Friday 11 November 2011

နောက်ဆုံးရ ကချင်ပြည်နယ် သတင်းများ..

Posted: 10 Nov 2011 09:30 PM PST

 အသင့်နေရာယူထားသော KIA တပ်သားများ..
စစ်အစိုးရ စစ်တပ်နှင့် K.I.A တပ်တို့အကြား တိုက်ပွဲများ နေရာအနံ့မှာ ဖြစ်ပွားလျက် ရှိနေပါတယ်။ တိုက်ပွဲများကြောင့် အိုးအိမ်များကို စွန့်ခွာကာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ ပြည်သူလူထုများမှာ ဆင်းရဲ ဒုက္ခမျိုးစုံနှင့် ကြုံတွေ့ ခံစားနေရပါတယ်။ တရုတ်ပြည်သို့ ခိုလှုံဖို့ရန် ထွက်ပြေးကြတဲ့ ကချင် စစ်ပြေး ဒုက္ခသည်များကို အာဏာပိုင် တရုတ်ရဲများမှ ဖမ်းဆီးနေကြောင်း၊ ဖမ်းဆီးခံရတဲ့ ဒုက္ခ သည်များမှာ ပိုက်ဆံဖြင့် ပြန်လည် ရွေးယူနေကြရကြောင်း စုံစမ်းသိရှိရပါတယ်။ 
 ကြံ့ဖွံ့ အစိုးရစစ်တပ်
(တစစီ ပြုတ်ထွက်တော့မယ့် တရုတ်လုပ် FAW စစ်ကားများ၏ ကြံ့ခိုင်မှု အနေအထား)
ဒီလိုဖြစ်ပျက်နေတဲ့ အချိန်မှာ တရုတ်ပြည်နယ်စပ် လိုင်ဇာမြို့ အရှေ့ဘက် တရုတ်ဘက်ခြမ်း အင်ခွမ်ယာန် (Nhkum Yang) ကျေးရွာမှာ တရုတ် အစိုးရ စစ်ကားကြီး (၂) စီးဟာ နိုဝင်ဘာလ (၈) ရက်နေ့မှာ စစ်သားမပါဘဲ စစ်လက်နက်ပစ္စည်း အပြည့်တင်ကာ ရောက်ရှိနေကြောင်း ယင်းကျေးရွာ မျက်မြင်များထံမှ စုံစမ်း သိရှိ ရပါတယ်။ ဘာရည်ရွယ် ချက်ဖြင့် ရောက်ရှိနေသည် ဆိုတာကိုတော့ ရှင်းရှင်း လင်းလင်း မသိရပါ။ တရုတ်-ကချင်ပြည်နယ် နယ်စပ် လုံခြုံရေး အတွက် ဖြစ်နိုင်သလို၊ စစ်ရေး လေ့လာသူများက စစ်အစိုးရ စစ်တပ်ကို သွယ်ဝိုက်သော နည်းဖြင့် အကူ အညီ ပေးဖို့ ရန်လည်း ဖြစ်နိုင်ကြောင်း၊ အမျိုးမျိုး သုံးသပ် နေကြပါတယ်။ ဒီလိုဖြစ် လာမှုကြောင့် ပြည်သူ လူထုများမှာ ပိုမို စိုးရိမ်မကင်းမှုများနှင့် ကြုံတွေ့ ခံစားနေ ရပါတယ်။
ဆဒုံးကျေးရွာ
ဈေးဆိုင်များ မီးရှို့ဖျက်ဆီးနေခြင်း
နိုဝင်ဘာလ ၈ ရက် မနေ့ညမှာ ကချင်ပြည်နယ် ဝါးရှောင်ကျေးရွာရှိ ပြည်သူလူထုရဲ့ ဈေးဆိုင် တချို့ကို ဆဒုံးဘက်သို့ စစ်ကြောင်း ဦးတည်နေတဲ့ စစ်အစိုးရ စစ်တပ်တို့မှ မီးရှို့ဖျက်ဆီးလိုက်ကြောင်း မြို့ခံများမှ စုံစမ်းသိရှိရပါတယ်။ တဆက်တည်းမှာဘဲ ဝူယန်ကျေးရွာမှာလည်း စစ်အစိုးရ စစ်တပ်နှင့် K.I.A တပ်ရင်းများ တိုက်ပွဲဖြစ်ပွားနေကြောင်း၊ ယင်းတိုက်ပွဲများတွင် လက်နက်ကြီးများ အသုံးပြုနေကြောင်း မြစ်ကြီးနား မြို့ခံတစ်ဦးက အခုလို " ဟုတ်တယ် တိုက်ပွဲတော့ ပြင်းတယ် ထင်တယ်.. ကျနော်တို့ မြစ်ကြီးနား ကနေတောင် လက်နက်အသံတွေ ကြားနေရတယ် .. လက်နက်ကြီးဘဲ ထင်တယ်.. အကျယ်ကြီး ကြားရတယ်..မနေ့ည ကပေါ့…" ဟု ပြောပြလာပါတယ်။

သတင်း၊ ဓာတ်ပုံ.. ညီငယ် ဇော်ရှန် ပေးပို့ပါသည်..။
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment