Friday 6 April 2012







ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲသို့ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ တက်ရောက်မည်
Posted: 05 Apr 2012 04:57 PM PDT
ယခုနှစ် မေလ ၂၇ ရက်နေ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပမည့် ပြည်သူ့ဂုဏ်ရည်အသင်း၏ တတိယ
အကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူ နှင့် ဇနီး
 ဒေါ်ရွှေဇီးကွက်တို့ တက်ရောက်မည်ဖြစ်သည်။
အခမ်းအနားသို့ တက်ရောက်ရန် ပြည်သူ့ဂုဏ်ရည်အသင်းက ဖိတ်ကြားခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရှိ ပြည်သူ့ဂုဏ်
ရည်မိသားစုများနှင့်လည်း တွေ့ဆုံရန် စီစဉ်လျက်ရှိသည်။ ဦးကျော်သူ သည် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင်ဖြစ်ပြီး
၂၀၁၀ ပြည့်နှစ် ဧပြီလ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပသော ဆုချီးမြှင့်ခြင်းအခမ်းအနားတွင်
 နိုင်ငံပေါင်း ၅၄ နိုင်ငံမှ အင်တာနက်ဆန္ဒမဲဖြင့် ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ခဲ့ခြင်းဖြစ်သည်။
http://citizenofburma.org


 ကချင်ပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် တရားဝင်ငြင်းဆို
Posted: 05 Apr 2012 09:12 AM PDT






















































အင်တာနက် စာမျက်နှာများနှင့် လူမှုကွန်ရက်မှတစ်ဆင့် ပျံ့နှံ့နေသော မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် အကြောင်းကြားစာနှင့်
 ပတ်သက်၍ Eleven Media Group ၏ ဆက်သွယ်မေးမြန်းမှုကို ကချင်ပြည်နယ် ပြည်နယ် ၀န်ကြီးချုပ်က ယင်းစာမှာ မဟုတ်
မှန်ကြောင်း တရားဝင်ငြင်းဆို လိုက်ပါသည်။

အဆိုပါ စာသည် 'မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန်အတွက် လိုအပ်သော ပစ္စည်းများကို သယ်ယူပို့ဆောင်ရန် ခွင့်ပြုပေးနိုင်ရန်
အစီရင်ခံ တင်ပြခြင်း'ဟူသော အကြောင်းအရာဖြင့် မြစ်ကြီးနားမြို့ ကချင်ပြည်နယ် အစိုးရ အဖွဲ့ရုံး ပြည်နယ်ဝန်ကြီးချုပ်ထံ
 ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့ရက်စွဲဖြင့် ပေးပို့ခဲ့သည်ဟု မိတ္တူနှင့်တကွ ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။

















































ယင်းစာနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက''အဲဒါက မှားနေတယ်။ ဖြတ်၊ ကပ်၊
 ညှပ်နဲ့ နောက်မှာ ထည့်ထားတာပေါ့။ မဟုတ်ပါဘူး။ အဲဒီစာမှာ ၂၈ ရက်နေ့က စာမှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စ
တင်ရန်အတွက်လို ရေးထားတယ်။ တကယ်ပို့တဲ့စာက အကြောင်းအရာ ၀ါရှောင်-ဆဒုံး-ကန်ပိုက်တီးလမ်း ပြုပြင်ရန်အတွက်။
အဲဒီစာကို အတွက်ဆိုတဲ့အထိကို မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပြန်လည်စတင်ရန် အတွက်ဆိုတဲ့စာနဲ့ အစားထိုးလိုက်တယ်။
ဒါက တစ်ချက်။ နောက်တစ်ချက်က လုပ်သားအင်အားက သူ့ရဲ့မူရင်းမှာ လုပ်သားအင်အား ၆၄ ဦးကို ယာယီ နေထိုင်ခွင့်ကတ်ြ
ပား(Yellow Card) ထုတ်ပေးပါရန်ဆိုတဲ့ဟာကို လမ်းအင်ဂျင်နီယာ ၅၀၀ ပေါ့။ ပြင်ထားတယ်။ နောက်ပြီးမှ အထက်ပါအကြောင်း
အရာနှင့် ပတ်သက်၍ဆိုပြီးမှ CPI ကုမ္ပဏီမှ စီမံကိန်း ပြန်လည်စတင်ရန်အတွက် ဆိုတဲ့ဟာကို အစားထိုးထားတယ်။ အဲဒီမှာ
 တကယ်တော့ တိန်ချုံး-မြစ် ကြီးနားလမ်း ကုမ္ပဏီမှ လမ်းပြုပြင်ရန် အတွက်ဆိုတဲ့ စာသားကို မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန်
အတွက်ဆိုတာကို အစားထိုးထားတယ်။ ဖြတ်၊ ညှပ် လုပ်ထားတာပေါ့နော်" ဟု ဖြေကြားခဲ့ပါသည်။

"နောက်ပြီးမှ အဲဒီမှာ ပြင်ထားတာက ဒီဇယ်ဆီ တန် ၁၀၀ မူရင်းစာမှာ အဲဒါကို ဒီဇယ်ဆီ တန် ၁၀၀၀ ဆိုပြီး ပြင်ထားတယ်။
 နောက်ပြီး ဓာတ်ဆီ တန် ၅၀ ဆိုတာကို ဓာတ်ဆီတန် ၂၀၀ နဲ့ ထပ်ပြင်ထားတယ်။ ဘိလပ်မြေ တန် ၁၀၀၀ ဆိုတာကို ဘိလပ်မြေ
တန် ၁၀၀၀၀ နဲ့ ပြန်လုပ်ထားတယ်။ မြေတူးစက် သုံးစီးဆိုတာကို ငါးစီးဆိုပြီးပြင်တယ်။ မြေကော်စက်ကတော့ မှန်တယ်။
 မြေစာတင် ယာဉ်ကတော့ မှန်တယ်။ ကားအစီး ရေ ၁၈ စီးဆိုတာကို အစီးရေ ၂၀ ဆိုပြီး ပြင်ထားတယ်။ မြစ်ဆုံ ရေအားလျှပ်စစ်
 စီမံကိန်း ပြန်လည်စတင်ရန်ဆိုတဲ့စာကို ဘလော့ဂ်ကနေ ရတယ်။ အမှန်စာကို ဖက်စ်ထိုးပေးမယ်။ သူက ရှင်းပါတယ်။ အောက်မှာ
ကိုက တိန်ချုံး- မြစ်ကြီးနားဆက် ဆံရေးရုံးဆိုတာက။ ၀ိုင်းမော်သွားတဲ့လမ်းကနေ ဘယ်ဘက်ချိုးလိုက်ရင် ဆဒုံးဘက်သွားတဲ့
လမ်း ရှိတယ်။ အဲဒီလမ်းက တရုတ်က လုပ်ထားတာ။ သူက နှစ် ၂၀ ပေါ့နော်။ ပြုပြင်ထိန်းသိမ်းတာလည်း သူပဲလုပ်ရတာ။ လမ်းက
 မိုးတွင်းမှာ မြေပြိုတာ၊ တံတားတွေ ပျက်စီးသွားတာ တို့ရှိတယ်။ အဲဒီတော့ သူက နှစ် ၂၀ တာဝန်ယူထားတာ ဖြစ်တဲ့အတွက်ေ
ကြာင့်၊ သူက ဆောက်လုပ်ရေးနဲ့ စာချုပ်ချုပ်ထားတာလေ။ အဲဒါကို ပြုပြင် ထိန်းသိမ်း ဖို့အတွက်က မကြာခင် မိုးရာသီရောက်တော့
မယ်။ အဲဒါကြောင့် အဲဒီလမ်းကို သူပြင်ချင်ပါတယ်ဆိုပြီး စာချုပ်ပါအတိုင်း စာ ချုပ်မှာလည်း အခွန် ကင်းလွတ်ပေးရမယ်ဆိုတာ
 ပါတယ်။ စက်ယန္တရား သွင်းခွင့်ပေးရမယ်ဆိုတာ ပါတယ်။ ပြီးသွားရင် တရုတ်ပြည်ကို ပြန်ယူသွားမှာပေါ့။ အဲဒါလေးတွေက
 စာချုပ်ထဲမှာ ပါတဲ့အတိုင်း လုပ်ခွင့်ကို တောင်းတာ။ အဲဒီစာကို ဖြတ်၊ ညှပ် လုပ်ပြီး hot ဖြစ်နေတဲ့ issue ကို တင်လိုက်တာပေါ့
"ဟု ပြည်နယ်ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

လတ်တလောကာလအတွင်း CPI ကုမ္ပဏီမှ ဆက်သွယ်မှု ရှိ၊ မရှိ ဟူသော မေးမြန်းမှုအပေါ် ၎င်းက "CPI က လုပ်ငန်းရပ်
ထားပြီလေ။ နိုင်ငံတော်သမ္မတက ကြေညာထားပြီးသားလေ။ ဟုတ်တယ်မဟုတ်လား။ ဒါက နိုင်ငံတော်သမ္မတဆိုတာ နိုင်ငံရဲ့

 ဥသျှောင်ပဲလေ။ ဆက်သွယ်တာ မရှိပါဘူး။ မြစ်ဆုံဆက်လုပ်ဖို့ ကိစ္စနဲ့ ဆက်သွယ်တာမရှိပါဘူး"ဟု ပြန်လည်ဖြေကြားခဲ့သည်။

ကချင်ပြည်နယ်တွင်း တည်ဆောက်မည့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင်
 နိုင်ငံတော်သမ္မတက ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။

လက်ရှိတွင် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ဧရိယာအတွင်း CPI ကုမ္ပဏီမှ ၀န်ထမ်းများ ဆက်လက်ရှိနေမှု၊ လှုပ်ရှားမှုများကို
 မြင်တွေ့နေရသည့်အတွက် ဒေသခံများအကြား စိုးရိမ်ပူပန်မှုများလည်း ရှိနေကာ မြစ်ဆုံ၊ တန်ဖဲရွာများအား ရွှေ့ ပြောင်းရန်
ညွှန်ကြားခဲ့မှုကလည်း စီမံကိန်း ရပ်ဆိုင်းထားသည်ဆိုသော အချက်အပေါ် ပြန်လည်ဝေဖန်မှုများ ပေါ်ပေါက်လာစေခဲ့သည်ဟု
 သိရှိရသည်။

အဆိုပါ စီမံကိန်း ဧရိယာအတွင်း တရုတ်နိုင်ငံသားများ ဆက်ရှိနေသေးကြောင်း၊ တောင်ကြားနေရာများတွင် မြေကြီးတူးဖေါ်မှု
 များ ရှိနေကြောင်း ဒေသခံများနှင့် မြစ်ဆုံစီမံကိန်းနှင့် နီစပ်သူအချို့၏ ပြောကြားချက်အရ သိရှိရသည်။ ထို့အတွက် ယင်း ဧရိယာ
အတွင်း တရုတ်နိုင်ငံသားများကို မည်သို့ နေထိုင်ခွင့် ပေးထားကြောင်း အပါအ၀င် ၎င်းတို့၏ လှုပ်ရှားမှုအချို့နှင့် ပတ်သက်၍
 Eleven Media Group မှ ကချင်ပြည်နယ် ၀န်ကြီးချုပ်ထံ မေးခွန်းအချို့အား ဆက်သွယ် မေးမြန်းထားပြီး ပြန်လည်ဖြေ
ကြားခြင်းကို စောင့်ဆိုင်းလျက်ရှိပါသည်။

Eleven Media Group

Posted: 05 Apr 2012 08:17 AM PDT


source: AP | Reuters
အိုဘားမားအစိုးရက မြန်မာပြည်၏ ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကို တုန့်ပြန်သည့်အနေဖြင့် ခရီးသွားလာခွင့်နှင့် ဘဏ္ဍာရေး
ဆိုင်ရာ ပြစ်ဒဏ်ခတ်မှုများကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က မြန်မာ
အစိုးရ ထိပ်ပိုင်းအာဏာပိုင်များ အမေရိကန်ကိုလာရောက်ခွင့်နှင့် အမေရိကန်နိုင်ငံမှ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ
 မြန်မာပြည်သို့ တင်ပို့မှုနှင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုတို့ကို ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်ဟု
သိရသည်။၎င်းအပြင် အမေရိကန်က ရာထူးပြည့်သံအမတ်တစ်ဦး မြန်မာပြည်သို့စေလွှတ်ပြီး U.S. Agency for
International Development (USAID) ရုံးဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။

မြန်မာအစိုးရကိုဒဏ်ခတ်ထားတဲ့စီးပွားရေးပိတ်ဆိုမှုတချို့ကို ရုတ်သိမ်းပေးမယ်လို့ပြောတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
ဟီလာရီကလင်တန်သတင်း ဘာသာပြန်အပြည့်အစုံအသံဖိုင်(ဘီဘီစီ)
ဆန်ရှင်ရုပ်ပြီဆိုပေမယ့် ခု ရီဖောင်းပရောဆက်မှာ အစိုးရထဲက ဖြစ်ဖြစ် wider society ထဲကဖြစ်ဖြစ် ဟီလာရီ့ 
အခေါ် မှားတဲ့ ဘက်မှာ ရောက်နေသူတွေ (wrong side of the historical reform process)
 အတွက် ဆန်ရှင် ဆက်ရှိနေမယ်လို့ ပြောတယ်။ 

ဘာသာပြန် . မောင်သစ်စိမ်း(MMCP)

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610


No comments:

Post a Comment