Thursday 15 December 2011

ရွှေည၀ါ ဆရာတော်ကို ကျောင်းတိုက်မှနှင် သည့်စာလက်ခံရ
Posted: 14 Dec 2011 07:56 AM PST


ရွှေညဝါ ဆရာတော်နှင့် ယခုည ၉ နာရီ ၄၅ မှာ ဆက်သွယ်မေးမြန်းချက် အသံဖိုင် (u zarwana)
(Yangon Press International )
၈၈ မျိုးဆက်ကျောင်းသားများ အထိမ်းအမှတ် နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် မိသားစုများ စုဝေးသည့်
အခမ်းအနားများ ကျင်းပသည့် သာဓုပရိယတ္တိ စာသင်တိုက်နှင့် ရွှေည၀ါ ပညာ့ဗိမာန်ကျောင်းတိုက် ဆရာတော်အား
တိုင်းသံဃာ့နာယက ဥက္ကဋ္ဌမှ စာဖြင့် ညွှန်ကြားလိုက်သည်ဟု သိရသည်။
ရွှေည၀ါကျောင်းတိုက်ဆရာတော် ဦးပညာသီဟအား အရေးယူဆောင်ရွက်ရန်ကိစ္စဟု ခေါင်းစဉ်တပ်ထားသည့် စာတွင်
ဆရာတော် အနေဖြင့် မန္တလေးမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် တရားဟောကြားသည့် ကိစ္စနှင့် စပ်လျဉ်း၍
၂၀-၁၁-၂၀၁၁ ရက်နေ့တွင်ကျင်းပသည့် ညီသံဃာ့နာယက ၄၇ ပါးစုံညီအစည်းအဝေးမှ ဆရာတော်အား
ကျောင်းတိုက်မှ ဖယ်ရှားရန်၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ဆုံးဖြတ်ချက်ကို မနာခံသဖြင့် ဒုဗ္ဗစ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန် နှင့် ရွှေည၀ါကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်ခြင်း မပြုရန် ဆိုသည့်အချက်
သုံးချက်ကို ဖေါ်ပြထားသည်။
မည်သည့်နေ့ရက်တွင် ထွက်ခွာရန် ဖေါ်ပြထားခြင်း မရှိသော်လည်း မနက်ဖြန် နေ့ခင်း ၁ နာရီတွင် သံဃာ့နာယက အဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရား ရွှေည၀ါ ပညာ့ဗိမာန်သို့ ကြွရောက်လာရန်ရှိသည်ဟုလည်း ကျောင်းတိုက်တွင် ရောက်ရှိနေသည့်
၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုကိုကြီး (စမ်းချောင်း) က YPI သို့ပြောသည်။
၎င်းက " အဓိကကတော့ဗျာ ကျောင်းတိုက်က နှင်ထုတ်တာ၊ နောက်ဗုဒ္ဓတက္ကသိုလ်ကိုလည်း ဖွင့်ခွင့်မပေးဘူး
လို့ဆိုလိုတာပဲ" ဟုပြောသည်။
ဒီဇင်ဘာ ၁၀ ရက်နေ့ က ကျင်းပသည့် အခမ်းအနားတွင် သာဓုပရိယတ္တိ စာသင်တိုက်မှ ရွှေည၀ါဆရာတော်အား မြင်တွေ့ရစဉ်
နှင်ထုတ်သည့်စာမိတ္တူအား သာသနာရေး ၀န်ကြီးဋ္ဌာန၊ တိုင်းအုပ်ချုပ်ရေးမှူးများ၊ ခရိုင်အုပ်ချုပ်ချုပ်ရေးရုံး၊ သာသနာရေး
ဝန်ကြီးဋ္ဌာန ညွှန်ချုပ်များထံသို့ ပေးပို့ကြောင်း ဖေါ်ပြထားသည်။ စာထုတ်သည့် ရက်စွဲမှာ ဒီဇင်ဘာ ၁၂ ရက်နေ့ နေ့စွဲဖြစ်သည်။
ရွှေည၀ါဆရာတော်သည် ယခုလဆန်း ၂ ရက်နေ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်လာရောက်စဉ် တွေ့ဆုံကြသည့်
ပြည်တွင်း လူမှုရေး၊ နိုင်ငံရေး ဆောင်ရွက်သူများအထဲ ပါဝင်သည့် တပါးတည်းသော သံဃာဖြစ်သည်။
အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နိုင်ငံရေး အကျဉ်းသားများ စုဝေးသည့်ပွဲ၊ လစဉ် လဆန်း ၁ ရက်နေ့တွင် နိုင်ငံရေး
အကျဉ်းသားမိသားစုများ စုဝေးတွေ့ဆုံပွဲနှင့် ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုရရှိသည့် နှစ် ၂၀ ပြည့်အခမ်းအနားများအား ယင်းကျောင်းတိုက်တွင် ကျင်းပခဲ့သည်။ ။

တိုင်းသံဃာ့နာယက အဖွဲ့မှ ဆရာတော်ထံ ပေးပို့လာသည့် စာ

ထုပ်ဝေရန်အစီအစဉ်ရှိ

Posted: 14 Dec 2011 07:24 AM PST
ဝင့်သင်ဇာကျော် (မြစ်မခ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် တရားဝင်မှတ်ပုံတင်အမှတ်ရရှိပါက ပါတီသစ်ထူထောင်ပြီး နောက် ဒီလှိုင်း
အမည်ဖြင့် စာစောင်ထုတ်ဝေရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။

အဆိုပါစာစောင်၏ အယ်ဒီတာအဖွဲ့မှာ ဦးအုန်းကြိုင် ၊ မုံရွာအောင်ရှင် ၊ ဖျာပုံနီလုံဦးနှင့် ငြိမ်းသစ်တို့ ဖြစ်ကြောင်းကိုလည်း
သိရှိရသည်။

"ပါတီသစ်ထောင်ပြီးရင် အောင်နိုင်ရေးအတွက် အရင် လုပ်မယ် စာစောင်လုပ်ဖို့က စီစဉ်နေတုန်းပါဘဲ ဒီမိုကရေစီနဲ့
ပတ်သက်ပြီး အကုန်လုပ်ပါမယ်"ဟု ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

စာစောင်ထုတ်ဝေရခြင်းမှာ အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြစ်သလို ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ထုတ်ရခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။

"ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုလည်းပါပါတယ်၊ အဓိကက အောင်နိုင်ရေးကို ဦးစားပေးပြီး ပါတီတွင်း
လှုပ်ရှားမှုတွေကို သိရှိနိုင်ဖို့အတွက်စာစောင်ထုတ်ဝေသွားမှာပါ"ဟုအဖွဲ့ချုပ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဖျာပုံနီလုံဦး က ပြောသည်။

အဆိုပါ စာစောင်တွင် ပါတီတွင်း လှုပ်ရှားမှုများ၊ ပြည်နယ်နှင့်တိုင်းမှ အဖွဲ့ချုပ်အဖွဲ့ဝင်များ၏ နိုင်ငံရေးလှုပ်ရှားမှု များနှင့် ကာတွန်း၊ဆောင်းပါးစုံလင်စွာဖြင့် ထုတ်ဝေမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အဖွဲ့ချုပ်ရုံး များသို့ ဖြန့်ချီရန် အစီအစဉ်ရှိကြောင်းကိုလည်း သိရှိရသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့က အန်အယ်လ်ဒီဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်း နှင့် ဦးဝင်းမြင့်တို့မှ နေပြည်တော်သို့ သွားရောက်မှတ်ပုံတင်ခဲ့ပြီး လက်ရှိအချိန်တွင် တရားဝင်ပါတီ ဖြစ်မြောက် ရန်အတွက် ခွင့်ပြုချက်စောင့်ဆိုင်းနေကြောင်း
သိရှိရသည်။

Posted: 14 Dec 2011 07:03 AM PST


ရွှေညဝါဆရာတော်အား မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် တရားဟောကြားသည့်ကိစ္စနှင့် ပါတ်သက်၍ အရေး
ယူပေးရန် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး သံဃာ့မဟာနာယကအဖွဲ့သို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ၁၂ရက်နေ့နေ့စွဲဖြင့် အကြောင်းကြားခဲ့ကြောင်းသတင်းရရှိပါသည်။


Burma vj media network

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment