Wednesday 14 December 2011

ငါ့ မျှော်လင့်ချက်  /ငါ့ ယုံကြည်ချက်


အလင်းကို အမှောင်ချ

ရှောင်လွှဲလို့ကလဲ မရဘူး

ချောင်ကျကျ ထဲကို ပို့

တကိုယ်စာ အခန်းထဲက ညဉ်းနေတယ်

အော်…….သူတို့ခေတ်ဘဲမို့………….

ခန္ဓာကိုယ်သာ ချူပ်ထား

စိတ်ကတော့ လှုပ်ရှားနေတယ်

တကိုယ်စာ အခန်းကနေ

အပြင်ဘက် လောကအထိပေါ့

ငြိမ်းချမ်းခြင်း လေထုနဲ့အတူ

နှလုံးသွေးက ရှိုက်ကာထုတ်လိုက်တယ်………

ငါရှိအုံးမှာပါ

နောက်ဆုံးနှလုံးတစ်ချက်ခုန်သံ အထိပေါ့

မျှော်လင့်ချက်ကတော့

ငါ့နောက်ဆုံးရက်အထိတော့

သနားတယ်

အို…………..

ကမ္ဘာတည် နေသရွေ့ပါ ။……………။

( မှန်ကန်သော ယုံကြည်မှုအတွက် အကျဉ်းချခံနေရသော နိုင်ငံရေး အကျဉ်းသားများအတွက် )

သူရစိုး
၁၉.၁၁.၂၀၁၀ (၁၂း၄၀)am
— with Kuroi Buta and 10 others.

(Facebook မှကူးယူဖေါ်ပြပါသည်)

No comments:

Post a Comment