Monday 12 December 2011






၁၈ ကီလိုဂရမ်လေးတဲ့ကျူမာဖယ်ထုတ်ခဲ့ရတဲ့အမျိုးသမီး


Himachal Pardesh မှ ဆရာဝန်တွေရဲ့အသင်းခေါင်းဆောင် Shimla ဟာ အမျိုးသမီးတစ်ဦးကနေ ၁၈ ကီလိုဂ ရမ်လေး တဲ့ သားဥအိမ်ကျူမာတစ်ခုကိုဖယ်ထုတ်ပေးခဲ့ပါတယ် ။ Kullu မှ ဆေးရုံမှာ ခွဲစိတ်မှု ကိုဆောင် ရွက်ခဲ့တယ်လို့ သတင်းမီဒီယာတွေကဖော်ပြခဲ့ပါတယ် ။ Mandi district မှ Sarsed လို့အမည် ရတဲ့ရွာကလေး မှ Kesari Devi ဆိုသူအမျိုးသမီးဟာ ဆေးရုံကို သူမ၀မ်းဗိုက်မှာ နာကျင် ပြီး ဖောင်းတင်း လာတဲ့အတွက် လာရောက် ပြသရာမှ ကျူမာကို တွေ့ခဲ့ကြခြင်းဖြစ်ပါတယ် ။



ဘဲဥပုံစံ မာကျောတဲကျူမာကို သူမရဲ့ညာဖက်ခြမ်းကနေ ဖယ်ထုတ်ဖို့အတွက် မိနစ်ကိုးဆယ်လောက် ကြာခဲ့ရ ပါတယ် လို့ ခွဲစိတ်ဆရာဝန် Sumedh Kaul ကပြောဆိုခဲ့ပါတယ် ။

http://www.rxpgnews.com/




DNA အပိုပါလာတဲ့ကမ္ဘာ့ပထမဆုံး၂နှစ်ကလေးငယ်





ဗြိတိန်နိုင်ငံမှ ကလေးငယ်တစ်ဦးဟာ သူ့ရဲ့ ဒီအန်အေ မျိုးဗီဇ မှာ အချောင်းတစ်ချောင်း ( extra stand) ပါလာတဲ့ အတွက် ကမ္ဘာ့ပထမဆုံး ဒီအန်အေအပိုပါတဲ့ကလေးအဖြစ် သတ်မှတ်ခံလိုက်ရပါတယ် ။ အသက်နှစ်နှစ် သာရှိသေးတဲ့ Alfie Clamp စာ Warkwickshire - Nuneaton မှဖြစ်ပြီး မွေးလာစဉ်က အမြင်အာရုံ ချို့ယွင်းနေခဲပါတယ် ။ ဒါ့အပြင် အခြား ပြင်းထန်တဲ့ ချို့ယွင်းချက်ပေါင်းများစွာ (disabilities) တွေပါလာခဲ့ပြီး ဒါဟာ ဆရာဝန်တွေဖို့ စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်ခဲ့ပြီး စမ်းသပ်မှုပေါင်းစစ်ဆေးမှုပေါင်းများစွာ ပြုလုပ်ခဲ့ရပါတယ် ။



သူတို့ရှာတွေ့ခဲ့တာကတော့ သူ့ရဲ့ ၇ ခုမြောက် ခရိုမိုဆုမ်းမှာ အပိုချောင်း (extra arm) ပါလာခဲ့ပြီး ဒါဟာ ကမ္ဘာပေါ် မှာ ဘယ်တုန်းကမှ မှတ်တမ်းတင်ဖူးခြင်းမရှိသေးတဲ့ တွေ့ရှိမှုတစ်ခုလည်းဖြစ်ပါတယ် လို့ Daily Mail မှာ ဖော်ပြထားပါတယ် ။




ဆရာတွေအတွက် ဦးနှောက်ခြောက်စရာကတော့ ဒါဟာ အလွန်ရှားပါးတဲအခြေအနေတစ်ခုဖြစ်ပြီး ဒီလို အရာအ တွက်သတ်မှတ်ဖို့ရာ နာမည်တောင်မရှိခဲ့ပါဘူး ။ ဒါအပြင် ဒီကလေးရဲ့ အသက်ရှင်မှု ရာခိုင်နှုန်း နဲ့တကွ တိုးတက်လာမှု စတာတွေကို ခန့်မှန်းဖို့ရာကလည်း စဉ်းစားတွေးခေါ်ဖို့ရာ ခက်ခဲလှပါတယ် ။ သူ့မိဘတွေဖြစ်တဲ့ Gemma နဲ့ Richard Clamp တို့ကတော့ သူတို့ကလေးကို အိမ်ကိုပြန်ခေါ်လာတုန်းက တစ်ခုခုတော့ မှားနေခဲ့ပြီလို့ ခံစားခဲ့ရပါတယ်လို့ဆိုပါတယ် ။ ရက်အနည်းငယ်ကြာပြီးတဲ့နောက်မှာ သူဟာ အသက်ရှုခြင်း ရပ်ဆိုင်းသွားပြီး နှုတ်ခမ်းတွေ ပြာလာခဲ့ပြီး အလျှင်အမြန်ပဲ ဆေးရုံကို တင်ခဲ့ရပါတယ် ။ သူ့ရဲ့ အခြေအနေကြောင့် ၃ လအ ရွယ်အထိ သူ့ကို ထိတွေ့မြင်ဖို့ရာ ခက်ခဲတဲ့အခြေအနေကြောင့်ဆေးရုံမှာပဲ အရေးပေါ်ကု သ မှုတွေပေးနေခဲ့ရတယ် ။ သူ့မှာ အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာတွေရှိနေဆဲဖြစ်ပြီး ခန္ဓာကိုယ်က ဗီတာ မင်တွေနဲ့အာဟာရတွေကို စုပ်ယူနိုင်ဖို့အတွက်ဆေးတွေရဲ့ အကူအညီကိုများစွာယူနေခဲ့ရပါတယ် ။

Clamps မှာ ဆယ်နှစ်အရွယ်အစ်မတစ်ယောက်ရှိပါတယ် သူမကတော့ ကျန်းမာနေခဲ့ပြီး ဒီအန်အေကတော့ သူ့အစ်မ မှာ ပုံမှန်ပဲဖြစ်ပါတယ် ။

http://www.rxpgnews.com/
သက်တန့်ချို



No comments:

Post a Comment