Tuesday 13 December 2011








Ashin Gambira
အရှင်ဂမ္ဘီရရဲ့ မိသားစုအနေနဲ့ သမ္မဆီကို အသနားခံစာတင်ခြင်း လုံးဝမရှိခဲ့ပါ။ အောက်တိုဘာလ ၂၇ရက်နေ့ ကလေးမြို့ကိုထောင်ဝင်စာ မသွားခင် ဘီဘီစီအင်တာဗျူးမှာ အရှင်ဂမ္ဘီရရဲ့ မိခင်ဒေါ်ရေးက ဦးဇင်းကိုလွှတ်ပေးဖို့ သမ္မတဆီ စာရေးတောင်းဆိုမယ်လို့ ပြောခဲ့တာမှန်ပါတယ်။ ဒါပေမယ့် ကလေး အကျဉ်းထောင်မှာ ဦးဇင်းနဲ့တွေ့ရတဲ့အခါ ဦးဇင်းက ''ကျုပ်လွတ်ဖို့အတွက်တော့ မိသားစုအနေနဲ့ အသနားခံစာ လုံးဝမတင်ရဘူး''ဆိုပြီး ကန့်ကွက်တဲ့အတွက် သမ္မဆီစာမတင်ဖြစ်ခဲ့ပါဘူး။

အောက်တိုဘာလ၂၇ရက်နေ့က သမ္မတဆီ အသနားခံစာတင်တာ ကျမတို့အမကြီးခင်သူဌေး တဦးတည်းရဲ့ သဘောထားပဲဖြစ်ပါတယ်။ ကျမအပါအ၀င် အရှင်ဂမ္ဘီရရဲ့ အဖေဦးမင်းလွင်၊ အမေဒေါ်ရေးနဲ့ ညီတွေအားလုံးဒီစာကို မသိခဲ့ရပါဘူး။ ဒါ့ကြောင့် မိသားစုအနေနဲ့ သမ္မဆီစာတင် တယ်လို့ မသုံးဖို့ မေတ္တာရပ်ခံပါတယ်။

အောက်တိုဘာလ၂၇ရက်နေ့က သမ္မဆီတင်တဲ့စာကို အောက်တိုဘာ၂၈ရက်နေ့ကျမှ ဘီဘီစီသတင်း ထောက် ကိုနေလင်း (နယူးဒေလီ) ဆီကတဆင့် ကျမရခဲ့တာပါ။ နိုဝင်ဘာ ၂- ရက်နေ့ကျမှာမှ ကျမမောင်လေး - လွင်မောင်မောင်ကတဆင့် အမေတို့သိခဲ့ရပါတယ်။ အဲဒိအသနားခံစာမှာ မိတ္ထီလာလိပ်စာနဲ့ ရေးထားပေမယ့် မခင်သူဌေးက မိတ္ထီလာအိမ်မှာ နေတာမဟုတ်ပါဘူး။

နောက်တခုက -
(ထောင်ထဲမှာ တလလုံး လက်ရောခြေရော ခတ်ထားပြီး ထိုင်ခုံမှာပဲ အပေါ့အလေးသွားခိုင်း၊ ခေါင်းကို အိတ်အမဲ စွတ်ပြီး တုတ်နဲ့ရိုက်၊ ဒီဒဏ်ရာတွေက နည်းမှမနည်းတာ။ ဒဏ်ရာတွေ ပေါ်လာရင် သူတို့က အိပ်ဆေးထိုး ဖြေရှင်းတာ။ လွတ်လာတဲ့သူတွေ ပြောပြတာပေါ့နော်။ ဦးဇင်းကတော့ အမတို့ကို မပြောဘဲ ထိန်းချုပ်ထားပုံရတယ်။" )

ဒီကိစ္စကို ဦးဇင်းကမပြောပဲ တမင်ထိန်းချုပ်ထားတာမဟုတ်ပါဘူး။ ခွင့်လွှတ်ထားတာပါ။ အောက်တို ဘာလ ၂၈ရက်နေ့ ထောင်ဝင်စာတွေ့တဲ့နေရာမှာ အမေက ဒီကိစ္စကို အဓိကမေးပါတယ်။ ဒါပေမယ့် ဦးဇင်းက ပီးတာတွေပီးပါစေတော့ ခွင့်လွှတ်ထားပါတယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဒီကိစ္စနဲ့ပါတ်သက်ပြီး စိတ်ဝင်တစားရှိသူ မည်သူမဆို အရှင်ဂမ္ဘီရဲ့မယ်တော် ဒေါ်ရေးကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဆက်သွယ်ရန်။ ။ ဖုန်းနံပါတ် 064-39147 ကို ဆက်ပြီး တအိမ်ကျော်က ဒေါ်ရေးကို ခေါ်ပေးပါဆိုရင် ရပါတယ်။
လေးစားစွာဖြင့်
မလွင်

ရည်ညွှန်း။ ။ အရှင်ဂမ္ဘီရ၏ အမတော်က သမ္မတထံစာရေးတောင်းဆို

ထောင်ထဲမှာ တလလုံး လက်ရောခြေရော ခတ်ထားပြီး ထိုင်ခုံမှာပဲ အပေါ့အလေးသွားခိုင်း၊ ခေါင်းကို အိတ်အမဲ စွတ်ပြီး တုတ်နဲ့ရိုက်၊ ဒီဒဏ်ရာတွေက နည်းမှမနည်းတာ။ ဒဏ်ရာတွေ ပေါ်လာရင် သူတို့က အိပ်ဆေးထိုး ဖြေရှင်း တာ။ လွတ်လာတဲ့သူတွေ ပြောပြတာပေါ့နော်။ ဦးဇင်းကတော့ အမတို့ကို မပြောဘဲ ထိန်းချုပ်ထားပုံရတယ်။" ဟု မခင်သူဌေးက ဆိုသည်။ ဆရာတော်၏ ကျန်းမာရေး အခြေအနေအား ငဲ့ညှာကာ လွှတ်ပေးရန် မ...ိသားစုက သမ္မတ ဦးသိန်းစိန်ထံ စာရေး သား တောင်းဆိုသွားဦးမည်ဟု ဆိုသည်။ ဦးဂမ္ဘီရ၏ မိသားစုက ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် သမ္မတထံ အသနားခံစာ ရေးသားပေးပို့ခဲ့သေးသည်။

ကျားကိုအသနားခံခြင်း
ကျားဆိုတဲ့ကျား အဆီကိုစား
အသားကိုမြို ဘယ်သူ့ကိုမှ
ကြင်နာမှုမပြ ရက်စက်ကြတာ
အများအသိပါ။

မြန်မာပြည်ဘွား အာဏာသားကား
ကျားထက်ဆိုးဝါး အဆီကိုစား
အသားကို မြိုတာတင်မက
မာလှတဲ့အရိုးကိုတောင် စိုးစိမျှမချန်
အန်အကုန်ကြိတ် မာန်ဟုန်လှိမ့်ပြီး
တငြိမ့်ငြိမ့်စားတတ်ပေသေးတာ
သနားတယ်ဆိုတာ သူတို့ကမ္ဘာမှာ
လုံးဝရှာမရပါ။
ဒါတင်မက စာသင်ပြရရင်
ထောင်ကျတဲ့ထောင်သား
အေးအေးဆေးဆေးမထား အတွေးများများနဲ့
ကြောင်ကကြွက်ကိုကစားသလို
အသဲတရားရား လူးလွန့်သွားအောင်
ခိုးသားအချောင်နှိုက် လူမိုက်တွေကို
ရှူးတိုက်မြှောက်စား
ထောင်ဝင်သားအချင်းချင်
အငြင်းတွေပွား အခင်းတွေများအောင်
ကစားတတ်ကြပေသေးတယ်။

အာဏာကိုအတန်တန် အာခံလေသူ
ငြင်းဆန် တင်းခံလေသူတွေကို
လူမတူအောင် အမှောင်တိုက်ချ
ပြောင်ရိုက်ကြနဲ့ အမိုက်ကမ်းကုန်
မိုက်ပုံဆင့်ကဲ မဖေါ်ရဲအောင်
စော်ကဲမျိုးတွေလူဝင်စားသလားပဲ။

သူတို့အချင်းချင်းလဲ
ပုလင်းတူဘူးဆို့ ချွတ်စွပ်မလွဲပဲ
မူကွဲခဲ့ပါရင် အရှင်မထား
ဆေးဝါးသုံးပြီး အဆုံးစီရင်
မရဏဈာန်ယာဉ်နဲ့
အမြန်သာတင်ပေးလိုက်ကြတယ်။

ဒီလိုလူမဆန် မူမမှန် တယူတန်မညှိုး
ဘူးဥာဏ်တွေတိုးနေတဲသူတွေကို
အဆိုးစာရင်းမက ဆိုးမိုက်ကြတဲ့
အဆိုးတကာ့ဗိုလ်မင်း အဖျင်းတကာ့ဗိုလ်ချုပ် ဒီအနုံအစုတ်တွေကို
ဒူးတုပ်ပြီရှိခိုး အမျိုးမျိုးတောင်းပန်
အသနားခံနေရင် နေ၀င်လို့မိုးချုပ်
မိုးချုပ်ကနေ နေပြန်ထွက် နေရက်တွေပြောင်း
နှစ်တွေသာညောင်းသွားမယ်
အဟောင်းပကတိ ပြောင်းတာမရှိ
အညောင်းအညာမိပြီးသေလိမ့်မယ်။

ကိုကိုအောင် (ဆန်ဖရန်စစ္စကို)၁၁-၂၃-၁၁

ဒီလိုလူမဆန် မူမမှန် တယူတန်မညှိုး
ဘူးဥာဏ်တွေတိုးနေတဲသူတွေကို
အဆိုးစာရင်းမက ဆိုးမိုက်ကြတဲ့
အဆိုးတကာ့ဗိုလ်မင်း အဖျင်းတကာ့ဗိုလ်ချုပ် ဒီအနုံအစုတ်တွေကို
ဒူးတုပ်ပြီရှိခိုး အမျိုးမျိုးတောင်းပန်
အသနားခံနေရင် နေ၀င်လို့မိုးချုပ်
မိုးချုပ်ကနေ နေပြန်ထွက် နေရက်တွေပြောင်း
နှစ်တွေသာညောင်းသွားမယ်
အဟောင်းပကတိ ပြောင်းတာမရှိ
အညောင်းအညာမိပြီးသေလိမ့်မယ်။

ကိုကိုအောင် (ဆန်ဖရန်စစ္စကို)၁၁-၂၃-၁၁


(ရရှိလာသောမေးလ်ကိုထပ်ဆင့်ဖေါ်ပြပါသည်)


No comments:

Post a Comment