Wednesday 4 January 2012




ယနေ ပေါက်စေတီကျောင်းတိုက်မှာ ပြုလုပ်တဲ့ (၁၉၆၂မှ ၂၀၀၇ထိ မျိုးဆက်များ တွေ့ဆုံပွဲ)
 (၆၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား(ဓာတ်ပုံ သတင်း)
Posted: 04 Jan 2012 01:10 AM PST


ယနေ့ ပေါက်စိန်စေတီကျောင်းတိုက်မှာ ပြုလုပ်တဲ့ (၁၉၆၂မှ ၂၀၀၇ထိဖြတ်သန်းခဲ့တဲ့) မြန်မာ့နိုင်ငံရေး
လှုပ်ရှားသူများ ပူပေါင်းပြုလုပ်တဲ့ (၆၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားဖြစ်ပါတယ်...။
ဓာတ်ပုံ.. ဒီမိုဝေယံ၊ ခမိခဆဲ..
ပြည်တွင်းမှာ ရဲရဲဝံ့ဝံ နိုင်ငံ့အရေးအတွက် လှုပ်ရှားလုပ်ဆောင်နေတဲ့ မျိုးဆက်သစ် လူငယ်များ..
(၁၉၆၂မှ ၂၀၀၇) နိုင်ငံရေးလှုပ်ရှားသူများ၏ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ
ဖတ်ကြားတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ABSFU)နဲ့ မျိုးဆက်သစ်
လူငယ်များ (GW)တို့၏ သဝဏ်လွှာများ....
Posted: 04 Jan 2012 01:05 AM PST
(၁၉၆၂မှ ၂၀၀၇) နိုင်ငံရေးလှုပ်ရှားသူများ၏ အခမ်းအနားမှာ ဖတ်ကြားတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်(ABFSU)နဲ့ မျိုးဆက်သစ်လူငယ်များ (GW)တို့ရဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာများ....
(ဓာတ်ပုံ ဒီမိုဝေယံ၊ ခမိခဆဲ)
Photobucket
Photobucket
Photobucket
Posted: 03 Jan 2012 11:39 AM PST
ပြောချင်ပဲပြောရအုံးမယ်….. အပိုင်း(၂)
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

သံဃာတော် ၃၀၀၀ ကျော် သီတင်းသုံးတော်မူရာ မစိုးရိမ်တိုက်သစ်ကြီးရဲ့ စာချနာယက တစ်ပါးဖြစ်တဲ့ ဦးဝီရသူရာ
ဘိဝံသ ဆရာတော်သည် န အ ဖ ကိုးကွယ် ဆည်းကပ်နေသော တန့်ကြည့်တောင် ဆရာတော်ကို ထေရ၀ါဒတို့ တိုင်းပြည်
စာအုပ်ဖြင့် ရဲရဲရင့်ရင့် ဝေဖန် ရေးသားထုတ်ဝေ ဖြန့်ချီခဲ့တာကို နအဖ စစ်အစိုးရက
လုံးဝမကြိုက်ခဲ့ပါဘူး.. အငြိုးအတေးထားခဲ့ပါတယ်...။ အဲဒီစာအုပ် ထုတ်ဝေစဉ်ကပင် ဖမ်းဖို့ ကြိုးစားခဲ့ ပါတယ်။
ဒါပေမဲ့ တစ်နိုင်ငံလုံးက သံဃာတော်များ ဆရာတော်နောက်မှာ ရှိနေတာကိုသိလို့ မအောင်မြင်ခဲ့ပါဘူး။ ဆရာတော်ဟာ
အမျိုးဘာသာ သာသနာကို တကယ်ချစ်တဲ့ ဆရာတော် ဖြစ်တာကြောင့် အမျိုးသားကာကွယ် စောင့်ရှောက်ရေး
တရားများကို ကျယ်ကျယ်ပြန့်ပြန့် ဟောကြားလာပါတယ်။ ဆရာတော်သည် အမျိုးသားရေးကို ဦးစားပေး
ဆောင်ရွက်လာရင်း ပိုက်ဆံရရင်ပြီးရော ဆိုပြီးကိုယ့်အမျိုးကို ကိုယ်တိုင် ဖျက်ဆီးနေကြသော ဘာသာခြားများရဲ့
နောက်ကွယ်က ဗိုလ်မှုးများ၊ ဗိုလ်ချုပ်ကြီးများ  အကြောင်းကို တရားဟောကြားရင်း ထည့်ပြောလာပါတယ်။
ဒါကို ဗိုလ်ချုပ်ကြီးများ လုံးဝမကြိုက်ပါဘူး။

ဆရာတော်သည် မစိုးရိမ်တိုက်ကြီးတွင် စာကြည့်တိုက်ကြီးကိုလည်း အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်
ခဲ့ပါတယ်။ သံဃာတော်များ ပြည်သူပြည်သားများ စာဖတ်လာတာ ဗဟုသုတရှိလာတာကို နအဖ ကလုံးဝ မလိုလားပါဘူး။
ဆရာတော် အရှိန်အ၀ါကြီး လာတာကို ကြောက်ကြတဲ့ နအဖ စစ်အုပ်စုဟာ ကျောက်ဆည်မြို့မှာ ကုလား၊
ဗမာအရေးအခင်းကို ဖန်တီးပါတယ်။ ဘယ်လိုဖန်တီး သလဲဆိုတာကို အနည်းငယ် ရှင်းပြပါမယ်။ ၂၀၀၃ ခုနှစ်
အောက်တိုဘာလ ၁၉ ရက်နေ့မှာ နအဖ သည် ကုလားနှစ် ယောက်ကို ပိုက်ဆံပေးကာ
ကျောက်ဆည်တောင်ပေါ်က ဘုရားဆင်းတုကို ခေါင်းသွားဖြတ်ခိုင်းပါတယ်။ ခေါင်းဖြတ်နေတာကို
တွေ့လို့သံဃာတော်များက ထိုနှစ်ယောက်ကို ဖမ်းဆီးကာ ရဲစခန်းကို သွားအပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ
ကျောက်ဆည်မြို့က ဗလီနှစ်လုံးနဲ့ အိမ်တွေကို မီးရှို့မှုတွေ ဖြစ်လာပါတယ်။ လူ ၁၀ ဦးသေပြီး ပစ္စည်းတွေ
တော်တော်များ ပျက်ဆီး ဆုံးရှုံးသွားခဲ့ပါတယ်။ မီးရှို့ခြင်းမှာ န အ ဖ ဘက်က ဖြစ်ဖို့များပါတယ်။
အဆိုပါသတင်းကို ကြီးသည်ထက်ကြီးအောင် နအဖ ကဖန်တီး ဖြန့်ချီပါတယ်။ သူတို့ထုံးစံအတိုင်း
ကြံ့ဖွတ်တွေကို သင်္ကန်းစီး ပေးဝတ်ပေးပြီး ကုလားအိမ်တွေ မီးရှို့ခိုင်းတာတွေ လုပ်လာပါတယ်။
အဓိကရုဏ်းက မန္တလေးထိ ပြန့်နှံလာပါတယ်။

အဲဒီအချိန်က စာရေးသူကိုယ်တိုင် မန္တလေး ဗုဒ္ဓတက္ကသိုလ်မှာ ပညာသင်ယူနေချိန်မို့ အဖြစ်အပျက်များ အားလုံးကို
ကောင်းကောင်း မှတ်တမ်းတင်ထား နိုင်ခဲ့ပါတယ်။ နအဖ သင်္ကန်းဝတ် ပေးထားသော ကြံ့ဖွတ် ကတုံးစိမ်းများ
မန္တလေးမှာ ဗလီများသွားဖျက်ဖို့ လိုက်လံနှိုးဆော် နေတာကိုတွေ့လို့ စာရေးသူ ကိုယ်တိုင် သူငယ်ချင်းများကို
လိုက်မသွားဖို့ ဒါဟာနအဖရဲ့ အဓိကရုဏ်း လှည့်ကွက် တစ်ခုဖြစ်တယ်
ဆိုတာကို လိုက်လံစည်းရုံး ဟောပြ နေခဲ့ပါသေးတယ်။ ကျောက်ဆည်မြို့ ဦးဝီရသူရ သီတင်းသုံးခဲ့သော မင်းကုန်း
မဟာစာသင်တိုက် ပဓာနနာယက ဆရာတော် ဦးဇနိတာဘိဝံသနှင့် အခြားကျောင်းတိုက်မှ ဆရာတော်
ဦးသီလ၀ံသ၊ ဆရာတော်ဦးသီဟ၊ ဆရာတော်ဦးစန္ဒိမာ၊ ဆရာတော်ဦးခေမာနန္ဒ တို့ကို မတရားဖမ်းဆီးကာ
လူသတ်မှုဆိုပြီး စွပ်စွဲကာ ထောင်ဒဏ်(၂၅)နှစ် ချခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့ တပည့် သံဃာတော်များလည်း
ဖမ်းဆီးခံခဲ့ ရပါတယ်။ ဖမ်းဆီးပုံမှာ ကုလားအိမ်များ မီးလောင်နေစဉ် မီးသတ်ဖို့လာတဲ့ ကားစက်ဆီ မရှိတာကြောင့်
စက်ထဲထည့်ရန် ဆရာတော် ကျောင်းမှ စက်သုံးဆီ လာယူတာကို ဆရာတော်ကျောင်းမှ မီးရှို့ဖို့ ဓါတ်ဆီပေး
ပါတယ်ဆိုပြီး ဆရာတော်ကြီးနှင့် တကွ သံဃာတော်များကို မတရားဖမ်းဆီး ထောင်ချလိုက်ကြပါတယ်။
ထိုသတင်းများကို ကြားသိရလို့ စာရေးသူကိုယ်တိုင် ဦးဝီရသူရကို အပြင်မထွက်ရန် လျှောက်ဖို့ မစိုးရိမ်ကျောင်းကို
သွားခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းမှာဆရာတော် မရှိတော့ဘူး။ ကျောက်ဆည်က အဖမ်းခံထားရတဲ့
သူရဲ့ဆရာတော်တွေကို သွားတွေ့တယ်လို့ သူငယ်ချင်းများက ပြောပါတယ်။ မိမိဆရာတော်ကို ဖမ်းဆီးထားတာကို
သိတဲ့ ဦးဝီရသူရဟာ မိမိဆရာတော်ကို ထောင်ထဲသို့ သွားတွေ့စဉ်မှာ န အ ဖစစ်အုပ်စုမှ ဘာမှအပြစ်မရှိတဲ့ ဆရာတော်
ဦးဝီရသူရကို ယခင်အငြိုးအတေးနဲ့ ဖမ်းဆီး ထားလိုက်ပါတယ်။
 အညတရ သူရဲကောင်းဆို ချီးမြှင့်ခြင်း ခံရတဲ့ ဆရာတော် ဦးဝီရသူ (ဘယ်အစွန်)
ဦးဝီရသူ အဖမ်းခံရတာကို သိသွားတဲ့နောက်ပိုင်း သံဃာတော်တွေဟာ ဦးဝီရသူလွတ်မြောက်ရေး၊
ဒို့အရေးဆိုပြီး လမ်းလျှောက်ချီတက် ဆန္ဒပြကြပါတယ်။ ဒါကို နအဖ စစ်အစိုးရက စစ်တပ်ကိုလွှတ်ပြီး
ဖြိုခွဲခိုင်းခဲ့ပါတယ်။ ကိုရင်တစ်ပါး သေနတ် မှန်သွားခဲ့တယ်။ သံဃာတော် အများအပြား ဖမ်းဆီးခံရပြီး ထောင်ထဲ
အပို့ခံခဲ့ကြရတယ်။ သံဃာတော်များ အားလုံးကို ရွာပြန်ပို့ရန် အမိန့်ထုတ်ခဲ့ပါတယ်။ သံဃာတော်များ ရွာမပြန်ချင်ပဲ
အတင်းအကြပ် ဖိအားပေး ပြန်လွှတ်မှုကြောင့် ရွာကိုပြန်ခဲ့ ကြရပါတယ်။ ဦးဝီရသူ တည်ထောင်ထားခဲ့သော
စာကြည့်တိုက်ရှိ စာအုပ်များကို စစ်တပ်မှ အတင်းအဓမ္မကားနှင့် လာတိုက် သွားခဲ့ကြပါတယ်။
သံဃာတော်များဘက်က ဘာမှအပြစ်မရှိပဲ ဦးဝီရသူရနှင့် တကွ သံဃာတော် အများအပြား ထောင်သွင်း
အကျဉ်းကျခံ အနှိပ်စက်ခံနေရတာကို နိုင်ငံတော်သံဃာ့ မဟာနာယက ဆရာတော်ကြီးများ သိသိနဲ့ လျစ်လျူရှု
ထားခဲ့ကြပြန်ပါတယ်။
ဖမ်းဆီးခံရတဲ့ ဦးဝီရသူရဲ့ ဆရာ မင်းကုန်းမဟာ စာသင်တိုက်ကြီးရဲ့ ပဓာန နာယက (မီးရှို့ဖို့
စက်ဆီပေးတယ်ဆိုပြီး မတရားဖမ်းဆီးခံရတဲ့)  ဆရာတော် ဦးဇနိတာဘိဝံသဟာ သံဃာတော်
အပါး၂၀၀ ကျော်ကို ကိုယ်တိုင်စာချစာသင် ပြပေးတဲ့ ဆရာတော်တစ်ပါး ဖြစ်သလို ကျောက်ဆည်မြို့မှာ
အမျိုးဘာသာ သာသနာတော် အတွက်စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့လို့ ကျောက်ဆည်တစ်မြို့လုံးက
လေးစားကြည်ညိုခံရတဲ့ ဆရာတော် ကြီးလည်း ဖြစ်ပါတယ်။ ကျောက်ဆည်မြို့မှာ မီးလောင်မှုဖြစ်နေစဉ်
ဆရာတော်ကို အဓိကရုဏ်းကို ငြိမ်းအေးပေးဖို့ လာပင့်တဲ့အချိန်မှာ ဆရာတော်ကြီးသည် ကျောင်းမှာ
သံဃာတော်များကို ဘုရားဝတ်ပြုပြီးလို့ သြ၀ါဒပေးနေတဲ့ အချိန်ဖြစ်ပါတယ်။
ဒါကိုလာပင့်ကြတဲတာဝန်ရှိသူများဖြစ်ကြတဲ့  ကျောက်ဆည်ရဲစခန်းက
ဒုရဲအုပ် သိန်းဇော်၊ ကျောက်ဆည်ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
အတွင်းရေးမှူး ဗိုလ်မှူးစိုးမြင့်၊ ကျောက်ဆည်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
ဥက္ကဌ ဦးတင်ဝင်းဦးတို့ရဲ့ ပင့်လျှောက်ချက်အရ မီးလောင်ရာ နေရာတွေကို သွားရောက်ပြီး
အဓိကရုဏ်းငြိမ်းအေးဖွှို ဆရာတော်ကိုယ်တိုင် အသံချဲ့စက်နဲ့ ပြောပေးခဲ့
ပါသေးတယ်။ ဘယ်လိုမှ တားမရတာနဲ့ ကျောင်းကို ပြန်လာခဲ့ရတာကို လာပင့်ကြတဲ့ အာဏာပိုင်တွေ
အားလုံးသိပါတယ်။ ဆရာတော်ကြီးရဲ့ သီလ၊ သမာဓိ၊ ပညာကို နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးတွေက
လွဲရင် အားလုံး သိကြပါတယ်။ ဆရာတော်သည် ငယ်စဉ်က သီတဂူ ဆရာတော်ကြီး ဦးဥာဏိဿရရဲ့
ငယ်သူငယ်ချင်း စာသင်ဖေါ် စာသင်ဖက်တွေလည်းဖြစ်ခဲ့ပါတယ်။

ကိုယ့်သာသနာမှာ အမျိုးသားရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက် နေကြ တဲ့သံဃာတော် များကို
အားပေးချီးမြှောက် ကာကွယ်ရမည့်အစား န အ ဖ ဗိုလ်ချုပ်ကြီးများ အကြိုက်
ပေးတာယူ၊ ကြွေးတာစား၊ ခိုင်းတာလုပ် နေကြတာဟာ အင်မတန် ရင်နာစရာ ကောင်းလှပါတယ်။

သံဃာ့မဟာ နာယက ဆရာတော်ကြီးများ အကြောင်းကို အပိုင်းလိုက် ဆက်လက်ရေးသား ဖေါ်ပြပါမည်။
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

မှတ်ချက်။ ။သံဃာမဟာနာယကများ သတင်းနဲ့ ပတ်သတ်ပြီး ခိုင်လုံသော အထောက်အထားများ
ရှိပါက စာရေးသူထံ အကြံပေး ပြောကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

Posted: 03 Jan 2012 08:42 AM PST
ရန်ကုန်၊ဒီဇင်ဘာ-၁
စင်ကာပူနိုင်ငံရှိ ဓာတ်တော်တိုက် ဆရာတော်ဦးစီးသော ဗြဟ္မစိုရ်နှလုံးသား
အသင်းသည် မီးလောင်ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် သေဆုံးခဲ့ကြသော မီးသတ်ဝန်ထမ်း ငါးဦးအား
ဗြဟ္မစိုရ်နှလုံးသား ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။ ရန်ကုန်မြို့ စက်ဆန်းရပ်၊
ကတို့ဆိပ်ရပ်ကွက်၌ ဒီဇင်ဘာလ ၂၉ရက်၊ မနက် ၁ နာရီ ၄၀ မိနစ်တွင် မီးလောင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး
တာမွေမြို့နယ်မှ မီးသတ်ဝန်ထမ်း လေးဦးနှင့် ဗဟိုမီးသတ်ဌာနမှ မီးသတ်ဝန်ထမ်းတစ်ဦး သေဆုံးသွားခဲ့ရပါသည်။
ထို့သို့တာဝန် ထမ်းဆောင်စဉ် ကျဆုံးသွားခဲ့ကြသော မီးသတ်ဝန်ထမ်း ငါးဦးအတွက် ဗြဟ္မစိုရ်နှလုံးသား အသင်းမှ
တစ်ဦးလျှင် ကျပ်ငါးသိန်းစီ ကျန်ရစ်သူ မိသားစုများထံသို့ ပေးအပ် လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။ ဗြဟ္မစိုရ်နှလုံးသား
အသင်းသည် မီးလောင် ပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရရှိခဲ့သူများ၊ ပျက်စီးဆုံးရှုံးခဲ့ကြသော ဒေသခံပြည်သူ
လူထုအတွက် စုစုပေါင်း ကျပ်ငွေ လေးဆယ့်နှစ်သိန်း ပေးပို့ လှူဒါန်းခဲ့သည်။
 စင်ကာပူနိုင်ငံရှိ ဗြဟ္မစိုရ်နှလုံးသား အသင်း၏ အလှူဒါနအား ဝမ်းမြောက်၊ ဝမ်းသာ သာဓုခေါ်ဆို အပ်ပါသည်..။
သတင်း၊ ဓာတ်ပုံ ပေးပို့လာတဲ့ ဦးတင်မောင်ဝင်းအား ကျေးဇူးတင်ပါသည်...။ 




Posted: 03 Jan 2012 07:29 AM PST
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment