Saturday 3 March 2012








Posted: 02 Mar 2012 08:56 PM PST




မစိုးရိမ်တိုက်သစ်မှရဟန်းတော်များကြွလာစဉ်
အောင်ပင်လယ် ဟောပြောမည့်ကွင်းမှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုစောင့်မျှော်နေကြသော လူပင်လယ်ကြီး
လူထု ဟောပြောပွဲပြုလုပ်မည့် မြို့ သစ်( အောင်ပင်လယ် )သို့သွားရောက်နေသော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်




ကြားဖြတ်ရွေးကောက်ပွဲ အတွက် ပါတီစည်းရုံးရေးခရီး ခရီးများထွက်နေသော ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၃ ရက်နေ့ နံနက်ပိုင်း ၉နာရီခန့် မန္တလေမြို့  သို့ ရောက်ရှိလာခဲ့ပြီး လူထု ဟောပြောပွဲပြုလုပ်မည့် မြို့ သစ်( အောင်ပင်လယ် ) သို့သွားရောက်ရာတွင် လာရောက်ကြိုဆိုကြသူများ ဦးရေမှာ ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်များတွင် စံချိန်တင်လောက်အောင် အလွန်များပြားခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်များကို လိုက်ပါသတင်းရယူခဲ့သူ သတင်းမီဒီယာသမားများက ပြော ကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တံတားဦးလေဆိပ်မှထွက်ခွာပြီး ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မှတဆင့် မန္တလေးမြို့ အတွင်းသို့ ၀င်ရောက်ရာလမ်းတစ်လျှောက်ရှိ မန္တလေးမြို့ ခံများသာမက နိုင်ငံခြားသားမျာ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူများ နှင့် တိုင်းရင်းသားလူငယ်များပါ လာရောက်ကြိုဆိုကြပြီး ကားတန်းမှာ တံခွန်တိုင်အ၀ိုင်းမှ သိပ္ပံလမ်းအထိ ကားတန်းမှာ အလွန်ရှည်လျားများပြားနေကြောင်း The Voice Weekly သတင်းထောက်က ပြောကြားသည်။

ယခု သတင်းရေးသားထုတ်လွှင့်ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ လူထုဟောပြောပွဲပြုလုပ်မည့်ကွင်းအတွင်း သို့ရောက်ရှိလာခြင်း မရှိသေးကြောင်း The Voice Weekly သတင်းထောက်ကပြောကြားသည်။
Photo.The voice weekly.Facebook.Nld,Ko Zaw Gyi

Posted: 02 Mar 2012 07:57 PM PST

ငါ့မြေး ..ကြည့်နော် ..အဲဒါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တဲ့ ..

အဲဒီမှာ သစ္စာတရား တွေပါဝင်တယ်
အဲဒီမှာ ယုံကြည်ကိုးစားမှု တွေပါတယ်
အဲဒီမှာ စွန့်လွှတ် နစ်နာ ခံခြင်းတွေ ပါတယ်
အဲဒီမှာ မိန်းမတစ်ယောက် သေကံမရောက် သက်မပျောက်ဖြစ်ရခြင်းတွေ ပါတယ်
... အဲဒီမှာ ပွင့်လင်းမှုတွေ ပါတယ်
အဲဒီမှာ ရိုးသားမှု ဖြူစင်မှုတွေပါတယ်
အဲဒီမှာ မြေးတို့ ဘ၀တွေလည်း ပါတယ်
အဘွားတို့ ဘ၀တွေလည်း ပါတယ်
အဘွားတို့ တစ်နိုင်ငံလုံးရဲ့ အနာဂတ် လည်းရှိတယ်

မြေးရေ မှတ်ထားနော်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဆိုတာ
ခမောက်လည်း မခိုးဘူး
ခြင်္သေ့လည်း မခိုးဘူး
ပိုက်ဆံလည်း မပေးဘူး
မုန့်ဟင်းခါးလည်း မတိုက်ဘူး
မှတ်ပုံတင် လုပ်မပေးဘူး
ဂရံလည်း အမည်ဖောက်မပေးဘူး
ယဉ်မောင်းလိုင်စင် လုပ်မပေးဘူး
လမ်းခင်းမပေးဘူး
တယ်လီဖုန်း မပေးဘူး
မြေကွက်မပေးဘူး

ဒါပေမယ့် ငါ့မြေးရေ ..
မေတ္တာတရားတွေ ကိုတော့ ဆောင်ကျဉ်းလာလေရဲ့
လူသား ဆိုတဲ့ အဓိပ္ပာယ်ကိုတော့ ဆောင်ကျဉ်းလာလေရဲ့

ငါ့မြေးရေ .. အဘွားတို့ နှလုံးသား တွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သူရဲ့ ရိုးသား ဖြူစင်မှုနဲ့ မေတ္တတရားတွေက သိမ်းပိုက် ထားလေရဲ့


Lay Pyay Soe

Posted: 02 Mar 2012 08:31 AM PST


ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌကြီးရဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရပါမယ်ဆိုတဲ့ စကားကို သံသယဖြစ်စရာလေးတွေတော့ စတင်တွေ့ရှိနေရပါပြီဗျာ။

(၁) ဖေဖော်ဝါရီလ (၂၉) ရက်နေ့ကစပြီး မဲပေးနိုင်မယ့်လူဦးရေစာရင်းတွေကို ကြေငြာရ မှာဖြစ်ပေမယ့် ဖျာပုံမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ (၁၅) ရွာ (လောလောဆယ်သိရှိရသလောက်) မှာ ယခုအချိန်အထိ မဲပေးနိုင်မယ့်လူဦးရေစာရင်း...တွေကို ကြေငြာထားခြင်းမရှိသေးပါဘူး။

(၂) မဲစာရင်းကြေငြာထားပြီးတဲ့ ကျေးရွာနှစ်ရွာမှာတော့ လူဦးရေစာရင်းအတိအကျကို သိရှိရဖို့ ကျေးရွာ NLD အဖွဲ့ဝင်တွေက သွားရောက်ကူးယူတဲ့အခါမှာ ကူးယူခွင့်မပြုနိုင်ပါဘူးလို့ တားမြစ်ခံခဲ့ပါတယ်။ (မဲစာရင်းကို ကူးယူတာဟာ ဘယ်လိုဥပဒေပုဒ်မနဲ့ ညှိစွန်းနေတယ်ဆိုတာ နားမလည်နိုင် လောက်အောင်ပါပဲ)

(၃) အဲ ... ဆိုးတာကတော့ မဲစာရင်းကပ်ထားပြီး ကူးယူခွင့်ရတဲ့ကျေးရွာတွေမှာတော့ NLD ပါတီဝင်တွေထဲက အတော်များများရဲ့ နာမည်တွေကို ချန်လှပ်ခဲ့တာကိုတွေ့ခဲ့ရပါတယ်။ အဲဒီ ချန်လှပ်ခံခဲ့ရသူတွေအားလုံးဟာလည်း ရွေးကောက်ပွဲဥပဒေနဲ့ ညှိစွန်းခြင်း အလျင်းမရှိတဲ့သူတွေပဲ ဖြစ်နေပါတယ်။

(၄) အဆိုးတကာ့ အဆိုးဆုံးကတော့ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့စာရင်းထဲမှာ သေဆုံးပြီးဖြစ်တဲ့ ပြည်ခိုင်ဖြိုးအသင်းဝင်/ပါတီဝင်တွေရဲ့ နာမည်တွေကို တွေ့ရှိနေရတာပဲဖြစ်ပါတယ်ဗျား ... .... ...။

မဲပေးနိုင်ခွင့်ရှိတဲ့လူစာရင်းတွေကို အချိန်နဲ့ တစ်ပြေးညီ မထုတ်ပြန်တာ၊ မဲပေးနိုင်ခွင့် နဲ့ ပြည့်စုံတဲ့လူတွေကို မဲစာရင်းကနေ ချန်လှပ်ထားခဲ့တာ၊ သေဆုံးပြီးသူတွေကို မဲပေးနိုင်ခွင့် စာရင်းထဲထည့်ထားတာတွေဟာ .... ဘယ်လိုရည်ရွယ်ချက်ကြောင့်ဆိုတာ အထူးအထွေ ရှင်းပြနေစရာလိုမယ် မထင်တော့ပါဘူး။
ဒီစာရင်းတွေကို မတ်လ (၆) ရက်နေ့ ညနေ (၄) နာရီမှာမှ အမှန်အတိုင်းဖြစ်အောင် မပြုပြင်နိုင်ရင်တော့ .... .... .... လက်ရှိ အမှားအတိုင်းကိုပဲ အတည်ယူရတော့မလိုဖြစ်နေပါတယ်။

ဖျာပုံမြို့နယ် NLD အဖွဲ့ချုပ်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မဲရုံကော်မရှင် ကို တင်ပြဖို့ ကြိုးစားနေပြီလို့ သိရပါတယ် ... ။

အဲ ... အခုလောလောဆယ်မှာတော့ ကျွန်တော်အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌကြီးရဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရပါမယ်ဆိုတဲ့ စကားကို ပဲ (အမှတ်မရှိ) နောက်တစ်ခါ ထပ်ပြီး ကြားချင်နေမိပါတော့တယ်ဗျာ ... ... .... ။

မင်းခေါင် (ဖျာပုံ)

Bryan Adams

Posted: 02 Mar 2012 08:02 AM PST



NLD အောင်နိုင်ရေး ခရီးစဉ်အတွက်လှုံ့ဆော်ရေးလုပ်နေတဲ့ လူရွင်တော်ပါပါလေးနှင့်အဖွဲ့



အောင်ပင်လယ် လယ်ကွင်းတစ်ဖက်တစ်ချက်မှာ LED Screen ကြီးတွေဆင်နေတဲ့ ရွှေမန်းမောင်များ။ ဓါတ်ပုံ-ဆိုင်းဆွတ်(YPI)

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment