Thursday 1 March 2012








ဒီနေ့အတွက် ကျမ်းစာ ( ၄ )


မျှော်လင့်စရာ ရှိတယ်အခါ မျှော်လင့်ပါ
မျှော်လင့်ချက်မဲ့တဲ့ အခါ မဲ့လိုက်ပါ
လောကမှာ  ထာဝစဉ်ကံကောင်းရတာ
ဘယ်သူမှ မရှိနိုင်ပါ . . .

မျှော်လင့်ချက် ဘယ်လောက်ထားထား
ဆုံးရှုံးသွားရတဲ့အခါ
ဘာမှ မကျန်တော့ပါဘူး
မျှော်လင့်ချက် မရှိပေမယ့်
လက်ခံရရှိလာတဲ့အခါ
ပိုင်ဆိုင်လာပါတယ်
အဖြေဟာ မျှော်လင့်ချက်နဲ့မဆိုင်ပါဘူး
အဖြေဟာ စိတ်ထားနဲ့ပဲ ဆိုင်တယ် . . .

ပေးတဲ့အခါ ပေးပါ
ယူတဲ့အခါ ယူပါ
အပေးအယူမမျှတ တဲ့အခါ
အပေး ဖြစ်ဖြစ်
အယူ ဖြစ်ဖြစ်
ဘေး ဖြစ်လာမှာပါ . . .

ဒီနေ့ နာရမှာက
မျှော်လင့်ချက်ဆိုတဲ့ တရားပါ
ကဗျာဆရာ ဟာ
မျှော်လင့်ချက်ဆိုတဲ့အရာကြောင့်
နာဖျားနေတဲ့အခါ . . .


 မာဃလုလင်


No comments:

Post a Comment