Wednesday 4 January 2012




ဒီကနေ့ကျင်းပပြုလုပ်သော လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဆုရစာရင်း
Posted: 04 Jan 2012 05:24 AM PST

လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲ အခမ်းအနားကို ယနေ့ (ဇန်နဝါရီလ ၄ ရက်နေ့) ညနေ ၆ နာရီက တော်ဝင်စင်တာတွင် ကျင်းပပြုလုပ်လျက် ရှိရာ

» ပရိတ်သတ် အကြိုက်ဆုံး ဇာတ်ကားဆု - အဲဒီအခန်းဖြတ် (ဒါရိုက်တာ ဝိုင်း)

» အကောင်းဆုံး Animation ဆု - Unity & Freedom (ဒါရိုက်တာ ဇော်ဘိုဘိုဟိန်း)
...
» အကောင်းဆုံး မျက်နှာသစ် ဒါရိုက်တာဆု - ဒါရိုက်တာ အောင်ဇော်မိုး (Still in Dark)

» အကောင်းဆုံး ရုပ်ရှင်ဇာတ်လမ်းတို (Short Film) ဆု - ကြိုး (String) (ဒါရိုက်တာ မင်းသိုက်)

» အကောင်းမှတ်တမ်းရုပ်ရှင် (Documentry) ဆု - Click in Fear ဆုံး (ဒါရိုက်တာ စိုင်းကျော်ခန့်)

တို့ဆွတ်ခူးသွားခဲ့ကြောင်းသိရှိရပါသည်..

" မင်္ဂလာပါ ဒီမိုကရေစီ " ဟူသော အမည်ဖြင့် ရုပ်ရှင်ပြိုင်ပွဲ တစ်ရပ် ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်း လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲ အခမ်းအနားတွင် နိုင်ငံကျော် ဟာသ အနုပညာရှင် ဦးသူရ ခေါ် ဇာဂနာက မီဒီယာများသို့ ပြောကြားသည်။(The Voice Weekly)
အကောင်းမှတ်တမ်းရုပ်ရှင် (Documentry) ဆုရသောဒါရိုက်တာ စိုင်းကျော်ခန့်၏ "Click in Fear"ရုပ်ရှင်


Click in Fear အပိုင်း၁-အပိုင်း-၂

အကောင်းဆုံး ရုပ်ရှင်ဇာတ်လမ်းတို (Short Film) ဆု - ကြိုး (String) ကို ဒီနေရာမှာ ကြည့်ရူနိုင်ပါတယ်.
ပရိတ်သတ် အကြိုက်ဆုံး ဇာတ်ကားဆု - အဲဒီအခန်းဖြတ် ကို ဒီနေရာမှာ ကြည့်ရူနိုင်ပါတယ်..

Posted: 04 Jan 2012 02:53 AM PST
ပည်သူလူထု ကိုယ်စား ကိုမင်းသိန်း မေးတဲ့... ပြည်သူတွေရဲ့ ရင်ထဲက မေးခွန်းများ(Photo..Ko Htike)



(၆၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွင် ယနေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။ သဘာပတိအဖြစ် ရွေးကောက်ပွဲအောင်နိုင်ရေး ဗဟိုကော်မတီ တာဝန်ခံ ဦးတင်ဦးကမိန့်ခွန်းပြောကြားသည်။အဖွဲ့ချုပ်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက်စကားပြောကြားသည်။ လွတ်လပ်ရေးနေ့ကြေငြာစာတမ်းကိုဖတ်ကြားပြီး သ၀ဏ်လွှာများကို မှတ်တမ်းတင်သည်။ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားခဲ့သည်။


(ဓာတ်ပုံ-AP.Reuters. ဥက္ကာကိုကို)
Video..Burma vj medianetwork

Posted: 04 Jan 2012 02:36 AM PST
Conplast RP 264 လို့ခေါ်ပါတယ်,FOSROC ကထုတ်ကုန်တမျိုးပါ။ ( ဓါတ်ပုံ - မြန်မာတိုင်း)ကွန်ကရစ်ဖျော် ရင် အလွယ်တကူချောက်သွေ့မသွားအောင် ရေငွေ့ထိန်းတဲ့ ရောစပ်ဓါတုအရည်တစ်မျိုးပါ။ ရေအခြေခံပစ္စည်းတမျိုးဖြစ်လို့ မီးမလောင်နိုင်ဘူးလို့ ဆိုပါတယ်။ဒါကြောင့်ထင်ပါရဲ့ သူအနားမှာ အေးအေးဆေးဆေး နေနိုင်တာ။ အောက်ပါလင့်မှာကြည့်ပါ။ http://www.scl.co.tt/Assets/conplast%20rp264.pdf

၁။ ဒါပေမယ့် FOSROC (SCL) ကမ်ပဏီ ဟာအထူး ဓါတုပစ္စည်းများထုတ်လုပ်တယ်ဆိုတာ မီဒီယာသမားများ မမေ့ပါနဲ့ ။ အက်စစ် ယမ်းစိမ်း တို့နဲ့ဖြစ်တယ်ဆိုတဲ့ ထုတ်ပြန်ချက်လောက်နဲ့ မတင်းတိမ်ပါနဲ့။ ဒီပစည်းတွေဟာ ဘယ်မှာသုံးသလဲ၊ ဘယ်အတွက်သုံးသလဲ၊ ပုံမှန် ပမာဏ ဘယ်လောက်သုံးလဲ၊ ပုံမှန်လှောင်နေကျ ပမာဏာလား၊ ဘယ်လောက်ပမာဏက ဒီပေါက်ကွဲမှုကိုဖြစ်စေသလဲ၊ ဘယ်နိုင်ငံကလာပြီး မြန်မာနိုင်ငံရဲ့ ဘယ်ဒေသတွေကို ရောက်ရှိလဲ၊ ဆိုတာကို ဒီအဖြစ်အပျက်ဟာ စတုထ္တမဏ္ဍိုင် media သမားတွေအတွက်လုံးဝ ပေါ့စလို့မရပါဘူး။

၂။ နောက်တဆင့်တက် ရအောင်။ ဒီလောက်အန္တရာယ် များတဲ့ ပစ္စည်းတွေရဲ့ ထိမ်းသိန်းမှုက ဒီလောက်ညံ့ နေရင် မသမာသူလက်ထဲသာ ရောက်သွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။မေးခွန်းက ကြီးကြီးထုတ်စရာပါ။ ဒီ ပစ္စည်းများအတွက် တင်သွင်းခြင်းနဲ့ ထိမ်းသိန်းခြင်း နဲ့ ဖြန့်ဖြူးခြင်းမှာ ပြည်သူများရဲ့ အသက်အိုးအိမ်အတွက် လွှတ်တော်မှာ ဥပဒေပြုနိုင်ဘို့ မီဒီယာ တွေဟာ (မီဒီယာ တွေသာမက grass-root လူထုပါ) အခြားသော မဏ္ဍိုင်သုံးခု ကို တိုက်တွန်းရေးသား ရပါမယ်။ ဒါမှသာ အနာဂတ်အတွက် ငါတို့ဟာ ဒီလို့ ခြောက်လှန့်မှုကင်းကင်းနဲ့ နေထိုင်သွားနိုင်မှာပါ။

ဆက်စပ် link များ
http://www.scl.co.tt/
http://en.wikipedia.org/wiki/Fire_safety_plan
http://www.communities.gov.uk/fire/firesafety/firesafetylaw/
http://www.nfpa.org/
http://www.femalifesafety.org/plan.html (ခြေလှမ်းခုနှစ်လှမ်း)

အဆိုးထဲက အကောင်း ရှာရအောင် -၂- ( မှ -မင်္ဂလာတောင်ညွန့်မြို့နယ် ပေါက်ကွဲမီးလောင်ကျွမ်းမှု ဖြစ်စဉ်။
၎င်းဖြစ်စဉ်နှင့်ပတ်သတ်၍ ပေါ့စမှု ဈေးကွက်စီးပွားရေးမပြီပြင်သေးမှု corruction ဖြစ်မှု အခွင့်ထူးခံများရှိနေမှု သတင်းအချက်အလက်အားနည်းမှု ဆိုင်ရာများပူးပေါင်းဆောင်ရွက်ခြင်း အားနည်းမှု စသည်စသည် တို့ကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိသလိုမသေသင့်ဘဲ သေဆုံးသွားသူများ ရှိခဲ့ပါသည်။

***လောလောဆယ် အရေးအကြီးဆုံးအဖြစ် လက်ရှိ မြန်မာနိုင်ငံ အတွင်းမှာ ထိုသို့သောပစ္စည်းများ မည်မျှ မည်သို့ မည်သည့်နေရာ တွေမှာ ရှိသလဲဆိုတာ ပြန်လည်စီစစ်သုံးသပ်ဘို့ နဲ့ စနစ်တကျပြန်လည် နေရာချထားရန် အရေးပေါ်လိုအပ်ပါမည်။

ရေရှည်ဆက်လက်အကောင်အထည် ဖော်ရာမှာ

၁။ အန္ဒရာယ်ရှိ ဓါတုပစ္စည်းများ အားခေတ်မှီစွာ ပြန်လည်သုံးသပ် သတ်မှတ်၍စာရင်းပြုပြဌာန်းရန် (database)။

၂။ code rule & regulation များအား စနစ်တကျပြဌာန်းပေးရန် နှင့် လိုက်နာဆောင်ရွက်နိုင်ရန်။

information gap မဖြစ်ရအောင် အများနားလည်နိုင်မယ့် သင်္ကတများဖြစ်သော Warning sign, moto, indicators တွေကို လိုက်နာအသုံးပြုနိုင်မယ့် ဥပဒေများပြဌာန်း ထုတ်ပြန်ပေးရန်။

၃။ ထိုသို့သော အန္ဒရာယ်များသောကုန်သွယ်ရေး ပစ္စည်းများအား ခေတ်မှီ၍ စနစ်ကျသော နည်းဥပဒေများပြဌာန်းသတ်မှတ်ရန်။

၎။ အားလုံးပူးပေါင်းဆောင်ရွက် နိုင်မှုနှင့် ဆုံးဖြတ်ချက်များ အကောင်ထည်ဖော်နိုင်ရန်။ ။

နိုင်ငံရဲ့မရှိမဖြစ်လုံခြုံရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ အစိုးရအဖွဲ့ အစည်းများ အနေနဲ့ ပညာရှင်များ (chemist, architect, engineer, မီးသတ်, ပြည်ထဲရေး) လူထုအဖွဲ့အစည်းများ မီဒီယာများစသည်တို့ပါဝင်နိုင်သော အလုပ်ရုံ workshop များပြုလုပ်ပေးပြီး အနေဝေးရင် သွေအေးမှာဆိုးတဲ့ အတွက် လာမယ့်လွှတ်တော် အစည်းအဝေး၌ ဥပဒေမူကြမ်းတင်သွင်း အတည်ပြုနိုင်ရန် target ထားဘို့ လှုပ်နှိုးလိုက်ရပါတယ်။ ။

(ထိုသို့ဥပဒေပြုရာ၌ ပြစ်ဒဏ်များပေးခြင်းအပြင် မက်လုံးပေးဆွဲဆောင်နိုင်မှုများလည်း ပါဝင်သင့်တယ်)

-နောက်ဆက်တွဲသတင်းများနှင့်ပတ်သက်၍ မြေအောက်မှ အပူလှိုင်းများထွက်နေသော သတင်း မင်္ဂံလာတောင်ညွန့်၌ သုံးထပ်အဆောက်အဦးပြိုကျမှု သတင်းအရ ၎င်းဖြစ်စဉ် impact နှင့် ပတ်သက်၍ မည့်သို့ပတ်သက်ဆက်နွယ်နေသည်ကို မေးခွန်းထုတ်ရန်နှင့် ထိုတုန်ခါမှုဒဏ်ကြောင့် ဖြစ်ပေါ်နိုင်သော အန္ဒရာယ် ရှိအဆောက်အဦးများအား အရေးပေါ် စစ်စေးစီမံ မှုများလိုအပ်နေပြီး ရန်ကုန်မြို့အောက်မြေလွှာအား ပြန်လည်သုံးသပ်မှုများလည်း မဖြစ်မနေ လိုအပ်ပါမည်။ မြေအောက်ရေစီးကြောင်းများ။ အပူစီးကြောင်းများ။နှင့် အခြား စသည်။

မီးသတ်ဌာန နှင့်ပတ်သတ်၍

မီးသတ်သမားများ၏ အသက်ဘေးလုံခြုံရေးအတွက် လုံလောက်သော ပစ္စည်းကရိယာများ တပ်ဆင်ပေးနိုင်ရေး။နိုင်ငံတကာသို့ ပညာသင် လေ့လားရေးများ လုံလောက်စွာ စေလွှတ်ပေးနိုင်မှုလည်း လိုအပ်မယ်။အဆောက်အဦးများ၌ မီးဘေးလုံခြုံရေး နှင့်ပတ်သက်၍ rule & regulation များစံသတ်မှတ်၍ မဖြစ်မနေ တပ်ဆင်ထားနိုင်ရေး ။ -ဥပမာ ဖြတ်သန်းခွင့်မပြု၊ ဆေးလိပ်မသောက်ရဇုန်၊ ရေမဖြန်းရ(အဆောက်အဦးပေါ်၌ သိသာထင်ရှားစွာ ချိတ်စွဲထားရန်) နှင့် အခြား စသည်၊

ဆောက်လုပ်ရေး အိုးအိမ်ဌာန

သိုလှောင်ရုံအဆောက်အဦများ ဇုန်များ၊နေရာသတ်မှတ်ခြင်း အဆောက်အဦးအမျိုးအစား ခွဲခြားသတ်မှတ်ခြင်း အန္ဒယ်ရာယ်ရှိသောအဆောက်အဦများအဖြစ် သိနိုင်ရန် သင်္ကေတဆိုင်းဘုတ်များတပ်ဆင် အသုံးပြုနိုင်ရေး အရေးပေါ်ထွက်ပေါက်များ ထားရှိနိုင်ရေး အရေးပေါ် မီးဘေးမှခိုလှုံနိုင်သော အခန်း လှေကားအိမ်များ ထည့်သွင်းဆောက်လုပ် နိုင်ရေး

မီးခံနံရံများ(firewall) အလိုအလျောက် မီးသတ်ရေပန်းများ(fire spinkler system) ထည့်သွင်းတည်ဆောက်ပေးနိုင်ရေး နှင့်၎င်းတို့အား အဆက်မပြတ် စစ်စေး အကောင်ထည်ဖော်ရန်

(လက်ရှိအချိန် မြန်မာနိုင်ငံ ထိုသို့လိုအပ်နေသောအဆောက်အဦးများများစွာရှိရာ ၎င်းတို့အားသေချာစိစစ်၍ မဖြစ်မနေ အကောင်ထည် ဖော်ရန် ဥပမာအနေဖြင့် အပန်းမကြီးသော မြေပုံ လမ်းညွှန်ဆိုင်းဘုတ် အရေးပေါ်ထွက်ပေါက် overhead indicator moto စသည် တို့အား အများပြည်သူနှင်သက်ဆိုင်သော မည်သည့်အဆောက်အဦးမဆို ဌာနဆိုင်ရာများပါမကျန် တပ်ဆင်ရန် ရေးပေါ်လိုအပ်မယ်)

ကုန်သွယ်ရေးဌာန

ထိုကဲ့သို့သော အန္ဒယ်ရာယ်များသော ဓါတုမစ္စည်းများအား တင်သွင်းခြင်း သိုလှောင်ခြင်း ဖြန့်ဖြူးခြင်း များကို စနစ်တကျသတ်မှတ်၍ ခေတ်နှင့်ညီသောအခွန်စနစ် နှင့်ဥပဒေများ ထုတ်ပြန်ပေးနိုင်ရေး

soe moe aung Facebook

Posted: 03 Jan 2012 07:31 AM PST



Into the Current" is produced and directed by Jeanne Hallacy
The three-year-old toddler, Phyu Naychi, is the "star" of a powerful documentary film, "Into the Current," on the fate of up to 1,500 "prisoners of conscience" still in prisons in Burma.

Phyu Naychi's mother and father, Nilar Thein and her activist husband, Kyaw Min Yu, popularly known as Jimmy, are among them. They were rounded up after the demonstrations of August and September, 2007, and a military court condemned each of them to 65-years imprisonment.-
If U Thein Sein regime is sincere in taking steps for democratic reform then they must release all the political prisoners who were unlawfully imprisoned. The credibility of U Thein Sein regime's promise of reform is now seriously questioned. Burma Democratic Concern (BDC) calls for to release all remaining around 500 political prisoners immediately and unconditionally.

Posted: 03 Jan 2012 06:54 AM PST


နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်လို့ အမိန့်ထုတ်ပြန် လိုက်တာဟာ ခေါင်းစဉ်လွဲမှားနေပြီး မြန်မာ အစိုးရဟာ ပြည်တွင်းပြည်ပ အပါအဝင် ကမ္ဘာ့အဖွဲ့အစည်းအသီးသီးကို နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ပတ်သက်ပြီး ပေးခဲ့တဲ့ ကတိကဝတ်တွေကို ဖောက်ဖျက်လိုက်တာ ဖြစ်တယ်လို့ NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာအရပ်သား အစိုးရတက်လာအပြီး တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ဇန်နဝါရီ (၂) ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။ အခု လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်ဆိုပေမယ့် လက်တွေ့မှာ အကျဉ်းသားတွေကို ထောင်ဒဏ်လျှော့ပေးတာမျိုးသာ ဖြစ်နေတာမို့ ဒီလွတ်ငြိမ်းချမ်းသာခွင့် ဆိုတဲ့ခေါင်းစဉ်နဲ့ လွဲနေတယ်လို့ အများက သုံးသပ်ကြပါတယ်။ ပြောင်းလဲလာတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေတွေကြား နှစ်ရှည်အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေအပြင် တခြားနိုင်ငံရေး အကျဉ်းသားတွေ မကြာခင် လွတ်လာနိုင်တယ် ဆိုပြီးတော့လည်း မျှော်လင့်နေကြတာပါ။

သူတို့အားလုံးကို အမြန်လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ ပြည်တွင်းကနိုင်ငံရေး အင်အားစုတွေကိုရော အမေရိကန်အပါအဝင် ဥရောပသမဂ္ဂလိုအဖွဲ့နဲ့အတူ ကုလသမဂ္ဂလို အဖွဲ့ကြီးကိုပါ မြန်မာ အစိုးရက နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီးပေးထားတဲ့ ကတိကဝတ်တွေကို ဒီလွတ်ငြိမ်းချမ်းသာခွင့်အမိန့်က ဖျက်လိုက်တာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောပါတယ်။

"ခေါင်းစဉ်ကိုက လွဲနေတယ်ဗျ။ လျှော့ပေါ့ပေးတာဟာ ရှင်းရှင်းပြောရရင် သမ္မတကိုယ်တိုင်တောင် လုပ်စရာမလိုဘူး။ အကျဉ်းဦးစီးဌာနက အရာရှိတွေလုပ်လို့ရတဲ့ကိစ္စ၊ ဒီကိစ္စဟာ တကမ္ဘာလုံးကို သမ္မတကိုယ်တိုင်အပါအဝင် ဒီအစိုးရတဖွဲ့လုံးက ကမ္ဘာကိုလည်း ကတိပေးခဲ့တယ်၊ ဗမာပြည်ထဲမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေအားလုံးကိုလည်း အသိပေးခဲ့တယ်။ နောက်ပြီးတော့ သူတို့ရဲ့ မိသားစုတွေ ဘာတွေကိုရော မျှော်လင့်ချက်တွေ ပေးခဲ့တယ်။ အဲဒီဟာတွေအားလုံးကို အခုက ကတိကဝတ်တွေကို ဖောက်ဖျက်ပြီးတော့ ဒီအစိုးရဟာ သူတို့ကိုယ်သူတို့ ကမ္ဘာ့လူပုံအလယ်မှာ အရှက်ခွဲတာပဲ။ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲပြတာပဲ။ ကျနော်အဲလိုပဲ ယူဆပါတယ်"

ဒီကနေ့ လွတ်လာတဲ့ စာရင်းတွေထဲ နိုင်ငံရေးအကျဉ်းသားတွေအများအပြားမပါလာပါဘူး၊ ဒီကနေ့ သာယာဝတီထောင် ရှေ့မှာ သတင်းသွားယူနေတဲ့ သတင်းထောက်တဦးက သာယာဝတီထောင်ရှေ့ကအခြေအနေကို အခုလိုပြောပြပါတယ်။

"ဟုတ်ကဲ့။ နိုင်ငံရေးအကျဉ်းသားဆိုလို့ တယောက်မှ မပါပါဘူး။ အကုန်လုံးလည်း ထွက်လာကြပါတယ်ဗျ။ အားလုံးပေါင်း ၈၆ ယောက် လို့ပြောတယ်ခင်ဗျ။ ၈၀ က သာမန်အကျဉ်းသားတွေ၊ ကျန်တဲ့ ၆ ယောက်ကတော့ စစ်တပ် ကကျတဲ့ အကျဉ်းသားတွေလို့ သိရပါတယ်။ ဒီလိုမျိုးပေါ့- နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက လွတ်လာမယ်လို့ ယုံကြည်ပြီးတော့ ဖြစ်မလာတဲ့အတွက် ဝမ်းနည်းတယ်ပေါ့။ သူတို့အနေနဲ့ ဘယ်လိုထပ်ယုံရမလဲလို့ ပြောနေတယ်ခင်ဗျ။"

ပြည်တွင်း သတင်းထောက်တဦးပါ။ ၂၀၁၂ နှစ်ထဲ ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့နဲ့ လာမယ့် ပြည်ထောင်စုနေ့မှာ တကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ရှိနိုင်တယ်လို့ ထင်ကြေးပေးနေကြတဲ့အပေါ် ဦးဝင်းတင်ရဲ့ အမြင်ကတော့

"အခု လျှော့ပေါ့ခံရတယ်ဆိုတဲ့သူတွေ၊ ခွန်ထွန်းဦးတို့၊ မင်းကိုနိုင်တို့အပါအဝင်ပေါ့ဗျာ၊ ဒီလူတွေဟာ ဘာမှမျှော်မနေပါနဲ့။ နော်-နောက်ထပ်လည်း ဒီလိုဟာမျိုးကို သူတို့က ပေးတော့မှာမဟုတ်ဘူး။ အဲဒီလိုဆိုခြင်းအားဖြင့် ဘာကို အဓိပ္ပာယ် သက်ရောက်သလဲဆိုတော့ ဒီလူတွေဟာ ဒီအကျဉ်းသား နိုင်ငံရေးခေါင်းဆောင်တွေကို လွှတ်မပေးဘူးလို့ သံဓိဌာန်ချပြီးသားဖြစ်တယ်။ လွတ်မပေးတာကိုလည်း လုပ်တယ်။ ဒါမျိုးနဲ့ပတ်သက်လို့ ကျနော်တို့ကိုယ်တိုင်လည်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ဒီလိုလွဲမှားတဲ့ကတိတွေပေးပြီးတော့ ဘာမှ မလုပ်ဘဲနဲ့ ဒီလိုစော်ကားမော်ကား လုပ်နေတဲ့ဟာတွေကို ဒေါ်အောင်ဆန်းစုကြည်ကလည်း လျှော့ပေါ့ပေးမှာမဟုတ်ဘူး။ အဲဒီတော့ သက်သာရာ သက်သာကြောင်းနဲ့စဉ်းစားမှာမဟုတ်ဘူးလို့ပဲ ကျနော် ယုံပါတယ်။"

NLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်ပါရှင်။ အခုလွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်ဆိုတဲ့ သမ္မတရဲ့အမိန့်ဟာ သာမန်ရာဇ၀တ်မှုတွေနဲ့ ထောင်ကျနေတဲ့သူတွေအတွက်သာ အကျိုး သက်ရောက်မှုရှိနေတာတွေရတယ်လို့ ရန်ကုန်တိုင်းမ်စ် ဂျာနယ်ရဲ့ အယ်တီတာချုပ် ဦးကိုကို (စက်မှု)က သုံးသပ်ပါတယ်။

"နှစ်တိုကျတဲ့အမှုတွေပေါ့လေ၊ အခု ကျနော်တို့လူတွေအကုန် ပြောဆိုနေကြသလို ခိုး၊ ဆိုး၊ လုယက်၊ ခါးပိုက်နှိုက်-စသဖြင့်ပေါ့လေ၊ ချဲဒိုင်ကိုင် အဲဒါမျိုးလူတွေ- အမှုက၊ ပြစ်ဒဏ်နည်းနည်းနဲ့ ကျတဲ့သူတွေအတွက်က သူတို့က အခု မိလိုက်၊ ကျသွားလိုက်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာလိုက်၊ တချို့ ဝင်တဲ့သူတွေ ပြန်ဝင်သွားလိုက်၊ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်ထွက်လာနိုင်လိုက် ဖြစ်သွားတယ်ဗျ။ အဲဒီတော့ နိုင်ငံတော်ကတော့ စေတနာတခု ရှိကောင်းရှိပါလိမ့်မယ်။ သို့သော် ကျနော်တို့အနေနဲ့ကတော့ လက်ရှိတကယ်ဖြစ်သွားတဲ့ အနေအထား အရတော့ အားလုံးမျှော်လင့်တဲ့ ယုံကြည်ချက်ကြောင့်အကျဉ်းချခံနေရတဲ့သူများရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာထက် ဒီလိုမျိုးလူတွေ အတွက်ကို ပိုပြီးတော့အခွင့်အလမ်းသာသွားတဲ့ပုံစံမျိုး ဖြစ်သွားတယ်။ အဲဒါတော့ တော်တော်လေးတော့ စိတ်မကောင်းစရာဖြစ်ပါတယ်"

ရန်ကုန်တိုင်းမ်စ်ဂျာနယ်ရဲ့ အယ်တီတာချုပ် ဦးကိုကို (စက်မှု)ပါ။ နိုင်ငံတော်သမ္မတက ၂၀၁၁ မေလ ၁၇ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်တကြိမ် ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ဒုတိယအကြိမ်နဲ့ အခု ၂၀၁၂ ဇန်န၀ါရီလ ၂ရက် တတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
(VOA)

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment