လာမှာ မလွဲပါ

Posted: 18 Nov 2011 08:14 PM PST


အမေရိကန်သမ္မတကHillary Clinton ကို မြန်မာပြည်လွှတ်တဲ့အပေါ် အနောက်မီဒီယာများမှာတော့ အမျိုးမျိုးအဖုံအဖုံ ဝေဖန်ပြောဆိုနေကြသံတွေ ကြားရပါတယ်။ ပထမဆုံး CBS သတင်းက အမျိုးသားလုံခြုံရေး လေ့လာဆန်းစစ်သူ Juan Zarate နဲ့ Bob Orrတို့ဆွေးနွေးမှုမှာ ပထမတစ်ချက်က အမေရိကန်ရဲ့ ပူးပေါင်းဆောင်ရွက်ရေးပေါ်လစီ အောင်မြင်ကြောင်း ပြချင်တာနဲ့ ဒုတိယက တရုတ်ကို Counterလုပ်ချင်တာကြောင့်လို့ ဆိုပါတယ်။ အမေရိကန်က အာရှ-ပစိဖိတ်ဒေသမှာ တရုတ်နဲ့ကို တန်ပြန်အင်အားယှဉ်နေတာ တွေ့ရပါတယ်။ CNN သတင်းမှာတော့ တရုတ်ကိုအားစမ်းချင်လို့ မြန်မာကိုဖွင့်ပေးလိုက်တာ ကောင်းပေမယ့်လို့ မြန်မာအစိုးရက ထင်ထားတဲ့အတိုင်းမလုပ်ဘဲ .. ဒုံရင်းအတိုင်းသွားနေရင်တော့ အမေရိကန်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါဝင် ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပူးပေါင်းဆောင်ရွက်ရေးလမ်းစဉ်ဟာ သဲထဲရေသွန်ဖြစ်နိုင်တဲ့အကြောင်း သတိပေးထားတာကို ဖတ်ရပါတယ်။ The Washington Post မှာတော့ မြန်မာကိုဖွင့်ပေးလိုက်တာ တရုတ်ကိုအားစမ်းချင်လို့မဟုတ်ပါဘူးလို့ အမေရိကန်အရာရှိများက ငြင်းကြောင်းဖတ်ရပါတယ်။ ကျွန်တော့်အမြင်ကတော့ ဘာပဲဖြစ်ဖြစ် အမေရိကန်က ဒီလိုဖွင့်ပေးလိုက်တာကို ကြိုဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် -

၁. မြန်မာ့လက်ရှိအစိုးရရဲ့ ပြောင်းလဲလက်စအရှိန်အဟုန်ကို မြှင့်တင်ပေးနိုင်ခြင်း၊

၂. နိုင်ငံရေးအကျဉ်းသားကိစ္စ၊ အမျိုးသားရင်ကြားစေ့ရေးကိစ္စ အစရှိတာတွေကို အနီးကပ်ဝေဖန်တိုက်တွန်းနိုင်ခြင်း၊

၃. လွှမ်းမိုးလာတဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးနဲ့စီးပွားရေး ကဏ္ဍတွေကို Counter လုပ်ပြီး ချိန်ညှိနိုင်ခြင်း (တရုတ်ရင်းနှီးမြှုပ်နှံမှုများကို မနှစ်သက်၍မဟုတ်၊ ပြိုင်ဘက်ကိုဖိတ်ခေါ်ခြင်းဖြင့် လက်ဝါးကြီးအုပ်ခေါင်းပုံဖြတ်မှုကို ကာကွယ်ရန်အတွက်)။

နောက်တစ်ခုက နိုင်ငံရေးမှာ အခုလိုအသွင်ပြောင်းစ ပြုလာပေမယ့် စီးပွားရေးမှာ အသွင်ပြောင်းဖို့ အများကြီးလိုနေသေးတဲ့ ကိစ္စပါ။ ဥပမာ - BBCက Rachel Harvey ရဲ့ဆွေးနွေးမှုမှာ မြန်မာပြည်က နိုင်ငံခြားနည်းပညာအကူအညီ အရမ်းလိုအပ်နေပါတယ်။ exchange rate တစ်သမတ်တည်းဖြစ်ဖို့၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တရားဥပဒေတွေကို ထင်သာမြင်သာနဲ့ ခိုင်မာအောင်ပြဌါန်းဖို့ .. အစရှိသဖြင့် လုပ်ဖို့အများကြီးလိုပါတယ်။ ဒါတွေအရင်မလုပ်သေးဘဲနဲ့ဆိုရင် ဆန်ရှင်သိမ်းလိုက်ရင်တောင် အိမ်နီးချင်းနဲ့ ဂျပန်အစရှိတဲ့ အာရှနိုင်ငံတစ်ချို့ကလွဲရင် ဘယ်သူကမှ လာရောက်ရင်းနှီးမြှုပ်နှံချင်မှာမဟုတ်ပါဘူး။ နောက်တစ်ခါ The New York Times မှာ ဦးသန့်မြင့်ဦးဆွေးနွေးထားသလို .. banking system နဲ့ financial sector မှာလုပ်ရမှာတွေ အများကြီးရှိနေပါသေးတယ်။Macquarie တက္ကသိုလ်က ပါမောက္ခ Sean Turnell ဝေဖန်ထားသလို မြန်မာဘဏ်များက လုပ်ငန်းရှင်များကို နှစ်ရှည်ချေးငွေထုတ်ပေးဖို့လည်း လိုအပ်နေတယ် လို့ မြင်ပါတယ်။ သူ့အဆိုအရ မြန်မာပြည်က အတိုးပေးစားသူတွေဟာ တစ်နှစ်ကို အတိုးနှုန်း ၁၈၀ % ယူလေ့ရှိတယ်လို့သိရပါတယ်။ ဒါတွေက အောက်ခြေလူတန်းစားတွေ ပိုပြီးဆင်းရဲမွဲတေစေမယ့် စံနစ်တွေလို့ ကျွန်တော်မြင်ပါတယ်။ နောက်ပြီး အစိုးရမှာ နိုင်ငံတော်ဘတ်ဂျက်၊ အသုံးပြုငွေ အစရှိတာတွေကို ထင်သာမြင်သာ၊ မှန်မှန်ကန်ကန်နဲ့ ပြည်သူကိုချပြဖို့ အင်မတန်အရေးကြီးပါတယ်။

နောက်ဆုံးအနေနဲ့ သတင်းတွေမှာတွေ့နေရတာက မြန်မာပြည်ရဲ့မြို့တော် နေပြည်တော် အပေါ်ဝေဖန်သုံးသပ်ထားမှုတွေပါ။ ၂၀၁၄ မှာ အာဆီယံဥက္ကဌ လုပ်ဖို့လည်း တာဝန်ယူထားပြီဆိုတော့ ဘာပဲပြောပြော ဧည့်သည်တော်တွေကို ဆွဲဆောင်ဖို့နဲ့ ကိုယ်တိုင်အတွေ့အကြုံရဖို့ infrastructure ပိုင်းမှာ လူကြည့်ကောင်းအောင် ဖြစ်နေဖို့လိုပါတယ်။ လောလောဆယ် NPR သတင်းနဲ့ The Wall Street Journal သတင်းထောက်တို့ရဲ့ သုံးသပ်ထားပုံတွေကို ဖတ်နေရပါတယ်။ လောလောဆယ် လူမရှိသေးတာက ပူစရာမလိုပါဘူး .. အိမ်သာရင်ဧည့်လာမှာပါ။ အရေးအကြီးဆုံးတွေထဲက အရေးအကြီးဆုံးတစ်ခုကို ပြောရရင် စီးပွားရေးအတွက် ပေါ်လစီပြောင်းပေးတာ ဘာညာက .. အစိုးရကိစ္စဖြစ်လို့ ထားပါတော့။ ကျွန်တော်တို့ အခုလောလောဆယ် ပြည်သူတစ်ယောက်အနေနဲ့ ကြိုဆင်ပြင်ဆင်ထားရမှာက အင်္ဂလိပ်စာအားကောင်းဖို့ပါ။ အဲဒါ အလွန်အရေးကြီးပါတယ်။ ကျွန်တော်အပါဝင် ကျွန်တော်သိသလောက် မြန်မာအများစုက အင်္ဂလိပ်စာ ကျွမ်းကျင်မှုသိပ်မရှိကြသေးပါဘူး။ နိုင်ငံခြားနဲ့ ဆက်ဆံရတော့မယ်ဆိုရင် ဒါကလုံးဝ မတတ်မဖြစ် တတ်ထားရမှာပါ။ နောက်ပြီး .. ဒါက ကျွန်တော်တို့ ပြည်သူတွေ ကိုယ့်ဟာကိုယ် လုပ်နိုင်တဲ့ကိစ္စပါ။

လောလောဆယ်တော့ တတ်သမျှမှတ်သမျှလေးနဲ့ ငပိသံပါပါပြောနေကြတာ သတင်းတွေထဲမှာ အမြဲကြားနေရပါတယ်။ သို့ပေမယ့် မကျွမ်းကျင်သူအချင်းချင်းမှာ စင်္ကာပူလို အိုကေလား .. no have lah ပုံစံမျိုးနဲ့ပြောနေတာမဟုတ်ဘဲ ကိုယ်သိသလောက်လေးနဲ့ grammar ကျအောင် ကြိုးစားပြောနေကြတာတွေ့လို့ အားတော့ရမိပါတယ်။ ဘာပဲပြောပြော စင်္ကာပူလို တောင်မကျမြောက်မကျတော့ မြန်မာနိုင်ငံကို မဖြစ်စေလိုပါ။ ကျွန်တော်တို့အားလုံး ကြိုးစားကြရင် အဆင့်အတန်းရှိတဲ့ မြန်မာပြည်ဖြစ်လာမှ မလွဲပါ။

မောင်သစ်စိမ်း(MMCP)


အမေရိကန်-မြန်မာဆက်ဆံရေးသမိုင်းမှာမှတ်တမ်းတခုအနေနဲ့တည်ရှိနေမဲ့ဓာတ်ပုံ

Posted: 18 Nov 2011 09:56 AM PST


US-Association of Southeast Asian Nations (ASEAN) meeting in Nusa Dua on Indonesia's resort island of Bali on November 18

Photo..Gettyimages


NLD ပါတီမှတ်ပုံတင်ရေးနှင့်ရွေးကောက်ပွဲဝင်ရေးဆန္ဒပြုသည့် NLD CEC အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့်မိန့်ခွန်း

Posted: 18 Nov 2011 09:10 AM PST


ဒီနေ့ ဆိုလို့ရှိရင် ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ချရမှာ ဖြစ်ပါတယ်။ ဒီလို ဆုံးဖြတ်ချက်မျိုးဟာ အရင် နှစ်ခေါက် ချခဲ့ပြီးပါပြီ။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ ၀င်ရေးမ၀င်ရေးတုန်းက တစ်ခါ ၂၀၁၀ ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးတုန်းက တစ်ခါ ချခဲ့ပြီးပါပြီ။ အဲဒီ နှစ်ကြိမ်စလုံးကတည်းက ကျမ မပါခဲ့ပါဘူး။ ဒါဟာ သုံးကြိမ်မှာ ကျမ ပထမဦးဆုံးအကြိမ်ပါဝင်တာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် အရင် ၁၉၉၀ ရွေးကောက်ပွဲနဲ့ ပတ်သတ်လို့ပဲ ဖြစ်ဖြစ်၊ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သတ်လို့ပဲဖြစ်ဖြစ် အများရဲ့ ဆုံးဖြတ်ချက်ကို ကျမလက်ခံခဲ့ပါတယ်။ ကျမ သဘောတူတာ မတူတာက အဓိက မဟုတ်ပါဘူး၊ ကျမရဲ့ ဆန္ဒတွေ လည်းရှိပါတယ်။ကျမရဲ့ အမြင်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ဒီမိုကရေစီနည်းအရ အများရဲ့ဆုံးဖြတ်ချက်ကို လက်ခံရမှာဖြစ်ပါတယ်။ အများရဲ့ ဆုံးဖြတ်ချက်ကို လက်ခံတယ်ဆိုတာ မည်ကာ မတ္တ လက်ခံတာကို ပြောတာ မဟုတ်ပါဘူး။ တကယ်ပဲ လက်ခံတယ်ဆိုရင် စိတ်ရောကိုယ်ပါ လုပ်ရပါမယ်။ ဆုံးဖြတ်ချက် မချခင်မှာ ကိုယ့်ရဲ့အမြင်ကို တင်ပြချင်သလို တင်ပြလို့ရတယ်။ ကိုယ်သဘောတူတာ မတူတာကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ရပါတယ်။

ဒါပေမဲ့ ဆုံးဖြတ်ချက်ချပြီးပြီ ဆိုလို့ရှိရင် အဲဒီချမှတ်တဲ့ ဆုံးဖြတ်ချက် အတိုင်း စိတ်ရောကိုယ်ပါ လိုက်ပြီးတော့ လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီတာဝန်တစ်ခု ဖြစ်တယ်ဆိုတာကို ကျမ အားလုံးကို နားလည်စေချင်ပါတယ်။ ဥပမာအားဖြင့်ဆိုရင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ၀င်ရေးကိစ္စကို ကျမကိုယ်တိုင်လည်း သဘောတူခဲ့တာ မဟုတ်ပါဘူး။ ဆုံးဖြတ်ချက်ချတဲ့အထဲမှာ ပါဝင်ခဲ့တာလည်း မဟုတ်ပါဘူး၊ဒါပေမဲ့ အဖွဲ့ချုပ်က ဆုံးဖြတ်ချက်ချပြီးပြီဆိုရင် အဖွဲ့ချုပ်ရဲ့လမ်းစဉ်အတိုင်း ကျမအားလုံးလုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲ ၀င်ရေးအတွက်ကို လက်မှတ်ထိုးပြီးတော့ လျှောက်ပါဆိုတာကို ကျမ လျှောက်ခဲ့တယ်။ ဒါပေမဲ့ ကျမကို ၀င်ခွင့်မပေးခဲ့ဘူး။ နောက်ပြီးတဲ့ အခါကျတော့ ၀င်ခွင့်မပေးခဲ့ပေမယ့်လည်း ဒီရွေးကောက်ပွဲမှာ အဖွဲ့ချုပ်ကနေ မဲထည့်ပါလို့ ပြည်သူတွေကို ဆော်သြခဲ့တဲ့အတွက် ကျမ အကျဉ်းကျနေစဉ်တုန်းက မဲထည့်ခဲ့ပါတယ်။ ဘယ်လိုမဆို ဒီမိုကရေစီကို လေးစားတဲ့သူတိုင်းဟာ တကယ်ပဲ ဒီမိုကရေစီစိတ်ဓါတ်ရှိတယ် ဆိုရင် အများရဲ့ဆန္ဒကို လေးစားလိုက်နာရမယ်ဆိုတာ အပြောနဲ့ မဟုတ်ပါဘူး၊ အလုပ်နဲ့ပါ။ နောက်ဆုံးကျတော့ စိတ်တွင်းကပါ လေးစားလိုက်နာရမှာပါ။

ဒီလိုလုပ်မှသာလျှင် ကျမတို့ဟာ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်နေတယ်လို့ ပြောလို့ ရမှာပါ။ ကိုယ်သဘောတူတဲ့ ကိစ္စ ဆုံးဖြတ်လို့ ကိုယ်က လိုက်လျောတယ်ဆိုတာ၊ ဒါ ဘာမှမထူးဆန်းပါဘူး။ လူတိုင်း လုပ်နိုင်တဲ့ ကိစ္စပါ။ အမှန်ပြောမယ်ဆိုရင် ဒီမိုကရေစီကို မနှစ်မြို့တဲ့သူတွေ၊ ဒီမိုကရေစီကို မလိုလားတဲ့သူတွေတောင်မှ သူတို့ လုပ်ချင်တာကို လိုက်လုပ်ဖို့ဆိုတာ ၀န်လေးတာ မဟုတ်ပါဘူး။ ဒီမိုကရေစီရဲ့ ခဲယဉ်းတဲ့ တာဝန်တစ်ခုဟာ ဒါပါပဲ။ ကိုယ်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ကိုယ်လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ၊ အများက ဆုံးဖြတ်ပြီဆိုလို့ရှိရင် ကောင်းကောင်းမွန်မွန် လိုက်နာရမှာ၊လေးစားရမှာ ဖြစ်ပါတယ်။ ဥပမာဆိုလို့ရှိရင် ဒီမိုကရေစီနိုင်ငံတွေမှာ ရွေးကောက်ပွဲကနေပြီးတော့ ရွေးထုတ်လိုက်တဲ့သူတွေကို အစိုးရအဖြစ် လက်ခံကြရတာပါ။ ဒီလို သမ္မတရွေးတယ်ဆိုပါတော့၊ သမ္မတရွေးတဲ့ နိုင်ငံတွေမှာ ဆိုလို့ရှိရင် ရွေးကောက်ပွဲက ရွေးထုတ်လိုက်တဲ့ သမ္မတကို တက်လာတဲ့အခါကျရင် ဒီသမ္မတကို မဲမပေးခဲ့တဲ့သူတွေကလည်း ဒါနိုင်ငံတော် သမ္မတလို့ လက်ခံရမှာပါ။ ဒါ ဒီမိုကရေစီနည်း အရ လုပ်ခဲ့လို့ရှိရင်။ ဒီလို ဒီမိုကရေစီနည်းအရ လုပ်ခဲ့လို့ရှိရင် ကိုယ့်ဘက်မှာ ရှုံးတဲ့အခါလည်းရှိမယ်။ ကိုယ့်ဘက်မှာ နိုင်တဲ့အခါလည်း ရှိမယ်ဆိုတာကို တစ်ခါတည်း လက်ခံထားရမှာဖြစ်ပါတယ်။ အမြဲပဲ နိုင်ချင်နေတယ် ဆိုတာတော့ ဒါ ဒီမိုကရေစီ စိတ်ဓါတ်မဟုတ်ဘူးဆိုတာတော့ အားလုံး ဆင်ခြင်သင့်ပါတယ်။ ဒီမိုကရေစီစိတ်ဓါတ်ဆိုတာ ဘာလဲဆိုတော့ လူတိုင်း လူတိုင်းဟာ ကိုယ့်အတွေးအခေါ်နဲ့ လွတ်လွတ်လပ်လပ် တွေးခေါ်ပိုင်ခွင့်ရှိပါတယ်။ အဲတော့ လူတွေ များတဲ့ အခါကျတော့ အတွေးအခေါ်ကလည်း အမျိုးမျိုးရှိတယ်။ သို့သော်လည်း ဒီဟာတွေကို ဆွေးနွေးညှိနှိုင်းပြီးတော့ အဖြေရှာရမယ်။ ဆွေးနွေးညှိနှိုင်းပြီးတော့ ရှာတဲ့အဖြေကို အများရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာရမယ်ဆိုတာ။ ဒါက ဒီမိုကရေစီရဲ့ အနှစ်သာရပဲ။ ရိုးရိုးလေး ပြောလိုက်လို့ရှိရင်ဒါပါပဲ။ အဲတော့ ကျမတို့ ဒီမိုကရေစီ၊ ဒီမိုကရေစီဆိုတာ ပြောမယ်ဆိုရင် ဒီကမ္ဘာကြီးမှာ ဒီမိုကရေစီနဲ့ ပတ်သတ်လို့ ရေးထားတဲ့ စာအုပ်စာတမ်းတွေက သောင်းမက သိန်းမကတောင်ရှိမယ်လို့ ထင်ပါတယ်။ အားလုံးကတော့ တစ်မျိုးစီ တစ်မျိုးစီပြောကြမှာပဲ။ အခြေခံကတော့ ဒါပါပဲ။ လူတွေက တစ်ယောက်နဲ့ တစ်ယောက်မတူဘူးဆိုတာ လက်ခံတယ်။ အတွေးချင်း မတူဘူးဆိုတာ လက်ခံတယ်။ ကိုယ့်အတွေးနဲ့ကိုယ် လွတ်လွတ်လပ်လပ်ရှိစေရမယ်ဆိုတာ လက်ခံတယ်။ ဒါပေမဲ့ ဒီမိုကရေစီ နည်းအရ အများရဲ့ဆုံးဖြတ်ချက်ကို လေးစားလိုက်နာရမယ်ဆိုတာလဲ လက်ခံရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီမိုကရေစီအတွက်ဆိုပြီးတော့ ထူထောင်ထားတဲ့ ပါတီတစ်ခုမှာ ဒီလို တာဝန်ရှိပါတယ်။ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တကယ်တော့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားပိုင်ခွင့် ရှိခဲ့ရတဲ့အချိန်ဟာ အင်မတန်နည်းပါတယ်။ အနှစ် ၂၀ ကျော်ရှိပြီ၊အဖွဲ့ကို ထူထောင်ခဲ့တာ။ ဒါပေမယ့်လဲ တကယ်တော့ လွတ်လွတ်လပ်လပ် ဒီမိုကရေစီပါတီတစ်ခုအနေနဲ့ ဒိမိုကရေစီနိုင်ငံရေးပါတီ တစ်ခုအနေနဲ့ လုပ်ဆောင်နိုင်ခွင့်တွေ အင်မတန်မှ နည်းခဲ့ပါတယ်။ ဒီလိုနည်းခဲ့တဲ့အထဲက ကျမတို့ ရုန်းပြီးတော့ ရှင်သန်ခဲ့တာပါ။ အဲဒီအတွက်လည်း ကျမကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ကျမ ခဏခဏ အောင်မြင်ခြင်း တရားလေးပါးအကြောင်း ပြောပါတယ်။ ဆန္ဒ၊ ၀ိရိယ၊ စိတ္တ၊ ပညာ ဆန္ဒကတော့ရှိပြီးသားဆိုတော့ ဒါလက်ခံပါတယ်။ ကျမတို့ အဖွဲ့ချုပ်ကို ၀င်တဲ့သူတိုင်းဟာ ဒီမိုကရေစီကို ရချင်တဲ့ ဆန္ဒရှိလို့ ၀င်ကြတာပါ။ ၀ိရိယရှိလားဆိုတော့၊ ၀ိရိယရှိလို့လည်း အခု အနှစ် ၂၀ ကျော်ဆက်ပြီးတော့ ရှိနေကြတာဆိုတာ ကျမလက်ခံပါတယ်။ ပြီးတော့ ဘာကျန်လဲဆိုတော့ စိတ္တနဲ့ ပညာ။ ကျမတို့ ဒီမိုကရေစီ အတွက် ဆက်ပြီး ကြိုးပမ်းသွားတဲ့အခါမှာ မှန်ကန်တဲ့ စိတ်ဓါတ်မျိုးရှိဖို့ လိုပါတယ်။ ပညာလည်းရှိဖို့လိုပါတယ်။ အခုခေတ်ဟာ ပညာ၊ ဗဟုသုတ ခေတ်ကြီးပါ။ အဲတော့ ကျမတို့ ဘယ်လို ဆုံးဖြတ်ချက်ပဲ ချချ စိတ်ဓါတ်က မှန်ရမယ်။ အာဃာတ ကင်းလွတ်ရမယ်။ အဂတိ တရားတွေကနေပြီးတော့ ကင်းလွတ်ရမယ်။ အဲတော့ ကျမတို့ဟာ အဂတိတရားလေးပါးကနေ ကင်းလွတ်ပြီးတော့ ဆုံးဖြတ်ချက်တွေ ချရပါမယ်။ နောက်ပြီးတော့ ပညာ၊ ပညာနဲ့ သုံးသပ်ရပါမယ်။ ကျမတို့ အခုလုပ်နေတာဟာ နိုင်ငံ့ရဲ့

အနာဂတ်အတွက် လုပ်နေတာပါ။ ပြီးတော့ နိုင်ငံ့ရဲ့ အနာဂတ်ကို ဘယ်လိုလုပ်သင့်တယ်ဆိုတာ လုပ်နည်းလုပ်ထုံး နည်းတွေ အမျိုးမျိုးရှိတဲ့အထဲမှာ လက်တွေ့ကျကျ ဘယ်လိုနည်းတွေနဲ့ အခုချိန်အခါမှာ အကောင်းဆုံးလုပ်နိုင်မယ်ဆိုတာကို၊ အဲဒါကို စဉ်းစားပြီးတော့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ကျမရဲ့

အမြင်သဘောထားတွေကို ကျမနောက်ဆုံးမှ ပြောပါမယ်။ ဒီလို ဘာဖြစ်လို့ ကျမပြောတာလဲ ဆိုတော့ ကျမရဲ့ သြဇာကြောင့်မလို့ အားလုံးက ၀ိုင်းပြီးတော့ ဒီဘက်ကို ဖြစ်ဖြစ်၊ ဟိုဘက်ကို ဖြစ်ဖြစ် လိုက်ရမှာပဲဆိုတာကို ကျမက အပြောမခံနိုင်ပါဘူး။ ဒါကြောင့်မလို့ ကျမအနေနဲ့ ဘယ်လို သဘောထားရှိတယ်ဆိုတာကို အားလုံးဒီ စီစီတွေကနေ ဆွေးနွေးပြီးတဲ့ အခါမှာ ကျမပြောပါမယ်။ ဒါပေမဲ့ ဆုံးဖြတ်တဲ့နေရာမှာ ကျမခုနက ပြောသလိုပဲ ကျမတို့ လူတွေဟာ ဒီမိုကရေစီရရှိရေးအတွက် ဆန္ဒရှိရေးအတွက် ကျမတို့ ယုံကြည်တယ်။ ၀ိရိယရှိတယ်ဆိုတာလဲ ယုံကြည်တယ်။ မှန်ကန်တဲ့ စိတ်ဓါတ်နဲ့ ပညာရှိပီပီ ချင့်ချင့်ချိန်ချိန် သေသေချာချာ အခြေအနေကို ဆုံးဖြတ်ပြီးတော့ မှန်မှန်ကန်ကန် သုံးသပ်ပြီးတော့ အဂတိတရားလေးပါး ကင်းဝေးစွာနဲ့ ဆုံးဖြတ်ချက်ချပါလို့ ကျမ အဲဒီလိုပဲ မေတ္တာရပ်ခံချင်ပါတယ်။ ဒါဟာ ကျမတို့ ပါတီရဲ့ အနာဂတ်အတွက် ကျမတို့ လုပ်နေတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒီမိုကရေစီ လှုပ်ရှားမှု တစ်ခုတည်းရဲ့ အနာဂတ်အတွက်လည်း ကျမတို့ လုပ်နေတာမဟုတ်ပါဘူး။ ကျမတို့ နိုင်ငံရဲ့ အနာဂတ်အတွက် ကျမတို့ လုပ်နေတယ်ဆိုတာ၊ အဲဒါကိုတော့ စွဲစွဲမြဲမြဲ ခေါင်းထဲမှာ ထားစေချင်ပါတယ်။ တာဝန်သိသိနဲ့ ဆုံးဖြတ်ချက်ကို ချပါ။ ကိုယ့်တာဝန်ဟာ ကိုယ်မှန်တယ်ထင်တဲ့လမ်းကို ရဲရဲဝံ့ဝံ့လျှောက်ဖို့ ဒါက နံပါတ် တစ် ပါ။ ဒါပေမယ့် မှန်တဲ့လမ်းကို လျှောက်မယ်ဆိုတဲ့နေရာမှာ ဒီ ဒီမိုကရေစီပါတီနဲ့ တူတူ လက်တွဲမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ပါပြီးသားဆိုတာ မမေ့ပါနဲ့။ ကိုယ့်ရဲ့ ဆန္ဒနဲ့ မကိုက်ညီတဲ့ ဆုံးဖြတ်ချက် ဖြစ်စေကာမူ အများရဲ့ဆုံးဖြတ်ချက်ဆိုရင် စိတ်ရောကိုယ်ပါ တကယ့်ကို ထက်ထက်သန်သန်နဲ့ ဒီဆုံးဖြတ်ချက်ကို ထောက်ခံဖို့ အကောင်အထည်ဖော်ဖို့ လုပ်ပေးသွားစေချင်ပါတယ်။ အဲဒီလို လုပ်မှလဲ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လုပ်ငန်းတွေဟာ အောင်မြင်မှာ ဖြစ်ပါတယ်။ တစ်ယောက်တစ်ပေါက်လုပ်နေလို့တော့ အောင်မြင်မှာ မဟုတ်ပါဘူး။ ကျမတို့ကတော့ မှန်ကန်တယ် ထင်လို့ရှိရင် စွန့်စားပြီးတော့ လုပ်ရမှာပဲ။ သို့သော်ငြားလည်း ကျမတို့အားလုံးဟာ ပုထုဇဉ် လူသားတွေမို့လို့ အမှားမရှိဘူးလို့ ပြောလို့မရပါဘူး။ ဆုံးဖြတ်ချက်တွေဟာ မှန်လည်း မှန်နိုင်တယ်၊ မှားလည်း မှားနိုင်တယ်။ ဒါပေမဲ့ အမှားဆိုတာလည်း ပြင်လို့မရတာ မဟုတ်ပါဘူး။ အမှန်ဆိုတာလဲ ငါမှန်ပြီဟေ့ဆိုပြီးတော့ ထိုင်ပြီးတော့ လုပ်နေလို့ ဆက်မှန်သွားမှာ မဟုတ်ပါဘူး။ တစ်ချိန်လုံး အခြေအနေကို တစ်နေ့နဲ့တစ်နေ့ သုံးသပ်သွားပြီးတော့ လုပ်သင့်တာကို ဆက်လုပ်သွားရမှာ။ ငါမှန်ပြီ၊ ငါတို့ မှန်ပြီ ဆိုပြီးတော့ ဆက်ပြီးတော့ ဒီ မှန်ကန်တဲ့အပေါ်မှာ တိုးတက်မှုရအောင် မလုပ်နိုင်ဘူးဆိုရင်လဲ ဒါဟာ ကုသိုလ်ထဲက အကုသိုလ်ဖြစ်တယ်လို့ပဲ ပြောရမှာပါ။ မှားတယ် ဆိုလို့ ရှိရင်လည်း ဒီအမှားအပေါ်မှာ အခြေခံပြီးတော့ သင်ခန်းစာယူပြီးတော့ ပြုပြင်သွားမယ်ဆိုရင် အကုသိုလ်ထဲက ကုသိုလ်ဖြစ်လာတဲ့ အမှားဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အားလုံးဟာ ရဲရဲဝံ့ဝံ့နဲ့ မှန်ကန်တဲ့ လမ်းလို့ ထင်တဲ့ လမ်းကို လျှောက်ဖို့ ပြင်ဆင်ကြပါ။ ကျမတို့ ဒီမှာ ပြောတဲ့ အခါမှာ ကိုယ့်ရဲ့အုပ်စုလေးအတွက် မဟုတ်ဘူး၊ ကိုယ့်မြို့နယ်အတွက် မဟုတ်ဘူး၊ ကိုယ့်တိုင်းအတွက် ကိုယ့်ပြည်နယ်အတွက် မဟုတ်ဘဲနဲ့ ကျမတို့ တစ်နိုင်ငံလုံးအတွက် စဉ်းစားပြီးတော့ ဆုံးဖြတ်ချက်ချကြပါလို့ ကျမ မေတ္တာရပ်ခံပါတယ်။ ကျေးဇူးတင်ပါတယ်။

မက်စင်ဂျာ ဂျာနယ်


ABSDF's Position on Current NLD's situation

Posted: 18 Nov 2011 08:49 AM PST

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ရန် နှင့် ရွေးကောက်ပွဲဝင်ရောက်ရန် ဆုံးဖြတ်ချက်ချမှတ်ခြင်း အပေါ် အမြင်သဘောထား
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လက်ရှိ တိုင်း ပြည်နှင့် ပြည်သူလူထု အကျိုးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ဖြစ်စဉ်တခုအနေဖြင့် မှတ်ယူသည်။

သို့သော် ယနေ့ကာလ အခြေအနေအရပ်ရပ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အတွင်း တွင် အတိုက်အခံ အင်အားစုများအားလုံး ပူးပေါင်းပါဝင်လာ စေရေးအတွက် ကြံ့ဖွံ့အစိုးရ၏ သိမ်းသွင်း စည်းရုံးနေမှု နည်းပရိယာယ်များသာဖြစ်နေသေးသည်။

ဤအခြေအနေအောက်တွင် -

- နိုင်ငံရေးအကျဉ်သားများကို ဆက်လက် ထိမ်းသိမ်းထားခြင်း၊ နိုင်ငံရေး အကျဉ်းသားများ တည်ရှိ နေမှုကို ဆက်လက် ငြင်းပယ်နေဆဲဖြစ်ခြင်း၊

- တိုင်းရင်းသားဒေသအသီးသီးသို့ ပြင်းထန်သောထိုးစစ်များဆင်နွှဲနေခြင်း၊ တပြည်လုံး အတိုင်း အတာဆောင်သော အပစ်အခတ် ရပ်စဲရေးပြုလုပ်ရန် လက်မခံ ခြင်း၊

- လူ့အခွင့်အရေး ချိုးဖေါက်မှုများ အသွင်သဏ္ဍာန် အမျိုးမျိုးဖြင့် ဆက်လက် ကျူးလွန် နေခြင်း၊

- လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်၊ စုဝေးခွင့်များအပါအ၀င် အခြေခံ ဒီမိုကရေစီအခွင့် အရေးများ ပိတ်ပင်ထားဆဲဖြစ်ခြင်း၊

- နိုင်ငံရေးအရ တန်းတူရည်တူ ဆွေးနွေးပွဲအဆင့်သို့ မရောက်သေးခြင်း၊ ကျယ်ပြန့်သော နိုင်ငံရေး သဘော ထားအမြင်များကို စုစည်းပြီး ဖြစ်ပေါ်လာသော ဖြစ်စဉ်မဟုတ်သေးခြင်း၊

- ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုအသီးသီးတို့ ၏ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေမှုများကို နိုင်ငံရေး အရ အသိအမှတ်ပြုမှု မရှိသေးခြင်း၊

- လွတ်လပ်ပြီး တရားမျှတသော ရွှေးကောက်ပွဲများကို ကျင်းပနိုင်သော နိုင်ငံရေး အခင်းအကျင်း မရှိသေးခြင်း - စသည့် အခြေအနေအရပ်ရပ်ကြောင်ယနေ့ကာလ ဖြစ်ထွန်းနေမှုများသည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု နိုင်ငံရေးဖြစ်စဉ်များ ဖြစ်ထွန်းရေး အတွက် ယုံကြည် စိတ်ချနိုင်သော အခင်းအကျင်းများ မဟုတ်သေးဟု မှတ်ယူသည်။ ထို့ကြောင့် အဓိပ္ပါယ် ပြည့်ဝသော နိုင်ငံရေးဖြစ်ထွန်းမှုများ ဖြစ်မဖြစ်ကို အလေးထား စောင့်ကြည့်သွားရန် လိုအပ်သည်ဟု ရှုမြင် သည်။

ဤအခြေအနေအောက်တွင် နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေး၊ တပြည်လုံး အတိုင်း အတာဆောင်သော အပစ်အခတ်ရပ်စဲမှုများ ဖြစ်ထွန်းလာစေရေးနှင့် နိုင်ငံရေးအရ တန်းတူရည်တူရှိသော တွေ့ဆုံ ဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရေးတို့အတွက် ဘက်ပေါင်းစုံမှ ဆက်လက်တိုက်ပွဲဝင်သွားရန် ဆောင်ရွက်သွား ရမည်ဟု ခံယူသည်။

ဗဟိုကော်မတီ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)။

ရက်စွဲ။ ။ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ လ ( ၁၈ ) ရက်။

--
ABSDF-HQ
e-mail: absdfhq@csloxinfo.com
website: www.absdf8888.org


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေငြာချက်အမှတ်-၁/၁/၁၁

Posted: 18 Nov 2011 08:24 AM PST


အမေရိကန်သမ္မတအိုဘားမားကနိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် အားမြန်မာနိုင်ငံသို့လာမည့်ဒီဇင်ဘာလတွင်စေလွှတ်မည်(ရုပ်/သံ)

Posted: 18 Nov 2011 08:02 AM PST



(18 Nov 2011 ရက်စွဲပါ နိုင်ငံတကာသတင်းအေဂျင်စီများမှ သတင်းများကို transparencymyanmar စုစည်းဖော်ပြသည်)

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် လာမည့် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည် ဖြစ်ရာ ယင်းခရီးစဉ်သည် နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း ထိပ်တန်း အမေရိကန် အစိုးရအရာရှိတစ်ဦး၏ ပထမဆုံးမြန်မာပြည်ခရီးစဉ်ဖြစ်ကြောင်း အစိုးရထိပ်တန်းအရာရှိတစ်ဦးက CBS သတင်းဌာနသို့ ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် တိုးတက်ဖြစ်ထွန်းမှုများနှင့်ပတ်သက်၍ သမိုင်းတွင်မည့် အခွင့်အလမ်းများ ဖမ်းဆုပ် ရယူရန် ကြိုးပမ်းလျက်ရှိသည့်အားလျော်စွာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အနေဖြင့် လာမည့် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်သည်ဟု သမ္မတ အိုဘားမားက အင်ဒိုနီးရှားနိုင်ငံဘာလီမြို့တွင်ပြောကြားသည်။

ယခုကိစ္စသည် သမ္မတအိုဘားမားအနေဖြင့် အမေရိကန်-မြန်မာနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု စာမျက်နှာသစ်များဖြစ်ထွန်းလာစေရန် တံခါး ဖွင့်ပေးလိုက်ခြင်းဖြစ်သည်ဟု The Economist Times သတင်းစာက ရေးသားဖော်ပြသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ အမှောင်ထုဖုံးလွှမ်းခဲ့ပြီးနောက် 'တိုးတက်ဖြစ်ထွန်းမှုများ ရိပ်ခနဲ ပေါ်ပေါက်လာပြီ ဖြစ်သည်' ဟု သမ္မတ အိုဘားမားကပြောဆိုသည်။ CBS သတင်းထောက် Norah O' Donnell ၏သတင်းပေးပို့ချက်အရ သမ္မတအိုဘားမားသည် နိုဝင်ဘာလ ၁၇ ရက်နေ့ ညပိုင်းတွင် Air Force One အထူးလေယာဉ် ပေါ်မှတစ်ဆင့် မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း၊ ထိုသို့ပြောဆိုရာတွင် အမေရိကန်ပြည်ထောင်စု၏ စေ့စပ်ညှိနှိုင်းရေးမူဝါဒသစ်သည် မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုများ ဆောင်ကြဉ်းရာ၌ အကူအညီပေးရန်ဖြစ်သည်ဟူသောအချက်ကို အတည်ပြုပြောဆိုခဲ့ကြောင်းသိရသည်။

သို့သော် ဟီလာရီကလင်တန်အနေဖြင့် ဒီဇင်ဘာလမှ မည်သည့်နေ့ရက်တွင် မြန်မာနိုင်ငံသို့လာရောက်ပြီး အချိန်ကာလမည်မျှကြာမြင့်စွာ လည်ပတ် မည်ဟူသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။

ဟီလာရီကလင်တန်သည် နိုဝင်ဘာလ ၁၀ ရက်နေ့ ဟာဝိုင်ရီကျွန်း၊ ဟိုနိုလူလူမြို့တွင်ကျင်းပခဲ့သည့် အေပက်ထိပ်သီး ဆွေးနွေးပွဲတွင် အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ၏ မိတ်ဖက်နိုင်ငံဖြစ်လာရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ပြောဆိုခဲ့သေးသည်။ "မြန်မာအစိုးရကသာ ပြည်သူတွေ အတွက် စစ်မှန်ပြီး ကြာရှည်ခံသော ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်သွားမည်ဆိုပါက သူ့အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ မဟာမိတ်ရှာတွေ့မှာ ဖြစ်ပါတယ်" ဟု အဆိုပါ အေပက်ထိပ်သီးဆွေးနွေးပွဲ၏ သီးခြားဆွေးနွေးပွဲ၌ ဟီလာရီကဆိုသည်။

သို့သော် ဆက်လက်ထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသားများအား လွတ်မြောက်ခွင့်ပေးနိုင်ခြင်း ရှိ၊မရှိ နှင့် တိုင်းရင်းသားလူနည်းစုများနှင့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးဖြစ်ပေါ်အောင် ဆက်လက်လုပ်ဆောင်ခြင်း ရှိ၊မရှိ အစရှိသည့်အရေးကိစ္စများအပါအဝင် မြန်မာ့အနာဂတ်နှင့် ပတ်သက်၍ မေးခွန်းထုတ်စရာများစွာ ကျန်ရှိနေသေးကြောင်း ၎င်းက ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ကိစ္စသည် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ထူးခြားသော သမိုင်း မှတ်တိုင် တစ်ခုဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း ဟီလာရီအနေဖြင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရသစ်ထိပ်ပိုင်း ခေါင်း ဆောင်များနှင့် တွေ့ဆုံကာ စီးပွားရေး ပိတ်ဆို့မှုဖယ်ရှားရေး၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးမြင့်အောင် လုပ်ကိုင်ဆောင်ရွက်ရေးနှင့် ဒီမိုကရေစီ ဖော် ဆောင်ရေးကိစ္စများကို အဓိကထားဆွေးနွေးဖွယ်ရှိကြောင်း မြန်မာ့အရေးလေ့လာသုံးသပ်သူများက ခန့်မှန်းပြောဆိုကြသည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားတဲ့ မိန့်ခွန်း..( ၁၈၊ ၁၁၊ ၂၀၁၁ )

Posted: 18 Nov 2011 07:39 AM PST



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် ဦးတင်ဦး ပြောကြားတဲ့ မိန့်ခွန်း..။

အောင်ကိုကိုလတ်(မြစ်မခ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဗဟိုရုံးချုပ်၌ နိုဝင်ဘာ ၁၈ရက်နေ့က ပြုလုပ်ကျင်းပခဲ့သည့် ပါတီ မှတ်ပုံတင်ရေး၊ ရွှေးကောက်ပွဲဝင်ရန်ကိစ္စရပ်များနှင့် ပတ်သက်၍ အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး အန်အယ်လ်ဒီ ပါတီအနေဖြင့် မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ချ ခဲ့ကြောင်းသိရသည်။

အဆိုပါအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ပါက ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှလည်း ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အလား အလာရှိကြောင်း ပါတီနှင့်နီးစပ် သူတစ်ဦးကပြောသည်။

"ပါတီမှတ်ပုံတင်ပြီးရင်တော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့အလားအလာရှိတယ်"ဟု ဗဟိုဦးစီးအဖွဲ့ဝင် ဦးဝင်းထိန်ကပြောသည်။

ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် ပါတီမှတ်ပုံတင်၍ ရွှေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန် ကန့်ကွက်သူမရှိပဲ တစ်ညီတစ်ညွတ်တည်း ထောက်ခံခဲ့ကြကြောင်းသိရသည်။

အစည်းဝေးဆုံးဖြတ်ချက်များမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ နှင့်အညီ မှတ်ပုံတင်မည်ဖြစ်ကြောင်းနှင့် နောက်လာမည့် ရွေးကောက်ပွဲများတွင် ပါတီအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါအစည်းအဝေတွင် ပြည်နယ်နှင့်တိုင်း (၁၄)ခုမှ ဗဟိုဦးစီးအဖွဲ့ဝင်များ၊ အဖွဲ့ချုပ်ညီနောင်ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီပါတီနှင့်အဖွဲ့ချုပ်ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့တို့မှ ဗဟိုဦးစီးအဖွဲ့ဝင်များ လူငယ်လုပ်ငန်း များဖော်ဆောင်ရေး ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အစည်ဝေးတက်ရောက်ခွင့်ရှိသူ ၁၁၆ ဦးအနက် ၁၀၆ ယောက် တက်ရောက်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြချက်အရ သိရှိရသည်။
Video..Khu Daun Facebook


(၉၁)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်စုပေါင်းဆွမ်းကပ်လှုပွဲဖိတ်ကြားလွှာ

Posted: 18 Nov 2011 07:26 AM PST


(၉၁)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်စုပေါင်းဆွမ်းကပ်လှုပွဲကို
ရန်ကုန်မြို့၊ကြည့်မြင်တိုင်မြို့နယ်၊(ရွှေည၀ါကျောင်းတိုက်)သာဓုကျောင်းတိုက်ဝင်းတွင်နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့်အတူဒီမိုကရေစီအင်အားစုများစုပေါင်းကျင်းပပြုလုပ်ကြမည်ဖြစ်ပါသဖြင့်အားလုံးပူးပေါင်းပါဝင်ကြပါရန်ဖိတ်ကြားအပ်ပါသည်။


ဆက်သွယ်ရန်-ကိုကိုကြီး- ၀၉-၇၃၁၀၄၂၃၄
-ကိုဇော်ရဲဝင်း ၀၉-၄၃၁၃၅၈၉၄


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment