Friday 11 November 2011

There is Something behind the curtain.



Dear Readers.......there is somthing behind the curtain...pls read well and good wishes for Burma future.
thanks,
Aung Than Oo.

အစိုးရ၀န်ကြီး ၃ ဦးဖိတ်လို့ ဦးဟန်ညောင်ဝေ မြန်မာပြည်သွားတဲ့သတင်း ဆင်ဆာထိ
.af ခင် ရတနာ den 11. november 2011 kl. 10:22.■အစိုးရ၀န်ကြီး ၃ ဦး ဖိတ်လို့ ဦးဟန်ညောင်ဝေ မြန်မာပြည်သွားတဲ့စာသား သျှမ်းသံတော်ဆင့်သတင်းစဉ်က ဆင်ဆာလုပ်
(ဒိန်ဖန်ခူးရေးသည်)

မြန်မာအစိုးရ ၀န်ကြီး ၃ ဦးရဲ့ ဖိတ်ကြားချက်ကြောင့် ဦးဟန်ညောင်ဝေ မြန်မာနိုင်ငံသွားတာ ဖြစ်တဲ့အကြောင်း အောက်တိုဘာ ၃၁ ရက်နေ့စွဲနဲ့ သျှမ်းသံတော်ဆင့် သတင်းဌာနကနေ သူ့ဝက်ဆိုက်မှာ အင်္ဂလိပ်ဘာသာနဲ့ သတင်းထုတ် ပြန်ပါတယ်။ ဒီ မူရင်းသတင်းမှာ အောက်ပါ စာပိုဒ်ထဲ့ထားပါတယ်

 ဦးဟန်ညောင်ဝေကြုံတွေ့ရတဲ့ပြဿနာက မြန်မာသံရုံးကို ဗီဇာလျှောက်တုံးကသာ ဖြစ်ပါတယ်။ ဦးဟန်ညောင်ဝေ မြန်မာနိုင်ငံသွားမဲ့ခရီးစဉ်ဟာ မြန်မာဝန်ကြီး သုံးဦးရဲ့ ဖိတ်ကြားချက်ကြောင့်ပါလို့ ပြောတာတောင် ဦးဟန်ညောင်ဝေဟာ မြန်မာအစိုးရက လက်မခံနိုင်တဲ့ပုဂ္ဂိုလ်ဆိုတဲ့ အဆင့်အတန်း (Persona non grata) သတ်မှတ်ခံထားရသူ ဖြစ်တဲ့အကြောင်း မြန်မာသံရုံးက ပြောတယ်လို့ သျှမ်းသံတော်ဆင့်က ရေးထားပါတယ်။

 ဒါပေမဲ့ နိုဝင်ဘာ ၄ ရက်နေ့ သျှမ်းသံတော်ဆင့် ၀က်ဆိုက်ကိုကြည့်တဲ့အခါ ဦးဟန်ညောင်ဝေသတင်းမှာ အထက်က စာပိုဒ်ကို ဖြုတ်ထားတာ တွေ့ရပါတယ်။ ဘာကြောင့်ဖြုတ်ရတယ်ဆိုတာလဲ ရှင်းပြထားတာ မတွေ့ရပါ။ ဦးဟန်ညောင်ဝေရဲ့ သိက္ခာဆည်ဖို့အတွက် ဖြုတ်ပေးတာလား ကာယကံရှင်က ဖိအားပေးလို့လားဆိုတာလည်း မသိရပါ။

ဒါပေမဲ့ ဘယ်မြန်မာဝန်ကြီး ၃ ဦးက ဖိတ်ကြားထားတာဖြစ်တယ်၊ ဘယ်နိုင်ငံရှိ မြန်မာသံရုံးကပြောတယ်စတဲ့ အသေးစိတ်အချက်တွေကိုတော့ သျှမ်းသံတော်ဆင့်က ရေးမထားပါဘူး။

 နောက်ဆုံး အာမခံတဲ့ မြန်မာဝန်ကြီးတဦးအမည်ကို ချရေးပေးတော့မှ မြန်မာသံရုံးက ဗီဇာထုတ်ပေးတယ်လို့ သျှမ်းသံတော်ဆင့်သတင်းမှာ ဖော်ပြထားပါတယ်။ ဒီအကြောင်းလဲ နိုဝင်ဘာ ၄ ရက်မှာ update လုပ်ထားတဲ့ သတင်းမှာ ပြန်မပါတော့ပါ။

 ဦးဟန်ညောင်ဝေဟာ ရန်ကုန်မှာရှိစဉ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် လုပ်ဖော်ကိုင်ဘက်တဦး အကူအညီနဲ့ အပြင်းအထန်ကြိုးစားခဲ့ပေမဲ့ တွေ့ခွင့်မရခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် လုပ်ဘော်ကိုင်ဘက်ရဲ့ အမည်ကို ပြောပြဖို့ ဦးဟန်ညောင်ဝေက ငြင်းဆန်ခဲ့ပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် လုပ်ဖော်ကိုင်ဘက်က ဦးဟန်ညောင်ဝေကို ပြန်ပြောတာက ဒေါ်အောင်ဆန်းစုအနေနဲ့

ဦးဟန်ညောင်ဝေကို ယုံကြည်ဖို့လိုသေးတယ်လို့ ပြောတဲ့အကြောင်း ဦးဟန်ညောင်ဝေက သျှမ်းသံတော်ဆင့်ကို ပြောပြပါတယ်။

မူရင်း အင်္ဂလိပ်လိုရေးထားတဲ့သတင်းကို အောက်ပါ လင့်မှာ ဖတ်နိုင်ပါတယ်။

 https://plus.google.com/118044207117403250230/posts/ctHcoRNC4o6        (first issued)

 update လုပ်ထားတဲ့သတင်းကို အောက်ပါလင့်မှာ ဖတ်ပါ

 http://www.shanland.org/index.php?option=com_content&view=article&id=4151:harn-      (second issued..sencored)
We strongly support for NLD and Daw Aung San Suu Kyi decision, we should have to protect all the side effect.
please read that the paper of point of view.
thanks,
Aung Than Oo.





ဒေါ်အောင်ဆန်းစုကြည်ကို မျှားဦး လှည့်ပြီး တိုက်ခိုက် ဝေဖန်ဖို. စတင် ခြေလှမ်းတွေ ပြင်ဆင်နေပါပြီ။။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ကို မျှားဦးလှည့်ပြီး ဝေဖန် တိုက်ခိုက်မည့်သူတွေဟာ လူတချို. ထောက်ပြနေသည့် သမ္မတဦးသိန်းစိန်အစိုးရ အဖွဲ.ထဲက သဘောထား တင်းမှာတဲ့ Hard Liners အုပ်စုတွေတွေ စစ်ဗိုလ်ချုပ်တွေ မဟုတ်ပဲ ဒေါ်စုကို တချိန်က ပွဲထုတ်ပြီး ရှေ.တန်းတင်ကာ လုပ်စားခဲ့သည့် အတိုက်အခံ အုပ်စုတွေဖက်က ဖြစ်ပါသည်။ အများစုကတော့ ပြည်ပ အခြေအစိုက် အဖွဲ.အစည်းတွေနဲ. သတင်း မီဒီယာတွေက များပါမည်။
ရန်ကုန်မှာ လုပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တာဟာ " ဟန်ပြသက်သက် လုပ်တာ မဟုတ်လားလို." BBC မြန်မာပိုင်း သတင်းထောင် ကိုချိုက မေးခွန်း ထုတ်လာပါသည်။
ဒီမေးခွန်းကို ခင်မောင်ညို( ဘောဂဗေဒ)ကို မမေးသင့်ပဲ သတင်းထောက်အနေဖြင့် သတ္တရှိရင် ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ.က ထိပ်ပိုင်း ခေါင်းဆောင်တွေကို မေးကြည့်ပါလား။ ဟန်ပြသက်သက်လုပ်တာလား။ ဘာလားဆိုတာ သူများကို တဆင့်ခံပြီး စကားလုံးနဲ. ထောက်မည့်အစား။
ပြည်ပ အခြေစိုက် Mizzima သတင်းဌာနကလဲ "The Fall of a Symbol, The Rise of the Politician" ဆိုတဲ့ ခေါင်းစဉ်တခုနဲ. နိုင်ငံခြားသူ ဒိန်းမတ် ကျောင်းသူတဦး- Lea Friedberg ရေးတဲ့ ဒေါ်စု၏ အနာဂတ်ကို ခပ် ဖွဖွလေးနဲ. စကားလုံးတွေနဲ. ခြေထိုးလိုက်ပြန်ပါသည်။ တကယ်လို. လက်၇ှိ အစိုးရနဲ. ပူပေါင်းဆောင်ရွက်ပြီး လုပ်မယ်ဆိုရင် ရွေးကောက်ပွဲတွေ ၀င်မယ်။ အစိုးရ ၀န်ကြီးတာဝန်တွေ ယူလာမယ်ဆိုရင် နိုင်ငံရေးသမားတဦးအနေဖြင့်တော့
မြင့်တက်လာနိုင်ပေမယ့် တချိန်းတည်းမှာ ဒေါ်စုဟာ တိုင်းပြည်အတွက် သင်္ကေတ တခုအဖြစ်ကနေ ကျဆုံးသွားမယ်လို. သုံးသပ်လာတာပါ။ ဒါဟာလဲ ဒေါ်စုကို Democracy Icon & Freedom Icom အဖြစ် တင်စားပြီး နိုင်ငံတကာ ဈေးကွက်မှာ ပြစား လုပ်စားခဲ့သူတွေအတွက် တကယ်လို.သာ ဒေါ်စုက ဦးသိန်းစိန် အစိုးရနဲ. လက်တွဲပြီး ပူးပေါင်းသွားမယ်ဆိုရင် အခုလိုမျိုးနဲ. ဆွဲချဖို. Icon တခုအဖြစ် ဆက်မထားချင်တဲ့ မမြင်လိုတဲ့သူတွေရဲ့ ခပ်ပါးပါး လမ်းကြောင်းပေး ပြောဆိုရေးသားချက်တွေပါ။ ဒီအထဲမှာ နိုင်ငံခြားသားတွေ မြန်မာ့အရေး လုပ်နေပါတယ်ဆိုတဲ့အဖွဲ.တွေ NGOs တွေဟာလဲ ဒေါ်စုကို လက်ရှိ အစိုးရနဲ. တစားထဲ ထားပြီး တန်းညိကာ အိုက်ကွမ်-ICOM စံပြ သင်္ကေတာ-Symbolic Leader နေရာကနေ ဖယ်ရှားလိုတဲ့ သဘောထားတွေကို ထင်ဟတ်နေပါသည်။
"မြန်မာနိုင်ငံအနေဖြင့် ပုဂ္ဂိုလ်ရေးကို အခြေခံတဲ့ နိုင်ငံရေးကနေ ပေါ်လစီ မူဝါဒကို အခြေခံတဲ့ နိုင်ငံရေးကို ပြောင်းလဲဖို. လိုတယ်" လို. NCGUB ပြည်ပရောက် အစိုးရအဖွဲ.၏ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်ဆိုတဲ့ ဒေါက်တာ သောင်းထွန်းကလဲ ပြည်ပ သံလွင့်ဌာနတခုကနေ စတင်ပြီး ဒေါ်စုကို ဗဟိုပြုတဲ့ နိုင်ငံရေးကို ဝေဖန်လာပါပြီ။ သူကိုယ်တိုင်ကတော့ ပြည်ပ အစိုးရအဖွဲ.၏ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်ဆိုတဲ့ ရာထူးကို ရာသက်ပံ ရယူထားတဲ့အပြင် တကယ်ဆိုရင် UN အထွေထွေ အတွင်းရေးမှူးချုပ်တွေသာ ပြောင်းသွားတယ် သူကတော့ ဒီရာထူး UN Shadod Ambassador နေရာကို NCGUB အစိုးရအဖွဲ. စပြီး ဖွဲ.ကတည်းက ယူထားသူပါ။
ဒီထက် စိတ်ဝင်စားဖို.ကတော့ လက်ရှိ NGGUB အစိုးရအဖွဲ.၏ ၀န်ကြီးချုပ်ရာထူးကို ဒေါက်တာ စိန်ဝင်းဟာ စပြီးဖွဲ.စည်းခဲ့တဲ့ ၁၉ ၉ ၀ ကနေ ၂၀၁၁ ခုနှစ်အထိ ပေးထားခဲ့ ယူထားခဲ့ ခန်.ထားခဲ့တာကရော ဒေါက်တာ စိန်ဝင်းက ထွက်သွားတဲ့ အမတ်တွေထဲမှာ အတော်ဆုံး အရည်အချင်း အရှိဆုံးမို. NCGUB ၀န်ကြီးချုပ်ရာထူးကို ရာသက်ပံ ပေးထားတာလား ဒေါက်တာ သောင်းထွန်းတို. ပြောသလို လူပုဂ္ဂိုလ်အရ ပေးထားတာလား ရှင်းပြဖို. လိုပါမည်။ ဒေါက်တာ စိန်ဝင်းဟာ ဗိုလ်ချုပ် အောင်ဆန်း၏ တူ၊ အာဇနည် ဦးဘ၀င်း၏ သား၊ ဒေါ်အောင်ဆန်းစုကြည်၏ မောင်ဝမ်းကွဲတော်သူ ဖြစ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်ရေး အစဉ်အလာ ကြီးမားမှုကြောင့် ပုဂ္ဂိုလ်ရေးကို အခြေခံပြီး နေရာ ပေးထားခြင်း မဟုတ်ပါလား။ တကယ်လို. ဒေါက်တာ သောင်းထွန်းအနေဖြင့် မြန်မာ့နိုင်ငံရေးမှာ ပုဂ္ဂိုလ်ရေး အခြေခံတဲ့ နိုင်ငံရေးကနေ ပေါ်လစီ မူဝါဒကို အခြေခံတဲ့ နိုင်ငံရေး လုပ်သင့်တယ်လို. တကယ် ယုံကြည်လိုက်ခံနေရင် တခြားသူတွေကို ထောက်ပြတာထက် ကိုယ့်အဖွဲ.အစည်း ကိုယ် ကိုယ်တိုင် ကိုယ်စားပြုနေတဲ့ အဖွဲ.အစည်းကို ဒီအတိုင်းဖြစ်အောင် အရင် လုပ်ပြလိုက်ပါ။
မြန်မာနိုင်ငံရှေ.နေများကောင်စ
-BLC အဖွဲ.က ခေါင်းဆောင်ဆိုတဲ့ ဦးအောင်ထူးက လက်ရှိ အစိုးရ အဖွဲ.ကနေ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ရေး ပြင်ဆင်ချက်တွေနဲ. ပတ်သက်ပြီး ဝေဖန် ထောက်ပြရာမှာလဲ "ဥပဒေမှာ မပါတဲ့အချက်အလက်တွေကို ပြောဆိုရာ ရောက်တယ်"လို. NLD အဖွဲ.၏ ပြောရေးဆိုခွင့်ရှိသူ ရှေ.နေ ဦးဥာဏ်ဝင်းက ပြည်ပ သတင်းဌာနတခု၏ အပြန်အလှန် ဆွေးနွေးမှုမှာ ထောက်ပြခဲ့ပါသည်။ BLC ဦးအောင်ထူးရဲ့ အဆိုရ ပြောရင်တော့ အခု ပြောင်းလဲ ပေးလိုက်တဲ့ အချက်တွေဟာ ဘာမှ မထူးခြားတဲ့အပြင် ၂၀၀၈ ကို လေးစားလိုက်နာမယ်လို. ခံဝန် လက်မှတ်ထိုးလိုက်တာကြောင့် မြန်မာပြည်၏ ဒီမိုကရေစီ လူ.အခွင့်အရေးနဲ. တရားဥပဒေ စိုးမိုးရေးတွေကို ဥက္ခာပြုလိုက်ရာရောက်တယ် ဆိုပြီး နိုင်ငံရေးအရ ကြည့်ကာ ဥပဒေကြောင်းအရ မသုံးသပ်ဖဲ ကိုယ်လိုရာကို ဆွဲပြောသွားပြန်ပါတယ်။
ဒါကြောင့် NLD အဖွဲ.နှင့် ဒေါ်အောင်ဆန်းစုကြည်တို. ပါတီ တရားဝင် မှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲ ၀င်မယ်လို. ဆုံးဖြတ်လိုက်ရင်ဖြင့် ဒေါ်စုကို မျှားဦးလှည့် ပြီး ဝေဖန် တိုက်ခိုက်ကာ နိုင်ငံရေး နယ်ပယ်ကနေ စွန်.ခွာအောင် လုပ်မည့်သူတွေဟာ ၂၀၁၀ ရွေးကောက်ပွဲကို ဆန်.ကျင်ခဲ့ပြီး အစိုးရ လုပ်သမျှ NO NO NO လုပ်ခဲ့တဲ့ ပြည်ပ အခြေစိုက် အတိုက်အခံ အဖွဲ.တွေက ခေါင်းဆောင်တွေက ပိုများမည် ဖြစ်ပါသည်။ လူတွေ ပြောတဲ့ ဦးသိန်းစိန်အစိုးရ အဖွဲ.ထဲက သဘောထား တင်းမာသူတွေရဲ့ ထိုးနက်ချက် ဝေဖန် တိုက်ခိုက်မှုတွေထက် ဒေါ်စုကို အကြောင်းပြုပြီး လုပ်စားခဲ့သူ လုပ်စားနေသူ လုပ်စားဖို. ဆက် ကျိုးစားနေသူ နေရာ ရရှိနေတဲ့ Status Quote ဖြစ်နေသူတွေသာ ဖြစ်ပါမည်။ မကြာခင် စောင့်သာ ကြည့်ပါ ဒီ ခန်.မှန်း ပြောဆိုချက်တွေ မှန် မမှန်ကိုပေါ့။
ဒါကြောင့် ဒေါ်စုကို မျှားဦးလှည့်ပြီး ဝေဖန် တိုက်ခိုက်မည့် နိုင်ငံရေး ပြိုင်ဖက်တွေဟာ အစိုးရအဖွဲ.အတွင်းက သဘောထား တင်းမာသူ စစ်ဗိုလ်ချုပ်တွေ စစ်ဗိုလ်ချုပ်ဟောင်းတွေ မဟုတ်တော့ပဲ ဒေါ်စုကို တချိန်က ခေါင်းပေါ်တင်ခဲ့ပြီး ကမ္ဘာ ပတ် လုပ်စားသူတွေ ဒေါ်စု မျက်နှာ စွပ်ပြီး နိုင်ငံတကာမှာ အကူအညီတွေ အထောက်အပံ့တွေ ယူခဲ့သူတွေဟာ ဒေါ်စုနဲ. အဖွဲ.ချုပ်ကို ပစ်မတ်တွေထားပြီး ဖယ်ရှားဖို. စတင် ခြေလှမ်းလာခြင်း ဖြစ်ပါသည်။
အဲဒီ အုပ်စုတွေထဲမှာ သေခြာပေါက် ပါလာမည့်သူတွေကတော့ အစိုးရ လုပ်သမျှကို NO လုပ်တာပဲ သိတဲ့ NO အုပ်စုက သဘောထား တင်းမားသူတွေ၊ လက်ရှိ ပြည်ပ နိုင်ငံရေးကို အနှစ် ၂၀ ကျော် ဦးဆောင်မှု ခေါင်းဆောင်ပိုင်းနေရာကို ရရှိထားတဲ့ နယ်စပ်နဲ. ပြည်ပ အခြေအစိုက် မြန်မာအတိုက်အခံ အဖွဲ. တချို.နဲ. အဲဒီ အဖွဲ.တွေက ခေါင်းဆောင်ဆိုသူတွေ။ NDDP ဒေါ်ခင်ဥမ္မာတိုလို၊ အမျိုးသမီးအဖွဲ.ချုပ်က ဒေါ်သင်းသင်းအောင်တို.လို၊ နောက်တခုကတော့ တိုင်းရင်းသား လက်မှတ် ကိုင်ပြီး ကမ္ဘာပတ်နေသူတချို. ဇိုရာဖန်တို. နမ်း ချန်ထောင်းတို. အုပ်စုတွေ၊ မြန်မာ့အရေး လုပ်နေတယ်ဆိုတဲ့ နိုင်ငံခြားသား အဖွဲတွေ=AlterAsean က မလေးရှားသူ ဒေဗီစတောဟတ်တို.အုပ်စု၊ Burma Campaign For UK က Mark Fermanar Anna Robertတို.US Campaign For Burma က နိုင်ငံခြားသား ၀န်းထမ်းတချို.၊ မြန်မာ့ရေးရာ ကျွမ်းကျင်သူ ပညာရှင်လို. ဆိုတဲ့ ဒေါက်တာ ဇာဏီတို. လို မကြက် တကြက် ပေါင်မှုံ. အုပ်စုတွေ၊ ပြည်ပ သတင်းဌာနနဲ. အသံလွင့်ဌာနက လခစား ဖားတပိုင်း ငါးတပိုင်း သတင်းထောက် လိုလိုနဲ. နိုင်ငံရေး လုပ်နေတဲ့ အုပ်စုတွေ ဖြစ်ပါမည်။
ဒီလူတွေက တချိန်က ပြောခဲ့သလိုပဲ ဒေါ်စုဟာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးလဲ ဖြစ် ကိုယ်တိုင်လဲ အရည်အချင်းရှိတဲ့ နိုင်ငံတကာနဲ. ပြည်သူတွေ၏ ထောက်ခံမှုကို ရရှိထားတဲ့ အမျိုးသမီးဖြစ်လို. ဦးနေ၀င်းတို. ဦးသန်းရွှေတို.ဟာ ဒေါ်စုကို ပုဂ္ဂိုလ်ရေးကို မနာလိုဖြစ်ပြီး အခုလို နေရာ မပေးပဲ ဖယ်ရှားထားတာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းသား မြန်မာပြည်က ပြသာနာတွေ အမျိုးသား စည်းလုံးညွတ်ညွတ်ရေးတွေကို ဖြေရှင်းပေးနိုင်မည့် တိုင်းရင်းသားတွေပြည်သူတွေ၏ ယုံကြည်မှုကို ရရှိထားတဲ့ Burma Trusted Icon Leader ဆိုပြီး ချီးမြှောက်ခဲ့ ဂုဏ်ပြုခဲ့သူတွေပါ။ အခုတော့ အဲဒီ လူတွေပဲ ဒေါ်စုကို ဆွဲချဖို. အရောင် ဆိုးဖို. ဘေးခြောင်ထိုးဖို. ကျိုးစားမည့်သူ ဝေဖန် တိုက်ခိုက် ထိုးနက်မည့်သူတွေ ဖြစ်ပါသည်။ 2010 ရွေးကောက်ပွဲတုန်းက အဖွဲ.ချုပ်က NO လုပ်ခဲ့လို. သဘောကျပြီး အားပေး လက်ခုတ် တီးခဲ့သော်လဲ အခု တချိန် ပါတီ ပြန်ပြီး မှတ်ပုံတင်မယ် ကြားဖြတ် ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် ဒေါ်စုနဲ. အဖွဲ.ချုပ်ကို အရင်ဆုံး အပစ်တင်ပြီး ဆဲချင်သူတွေကတော့ သဘောထား တင်းမာတဲ့ ထိပ်ပိုင်း အတိုက်အခံ ခေါင်းဆောင်တွေပဲ ဖြ
စ်ပါသည်။
ထိပ်ပိုင်းလောက်သာ နိုင်ငံရေးအရ အပြောင်းအလဲ ဖြစ်ယုံနဲ. မရဖူး။ ဒေါ်စုတို. အဖွဲ.ချုပ် NLD တို.လောက်နဲ. အစိုးရတို.အကြား ရင်ကြားစေ့ ပူးပေါင်းဆောင်ရွက်ယုံဖြင့် မပြီးဘူး ဆိုတဲ့ အရာတွေနဲ. ထောက်ပြကာ ဒေါ်စုကို ကြပ်ဖို. အဖွဲ.ချုပ်ကို မီးကင်မည့်သူတွေသာ ဖြစ်လာမည်။ နောက်တခုကတော့ လူအခွင့်အရေးဆိုတဲ့ အချက်တွေနဲ. ဘင်္ဂါလီကိစ္စတို. အမျိုးသမီးအရေးတို. ပြည်တွင်း စစ်ရပ်စဲရေး စတဲ့ ပြောဆိုချက်တွေနဲ.ပဲ ဒေါ်စုတို. အစိုးရနဲ. အတူတူ လက်တွဲ လုပ်သွားပေမည့် အဖွဲ.ချုပ် NLD တို. ပါလီမန်ထဲသာ ရောက်သွားပေမည့် မြန်မာပြည် ပြသာနာတွေ လူ.အခွင့်အရေးတွေ ဒီမိုကရေစီနဲ. ငြိမ်းချမ်းတွေက ဘာမှ မတိုးတက်လာဖူး မပြောင်းလဲ လာဖူး။ သာမန် ပြည်သူတွေ၏ လူနေမှုဘ၀ ဆင်းရဲ မွဲတွေမှုတွေ ၀န်ထမ်းတွေ၏ အဂတိလိုက်စားမှုတွေက အရင်အတိုင်းပဲ ရှိနေသေးတယ်ဆိုတဲ့ အချက်တွေကို ကိုင်ပြီး ဒေါ်စုကို ချိုင်ဖို. ခြေလှမ်း စတင်နေပါပြီ။ ပါတီအတွင်းမှာ ဒီမိုကရေစီ မရှိဘူး။ ဒေါ်စု ဘေးမှာ အနီးကပ် ၀ိုင်းရံနေသူတွေဟာ အောက်ခြေ လူထု၏ အသံတွေကို နားမထောင်ဘူး စတဲ့ စွပ်စွဲချက်တွေ ဝေဖန်ချက်တွေ မကြာခင် ဒီထက် ပိုပြီး ညံလာတော့မည် ဖြစ်ပါသည်။
ဒေါ်စုနဲ. အဖွဲ.ချုပ်ကို သူတို.အတွက် ဈေကွက်ဝင်ပြိုင်မည့် ဈေးကွက် ၀င်လုမည့် သူတွေလို. ယူဆလာမည် ဖြစ်ပါသည်။ အစိုးရအနေဖြင့် နိုင်ငံတကာ Market ကို လက်ရှိ ပြည်ပ အဖွဲ.အစည်းတွေ ခေါင်းဆောင်တွေ ချုပ်ကိုင်ထားတာတွေကို ၀င်ပြိုင်ဖို. ၀င်ပြိုင်နိုင်စွမ်း မရှိပါ။ သို.သော် ဒေါ်စုနဲ. အဖွဲ.ချုပ်သာလျင် နိုင်ငံတကာ ဈေးကွက်ကို လက်တွေ. ထိုးဖေါက်လာမယ် နေရာယူလာမယ် ပြည်တွင်းကနေ တိုက်ရိုက် လူငယ်တွေ ကိုယ်စားလှယ်တွေ စေလွတ်ပြီး နိုင်ငံတကာ စင်ကို ၀င်လာနိုင်တာမို.လဲ ဒီလို ဖြစ်လာမှာကို သိနေတဲ့ ကြောင်ပါးတွေက စားကျက် ပျောက်မယ်ထင်ပြီး ကန်.ကွက်တာလဲ ဖြစ်နိုင်ပါသည်။ ဒေါ်စုအရှိန် အဖွဲ.ချုပ် အရှိန်နဲ. ပြည်တွင်းမှာ တရားဝင် နေထိုင်ပြီး တရားဝင် ရပ်တည်နိုင်တဲ့ ပါတီလဲ ဖြစ်မယ် အစိုးရကလဲ နှောက်ယှက်တာ ဟန်.တားတာတွေ မလုပ်ဖူးဆိုရင် အခုအခါ ပြည်ပမှာ မင်းမူနေတဲ့ ကြက်ဆူပင် ခေါင်းဆောင်များဟာ ပြ
ည်တွင်းက လာမည့် ဒေါ်စုနဲ. အဖွဲ.ချုပ်ကို ဘယ်လို လုပ်ပြီး နိုင်အောင် လုပ်နိုင်မှာလဲ။ ဒီတော့ ထိပ်တိုက် တွေ.ပြီပေါ။ ဒါကြောင့်လဲ လက်ဦးမှု ရအောင် စကားတွေ လမ်းကြောင်းပေးပြီး ခပ် ပါးပါးလေးနဲ. ထိုးစစ် ဆင်လာတဲ့သဘောပါ။
ဒါကြောင့် ဒေါ်စုကို မျှားဦးလှည့်ပြီး နိုင်ငံရေးအရ စင်ပေါ်ကနေ ဆွဲချဖို. လုပ်နေတဲ့ ပြည်ပ အခြေစိုက် အင်အားစု တချို.နဲ. ခေါင်းဆောင်တချို.၏ သံစဉ်တီးဝိုင်းရဲ့ ဖျော်ဖြေမှုတွေ မကြာခင် ဆူဆူညံညံ အသံဗလံတွေ ပေးပြီး တီးခတ်လာတောမည်မှာ မုတ်ချအမှန် ဧကန် မြင်ရတော့မည့် အခြေအနေ ဖြစ်ပါကြောင်း နိုင်ငံရေး ဗေဒင် ဟောလိုပါသည်။


--
Aung Than Oo (BurmaBureauGermany)

phone:  +49 221 9522450
mobile: +49 173 5347534
e mail : atoburma@web.de
             atoburma@googlemail.com



No comments:

Post a Comment