Sunday 1 January 2012




လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်တွင် ပြောကြားခဲ့သော အမျိုးသား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း (အစ၊အဆုံး)
Posted: 01 Jan 2012 04:41 AM PST


ဒီဇင်ဘာလ ၃၁ ရက်နေ့က ညနေက လွတ်လက်ခြင်း အနုပညာရုပ်ရှင်ပွဲတော်ဖွင့်ပွဲကို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်
တက်ရောက်အမှာစကားပြောခဲ့သလို ကိုဇာဂနာကလည်း ပွဲစဉ်အတွင်း နောက်ထပ်ဆုတွေကိုထပ်တိုးရတဲ့အကြောင်းပြောဆိုခဲ့
ပြီး မင်းထင်ကိုကိုကြီးက ပြည်ပကနေ ပေးပို့ယှဉ်ပြိုင်တဲ့ ရုပ်ရှင်ကားတွေအကြောင်းရှင်းပြပြောဆိုခဲ့ပါတယ်

Burma vj media network

Posted: 01 Jan 2012 01:03 AM PST



Graphic design.. Ko myo

Posted: 31 Dec 2011 08:44 AM PST

နှစ်ဟောင်းတစ်ခုကနေ နှစ်သစ်တစ်ခုကို
ကူးပြောင်းတဲ့အခါ သက္ကရာဇ်တစ်ခုကိုလည်း
ကျော်ဖြတ်ကြရတာဖြစ်ပါတယ်။ အဲဒီလို
ကျော်ဖြတ်တဲ့အခါ အချိန်ကာလတွေနဲ့အတူ
တခြားသောအရာတွေကိုလည်း ကျော်ဖြတ်
ကြရတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နှစ်တစ်ခု
ကုန်ဆုံးလိုက်ရပြီဆိုတာနဲ့ တခြားသောအ
ရာတွေကိုပါ ကုန်ဆုံးလိုက်ရတဲ့သဘော
ရှိနေပါတယ်။

ကျနော်စဉ်းစားလိုက်မိတဲ့အကြောင်းကတော့
အချိန်တွေနဲ့အတူ ဆုံးရှုံးသွားရတဲ့အရာတွေ
အကြောင်းပါ။ ဒါက အများကြီးပါပဲ။ အဲဒီအထဲ
မှာ ပထမဆုံး ကျနော်တို့ဆုံးရှုံးလိုက်ရတာက
ကျနော်တို့တွေရဲ့ အရွယ်တွေဖြစ်ပါတယ်။
သက္ကရာဇ်တစ်ခုကို ကျော်ဖြတ်လိုက်တာနဲ့
ပြီးခဲ့တဲ့နှစ်အတွင်း ကိုယ်က ဘာတွေပဲ လုပ်ခဲ့
လုပ်ခဲ့၊ ကိုယ့်အတွက် အကျိုးဖြစ်ထွန်းမှုတွေ ဘယ်လောက်ပဲရှိရှိ ကျနော်တို့အသက်တွေက ၁ နှစ် အိုမင်းသွားကြပါပြီ။ ငယ်တုန်း
မှာ အသက် ၁ နှစ်ကြီးတာက အရွယ်ပိုရောက်လာတယ်လို့ ဆိုလို့ရပေမယ့် အသက်အရွယ် တစုံတရာကြီးရင့်လာတဲ့အခါကျတော့
အိုမင်းလာပြီ၊ ကြီးရင့်လာပြီဆိုတဲ့ အသုံးအနှုန်းကိုပဲ သုံးကြရမှာဖြစ်ပါတယ်။ ဒါကတော့ အသက်အရွယ်နဲ့ပတ်သက်လို့ ဆုံးရှုံးမှုဖြစ်
ပါတယ်။

တခြားဆုံးရှုံးရတဲ့အရာတွေကတော့ ကျနော်တို့ရဲ့ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ၊ ရင်းနှီးမှုတွေ စတဲ့ အရာတွေပဲ ဖြစ်ပါတယ်။
နှစ်သစ်တစ်ခုကို ရောက်လာပြီဆိုကတည်းက လူတိုင်းဟာ ကိုယ့်ရဲ့ဆန္ဒတွေ၊ မျှော်လင့်ချက်တွေကို ပြည့်ဝစေချင်တယ်၊
ကိုယ်မှန်းသလောက် ပြည့်ဝအောင်မြင်ချင်ကြတာ ဓမ္မတာပါပဲ။ ဒီဆန္ဒတွေ အောင်မြင်ဖို့လည်း အချိန်တွေ၊ လုပ်အားတွေကို
ရင်းနှီးမြှုပ်နှံကြတာဖြစ်ပါတယ်။

မျှော်လင့်ကြတဲ့ အရာတွေနဲ့ပတ်သက်လို့ စဉ်းစားမိတာလေးတစ်ခု ရှိပါတယ်။ အဲဒါက စိတ်ထဲမှာ မှန်းထားတဲ့ 'အတိုင်းအတာ'ပါ။
ကိုယ်မျှော်လင့်တဲ့အရာတွေ အများကြီးရှိပေမယ့် အချိန်ကာလ တစ်ခုခုနဲ့ မှန်းဆပြီး မျှော်လင့်ကြတာတွေ၊ ကာလ အကန့်အသတ်
တစ်ခု သတ်မှတ်ပြီး လုပ်ဆောင်ခဲ့ကြတာတွေလည်း ရှိနေပါတယ်။ ဒီနေရာမှာ အချိန်ကာလနဲ့ပတ်သက်လို့ တိုင်းတာလုပ်ဆောင်
ကြတဲ့ ဖြစ်ရပ်တွေထဲက သတိရမိတာလေးတချို့ကို စဉ်းစားလိုက်မိပါတယ်။

ပထမဆုံး သတိရမိတာက အင်္ဂလိပ်ရဲ့ ကိုလိုနီအဖြစ်ကနေ မြန်မာပြည်လွတ်လပ်ရေးအတွက် လုပ်ဆောင်ကြတဲ့အချိန်က
အကြောင်းအရာကလေးပါ။ အထူးသဖြင့် ၁၉၄၇ ခုနှစ်တုန်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ တခြားခေါင်းဆောင်တွေက ၁ နှစ်အတွင်း
လွတ်လပ်ရေးရအောင် လုပ်မယ်ဆိုတဲ့ ကြွေးကြော်ချက်နဲ့ လုပ်ခဲ့ကြတဲ့ ဖြစ်ရပ်ကလေးပါ။ အင်္ဂလိပ်ကလည်း ၁ နှစ်အတွင်း
လွတ်လပ်ရေး ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒီကတိကဝတ်တွေ၊ လုပ်ဆောင်ချက်တွေက ဗိုလ်ချုပ်အောင်ဆန်းတို့ ကွယ်
လွန်သွားခဲ့ပေမယ့် မပျက်စီးခဲ့ပါဘူး။

ဒါကြောင့်မို့လို့ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျနော်တို့တိုင်းပြည် လွတ်လပ်ရေး ရခဲ့တာဖြစ်ပါတယ်။ ဒီလိုပဲ
ဟောင်ကောင်ကျွန်းဟာလည်း အင်္ဂလိပ်ရဲ့ ကိုလိုနီ ဖြစ်ခဲ့တာပါပဲ။ အင်္ဂလိပ်က နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ရာက ၁၉၉၇ ခုနှစ်မှာ
တရုတ်ပြည်ကို ပြန်လွှဲပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ အဲဒီ ကတိပြုချက်က နှစ်ပေါင်းများစွာကတည်းက ပေးခဲ့တဲ့ ကတိပါ။
ဒါပေမယ့်လည်း သူတို့ပြောခဲ့တဲ့အတိုင်း ၁၉၉၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ ဟောင်ကောင်ကျွန်းကို တရုတ်အစိုးရလက်ထဲ
လွှဲပြောင်းပေးခဲ့ပါတယ်။

အထက်က ပြောခဲ့တဲ့ ဥပမာ ၂ ခုမှာ သတ်မှတ်ထားတဲ့အချိန်အတွင်း လွတ်လပ်ရေးရဖို့ မျှော်လင့်ခဲ့ကြတဲ့ သက်ဆိုင်ရာ
တိုင်းပြည်တွေက ပြည်သူတွေရဲ့ စိတ်ထဲ ဘယ်လိုရှိမယ်လို့ မှန်းဆကြည့်နိုင်ပါတယ်။ အားလုံးက ရည်မှန်းကန့်သတ်ထားတဲ့
အချိန်မှာ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်စေချင်ကြတာပါပဲ။ ဒီကြားထဲမှာ အကြောင်းတခုခုကြောင့် ပျက်စီးခဲ့ရမယ်ဆိုရင်
တော်တော် စိတ်ထိခိုက်ရမယ့် အနေအထားပါ။

တော်လှန်ရေးနယ်မြေမှာ ပြောလေ့ရှိတဲ့ ဟာသလိုလို စကားတစ်ခွန်း ရှိပါတယ်၊ "တော်လှန်ရေးမှာ အပေါများဆုံးကတော့
ကတိတွေပဲ" တဲ့။ ကိုယ်ကပေးတဲ့ ကတိရော၊ ကိုယ့်ကို ပေးတဲ့ ကတိရော ဘယ်နေရာမှာ ဘယ်လောက် များနေကြပြီလဲ။
ပေးထားတဲ့ ကတိတွေရော တည်ကြရဲ့လား၊ တည်နိုင်မယ့် ကတိတွေကိုရော ပေးကြတာလား။ တွေးစရာတွေကတော့
တပုံကြီးပါပဲ။ ကိုယ့်အကြောင်းရော တခြားသူတွေ အကြောင်းရောပေါ့။ ဒါဆိုရင် မျှော်လင့်ချက်တွေကရော ..။

ကတိက၀တ်နဲ့ ဆက်စပ်နေတဲ့ မျှော်လင့်ချက်တွေက ကျနော်တို့ဆီမှာ အများကြီး။ ကျနော့်ဆီမှာ များသလို ခင်ဗျားဆီမှာလည်း
များမှာပဲ။ ဘယ်လိုမျှော်လင့်ချက်တွေလဲ ဆိုတာကတော့ ကွာဟချက်တွေရော တူညီချက်တွေရော ရှိပါလိမ့်မယ်။ ဒါပေမယ့်
ဘယ်လောက်ကို မျှော်လင့်ထားသလဲ၊ ဖြစ်နိုင်တာတွေလား မဖြစ်နိုင်တာတွေလား ဒါမှမဟုတ် ကိုယ့်အနားမှာ ရှိနေတဲ့
အရာတွေလား၊ မရှိသေးတဲ့ အရာတွေလား။

ဒီနေရာမှာ ဆက်တွေးကြည့်မိတာက မျှော်လင့်ချက်အတွက် အင်အားရှိတာနဲ့ မရှိတာရဲ့ ကွာဟချက်တွေပါ။ တိုင်းပြည်
ဘယ်တော့ လွတ်လပ်ရေးရမယ်၊ ဘယ်သူဟာ ဘယ်တော့ ဘယ်အခွင့်အရေး ရမယ်လို့ အချိန်ကာလ တခုခုနဲ့ စောင့်စားခွင့်
ရကြတဲ့သူတွေက မျှော်မှန်းချက်တခုခုအပေါ်မှာ အားတွေအင်တွေ ပြင်လို့ရနိုင်ပါတယ်။ ဘာမှန်းညာမှန်းမသိ စောင့်ရတဲ့
သူတွေအဖို့တော့ ထားရမယ့် မျှော်လင့်ချက်တောင် ကောင်းကောင်း ထားလို့မရနိုင် ဖြစ်ပါလိမ့်မယ်။ ဒီလိုဆိုရင် မျှော်လင့်ချက်
ထားချင်ကြသူတွေ၊ မျှော်လင့်ချက် ဆုံးပါးကြသူတွေက ကုန်ဆုံးသွားတဲ့ အချိန်နဲ့အတူ ဘာတွေဆုံးရှုံးကြလေမလဲလို့
တွေးကြည့်စရာပါ။

တကယ်ကျတော့ အချိန်ကာလတစ်ခုကို ကျော်ဖြတ်လိုက်တာနဲ့ ကျန်တဲ့အရာတွေကိုလည်း ကျော်ဖြတ်လိုက်ရတယ်
ဆိုတာကို အားလုံးက သတိပြုမိဖို့ လိုပါတယ်။ အထူးသဖြင့် ဒေသတစ်ခု ပတ်ဝန်းကျင်တစ်ခု၊ တူညီတဲ့ အခြေအနေတစ်ခုမှာ
ရှိနေကြတဲ့လူတွေဆိုရင် အားလုံးက ကောင်းမှုဆိုးမှုတွေကို အတူတူ ကျော်ဖြတ်လိုက်ရတာ ဆိုတော့ အားလုံးအတွက်
အကောင်းဆုံးဖြစ်မယ့် အနေအထားတစ်ခုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြမယ် ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ။

ထိန်လင်း
၃၀၊ ၁၂၊ ၂၀၀၉

ကျရောက်ပါစေသော်...
Posted: 31 Dec 2011 07:42 AM PST



(The Art of Freedom Film Festival)
Posted: 31 Dec 2011 06:46 AM PST






လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်ကိုယနေ့ညနေလေးနာရီတွင်ပြည်လမ်းတော်ဝင်စင်တာခုနှစ်လွှာ၌စတင်ခဲ့ပြီးညနေ
ငါးနာရီခွဲတွင်အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။အခမ်းအနားမစတင်မီတွင်(၁၆)နှစ်ခန့်ထုတ်ဝေခွင့်မရရှိခဲ့သည့်ငြိမ်းချမ်းရေးနှင့်
သက်ဆိုင်သောသီချင်းကို အဆိုတော်ဆောင်းဦးလှိုင်က သီဆိုခဲ့ပြီး ခွန်အားဖြည့်မိငယ်သီချင်းကိုအဆိုတော်နေ၀င်းနှင့်ဂီတမိတ်အဖွဲ့သားတို့မှတစ်ကြိမ်စီသီဆိုဖျော်ဖြေခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက်အဖွင့်စကားပြောကြားခဲ့ပြီး အနုပညာရှင်များစွာတက်ရောက်လာခဲ့သည်ကိုလည်းတွေ့ရသည်။(messenger journal)

ရုပ်ရှင်ပွဲတော်တွင် ဝင်ရောက် ယှဉ်ပြိုင်သော ဇာတ်ကားပေါင်း ၁၈၈ ကား အနက်မှ ၅၃ ကားအား ဇကာတင် ဇာတ်ကားများအဖြစ် ရွေးချယ်ခဲ့ပြီး ဆုရွေးချယ်ခြင်းကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) တွင် ကျင်းပပြုလုပ်မည် ဖြစ်ရာ ဇကာတင် ၅၃ ကားမှ ၅ ကားကို ဆုပေးအပ်မည် ဖြစ်ကြောင်း အဆိုပါပြိုင်ပွဲကို ကြီးကြပ်ဒိုင် အဖြစ် ဆောင်ရွက်နေသူ ဦးသူရ (ခေါ်) ဇာဂနာက ပြောကြားသည်။

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပသော လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် အတွက် ရွေးချယ်ခံရသော ဇကာတင် ဇာတ်ကားများတွင် ပြိုင်ပွဲစည်းကမ်းနှင့် မညီညွတ်မှုကြောင့် ထုတ်ပယ်ခြင်း ခံရသည်ဟု ကနဦး သတင်းများ ထွက်ပေါ်ခဲ့သော ဒါရိုက်တာ ဝိုင်း၏ " အဲဒီအခန်းဖြတ် " ဇာတ်ကားလည်း ပါဝင်လာခဲ့ကြောင်း အဆိုပါ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သော The Voice Weekly သတင်းထောက်က ပြောကြားသည်။

Photo..Getty images.

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment