Monday 16 January 2012





ယနေ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Alian Juppe နဲ့တွေ့ဆုံခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ကိုဇာဂနာတို့ရဲ့ သတင်းဓာတ်ပုံများ..
Posted: 15 Jan 2012 04:32 AM PST
ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကျွန်တော်တို့ ခေါင်းဆောင် အမေစု ပြင်သစ်လို ဖြေကြား၊ ပြောဆိုသွားပါတယ်..။
နေရာထိုင်ခင်း အပြင်အဆင် ရိုးရိုးလေးပါ..။ ဒါပေမယ့် နိုင်ငံတကာသတင်းထောက်တွေနဲ့ မြင်ကွင်းကတော့ ဆန်းဆန်းလေးပါ..။
 မိမိကိုယ်ကိုယ် ယုံကြည်သူ၊ ရဲ့ရင့်သူ၊
လိပ်ပြာသန့်သူ၊ အများအကျိုးအတွက် ဆောင်ရွက်နေတဲ့ ခေါင်းဆောင်တဦးရဲ့ ကေသရာဇာ ခြင်္သေ့မင်းတို့ရဲ့အကြည့်..။
ပြီးခဲ့တဲ့ဒီဇင်ဘာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ကျွန်တော်တို့ လူထုခေါင်းဆောင် အမေစုနဲ့ တွေ့စဉ်မှာ
ကြည့်ခဲ့တဲ့ ရဲရင်တည်ကြည်တဲ့ အကြည့်ကို အမှတ်ရကြဦးမှာပါ...။
ဒီကနေ့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံခဲ့တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုဇာဂနာတို့အား.. ပြင်သစ်သံရုံးမှာ
တွေ့ရစဉ်။ ကိုဇာဂနာမှ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ အရင်တွေ့ဆုံခဲ့ပြီး ကိုမင်းကိုနိုင်ကို စောင့်ဆိုင်း နေခဲ့ပါတယ်..။
၆နှစ်အတွင်း ပထမဦးဆုံး ပြန်ဆုံကြတာပါ...။ ကြယ်တွေလင်းလက်တော့မယ် မြန်မာပြည်ရဲ့ ဒီမိုကရေစီ သူရဲကောင်းတွေ
ထပ်မံ ဆုံတွေ့ကြရတော့မှာပါ..။

 ဒီမိုဝေယံ...
Posted: 15 Jan 2012 01:43 AM PST
ဓာတ်ပုံ  Messenger News Journal

 သူ့အလှည့် ကိုယ့်အလှည့်
(ကဗျာရှင် နေရဲနီ)

ဒုတိယကမ္ဘာ စစ်ပြီးတော့
နူရင်ဘတ်စစ်ခုံရုံးက
နာဇီတွေကို
ထိုသူများသည် စစ်ရှုံးသောကြောင့် မဟုတ်ဘဲ
စစ်ဖြစ်စေရန် ဖန်တီးခဲ့သောကြောင့် ဆိုတဲ့
အကြောင်းပြချက်နဲ့ သေဒဏ်ပေးခဲ့ကြတယ်။

ကြိုးမိန့်ကို အတည်ပြုဘို့ လက်မှတ်ထိုးပေးရတဲ့အတွက်
ဘယ်တော့မှ နောင်တမရဘူးလို့ ၀င်စတန်ချာချီ ကပြောခဲ့တယ်။

နာဇီတွေ ကြိုးစင်ပေါ်တက်တဲ့အခါ
သေရတော့မယ် ဆိုတာသိထားလေတော့
တချို့က ပြော့ခွေယိုင်နဲ့လို့
ကြိုးစင်ပေါ်ကို တွဲတင်ရတယ်
တချို့က ရုန်းကန်တွန်းထိုးလို့
အတင်းချုပ်ပြီး ဆွဲတင်ရတယ်
တချို့က ရူးသွပ်အော်ဟစ်လို့
ခုန်ပေါက်ကန်ကြောက်ပြီး တက်သွားကြတယ်။

ဒါပေမဲ့နာဇီတွေ တန်ခိုးထွားစဉ်အခါက
သူတို့ကြိုးပေးခဲ့တဲ့ တော်လှန်ရေးသမားတွေလိုမျိုး
ကြိုးစဉ်ကိုခေါင်းမော့ ရင်ကော့ပြီး တက်သွားတဲ့ လူတစ်ယောက်မှ မပါဘူး။
တော်လှန်ရေးသမားတွေရဲ့ တောက်ခေါက်သံဟာ
ယနေ့ထက်တိုင် လွင့်ပျံ့နေဆဲ။

ဆက်ဒန်ဟူစိန်ကြီးကိုမိတော့ သူ့လက်ထဲမှာ
ကျည်အပြည့်နဲ့ ပစ္စတိုတစ်လက်
အာဏာအတွက် သားမက်ကိုတောင် အရှင်မထားခဲ့တဲ့လူက
တိုက်ပွဲမှာ သေနတ်ကျည်ဆန်နဲ့
ရဲရဲဝံ့ဝံ့ ဂုဏ်အသရေရှိစွာ မကျဆုံးရဲလေတော့
ကြိုးစင်ထက်မှာ မချိမဆန့် အသက်ထွက်ရရှာတယ်။

အာဇာနည်အဖြစ် ရဲရဲဝံ့ဝံ့ အသေခံသွားမယ်လို့ ပြောခဲ့တဲ့ မိုမာကဒါဖီ
ရေဆိုးထုတ်တဲ့ ပြွန်ခေါင်းထဲကနေ
လေးဘက် ထောက်ထွက်လာပြီး
ရွှေသေနတ်လေးကမ်းပေးလို့ သူ့ကိုမပစ်ဘို့ကပြောသတဲ့
တော်လှန်ရေးသမားတွေ ၀ိုင်းရိုက်လိုက်ကြတာ
သွေးသံရဲရဲနဲ့ ခွေးသေ၀က်သေ သေရတယ်။
၂၀၀၃ခုနှစ်တရုတ်ပြည် ခရီးစဉ်မှ ညာအစွန်မှ ဗိုလ်ချုပ်ခင်ညွန့်ဇနီး ဒေါ်ခင်ဝင်းရွှေ

ဦးကြည်မောင် ခင်ဗျားတိုင်းပြည်ကို ဘယ်လောက်ချစ်သလဲ
ကျုပ်က ခင်ဗျားထက် ပိုချစ်တယ်လို့ပြောခဲ့တဲ့
တချိန်တုန်းက အတွင်းရေးမှူးတစ်
နောက်တော့ ၀န်ကြီးချုပ်
ဦးတဲ့သူဆော် လျင်တဲ့သူစား
ဘက်တူရင် ဗိုလ်မထား
ခွက်စောင်းခုတ်တဲ့ အာဏာလုပွဲမှာ
သူ့ရွာကို မြေလှန်ခံရတော့
တောခွေးတွေ ယုန်သူငယ်ဘ၀ ရောက်သလို
သူ့တပည့်တပန်း အပေါင်းလည်း
တချို့လည်း ထောင်ထဲမှာသေ
တချို့လည်း ဘ၀တွေပျက်
ဟိုအတန်း မီးလောင်သလို
အုံးအုံးကြွက်ကြွက်ညံလို့
သူလည်း နရသိန်ဘုံနန်းမှာ
မဟေသီနဲ့ အတူစံရပေမဲ့
သိပ်မကြာပါဘူး ဇာတိသရုပ် ပေါ်လာတယ်။

ခလေးတွေရဲ့ပညာရေး
မိသားစုရဲ့ စားဝတ်နေရေး
ဟိုအရေး ဒီအရေးတွေ
စတာတွေအတွက် တနိုင်တပိုင်
သစ်ခွပန်းရောင်းလို့ ဖြေရှင်းနေရပါတယ်။
ထို့အတွက် ထောက်ထားညှာတာသင့်ပါသည့် အကြောင်း
မနှစ်ကတော့ သဲ့သဲ့ ကြားလိုက်မိပါရဲ့။
ဦးခင်ညွန့် ခြံထဲမှာတွေ့ရတဲ့ ဇေကမ္ဘာခင်ရွှေ

ခုတဖန် လွတ်လာပြန်တော့လည်း
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပါတယ်တဲ့။
ဟိုအရင် တန်ခိုးထွားစဉ်က
ပုလင်းတူဘူးဆို့ ဆရာအရှင်နဲ့ပေါင်းပြီး
ဒေါ်စုကြည်ဆိုတဲ့ အသုံးအနှုန်းနဲ့
NLD ကိုချောင်ပိတ်ကြိုးတုပ်ပြီး 
နွံအတွင်းဇွတ်အတင်းဆွဲနှစ်ခဲ့ပေမဲ့
နွံကိုထိုးဖောက် ထွက်လာတဲ့ ပတ္တမြားအရောင်က
ပွတ်လေပြောင်လေဖြစ်ပြီး အရောင်ပိုတောက်ခဲ့တယ်။
ခွပ်ဒေါင်းတွေကို ယှဉ်ပြိုင်ဘို့အတွက်
သူ့ကိုယ်သူ တိုက်ကြက်လို ကြိုးပမ်းခဲ့ပေမဲ့
ဆရာသမားနဲ့မှ ခွပ်လတ်ချမိလေတော့
တိုက်ကြက်မဖြစ်ဘဲ အသားစားကြက် ဖြစ်ရရှာတယ်။
(၂၀၁၂ခုနှစ် ဇန္နဝါရီလ ၁၃ရက်နေ့က ဦးခင်ညွန့်နှင့် ဇနီး)
(ဓာတ်ပုံ Messenger News Journal) 

သူပို့ခဲ့တဲ့ တော်လှန်ရေးသမား ခွပ်ဒေါင်းတွေ
တန်ခိုးအနန္တထွားပါတဲ့ ပုဒ်မ ၅( ည ) နဲ့အတူ
မဆုံးနိုင်တဲ့ အကာလ ညများစွာကို ယုံကြည်ချက်ပြင်းစွာ ကျော်ဖြတ်ရင်း
စစ်ခွေးတိုက်ကိုပို့မလား
အစာငတ်ခံဆန္ဒပြရမှာလား
မတရားမှုကိုဆန့်ကျင် အံတုပြီး
မြန်မာပြည်ဒီမိုကရေစီအတွက်
ခွပ်ဒေါင်းတို့ရဲ့ သွေးဟာ ရဲရဲနီနေတုန်း
အတောင်တွေက တဖျပ်ဖျပ်ခတ်နေဆဲ
နှုတ်သီးဖျားက ချွန်မြထက်နေမြဲ
ကမ္ဘာမကြေဘူးဟေ့ သီချင်းသံ မိုးယံတိုင်နေဆဲ။

ကြွေတလှည့် ကြက်တခုန် နိုင်ငံရေးဇာတ်ခုံပေါ်မှာ
အတုံ့အလှည့် ဝဋ်လည်တယ်ဆိုတာ ဒါပါဘဲ။
ပတ္တမြားမစစ်လို့ နွံနစ်ခဲ့တာ 
အချိန်ကာလက စကားပြောခဲ့တယ်
အာဃာတကင်းစွာနဲ့ သူ့စကားကိုကြိုဆိုပါတယ်။

နေရဲနီ

ကဗျာရှင် နေရဲနီအား ကျေးဇူးတင်ပါသည်။


Posted: 14 Jan 2012 12:52 PM PST
 ရင်ထဲခံစားမိသော ဓာတ်ပုံလေးတပုံ....

 ဒီဓာတ်ပုံလေးကတော့ ညီငယ်သတင်းထောက်တဦး မှတ်တမ်းတင်ထားတဲ့ ကျွန်တော်တို့ရဲ့ ၈၈မျိုးဆက်ကျောင်းသား
ခေါင်းဆောင် ကိုမင်းကိုနိုင် လွတ်မြောက်တဲ့နေ့ သရက်မြို့ပေါ်က ဓာတ်ပုံမှတ်တမ်းပါ..။ သရက်မြို့ခံ 
အဘွားအိုတဦးမှ ကိုမင်းကိုနိုင်ကို ဆိုက်ကားနဲ့ အမှီလိုက်ကာ လှိုက်လံနှုတ်ဆက်ပြီး၊ လက်ဆောင်ထုတ်ကလေး
ပေးတဲ့ မျက်ရည်ဝဲဖွယ် မြင်ကွင်းလေးကို မှတ်တမ်းတင်ထားပါ...။ နှစ်ဦးစလုံးရဲ့ မျက်နှာပေါ်က မြင်ကွင်းတွေ အဓိပ္ပါယ်တွေ
ရသတွေ အများကြီး ဖော်ဆောင်နေပါတယ်...။ အမေအိုရဲ့ ကိုမင်းကိုနိုင်အပေါ် ထားတဲ့ မေတ္တာနဲ့
ချစ်ခင်အားကိုးမှုတွေကို မျက်ဝန်းမှာ မြင်နိုင်ပါတယ်ဗျာ...။ ခက်ခဲကြမ်းတမ်းတဲ့ ဘဝတွေကို
ရင်ဆိုင်ဖြတ်သန်းနေရမယ် ဆိုတာကတော့ အမေ့အိုရဲ့ အသွင်အပြင်ကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်...။
သားရယ် အမေတို့ရဲ့ ဘဝအမောတွေကို ကယ်တင်ပေးပါလို့ ဆိုနေသလား၊ ငါ့သားလေးကို အားကိုးပါတယ်လို့
ဆိုလေမလား၊ အများအကျိုးအတွက် အနစ်နာခံ၊ စတေးခံ လုပ်ဆောင်ပေးတဲ့ ငါ့သားလေး ကျန်းမာ၊
ချမ်းသာပါစေလို့ ဆိုနေသလား...။ အမေတွေနဲ့ ဝေးနေရတဲ့ ကျွန်တော်တို့တွေအတွက်
ခံစားချက်တွေနဲ့အတူ လားပေါင်းများစွာ မေးခွန်းတွေပေးနေတဲ့ ဓာတ်ပုံလေးပါ။ မုန့်ထုပ်လေးဟာ
တန်ဘိုးမရှိလှပေမယ့် အမေအိုရဲ့ မေတ္တာမျက်ဝန်းကတော့ အင်မတန်မှ တန်ဘိုးကြီးမားလှပါတယ်..။
အမိမြန်မာပြည် အနှံအပြားက ဒီလိုအမေအိုတွေရဲ့ ဘဝအမောတွေ အေးချမ်းစေချင်ပါပြီ..။

ပြီးခဲ့တဲ့ ၁၃ရက်နေ့ သောကြာနေ့ဟာ မြန်မာပြည်သူတွေ ပျော်မဆုံးဖြစ်ခဲ့ရတဲ့ နတ်၊ လူသာဓုခေါ်မယ့်
နေ့ဆိုလည်း မမှားပါဘူး...။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးသိန်းစိန်
အစိုးရကြား ညှိနှိုင်း ဆွေးနွေးမှုတွေက ရရှိထွက်ပေါ်လာတဲ့ ရလာဒ်တခုပါပဲ...။ ၁၉၈၈ခုနှစ်ကနေ ယနေ့အထိ
၂၄နှစ်တာ ကာလအတွင်း မမြင်မတွေ့နိုင်ခဲ့ရတဲ့ လက်ရှိမြန်မာပြည်ရဲ့ ပြောင်းလဲလာတဲ့ နိုင်ငံရေး
အခင်းအကျဉ်းတွေပါပဲ...။ ၂၄နှစ်တာ ကာလပတ်လုံး လူထုခေါင်းဆောင်နဲ့ ၈၈မျိုးဆက် ကျောင်းသား
ခေါင်းဆောင်တွေဟာ တဦးနဲ့တဦး အဆက်အသွယ် ဖြတ်ထားခြင်းခံရပြီး အထဲဝင်၊ အပြင်ထွက် လွဲနေ၊
တမင်လွဲအောင် စံနစ်တကျ လုပ်ထား ခံခဲ့ရတာတွေဟာ ယခုတော့ အားလုံး အတူတကွ မြင်တွေ့ရတော့မှာပါ..။

ညအမှောင်မိုက်ထဲက လငပုပ်ဖမ်းထားခံနေရတဲ့ အဖြစ်တွေကနေ ကနေ့မှာတော့ ကျွန်တော်တို့ တိုင်းပြည်မှာ
လပြည့်ဝန်းကြီးနဲ့ ကြယ်တွေစုံပြီး တောက်ပ လင်းလက်တဲ့ အနာဂတ်  ကောင်းကင်ကို မြင်တွေ့ရတော့မယ့်
ကြယ်တွေစုံတဲ့ညလို့ တင်စားပါရစေ...။ အနှစ်နှစ်အလလ ပြည်သူအတွက် တိုက်ပွဲဝင်ရင်း အသက်တွေ၊
ဘဝတွေ၊ အချိန်တွေကို စတေးခံခဲ့ရတဲ့ သူရဲကောင်းတွေပေါတဲ့ ကျွန်တော်တို့ တိုင်းပြည်ပါ...။

လာမယ့်အနာဂတ် နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် ကျွန်တော်တို့အားလုံး လက်တွဲ လုပ်ဆောင်
ကြရတော့မယ့် အချိန်ရောက်ရှိနေပါပြီ.။ တမြေတည်းနေ၊ တရေတည်းသောက် တိုင်းရင်းသားအချင်းချင်း
အသက်အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံး နိုင်ငံသားကောင်းတွေ၊ ဘဏ္ဍာတွေ ဆုံးရှူံးနေရတဲ့
တိုင်းရင်းသား ညီအစ်ကိုတွေ နေထိုင်ရာဒေသက စစ်ပွဲတွေကို အမြန်ဆုံးရပ်တန့်ဘို့ လိုအပ်နေပါပြီ။
အိမ်ကြက်ချင်း ခွပ်နေရတဲ့ အခြေအနေကို တာဝန်ရှိပြီး တာဝန်ယူ ဖြေရှင်းပေးနိုင်တဲ့ နိုင်ငံတော်
အစိုးရမှ အမြန်ဆုံး ရပ်တန့်အောင် ဖော်ဆောင် ပေးစေလိုပါတယ်..။ အကျဉ်းထောင်တွင်းမှာ
နိုင်ငံရဲ့လုပ်အားတွေ ဆုံးရှုံးနေရတဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက်
လွှတ်ပေးစေလိုပါတယ်..။ ယခုလို ပြည်သူအများ မျှော်လင့်တောင့်တ နေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေ
ပြန်လည် လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ အမိန့် ထုတ်ပြန်ပေးခဲ့တဲ့ သမ္မတကြီးဦးသိန်းစိန်အားလည်း ကျေးဇူးတင်ပါတယ်..။

အထက်က အမေအိုတို့လို ပြည်သူ၊ ပြည်သားတွေရဲ့ ဘဝအမောတွေြေ
ဖဖျောက်ပေးနိုင်ဖို့ စိတ်ကောင်း၊ စေတနာကောင်းနဲ့ ပြည်သူ့အကျိုးအတွက် ဆက်လက်ေ
ဆာင်ရွက်ပေးပါလို့ သမ္မတကြီးအား မေတ္တာရပ်ခံ အပ်ပါတယ်..။ အိမ်နီးချင်းနိုင်ငံတွေကို အမှီလိုက်နိုင်ဖို့
ကျွန်တော်တို့ အားလုံး ကျရာကဏ္ဍကနေ အားသွန်ခွန်ဆိုက် ကြိုးစားကြ ရပါတော့မယ်..။
ကြယ်တွေစုံတော့မယ့် အနာဂတ် မိုးကောင်းကင်မှာ အားလုံး နိုင်ငံအကျိုးအတွက် ဝိုင်းဝန်း၊
ဆွေးနွေးတိုင်ပင် အဖြေရှာကြရအောင်ဗျာ..။ မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်း သာယာပါစေ..။

ဒီမိုဝေယံ
ဓာတ်ပုံ ပိုင်ရှင်ကတော့ ညီငယ်လေး Jpaingပါ...။
Posted: 14 Jan 2012 09:34 AM PST
 ကိုမင်းကိုနိုင် နေအိမ်၌ မိဘများနဲ့အတူ ပြန်လည် ဆုံတွေ့စဉ်..
 သာယာဝတီ အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ ဟောပြောပွဲ မြင်ကွင်း

 သာယာဝတီမှာ ဒီလို ကြိုဆိုကြပါတယ်...

သာယာဝတီမှာ မြို့ခံလူထုနဲ့ အဖွဲ့ချုပ် အဖွဲ့ဝင်များမှ ကြိုဆိုကြစဉ်...
လက်ပံတန်းမှ ကြိုဆိုနှုတ်ဆက်သူများနဲ့ တရားပွဲမြင်ကွင်း..ဓာတ်ပုံများ Getty Images, Reuters





ယနေ့ ည၈နာရီခွဲက မြောက်ဥက္ကလာ၌ လူထုကြီးအား မိန့်ခွန်းပြောကြားပွဲ ရုပ်သံဖိုင် (Burma VJ Media)
Posted: 14 Jan 2012 08:26 AM PST
 ဝဲမှယာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Alian Juppe၊ ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးခွန်ထွန်းဦးတို့အား ပြင်သစ်သံရုံးမှာ တွေ့မြင်ရစဉ်.. (ဓာတ်ပုံ Getty Images)
ယနေ့ ရန်ကုန်မြို့သို့ ရောက်ရှိနေတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Alian Juppe မှ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ၈၈ကျောင်းသား ခေါင်းဆောင်များဖြစ်ကြတဲ့ ဦးကိုကိုကြီး၊ ဦးမြအေးတို့အား ရန်ကုန်မြို့ ပြင်သစ်သံရုံးမှာ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်..
Posted: 14 Jan 2012 07:54 AM PST
ယနေ့ မနက်ပိုင်းက ဘူးသီးထောင် အကျဉ်းထောင်မှ ပြန်လည်
လွတ်မြောက်ပြိး စစ်တွေမှတစ်ဆင့် လေယာဉ်နဲ့ ပြန်လည် ရောက်ရှိလာတဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်
ကိုဋ္ဌေးကြွယ်အား ကြိုဆိုနှုတ်ဆက်သူများ၊ မိသားစုများနဲ့ အတူတွေ့ရစဉ်.....
ဓာတ်ပုံများအတွက် ညီငယ်ကောင်းဆုလင်းအား ကျေးဇူးတင်ပါသည်...။
ကြိုဆိုကြတဲ့ ပရိသတ် မြင်ကွင်းများ..
Posted: 14 Jan 2012 06:53 AM PST
ကိုမင်းကိုနိုင်(၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)သည် ယခုအခါ(ည ၉ နာရီ ၁၃ မိနစ်ဝန်းကျင်ခန့်) တွင် တောင်ဥက္ကလာမြို့နယ်ရှိ နေအိမ်သို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။ 
(သတင်း ဓာတ်ပုံ EMG)
ဒေါင်းအလံတွေ တလူလူ မြင်ရတဲ့ မြောက်ဥက္ကလာမှ ကြိုဆိုကြတဲ့ လူထုပရိသတ် မြင်ကွင်း...

ယနေ့ည ၈နာရီခွဲက မြောက်ဥက္ကလာ လူထုသို့ ကိုမင်းကိုနိုင်ပြောကြားသော မိန့် ခွန်း by Burma VJ Media
ဒီမိုကရေစီဟာ နှစ်၂၀လောက်ပေးပြီးတိုက်လိုက်တဲ့အခါမှာ သက်ဆိုင်ရာ အာဏာပိုင်တွေကအစ ဒီမိုကရေစီကို
မသွားရင် မရတော့ဘူးလို့ သဘောက်ပေါက်လာရတဲ့ အခြေအနေ ရောက်လာခဲ့ရပြီ၊ (မင်းကိုနိုင်) မြောက်ဥက္ကလာ
ကန်သာယာ လမ်းဆုံတွင် ဒီဇင်ဘာ ၁၄ ရက်နေ့ ည ၈ နာရီခွဲတွင် လူထုသို့ ပြောကြားသော မိန့်ခွန်းမှ
၊(တယ်လီဖုန်း အသံအရည်အသွေး ကျဆင်းနေမှုကို တောင်းပန်အပ်ပါသည်။) (Burma VJ Media)
Posted: 14 Jan 2012 06:32 AM PST
လက်ပံတန်းမြို့မှာ ကြိုဆိုသူတွေနဲ့အတူ တွေ့ရတဲ့ ကိုမင်းကိုနိုင်..
လက်ပံတန်းမြို့ခံ လူထုနဲ့ ကိုမင်းကိုနိုင်...(Getty Images)





မျှဝေပေးတဲ့ ဖိုးရှုပ်လေးအား ကျေးဇူးတင်ပါသည်...။

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ထောင်က အထွက် အိမ်အပြန်လမ်း ပဲခူးတိုင်း ပေါင်းတည်မြို့
အရောက် ပေးတဲ့ မိန့်ခွန်းလေးပါ။ သီချင်း ၂ ပုဒ်လဲဆိုသွားတယ် ပြောပါတယ်။ အရေးကြီးပြီ
(ရေး-ထူးအိမ်သင်)နဲ့ သူကိုယ်တိုင်ထောင်ထဲမှာ ရေးထားတဲ့ တစ်ပုဒ်ပါတဲ့။ ပေါင်းတည်မြို့
မရောက်ခင်ဖုန်းနဲ့ လှမ်းမေးတော့ ဂစ်တာယူထားပေးပါ သီချင်းဆိုမယ်ဆိုလို့ လူငယ်တွေ
ဂစ်တာတွေယူလာကြတာ ဂစ်တာတွေ ဒါဇင်နဲ့ ချီသွားတယ် လို့ ပေါင်းတည်မြို့ ခံတစ်ယောက်က ပြောပါတယ်။

ဖိုးရှုပ်လေး

You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment