Saturday 10 March 2012




Posted: 09 Mar 2012 09:42 AM PST
မသန်စွမ်းသူများအရေး လွှတ်တော်အတွင်း တင်ပြ အဆိုပြု ဆွေးနွေးပေးရန်အတွက်  ကိုယ်တိုင် အကြားအာရုံချို့တဲ့
 နေရတဲ့ အသက်(၂၈)နှစ် ရှိပြီဖြစ်ပြီး မြန်မာစာအထူးပြုနဲ့ ဘွဲ့ရကာ
အလုပ်အကိုင် အခက်အခဲ ဖြစ်နေတဲ့ မောင်ဘိုဘိုကြိုင်(ခ) မောင်လူငယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့
တင်ပြတောင်းဆို ထားကြောင်းသိရှိရပါတယ်...။ နှစ်ပေါင်း (၅၀)အတွင်း မသန်စွမ်းသူများရဲ့ အရေးကို လျစ်လျှူရှူ
 ပစ်ပယ်ခံနေရတဲ့ အရေးအတွက် လွှတ်တော်အတွင်းမှာ တင်ပြဆွေးနွေးပေးရန် အဖွဲ့ချုပ်သို့ တင်ပြတောင်းဆိုခြင်း
 ဖြစ်ကြောင်း မသန်စွမ်းသူများရဲ့ နစ်နာနေရတဲ့ အဖြစ်၊ လျစ်လျူရှုခံနေရတဲ့
အဖြစ်ကိုလည်း အများသိစေလိုကြောင်း မောင်ဘိုဘိုကြိုင်(ခ) မောင်လူငယ်မှဆိုပါတယ်...။ 

မောင်ဘိုဘိုကြိုင်(ခ) မောင်လူငယ်ရဲ့ အဖိုးဖြစ်သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ထူထောင်ရာမှာ ပါဝင်ခဲ့ပြီး
၁၉၉၁ ခုနှစ် ဇွန်လ(၁၁)ရက်နေ့မှာ နဝတ အကျဉ်းထောင် အတွင်းမှာ ကျဆုံးသွားခဲ့ရတဲ့ စာရေးဆရာ မောင်သော်က
 (ခ) ဗိုလ်မှူးဘသော်ဖြစ်ပါတယ်..။ စာရေးဆရာ မောင်သော်ကလို့ လူသိများတဲ့ ဗိုလ်မှူးဘသော်ဟာ
ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်အစိုးရထံမှ လွှဲပြောင်းရယူခဲ့တဲ့ မေယုသဘောင်္ ဂုဏ်ပြုအလံတင်အဖွဲ့တွင်  ခေါင်းဆောင်
တဦးအဖြစ် ပါဝင်ခဲ့ပြီး ၁၉၈၇ခုနှစ်ခန့်က ပေဖူးလွှာ မဂ္ဂဇင်းတွင် ရေးသားခဲ့သည့် တိုက်ရေယာဉ်(၁၀၃)
 အခန်းဆက် ကိုယ်တွေ့ဖြစ်ရပ်များ ဝတ္ထုမှာ အင်မတန် လူကြိုက်များခဲ့ပါတယ်...။
၁၉၈၈ခုနှစ် လူထုအရေးတော်ပုံကြီးတွင် ရှေ့တန်းမှ ပါဝင်ခဲ့ပြီး စာနယ်ဇင်း သမဂ္ဂတွင် ဥက္ကဌ အဖြစ်
တာဝန်ယူခဲ့ပါတယ်..။ တပ်မတော်(ရေ)တွင် ဗိုလ်မှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုကော်မတီဝင် တဦးလည်းဖြစ်ခဲ့သည်..။
ပေါ်ပြူလာ ဂျာနယ်ပါ မောင်ဘိုဘိုကြိုင် (ခ) မောင်လူငယ် သတင်း....မသန်စွမ်းသူများ အရေးအတွက် အဖွဲ့ချုပ်သို့ ပေးစာ
Posted: 09 Mar 2012 08:48 AM PST
မတ်လ(၁၂)နေ့မှာ ကျရောက်မယ့်  ဘဘဦးဝင်းတင်ရဲ့ ၈၂နှစ်ပြည့် မွေးနေ့အကြိုစကား သဝဏ်လွှာ
ဘဘဦးဝင်းတင် စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာပြီး နိုင်ငံအကျိုးကို ဆက်လက်ထမ်းရွက်နိုင်ပါစေ... အသက်ရာကျော် ရှည်ပါစေ...
Posted: 09 Mar 2012 08:16 AM PST
ဥက္ကာပျံလိုလူစား

"ဘယ်သူ့ကိုမှ အားမကိုးဘူး။ သူကိုယ်တိုင် လောင်ကျွမ်းခံပြီးမှ ပျံသန်းတဲ့ လူသားမျိုးတွေ၊ ဥက္ကာပျံလို 
လူစားမျိုးတွေ"ဟု နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသား/သူများအား ဒေါက်တာထွန်းလွင် (မိုး/ဇလ)မှ
 ဂုဏ်ပြုချီးမွှမ်းသော စကားဖြစ်သည်။

နာရေးကူညီမှု အသင်း(ရန်ကုန်) မြောက်ဒဂုံရုံးချုပ်တွင် မြန်မာစာပေ ဟောပြောပွဲအဖြစ် ၂၀၁၁ ခုနှစ်၊
ဇူလိုင်လမှစတင်၍ လစဉ်လတိုင်း ကျင်းပပြုလုပ်ခဲ့ရာနဝမအကြိမ်မြောက်အဖြစ်ေ
ဒါက်တာထွန်းလွင် (မိုး/ဇလ)မှဟောပြောခဲ့ရာမိမိသည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အကြောင်းအား
 ကြားသိခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း၊ ဆရာကြီးဦးသုခ လက်ထက်အချိန်၌ အကယ်ဒမီကိုကျော်သူ၊
 ဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်မှအစ အခြားသောပုဂ္ဂိုလ်များ လုပ်ကိုင်စဉ် ကတည်းက
အသင်း၏ အကြောင်းအား အဝေးမှသာ ကြားသိခဲ့ရခြင်း ဖြစ်သော်ငြားလည်း ယခုကဲ့သို့ နီးနီးကပ်ကပ် မရှိခဲ့ကြောင်း၊
ယခုသည် ပထမဦးဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်ပြီး အသင်း၏ ဆောင်ရွက်မှုချက်များအား
လှည့်လည်ကြည့်ရှုခဲ့ရာ၌ လူမှုရေး ဆောင်ရွက်မှုများ၊ ကျန်းမာရေး စောင့်ရှောက်ခြင်း၊
 ဘေးဒုက္ခ ကျရောက်သည့် နေရာဒေသများရှိ ပြည်သူလူထုများထံသို့ မဆိုင်းမတွ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း
 စွန့်စွန့်စားစားဖြင့် ဒုက္ခရောက်သူများထံသို့ စေတနာဖြင့် ကူညီဆောင်ရွက်ရာတွင် လွယ်လွယ်ကူကူ မရှိလှသည့်
 ဒေသခံများ၏ အဆင်မပြေမှုများအစ ကြားသိရသည့်အခါများ၌ စိတ်ထဲမှ မချီးကျူး၍ မနေနိုင်အောင်ြ
ဖစ်မိပါကြောင်း၊ ဦးစီးဆောင်ရွက်နေကြသူများ အပါအဝင်၊ ဝန်ထမ်းများနှင့် လုပ်အားပေးများတို့သည်
 စေတနာအရာ၌ အလွန်ဖြူစင်ပြီးလူမှုရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသည့် လူများဖြစ်ကြသည့်အတွက်
 မိမိတက်ကျွမ်းသည့် မိုးလေဝသပညာ၊ သဘာဝဘေးအန္တရာယ်၊
ပတ်ဝန်းကျင်ရေးရာများဟောပြောခွင့်ရသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့်
 လောကအတွက် အလှဆင်နေကြသူများအားကျေးဇူးဆပ်ခြင်းတစ်မျိုးအဖြစ်ယူဆ၍ ဟောပြောမည်ဖြစ်ပြီး
 ဆရာကြီး တစ်ယောက်အဖြစ် ဟောပြောခြင်းမျိုး မဟုတ်ပါကြောင်း ကျေးဇူးရှိသည့် လူများအတွက်
 ပြည်သူ/သားများ ကိုယ်စား ကျေးဇူးဆပ်သည့် အနေဖြင့် နာရေးကူညီမှုအသင်း
 (ရန်ကုန်)ရှိ လူငယ်များအတွက် ဟောပြောခြင်း ဖြစ်ပါသည်။
ဟောပြောချက်များတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်သို့ ရောက်ရှိလာချိန်တွင် မိမိပမထဦးဆုံး
သတိပြုမိရာတွင် အရိပ်အာဝါသ အလွန်နည်းပါးကြောင်း၊ အဆောက်အဦးများ ခေတ်မှီသည်။ လုပ်ကိုင်နေသည့်
လုပ်ငန်းများ အလွန်မွန်မြတ်သည်။ ကောင်းမွန်သည်။ ဤအဆောက်အဦးသည် ပတ်ဝန်းကျင် ရေးရာ၌
အတော်လေး လုပ်ကိုင်ရဦးမည်ဟု မြင်မိပါကြောင်း၊ မြန်မာနိုင်ငံ၏
မည်သည့်နေရာ၌ မည်သည့်အပင်စိုက်စိုက် ဖြစ်ထွန်းသည့် မြန်မာပြည်ကြီးတွင် နာရေးကူညီမှု
အသင်း(ရန်ကုန်) ရုံးချုပ်တည်နေရာတွင် စိုက်ပျိုး၍မရ။ အဆောက်အဦး၏ အောက်ပေ(၂၀)ကျော်ရှိ
အမှိုက်ပုံထုကြီး၌ ပလပ်စတစ်များစွာ ပါဝင်နေသည်။ ပလပ်စတစ်တွင် ပါဝင်သည့်အတွက် ဓါတုပစ္စည်းများသည်
 အပင်ဖွံ့ဖြိုးမှုအား များစွာ အနှောက်အယှက်ပေးပြီး ဓါတ်မြေသြဇာ အဆီကုန်ခန်းပါသည်။ အပင်စိုက်ပျိုးရန်
 အတော် ခဲယဉ်းပါလိမ့်မည်။ စိုက်ပျိုးရန်ခဲ ယဉ်းသည့်နာရေးကူညီမှုအသင်း(ရန်ကုန်)နေရာတွင် အတွင်းရေးမှူး
 ဒေါ်ရွှေဇီးကွက်တို့မှ အပင်များအား ကြိုးစား၍ ရေသန့်ဗူးများ ချိတ်ဆွဲစိုက်ပျိုးနေကြသည်ကို
 တွေ့မြင်ခဲ့သည်။ အပင်များသည် အောင်းရေလိုအပ်ကြောင်း၊ မိုးများရွာသွန်းချိန်၌ အပင်အတွက် လိုအပ်သောရေ
ဓါတ်အားမိုးရေ၌ ရရှိနိုင်ပြီး မိုးရွာသွန်းမှု တစ်ပါတ်ခန့်ကြာခဲ့ပါက အပင်၏လိုအပ်သော ရေဓါတ်အား မြေကြီးမှ
 ဖြည့်စွမ်းပေးရသည်။
မြေကြီးတွင် အောင်းရေများ မရှိသည့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မြေကြီးတွင် အပင်များစိုက်ပျိုးရန်
 အလွန် ခက်ခဲပါလိမ့်မည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်သူများသည် မည်သူမှ ဟန်းနီးမွန်း၊
 ပျော်ပွဲစား ထွက်လာကြသည့် နေရာလည်းမဟုတ်။ လူမှုရေးဒုက္ခ၊ ကျန်းမာရေးဒုက္ခများဖြင့် လာရောက်ကြသူများသာ
 ဖြစ်ကြသည်။ "သာ" နေကြသူများ လာရောက်သည့် နေရာမဟုတ်။ "နာ" နေသောသူများသာ
လာရောက်သည့်အတွက် ဝင်ရောက်လာသူတိုင်း၏ စိတ်များသည် ကြည်လင်ချမ်းမြေ့သွားဖို့တော့ လိုအပ်မည်ဟု
 ထင်မိပါကြောင်း၊ လူမှုရေးကူညီမှုများ၊ လုပ်အား ပေးများအတွက် ဘဝတိုးတက်ရေး အတတ်ပညာ (ကွန်ပြူတာသင်တန်း၊
 အင်္ဂလိပ် စာသင်တန်း၊ ဒီဇိုင်း(အပ်ချုပ်)သင်တန်း၊ LCCI စာရင်းကိုင် သင်တန်းစသည့်အပြင် သုခအလင်း
 စာကြည့်တိုက်များ စီမံဖွင့်လှစ် ထားသည်ကို မိမိအလွန်မှ အံ့သြမိသော်လည်း လိုအပ်နေသည်မှာ ပတ်ဝန်းကျင်
 စိမ်းလန်း သာယာရေးဖြစ်သည့် အပင်အရိပ် အာဝါသ ရရှိနိုင်ရန်အတွက် အသင်းသူ/သားများတို့မှ ဝိုင်းဝန်းကူညီ
လုပ်ဆောင်ကြဖို့ အကြံပြု ပြောကြားခဲ့ပြီး မိုးလေဝသ သတင်းအား အစဉ်မပြတ် ကြားသိနိုင်ရန်နှင့် အရာရာ၌
သတိဝီရိယနှင့် အမြဲနေထိုင်သွားရန်၊ ရာသီဥတုသည် အစဉ်အမြဲပြောင်းလဲမှုရှိနေခြင်းမှာ သဘာဝပတ်ဝန်းကျင်နှင့်
အများကြီး သက်ဆိုင်ကြောင်းမိမိတို့သည် ကိုယ်တိုင် လေ့လာတစ်ပါးသူအား ပြောပြပေးရုံဖြင့် ကူညီနိုင်ကြောင်း၊
 စာပေသည် လူငယ်/ရွယ်များအတွက် လွန်စွာ အရေးကြီးကြောင်းအား သူ၏အတွေ့အကြုံ၊ ဥပမာ၊ သာဓကများဖြင့်
အချိန် (၂း၀၀) နာရီခန့် ရှင်းလင်းဟောပြောခဲ့သည်။

နိဂုံးချုပ်၌ ဒေါက်တာထွန်းလွင်၏ ပညာပါရမီ ဖြည့်ဆည်းမှုများကို ယနေ့မျိုးဆက်သစ် လူငယ်/ရွယ်များ လိုက်ပါ
 ဆောင်ရွက်ကြမည် ဆိုပါက နိုင်ငံတော်ကြီး သာယာဝပြောကာ မုန်တိုင်းကင်းစင်သော
တိုင်းပြည် ဖြစ်လာပါတော့မည်ဟု မိမိမျှော်လင့် မိပါတော့သည်။

ဇူးဇူး
နာရေးကူညီမှုအသင်း(ရန်ကုန်)
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment