Saturday 20 April 2013

ခင်ပွန်းနှင့်ယောက္ခမက ကိုယ်ဝန်သည်ဇနီးကို မကောင်းဆိုးဝါးဟု စွပ်စွဲသတ်ဖြတ်












ကုလားကိုလင်လုပ်ပြီး ကုလားဘာသာထဲပြောင်းဝင်၊ ကုလားတွေနဲ့  in-law အမျိုးတော်သွားတဲ့မြန်မာတိုင်း
ရင်းသူများ အထူးသတိပြုရန်



ခင်ပွန်းနှင့်ယောက္ခမက ကိုယ်ဝန်သည်ဇနီးကို မကောင်းဆိုးဝါးဟု စွပ်စွဲသတ်ဖြတ်
 
Details
Category: မောက္ခနိုင်ငံတကာသတင်း
Published on Tuesday, 16 April 2013
Written by ရွှေမောင်
ငယ်ရွယ်သည့် ကိုယ်ဝန်ဆောင်မိန်းခလေးတစ်ဦးကို မကောင်းဆိုးဝါးစီးနေသည်ဆိုသော စွပ်စွဲချက်ဖြင့် သတ်ပစ်လိုက်သည့် မိသားစုတစ်စုကို ဥပဒေကြောင်းအရ အရေးယူအပြစ်ပေးတော့မည်ဖြစ်ကြောင်း သိရ သည်။
ခင်ပွန်းသည်နှင့် အခြားမိသားစုဝင် သုံးဦးတို့သည် ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ် ၅၈ နှစ်အထိ ကျခံရဖွယ်ရှိကြောင်း ရှေ့နေတစ်ဦးကပြောကြားသည်။
မိသားစုလေးဦးအနက်မှ တစ်ဦးသည် အသက် ၂၁ နှစ်အရွယ်ရှိ နာလီယာ မမ်တက်ဇ်အား လည်ပင်းညှစ်နေချိန် တွင် အခြားသုံးဦးက နာလီယာကို ဖမ်းချုပ်ပေးထားကြသည်။ သူတို့က နာလီယာကိုယ်ခန္ဓာထဲတွင် ဝင်ပူးနေ သည့် မကောင်းဆိုးဝါးကို ထိုနည်းဖြင့် ထွက်သွားစေရန် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း ထွက်ဆိုကြသည်။
နာလီယာကို သတ်ဖြတ်ရန် ကြိုးပမ်းနေသူများထဲတွင် ခင်ပွန်းသည် မိုဟာမက် တူဆစ် မမ်တက်ဇ် ကိုယ်တိုင် ပါဝင်ပြီး ဇနီးသည်ကို အသက်ရှူကျပ်ပြီးသေသည်ဟု ထွက်ဆိုခဲ့သူဖြစ်သည်။ အခြား မိသားစုဝင် သုံးဦးမှာ အသက် ၅၁ နှစ်အရွယ်ဖြစ်သည့် မိဘနှစ်ပါး ဗီယာ အူဟတ်နှင့် ဆလမာ အက်စ်လမ်အပြင် အကိုဖြစ်သူ ဟာမက် ဟတ်စန်တို့လည်း ပါဝင်ခဲ့သည်။
တရားရုံးတွင် သုံးလအကြာ အမှုကို ကြားနာခဲ့ရာတွင် နာလီယာကို မိသားစုဝင်အားလုံးက မကြည်ဖြူ မနှစ် သက်ကြကြောင်း၊ ဇနီးသည်ကို မသေမချင်း လည်ပင်းညှစ်သတ်သည်မှာ ပေါ်လွင်ထင်ရှားကြောင်း သတ်မှတ် ဆုံးဖြတ်ကြသည်။
တရားသူကြီး ကိသ်က တရားခံများကို သေဒဏ်အထိချမှတ်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် အဘယ်ကြောင့် သတ်ရကြောင်း ခိုင်လုံသည့် အထောက်အထားများ မရရှိသေးကြောင်း၊ စွဲချက်တင်ရာတွင်လည်း အမှုနောက် ကွယ်တွင် လူသတ်ရန် လှုံ့ဆော်သော မည်သည့်အကြောင်းအချက်များရှိနေကြောင်းကိုလည်း ရှေ့နေများက တင်ပြရန် အားနည်းနေသေးသောကြောင့် အမိန့်ချရန် ဆိုင်းငံ့ထားလိုက်သည်။
တရားရုံးက ခင်ပွန်းဖြစ်သူ ကိုယ်ခန္ဓာ ပိုလီယိုဝေဒနာခံစားရပြီး အကြောဆွဲနေသည့် မမ်တက်ဇ်၏ ထွက်ဆို ချက်ကို ကြားနာရာတွင် သူနှင့် ဇနီးဖြစ်သူတို့သည် ဇာတိဖြစ်သော ပါကစ္စတန်တွင် လက်ထပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဇနီးသည် မကွယ်လွန်မီ ၁၄ လအလွန်က လက်ထပ်ခဲ့ခြင်းဖြစ်ကြောင်း၊ သူ၏ဇနီး ကွယ်လွန်ချိန်တွင် သူတို့၏ ပထမဆုံးကလေး ကိုယ်ဝန် ၆ လကိုလွယ်ထားကြောင်း သိရသည်။
လက်ရှိ သူတို့မိသားစုသည် ဘာမင်ဟန်မြို့တွင် နေထိုင်နေကြခြင်းဖြစ်ပြီး ဘာမင်ဟန်ဘုရင့်တရားရုံး၏ အမှုရင်ဆိုင်နေခဲ့ရသည်။ အိမ်နီ;ချင်းများ၏ အပြောအရ ကွယ်လွန်သူ နာလီယာသည် ပါကစ္စတန်သို့ ခေတ္တ ပြန်သွားပြီးနောက် ပြန်ရောက်လာသည့်အခါတွင် ကိုယ်ဝန်ရှိသည်ဟုပြောသဖြင့် သံသယဖြစ်နေကြသည် ဆိုသည့်စကားမှာလည်း စဉ်းစားစရာဖြစ်သည်။
သို့သော် မိသားစုများက နာလီယာတွင် ကိုရမ်ကျမ်းတွင် ပြဆိုထားသည့် မကောင်းဆိုးဝါး ပူးကပ်နေကြောင်း ထို့ကြောင့် ထိုမကောင်းဆိုးဝါးထွက်သွားစေရန် လည်ပင်းညှစ်ရခြင်းဖြစ်ကြောင်း ထွက်ဆိုချက်မှာလည်း လက်ခံနိုင်စရာ မရှိကြောင်း တရားရုံးက သုံးသပ်သည်။
အရှေ့တိုင်းအတွေးအခေါ်များကို မိမိတို့ အနောက်တိုင်း အနေဖြင့် နားလည်ရန်ခက်ခဲကြောင်း၊ သူတို့ နေထိုင် သည့် အဖွဲ့အစည်းအတွင်း မကောင်းဆိုးဝါးများရှိသည်ဟု ယုံကြည်လက်ခံမှုများရှိနေသည်မှာ ထင်ရှားကြောင်း၊ မိသားစုဝင်တစ်ဦးသည် နာလီယာ မကွယ်လွန်မီက မကောင်းဆိုးဝါးများကိုနှင်ထုတ်ရန် အိမ်တွင်း၌ ဆုတောင်း ဝတ်ရွတ်ပွဲများလုပ်ခဲ့သေးကြောင်း ရှေ့နေခရစ်တိုဖာဟော့တန်က ပြောကြားသည်။





--
http://www.burmaburo.blogspot.com

No comments:

Post a Comment