Tuesday 17 January 2012






Posted: 16 Jan 2012 10:25 PM PST
ဒီကနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လာမည့်ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ်
ရွေးကောက်ပွဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဖြူဖြူသင်းတို့အား
မင်္ဂလာတောင်ညွန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးဖွင့်ပွဲအခမ်းအနားမှာ
တွေ့ရစဉ်...။ မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ကြားဖြတ်ေ
ရွးကောက်ပွဲမှာ  ၀င်ရောက်ယှဉ်ပြိုင်မည့် မဖြူဖြူသင်းအား
မဲထည့်ရန်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူများအား တိုက်တွန်းခဲ့သည်။

ဓာတ်ပုံ... ဒီမိုဝေယံ...
Posted: 16 Jan 2012 09:55 AM PST
 ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၇)ရက်နေ့က ရွှေညဝါကျောင်းတိုက်ကို ကြွရောက်လာတဲ့ နိုင်ငံတော် သံဃမဟာနာယက
ဥက္ကဋ္ဌဗန်းမော် ဆရာတော်ကြီးရဲ့ ပုံပါ..။ ဗန်းမော်ဆရာတော်ကြီးဟာ ရွှေညဝါက ဖွင့်လှစ်ထားတဲ့
ဗုဒ္ဓတက္ကသိုလ်ရဲ့ အဓိပတိဖြစ်ပါတယ်..။ အင်မတန် ရိုးသားဖြူစင်၊ သီလ၊ သမာဓိနဲ့ ပြည့်စုံပြီး
အများကြည်ညိုတဲ့ ဗန်းမော်ဆရာတော်ကြီးဟာ ရွှေညဝါဆရာတော်အား အမိန့်စတင်ထုတ်ပြန်တဲ့ နိုဝင်ဘာလ
(၂၈)ရက်နေ့က ကျင်းပတဲ့ ၄၇ပါးစုံညီ အစည်းအဝေးမှာ ပါဝင်ခဲ့ခြင်းမရှိသလို ထုတ်ပြန်စာအား သိရှိခြင်းမရှိခဲ့ပါဘူး။



တိုင်းသံဃမဟာနာယက အဖွဲ့မှ လာမည့် ၁၉ရက်နေ့ ကြာသာပတေးနေ့မှာေ
ရွှညဝါဆရာတော်ကြီးအား အရေးယူဆောင်ရွက်ရန်ကိစ္စ ဆင့်ခေါ်စာ. ပေးပို့ထားပါတယ်...။
အဆိုပါ ခြိမ်းခြောက်စာဆန်ဆန် ဆင့်ခေါ်စာနဲ့ ပတ်သက်ပြီး ရွှေညဝါဆရာတော်မှ
ဒါယိကာ၊ ဒါယိကာမများသို့ သာသနာတော်အတွက်၊ မြန်မာပြည် လောကအတွက်၊ 
အမှန်တရားအတွက် မည်သည့် အခက်အခဲမျိုးမဆို  ရဲရဲဝံ့ဝံ့ တည်တည်ငြိမ်ငြိမ်နဲ့ အဆုံးတိုင်
ရင်ဆိုင်ဖြေရှင်းသွားဖို့ အသင့်ရှိနေပါကြောင်း.. ဆုံးဖြတ်စဉ်းစားထားပြီး ဖြစ်ပါကြောင်း မိန့်ဆိုပါတယ်....။
Posted: 16 Jan 2012 09:05 AM PST

 ၁၄ရက်နေ့က ရန်ကုန် မင်္ဂလာဒုံ လေဆိပ်ရှေ့မှာ အကျဉ်းထောင်အသီးသီးမှ ပြန်လည်
လွတ်မြောက်လာကြတဲ့ ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးနဲ့ အတူ ပြန်လည်
ပေါ်ထွက်လာခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂမှ မျိုးဆက်သစ် လူငယ်များအား
ဗကသ ခွပ်ဒေါင်းအလံနဲ့ အတူတွေ့ရစဉ်... သမိုင်းတခေတ်ဆန်းပြီ....။
ဓာတ်ပုံများအတွက် Red Star Burma အားကျေးဇူးတင်ပါသည်..။
Posted: 16 Jan 2012 08:47 AM PST
မဂ္ဂင်ကျောင်းထိုင် ဆရာတော် ဦးဣန္ဒက
ရွှေဝါရောင်ဦးဆောင် ဆရာတော် အရှင်ဂမ္ဘီရ
(ဓာတ်ပုံ ဒီမိုကောင်းကင်)
ရွှေဝါရောင် တော်လှန်ရေးအပြီး နအဖမှ ဝင်ရောက် ဖျက်ဆီး ချိတ်ပိတ်ခဲ့စဉ်က
မဂ္ဂင်ကျောင်းရဲ့ ယနေ့မြင်ကွင်း..။ နအဖလက်ထက် ဖျက်ဆီးခံခဲ့ရတဲ့ မဂ္ဂင်ကျောင်းတိုက်ဟာ လက်ရှိလည်း တွေ့မြင်ရသော
ပုံများက ၀မ်းနည်း ကြေကွဲစရာပါ စေသနာရှင်အလှူရှင်များ လိုအပ်နေပါသည် ကုသိုလ်ဒါနပြုကြပါ။
တောင်ဥက္ကလာပမြို့နယ်မှာရှိတဲ့ မဂ္ဂင်ကျောင်းတိုက်ဖြစ်ပါတယ်။ ကျောင်းတိုက်ဆရာတော် ဦးဣန္ဒက နှင့်
ဆရာတော် ဦးဂမ္ဘီရ တို့လက်ရှိ သီတင်းသုံး နေထိုင်နေပါတယ်..။
ဓာတ်ပုံ ဒီမိုကောင်းကင်..၊ ကိုမြသိန်း
၁၆ရက်နေ့က သွားရောက်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ..
(သတင်း၊ ဓာတ်ပုံ  Red Star Burma)
၁၆-၁-၂၀၁၂ နေ့ ညနေ ၃နာရီ ၃၀ မိနစ်ခန့်က နိုင်ငံရေး အကျဉ်းသားဟောင်းများမှ ရွှေဝါရောင်
သံဃာတော်လှန်ရေးအပြီး ချိတ်ပိတ်ခံထားရသော မဂ္ဂင်ကျောင်းတိုက်သို့ သွားရောက်ခဲ့ ကြပါတယ်၊
မဂ္ဂင်ကျောင်းတိုက်တွင် ယခု ပြန်လည် လွတ်မြောက်လာသော ဆရာတော်ဦဂမ္ဘီရနှင့် အတူ ဘုန်းဘုန်း
ပနားမားတို့အား သွားရောက်တွေ့ဆုံ အားပေးခဲ့ကြပါတယ်၊ ဆရာတော်ဦးဂမ္ဘီရနှင့် ဘုန်းဘုန်းပနားမားတို့မှာ
အဆိုပါ မဂ္ဂင်ကျောင်းတိုက်တွင်ပင် သီတင်းသုံး နေထိုင်မှာဖြစ်ကြောင်း သိရပါသည်..။ ယခုအခါ ကျောင်းတိုက်အတွင်း
မီးနှင့် အခြား အသုံးအဆောင်များ အားလုံးကို ပြန်လည်ပြုပြင်ရန် ဆရာတော်မှ ဦးစီးပြီး ပြင်ဆင်နေကြောင်း
ကျောင်းတိုက်အတွင်း ကူညီပေးနေသူမှ ပြောပြပါတယ်။






Posted: 16 Jan 2012 06:36 AM PST
မနေ့က မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Alain Juppeမှ ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့
The Legion of Honor ဆုအား မြန်မာပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ချီးမြှင့်ခဲ့ပါတယ်...။

ရန်ကုန်မြို့ ပြင်သစ်သံရုံးမှာ ကျင်းပခဲ့တဲ့ အဆိုပါ
အခမ်းအနားရဲ့ ထူးခြားချက်ကတော့ နိုင်ငံတကာမှပေးအပ်တဲ့ နိုင်ဘယ်ငြိမ်းချမ်းရေးဆု အပါအဝင်
ဆုတံဆိပ်ပေါင်းများစွာအား ကိုယ်တိုင်တက်ရောက် ယူနိုင်ခြင်း မရှိခဲ့ပဲ ယခုရရှိသော ဆုအား ကျွန်တော်တို့
လူထုခေါင်းဆောင် ကိုယ်တိုင် တက်ရောက် ရယူခဲ့တဲ့ ပထမဦးဆုံးသော ဆုဖြစ်ပါတယ်...။
၁၈၀၄ ခုနှစ်ကစတင် ပေးအပ်ခဲ့တဲ့  ပြင်သစ်ပြည်ရဲ့ အမြင့်ဆုံး ဆုတဆိပ်ဖြစ်တဲ့ The Legion of Honor ဆုအား
ဆုတံဆိပ် (၆)ခု သတ်မှတ်ထားပါတယ်..။  ထိုဆုတံဆိပ်များထဲမှာ နှစ်ပေါင်းများစွာ မြန်မာ့ဒီမိုကရေစီရေးအတွက်
မဆုတ်မနှစ် တိုက်ပွဲဝင်ခဲ့တဲ့ ကျွန်တော်တို့ လူထုခေါင်းဆောင်အား Commander
တိုက်ပွဲဝင် သူရဲကောင်းဆုအား ပေးအပ်ခဲ့တာဖြစ်ပါတယ်...။

ဓာတ်ပုံများ... Getty Images, Reuters
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment