Thursday 12 January 2012




လူ့တန်ဖိုး ကင်းမဲ့ခြင်း - ဆောင်းပါးရှင်-ထိန်လင်း
Posted: 11 Jan 2012 11:12 PM PST
ဒါပေမယ့် လူနာဟာ အသက်ရှူပုံ အနေအထားမမှန်တော့တဲ့ အနေအထား ရောက်နေတာတောင် အူရောင်ငန်းဖျားနဲ့ 
ငှက်ဖျား ဖြစ်နိုင်တယ်ဆိုတဲ့ မှတ်ချက် လောက်သာပေးပြီး အောက်ဆီဂျင်ပေးခြင်း၊ အစာပိုက်သွင်းခြင်း စတဲ့ 
ကုသမှုမျိုးတွေကို မပေးခဲ့ပါဘူး။ 

လူသည် သက်ရှိသတ္တဝါဖြစ်၏။ လူသည် အမှားအမှန် အကောင်းအဆိုးကို ဆင်ခြင်ဝေဖန်နိုင်စွမ်းရှိ၏။ ထိုထက်ပို၍ လူသည် ရည်မှန်းချက်ရှိသည့်အတိုင်း လုပ်ဆောင်နိုင်၏။

အထက်ပါအဆိုကို ကမ္ဘာပေါ်က လူများစုကြီးက လက်ခံပါလိမ့်မယ်။ ကမ္ဘာတဝန်းလုံးက တညီတညွတ်တည်း ဆုံးဖြတ်လက်ခံထားတဲ့ လူမှုအခွင့်အရေးဆိုင်ရာ ကမ္ဘာ့အဓိဋ္ဌာန်ပြု ကြေညာစာတမ်းမှာတောင် "လူတိုင်း၌ လူ့ဘဝ အခွင့်အရေး၊ လွတ်လပ်မှု အခွင့်အရေးနှင့် လုံòခံစိတ်ချရမှု အခွင့်အရေးများရှိသည်"လို့ ဖော်ပြထားသေးတယ်မဟုတ်လား။ ဒါပေမယ့် လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီိချက်တွေကို အတည်ပြုခဲ့တဲ့ တချိန်တည်းမှာပဲ လွတ်လပ်တဲ့ နိုင်ငံဖြစ်လာတဲ့ နိုင်ငံတစ်ခုဟာ လူ့အခွင့်အရေးတွေကို ယနေ့အချိန်ထိ နှစ်ပေါင်းများစွာ ကျူးလွန်ဖောက်ဖျက် နေပေမယ့် ကမ္ဘာကြီးက လတ်တလော ဖြေရှင်းစရာ အရေးတကြီး ကိစ္စတစ်ခုလို့ သဘော မထားကြတာကတော့ တကယ့်ကို ရင်နာစရာ ကောင်းလှပါတယ်။ အဲဒီနိုင်ငံကတော့ ဗီယက်နမ်စစ်ပွဲကို အဆုံးသတ်ပေးခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တစ်ယောက် ပေါ်ထွက်ရာ၊ လက်ရှိအချိန်မှာ အကျယ်ချုပ် အထိန်းသိမ်းခံထားရဆဲ ဖြစ်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် တစ်ဦးတို့ မွေးဖွားရာ မြန်မာနိုင်ငံပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်ပေမယ့် အဖွဲ့ဝင် နိုင်ငံများ လိုက်နာကျင့်သုံးရမယ့် စည်းမျဉ်းစည်းကမ်းများ ကို မလိုက်နာတဲ့အပြင် နိုင်ငံသားများအပေါ် တကယ်တမ်းခွင့်ðပရမယ့် အခြေခံ အခွင့်အရေး များကိုလည်း ပိတ်ပင်တားမြစ်ထားပါတယ်။ နိုင်ငံနေရာ အနှံ့အပြားမှာလည်း အဓမ္မ အနိုင်ကျင့်မှုတွေ ပြည့်နှက်လျက်ရှိပါတယ်။ အဆိုးဆုံးကတော့ ယုံကြည်ချက်ကြောင့် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ရင်း စစ်အုပ်စုကို ဆန့်ကျင်သူများအပေါ် ဖိနှိပ်မှုများပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အကျဉ်းထောင် ၂ဝ ကျော်မှာ နိုင်ငံရေးအကျဉ်းသားများကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး အဲဒီလို ထိန်းသိမ်းထားသူတွေထဲမှာ အသက်အရွယ်မျိုးစုံနဲ့ ပညာရှင်များစွာ ပါဝင်ပြီး သေဒဏ် အစရှိတဲ့ ပြစ်ဒဏ်မျိုးစုံ ချမှတ်ထားခြင်း ခံနေကြရပါတယ်။ နိုင်ငံတကာက ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းနဲ့ မတူဘဲ ထူးခြားတယ်လို့ ပြောနိုင်တဲ့ အချက် ကတော့ သူတို့ အားလုံးလိုလိုဟာ ကမ္ဘာ့လူ့အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း အပိုဒ် (၁ဝ)ပါ "အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင်၎င်း၊ ရာဇဝတ်ကြောင်း တရားစွဲဆိုခြင်း၌ အဆုံးအဖြတ်ခံရာတွင်၎င်း လူတိုင်းသည် လွတ်လပ်၍ ဂတိမလိုက်သော တရားရုံးတော်၏ လူအများရှေ့မှောက်တွင် မျှတစွာ ကြားနာစစ်ဆေးခြင်းကို တူညီစွာ ခံစားပိုင်ခွင့်ရှိသည်"ဆိုတဲ့ အချက်နဲ့ လုံးဝ မကိုက်ညီတဲ့ တရားရုံးတွေက ထင်သလို ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသူများ ဖြစ်ပါတယ်။ တချို့ဆိုရင် သူတို့ရဲ့ မျက်ကွယ်မှာ ပြစ်ဒဏ်စီရင်ခြင်း ခံထားရသူများ ဖြစ်ပါတယ်။

သာမန်ပြည်သူတစ်ယောက်တောင် အခြေခံရပိုင်ခွင့်တွေ လက်လွတ်ဆုံးရှုံးနေရပြီဆိုတော့ ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားများအဖို့ ဆိုဖွယ်ရာ မရှိလောက်အောင် ဆိုးဝါးလှတဲ့ ဘဝတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ မြန်မာနိုင်ငံက အကျဉ်းထောင်တွေဟာ လူသားချင်းစာနာမှု ကင်းမဲ့လှပြီး ငရဲတမျှ ကြောက်လန့်စရာ ဖြစ်ပါတယ်။ အကျဉ်းထောင်ထဲကို ရောက်ပြီဆိုတာနဲ့ လူ့ဂုဏ်သိက္ခာ အားလုံးမရှိတော့ဘဲ အာဏာပိုင်တွေရဲ့ ဥပဒေမဟုတ်တဲ့ အနိုင်အထက်ကျင့်မှုတွေကြားမှာ ကျန်မာရေးစောင့်ရှောက်မှု ကင်းမဲ့ခြင်း၊ ဖြစ်သလိုချက်ပြုတ်ထားတဲ့ အစားအသောက်၊ မိသားစုနဲ့ လွယ်လင့်တကူ ဆက်သွယ်ခွင့်မရမှု စတဲ့အရာတွေနဲ့ ရင်ဆိုင်ရင်း ချို့တဲ့စွာ နေထိုင်ကြရပါတယ်။ နိုင်ငံရေးအကျဉ်းသားများဟာလည်း ဒီလိုနှိပ်စက်မှုတွေကို အံတုရင်း သူတို့ရဲ့ ယုံကြည်ချက်အတွက် ရှင်သန်နေကြရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက လူမဆန်မှုတွေဟာ တော်ရုံစိတ်ဓာတ်လောက်နဲ့ဆိုရင် တခြားနှိပ်စက်မှုတွေ မခံစားရဘဲနဲ့တောင် အသက်ပါ သေဆုံးသွားနိုင်ပါတယ်။

အကျဉ်းထောင်တွေထဲမှာ အကျဉ်းချခြင်း ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားများ အနေနဲ့ အကျဉ်းထောင်ထဲကို ရောက်ပြီဆိုတာနဲ့ လူ့တန်ဖိုးအားလုံးကို ခဝါချလိုက်ရပါတော့တယ်။ သူတို့ဟာ နိုင်ငံရေးသမားဆိုရင် တိုင်းပြည်ကို ဖျက်ဆီးသူလို့ မှိုင်းတိုက်ခြင်းခံထားရတဲ့ အကျဉ်းထောင်အာဏာပိုင် ဝန်ထမ်းတွေရယ်၊ ရာဇဝတ်မှုနဲ့ အကျဉ်းချထားခြင်း ခံထားရတဲ့ အကျဉ်းသားများရဲ့ အုပ်ချုပ်မှုတွေရယ်ကို မလွဲမသွေ ခံစားရမှာ ဖြစ်ပါတယ်။ သာမန် ရာဇဝတ် အကျဉ်းသားများနဲ့ မတူတဲ့အချက်ကတော့ ပြင်ပက နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုအပေါ်မှာ မူတည်ပြီး ပိုမိုဖိနှိပ်ခြင်း ခံရတတ်သလို စစ်ထောက်လှမ်းများရဲ့ အချိန်မရွေး ဝင်ရောက် စစ်မေးခြင်းများကိုလည်း ခံရမှာ ဖြစ်ပါတယ်။ ဒီထက် ဆိုးတာကတော့ နိုင်ငံရေးအကျဉ်းသားများကို တရားမဲ့စွာ ထောင်ဒဏ်တိုးမြှင့်ခြင်းပါပဲ။

နိုင်ငံရေးအကျဉ်းသားများအဖို့ အကျဉ်းထောင်ထဲကို မရောက်ခင်မှာ စစ်ထောက်လှမ်းရေးများရဲ့ နည်းမျိုးစုံ ညှဉ်းဆဲမှုများကို ခံစားခဲ့ကြရပါတယ်။ တချို့သူတွေဆိုရင် အဲဒီစစ်ဆေးရေးစခန်းများမှာတင် အသက်ဆုံးပါး ခဲ့ကြရရှာပါတယ်။ ဒီအဆင့်ကို ဖြတ်ကျော်လာခဲ့တဲ့ သူတွေမှာလည်း စိုးရိမ်ထိတ်လန့်မှုတွေရဲ့ နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ အနည်းနဲ့အများ ကပ်ငြိလာကြပါတယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသားအချို့ဟာ စိတ်ရောဂါဝေဒနာသည်တွေ ဖြစ်မှန်းမသိ ဖြစ်သွားပါတော့တယ်။

ရာဇဝတ်ကျူးလွန်လို့ အကျဉ်းကျတာ မဟုတ်တဲ့ အကျဉ်းသားများအနေနဲ့ အပြစ်မရှိဘဲ အနိုင်ကျင့်ခံကြရပြီး ကိုယ်မှန်တယ်ထင်ရာ ပြောခွင့်မရှိ၊ ကိုယ့်ရပိုင်ခွင့် အခွင့်အရေးကို တောင်းပိုင်ခွင့် မရှိတဲ့ အနေအထားမျိုးနဲ့ သူတို့ရဲ့ အကျဉ်းစံဘဝကို ဖြတ်သန်းကြရပါတယ်။ ဒါကြောင့် သူတို့ရဲ့ နေ့စဉ်ဘဝကို စိတ်ရော ကိုယ်ပါ အဖိနှိပ်ခံထားရတဲ့ ဘဝလို့ ပြောနိုင်ပါတယ်။ သေဒဏ်ပေးထားခြင်း ခံထားရသူတွေ၊ ၃၆ နှစ်၊ ၄၅ နှစ် စသဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားခြင်း ခံနေရသူများအနေနဲ့ ဘယ်လိုဖိစီးမှုတွေ ခံစားကြရမယ်ဆိုတာ စိတ်ကူးထဲမှာ တွေးကြည့်ရုံနဲ့ ကိုယ်ချင်းစာနိုင်ပါလိမ့်မယ်။

မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားများအနေနဲ့ လူ့အခွင့်အရေးတွေ ဘယ်လို ဆုံးပါးနေတယ်၊ လူသားချင်းစာနာမှု ကင်းမဲ့လှတဲ့ အုပ်စိုးသူ လူရမ်းကားတွေနဲ့ ရင်ဆိုင်နေကြရတယ်ဆိုတာကို သာဓက တစ်ခုနဲ့ သက်သေပြလိုပါတယ်။ အဲဒီ ဥပမာကတော့ တရားလက်မဲ့ပြုကျင့်မှုများအောက်မှာ မသေသင့်ဘဲ သေဆုံးခဲ့ရတဲ့ လူတစ်ယောက်အကြောင်းပါပဲ။ သူကတော့ ယခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က သာယာဝတီ အကျဉ်းထောင်အတွင်း အသက်ဆုံးပါးခဲ့ရတဲ့ ကိုစည်သူ (ခ) ကိုရဲနိုင် ရဲ့ ရင်နင့်စရာ အဖြစ်အပျက်ပါ။ သူ့ရဲ့ ကြေကွဲစရာ အဖြစ်အပျက်ကို ကြည့်လိုက်တယ် ဆိုရင်ပဲ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားများ ရင်ဆိုင်နေရတဲ့ အနေအထားကို တွေးကြည့် နိုင်ပါလိမ့်မယ်။

ကိုစည်သူက ကွယ်လွန်ချိန်မှာ အသက် ၃၅ နှစ်ပဲ ရှိသေးတယ်. ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်က လူရွယ်တစ်ဦးဖြစ်ပါတယ်။ သူဟာ ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလက ရန်ကုန်တက္ကသိုလ် (ကြည့်မြင်တိုင်နယ်မြေ) မှာ ပညာသင်ယူနေတဲ့ သတ္တဗေဒ ဒုတိယနှစ် ကျောင်းသား တစ်ဦးဖြစ်ပါတယ်။ အရေးအခင်းကာလ တလျှောက်လုံး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရေစီလှုပ်ရှားမှု အစည်းအရုံး (မကဒ)ရဲ့ ဗဟိုစည်းရုံးရေး တာဝန်ခံ တစ်ဦးအဖြစ်နဲ့ ပါဝင်ဆောင်ရွက် ခဲ့သူဖြစ်ပါတယ်။ သူ့ကို ၁၉၉၁ ခုနှစ်မေလမှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပြီး အဲဒီနှစ် ဒီဇင်ဘာလမှာ ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခဲ့ပါတယ်။ ပြစ်ဒဏ်မချခင် ၇ လ လုံးလုံး ရန်ကုန်òမိ့က အင်းစိန်ထောင်ထဲမှာ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို ပြစ်ဒဏ် တစုံတရာ မချမှတ်ဘဲ နှစ်ဝက်ကျော်လောက် ထောင်သွင်းအကျဉ်းချခဲ့တဲ့ လုပ်ရပ်ကို ကြည့်လိုက်ရင် မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ "မည်သူမျှ ဥပဒေအရ မဟုတ်သော ဖမ်းဆီးခြင်းကို ဖြစ်စေ၊ ချုပ်နှောင်ခြင်းကိုဖြစ်စေ၊ ပြည်နှင်ခြင်းကို ဖြစ်စေ မခံစေရ" ဆိုတဲ့ ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၇) မှာ ပါတဲ့အတိုင်း ကျင့်ဆောင်ခြင်းကို မခံရဘဲ စစ်ထောက်လှမ်ရေးရဲ့ ထင်သလို ဖမ်းဆီးခြင်းကို ခံကြရပါတယ်။

စစ်ထောက်လှမ်းရေးများက နိုင်ငံရေး လှုပ်ရှားသူတစ်ဦးကို "ဆွေးနွေးစရာ ရှိလို့ ခဏလိုက်ခဲ့ပါ" လို့ ပြောလိုက်ပြီဆိုရင် အဲဒီစကားလုံးရဲ့ နောက်မှာ အနိမ့်ဆုံးက နာရီပေါင်းများစွာ စစ်ဆေးမေးမြန်းခြင်းဖြစ်ပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခြင်းခံရနိုင်တဲ့အထိ ဆိုးဝါးတဲ့ အနေအထားရှိပါတယ်။ လက်ရှိအုပ်ချုပ်နေဆဲဖြစ်တဲ့ စစ်အာဏာပိုင်များအနေနဲ့ ဥပဒေကို အလွဲသုံးစားလုပ်ပြီး နိုင်ငံရေးလှုပ်ရှားသူများကို နှိပ်ကွပ်တဲ့နေရာမှာ တခါတရံ မှားယွင်းတဲ့ အမှုတွေကိုပါ စီရင်တတ်ပါတယ်။ ဒါကြောင့် အချို့သော နိုင်ငံရေးအကျဉ်းသားများဟာ လူမှားပြီး ပြစ်ဒဏ်စီရင်ထားခြင်းကို ခံကြရပါတယ်။ ဒါဟာလည်း တကယ်ဆိုးရွားလွန်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒီလိုအဖြစ်အပျက်မျိုး ကမ္ဘာမှာ ရှိနေသေးတယ်ဆိုတာ ဂုဏ်ယူစရာ မဟုတ်တာတော့ သေချာပါတယ်။ ဒါကို ကမ္ဘာ့လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးက ဝိုင်းဝန်း တည့်မတ်ဖို့ အရေးကြီး ပါတယ်။

ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခြင်းခံထားရတဲ့ ကိုစည်သူဟာ နောက်ပိုင်း ၁၉၉၂ ခုနှစ်မှာ စစ်အစိုးရက ၁ဝ နှစ် အထက် အကျဉ်းသားအားလုံးကို ၁ဝ နှစ်တည်စေခဲ့တာကြောင့် သူဟာလည်း ၁ဝ နှစ်တည်ခဲ့ပါတယ်။ ကိုစည်သူဟာ စတင်ထောင်ကျချိန်ကနေ ၁၉၉၅ ခုနှစ် သြဂုတ်လထိ အင်းစိန်ထောင်မှာ နေထိုင်ရပြီး နောက်ပိုင်းကာလ တလျှောက်လုံး ရန်ကုနò်မိ့နဲ့ ၇၈ မိုင်ဝေးတဲ့ သာယာဝတီ အကျဉ်းထောင်မှာ နေထိုင်ခဲ့ရပါတယ်။ ကိုယ်ခန္ဓြွာသေးသေးည‡က်ည‡က်သာရှိတဲ့ ကိုစည်သူဟာ တည်တည်တံ့တံ့နေထိုင်တတ်ပြီး မထင်မှတ်လောက်အောင် စိတ်ဓာတ်ခိုင်မာလှပါတယ်။ ဒါကြောင့်ပဲ အကျဉ်းထောင် ဥပဒေအရ တရားဝင် ပြန်လွှတ်ပေးရမယ့် ၁၉၉၉ ခုနှစ် မတ်လ မှာ ပြန်မလွှတ်ပေးဘဲ "ဆန့်ကျင်ဘက် နိုင်ငံရေးစိတ်ဓာတ် ပြင်းထန်နေဆဲဖြစ်သည်" ဆိုတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်မှုးကြီး တင်လှိုင်ရဲ့ မှတ်ချက်နဲ့ ဆက်လက်ချုပ်နှောင်ထားခဲ့ပါတယ်။ ဒီအချက်ဟာလည်း လူသားချင်း စာနာမှုကင်းမဲ့စွာ ðပမူတဲ့ လုပ်ရပ်ပါပဲ။ မိမိရဲ့ ဆွေမျိုးစု အသိုင်းအဝိုင်း၊ မိတ်ဆွေ အပေါင်းအသင်းများနဲ့ ဝေးကွာစွာ နေထိုင်ရပြီး အနေအစား၊ ကျန်မာရေးစောင့်ရှောက်မှု အရာခပ်သိမ်း ဆိုးဝါးလှတဲ့ အကျဉ်းထောင်ထဲမှာ ဆယ်စုနှစ်ချီနေရတဲ့ သူတစ်ယောက်အဖို့ စိတ်ဓာတ်ခွန်အား တစ်ခုတည်းနဲ့ ကြံ့ကြံ့ခံရတာပါ။ ဒီလိုနေထိုင်ခြင်းက ဆက်လက် ချုပ်နှောင်လောက်စရာ ပြစ်ချက် တစ်ခုဖြစ်မယ်ဆိုရင် အရာရာကို အရှုံးပေး အညံ့ခံရုံသာ ကျန်ပါတော့တယ်။

သာယာဝတီထောင်ဟာ သာယာဝတီမြို့နဲ့ အတန်ငယ်ဝေးပြီး ငှက်ဖျားရောဂါထူပြောရာ ပဲခူးရိုးမနဲ့ နီးကပ်စွာတည်ရှိပါတယ်။ ဒါကြောင့် အဲဒီထောင်မှာ အကျဉ်းကျနေသူတွေမှာ ငှက်ဖျားရောဂါ ကပ်ငြိပါလာတတ်စမြဲပါ။ ဒီအခြေခံကြောင့်ပဲ ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလမှာ ကိုစည်သူဟာ ငှက်ဖျားရောဂါ အပြင်းအထန် ဖြစ်ပွားပြီး အကျဉ်းထောင် အတွင်းက ဆေးရုံမှာ တက်ရောက်ခဲ့ရပါတယ်။ သူဟာ ငှက်ဖျားရောဂါကတဆင့် အူရောင်ငန်းဖျားရောဂါ ကိုပါ ဆက်လက်ခံစားခဲ့ရရှာပါတယ်။ မြန်မာနိုင်ငံက အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု အနေအထားဟာ òမိ့ပြတွေမှာတောင် အလွန်အမင်း ညံ့ဖျင်းနေတာမို့ အကျဉ်းထောင်အတွင်းက ကျန်းမာရေး စောင့်ရှောက်မှုဟာ တကယ့်ကို မည်ကာမတ္တ ဖြစ်ပါတယ်။ ဒါကြောင့် ကိုစည်သူအနေနဲ့ လိုအပ်တဲ့ဆေးဝါးများကို ကိုယ်ပိုင်ငွေနဲ့ ဝယ်ယူခဲ့ရပါတယ်။ ဒီလိုဝယ်ယူနိုင်ဖို့တောင် မိသားစုနဲ့ ဆက်သွယ်ရရှိနိုင်မှု၊ ဆေးဝါးဝယ်ယူခွင့် ရရှိဖို့တို့အတွက် တောင်းဆိုမှုတွေပြုလုပ်ခဲ့ရပါတယ်။ အတန်ကြာ ဆေးဝါးကုသပြီးလို့ ဆေးရုံက ဆင်းလာခဲ့ရပေမယ့် ပုံမှန်အနေအထားကို ပြန်လည်မရောက်ရှိလာဘဲ ငှက်ဖျားရောဂါက ဆက်လက်ဖိစီးခဲ့ပါတယ်။

သူရဲ့ဝေဒနာဟာ အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာတာမို့ ၂ဝဝဝ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ထောင်တွင်းဆေးရုံကို ထပ်မံတက်ခဲ့ရတယ်။ ဒါပေမယ့် သူရဲ့ ကိုယ်အပူချိန်က ၁ဝဝ- ၁ဝ၂ ဒီဂရီ ဖာရင်ဟိုက် ကနေ မလျော့ကျခဲ့ပါဘူး။ ဝေဒနာကို ဆက်တိုက်ခံစားနေရတဲ့ ကိုစည်သူက သူ့ရဲ့ ဝေဒနာနဲ့ ပတ်သက်ပြီး ဓာတ်ခွဲ စမ်းသပ်မှုကအစ သေသေချာချာ လုပ်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုတော့မှ ခရိုင် အရပ်ဘက်ဆေးရုံနဲ့ တွဲဖက်စမ်းသပ်ခွင့် ရရှိခဲ့ပါတယ်။ ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်း တို့ပြုလုပ်ပြီးမှ ဒီဇင်ဘာလဆန်းမှာ ထောင်တွင်း ဆရာဝန်ရဲ့ "Unknown Fever" ဆိုတဲ့ မှတ်ချက်နဲ့ သာယာဝတီ ခရိုင်ဆေးရုံကြီးရဲ့ သီးခြားအချုပ်ခန်းမှာ ပြောင်းရွှေ့ကုသစေခဲ့ပါတယ်။ ဒီလို အခြေအနေမျိုးမှာတောင် လွတ်ရက်စေ့ပြီး အကျဉ်းသားတစ်ဦးကို ဆက်လက် ဖမ်းဆီးထားတာကို ကြည့်ခြင်းအားဖြင့် မြန်မာစစ်အာဏာပိုင်များရဲ့ လူသားချင်းကိုယ်ချင်းစာနာစိတ် ကင်းမဲ့စွာပြုမူပုံကို တွက်ဆနိုင်ပါတယ်။

ဆေးရုံမှာ တစ်လကျော် ကုသပြီးတဲ့နောက် ၂ဝဝ၁ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက်နေ့မှာ ထောင်ကို ပြန်လည်ပို့ဆောင်လိုက်ပြန်ပါတယ်။ လွတ်ရက်စေ့ပေမယ့် မလွှတ်ဘဲ ဆက်လက်ဖမ်းဆီးခြင်း ခံထားရတဲ့ ကျန်းမာရေး အခြေအနေ ဆိုးရွားနေသူ အကျဉ်းသားတစ်ယောက်ရဲ့ ဘဝကို မျက်ကွယ်ðပထားခြင်းများဟာ လွန်စွာ အကျည်းတန်လှတာမို့ လွတ်လပ်စွာ ရှင်သန်ကြီးပြင်းခွင့်ရတဲ့ လူ့အဖွဲ့အစည်းထဲက လူတွေအဖို့ ယုံချင်မှ ယုံပါလိမ့်မယ်။ ဒါပေမယ့် မြန်မာစစ်အာဏာပိုင်များအနေနဲ့ သားသတ်သမားဟာ သူ့ရှေ့မှောက် ရောက်ရှိလာတဲ့ ဘယ်သတ္တဝါကိုမဆို သတ်ဖို့ ဝန်မလေးသလို အကြင်နာတရားကင်းဝေးစွာ ပြုကျင့်နေခဲ့တာကတော့ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပါပြီ။ အကျဉ်းထောင်ထဲကို ပြန်ရောက်လာတဲ့ ကိုစည်သူဟာ တီိဘီရောဂါ ပျောက်ဆေးတွေကို ထောင်တွင်းဆရာဝန် ညွှန်ကြားတဲ့အတိုင်း ၆ လလောက် သောက်ခဲ့ရပါတယ်။ ထူးခြားတာက သူ့ကို ညွှန်ကြားတဲ့အညွှန်းက ပုံမှန်ကုထုံးအညွှန်း မဟုတ်တာပါပဲ။ ကိုစည်သူမှာ HIV ပိုး ကပ်ငြိနေခဲ့ပြီ ဆိုတာကိုလည်း ကြားကြရပါတယ်။

မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ တစ်ခါသုံး ဆေးထိုးအပ် အသုံးðပခွင့် မရရှိဘဲ ဆေးထိုးအပ် တစ်ချောင်းတည်းနဲ့ လူများစွာကို ကုသတာကြောင့် HIV ပိုး၊ တီဘီရောဂါ ကူးစက်ခြင်း စတာတွေကို ကြုံတွေ့ကြရပြီး အဲဒီ ကူးစက်ရောဂါတွေကြောင့် သေဆုံးရသူတွေ မနည်းပါဘူး။ ဒါကြောင့် ကိုစည်သူမှာ HIV ပိုး ကပ်ငြိနေပြီ ဆိုတာကို မဖြစ်နိုင်ပါဘူးလို့ ဘယ်သူကမှ ကာကွယ်ပြောဆိုနိုင်ခြင်း မရှိတာဖြစ်ပါတယ်။ မိုးရာသီဖြစ်တဲ့ ဇွန်လ ၂ဝ ရက်နေ့မှာ ကိုစည်သူဟာ ရာသီဥတုဒဏ်ကြောင့် အအေးမိပြီး ဖျားပါတော့တယ်။ ထောင်တွင်းဆရာဝန်ကို ပြသပေမယ့် ရောဂါအခြေအနေ မေးမြန်းခြင်း မရှိ၊ ဆေးဝါးကုသမှု မပေးဘဲ သာမန်အကိုက်အခဲ ပျောက်ဆေးသာ ပေးခဲ့ပါတယ်။ ဒီလိုနဲ့ လေးရက်ကြာတဲ့ အချိန်မှာတော့ အပူချိန် ၁ဝ၃ ဒီဂရီ ဖာရင်ဟိုက်အထိ ရှိခဲ့ပြီး အသက်ရှူ ခက်ခဲလာတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ဒီလိုအချိန်ထိ ထိရောက်တဲ့ ကုသမှု မပေးခဲ့ပါဘူး။ ဇွန်လ ၂၇ ရက်နေ့မှာ အပူချိန်က ၁ဝ၇ ဒီဂရီထိ မြင့်တက်လာခဲ့ပြီး အစာအာဟာရ စားသောက်နိုင်ခြင်း မရှိတော့တဲ့ အခြေအနေကို ရောက်ရှိသွားပါတယ်။ ဒါကြောင့်မို့ ဝေဒနာဒဏ်ကို လုံးဝ ခံနိုင်ရည်မရှိတော့ဘဲ ခန္ဓွာကိုယ်မှာ ရေဓာတ် သိသိသာသာ ခန်းခြောက်သွားပါတော့တယ်။

ဒီအချိန်ကို ရောက်မှ ထောင်တွင်းဆရာဝန်က ကုသမှု တစုံတရာပေးခဲ့တယ်။ ဒါပေမယ့် လူနာဟာ အသက်ရှူပုံ အနေအထားမမှန်တော့တဲ့ အနေအထား ရောက်နေတာတောင် အူရောင်ငန်းဖျားနဲ့ ငှက်ဖျား ဖြစ်နိုင်တယ်ဆိုတဲ့ မှတ်ချက် လောက်သာပေးပြီး အောက်ဆီဂျင်ပေးခြင်း၊ အစာပိုက်သွင်းခြင်း စတဲ့ ကုသမှုမျိုးတွေကို မပေးခဲ့ပါဘူး။ ဇူလိုင်လ ၆ ရက်နေ့ကျမှ ခရိုင်ဆရာဝန်ကြီးနဲ့ အထူးကုဆရာဝန်ကြီး တစ်ဦးတို့ ရောက်လာပြီး ကုသပုံ ပြောင်းလဲစေပါတယ်။ သူတို့က လူနာဟာ အဆုတ်ရောင်ပြီး အသည်းကြီးနေတယ်လို့ ကောက်ချက်ပေးကြပါတယ်။ အခြေအနေက ပိုမိုဆိုးရွားလာတာကြောင့် နောက်တနေ့မှာ ခရိုင်ဆေးရုံကြီးကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမယ့်လည်း အများသူငါနဲ့ တန်းတူမဟုတ်တဲ့ ဆေးရုံက သီးသန့်အချုပ်ခန်းကိုပဲ ဖြစ်ပါတယ်။ ဆေးရုံပြောင်းပြီး ၅ ရက်အကြာ ဇူလိုင်လ ၁၂ ရက်မှာတော့ ကိုစည်သူဟာ သီးခြားအချုပ်ခန်းထဲမှာပဲ ကွယ်လွန်သွားခဲ့ပါတော့တယ်။ မြန်မာနိုင်ငံအတွင်းမှာ အကျဉ်းကျနေရတဲ့ နိုင်ငံရေး အကျဉ်းသားများအဖို့ အကျဉ်းထောင်ထဲမှာ ဘယ်လောက်ဆိုးရွားတဲ့ အနေအထားတွေနဲ့ ရပ်တည်နေကြရတယ်ဆိုတာကို သူရဲ့ အသက်နဲ့ ရင်းပြီး သက်သေပြသွားခြင်းပဲ ဖြစ်ပါတယ်။

အာဏာပိုင်များရဲ့ နိုင်လိုမင်းထက်ပြုမူပုံက ဒီလောက်နဲ့ မရပ်သေးပါဘူး။ ကိုစည်သူ ကွယ်လွန်ပြီးချိန်မှာ သူ့ရဲ့ နာရေးသတင်းကို သတင်းစာတွေထဲမှာ ထည့်ဖို့ သူ့အပေါင်းအသင်းတွေက စီစဉ်ကြပါတယ်။ အံ့သြဖို့ ကောင်းတာက ကိုစည်သူသေဆုံးတဲ့ သတင်းက သတင်းစာတိုက်ဆီ ကြိုပြီးရောက်နေပါတယ်။ ဒီလို ကြိုရောက်နေလို့ အဆင်ပြေပြေ ဖြစ်သွားလိမ့်မယ်လို့တော့ မယူဆလိုက်ပါနဲ့။ ဒါဟာ သေသူတစ်ဦးအတွက် နောက်ဆုံးအခွင့်အရေးကို ပိတ်ပင်ဖို့ ကြိုးစားတဲ့ နည်းလမ်းတစ်ရပ်သာ ဖြစ်ပါတယ်။ ကိုစည်သူရဲ့ နာရေးကြော်ငြာသတင်းကို ဘယ်သတင်းစာတိုက်မှာမှ ထည့်လို့ မရခဲ့ပါဘူး။ သုံးလေးစောင်လောက်သာ ရှိတဲ့ သတင်းစာတွေကလည်း စစ်အစိုးရလက်အောက်ခံ သတင်းစာတွေဆိုတော့ ဘယ်လိုမှ မတတ်နိုင်ကြပါဘူး။ ဒီလိုနဲ့ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ရဲ့ ဘဝဟာ စစ်အာဏာပိုင်များရဲ့ လူမဆန်မှုအောက်မှာ စတေးလိုက်ရပါတော့တယ်။

ဒီဖြစ်ရပ်ကို ကြားလိုက်ရသူတွေအနေနဲ့ မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးအကျဉ်းသားများ ရင်ဆိုင်နေရတာ ဒီလောက်ထိ ဆိုးဝါးပါလားလို့ တွေးမိမှာ မလွဲပါဘူး။ ဖြည့်စွက်ပြီး ပြောချင်တာကတော့ ဒီဖြစ်ရပ်ကို အဆိုးဆုံးဖြစ်ရပ်လို့ မယူဆစေချင်တဲ့ ဆန္ဒဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ထက်ပိုပြီး ဆိုးရွားတဲ့ ဖြစ်အင်တွေရှိနေလို့ပါပဲ။ တခါတလေ ကျတော့ အာဏာပိုင်များရဲ့ မတရားပြုကျင့်မှုကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရတဲ့ ဖြစ်ရပ်တွေက ပုံစံကွဲပြားစွာ တွေ့မြင်ကြားသိ နေကြရတာမို့ ဘယ်သူ့အဖြစ်ဟာ ဘယ်သူ့ထက်ပိုပြီး ဆိုးတယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဖြစ်ကြရပါတယ်။ ဒါတွေဟာ စစ်အာဏာရှင်စနစ်အောက်က တိုင်းပြည်တစ်ခုရဲ့ ပုံရိပ်ပဲ ဖြစ်ပါလိမ့်မယ်။

ကမ္ဘာပေါ်ကလူအများဟာ အမှန်တရားကို မြတ်နိုးတယ်။ အမှန်တရားဘက်က တကယ်ပဲ ရပ်တည်တယ်ဆိုတာကို မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေက မျှော်လင့်နေကြပါတယ်။ အာဏာရှင် စနစ်ဆိုးကို ကမ္ဘာကြီးတစ်ခုလုံးက လက်မိခံတော့ဘူးဆိုတာကို ယုံကြည်ချင်နေကြပါတယ်။ ဒါ့အပြင် မတရားဖိနှိပ်ရက်စက်မှုတွေကို ဘယ်လောက်ရွံမုန်းပြီး ဘယ်လိုရှုတ်ချတယ်ဆိုတာကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်လိုကြပါတယ်။ နည်းပညာတိုးတက်မှုတွေအရ ကျဉ်းမြောင်းသွားပြီလို့ ပြောဆိုနေကြတဲ့ ကမ္ဘာကြီးဟာ လက်နက်နဲ့အနိုင်ယူပြီး ပြည်သူလူထုကို နှိပ်စက်နေကြသူ လူနည်းစုအတွက် နေရာပေးမှာလား၊ လူများစွာရဲ့ ဘဝတွေကို ကယ်တင်မလားဆိုတာကတော့ အချိန်ကပဲ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ ။

ထိန်လင်း
၂၄၊ ၁ဝ၊ ၂ဝဝ၁

Posted: 11 Jan 2012 08:49 AM PST




submission for THE ART OF FREEDOM FILM FESTIVAL

the story about a prostitute who is working at night & an officer who try to chase her.
the actress is real professional prostitute.

Posted: 11 Jan 2012 08:26 AM PST



9 ရက်နေ့က မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ သတင်းစာရှင်းလင်းပွဲ

သိပ်မကြာသေးခင်ရက်ပိုင်းက ငွေငါးထောင်နဲ့ ဂျီအက်စ်အမ်မိုဘိုင်းလ်ဖုန်း သုံးလို့ ရအောင်လုပ်မယ့် စီမံကိန်းတစ်ခုကို နိုင်ငံတော် သမ္မတရုံးကို ပရိုပိုဆယ်လ် တင်ထားတယ်လို့ ရွှေပြည်တံခွန် ကုမ္ပဏီက ၃-၁-၂၀၁၂ နေ့ ပါ့ခ်ရွိုင်ရယ်လ်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောခဲ့ တယ်ဆိုတဲ့ သတင်းလေးလဲ အားလုံးကြားကြမယ်လို့ ထင်ပါတယ်။

အဲလို ဘဲ မြန်မာပြည်က လူတန်းစားအလွှာ အသီးသီးကလဲ ၀မ်းသာအားရ ကြိုဆိုချင်ခဲ့ကြတဲ့ သတင်းပါ။ အန်တီကြီးတစ်ဦးဆို ဘာပြောလဲ ဆိုတော့ အဲဒီ ဖုန်းထွက်ရင် ငါ့ယောင်္ကျားကို တစ်လုံးဝယ်ပေးထားဦးမှဘဲ ဆိုပြီး ပြောရှာပါတယ်။ ဒါမှ အိမ်မှာ အလုပ် ပေါ်ရင် ချက်ချင်းဆက်သွယ် လို့ရမယ်ပေါ့။ သူပြောလိုက်တာ ရယ်စရာမဟုတ်ပါဘူး ။ သူတကယ်နှစ်နှစ်ကာကာ ပြောလိုက်တာပါ။ ဒါဟာ ဆက်သွယ်ရေးပါ။ အားလုံး လိုချင်တဲ့ မျှော်လင့်ချက်ပါ။ အရင်တုန်းက ကိုရီးယား ကားလေးတွေထဲ က ကျောင်းသားလေးတွေ ဟန်းဖုန်းတကိုင်ကိုင်ကို တီဗွီမှာ မြင်ရပြီး အားကျခဲ့ကြရတဲ့ ပြည်သူလူထုကြီးတရပ်လုံးက ၀မ်းသာအားရ ။ ငါ့သားလေးကို ကျောင်းသွားရင်လဲ ဟန်းဖုန်းလေး ၀ယ်ပေးထားမှ။ ဒါဆို သူ တစ်ခုခု ဖြစ်ရင် ငါ့ကို ချက်ချင်းဆက်သွယ်လို့ရတယ်။ ဒီလို အသေးဖွဲလေးတွေကနေ လုပ်ငန်းအလယ်လတ် လုပ်ကြသူတွေ အဆုံး ဒီသတင်း ကြားမှာ ပြုံးလို့ပျော်လို့ ပေါ့။ အိမ်နီးနားချင်းတိုင်းပြည်တွေနဲ့ ပခုံးတိုက်ပြီး တို့လဲ မိုဘိုင်းဖုန်းလေးတွေ သုံးနိုင်ပြီဆိုပြီး မော်လို့ ကျော်လို့ တော်လို့တောင်ပြောလို့မရတဲ့ သတင်းလေ။

အဲဒီသတင်းနဲ့ မရှေ့ မနှောင်းမှာဘဲ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ကြေးနန်း ဆက်သွယ်ရေးနှင့် စာတိုက် သင်တန်းကျောင်းမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက လက်ရှိပေးနေတဲ့ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အပြီးမှာ သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦး ကို သတင်းသမား တစ်ဦးဦး က အင်တာဗျူး ခဲ့ပုံရတဲ့ သတင်းလေးကလဲ ပြန့်လွင့်လာပြန် ကော ။ အဲဒီဟာကို ဗျာ အတိုချုပ်ပြန်ပြောရရင်တော့ ဥပဒေအရ မဖြစ်နိုင်သေးဘူး ဆိုတဲ့ ဟာက တစ်ချက်ပေါ့ ။ ဆက်သွယ်ရေးလုပ်ငန်းကို နိုင်ငံတော်အနေနဲ့သာ လုပ်ခွင့်ပေးထားတယ်ပေါ့ ဒီလို မျိုး ဖြေသွားတယ်။ အဲလိုလေးဖတ်လိုက်ရပါတယ်။ နောက်တစ်ချက်က ဆက်သွယ်ရေးနဲ့ ပေါင်းလုပ်မှ ဖြစ်မယ် ။ အဲလိုမျိုးလဲ ပြောသွားတာတွေ့ရပါတယ်။ နောက်တစ်ခုက ဆက်သွယ်ရေးနဲ့ ပေါင်းမလုပ်ရင် အခု ဆက်သွယ်ရေးက ချပေးထားတဲ့ ဖုန်းတွေ ကို ခေါ်ဆိုလို့ မဖြစ်နိုင်တာရယ် ။ နိုင်ငံခြားကို ဖုန်းခေါ်ဖို့ အတွက်ကိုလဲ ဆက်သွယ်ရေး လက်အောက်ကွန်ယက်ကို သာ ဖြတ်ရမှာမို့ မဖြစ်နိုင်တာရယ် ကို ပြောသွားတာတွေ့ရတယ်။ နောက်တစ်ချက်က ဆက်သွယ်ရေးကို မဆက်သွယ်ဘဲ နိုင်ငံတော် သမ္မတရုံးကို တင်ခဲ့တာ မို့ ဆက်သွယ်ရေး အနေနဲ့ သေချာမသိလို့ ထင်မြင်ချက်မပေးလိုဘူးလို့ ပြောခဲ့တာလဲ တွေ့ခဲ့ရတယ်။

မျှော်နေတဲ့ လူထဲလဲ အဲ ဒီ သတင်းနှစ်ပုဒ်ကြားမှာ မပြုံးဘဲ နဲ့ ၀ါးလုံးကွဲ ရယ်ဖို့ အတော်ခက်လို့ အပျော်လေးတွေလဲပျက်သလိုလို ဖြစ်သွားကြရတယ်ပေါ့ဗျာ။ ဒါပေမယ့် သမ္မတရုံးက ဒါကို ဘယ်လို အဖြေပေးမယ်ဆိုတာတော့ ခုထိ မသိသေးပါဘူး ။

နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံဥပဒေရဲ့ အပိုဒ် (၃၅) မှာ ရေးထားတာက"နိုင်ငံတော်၏ စီးပွားရေး စနစ် သည် ဈေးကွက် စီးပွားရေး စနစ်ဖြစ်သည်။ ဆိုတာပါပါတယ်။ ဒါဟာ ဈေးကွက်စီးပွားရေး ရှုထောင့်ကနေ ကြည့်ရင် တော့ ခွင့်ပြုပေးချင်စရာပါ။ နိုင်ငံတကာမှာလဲ ဆင်းကဒ်တွေရဲ့ ဈေးက အဲလောက်ဘဲရှိပါတယ်။ ပြည်တွင်းခေါ်ဆိုခတွေဆိုလဲ သိပ်သက်သာပါတယ်။

အပိုဒ် (၃၆)

နိုင်ငံတော်သည်

(က) အမျိုးသားစီးပွားရေး တိုးတက် ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်၊ ဒေသဆိုင်ရာ အဖွဲ့ အစည်းများ ၊ ဖက်ဆက်အဖွဲ့ အစည်းများ ၊ ပုဂ္ဂလိက စသည့် စီးပွားရေးလုပ်ငန်းစု အားလုံးကို စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ပြုသည်လို့ ရေးထားပါတယ်။ ဒီတော့ ဒါဟာ နိုင်ငံတကာမှာ private လုပ်ခွင့်ပြုထားတဲ့ စီးပွားရေးလုပ်ငန်းဖြစ်တာမို့ နိုင်ငံတော်က သေချာစဉ်းစားပေးလိမ့်မယ်လို့ ထင်ရဖွယ်ရှိပါတယ်။

အပိုဒ် ၃၆ (ခ) မှာဘဲ စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦးတစ်ယောက်က ဖြစ်စေ၊ အစုအဖွဲ့က ဖြစ်စေ လက်ဝါးကြီးအုပ်ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားမှု ပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေချင်းမှ တားစီး ကာကွယ် ရမည်

ဆိုတာပါလေတော့ ဒါဟာ စီးပွားရေးလုပ်ငန်းတစ်ခုက တရားသဖြင့်ယှဉ်ပြိုင်ဖို့ ၀င်လာတာသာဖြစ်ပါတယ်။ နိုင်ငံတကာ နဲ့ ယှည်ရင် မြန်မာပြည်ရဲ မိုဘိုင်းဆင်းကဒ် ဈေးဟာ သိပ်ကြီးမြင့်နေသေးတာမို့ လူထုဘက်ကကြည့်ရင် ဒါဟာ သုံးစွဲနေရသူ လူထု အတွက် အကျိုးစီးပွားထိခိုက်ပါတယ်။ ဒီတော့ ဒီယှဉ်ပြိုင်မှုကို သမ္မတရုံး က ခွင့်ပြုမှာ လား မပြုဘူးလားဆိုတာကလဲစောင့်ကြည့်ချင်စရာပါ။

အပိုဒ် ၃၆ (ဂ) မှာဘဲ ဘာထပ်ပါသေးလဲ ဆိုတော့ အများပြည်သူတို့၏ နေထိုင်မှု အဆင့်တန်း မြှင့်တင်ရေးနှင့် အထွေထွေ အရင်းနှီးများ တိုးတက်ဖွံ့ဖြိုးရေးတို့ကို ရှေးရှု ဆောင်ရွက်မည် ဆိုတဲ့ အချက်ကို ပြန်ကြည့်မယ်ဆိုရင်လဲဒီလို အဖိုးနဲ ဖုန်းတွေသာ လူထုက တကယ်သုံးနိုင်ရင် လူထုအတွက် စီးပွားရေး လုပ်ဆောင်ရာမှာ ဖြစ်စေ အခြားသော ကျန်းမာရေး လူမှု ဆက်ဆံရေး အခြေနေများအတွက်ပါ အသုံးဝင်လှတာမို့ ဒါဟာ လူထုအတွက် အကျိုးတကယ်ရှိစေမယ့် အရာလေးကလဲ ဖြစ်နေပြန်တော့ သမ္မတရုံး ရဲ့ ဆုံးဖြတ်ချက်လေးကို ကြည့်ရဦးမှာပေါ့။

တစ်ချို့သောစီးပွားရေးလုပ်ငန်းတွေကို နိုင်ငံတော် အနေနဲ့ ၀င်ရောက်လုပ်ကိုင်ရခြင်းရဲ့ ရည်ရွယ်ချက် တစ်ခုမှာ က လူထု အကျိုးစီးပွားအတွက် အရှုံးခံသင့်တဲ့ စီးပွားရေးလုပ်ငန်းမျိုး အဲလို အခြေနေမျိုးတွေမှာ လူထု ကိုငဲ့ကွက်ပြီး အစိုးရက လုပ်တာရှိပါတယ်။ ယခု မိုဘိုင်းဖုန်းဟာ ဆက်သွယ်ရေးထက် သက်သက် သာသာ လုပ်ပေးနိုင်တာမျိုးပေါ်လာတဲ့ အခါမှာ ကြိုဆိုမလား ။ မကြိုဆိုဘူးလားဆိုတာကတော့ ပြောရ ခက်နေပါသေးတယ်။ ကဲ ဘယ်လို ဘယ်ပုံ လုပ်ဆောင်ကြမလဲဆိုတာတော့ ကျနော်လဲ မသိတာမို့ ကိုယ့် ဘာကိုယ်သာ တွေးကြည့်ကြပါလို့ တိုက်တွန်းပါရစေ။

Ko Wai(ကိုဝေ)

Posted: 11 Jan 2012 08:04 AM PST

source: Reuters

မြန်မာနှင့် အမေရိကန်တို့၏ ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာခြင်း ပြယုဂ်တစ်ခုအဖြစ် Microsoft Corp ဥက္ကဌ ဘီလ်ဂိတ်အပါအဝင် အမေရိကန် စီးပွားရေးခေါင်းဆောင်များ ကိုယ်စားလှယ်အဖွဲ့သည် မကြာမီ မြန်မာပြည်သို့ လာရောက်ကြမည်ဖြစ်ကြောင်း မြန်မာ့စက်မှုလုပ်ငန်း အရာရှိတို့က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်ဟု သိရသည်။ ကိုယ်စားလှယ်အဖွဲ့မှာ ဖေဖေါ်ဝါရီလအတွင်း လာရောက်ကြမည် ဖြစ်ပြီး အမေရိကန်၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများကြားမှ ယခုကဲ့သို့ ရောက်ရှိလာကြခြင်းမှာထူးခြားနေကြောင်း၊ မြန်မာ့အစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေးများ ဖေါ်ဆောင်နေချိန်နှင့် တိုက်ဆိုင်နေကြောင်း သိရသည်။

မြန်မာအရာရှိတို့အဆိုအရ အဆိုပါကိုယ်စားလှယ်အဖွဲ့သည် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရန်ရှိပြီး ပြည်တွင်းမှ အမေရိကန်အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရသော လုပ်ငန်းရှင်များအပါအဝင် မြန်မာ့ စီးပွားရေးခေါင်းဆောင်များနှင့်လည်း တွေ့ဆုံးဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ခင်မင်စွာဖြင့်

မောင်သစ်စိမ်း(MMCP)

Posted: 11 Jan 2012 07:54 AM PST



ရန်ကုန်ကို ပြန်ရောက်တဲ့ ဒီဇင်ဘာ လကုန်ပိုင်းရက်တွေမှာ အပြင်ထွက်တော့ မြင်တွေ့ရတဲ့ မြင်ကွင်းကြောင့် ထိတ်လန့် အံ့ဩသွားပါတယ်.. လမ်းပေါ်မှာကသွားလာနေတဲ့ ကားတွေထဲက ခပ်လတ်လတ် ကားသစ်နဲ့ တူတဲ့ ကားတစ်စီးဟာ နံပတ်ပြားမပါဘဲ မောင်းနှင်နေတာကို တွေ့ရလို့ပါဘဲ... ဒါပေမယ့် သိပ်မကြာခင်မှာ သတိပြုမိတာက အဲဒီလို နံပတ်ပြားမပါတဲ့ ကားတွေ ရန်ကုန်မြို့ရဲ့လမ်းတွေပေါ်မှာ ဥဒဟိုမောင်းနှင်နေကြတာ ကို သတိပြုမိတဲ့အခါ အင်မတန် အံ့အားသင့်ခဲ့ရတာပါ... နောက်တော့မှ သတင်းစာနဲ့ ဂျာနယ်တွေကို ဖတ်ကြည့်တဲ့အခါ အစိုးရအသစ်ရဲ့ စီမံချက်နဲ့ ဆိပ်ကမ်းက တင်သွင်းလာတဲ့ ကားတွေကို နေအိမ်ဒါမှမဟုတ် ဆိပ်ကမ်းကနေ လိုင်စင်ရုံး ( က.ည.န )ကို သွားရောက်တဲ့ အခါ မောင်းနှင်ခွင့်ပြုထားတာဖြစ်ပြီး ကျန်တဲ့ ကိစ္စတွေမှာ အသုံးမပြုဖို့ ကန့်သတ်ထားတယ်လို့ ဆိုပါတယ်... ဒါ့အပြင် ဂျာနယ်တစ်ချို့နဲ့ သတင်းစာမှာ လည်း အဲဒီလို နံပတ်ပြားတပ်ဆင်ခြင်းမရှိဘဲ မောင်းနှင်နေတဲ့ ကားတွေကို အရေးယူဖို့ တိုက်တွန်းထား တာကို လည်း ဖတ်ရပြန်ပါရော....

ဒါပေမယ့် အခွင့်အရေးတစ်ခု ပေးလိုက်ရင် လက်တစ်ဆုံးနှိုက်ပြီး အခွင့်အရေးယူတတ်တဲ့စရိုက် ထွန်းကား နေလို့လားမသိပါ... ရန်ကုန်လမ်းမတွေပေါ်မှာ ကျနော် မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာခဲ့တဲ့ ဇန်နဝါရီလ ပထမပတ်အကုန်အထိ ရန်ကုန်လမ်းမပေါ်မှာ ပြေးလွှားမောင်းနှင်နေတဲ့ နံပတ်ပြားမဲ့ မော်တော်ယာဉ်တွေကို မြင်တွေ့နေရဆဲပါဘဲ.... တစ်ချို့ကားတွေကတော့ ဆိပ်ကမ်းက ထုတ်ပေးလိုက်ဟန်တူတဲ့ ( စက္ကူပေါ်မှာ လက်ရေး နဲ့ ရေးထားပြီး အစိမ်းရောင် လိုင်းနှစ်ခု အထက်အောက်တားပေးထားတဲ့ ) ယာယီနံပတ် လေးတွေကို ရှေ့မှန် နောက်မှန်မှာ ကပ်ထားပြီးမောင်းနှင်နေတာလည်း တွေ့ခဲ့ရပါတယ်.. ဒါပေမယ့် ဒီလိုကားတွေက အနည်းစု ဖြစ်ပြီး အများစု ကားတွေကတော့ နံပတ်နဲ့တူတာ တစ်ခုမှ မပါဘဲ ပုံမှာ ပြထားတဲ့အတိုင်း ကားရှုပ် လူရှုပ်တဲ့ လမ်းမ တွေပေါ်မှာ မောင်းနှင်နေကြတာကို တွေ့ခဲ့ရပါရဲ့...
ကျနော်ရောက်ဖူးသမျှ ဘယ်နိုင်ငံမှာမှ မမြင်မတွေ့ဖူးတဲ့ မြင်ကွင်းကို အမိမြန်မာပြည်မှာ တွေ့မြင်ခဲ့ရတာပါ... လမ်းမပေါ်မှာ မောင်းနှင်တဲ့ စက်တပ်ယာဉ်လို့ ခေါ်ဆိုနိုင်တဲ့ ယာဉ်တွေကို နံပတ်ပြားနဲ့ တပ်ဆင်ပြီး မောင်းနှင် စေခဲ့တာက ကမ္ဘာပေါ်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ... ဒါပေမယ့် ဒီကနေ့ ကျနော်တို့တိုင်းပြည်မှာကတော့ ခေတ်မီတယ်လို့ဘဲဆိုဆို ခေတ်နောက်ပြန်ဆွဲတယ်ပြောပြော စည်းမဲ့ကမ်းမဲ့ ဥပဒေမဲ့ တိုင်းပြည်တစ်ခုလို ဖြစ်နေတာ တွေ့ရတော့ စိတ်မကောင်းလှပါဘူး...

နောက်ထပ်ကြားသိခဲ့ရတဲ့ သတင်းတစ်ခုအရ အခုလို မော်တော်ယာဉ် အသစ် ( ပြည်ပကနေတင်သွင်းတဲ့ တစ်ပတ်ရစ် )တွေ အလုံးအရင်းနဲ့ တင်သွင်းတဲ့အချိန်မှာ အကောက်ခွန်ဌာနနဲ့ ဆိပ်ကမ်းဌာနလို ဌာနတွေ ကုန်သွယ်ရေးလို ဌာနတွေက one stop service ဆိုပြီး ဆိပ်ကမ်းထဲက အမြန်ဆုံးထုတ်ပေးနိုင်အောင် ဝန်ဆောင်မှုပေးကြတယ်လို့ဆိုပေမယ့် အဲဒီကားတွေကို တရားဝင် လိုင်စင်နဲ့ နံပတ်ပြားထုတ်ပေးနိုင်တဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ က.ည.န ရုံးကတော့ ဝန်ဆောင်မှုက တိုးတက်မလာသေးဘူးလို့ ဆိုပါတယ်... ကားတွေကို မှတ်ပုံတင်နိုင်ဖို့ တန်းစီနေတဲ့ လူတွေက ရာနဲ့ချီနေပြီး ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းအင်အားက တိုးချဲ့ထားတာ အသင့်ပြင်ထားတာမရှိတဲ့အတွက် အင်မတန်နှေးကွေးတဲ့ နှုန်းထားနဲ့ ကားသစ်တွေကို လိုင်စင်ပြုလုပ်ပေးနေတယ်လို့ သိရတဲ့အခါ ဝန်ကြီးဌာနအချင်းချင်း အချိတ်အဆက်မမိတဲ့သဘောကို သတိပြုမိစေပါတယ်.... ဒါ့အပြင် လတ်တလောအခြေအနေကို ကိုယ်ပိုင်ဉာဏ်နဲ့ သုံးသပ်ပြီး လိုက်လျော ညီထွေဖြစ်အောင် အများပြည်သူအဆင်ပြေအောင် ဝန်ဆောင်မှုပေးဖို့ ပျက်ကွက်ခဲ့တဲ့ ဌာနတွေ ရှိနေသေးတယ်... အဲဒီလို ခေတ်နဲ့လျော်ညီအောင် ပြောင်းလဲလုပ်ဆောင်ဖို့ အဆင့်အတန်းမမီတဲ့ ဝန်ကြီးတွေ တာဝန်ရှိသူတွေ ဟာလည်း အခုအချိန်အထိ အစိုးရယန္တယားထဲမှာ နေရာရနေတုန်းဘဲဆိုတာကို သတိပြုမိစေပါရဲ့.....

ပြောလက်စနဲ့ ဒီထဲမှာဘဲ ဆက်ပြောပါရစေ....

ကျနော်ရောက်ဖူးသမျှ ဘယ်နိုင်ငံမှာမှ အခုလို နံပတ်ပြားမပါတဲ့ကားတွေမောင်းနှင်နေတာ မမြင်မတွေ့ဖူးပါ ဘူး...
မြန်မာနိုင်ငံတစ်ခုတည်းမှာ မြင်တွေ့ရတာပါ.. ကျနော်လတ်တလောနေထိုင်တဲ့ ဂျပန်နိုင်ငံမှာတော့ တရားဝင် လိုင်စင် နံပတ်မရှိသေးတဲ့ ကားတွေအတွက် ]ခါရိဘန်းဂေါ့ } လို့ခေါ်တဲ့ အဖြူရောင်ပေါ်မှာ အနီရောင် ကန့်လန့်စင်းနဲ့ ယာယီနံပတ်ပြား ရှိပါတယ်... ကားအရောင်းဆိုင် ဒါမှမဟုတ် ကားအလုပ်ရုံတစ်ခုကနေ လိုင်စင်ဝင်ဖို့ သွားတဲ့လမ်းမှာ သုံးပါတယ်.. အဲဒီလိုမှမဟုတ်ရင် အဲဒီကားကို လုံးဝ မြေချမောင်းနှင်ခွင့်မရှိဘဲ ကားတင်တဲ့ ထရပ်ကားနဲ့ တင်ပြီး လိုင်စင်သွားလုပ်ရပါတယ်... ကားတစ်စီးကို လိုင်စင်ပြုလုပ်တာ ကြာချိန် အလွန်ဆုံး ဆယ့်ငါးမိနစ်ခန့်ဘဲရှိပါတယ်.. ယာဉ်ကိုစစ်တာနဲ့ လိုင်စင် နံပတ်ပြား အားလုံး ဆယ့်ငါးမိနစ်ဝန်းကျင်အတွင်း အားလုံးပြီးပါတယ်... ဒါက ကားအင်မတန်ပေါတဲ့ ဂျပန်နိုင်ငံက အခြေအနေကို အကြမ်းဖျဉ်းပြောပြတာပါ...
ဒီလိုဘဲ မြန်မာနိုင်ငံမှာလည်း ဆိပ်ကမ်းကနေ ထုတ်ယူတဲ့ ကားတွေကို မောင်းယူမယ်ဆိုရင် မဖြစ်မနေ တပ်ဆင်ဖို့ ယာယီနံပတ်ပြားကို စီစဉ်ပေးရပါမယ်... စီစဉ်ပေးတဲ့အတိုင်းမလိုက်နာတဲ့ ကားတွေကိုလည်း ဥပဒေနဲ့အညီ တိတိကျကျ အရေးယူရပါမယ်... ဒါမှ နိုင်ငံသားတိုင်း ဥပဒေရဲ့ အကာအကွယ် တပြေးညီရရှိခံစားရတယ်ဆိုတဲ့ အဓိပ္ပာယ်ရရှိနိုင်မှာဖြစ်ပါတယ်...

အခုလို နိုင်ငံတကာမှာ တွေ့ရခဲတဲ့ မြင်ကွင်းမျိုးကို ရန်ကုန်မှာ တွေ့ခဲ့ရတဲ့အတွက်... ]] NO 0NE IS ABOVE THE LAW, NO 0NE IS BEYOND THE LAW }}ဒီလို စကားလုံးတွေ မကြာခဏ ကြားနေရတဲ့ ကျနော်တို့ အမိမြေမှာ အခုလို ၁၉၆၄ မော်တော်ယာဉ်နည်းဥပဒေ တို့ ရာဇသတ်ကြီးတို့နဲ့ ကိုက်ညီခြင်း မရှိဘဲ လမ်းပေါ်မှာမောင်းနေတဲ့ ကားတွေကို သတင်းစာနဲ့ ဂျာနယ်တွေက ဘယ်လိုဘဲ ထောက်ပြနေ ပေမယ့်... ယာဉ်ထိန်းတပ်ဖွဲ့က ထိထိရောက်ရောက် အရေးယူခြင်း မရှိတာကို စိတ်မကောင်းစရာ တွေ့မြင်ရပါတယ်... မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ရင် နံပတ်ပြားမပါတဲ့ ယာဉ်ကို ဘယ်လို ခြေရာခံပြီး ဘယ်လိုအရေးယူမယ်ဆိုတာ စဉ်းစားလို့မရနိုင်တဲ့အတွက် လတ်တလော မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု အခြေအနေဟာ နိုင်ငံခြားက ကားသစ်ဝယ်စီးနိုင်တဲ့ နိုင်ငံသား တစ်နည်းအားဖြင့် ပိုက်ဆံရှိတဲ့လူတွေအတွက် ဘဲ အကာအကွယ်ပေးနိုင်ပြီး... ပိုက်ဆံမတတ်နိုင်လို့ ကားသစ်ဝယ်မစီးနိုင်လို့ လမ်းပေါ်မှာ ခြေလျင်လျှောက်နေတဲ့ လူ တွေ ဘတ်စ်ကားတိုးစီးနေတဲ့ ပြည်သူတွေအတွက် အကာအကွယ်မပေးနိုင်ဘူး လား ဆိုတာမေးခွန်းထုတ်စရာရှိပါတယ်..

ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ဆိုပြီး ချီတက်တဲ့နေရာမှာ အစိုးရဖက်က လုပ်ကိုင်ဆောင်ရွက်စရာတွေ အများကြီးရှိနေသလို ပြည်သူတွေဖက်ကလည်း ကိုယ်ပိုင်အသိစိတ်ဓါတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တာဝန်ရှိတဲ့အပိုင်းတွေအများကြီးရှိပါရဲ့... ဒါပေမယ့် တစ်ချို့တစ်ချို့သော စစ်အာဏာရှင်စံနစ်ရဲ့ နောက်မြီးဆွဲတွေ လက်ညှိုးထိုးဝါဒဖြန့်နေသလို စည်းမဲ့ကမ်းမဲ့ဖြစ်မှုတွေ... တိုးပွားလာတဲ့ ရာဇဝတ်မှုတွေကို ဒီမိုကရေစီနဲ့ ပေးစားဖို့တော့ မသင့်တော်ပါဘူး... ရာဇဝတ်မှုတွေရဲ့ အခြေခံဟာ စီးပွားရေးကျပ်တည်းမှုနဲ့ အုပ်ချုပ်ရေး( ဒါမှမဟုတ် ) ရဲတပ်ဖွဲ့ရဲ့ လျော့လျဲမှုကြောင့်ဖြစ်ရတာပါ... ဘယ်ဒီမိုကရေစီနိုင်ငံမှာမှ စားသောက်ဆိုင်မှာ ထိုင်နေတဲ့ လူတစ်ယောက်ကို အုပ်စုနဲ့ ဝိုင်းသတ်ခွင့်မပြုပါဘူး.... လူတစ်ယောက်ကို ကြိုးနဲ့ချည်ပြီး ကားနဲ့ ဆွဲသတ်ခွင့် မပြုပါဘူး... ထို့အတူ နံပတ်ပြားမပါတဲ့ ကားတွေကို လမ်းပေါ်မှာ မောင်းခွင့်မပြုပါဘူး...

ခိုးမှု၊ လုယက်မှု၊ လိမ်လည်မှု၊ လူသတ်မှု အစရှိတဲ့ ရာဇဝတ်မှုမျိုးစုံနဲ့ အကျဉ်းကျနေရတဲ့ အကျဉ်းသားများကို စေတနာမေတ္တာအပြည့်ထားပြီး အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးထားခဲ့တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးမှာ ရာဇဝတ်မှုတွေ တိုးပွားလာခဲ့ရင် အထွေအထူး အဖြေရှာနေစရာမလိုပါ.

... တိုင်းပြည်စီးပွားရေးအတွက် အခြေခံလူတန်းစားအတွက်... လက်တွေ့ကျတဲ့ လုပ်ဆောင်ချက် စီးပွားရေးတိုးတက်မှုတွေ ဖော်ဆောင်ဖို့ အားနည်းနေသေးမယ်ဆိုရင်... ရာဇဝတ်မှုတွေ တိုးပွားလာတဲ့ အတွက် အဖြေရှာနေစရာမလိုပါ.... ပိုက်ဆံတတ်နိုင်တဲ့လူတွေ ကားသစ်စီးခွင့်ရသလို ဆင်းရဲသား လက်လုပ်လက်စားတွေ ဘတ်စ်ကားချောင်ချောင်ချိချိ စီးနိုင်ဖို့... နေအိမ်ကနေ အလုပ်ခွင်ကို အချိန်တိုတိုနဲ့ သက်တောင့်သက်သာ သွားလာနိုင်ဖို့.... တဲနဲ့ နေရတဲ့ ဘဝကနေ ဇရပ်ဘေးမှာ အဖီထိုးပြီးနေရတဲ့ ဘဝကို အလုံးအရင်းနဲ့ ကူးပြောင်းနေရတာတွေ နည်းပါးသွားစေဖို့...အစရှိသဖြင့် အခြေခံလူတန်းစားများ အတွက်လည်း စဉ်းစားလုပ်ဆောင်ပေးကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျား...
MMCP မှkoshwemung အားကျေးဇူးတင်ရှိပါသည်..

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment