Friday 6 April 2012





မန္တလေးတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများက
Posted: 06 Apr 2012 07:32 AM PDT














မန္တလေးမြို့တော်တွင် ယနေ့ ညနေ ၃ နာရီခန့်မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများ
 နှစ်ကြိမ်
ကျခဲ့ကြောင်း မန္တလေး ဒေသခံများထံမှ သိရသည်။

ညနေ ၃ နာရီခန့်မှ စတင်ကာ မိုးရွာသွန်းခဲ့ပြီး ၃ နာရီ မိနစ် ၂၀ တွင် အသေးစား ကျောက်ခဲအရွယ်

 မိုးသီးများ ကျခဲ့ကာ
 ညနေ ၄ နာရီ ၃၀ မိနစ်တွင် ထပ်မံ၍ မိုးသီးများ ကျခဲ့ကြောင်း၊ ညနေ ၅ နာရီတွင် မိုးရွာသွန်းမှု ရပ်တန့် 

ခဲ့ကြောင်း၊
 မိုးသီးကျချိန်တွင် လမ်းမများပေါ်တွင် လူသူနည်းပါးနေချိန် ဖြစ်သဖြင့် ထိခိုက် ဒဏ်ရာရသူ မရှိကြောင်း 

၎င်းတို့က
 ပြောကြားသည်။
  The Voice Weekly
------------------------------------------------
မန္တလေး ဧပြီ ၆

ယနေ့ညနေပိုင်းတွင် ကျရောက်ခဲ့သော မိုးသက်လေပြင်းများကြောင့် ၂၆လမ်း။၆၆နှင့်၆၇ လမ်းကြား 

ဆီဒိုးနား ဟိုတယ်
 ရှေ့ ကျုံးဘေးရှိ သက်တမ်းရင့် ပေပင်ကြီးသည် ဆောက်လုပ်ဆဲ သင်္ကြန်မဏ္ဍ့ပ် ပေါ် လဲကျခဲ့ရာ မဏ္ဍ့ပ်

 မှာတစ်ခြမ်းခန့်
ပျက်စီးသွားပြီး လမ်းပိတ်ဆို့သွားသဖြင့် စည်ပင်ဝန်ထမ်းများက ချက်ချင်းလာရောက်ရှင်းလင်းခဲ့ရပါသည်။
ထိုသို့ဖြစ်ပွား ရာတွင် ထိခိုက်ဒဏ်ရာရရှိ မှု တစ်စုံတစ်ရာမရှိကြောင်းသိရှိရသည်။
CJMyanmar

photo credit: John Major
Posted: 06 Apr 2012 07:24 AM PDT
ရန်ကုန်၊ ဧပြီ ၆

မြန်မာနိုင်ငံတွင် ဧပြီလ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ၌ မဲ
ဆန္ဒနယ် အချို့၌
 ဖြစ်ပွားခဲ့သည့် ဆန္ဒမဲလက်မှတ်ပေါ်တွင် ဖယောင်းများ သုတ်ထားသည့် ကိစ္စကို ပြည်ထောင်စု
 ရွေးကောက်ပွဲ

 ကော်မရှင်က စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ
 ကိုယ်စားလှယ်လောင်း
များ ထံမှ သိရသည်။

ဆန္ဒမဲ လက်မှတ်များပေါ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကို ဆန္ဒပြုရမည့် နေရာများတွင်
 ဖယောင်းများ သုတ်လိမ်းထားခြင်းကို အရေးယူပေးပါရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
 ပါတီက တိုင်ကြားလာသည့် အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စုံစမ်းစ
စ်ဆေးရေး အဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးသွားရန် ရန်ကုန်တိုင်း ဒေသကြီး ကော်မရှင်အဖွဲ့ခွဲသို့ ဧပြီလ
 ၄ ရက်နေ့ ရက်စွဲပါစာဖြင့် ညွှန်ကြားခဲ့ကြောင်း ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်
ယှဉ်ပြိုင် ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ကိုယ်စားလှယ်လောင်း တစ်ဦးက
 ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ကော့မှူးမြို့နယ်၊ မရမ်းကုန်းမြို့
နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်များ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကိုယ်စားလှယ်ေ
လာင်းများနှင့် လွှတ်တော် ကိုယ်စားလောင်းများကို စတင်ခေါ်ယူ မေးမြန်းသွားမည် ဖြစ်ပြီး 
အထက်ပါ ကိစ္စ ဟုတ်မှန်ခြင်း ရှိပါက မည့်သည့် ရပ်ကွက် ကျေးရွာ အုပ်စုတွင် ဖြစ်ခဲ့သည်ကို 
 
 မေးမြန်း၍ ၎င်းမဲရုံများရှိ ဆန္ဒမဲများကို ပြန်လည် ဖွင့်ဖောက် စစ်ဆေးသွားရန် ပြည်ထောင်စု
 ရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားချက်တွင် ပါရှိသည်။

အဆိုပါ မြို့နယ်များမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော ကိုယ်စားလှယ်လောင်းများအား သက်ဆိုင်ရာ
 မြို့နယ် ကော်မရှင်ရုံးများသို့ ဧပြီလ ၁၀ ရက်နေ့ (အင်္ဂါနေ့) နံနက် ၁၀ နာရီ အရောက်
 စေလွှတ်ပေးပါရန် နိုင်ငံရေးပါတီများသို့ အကြောင်းကြား ထားကြောင်း အမျိုးသား ဒီမိုကရေစီ
 အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။
 The Voice Weekly
 
Posted: 06 Apr 2012 06:56 AM PDT











ရန်ကုန်မြို့နေပြည်သူများအတွက် သုံးရက်လျှင် ၁ ရက် ၂၄ နာရီ မီးအပြည့်ရမည်ဖြစ်ပြီး ကျန် ၂ ရက်တွင် ၁၈ နာရီစီ
 လျှပ်စစ်မီးပေးဝေဖြန့်ဖြူးသွားတော့မည်ဖြစ်ကြောင်း

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဋ္ဌဦးအောင်ခိုင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လတ်တို့ကပြောသည်။

သို့သော် နေ့စဉ် ၂၄ နာရီမီးပေးဝေနိုင်ရန်မှာမူ လတ်တလောမဖြစ်နိုင်သေးကြောင်း တာဝန်ရှိသူများကဆက်လက်ပြောသည်။
ထိုသို့ ရန်ကုန်မြို့အတွက် လျှပ်စစ်မီး

တိုး၍ဖြန့်ဖြူးနိုင်ရန်အတွက် နယ်အချို့၌ လျှပ်စစ်ပေးဝေမှုကို လျော့ချမည်ဖြစ်ပြီး စက်မှုဇုန်များသို့ ညပိုင်းလျှပ်စစ်မီးပေးဝေမှု
 ရပ်ဆိုင်းထားမည်ဖြစ်သည်ဟုဆိုသည်။ ထိုသို့ ရန်ကုန်မြို့အတွက် လျှပ်စစ်မီးတိုးချဲ့ပေးရန် စီစဉ်ခြင်းမှာ မြို့ခံလူထုအဆင်ပြေ
ရန်ဖြစ်ပြီး၊ အွန်လိုင်းစာမျက်နှာများတွင် ယခုရက်ပိုင်းအတွင်း ပျံ့နှံ့နေသော ၂၄ နာရီမီးရရှိရေး လှုံ့ဆော်မှုအစီအစဉ်စတင်မည်
ဆိုသော သတင်းများနှင့် မသက်ဆိုင်ကြောင်း အထက်ပါတာဝန်ရှိသူများက ဆိုသည်။

ထို့အပြင် ရန်ကုန်မြို့အတွက် လျှပ်စစ်ဓာတ်အားတိုး၍ ဖြန့်ဖြူးနိုင်ရန် ရွှေလီရေအားလျှပ်စစ်စီမံကိန်းတွင် စက် ၂ လုံးထပ်မံတပ်
ဆင် လည်ပတ်ပြီး မဂ္ဂါဝပ် ၁၂၀ ထပ်မံထုတ်လုပ်နိုင်ရန် စီစဉ်သွားမည်ဟုလည်းဆိုသည်။

သုံးရက်လျှင် တစ်ရက် ၂၄ နာရီနှင့် ၂ ရက် ၁၈ နာရီစီပေးဝေမှုမှာ ယနေ့ညနေမှ စတင်မည်ဖြစ်သည်။ ထိုသို့ပေးဝေသောအခါ
 အုပ်စုသုံးအုပ်စုကို ထိုမီးပေးသည့်အချိန်တိုင်း အလှည့်ကျပေးဝေသွားမည်ဖြစ်သည်။

ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ အများဆုံးအချိန်တွင် ၆၂၂ မဂ္ဂါဝပ်၊ အနည်းဆုံးအချိန်တွင် ၃၀၂.၉ မဂ္ဂါဝပ်ရှိပြီး
ပျမ်းမျှ ၄၈၅ မဂ္ဂါဝပ်ကျော်ရှိသည်။
 7Day News Journal
လျှပ်စစ်စွမ်းအားဝန်ကြီး ထပ်မံပြောကြား
Posted: 06 Apr 2012 06:51 AM PDT
 
 
 
 
 
 
ဧပြီ ၆ ရက်၊ ၂၀၁၂ ခုနှစ်၊ (YPI)

ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ရေး လုပ်ငန်းများ ပြန်လည်စတင်နေပြီဆိုသည့် သတင်းများ
 ယခုတလော ထွက်ပေါ်လျှက်ရှိရာ မြစ်ဆုံဆည်တည်ဆောက်ရေး လုပ်ငန်းများလက်ရှိ အစိုးရ
လက်ထက်တွင် ရပ်နားထားမည်ဖြစ်သည်ဟု ယနေ့ပြုလုပ်သည့် ကေအန်ယူနှင့် အစိုးရ
 အကြားငြိမ်းချမ်းရေးဆွေးနွေးပွဲ သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တဦး၏ အမေးကို
 လျှပ်စစ်စွမ်းအား ၀န်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက ပြောကြားလိုက်သည်။
Yangon Press International 
Posted: 06 Apr 2012 05:51 AM PDT
ကျွန်တော်တို့တစ်တွေဟာဝန်ကြီးဌာနအသီးသီးကအဆင့်ပေါင်းစုံဝန်ထမ်း
များဖြစ်ကြပြီး၊လွတ်လပ်မှု၊တရားမျှတမှု၊သာတူညီမျှမှု စတဲ့ဒီမိုကရေစီ
ကိုမြတ်နိုးသူများဖြစ်ကြသလို၊အမေစုကိုတန်ဘိုးထားချစ်ကြည်အားကိုးကြ
သည့်အတွက် NLD ကိုယုံကြည်စွာဖြင့်တစ်ခဲနက်အားပေးရွေးချယ်ခဲ့ကြခြင်းဖြစ်ပါသည်။

အမေစုချမှတ်ထားသည့်မူဝါဒအတိုင်းလွှတ်တော်အတွင်းအားကြိုးမာန်တက်ဆောင်
ရွက်လိမ့်မည်ဟုမျှော်လင့်ပါသည်။ မဲအရှုံးအနိုင်ကြေညာသည့်နေ့ကလေလှိုင်း တွင်ကြားလိုက်ရသည်မှာမြေကိစ္စကို
ပထမဦးဆုံးကိုင်တွယ်မည်ဟုပြောကြား သွားပါသည်။ ဝန်ထမ်းရေးရာကိစ္စများပြောကြားသည်ကိုမကြားရပါ။
ကျွန်တော်တို့ဝန်ထမ်းများအပြောင်း အလဲကိုလိုချင်ကြပါသည်။ဝန်ကြီးဌာနများအတွင်းမတရားမှုများပပျောက်စေချင်ပါသည်။

ဥပမာ-နှစ်သီးစားကိစ္စများ၊ရာထူးတိုးမြှင့်ရေးနှင့်ဝန်ထမ်းရေးရာမတရားမှုများ၊လာဘ်ပေး
လာဘ်ယူအဂတိလိုက်စားမှုများ၊နီးစပ်ရာသားသမီးများတပည့်များနှင့်နီးစပ်ရာစားတော်
 ခေါ်မှုများဖြစ်ပါသည်။

လက်ရှိအစိုးရတစ်နှစ်ပြည့်မြောက်သွားသော်လည်းပပျောက်သွားခြင်းမရှိပါ။လွှတ်တော်
ဥက္ကဌကြီးကိုယ်တိုင်မေတ္တာရပ်ခံသော်လည်းလိုက်နာခြင်းမရှိပါ။ယခုထက်တိုင်ပို၍ပို၍
သာဆိုးလာပါသည်။

လွှတ်တော်သည်အစိုးရကိုထိန်းကျောင်းရန်ခက်ခဲနေသည်ကိုတွေ့
မြင်နေရသည့်အတွက်အမေစုနှင့်NLD လွှတ်တော်ထဲသို့မြန်မြန်ရောက်ပြီးကြိုးစားပေး
မှသာအပြောင်းအလဲတွေပေါ်ပေါက်လာမည်ဟုယုံကြည်သည့်အတွက် လုံခြုံရေးလက်
နက်ကိုင်ဝန်ထမ်း၊အထူးအခွင့်အရေးရဝန်ထမ်းမှအပ ကျန်ဝန်ထမ်းများ(မိသားစုဖြင့်နေ
သူများ၊အဆောင်နေသူများ)အားလုံးအကြောက်တရားမရှိတက်ညီလက်ညီဖြင့်ရင်ထဲက
အမှန်ဆန္ဒကိုဖေါ်ထုတ်ပြီးဒေါ်စန္ဒာမင်းကိုရွေးချယ်မဲပေးခဲ့ကြပါသည်။

သို့ပါ၍ဒေါ်စန္ဒာမင်းအနေဖြင့်အခြားကိစ္စရပ်များစတင်ကိုင်တွယ်ရန်အခက်အခဲရှိနေ
ရင်တောင်မှဝန်ကြီးဌာနများအတွင်းကမတရားမှုများကိုဦးစွာကိုင်တွယ်ဆောင်
ရွက်ပေးနိုင်ပါရန်မေတ္တာရပ်ခံပါသည်။

(ဒေါ်စန္ဒာမင်းဧ။်CONTACTS များတရားဝင်ကြေညာပေးပါရန်။နေပြည်တော်နယ်နမိတ်
အတွင်းလိုအပ်သည်များဝိုင်းဝန်းကူညီပါမည်။)

နေပြည်တော်ဝန်ထမ်းများကွန်ယက်၊Anti-Corruption Group(ACG)ကွန်ယက်၊
လျှပ်စစ်(၁)ကွန်ယက်၊လည်/ဆည်ကွန်ယက်၊စက်မှုကွန်ယက်၊သပြေကွန်ယက်၊
သီရိ(၁-၉)ကွန်ယက်

Myanmar News Now


Posted: 06 Apr 2012 05:25 AM PDT

မပွင့်ဖြူပြုံး













ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးရေး ကာလအတွင်း လေးခွဖြင့် ချောင်းမြောင်း ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် မပွင့်ဖြူပြုံး
သည် ဧပြီ ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ မဲရုံစစ်ဆေးရေး လုပ်ငန်းများ တွင် ပါဝင်ကူညီ လုပ်ကိုင်
ခဲ့ကြောင်း သိရသည်။ ''၂၈ ရက်နေ့ ကစပြီး ပြန် လှုပ်ရှားခဲ့တယ်။ ၂၉ မှာ မျက်လုံး ထဲက သွေးကျလာလို့ တစ်ရက် နားခဲ့တယ်။
 နောက်ပိုင်း နေ့တိုင်း လှုပ်ရှားခဲ့တယ်။ မဲရုံကိုယ်စား လှယ်လည်း လုပ်ခဲ့သလို မဲရုံ စစ်ဆေးတဲ့နေရာမှာလည်း လုပ်ခဲ့ တယ်''ဟု
၎င်းက NLD ယာဉ်တန်းများ မြို့တွင်း၌ လှည့်လည် ရန် ပြင်ဆင်နေချိန် ဧပြီ ၂ ရက်က ပြောသည်။ ၄င်းသည် ပြီးခဲ့သည့် မတ်လ
 ၁၈ ရက် ည ၇နာရီ ဝန်းကျင်ခန့်က နေပြည် တော် ကောင်စီ ဥတ္တရသီရိမြို့နယ်အတွင်း NLD ကိုယ်စား လှယ်လောင်း ဦးမင်း
သူနှင့် စည်းရုံးရေးအဖွဲ့အား လေးခွဖြင့် ချောင်းမြောင်း ပစ်ခတ်ခံခဲ့ ရစဉ်က ဦးခေါင်းကို ထိမှန်ခဲ့ပြီး နေပြည်တော် ခုတင် ၁ဝဝဝ
 ဆေးရုံတွင် လေး ရက်ကြာဆေးကုသမှု ခံယူခဲ့ရသည်။ ''အခု မျက်လုံးက သွေးနည်း နည်းကျ တာကလွဲရင် အရင်လို မူးတာတို့၊
အန်တာတို့ ဘာမှမရှိတော့ ပါဘူး။ အရင် ကထက် အများကြီး ပိုသက်သာ လာပါပြီ''ဟု မပွင့်ဖြူပြုံး က ၄င်း၏ ကျန်းမာရေး
အခြေအနေအား ပေါ်ပြူလာနယူးစ်မှ မေးမြန်းမှု အပေါ် ပြန်လည်ဖြေကြားသည်။ ဆရာဝန်ထံ တစ်ပတ်တစ်ခါ ပြသနေရဆဲပင်ြ
ဖစ်ပြီး ကုန်ကျ သည့်ဆေးကုသစရိတ်အား NLD ပါတီမှတာဝန် ယူဖြေရှင်း ပေးကြောင်း၊ ပျဉ်းမနားဒေသခံ ပါတီဝင်များက
 အနီးကပ်စောင့်ရှောက်ပေး ထား ကြောင်း သိရသည်။ ''သူကတော့ ဧပြီ ၁ ရက် ထိအောင်နိုင်ရေးကို မမှိတ်မသုန် လုပ်နေတာပါပဲ
''ဟု ဥတ္တရသီရိ မြို့နယ်ကိုယ်စား လှယ်လောင်း ဦးမင်းသူက ပေါ်ပြူလာနယူးစ်သို့ ဧပြီ ၂ ရက်က ပြောသည်။

By: Popular Myanmar News Journal
Posted: 06 Apr 2012 04:46 AM PDT
 ကျွန်မတနေ့ကျောင်းကအပြန်ကားပေါ်မှာကျောင်းသားမိဘလို.
ထင်ရတဲ့မိန်းမနှစ်ယောက်ရဲ့စကားသံကြားခဲ့ရပါတယ်။ 
ထုံးစံအတိုင်းဆရာမတွေစာမသင်တဲ့အကြောင်း၊ကျူရှင်ပဲသင်
တဲ့အကြောင်းစုံလို့ပါဘဲ။ယူနီဖောင်းဝတ်ထားတဲ့ကျွန်မကိုပင် 
အားမနာ၊ကျွန်မကိုတွေလို့ဘဲပိုပြောနေလားပင်မသိပါ။ ကားပေါ်ကလူတွေရဲ
့မျက်လုံးကလည်းကျွန်မဆီကိုဦးတည်နေ 
ပါတယ်။ကျွန်မရဲ့ခံစားချက်ကိုဘ၀တူဆရာမတွေနားလည် ပါတယ်။
 အခိုးအငွေ့ပျံပြီးပျောက်လို့ရရင်နေရာမှာတင်ဖျောက်လိုက် 
ချင်ပါတယ်။ 

တကယ်တော့လည်းထိုမိန်းမကြီးတွေပြောတာတစ်ခုမှ
မမှားပါ။ဘယ်သူမပြုမိမိမှုဆိုသလိုပါဘဲ။ကိုယ်လုပ်လို့ကိုယ်ခံရတယ်ဆို
ရအောင်လည်းကျွန်မတို့လိုတိုးချဲ့မြိုနယ်ကဆရာမတွေမှာကျူရှင်ဆို
တာမရှိတဲ့
အပြင်လစာပင်မလောက်လို့အိမ်ကပြန်
တောင်းနေရတဲ့ဘ၀ပါ။

ကျွန်မတို့ဆရာမအချင်းချင်းဆိုရင်သိပါတယ်။အမှန်အတိုင်းပြောရရင်ဆိုးဝါးလှတဲ့ပညာရေးစန
စ်အောက်မှာဆရာမတွေအထူးသဖြင့်ဆရာမအငယ်တွေကအလူးအလဲ
ခံနေရတာပါ။
 
ပညာရေးဝန်ကြီးကစလို့ညွှန်မှူးမျာ
း၊ဦးစီးများအပါအ၀င်မြန်မာပြည်ပညာရေး
ကိုအောက်ဆုံးထိရောက်အောင်ဆွဲချပြီးနောက်ဆုံးအပြစ်ပြောခံရတော့ဆရာမတွေဖြစ်နေပါတယ်။တကယ်လဲကျင့်ဝတ်နဲ့မညီတဲ့ဆရာမတွေ
အများကြီးရှိနေပါတယ်။
 
ကျွန်မအဓိကပြောချင်တာကတော့လူငယ်
ဆရာမတွေကိုပါ။တနေ့နေ့တချိန်ချိန်
ကျွန်မတို့ကိုယ်တိုင်ခေါင်းဆောင်နေရာမှာတာဝန်ထမ်းဆောင်ရရင်ဖြစ်ဖြစ်၊
လက်ရှိတာဝန်ထမ်းဆောင်ရတဲ့နေရာမှာပဲဖြစ်ဖြစ်ရိုးသားစွာတာဝန်ထမ်းဆောင်
ကြဖို့တိုက်တွန်းလိုပါတယ်။

ကျွန်မတို့ကိုယ်တိုင်စေတနာအမှန်နဲ့ကြိုးစားကြမယ်ဆိုရင်အတိတ်တချိန်က
ဆရာမတွေကိုလေးစားခဲ့ရတဲ့အချိန်တွေကိုပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။
ကျွန်မတို့လူငယ်ဆရာမများကလည်းရှေ့ကဆရာမများ(ကျင့်ဝတ်နဲ့မညီသောဆရာမအချို့)
လိုဘဲရေလိုက်ငါးလိုက်ပဲဆက်လုပ်နေမယ်ဆိုရင်အနာဂတ်မြန်မာ့ပညာရေးမတွေးဝံ့စရာပင်။
ပညာရေးကသာတိုင်းပြည်ရဲ့အနာဂတ်ကိုဖော်ဆောင်နိုင်မှာပါ။

ကျွန်မတို့အားလုံးတိုင်းပြည်ကိုချစ်မြတ်နိုးကြသူတွေချည်းဖြစ်ပါတယ်။တိုင်းပြည်ကို
တကယ်ချစ်ရင်ပညာရေးဌာနကလူငယ်တွေ
တင်မကဘဲအခြားသောဌာနဆိုင်ရာမှလူငယ်များ၊
တပ်မတော်သားများအပါအ၀င်ကျောင်းသားလူငယ်များပါအစွမ်း
ကုန်ပြုပြင်ပြောင်းလဲပေးစေလိုပါတယ်။လမ်းပေါ်မှာအမှိုက်ပစ်တာကအစလူငယ်တွေ 
အားလုံးပြုပြင်ရပါမယ်။

      မကြာမီအချိန်မှာကျွန်မတို့နိုင်
ငံရဲ့အနာဂတ်အာရုဏ်ဦးရောက်လာတော့မှာဖြစ်
ပါတယ်။ကျွန်မတို့ရဲ့ခေါင်းဆောင်အမေစုကိုယ်တိုင်ပညာရေးကိုအဓိကထားပြီးပြုပြင်ပေးပါ့မယ် 
လို့ပြောခဲ့ပါတယ်။တံခါးဖွင့်ပေးတဲ့လူကဖွင့်ပေးနေပါပြီ။ကျွန်မတို့ကိုယ်တိုင်
အခန်းထဲဝင်ဖို့ပဲကျန်ပါတော့တယ်။
ကျွန်မတို့အားလုံးလက်တွဲပြီးကြိုးစားကြရပါမယ်။
 
      ဒီဆောင်းပါးလေးကိုဖတ်မိတဲ့သူမျာ
းရှိခဲ့ရင်တဆင့်စကားနဲတဆင့်ပြောပေးစေလိုပါတယ်။
ဆရာမအငယ်တွေရဲ့ရှေ့မှာအထက်ကဖော်ပြခဲ့သောအပြုအမူ 
မျိုးကိုရှောင်ရှားပေးဖို့အလေးအနက်ထားပြီးတောင်းဆိုပါတယ်။တကယ်လို့အတန်း
ပိုင်ဆရာမကိုမကြေနပ်တာရှိရင်သက်ဆိုင်ရာကျောင်းအုပ်(သို့)ပညာရေးမှူးများနဲ့တွေ
့ဆုံဆွေးနွေးပေးစေလိုပါတယ်။ 

အဘယ်ကြောင့်ဆိုသော်ကားပေါ်မှာအော်ဟစ်ပြော
ဆိုနေရုံဖြင့်ကောင်းကျိုးအနေဖြင့်ဘာမျှမရနိုင်ပါ။ကာယကံရှင်ဆရာမမှာအရှက်ရပြီး
ပညာရေးလောကကိုလုံးဝကျောခိုင်းသွ
ားနိုင်ပါတယ်။အသင်ပြကောင်းတဲ့ဆရာမဖြစ်ခဲ့
ရင်တိုင်းပြည်အတွက်အများကြီးနစ်နာနိုင်ပါတယ်။

တစ်နှစ်ကိုထိုဆရာမကကျောင်း
သား(၅၀)ဦးစာသင်ပေးနိုင်ရင်(၁၀)နှစ်ဆိုရင်ကျောင်းသား(၅၀၀)ဦးလောက်နစ်နာမှုတွေ ရှိနိုင်ပါတယ်။
ဒါကြောင့်ဒီလိုအပြုအမူမျိုးကိုရှောင်ရှားစေလိုပါတယ်။

       နောက်ဆုံးအနေဖြင့်ပြောချင်တာကေ
တာ့ကျွန်မတို့ဆရာမလေးများပညာရေးဌာနရဲ့
ယူနီဖောင်းဧ။်ဂုဏ်အမြင့်ဆုံးသို့ပြန်လည်ရောက်ရှိအောင်ဝိုင်းဝန်းကြိုးပမ်းကြပါစို့လို့တိုက်တွန်းလိုပါတယ်။

သော်တာ
Myanmar News Now 


Posted: 06 Apr 2012 04:10 AM PDT


ဧပြီလ ၆ရက် ညနေ ၄နာရီ ၃၀မိနစ် ခန့် က မန်းတွင် မိုးသည်းထန်စွာ ရွာသွန်းရာ မိုးသီးများ ကြွေကျလာသည်ကို တွေ့ရသည်၊ မိုးသီးများကို ကလေးငယ်များ လိုက်လံ ကောက် ယူ ဆော့ ကစား ခဲ့ကြသည်။
 Popular Myanmar News Journal
Posted: 06 Apr 2012 03:56 AM PDT




































စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်စံပြကျေးရွာ နဲ့ သဖန်းကုန်းရွာကြား ဥရုချောင်းကိုဖြတ်ပီး ဆောက်
လုပ်ထားတဲ့ ဥရုတံတားကို အခုလ ဧပြီ (၁)ရက်နေ့ကစပီး တံတားဖြတ်သန်းခ စတင်ကောက်ခံနေပါတယ်။
အဆိုပါ ဥရုတံတား လေလံမဲစနစ်အောင်မြင်သူ ဦးမင်းလွင်ဦး သည် စာချုပ်ပါစည်းကမ်းချက်များ
 ဖောက်ဖျက်၍ တံတားဖြတ်သန်းခ ကောက်ခံခွင့်ရုပ်သိမ်းလိုက်ကြောင်း ဆောက်လုပ်ရေး
ဝန်ကြီးဌာန မှ ယနေ့ ထုတ် အစိုးရပိုင် သတင်းစာမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။




Myanmar News Now မှ အောက်ပါ သတင်းကို ဧပြီလ ၂ ရက်နေ့ ၂၀၁၂ က ဖော်ပြခဲ့
ပြီးနောက် သက်ဆိုင်ရာမှ ချက်ချင်းအရေးယူဆောင်ရွက်ခဲ့တာကိုတွေ့ ရပါသဖြင့်
ဒေသခံပြည်သူများနဲ့ အတူ MNN မှ သက်ဆိုင်ရာအား အထူးကျေးဇူးတင်ရှိပါသည်။

Myanmar News Now


စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်စံပြကျေးရွာ နဲ့ သဖန်းကုန်းရွာကြား ဥရုချောင်းကိုဖြတ်ပီး
 ဆောက်လုပ်ထားတဲ့ ဥရုတံတားကို အခုလ ဧပြီ (၁)ရက်နေ့ကစပီး
တံတားဖြတ်သန်းခ စတင်ကောက်ခံနေပါတယ်။



ဒီတံတားကို အားထားပီးတော့ နမ်တော
-နောင်ပိုအောင် မှ ဟုမ္မလင်းသို့ နေ့စဉ်
သွားလာနေ
ရတဲ့ အဓိကတံတားကြီးဖြစ်ပါတယ်
။ ဒီဒေသက သွားလာရေးမှာ အဓိက
 အားဖြင့် ဆိုင်ကယ်
ကိုပဲ အများဆုံးအသုံပြုနေရပါတယ်။

သဖန်းကုန်းရွာနဲ့ နောင်ပိုအောင်စံပြကျေးရွာ
ဆိုတာလည်း နှစ်ရွာတစ်ရွာလိုဖြစ်နေပီး
တစ်နေ့ကို ဆိုင်ကယ်တစ်စီးနဲ့အသွားပြန်
 (၅) ခေါက်လောက် လူမှုရေးကိစ္စ၊
စီးပွားရေးကိစ္စ၊ပညာရေးကိစ္စအတွက်ပါ
မသွားမဖြစ်သွားလာဖြတ်သန်းနေရတာဖြစ်
ပါတယ်။

အခု ဥရုတံတား လေလံအဖွဲ့က ဆိုင်က
ယ်တစ်စီးကို ဖြတ်သန်းခ (၅၀၀)ကျပ်
ကောက်ခံနေပါတယ်။တစ်နေ့ကို (၅
)ခေါက်ထက်မနည်းသွားလာနေရတဲ့ဒေသ
ခံတွေ
ဟာ အသွားပြန်တစ်ခေါက်ဆိုရင်ပဲ
(၁၀၀၀)ကျပ်ကုန်နေပီ (၅)ခေါက်ဆိုရင်
 (၅၀၀၀)ကျပ်
ကုန်နေပါပီ။

ဆိုင်ကယ်ဖြတ်သန်းခ ဈေးကြီးတာကြောင့် ဟိုဘက်ဒီဘက်သွားဖို့တောင် ဆိုင်ကယ်ဖြတ်
သန်းခ(၅၀၀)ကျပ်ဆိုတာကြီးက အပူတစ်ခုလိုဖြစ်နေတာကြောင့် ဒေသခံတွေ
တော်တော်လေးစိတ်ညစ်နေပါတယ်။

ဒီဥရုတံတားဖွင့်စကဆိုရင် ဆောက်လုပ်ရေးဝန်ကြီးမှ တံတားဖြတ်သန်းခ ကောက်ခံဖို့
မသင့်တဲ့ဒေသဆိုပီး တံတားကို အခမဲ့ဖြတ်သန်းစေခဲ့ပါတယ်။ ဥရုတံတားဖွင့်ပီး ၂၀၁၀
ခုနှစ် လောက်ကစကာ နောင်ပိုအောင်ဒေသဖွံ့ဖြိုးရေးရံပုံငွေအတွက်ဆိုပီး ကြံ့ဖွတ်ပါတီအမတ်ဦးခင်မောင်ဆွေမှ
 ဦးစီးပီး တံတားဖြတ်သန်းခကို စတင်ကောက်ခံ
ခဲ့ပါသေးတယ်။

အဲဒီတုန်းကလည်း အခုလိုပဲ ဒေသခံတွေစိတ်ညစ်ခဲ့ရပါတယ်။အဓိကပြောချင်တာကတော့ အစိုးရအဖွဲ့မှ

 လေလံပေးထားတဲ့တံတားမှန်ရင်လည်း ဆိုင်ကယ်ဖြတ်သန်းခ တစ်စီး (၅၀၀)ကျပ်ကို ပြန်လည်ပီး ပြင်ဆင်ပေးဖို့
 ဒေသခံတွေနဲ့ထပ်တူ သမ္မတဦးသိန်းစိန်နဲ့တကွ
 သက်ဆိုင်သူများသိစေရန်တင်ပြအပ်ပါတယ်။                                                                                                                                                                                                                                                                                                                                                                                                                                                      ( နောင်ပိုအောင်စံပြကျေးရွာ ဒေသခံတစ်ဦး)
Myanmar News Now
Posted: 06 Apr 2012 06:16 AM PDT
ဧပြီလ ၆ ရက်နေ့  ၂၀၁၂
ရန်ကုန်မြို့တော်ကို အလှည့်ကျ မီးပေးစနစ်မှ 
၂၄ နာရီ မီးပေးစနစ်သို့ ပြောင်းလဲပေးသွားမည်  
       ဖြစ်ကြောင်း မီးရထားဝန်ကြီး ဦးအောင်မင်းက
 ယနေ့ ဧပြီလ (၆) ရက်နေ့ မှာ KNU နဲ့ ရန်ကုန်မြို့ မှာ
 ပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ
 တွင် ပြောကြားလိုက်ကြောင်း      
         ဆွေးနွေးပွဲ မှာ တက်ရောက်သတင်းယူနေတဲ့ သတင်းထောက်တဦး က Myanmar News 
Now ကိုပြောပြပါတယ်။  
အဆိုပါ ဆွေးနွေးပွဲတွင် KNU မှ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်အပါအ၀င် အဖွဲ့ဝင်
 ၂၁ ဦးပါဝင်ခဲ့ပြီး မြန်မာ အစိုးရဘက်မှဦး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်
 ရေးအဖွဲ့ရထားပို့ဆောင် ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊လူဝင်မှု ကြီးကြပ်ရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီ အပါအ၀င် ပြည်ထောင်စုဝန်ကြီး ၇ ဦး တို့တက်ရောက်ဆွေးနွေး
ခဲ့ကြတာဖြစ်ပါတယ်။
ဒါအပြင် ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအဖွဲ့ကလည်း ရန်ကုန်တစ်မြို့လုံးအတွက်
ယနေ့ည တွင် စမ်းသပ်၍ ၁၂ နာရီ လျှပ်စစ်မီးပေးဝေဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သတင်းထောက်
တွေကိုပြောပါတယ်။

ယနေ့ ရန်ကုန် အလုံမြို့ နယ် အတွင်းက လျှပ်စစ်ဓါတ်အားပေးရေးရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်း
လင်းပွဲမှာ ညနေ ၅ နာရီ ကနေ မနက် ၅ နာရီ အထိ မီးပေးမယ်လို့ ရန်ကုန်မြို့ တော် လျှပ်စစ် ဓါတ်
အားပေးရေးအဖွဲ့ က ဥက္ကဌဦးအောင်ခိုင် ကပြောဆိုလိုက်တာဖြစ်ပါတယ်။
 Myanmar News Now
ဓါတ်ပုံ(ဒီဗွီဘီ)
လာ
Posted: 06 Apr 2012 02:13 AM PDT














 ရက်စက်စွာ မီးပူဖြင့် ကပ်နှိပ်စက်မှုခံခဲ့ရတဲ့ အိမ်ဖော်မိန်းကလေး မအေးယုအောင်  ရဲ့ မိခင်
 ဒေါ်ကြူ (ကျောက်ကြီးမြို့နယ် နေသူ)အား  နှိပ်စက်ခဲ့သူ ပဲခူးမြို့ ဒုတိယမြို့နယ်တရားသူကြီး
ကတော် ဒေါ်ဖြူဝင်းသက် မှ တဆင့်ဖုန်းဖြင့် ဧပြီလ (၅)ရက်နေ့ က ဆက်သွယ်ဖုန်းပြောလာ
ပါတယ်။

"ဖုန်းထဲမှာ ကောင်မလေး ဘာမှ မဖြစ်ဘူး ကောင်းကောင်းမွန်မွန် ပဲ ...အဲဒီအတွက် ဘာမှ
 စိတ်မပူပါနဲ့ လို့ ဒေါ်ဖြူဝင်းသက်မှ ဒေါ်ကြူသို့ပြောကြားခဲ့ပါတယ်။
မိခင်ဖြစ်သူ ဒေါ်ကြူက သမီး ဘာမှ မဖြစ်ဘူးဆိုရင် သမီးနဲ့ တွေ့ချင်တယ် ဖုန်းပြောချင်ပါတယ်။
 လို့ ပြောတဲ့ အတွက် အေးယုအောင် ကို မိခင်ဖြစ်သူ ဒေါ်ကြူနဲ့ ဖုန်း ပေးပြောပါတယ်။
ကလေးမလေး က ငိုနေပါတယ်တဲ့...ပြီးတော့ သမီးဆီကို လိုက်မလာပါနဲ့နော် သမီးဆီကို လိုက်မလာပါနဲ့နော် ဆိုပီး
 ငိုပဲငိုနေပါတယ်တဲ့...နောက်ဒေါ်ဖြူဝင်းသက်မှ ဒေါ်ကြူကို
လိုက်မလာဖို့ ကျမတို့လည်း ပဲခူးမှာ ရှိမှာ မဟုတ်ဘူး နေပြည်တော် (သို့) ရန်ကုန် (သို့)
နယ်မြို့ တစ်ခုခု မှာ ရှိနေမှာ ဖြစ်တဲ့ အတွက် လိုက်မလာနဲ့လို့ သာ ပြောပါတယ်...နောက် အခု ကောင်မလေး ရတဲ့ ဒဏ်ရာက
ဆီပူပေါက်လို့ ရတဲ့ ဒဏ်ရာ ဖြစ်ကြောင်း ပြောပြီး ဖုန်းကို ချလိုက်ပါတယ်။"

မအေးယုအောင် ရဲ့ မိခင်ဒေါ်ကြူ နဲ့ သွားရောက်တွေ့ ဆုံခဲ့သူတဦး က Myanmar News Now
ကို ပြန်လည်ပြောခဲ့တာဖြစ်ပါတယ်။

အိမ်ဖော်မလေး မအေးယုအောင် ဟာ (၂၅၊ ၃၊ ၂၀၁၂)ရက်နေ့ ည (၁၂)နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊
 ပဲခူးမြို့  ဥဿာမြို့ သစ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်တေဇလမ်း၊ ပဲခူးတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဌ
 ဦးဝင်းတင်၏အိမ်တွင်ငှားနေသော ပဲခူးမြို့  ဒုတိယမြို့ နယ်တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ
 ဒေါ်ဖြူဝင်းသက်မှ အိမ်ဖော်မလေး မအေးယုအောင် အသက်(၁၅)နှစ်အား မီးပူတိုတ်
တာကြာလို့ဆိုပြီး မီးပူဖြင့်ထိုးကပ်တာခံခဲ့ရတာဖြစ်ပါတယ်။
 အခုချိန်ထိတော့ ပဲခူးမြို့ မှ တာဝန်ရှိ အုပ်ချုပ်ရေးပိုင်ဆိုင်ရာ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းတာ
မရှိသေးကြောင်း အမှုကိုလေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။

Myanmar News Now

Posted: 06 Apr 2012 01:42 AM PDT
ရန်ကုန် (မဇ္ဈိမ) ။        ။ ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ရန်ကုန်တိုင်းအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
 တွေ့ရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်မှုများကို
ကော်မရှင်သို့ တင်ပြ ကန့်ကွက်သွားမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ရန်ကုန်တိုင်း နိုင်ငံရေးမှူး ဦးအောင်သိန်းလင်း က ဆိုသည်။

ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီ ရုံးချုပ်တွင် သောကြာနေ့ နံနက်ပိုင်းက ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သတ်သည့်
 မီဒီယာတွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းအတွင်း မြို့နယ်အလိုက် တွေ့ရှိရသည့် ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုများကို
ကန့်ကွက်သွားမည် ဖြစ်ပြီး ကော်မရှင်အနေဖြင့် ထုတ်ပြန်ထားသည့် စည်းကမ်းများအတိုင်း
ဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်း ဦးအောင်သိန်းလင်းက ပြောဆိုသည်။
usdp3
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွေ့ရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်မှုများကို ကော်မရှင်သို့ တင်ပြ ကန့်ကွက်သွားမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ နိုင်ငံရေးမှူး ဦးအောင်သိန်းလင်း ပြော (ဓါတ်ပုံ မဇ္ဈိမ)

"ကျနော်တို့က ဒီဖြစ်စဉ်တွေ ရှိတယ်လို့ သိရတယ်။ ဖြစ်စဉ် မှန်မမှန်တော့ ကျနော်တို့ မပြောနိုင်ဘူး။ ဖြစ်စဉ်ကိုပဲ ကျနော်တို့
ကန့်ကွက်တာ။ ဖြစ်စဉ်မှန်မမှန် စုံစမ်းဖို့ ကော်မရှင်မှာ တာဝန်ရှိတယ်။ ကော်မရှင်က ဖော်ထုတ်ပါလိမ့်မယ်" ဟု ရန်ကုန်မြို့တော်
ဝန်ဟောင်း ဦးအောင်သိန်းလင်းက ဆိုသည်။

ကော့မှူးမြို့နယ်မှ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်သည့် ဖြစ်စဉ် ၂ ခု၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ဖြစ်စဉ် ၁ ခု၊ ဒဂုံဆိပ်
ကမ်းမြို့နယ်မှ ဖြစ်စဉ် ၁၂ဝ ခု တို့ကို သက်ဆိုင်ရာ ကော်မရှင်များသို့ တင်ပြထားကြောင်း ကျန် ရန်ကုန်တိုင်း ၃ မြို့နယ်တွင်လည်း ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုများရှိကြောင်း ကြံ့ခိုင်ရေးပါတီ နိုင်ငံရေးမှူးက ဆိုသည်။

NLD ကို အမှန်ခြစ်၍ မရအောင် ကြံ့ခိုင်ရေးပါတီက မဲစာရွက်များတွင် ဖယောင်း သုတ်ထားသည်ဟု ပြောဆိုမှုများရှိ
ကြောင်း၊ ဖယောင်းသုတ်သည့် ပြဿနာမှာ ၂ဝ၁ဝ ရွေးကောက်ပွဲ ကျင်းပချိန်က မရှိခဲ့ကြောင်း၊ အဆိုပါ ပြဿနာ အား
 ကော်မရှင်မှ တာဝန်ယူ စစ်ဆေးပေးရန် လိုလားကြောင်း ရန်ကုန်မြို့တော်ဝန်ဟောင်းက ဆိုသည်။

"ကျနော်တို့က ရှုံးမဲမဲတယ် ဆိုပြီး မိအေးနှစ်ခါ နာရပါတယ်" ဟု ဦးအောင်သိန်းလင်းက ဆိုသည်။

NLD ပါတီ၏ အထက်လူကြီးများက ထိန်းထိန်းသိမ်းသိမ်းနေရန် ညွှန်ကြားထားသော်လည်း အောက်ခြေအဆင့်တွင်
ထိန်းချုပ်မှု လွတ်ကင်းနေသည်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် အပြိုင် ကော့မှူးမြို့နယ်တွင် ရွေးကောက်ပွဲ ဝင်ခဲ့သည့်
ဒေါက်တာစိုးမင်းက မီဒီယာတွေ့ဆုံပွဲတွင် ပြောဆိုလိုက်သည်။

"ကျနော်တို့ တပ်ဦးလိုမျိုး ဖြစ်နေတဲ့ ရုံးရှေ့မျက်နှာမှာ ခွပ်ဒေါင်းအလံကြီး လာယမ်းပြတယ် ဆိုတဲ့ အဓိပ္ပါယ်က ကျနော်တို့ကို
စိန်ခေါ်တယ်လို့ ဆိုနိုင်ပါတယ်။ အဲ့အခါမှာ ကျနော်တို့အထဲက မခံချင်လို့များ၊ တက်ပြီးတော့များ ထွက်ပြီးတော့ ရိုက်တာပြုတာ
 ဖြစ်ခဲ့ရင် ကျနော်တို့ ဘယ်သူ့ကို လက်ညှိုးထိုးမလဲ။ ဘယ်သူ့ကို အဆိုးမြင်မလဲ" ဟု ဒေါက်တာစိုးမင်းက ဆိုသည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီအောင်မြင်မှုအပေါ် တဘက်သား စိတ်အနှောင့်အယှက်ဖြစ်အောင်
အောင်ပွဲခံခြင်းမပြုလုပ်ရန် ညွှန်ကြားထားသော်လည်း မြို့နယ်အချို့ရှိ ပါတီဝင်များ၏ အောင်ပွဲခံမှုသည် ကြံ့ခိုင်ရေး
 ပါတီဝင်များအတွက် စိတ်အနှောင့်အယှက်ဖြစ်ကြောင်း ဦးအောင်သိန်းလင်းက ပြောဆိုသည်။

"တဘက်ကလည်း သူတို့လူ သူတို့ ထိန်းမှာပါပဲ။ ထိန်းတဲ့ကြားက ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။ ဒီလို တည်ငြိမ်အေး မှု
 ထိခိုက်စေနိုင်တဲ့ ပြဿနာတွေ၊ စပ်ဆက် နောက်ဆက်တွဲကိစ္စတွေ မဖြစ်အောင် အေးအေးချမ်းချမ်းဖြစ်အောင် ထိန်းနေတယ်
ဆိုတာ ကျနော်တို့ဘက်က ပြချင်တာပါ။ သူတို့ဘက်ကလည်း ထိန်းသိမ်းမယ်လို့ ကျနော် ယုံကြည်ပါ တယ်" ဟု သူက ဆိုသည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်သည့် ဦးအောင်သိန်းလင်းက ယခု ကြားဖြတ်ရွေးကောက်ပွဲမှ အားနည်း
ချက်၊ အားသာချက်များကို သုံးသပ်မှု ပြုလုပ်သွားမည်ဟု ပြောဆိုခဲ့ပြီး လမ်းပြင်ခြင်း၊ ရေရရှိရေး လုပ်ဆောင်
ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးကူညီမှု၊ လူမှုဘဝနှင့် စီးပွားရေး အစီအစဉ်များကို ပါတီအနေဖြင့် ဆက်လက်
လုပ်သွားမည်ဟု ပြောဆိုသည်။

အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီ မီဒီယာတွေ့ဆုံပွဲသို့ ပြည်တွင်း သတင်းသမားများသာ
 တက်ရောက်ပြီး နိုင်ငံခြားသား သတင်းထောက်များကို ဖိတ်ကြားခြင်း မပြုရန် ကြံ့ခိုင်ရေးပါတီက မှာကြားခဲ့သော်
 လည်း ရွေးကောက်ပွဲသတင်း လာရောက်ယူသူ ဂျပန်လူမျိုး သတင်းထောက်တဦး တက်ရောက်သတင်းယူခဲ့သည်။

Posted: 06 Apr 2012 01:24 AM PDT
ဧပြီ ၆ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ (YPI)

ဧပြီ ၁ ရက်နေ့ကကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မော်လမြိုင်တွင် မဲပေးခဲ့သူ တသိန်းကျော်ကျော်မှ ပယ်မဲ
 ခြောက်ထောင် ၀န်းကျင် ရှိကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် ရုံးမှ တာဝန်ရှိသူတဦးဖြစ်သူ ဦးအောင်မြင့်
ကပြောသည်။

"ပယ်မယ်ကတော့ ဂဏန်းသိပ်မများဘူးပေါ့၊ဒါပေမဲ့ မဲပေးတဲ့အခါ ခြစ်တာပြုတာ အဆင်မပြေသေးဘူးလို့ ပြောရမှာပေါ့"ဟု
 ၎င်းကပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင်မော်လမြိုင်တွင် မဲပေးနိုင်သူ တသိန်းခြောက်သောင်းဝန်းကျင်မှ မဲလာပေးသူမှာ
 တသိန်းလေးထောင် ၀န်းကျင်ခန့်သာ ရှိသည်။

၎င်းတို့အထဲမှ ပယ်မဲ မှာစုစုပေါင်း ၅၈၈၁ ပဲရှိခဲ့ပြီး ပျောက်မဲ (မဲလက်မှတ်များကို မဲပုံးထဲမထည့်ဘဲ ပြန်ယူသွားသည့်မဲ
) ၈၃ မဲရှိခဲ့သည်။

ပယ်မဲကိုတွက်ကြည့်လျင် ၆ ရာခိုင်နှုန်းခန့်ရှိသည့်အတွက် နိုင်ငံတကာ ရွေးကောက်ပွဲ စံချိန်နှင့် ဆိုပါက များကြောင်း
 ရွေးကောက်ပွဲသတင်း အထူးပြုရေးသားသူ အယ်ဒီတာ ဦးအောင်မြင့်ကပြောသည်။

မဲလာပေးသူများမှာ မဲပေးနိုင်သူဧ။် ၆၅.၇၃ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပစဉ်က မဲလာပေးသည့်
ရာခိုင်နှုန်း ခန့်သာ ရှိခဲ့သည်။

"ကျွန်တော်တို့က လူတွေ စိတ်ဝင်စားပြီးစုပြုံမဲလာပေးမယ်လို့သာထင်ထားတာလေ၊အရင်အတိုင်းပဲ သိပ်မတိုးလာဘူး၊
မဲနဲ့ပတ်သက၍ NLD ကတော့ မဲရုံအချို့မှာသူ့အကွက်တွေမှာ ဖယောင်းသုတ်ထားတယ်ဆိုပြီးလာတိုင်တာရှိတယ်၊
ကျွန်တော်တို့က ပြည်ထောင်စုကော်မရှင်ကို တင်ပြထားပါတယ်"ဟု ဦးအောင်မြင့်ကပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မော်လမြိုင် ကျိုက်ဖနဲမဲရုံအမှတ်(၂) ထန်းပင်ကုန်းရပ် ကွက်တွင် မဲရေတွက်စဉ်မှာမဲအရေအတွက်
 တစ်ထောင်ဝန်းကျင်အနက် ပယ်မဲ တစ်ရာနီးပါးရှိနေကြောင်းတွေ့ရသည်။


ဒေါ်စုကိုပဲမဲပေးခဲ့တယ်ဆိုတဲ့ ဒေါ်သန်းတင် အသက် ၇၉ နှစ်

မဲရုံအချို့တွင် ပယ်များအများအပြား ရှိခဲ့ခြင်းနှင့်ပတ်သတ်၍ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့်
 အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုက်ရေစီအဖွဲ့ချုပ် (NLD) မော်လမြိုင် အောင်နိုင်ရေးကော်မတီမှ ပြန်ကြားရေးတာဝန်ခံ
 ဦးကိုကိုဇော်က
"အဓိက ပြဿနာကမထင်ရှားတာပဲ။ လူတွေက တခါခြစ်လို့ မထင်ရှားတော့ နှစ်ခါသုံးခါခြစ်ရင်း ပယ်မဲဖြစ်သွားတာပေါ့
၊ပြီးတော့ ဘောပန်မှင်မထွက်တဲ့ကိစ္စ၊ စာရွက်မှာ ဖယောင်းသုတ်ထားတဲ့ကိစ္စတွေပေါ့၊ မနက်ပိုင်းမှာ မဲရုံက ဘောပန်မှင်မထွက်လို့
 နေ့လယ်ကျတော့ ကိုယ့်ဘောပန်နဲ့ကိုယ် မဲသွားပေးဖို့လိုက်ပြောရတယ်"ဟုပြောသည်။

ပယ်မဲအများစုမှာ NLD ပယ်မဲ သာ အများဆုံးဖြစ် နေကြောင်းတွေ့ရသည် ဟု သူက ဆိုသည်။
NLD အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲမကျင်းပခင် စည်းရုံးရေးကာလတွင် မဲဆန္ဒရှင်များကို မဲပေးခြင်းနှင့် ပတ်သတ်၍
 အသိပညာပေးဟောပြောမှုကို ရပ်ကွက်တခုကို နှစ်ကြိမ်၊သုံးကြိမ်ခန့်လုပ်ခဲ့ကြောင်းဦးကိုကိုဇော်ကပြောသည်။

"ကျွန်မအမေက မဲခြစ်တာ မထင်လို့နှစ်ခါခြစ်လိုက်တာ ၊အဲဒါပယ်မယ်ဖြစ်မယ်လို့ သိရော မဲရုံမှူးတွေဆီက မဲအသစ်ပြန်တောင်း
တာ သူတို့ကမပေးဘူး"ဟု မော်လမြိုင် ပျဉ်တောင်တန်းမဲရုံတွင်မဲသွားပေးခဲ့သည့် မလှသောင်းကပြောသည်။

မဲစာရွက်များကို ဆန္ဒမဲ မပေးခင် စိကြိုက်မဖြစ်ပါက လဲလှယ်ခွင့်ရှိသော်လည်း ဆန္ဒမဲ အမှန်ခြစ်ပြီး ပါက နောက်ထပ်မဲစာရွက်
အသစ် ထပ်မံလဲလှယ်ခွင့် မရှိတော့ကြောင်း ပြည်နယ်ကောက်မရှင်မှ တာဝန်ရှိသူတဦး ကပြောသည်။

မော်လမြိုင်ကြားဖြတ်ရွေးကောက်ပွဲတွင်လစ်လပ်ပြည်သူ့လွှတ်တော်နေရာတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သောပါတီလေးခုမှ NLD မှ
 မဲလာပေးသူဧ။် ၇၂.၉၀ ရာခိုင်နှုန်း၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၂၀.၀၄ ရာခိုင်နှုန်း၊မွန်ဒေသလုံးဆိုင်ရာဒီမို
ကရေစီမှ ၄.၉ ရာခိုင်နှုန်းနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ၁.၁၃ ရာခိုင်နှုန်း ရရှိထားပြီး NLD မှ မဲအပြတ်
အသတ်ဖြင့် အနိုင်ရရှိထား ခြင်းဖြစ်သည်။

လက်ရှိအချိန်ထိ ကြားဖြတ်ရွေးကောက်ပွဲ မော်လမြိုင်မဲဆန္ဒနယ်တွင် NLD အနိုင်ရရှိထားခြင်းနှင့်ပတ်သတ်ပြီး အခြားပါတီများမှ
လာရောက် တိုင်ကြားခြင်း ၊ကန့်ကွက်ခြင်းမရှိသေးကြောင်း ဦးအောင်မြင့်ကပြောသည်။

သားနဲ့အတူမဲလာထည့်တဲ့ အမေအို
Yangon Press International
 ဆွေးနွေး
Posted: 06 Apr 2012 01:19 AM PDT
ဧပြီ ၆ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ (YPI)

ယနေ့ နံနက် sedona ဟိုတယ်တွင် ကျင်းပသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် အစိုးရတို့ ပြည်ထောင်စုအဆင့်
ပထမဆုံး အကြိမ်တွေ့ဆုံဆွေးနွေးပွဲတွင် အချက်ခြောက်ချက် ဆွေးနွေးခဲ့ကြောင်း KNU မှပြန်ကြားရေးတာဝန်ခံ နော်မေဦး
ကပြောသည်။

"လောလောဆယ် အချက်ခြောက်ချက်ကို ဆွေးနွေးညှိုနှိုင်းနေဆဲပဲပေါ့ ၊လက်မှတ်ထိုးတဲ့အဆင့်အထိ မရောက်သေးပါဘူး"ဟု
သူမကပြောသည်။
ဆွေးနွေး ခဲ့သည့် အချက် ၆ခြောက်မှ KNU ဘက်မှ အဓိကတောင်းဆိုသော အချက်များဖြစ်သည်။


တောင်းဆိုခဲ့သော အချက်ခြောက်ချက်မှာ
၁။ တစ်တိုင်းပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရမည်။ အထူးသဖြင့် တိုင်းရင်းသား နယ်မြေများအတွင်း
ဖြစ်ပွားနေသည့် စစ်မက်များအမြန်ဆုံး ရပ်စဲရမည်၊
၂။ ကြောက်ရွှံ့ခြင်းကင်းသည့် ပြည်သူပြည်သားဘ၀အဖြစ်ရပ်တည်နိုင် ရန် အာမခံရမည်။
၃။ ပြည်သူပြည်သားများအတွင်း ယုံကြည်ရသည့် အခြေအနေတည်ဆောက်ရန်၊
၎။ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်း ပုံစံမျိုးဖြင့် ငွေကောက် ခံခြင်း၊ ပေးကမ်းလှူဒါန်းခိုင်းခြင်း၊ အခြားအခြားသော
 ငွေကြေးကူညီစေခြင်းများမပြုရန်၊
 ၅။ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်နှင့်
၆။ ပြည်သူပြည်သားများ ဘ၀ပြန်လည် ထူထောင်ရေးနှင့်  ပြည်သူများ၏ မြေယာကိစ္စများကို ဖြေရှင်းပေးရန်၊
 စောင့်ကြပ်ကြည့်ရှုပေးတဲ့အဖွဲ့ဖွဲ့ရန်တို့ဖြစ်သည်။

ဆွေးနွေးပွဲတွင် KNU မှ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်အပါအ၀င် အဖွဲ့ဝင် ၂၁ ဦးပါဝင်ခဲ့ပြီး မြန်မာ အစိုးရဘက်မှဦး
 ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင် ရေးအဖွဲ့ရထားပို့ဆောင် ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊
လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီ အပါအ၀င် ပြည်ထောင်စုဝန်ကြီး ၇ ဦး တို့တက်ရောက်ဆွေးနွေး
ခဲ့ကြသည်။

ကရင်အမျိုးသား အစည်းအရုံး၏ အထွေထွေ အတွင်းရေးမှူး ဒေါ်နော်စီဖိုးရာစိန်

KNU နှင့် မြန်မာအစိုးရတို့ ယခု ကဲ့သို့ ငြိမ်းချမ်းရေးဆွေးနွေးရေး အဆင့်ဆင့် တက်ရောက်လာရန်အတွက် မြန်မာအစိုးရဘက်
 KNU ဧ။်တောင်းဆိုချက်များကို လိုက်လျောမှုအများကြီးပြုခဲ့ရကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေကပြောသည်။

"ကျွန်မတို့ တောင်းဆိုတာကို မြန်မာအစိုးရက တော်တော်များများလိုက်လျော ပေးပါတယ်"ဟု နော်မေဦးကပြောသည်။

၆၃ နှစ်ကြာ လက်နက်ကိုင် ဆန့်ကျင်ခဲ့သော KNU နှင့်အစိုးရဘက်မှပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့က
 ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၂ ရက်နေ့က ကရင်ပြည်နယ် ၊ဘားအံမြို့တွင်တွေ့ဆုံဆွေးနွေးခဲ့ပြီး ပဏမသဘောတူညီချက် ၅ချက်ဖြင့်
 လက်မှတ်ရေးထိုးခဲ့ပြီး အပစ်ရပ်စဲ ခဲ့သည်။

လာမည့် ဧပြီလ ၈ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့တွင် ရောက်ရှိနေသော KNU ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့်
 ဒေါ်အောင်ဆန်းစုကြည်တို့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင်တွေ့ဆုံကြမည်ဖြစ်သည်။

Yangon Press International
Posted: 06 Apr 2012 01:13 AM PDT
ရန်ကုန်၊ ဧပြီ ၅
ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အများစု၌ အနိုင် ရရှိခဲ့သော  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့  ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် သုံးဦး  ပါတီဝင်အဖြစ် လျှောက်ထားကြောင်း  NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း  The Voice Weekly
သို့ ပြောကြား သည်။
NLD ပါတီဝင်အဖြစ် လျှောက် ထားကြသူ လွှတ်တော်ကိုယ်စားလှယ်  သုံးဦးမှာ အမျိုးသားဒီမိုကရေစီအင်အား စုပါတီမှ
 လမ်းမတော်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်
စားလှယ် ဒေါက်တာ သန်းဝင်းနှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် လသာ မြို့နယ်ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးကြည်မြင့် တို့ဖြစ်ကြောင်း ၎င်းက ဆိုသည်။
၂၀၁၀ခုနှစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော အမျိုးသား ဒီမိုကရေစီအင်အားစုပါတီအား  ထူထောင်ရန်ညှိနှိုင်းေ
ဆွးနွေးကတည်း ကပင် NLD ပါတီ မှတ်ပုံတင်ပြန်လည် လျှောက်ထားပါက  ပြန်လည်ပေါင်းစည်း ရန် မူအားဖြင့် ချမှတ်ထားပြီး
 ဖြစ်ကြောင်း လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောကြားသည်။
NLD ပါတီဝင်အဖြစ် လျှောက်ထားရခြင်းနှင့် ပတ်သက်၍ လသာ မြို့နယ်  ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးကြည်မြင့်အား
 ဆက်သွယ် မေးမြန်းရာတွင် "အိတ်ဖောင်းလို့ စိတ် ပြောင်းတာ မဟုတ်ပါဘူး။ လာမယ့် ၂၀၁၅ မှာလည်း အမတ်ပြန်လုပ်ဖို့
မရည်ရွယ်ပါဘူး။ NLD မှတ်ပုံပြန်တင် ရင် NLD ကိုပဲ ပြန်သွားမယ်လို့ ကျွန်တော်အစောကြီးကတည်းက ကြေညာပြီးသားပါ"
လို့ ပြန်လည် ဖြေ ကြားသည်။
အဆိုပါလွှတ်တော်ကိုယ်စားလှယ် သုံးဦးတွင် ဦးခင်မောင်ဝင်းအား ဧပြီလ ၄ရက်နေ့မှ စတင်ကာ NLD ပါတီဝင် အဖြစ်
 လက်ခံလိုက်ပြီဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ  NLD ပါတီသို့ ထပ်မံကူးပြောင်းခဲ့သူ ဒေါက်တာ မြတ်ဥာဏ်စိုးက
 ပြောကြားခဲ့သည်။
ကြားဖြတ် ရွေးကောက်ပွဲ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၄၄ နေရာ၌ ၄၃ နေရာ အနိုင်ရရှိခဲ့ရာ ယခုကူပြောင်းလာသော
 လွှတ်တော် ကိုယ်စားလှယ်များအား လက်ခံလိုက်ပါက ပြည်ထောင်စု လွှတ်တော်၌ NLD ပါတီအား ကိုယ်စားပြု လွှတ်တော်
 ကိုယ်စားလှယ် ဦးရေမှာ ၄၇ ဦးထိ ရောက်ရှိလာပြီ ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး
ပါတီပြီးလျှင် လွှတ်တော်ကိုယ်စားလှယ် ဒုတိယအများဆုံး ရပ်တည်နိုင်တော့မည်ဖြစ်သည်။

  The Voice Weekly
Posted: 06 Apr 2012 01:07 AM PDT
Posted: 05 Apr 2012 06:32 PM PDT




ရှမ်းပြည်နယ်တောင်ပိုင်း၊
 တောင်ကြီးမြို့အရှေ့ဘက်တောင်
တန်း မြစိမ်းတောင်တကြောရှိ
 တောရ ကျောင်း ၁၀ကျောင်း အား 
မ.ဟ.န  အမိန့်စာဖြင့် အတင်းအ
ကျပ် ဖယ်ရှား ခိုင်းခြင်း။

တိုင်းစစ်ဌာနချုပ် တပ်မြေဧရိယာ

 အတွင်း တည်ရှိနေသည်ဟူသော
အကြောင်းပြချက်ဖြင့် မြစိမ်းတောင်
 ကြောအတွင်း လွန်ခဲ့သောနှ
စ်ပေါင်းများစွာကတည်းက
 တောရဆောက်တည်သီတင်းသုံးတ
ရားအားထုတ်နေကြသော တော
ရကျောင်း(၁၀)ကျောင်းကို မ.ဟ.န ၏ အမိန့်စာအမှတ် ၀၀၂/၁၅-၁၃/၃/သာ မဟန ဖေဖေါ်ဝါရီလ ၁၇
 ရက်နေ့နေ့စွဲဖြင့်ထုတ်ပြန်ကြေငြာချက်ဖြင့် အဆိုပါတောရကျောင်းများအား ဘုန်းတော်ကြီးကျောင်း
များအဖြစ်အသိအမှတ်မပြုရန် အမိန့်ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါအမိန့်စာအရ တောရကျောင်းတွင်သီတင်းသုံးနေကြသောသံယာတော်များကို မြို့နယ် မဟန နှင်

့သာသနာရေးဦးစီး မှမတ်လ ၂၇ ရက်နေ့တွင် ခေါ်ယူတွေ့ဆုံခဲ့ကြောင်းသိရပါသည်။ ထိုသို့တွေ့ဆုံရာ
တွင် တောရကျောင်းများအနေဖြင့် မဟန၏ အမိန့်စာအရ စစ်တပ်မြေအဖြင့်သိမ်းဆည်းထားသော
နယ်မြေအတွင်းတည်ဆောက်ထားသောကြောင့် ဧပြီလ ၃၀ ရက် ၂၀၁၂ခုနှစ်နောက်ဆုံးထာြး့ပီးတော
ရကျောင်းများမှ ထွက်ခွာပေးရမည်ဖြစ်ကြောင်း ပြောပီး ထွက်ခွာပေးပါမည်ဟုလဲသံယာတော်များက 
ဝန်ခံလက်မှတ်ထိုးပေးခဲ့ရပါသည်။ ဧပြီလ (၃၀) ရက်နေ့ ကျောင်းများမှ မထွက်ခွာပါက ပုဒ်မ၇၅ ၏ 
လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူမည်ဟုအမိန့်ထုတ်ပြန်ခဲ့ပါသည်။

ယခုဖယ်ရှားပေးရမည့်တောရကျောင်းများမှ သံယာတော်များ အတွက်ကျောင်းနေရာအစားပြန်ပေးရန်

လဲစီစဉ်ပေးခြင်းမရှိပဲ မိမိတို့အစီအစဉ်ဖြင့် သာပြောင်းရွှေ့ပေးရမည်ဖြစ်သဖြင့် သံယာတော်များ
 စိတ်ဆင်းရဲခြင်းကြီးစွာဖြစ်နေရပါသည်။

နှစ်များစွာကတည်းက တည်ရှိခဲ့ပီးအေးချမ်းစွာ တရားအားထုတ်နေကြသော သာသနာ့သားတော်များ

အား မတရားမောင်းထုတ်ခြင်းမှာ ဗုဒ္ဒဘာသာဝင်များအတွက် အင်မတန် မသင့်တော်သောလုပ်ရပ်ဖြစ်
ပါသည်။ ယခုဖယ်ရှားပေးရမည့်တောရကျောင်းများ မှာ အခိုင်အမာ ကျောင်းများဖြစ်ပီး ဘုရားစေတီ
များလည်း တည်ထားကိုးကွယ်ထားသည့်ကျောင်းများဖြစ်ပါသည်။

ဘာသာ၊သာသနာ အဓွန့်ရှည်တည်တံ့ပြန့်ပွားလိုစိတ်ရှိမည်ဆိုပါက ယခုလို သာသနိကအဆောက်

အဦးများ၊ သာသနာပြုရဟန်းတော်များ ပိုမိုတိုးပွားအောင်သာ ပံ့ပိုးပေးကြရမည်မှာ ဗုဒ္ဒဘာသာဝင်
များ၏ တာဝန်ဖြစ်ပါသည်။ ယခုကဲ့သို့ တောရဆောက်တည်သာသနာပြုနေသော ရဟန်းများကိုဟန့်
တား ခြင်းသည် သာသနာတော်ကို ဖျက်ဆီးရာလည်းကျပါသည်။ဘုရားရှင်လက်ထက်ကတည်းက
 တောရဆောက်တည် တရားအားထုတ် သော တောရကျောင်းများ၊ ရဟန်းများ ရှိခဲ့ပါသည်။ မြင့်
မားသောတောင်များပေါ်တွင် ဘုရားစေတီများတည်ထားရန်မှာငွေရှိတိုင်းလွယ်ကူသည်မဟုတ်ပါ။ 
တိုင်းရင်းသားရွာခံများက ခက်ခက်ခဲခဲ ဖြင့် စေတနာ၊သဒ္ဒါတရားထက်သန်စွာ ဖြင့်တည်ထားခဲ့
ကြခြင်းဖြစ်ပါသည်။ မြိှု့နှင့်လည်းမနီးမဝေး ဆိတ်ငြိမ်အေးချမ်းပီး သစ်တောကြီးများရှိသဖြင့်တရားအား
ထုတ်ရန်အလွန်သင့်တော်သောနေရာများဖြစ်ပါသည်။ အခါကြီးရက်ကြီးများ ရောက်တိုင်း တောင်ကြော
တစ်လျှောက်တည်ရှိနေသောအဆိုပါတောရကျောင်းများ၊စေတီများသို့ တစ်မြို့လုံးနီးပါး ကျောင်းတက်
သွားကြသည်မှာ လည်း အားရစရာ ကောင်းလှပါသည်။ ယခုကဲ့သို့ တောရကျောင်းများကို နှုင်ထုတ်ခြင်း
 ကို နယ်မြေခံ ဗုဒ္ဒဘာသာဝင်မည်သူမျှမနှစ်မြို့ကြပါ။ မ.ဟ.န ဆရာတော်ကြီးများအနေဖြင့် တောရကျောင်းများဟု စာရွက်ပေါ်တွင်အဆင့်ဆင့်တင်ပြရုံမျှဖြင့် ဖယ်ရှားခိုင်းခြင်းမပြုသင့်ဟုထင်ပါသည်။ ယခုစာနှင့်အတူ တောရကျောင်းများ၏ ပုံများ ၊တည်ထားကိုးကွယ်ထားသောစေတီများကို အနယ်နယ်အရပ်ရပ်ရှိ ဗုဒ္ဒဘာသာဝင်များ၊ သိရှိနိုင်ရန်
တင်ပြလိုက်ပါသည်။

အခိုင်အမာတည်ဆောက်ထားပီး နှစ်ပေါင်းများစွာစည်ပင်ဖွံ့ဖြိုးအောင် ပျိုးထောင်ထားခဲ့ရသော

 သာသနာ နယ်မြေများကို ဖယ်ရှား ပျောက်ကွယ်အောင် ကြံစည်ခြင်း ကို ဗုဒ္ဒဘာသာဝင်တိုင်းကာ
ကွယ်စောင့်ရှောက်ပေးကြပါရန် အနုးအညွတ် နှိုးဆော်လိုပါသည်။

ဖယ်ရှားပေးရမည့်တောရကျောင်းများစာရင်းမှာအောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ဓမ္မရတနာမေတ္တာရေကန်ကျောင်း  ---ကျောင်းနေရဟန်း (၂)ပါး--နှစ်ပေါင်း၃၀ကျော်သက်တမ်း

ရှိသော သဘာဝ ရေကန်ကြိးတည်ရှိရာ ကျောင်း။

၂။ ဗလတောင်ကုန်းကျောင်း--ကျောင်းနေရဟန်း(၅)ပါး- တည်ထားပီးစေတီ ၁၀၈ဆူ၊တည်ဆဲအပါအဝ

င်စေတီပေါင်း၂၅၂ဆူတည်ရှိရာကျောင်း။

၃။နိဗာန်ရွှေဂူတောရကျောင်း- ကျောင်းနေရဟန်း(၃)ပါး-သဘာဝအလျောက်တည်ရှိနေသော

တရားအားထုတ်ရာလှိုဏ်ဂူတည်ရှိရာကျောင်း။

၎။ နဂါးဂူကျောင်း-ကျောင်းနေရဟန်း၂ပါး- ၁၉၇၃ခုနှစ်ကတည်းက တည်ရှိခဲ့သောတောရကျောင်း။

၅။ဥာဏ်ပင်၊ရေဦးတောရကျောင်း-ကျောင်းနေရဟန်း ၅ပါး- ကမ္မဌာန်းကျောင်းအဖြစ်တည်ထောင်

ရန်ရည်ရွယ်ချက်ဖြင့်ဒကာ/ဒကာမများက အုတ်ကျောင်းကြီးဆောက်လုပ်ပြီးစီးကာစ။

၆။ အောင်သိဒ္ဒိတောရကျောင်း-သတင်းအချက်အလက်အတိအကျစုံစမ်းမရသေး။

၇။ဝိမုတ္တိတောရကျောင်း-သတင်းအချက်အလက်အတိအကျမစုံစမ်းရသေး။

၈။စိတ္တသုခတောရကျောင်း-သတင်းအချက်အလက်တိတိကျကျမစုံစမ်းရသေး။

၉။ဓမ္မရတနာတောရကျောင်း-သတင်းအချက်အလက်တိတိကျကျမစုံစမ်းရသေး။

၁၀။ညောင်ပင်အောက်တောရကျောင်း-သတင်းအချက်အလက်တိတိကျကျမစုံစမ်းရသေး။

အထက်ပါကျောင်းအားလုံးမှာ မ.ဟ.န၏အမိန့်စာတွင်ပါသောတောရကျောင်းများဖြစ်ပါသည်။

တောင်ကြီးမြို့ အရှေ့ဘက်တောင်တန်းပေါ်ရှိ အထင်ကရတည်ရှိနေသော တောရကျောင်းများ

 ပျောက်ကွယ်ခြင်းသည် သာသနာတော်ကိုအဟန့်အတားဖြစ်စေသည့်အပြင်သဘာဝပတ်ဝန်းကျင်ေ
ကာင်းကြီးတစ်ခုကိုလဲ အမြန်ဆုံးပပျောက်ရန် အစပြုရာဖြစ်နေပါသဖြင့် တတ်အားသမျှ ၀ိုင်းဝန်း 
လက်ဆင့်ကမ်းဖြန့်ဝေ နှိုးဆော်ခြင်း တတ်နိုင်သူများက တတ်နိုင်မည့်နည်းလမ်းများရှာဖွေ
 တားဆီးပေးခြင်းများပြုပေးကြပါရန်အနုးအညွတ် တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။


by Hla Yin Wine
Posted: 05 Apr 2012 06:01 PM PDT


ယာယီစခန်းတစ်ခုမှ ကလေးငယ်တစ်ဦး နေ့လည်စာစားရန် ပြင်ဆင်နေစဉ်။
ဓာတ်ပုံ-အေအက်ဖ်ပီ
"စစ်တိုက်ဖို့ ဆုံးဖြတ်ချက်ချတဲ့သူတွေထဲမှာ မိန်းမတွေမပါပါဘူး။ တိုက်နေကြ တဲ့ စစ်ပွဲတွေတိုင်းမှာလည်း မိန်းမတွေ မပါပါဘူး။
 ယောက်ျားတွေအချင်းချင်း မာန်မာနတွေ တိုက်ခိုက်နေတဲ့ကြားထဲမှာ ကျွန်မတို့မိန်းမသားတွေ ဘာကြောင့် အလွယ်တကူ
သားကောင်ဖြစ် နေရလဲ"လို့ မေးလိုက်တဲ့ သူ့ရဲ့လေသံဟာ ခက်ထန် မာကျောပေမယ့် မျက်ဝန်းမှာတော့ မျက်ရည်တွေဝိုင်းလို
့နေပါတယ်။
မေးခွန်းမေးပြီးတဲ့ တဒင်္ဂမှာ ဘာစကားမှ ထပ်မပြောနိုင်လောက်အောင် ငြိမ်သက်သွားပေမယ့် မျက်တောင်တွေကို ပုတ်ခတ်လိုက်
ရင်း သူတို့ရဲ့ ကချင်ပြည် နယ် ခရီးစဉ်အတွေ့အကြုံတွေကို တက် ရောက်လာတဲ့ ဧည့်ပရိသတ်ကို တစ်ဆင့် ဝေမျှနေပါတယ်။
"စစ်ဘေးသင့်စခန်းတွေမှာ ကျွန်မတို့ အများဆုံးတွေ့ခဲ့ရတာက သက်ကြီးရွယ် အိုတွေ၊ အမျိုးသမီးနဲ့ ကလေးငယ် တွေပဲ။
 အရွယ် ကောင်းတဲ့ ယောက်ျားတွေကို လုံးဝနီးပါး မတွေ့ခဲ့ရပါဘူး။စခန်းကို ထိန်းကျောင်းတာကအစ ထင်းခွေ၊ ရေခပ်တာအ
များစုကို မိန်းမတွေချည်း လုပ်နေရတာပါ"လို့ မနီမိုလှိုင်က ပြောပါ တယ်။
ဒါပေမယ့် ကချင်အမျိုးသမီးတွေဟာ အခုလို အခက်အခဲတွေကြားမှာ ဦးဆောင်နေရတဲ့ တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ မိန်းမသား
 ဘ၀ကိုလည်း ပြန် လည် စိုးရွံ့နေရတယ်လို့ သူကဆိုပါ တယ်။
စခန်းပတ်လည်မှာ ကာရံထားတဲ့ တာလပတ်တွေက စုတ်နေပြီး အ၀တ် အစားလဲဖို့ ခန်းဆီးစတစ်စတောင် ခြား မထားနိုင်တဲ့၊
အမျိုးသား တွေနဲ့ ကြမ်း တစ်ပြေးတည်း အိပ်နေရပါတယ်။
"သတိထားမိခဲ့တာက စခန်းတွေမှာ ကလေးမီးဖွားနှုန်းတွေက အရမ်းကို မြင့်တာပဲ။ အလွန်အိုမင်းနေတဲ့ သက်ကြီး ရွယ်အိုတွေနဲ့
 ကလေးတွေက ကလေး လေးတွေကို ပြန်ထိန်းနေရတယ်။ သုံးနှစ် လေးနှစ်ကလေးတွေက တစ်နှစ်၊ လသား ကလေးတွေကို
 ပြန်ထိန်းနေရတယ်"လို့ သူက ဆိုပါသေးတယ်။
ဒါ့ပြင် ကလေးငယ်တွေဟာ လုံ လောက်တဲ့ အာဟာရမရရှိခြင်း၊ ကျန်းမာ ရေးစောင့်ရှောက်မှု ချို့တဲ့မှုတွေကြောင့် နာမကျန်းဖြစ်
 နေကြပြီး တချို့ကတော့ အသက်ဆုံးရှုံးတာမျိုးတွေတောင် ကြုံ တွေ့နေရတယ်လို အဖြူရောင်တွဲလက် များအဖွဲ့ဝင်တွေက
ဆိုပါတယ်။
အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုစိမ်းခက်စိုး ကလည်း "အဓိကကတော့ သူတို့ရဲ့ ပညာ ရေးပဲ။ ကလေး ၃,၀၀၀၊ ၄,၀၀၀ လောက် က
 ပညာမသင်ရတော့ဘူး။စာသင်နှစ် တစ်နှစ် နောက်ကျသွားပြီ။သူတို့ အိမ် ပြန်ပြီး ကျောင်းတက်ချင်တယ်။ ဒါပေမယ့်
ဘယ်တော့မှပြန် ရမလဲဆိုတာ မသိ ပါဘူး"လို့ ကလေးတွေ လက်ရှိကြုံတွေ့ရ တဲ့အခြေအနေတွေကို ရှင်းပြပါတယ်။
စစ်ဘေးဒဏ်သင့် ကချင်ပြည်သူတွေ အတွက် အခုလို ခက်ခဲကြမ်းတမ်းတဲ့ ဘ၀ အခြေအနေတွေမှာ ရုန်းကန်နေရတဲ့ အခါ
 သူတို့မှာ ပျော်စရာဆိုတာ ဘာမှန်း မသိတော့တဲ့၊ ရယ်မောပျော်ရွှင်မှု ပျောက် ဆုံးနေတဲ့၊ ခံစားချက်မဲ့တဲ့ မျက်နှာတွေ လည်း
 မြင်တွေ့ခဲ့ရ တယ်လို့ သူက ဆိုပါ သေးတယ်။
ဒါကြောင့်လည်း ဒီမွန်းကျပ်မှုတွေကို ပြေလျော့စေပြီး သူတို့အတွက် ခဏတာ ဘ၀အမောတွေကိုပြေစေဖို့ အဖြူရောင်
 တွဲလက်များ အဖွဲ့ဝင်တွေဟာ ကချင် ပြည်နယ်ကို ချီတက်ခဲ့တာပါ။
မတ်လ ၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ စစ်ဘေး သင့် စခန်း ၁၃ ခုက ဒုက္ခသည်ပေါင်း ၁၅,၃၀၀ ကျော်ကို တွေ့ဆုံခဲ့ပါတယ်။
သူတို့မှာ အလှူငွေများများစားစား မပါပေမယ့် သူတို့တတ်နိုင်သလောက် လေး ဝေမျှရင်းသွားရောက်တဲ့ တဒင်္ဂတာ အချိန်လေး
အတွင်းမှာ လိုအပ်တာလေး တွေ ပံ့ပိုးပေးရင်း၊ မျက်လှည့်ပြ၊ သီချင်း ဆိုရင်း ကလေးတွေနဲ့အတူတူ ကစားကာ
 ကချင်ပြည်သူတွေရဲ့ ဒုက္ခတွေကို အတူတူ ဝေမျှခံစားပေးခဲ့ပါတယ်။
"ကြီးမားတဲ့ ရည်ရွယ်ချက်တွေကို စွဲ ကိုင်ပြီး မသွားနိုင်ခဲ့ပါဘူး။ စစ်ဘေးသင့် ကချင်ပြည်သူတွေအတွက် သယ်ဆောင်
သွားနိုင်တာက စာနာမှုပါ။ သူတို့ဒုက္ခ တွေ၊ ပင်ပန်းမှုတွေကြားထဲက ကျွန်မတို့ ကို လှိုက်လှဲစွာကြိုဆိုခဲ့ပါတယ်။ အမြင့်ဆုံး
 သိလိုက်ရတာတစ်ခုက တော့ တစ်ခါမှမမြင်ဖူး မသိဖူးတဲ့ ဘယ် တိုင်းရင်းသားညီအစ်ကိုတွေကမှ တစ်ဦး နဲ့တစ်ဦး မုန်းမနေ
ကြပါဘူး ဆိုတာပါပဲ" လို့ မနီမိုလှိုင်က သူတွေ့ကြုံခဲ့ရတဲ့ တိုင်းရင်းသားညီအစ်ကိုတွေရဲ့ သဘော ထားကို ရှင်းပြပါတယ်။
"သေချာတာကတော့ သူတို့ကို ကျွန်တော်တို့ ရယ်မောပျော်ရွှင်အောင် လုပ်ပေးနိုင်ခဲ့တယ်။ သူတို့ကိုယ်တိုင် နောက်တစ်ခေါက်ပြန်
 လာဖို့ ဖိတ်ခေါ်ခဲ့ တယ်။ ဒါကြောင့် ကျွန်တော်တို့လည်း မကြာခင်မှာ ပြန်သွားဖို့ စီစဉ်နေတယ်။ ဧပြီလကုန်လောက် သွားဖြစ်မယ်
 ထင်ပါ တယ်"လို့ ကိုဘိုဘိုက ပြောပါတယ်။
"ပထမဆုံး ခရီးစဉ်ဖြစ်တဲ့အတွက် အခက်အခဲ လိုအပ်ချက်တွေကတော့ ရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့ အတတ် နိုင်ဆုံး
လုပ်ဆောင် ပေးခဲ့တယ်။ ကျွန်မတို့ အားလုံး စစ်ကိုမလိုလားပါဘူး။ ငြိမ်းချမ်း ရေးကိုပဲ လိုလားပါတယ်။ ကချင်ပြည်သူ
 တွေအတွက် မည်သည့် ပုဂ္ဂိုလ် အဖွဲ့ အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ပါပဲ"လို့ မဟန်နီဦးက ဆိုပါ တယ်။
အဖြူရောင်တွဲလက်များ အဖွဲ့ရဲ့ ကချင်ပြည်သူတွေအတွက် ဆောင်ရွက် မှုတွေဟာ ဘ၀တွေကို လောင်တဲ့မီး၊ နှလုံး သားတွေကို
 လောင်တဲ့မီး၊ ခေတ်တွေ ကို လောင်တဲ့မီးတွေ အားလုံးကို မငြှိမ်း သတ်နိုင်ပေမယ့် သူတို့တတ်စွမ်း သလောက်နဲ့ မိုးရေတစ်စက်
အဖြစ်တော့ ဖန်တီးနိုင်ခဲ့ပါတယ်။
မိုးရေစက်တွေများလာပြီး စစ်မီးတွေငြိမ်းနိုင်ဖို့ တိုင်းရင်းသား ပြည်သူအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေတော့ လိုအပ်နေဆဲပါ။

 အိအိတိုးလွင် (မြန်မာ့တိုင်းမ်)
 ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ကတိပေး
Posted: 05 Apr 2012 05:56 PM PDT


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း မန္တလေး လုပ်ငန်းရှင် များ၏ လိုအပ်ချက်များကို မေးမြန်းနေစဉ်။
ဓာတ်ပုံ - စည်သူလွင်
မန္တလေးမြို့ မြို့တော်ခန်းမတွင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် မန္တလေး၊ စစ်ကိုင်းမှ လုပ်ငန်းရှင်များ တွေ့ဆုံ
 ဆွေးနွေးပွဲကို ယခုလ ၂၆ ရက် နေ့တွင် ကျင်းပရာ ပြည်သူကပေးသည့် အာဏာနှင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းေ
ဆာင်သွားမည်ဖြစ် ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လုပ်ငန်းရှင်များကို ကတိပေး လိုက် ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့ လွှတ်တော်ကော်မတီများ၊ ကော်မရှင် များ ၊မန္တလေးတို
င်းဒေသကြီး အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ တက်ရောက်ခဲ့ကြ ပြီး ပြည်သူ့လွှတ်တော် တာဝန်ရှိသူများ က လုပ်ငန်းဆောင်ရွက်
 ချက်များကို ပြောကြားပြီး လုပ်ငန်းရှင်များက လုပ်ငန်း လိုအပ်ချက်များနှင့် အသင်းအဖွဲ့အစည်း လိုအပ်ချက်များကို တင်ပြ
 ဆွေးနွေးခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီး ဆီကုန်သည် များနှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးသိန်းထွန်းက"အခု လက်ရှိ
 မန္တလေးမှာ ဖြစ်နေတဲ့ လျှပ်စစ် မီးအခြေအနေမှာ တော်တော်လေး ဆိုးဝါးတဲ့ အနေအထားမှာ ဖြစ်နေပါ တယ်။ ပြည်တွင်း
စက်မှုလုပ်ငန်းလေး တွေဟာ ဒီလျှပ်စစ်မီးကိုပဲ အဓိက အား ကိုးပြီး လုပ်ငန်းလည်ပတ် နေရတာပါ။အထူးသဖြင့် ကျွန်တော်တို့
ဆီစက်တွေ ကလည်း မီးကို အမှန်တကယ်လိုအပ်ပါ တယ်။ လိုအပ်တယ်ဆိုတဲ့ နေရာမှာ လည်း တောက်လျှောက်ကို မဆိုလိုပါ
 ဘူး။ အခုဖြစ်ပျက်နေတဲ့ အနေအထား က မန္တလေးမှာ ၁၀ မိနစ်လောက်လာ တယ်။ ပျက်တယ်။ တစ်ခါ တလေ တစ်နာရီလောက်
လာတယ်၊ ပျက်သွား တယ်။ အဲဒီလိုအနေအထားမျိုးမှာ လုပ်ငန်းအများစုမှာ တော်တော်လေး အခက်အခဲ ဖြစ်နေရပါတယ်။
 ပြောရ မယ်ဆိုရင်ဖြင့် ဒီအခက်အခဲတွေက လည်း ရိုးတောင်ရိုးနေပါပြီ။တစ်မြို့လုံး ကို ဓာတ်အား အပြည့်အ၀ မပေးနိုင်ရင်
 တောင်မှ အရင်နှစ်တွေတုန်းကလိုပဲ တစ်နယ်မြေနဲ့ တစ်နယ်မြေ အချိန်ပိုင်း ခွဲတမ်းနဲ့ ကန့်သတ်ပြီး ပေးမယ်ဆိုရင် လုပ်ငန်းတွေ
 အတွက်လည်း အဆင်ပြေ နိုင်ပါတယ်။ အခက်အခဲလည်း နည်း နည်း လျှော့သွားနိုင်ပါတယ်"ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌနှင့်
 တကွ ပြည်သူ့ လွှတ်တော်ကော်မရှင်တို့အား လုပ်ငန်း လိုအပ်ချက်အဖြစ် တင်ပြခဲ့သည်။ ပြည်သူ့လွှတ်တော် ကော်မရှင်နှင့်
 မန္တလေးတိုင်းဒေသကြီး အတွင်းရှိ လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးရာတွင် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ကြံနှင့်
ကံထွက် ပစ္စည်းထုတ်လုပ် သူများနှင့် ကုန်သည်များအသင်း၊ မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ၊ ပွဲစားကုန်သည်
 စက်ပိုင်များ မဟာ ကထိန်တော်အသင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ စက်မှုလုပ်ငန်းရှင်များ အသင်း တာဝန်ရှိသူများကလည်း
လုပ်ငန်း လိုအပ်ချက်များကို ဆွေးနွေး တင်ပြခဲ့ကြသည်။
"အခုလိုမျိုး မန္တလေးကိုလာဖို့ရာ မျှော်လင့်နေတာကြာပါပြီ၊ အခုတော့ မျှော်လင့်ထားတဲ့အတိုင်း မန္တလေးကို ရောက်ရှိလာခဲ့ပါပြီ။
 မန္တလေးနဲ့စစ်ကိုင်း ဆိုတာကလည်း စီးပွားရေးရော၊ လူမှုရေး ရော အဓိက အချက်အချာကျတဲ့မြို့ကြီး တွေဖြစ်တဲ့အတွက်
လုပ်ငန်း ရှင်ကြီး တွေ နဲ့သီးခြားလာရောက် တွေ့ဆုံရတာပါ။ အခုလိုမျိုး လုပ်ငန်းရှင်တွေရဲ့ လိုအပ် ချက်၊ တောင်းဆိုချက်တွေကို
 ကြားသိ ရတဲ့ အတွက် လွှတ်တော်မှာ လုပ်စရာ ရှိတာလုပ်ပါမယ်၊ ကော်မတီမှာလည်း လုပ်ပါမယ်။ ပြည်သူ့လိုအပ်ချက်များကို
 ဆောင်ရွက်ပေး သွား မှာပါ"ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မန္တလေးနှင့် စစ်ကိုင်းမှ လုပ်ငန်းရှင်များ ကို
ကတိပေးစကား ပြောကြားခဲ့သည်။
မြို့ နေလူထုက လုပ်ငန်းလိုအပ်ချက် များကို ပြောရမည်ဖြစ်ကြောင်း၊ အများ ပြည်သူအတွက် လိုအပ်ချက်များကို တင်ပြရမည်ဖြစ်
 ကြောင်း၊ တင်ပြချက် များကိုလည်း လိုအပ်လျှင် ဥပဒေတွေ ပြုပေးပြီး သက်ဆိုင်ရာဌာနအလိုက် ထိန်းညှိ ဆောင်ရွက်ပေးသွား
မည်ဖြစ် ကြောင်း၊ သက်ဆိုင်ရာ မန္တလေးတိုင်း ဒေသကြီး ကော်မတီဥက္ကဋ္ဌများက လည်း လိုအပ်ချက်များကိုလာရောက်
 ဆွေးနွေး နိုင်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် များ ၏ အဓိက ရည်မှန်းချက်မှာ ပြည်သူ နှင့် နိုင်ငံအကျိုးစီးပွားများကို
 လွှတ်တော် အတွင်းမှာ အဓိက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

တွေ့ဆုံပွဲတွင် ကုန်စည်ပို့ဆောင် စရိတ်များပြားခြင်းကြောင့် ကုန်ပစ္စည်း ဈေးနှုန်းများ မြင့်မားရခြင်းဖြစ်သည့် အတွက် တန်ပိုများ
 လျှော့ချ ပေးရန်ကို လုပ်ငန်းရှင်အားလုံးက အထူးအလေး ထားတောင်းဆို ဆွေးနွေးသွားခဲ့ကြ သည်။

 စည်သူလွင် (မြန်မာ့တိုင်းမ်)
သီရိ လေးမြို့နယ်
Posted: 05 Apr 2012 05:53 PM PDT

ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း မဲထည့်ရန် စောင့်ဆိုင်း နေသော အလုပ်သမားများ။
ဓာတ်ပုံ - ဘူးသီး
ဇမ္ဗူသီရိမြို့နယ်၊ ညောင်ပင်ကြီး ကျေးရွာရဲ့ ခရိုင်ချင်းဆက် မြေလမ်း တစ်လျှောက် စက်ဘီးစီးလာရင်း ကိုစိုးမင်းအောင်တစ်ေ
ယာက် သူ မဲပေးရမယ့် မဲရုံအမှတ်(၁)နားကို မယောင် မလည် ရောက်လာတယ်။
"မဲမပေးရသေးတော့ ပြီးခဲ့တဲ့ ပထမ အခေါက် မဲပေးတုန်းကနဲ့ ဘာတွေကွာ သွားမလဲ မသိရသေးဘူး။ ဘယ်လိုပဲဖြစ် ဖြစ်ပါ၊
 ညောင်ပင်ကြီးရွာသားတစ်ယောက် အနေနဲ့ ကျွန်တော်တို့ မြန်မာ နိုင်ငံကြီးကို စနစ်တကျနဲ့ ပိုတိုးတက်အောင်ကြိုးစား ပေးမယ့်
သူကိုပဲ မဲပေးဖို့ ရွေးချယ်ထား ပါတယ်"လို့ မဲစာရင်းထဲမှာ ကိုယ့်နာမည် ပါ မပါတောင် မစစ်ရသေးပေမယ့် ကိုစိုးမင်းအောင်က
 တက်တက်ကြွကြွ ပြောပါတယ်။
အဲဒီနေ့။
ဧပြီလ ၁ ရက်နေ့က ကိုစိုး မင်းအောင် အပါအ၀င် နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိ၊ ဥတ္တရသီရိနဲ့ ဒက္ခိဏသီရိမြို
့နယ် လေးမြို့နယ်မှာ နေထိုင်ကြတဲ့ အသက် ၁၈ နှစ် ပြည့်ပြီးသူ ၁၆၅,၀၅၈ ယောက် ပါဝင် မဲထည့်ခွင့်ရတဲ့ ပါတီစုံဒီမိုကရေစီ
 ကြားဖြတ်ရွေးကောက်ပွဲကြီးကို မဲရုံပေါင်း ၁၈၄ ရုံခွဲပြီး ကျင်းပနေတာပါ။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်း ကလောက် ပါဝင်ပြိုင်ဆိုင်ကြတဲ့ နိုင်ငံရေး ပါတီတွေ မများပေမယ့် ပြင်းထန်တဲ့ မဲဆွယ်စည်းရုံး
 ဟောပြောမှုတွေ အပြိုင် အဆိုင်ပြုလုပ်ထားတဲ့အတွက် ကျေးရွာ ဒေသခံတွေကလည်း သူတို့လိုလား တောင့်တတဲ့ မျှော်လင့်
ချက်တွေ ပြည့်ဝဖို့ တက်တက်ကြွကြွနဲ့ မဲလာထည့်ကြတာ သူတို့ရဲ့ မျှော်လင့်ချက် ပြည့်ဝတော့ မယောင်ပါပဲ။
"၂၀၁၀ က မဲပေးဖူးပါသေးတယ်။ ဒါပေမယ့် အခုတစ်ခေါက် မဲပေးတာက ကိုယ်ခြစ်ချင်တာကိုခြစ်ပြီး လွတ်လွတ် လပ်လပ်ပိုရှိ
တယ်။ ဒီရွေးကောက်ပွဲပြီး သွားရင် စီးပွားရေးတွေအဆင်ပြေလာ မယ်လို့ မျှော်လင့်ထားတာပဲ။ တခြားဟာ တော့ သိပ်မပြောတတ်
ပါဘူး။ ၂၀၁၀ မတိုင်ခင် မြေယာတော်တော်များများ အသိမ်းခံလိုက်ရတယ်။ ဒါတွေကို ပြန်လို ချင်တာပေါ့"လို့ ညောင်ပင်ကြီးေ
ကျးရွာ ရဲ့ မဲရုံတစ်ရုံက မဲထည့်ပြီး ပြန်လာတဲ့ တောင်သူအဒေါ်ကြီးတစ်ဦးက သူ့ရဲ့ တောင့်တမှုကို မ၀ံ့မရဲလေးဖွင့်ဟ ပါတယ်။
မြန်မာနိုင်ငံရဲ့ မြို့တော်၊ အလယ်ပိုင်း ဒေသဖြစ်တဲ့ နေပြည်တော်ကောင်စီ နယ်မြေက တဖြည်းဖြည်းမြင့်တက်လာ တဲ့ ဧပြီလ
ပထမဆုံးရက်ရဲ့ နေပူရှိန်နဲ့ အတူ မဲဆန္ဒနယ်မြေအသီးသီးရဲ့ မဲရုံတွေ မှာလည်း ဆန္ဒမဲလာထည့်သူတွေက စည်ကားနေတယ်။
တစ်ယောက်နဲ့ တစ်ယောက် စကားတွေပြောပြီး ဆူညံ နေတာမျိုးမဟုတ်ပေမယ့် ရင်ခုန်သံတွေ ပိုမြန်နေကြတယ်ဆိုတာကတော့
မဲလာ ထည့်သူအချင်းချင်း မျက်ဝန်းတွေက တစ်ဆင့် ၀န်ခံနေကြတာ မငြင်းနိုင်စရာ ပါပဲ။
"မဲပေးပြီးသွားပြီ။ သမီးမဲပေးနေလို့ သူ့ကလေးကို ထိန်းပေးပြီးစောင့်နေတာ။ အရင်တစ်ခေါက်ကလည်း ACE ကနေပဲ
 မဲပေးဖူးတယ်။ အဲဒီတုန်းက တော့ ဘေးကလူတွေ ၀ိုင်းပြီးတိုက်တွန်း တဲ့သူကို မဲပေးခဲ့တာ။ စစ်မှန်တဲ့ ကောင်းကျိုးတရားတွေရ
လာမယ်လို့ ယုံကြည် ပါတယ်။ ဖြစ်ပျက်လာသမျှကို ပြည်သူတစ်ယောက်အနေနဲ့ ခံစားရမှာ ပဲ။ ဘာရလဒ်ပဲဖြစ်ဖြစ်ပေါ့"လို့
 ဧရာဝတီ တိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်ကနေ နေပြည်တော် ACE ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲမှာ အလုပ်လာလုပ်ရင်း
 ဇမ္ဗူသီရိမြို့နယ်မှာ မဲထည့်ခွင့်ရတဲ့ ဒေါ်ခင်ခင်ရီက ပြောပါတယ်။
နေပူကျဲကျဲ ကွင်းပြင်ထဲမှာ သူ့လိုပဲ ACE ဆောက်လုပ်ရေးလုပ်သားပေါင်း အယောက် ၂,၀၀၀ ကျော်က ကိုယ်မဲပေး ရမယ့်
အလှည့်ကို လေးယောက် တစ်တန်း တန်းစီပြီး ထိုင်စောင့်နေကြ တယ်။
နေပူနေပေမယ့် သူတို့မျက်နှာ တွေမှာ အလောတကြီး စိုးရိမ်ပူပင်မှု တစ်စုံတစ်ရာ မတွေ့ရပါဘူး။
"မဲလာပေးရတဲ့အတွက် ဒီနေ့အလုပ် မသွားရဘူး။ မဲပေးတဲ့သူကို ဆိုက် (အလုပ်)ထဲက အုပ်ချုပ်ရေးမှူးက စာရွက်ဖြတ်ပိုင်းလေး
 ပေးတယ်။ အဲဒါနဲ့ ဟိုမှာ ထမင်းသွားထုတ်ရတာ။ ရေသန့် ဘူးနဲ့ ပိုက်ဆံတစ်ထောင်ထုတ်ပြီးသွားပြီ။ ဒံပေါက်လား ဘာလားတော့
 မသိဘူး။ ထမင်းလို့တော့ ထင်ပါတယ်။ အလုပ်ပျက်တဲ့အတွက် လစာထဲကလည်း ဖြတ်မှာမဟုတ်ဘူး"လို့ ဒေါ်ခင်ခင်ရီက အလုပ်
 သမားတွေအပြန်ကို စောင့်နေတဲ့ အုတ်၊ သဲ၊ ကျောက်သယ်တဲ့ ကားကြီး (ကြိုပို့ယာဉ်)တွေကို လှမ်းကြည့်ရင်း ခပ်အေးအေး
 ပြောတယ်။
အခြေခံအလုပ်သမားတွေအတွက် ကျပ်ငွေတစ်ထောင်က ငါးရာတန် ထမင်း နှစ်နပ်နဲ့ ဗိုက်ဖြည့်နိုင်တယ်ဆိုတော့ အလုပ်မဆင်း
 ရလည်း ဘာပူပင်စရာမှ မရှိဘူးလေ။
ဒါပေမယ့် ၀န်ထမ်းအိမ်ရာတွေ ပြည့်နေတဲ့ ဘောဂသိဒ္ဓိရပ်ကွက်မှာတော့ မဲလာထည့်သူတွေက ပိုတောက်ပ သပ်ရပ် နေကြသလို
သူတို့အတွက် ကြိုပို့ယာဉ် တွေကလည်း ပိုသားနားနေကြတယ်။
နောက်ပြီး သူတို့ပိုတိကျအားပါတဲ့ စကားသံတွေနဲ့ ဖွင့်ပြောကြတယ်။
"တကယ် ပြည်သူတွေလိုအပ်နေတာတွေကို ဖြည့်ဆည်းပေးနိုင်မယ့် ခေါင်းဆောင်ကောင်းမျိုးကို ကြိုက်တာ။ အဲဒါကျွန်မတ
စ်ယောက် တည်း မဟုတ်ဘူး။ ပြည်သူတွေအကုန်လုံးရဲ့ ဆန္ဒပဲလေ။ ကိုယ်တိုင်လည်း ဘယ်ကို မဲပေးရ မလဲဆိုတာ ရွေးပြီးသွားပြီ။
 ၂၀၁၀ တုန်းကတော့ မဲဆွယ်တာတွေက အခုလို မများခဲ့ဘူးလေ။ ကျေးရွာတွေဘက်မှာတော့ ပါတီတွေက လိုက်မဲဆွယ်တာ
မျိုးရှိတယ်။ ဒီမှာကတော့ ၀န်ထမ်းမြို့တော် ဆိုတော့ ကိုယ့်အလုပ်ထဲကိုယ်ရောက် နေတာနဲ့ မဲဆွယ်တာတွေ သိပ်မတွေ့ ရဘူး။
အဲဒီလို ပါတီတွေက မဲတွေ အမျိုးမျိုးဆွယ်နေကြတယ်လို့လည်း ကြားတယ်။ ဒါပေမယ့် ကိုယ်ဘယ်ကို မဲပေးရမလဲဆိုတာ
 ဆုံးဖြတ်ချက်က ချထားပြီးသားလေ"လို့ ၀န်ထမ်းတစ်ဦးဖြစ်တဲ့ မဇင်ဝေထွန်းက မဲလာပေးရင်း ပြောပါတယ်။
ရွှေကြာပင် ရပ်ကွက်က မဲရုံတွေက အ.ထ.က ကျောင်းတွေမှာ ကျင်းပတာ များပြီး ပိုမိုသပ်ရပ်ခံ့ညားစွာနဲ့ တည်ရှိ နေပေမယ့်
 နိုင်ငံတော်သမ္မတကြီးနဲ့ ၀န်ကြီးတော်တော်များများ မဲလာထည့် မှာ မို့လို့ တမင်ပြင်ဆင်ထားတာမဟုတ်ပဲ မဲရုံအားလုံးနဲ့ တန်းတူ
 စည်းကမ်းတကျ ဆောက်လုပ်ထားတာလို့ ပြည်ထောင်စု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ၀င်တစ်ဦးက ပြောတယ်။
ဥတ္တရသီရိမြို့နယ်ထဲက မင်းကုန်းရွာ ထဲမှာ မဲရုံတချို့ကတော့ စာရင်းရှိ အကုန် မဲပေးပြီးသွားလို့ မွန်းလွဲ ၂ နာရီ လောက်မှာ
 ပိတ်လိုက်တယ်။
မဲစာရင်းမှာ မပါလို့ မဲပေးခွင့်မရတဲ့သူတချို့က လည်း မကျေနပ်လို့ သက်ဆိုင်ရာကို တိုင်ကြားမယ်လို့ ပြောနေကြတယ်။
ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် ရွာဘက်မှာတော့ မွန်းလွဲ သုံးနာရီကျော် အထိ မဲလာပေးသူတွေ တဖွဲဖွဲရှိနေ တုန်းပဲ။
ညနေ ၄ နာရီ။ မဲရုံပိတ်ပြီ။
မဲစာရင်း ရေတွက်တာကို လာကြည့်ကြတဲ့ ရွာသား တွေ၊ မဲဆန္ဒရှင်တွေက မဲရုံတွေဆီကို စိတ်စောတဲ့ ခြေလှမ်းကျဲတွေနဲ့ လှမ်းလာ
 နေကြတယ်။
သက်ဆိုင်ရာ မဲရုံတာဝန်ရှိ သူတွေက ဆန္ဒမဲတွေကို တစ်ရွက်ချင်း ရေတွက်နေကြတယ်။
မဲရေနေတဲ့ အသံ ထက် ပိုမြန်တဲ့ ရင်ခုန်သံကြောင့် တစ်ကိုယ်လုံးတုန်နေတဲ့ သူတွေထဲမှာ ပုဗ္ဗသီရိမြို့နယ်၊ ဇ၀နဒီပရပ်ကွက်က
 ကိုမျိုးမင်းဦးလည်း တစ်ယောက် အပါအ၀င်ပဲ။
ည ၁၀ နာရီ။
နေပြည်တော် ကောင်စီ နယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်မှာရှိတဲ့ မြို့နယ် ကော်မရှင်ရုံးမှာ လူတွေကြိတ်ကြိတ်တိုးနေတယ်။
နေပြည်တော် သီရိလေးမြို့ နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ၈၀ ရာခိုင်နှုန်းနိုင်နေတယ်လို့ အချင်း ချင်းပြောနေကြ
တယ်။
မနက် ၁ နာရီ။
သီရိလေးမြို့နယ် စလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လေးဦးက ရာခိုင်နှုန်းပြည့် အနိုင်ရရှိသွားပြီဆိုတဲ့
 အသံတွေကို ကြားရတယ်။

ဝင်းကိုကိုလတ်၊ ငြိမ်းအိအိထွေး၊ စုလှိုင်ထွန်းနှင့် ယုယုမော်
မြန်မာ့တိုင်းမ်
Posted: 05 Apr 2012 05:51 PM PDT
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ၄၄ နေရာ ၀င်ရောက်
ယှဉ်ပြိုင်ရာ တွင် ၄၃ နေရာ၌ အနိုင်ရရှိခဲ့သည်။ အသက် ၆၆
 နှစ်ရှိပြီဖြစ်သော 'The Lady 'ဟု လူအများကချစ်စနိုးခေါ်ကြသည့်

 ဒေါ်အောင်ဆန်းစုကြည် သည် မကြုံစဖူး နိုင်ငံရေးပြုပြင်ပြောင်း
လဲမှုများကို ဦးဆောင်ကာ ပြုလုပ်နေပြီး အစိုးရကလည်း အလုံးစြုံ
ပုပြင်ပြောင်းလဲမှုတစ်ရပ်အဖြစ် အရေးအကြီးဆုံးသော စီးပွားရေြး
ပုပြင်ပြောင်းလဲမှုများကို ဆောင် ရွက်နေသည်။
လွန်ခဲ့သော ၂၂ နှစ်အတွင်း အကျယ်ချုပ်ဖြင့် အများဆုံးထားခြင်းခံ
 ခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ၁ ရက်နေ့တွင်
ကျင်းပသော ကြားဖြတ် ရွေးကောက်ပွဲ၌ အမတ်တစ်နေရာရရန်
 သေချာသွားပြီဖြစ်ကြောင်း NLD က ကြေညာပြီးနောက် ထောက်ခံ
 သူများမှာ ညဘက်အထိ အောင်ပွဲခံခဲ့ပြီး အချို့မှာ ၀မ်းသာမျက်ရည်
 များပင်ကျကြသည်။
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး လောကထဲသို့ ၀င်ရောက်လာခြင်း
က နိုင်ငံတွင် နောက်ဆုံးသော ကြီးမားသည့် ပြောင်းလဲမှုတစ်ရပ်ဖြစ်
သည်။
"ဒါဟာ ခေတ်သစ်တစ်ခုရဲ့အစဖြစ် လိမ့်မယ်လို့ ကျွန်မတို့ယုံကြည်ပါတယ်။ "ဒီနိုင်ငံအတွင်းက နိုင်ငံရေးလုပ်ငန်း စဉ်မှာ ပါဝင်မယ်
လို့ ဆုံးဖြတ်ချက်ချထား တဲ့ ပြည်သူတွေရဲ့အောင်ပွဲတစ်ရပ်ဖြစ်တာမို့ ကျွန်မတို့တွေရဲ့အောင်ပွဲမဟုတ်ပါဘူး" ဟု ဒေါ်အောင်ဆန်း
 စုကြည်က ရန်ကုန်မြို့ရှိ NLD ပါတီဌာနချုပ်တွင် ပြောကြားသော အောင်ပွဲခံမိန့်ခွန်း တစ်ရပ်၌ ပြောကြားခဲ့သည်။
စစ်တပ်နှင့် ၎င်း၏နိုင်ငံရေးမဟာ မိတ်များ ဆက်လက်စိုးမိုးနေမည့် ပါလီ မန်တွင် သူမ၏နေရာကိုရယူဖို့ ပြင်ဆင် ထားကြောင်း
 ဒေါ်အောင်ဆန်းစုကြည် က အခြားနိုင်ငံရေးပါတီများကို ပြော ကြားခဲ့သည်။
" ကျွန်မတို့နိုင်ငံမှာ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီတစ်ခုကို တည်ထောင်ဖို့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ ပါတီတွေအားလုံးက
 ကျွန်မတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်မယ်လို့ မျှော်လင့်ပါ တယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
ပြီးခဲ့သောနှစ်က မြန်မာအစိုးရက ၎င်းကိုဝေဖန်သူများကို အံ့အားသင့်သွားစေသည့် အကျဉ်းသား ရာပေါင်းများစွာကိုလွှတ်ေ
ပးခြင်း စသော ပြုပြင် ပြောင်းလဲမှုများကို ပြုလုပ်ခဲ့သော်လည်း တိုင်းရင်းသားများနှင့် သဘောကွဲလွဲမှု နှင့် စွပ်စွဲထားသော
 လူ့အခွင့်အရေး ချိုးဖောက်မှုများကိုမူ အနောက်နိုင်ငံများ က စိုးရိမ်ပူပန်မှုများရှိနေဆဲဖြစ်သည်။
ကြားဖြတ်ရွေးကောက်ပွဲက သိသာ ထင်ရှားသော ခြေလှမ်းတစ်ရပ်ဖြစ်သော်လည်း အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးရရ
န် အစိုးရက ယခုအချိန် အထိ ဆတက်ထမ်းပိုးလုပ်ဆောင်မှုများ ပြုလုပ်ရန်ရှိနေသေးကြောင်း ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်
ဘန်ကီမွန်း က ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ သတ္တိကို ဘန်က ချီးကျူးဂုဏ်ပြုခဲ့ပြီး 'မြန်မာ နိုင်ငံအတွက် ပိုကောင်းတဲ့ အနာဂတ် တစ်ခုဆီသို့
 သွားရာတွင် နောက်ထပ် သိသာထင်ရှားသည့် ခြေလှမ်းတစ်ရပ်' ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ကုလ သမဂ္ဂအတွင်းရေးမှူး
ချုပ်၏ ပြောရေးဆို ခွင့်ရှိသူတစ်ဦးက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက် ပွဲတွင် အနိုင်ရခြင်းက ပို၍ ကောင်းမွန် သည့် ပြုပြင်ပြောင်းလဲမှုများကို ဖြစ်စေ လိမ့်မည်ဟု
 မျှော်လင့်ကြောင်း အမေရိကန်သမ္မတရုံးက ပြောကြားခဲ့ ပြီး ပိတ်ဆို့အရေးယူမှုများကို နောက်ထပ် လျှော့ချပေးမည့် အလား
အလာရှိ ကြောင်း ဥရောပသမဂ္ဂက ဧပြီလ ၂ ရက် နေ့က ပြောကြားခဲ့သည်။
"မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပေါ် နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကျွန်ုပ် တို့ ဆက်ပြီးအားပေးထောက်ခံသွားမှာ ပါ။
 နောက်ပြီး ဒီလိုပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်ဖြစ်ပေါ်နေရင် ပိုမိုရင်းနှီးတဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်လာဖို
့ မျှော်လင့်ပါတယ်" ဟု ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒအကြီးအကဲဖြစ်သူ ကက်သရင်းအက်ရှ်တန်က ပြောကြားခဲ့ သည်။
၎င်းသည် ယခုလ နှောင်းပိုင်း၌ မြန်မာနိုင်ငံသို့လာရောက်မည်ဟု မျှော် လင့်ရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အောင်မြင် မှုကို ပြင်သစ်သမ္မတနီကိုလပ်စ်ဆာကိုဇီ က ၀မ်းမြောက်ကြောင်းပြောကြားခဲ့ပြီး ဗြိတိန်နို
င်ငံခြား ရေးဝန်ကြီး ၀ီလျံဟေ့ဂ်က လည်း 'သမိုင်းတွင်မယ့် ရလဒ်တစ်ခု' အဖြစ် ပြောကြားခဲ့သည်။
ဆာကိုဇီက ကြေညာချက်တစ်စောင် တွင် "ကျွန်ုပ် ပြင်သစ်ပြည်သူတွေ ကိုယ် စား ဆန္ဒပြုပါတယ်။ မြန်မာနိုင်ငံရဲ့ဒီမို ကရေစီ
 အောင်ပွဲနဲ့ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ကိုယ်ပိုင်ကတိက၀တ်ကို လေး စားဂုဏ်ပြုပါတယ်" ဟု ဖော်ပြခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပါလီ မန်အတွင်း၌ ဥပဒေပြုလွှတ်တော် အမတ်နှင့် အတိုက်အခံခေါင်းဆောင် တစ်ဦးအနေဖြင့်
ဥပဒေပြုရေးလုပ်ငန်း စဉ်တွင် မကြုံစဖူးပြောရေးဆိုခွင့်တစ်ရပ် ကို ရရှိလာမှာဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် အထွေထွေ
 ရွေးကောက်ပွဲ တွင် အင်န်အယ်လ်ဒီက ပါဝင်ယှဉ်ပြိုင် ဖို့ အသင့်ပြင်ထားပြီး ဖြစ်သည်။
"အင်န်အယ်လ်ဒီက နောက်တစ် ကြိမ်ရွေးကောက်ပွဲမှာ အပြတ်အသတ် နိုင်ချင်ပါတယ်။ နောက်ပြီး သူတို့ကိုယ် တိုင်က အစိုးရ
တစ်ရပ်ကို ဖွဲ့စည်းတည် ထောင်နိုင်ဖို့ဆန္ဒရှိပါတယ်" ဟု ဩစ တြေးလျ အမျိုးသားတက္ကသိုလ်မှ မြန် မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်
သူ ပညာရှင် တစ်ဦးဖြစ်သူ ထရီဗာဝီလ်ဆင်က ပြော ကြားခဲ့သည်။
၂၀၁၁ ခုနှစ်တွင် အာဏာကိုလွှဲ ပြောင်းရယူခဲ့သော အစိုးရက ၎င်း၏ နိုင်ငံရေးစနစ် တရားဝင်ဖြစ်မှုကို အထောက်အပံ့ဖြစ်စေရ
င့် အနောက် နိုင်ငံများက ပိတ်ဆို့အရေးယူမှုများကို ဖြေလျှော့ပေးရေးအတွက် တိုက်တွန်း ရန် ပါလီမန်အတွင်းတွင် ဒေါ်အော
င်ဆန်း စုကြည်ကို လိုအပ်လျက်ရှိသည် ဟု လေ့လာသူများက ဆိုသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိ ရန်နှင့် စီးပွားရေးကို ပြန်လည်ဦးမော့လာ စေရန် ဆောင်ရွက်မှုတစ်စိတ်တစ်ဒေသ
 အနေဖြင့် မြန်မာနိုင်ငံသည် ဧပြီလ ၂ ရက် နေ့တွင် ၎င်း၏နိုင်ငံခြားငွေ လဲလှယ်မှု စနစ်ကို ပြောင်းလဲပြင်ဆင်ခဲ့သည်။
နိုင်ငံခြားငွေလဲလှယ်နှုန်းကို ထိန်း ကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲလှယ် နှုန်းစနစ်သို့ပြောင်းလဲပြီးနောက် မြန်မာ နိုင်ငံတော်
 ဗဟိုဘဏ်က အခြေခံလဲ လှယ်နှုန်းကို တစ်ဒေါ်လာလျှင် ၈၁၈ ကျပ်နှုန်းသတ်မှတ်ခဲ့သည်။
ယခုသတ် မှတ်လိုက်သော တရားဝင်ငွေလဲလှယ် မှုနှုန်းထားသည် မှောင်ခိုဈေးကွက်တွင် လဲလှယ်နေသော နှုန်းထားနှင့်
 အကြမ်း အားဖြင့် ညှိယူပြီး သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ယခင်က နိုင်ငံခြားငွေလဲလှယ် နှုန်းကို အစိုးရက တစ်ဒေါ်လာလျှင် ခြောက်ကျပ် ၀န်းကျင်သတ်မှတ်ထား ခြင်းကို ကျယ်
ကျယ်ပြန့်ပြန့် အသုံးမပြုခဲ့ ကြပေ။
၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် မတူဘဲ အစိုးရက ပြည်ပစောင့်ကြည့် လေ့လာသူများနှင့် သတင်းစာဆရာများ အား ဧပြီလ
 ၁ ရက်နေ့က ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်တိုင် ကြည့်ရှုလေ့လာခွင့်ပြုခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) မှ လက်ရှိဥက္ကဋ္ဌဖြစ်သော ကမ္ဘောဒီးယားနိုင်ငံမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့
လာ သူများက ကြား ဖြတ်ရွေးကောက်ပွဲမှာ 'လွတ်လပ်မျှတ ပြီး ပွင့်လင်းမြင်သာစွာနဲ့ ကျင်းပပြုလုပ် ပြီးစီးသွားကြောင်း'
 ပြောကြားခဲ့သည်။

(အေအက်ဖ်ပီ)
ဝင်းသော်တာ ဘာသာပြန်သည်။
မြန်မာ့တိုင်းမ်
 နိုင်ငံရေး ပါတီဖြစ်လာမည်
Posted: 05 Apr 2012 05:49 PM PDT
ဧပြီလ ၁ ရက်နေ့က မဲဆန္ဒနယ်ပေါင်း ၄၅ နေရာတွင် ကျင်းပခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ၄၃ နေရာအနိုင်ရရှိခဲ့ သည့်အတွက်
 ပြည်ထောင်စုလွှတ်တော် ၌ ဒုတိယအင်အားအကြီးဆုံးပါတီ ဖြစ်လာမည်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲမကျင်းပခင်ကတည်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးရရှိထား
ပြီးဖြစ်ရာ ယခုအနိုင်ရရှိ သည့် ကိုယ်စားလှယ်များအားလုံး လွှတ် တော်တက်ရောက်ခွင့်ရရှိခဲ့ပါက ပြည် ထောင်စုလွှတ်တော်အတွင်း
ကိုယ် စားလှယ် ၄၂ ဦး ရရှိမည်ဖြစ်ရာ ယခင်က ကိုယ်စားလှယ် ၃၄၂ ဦးရရှိထားပြီး တစ်ဦးထပ်မံအနိုင်ရထားသည့် ပြည် ထောင်စု
 ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြီးနောက် ကိုယ်စားလှယ်ဦးရေ ဒုတိယ အများဆုံး ရရှိထားသည့် ပါတီဖြစ်လာ မည်ဖြစ်သည်။
တတိယအင်အားအကြီးဆုံးပါတီမှာ တိုင်းရင်းသားပါတီ တစ်ခုဖြစ်သည့်

အစိုးရသစ် အာဏာလွှဲပြောင်းရယူ ပြီးနောက် တစ်နှစ်အကြာ
တွင် ကျင်းပ
 သည့် ကြားဖြတ်ရွေးကောက်ပွဲသည် အောင်မြင်သော
 ရွေးကောက်ပွဲဖြစ်
 ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင် မြို့၌ အာဆီယံ
 ထိပ်သီးအစည်းအဝေး
တက်ရောက်ရန် ရောက်ရှိနေသည့် မြန်မာနိုင်ငံ သမ္မတ
 ဦးသိန်းစိန်က ဧပြီလ
 ၃ ရက်နေ့တွင် ပြောကြားခဲ့သည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ
 ဒေါ်အောင်ဆန်းစုကြည်က
 လည်း ကြားဖြတ်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် ခေတ်သစ်တစ်ရပ်
 ကို စတင်လိုက်ခြင်းဖြစ်ကြောင်း၊ ရွေး ကောက်ပွဲတရားဝင်ရလဒ်များ မကြေ
 ညာသေးသော်လည်း နေရာအများစု၌ အနိုင်ရရှိကြောင်း သေချာနေသည့်
အချိန်တွင် ပြောကြားခဲ့သည်။
"ပြည်သူတွေအနေနဲ့ နိုင်ငံရေး ဖြစ်စဉ် မှာပါဝင်ဖို့ ဆုံးဖြတ်လိုက်လို့ ကျွန်မတို့
အဖွဲ့ချုပ်အနေနဲ့ လုပ်နိုင်ကိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်"ဟု ဗဟန်းမြို့နယ်ရှိ ပါတီ ဌာနချုပ်တွင် ၎င်းကပြောကြားသည်။
ယခု ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့ သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ နိုင်ငံ ရေးပါတီ ၁၇ ပါတီ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ ပြီး
 ယှဉ်ပြိုင် အရွေးချယ်ခံခဲ့သူ
တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်းရှစ်ဦး အပါအ၀င် ကိုယ်စားလှယ်လောင်း စုစု ပေါင်း ၁၆၈ ဦးရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင်လည်း ရန်ကုန်တိုင်းကော့မှူးမြို့နယ်
 ကိုယ်စားပြု ပြည်သူ့လွှတ်တော်
ကိုယ် စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ် ပြိုင်ခဲ့ရာ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၈၇,၇၁၆ ဦးရှိသည့်အနက် ဆန္ဒမဲ
စုစုပေါင်း ၅၅,၉၀၂ မဲရရှိကာ
အနိုင်ရရှိခဲ့ သည်။
ယင်းကိုယ်စားလှယ်နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း
 ဒေါက်တာ
 စိုးမင်းက ဆန္ဒမဲ ၉,၁၇၂ မဲနှင့် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးတင်ရီက ၃၉၇ မဲရရှိခဲ့သည်။
ကော့မှူးမြို့နယ်နေ ပြည်သူတစ်ဦးဖြစ်သည့် အသက် ၂၂ နှစ်အရွယ် ကိုထွန်းလင်းက ဒေါ်အောင်ဆန်းစုကြည်သည် နေရာတိုင်း၌

နည်းလမ်း တကျ အလုပ်လုပ်တတ်သည့်အတွက် ၎င်း၏ပါတီကို မဲပေးခဲ့ ကြောင်း မဲရုံမှပြန်အထွက်တွင် မြန်မာတိုင်း(မ်)ကိြုေ
ပာသည်။
"အမေစုက နိုင်သွားရင် ဘာလုပ်ပေးမယ်လို့မကြေညာဘူး။ ဘာမှ မလုပ်ပေးလည်း ကျွန်တော်တို့ကတော့ ဘယ်လိုမှမနေဘူး။
 လုပ်ပေးသည်ဖြစ်စေ၊ မလုပ်ပေးသည်ဖြစ်စေ၊ သူကလမ်းကျကျ လုပ်တဲ့အတွက်ကြောင့် သူ့ကိုမဲပေးတာ။ အခုတစ်ခေါက်မဲထည့်
 ရတာကတော့ လွတ် လွတ်လပ်လပ်ပဲ။ ပြဿနာမရှိဘူး"ဟု မကျည်းကန်ရွာသား ခြံလုပ်ငန်း လုပ်ကိုင်သူ ကိုထွန်းလင်းက
 ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲမကျင်းပခင် ညက ကော့မှူး မြို့နယ် ၀ါးသိင်္ခကျေးရွာတွင် ညအိပ်ကာ မနက်ခင်း
 ကတည်းက လမ်းသင့်ရာ မဲရုံများကို လှည့်လည်ကြည့်ရှုခဲ့သည်။
ကရင်လူမျိုး အများစုနေထိုင်ရာ ၀ါးသိင်္ခကျေးရွာသားတစ်ဦးဖြစ်သူ အသက် ၂၉ နှစ်အရွယ် ကိုစဟိန်းမင်းဇာက
 ဆန္ဒမဲပေးခြင်းသည် လူမျိုး ရေးမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်မှုကြောင့်သာ မဲပေး ကြသည်ကို တွေ့ရကြောင်း
 မြန်မာတိုင်း(မ်)ကို ပြောသည်။
"အမေစုကို အရမ်းယုံကြည်တယ်။ မျက်နှာမြင်တာနဲ့ အရမ်းချစ် ကြတယ်။ ဘာလို့ယုံတာလဲ မပြောတတ်ဘူး။
ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးမယ်လို့ ယုံကြည်တယ်"ဟု ကိုစဟိန်းမင်းဇာက ဆိုသည်။
ယခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် သံတမန်နှင့် လေ့လာသူ ၁၅၆ ဦးအား လေ့လာရန် စီစဉ်ပေးခဲ့သည်။
ထို့ပြင် ပြည်တွင်းရှိ နိုင်ငံခြားသတင်းထောက် ၂၇ ဦးနှင့် ပြည်တွင်းထုတ် စာနယ်ဇင်းများမှ သတင်းထောက် စုစု ပေါင်း
 ၄၂၇ ဦးကို သတင်းရယူနိုင်ရန် ခွင့်ပြုသည့် ကတ်ပြားများ ထုတ်ပေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ရွှေယင်းမာဦးနှင့် မြတ်မေဇင်  (မြန်မာတိုင်းမ်)
သက်ရောက်ပြီ
Posted: 05 Apr 2012 05:30 PM PDT
ပြည်သူလူထုအား လုပ်အားခေါ်ယူခြင်း၊ ပေါ်တာ ထမ်းခိုင်းခြင်းမပြုရေး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ အမိန့် ချင်းပြည်နယ်
နယ်စပ်ဒေသအထိ အာဏာသက်ရောက်မှူ ရှိပြီဟု ဒေသခံတဦးက ပြောသည်။
ဖေါ်ပြပါ နိုင်ငံတော် သမ္မတအမိန့်ကြောင့်ပြည်သူ့ရဲ၊  နယ်မြေခံ တပ်မတော်သားများအနေနှင့် ဒေသခံ  ပြည်သူတွေကို လုပ်အား
၊ ပေါ်တာတွေခေါ်မှာ မဟုတ်တော့ကြောင်း မတူပီမြို့နယ်လိုင်လင်းပီရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောသည်။

" အခု လိုင်လင်းပီ ပြည်သူရဲ မိသားစု လိုင်းတွေကို ပြည်သူရဲတွေကိုယ်တိုင်
 ဆောက်နေကြတယ်၊ အရင် တပ်မတော် အစိုး ရ လက်ထက်မှာ ပြည်သူတွေကို
 ကျေးရွာအလိုက် ခွဲတမ်းချပြီး ကိုယ့်စရိတ်နဲ့ ကိုယ် ဆောက်ခိုင်းတာလေ " ဟု
 လိုင်လင်း ပီရွာသားတဦးက ပြောသည်။

ပြည်သူ့ရဲနဲ့ နယ်မြေခံ စစ်သားတွေအတွက် စခန်းရုံးနှင့် မိသားစုလိုင်း
 ပြုပြင်စရိတ်ကို သက်ဆိုင်ရာက ဘတ်ဂျက်တွေ ချပေးခြင်းမရှိကြောင်း
  ပြည်သူရဲနဲ့ နီးစပ်သူတဦးက ဆိုသည်။

" အခု လောလောဆယ်တော့ ပေါ်တာတွေ မရှိပေမဲ့ ရေရှည်အတွက် စိတ်ချလို
့မရဘူး၊ သူတို့မှာ အဲဒီအတွက် ဘတ်ဂျက်မရှိဘူးလေ" ဟု ပြောသည်။

သို့သော် ယခုလက်ရှိ ချင်းပြည်နယ်အတွင်း အစိုးရ၀န်ထမ်းများသည်  မသမာသောနည်းဖြင့် အခွန်   ကောက် နေကြကြောင်း
သိရသည်။

" စာမေးပွဲကြေး၊ စာစစ်ခ၊ ဆေးစစ်ခ အတွက်ဆိုပြီး  ၀န်ထမ်းတွေက ပြည်သူထံ ငွေကောက်တာတွေရှိသေး တယ်" ဟု
 မတူပီမြို့နယ်မှ ကျေးရွာ အုပ်ချုပ်ရေးမှူး တဦးက ပြောသည်။

 ခိုနူမ်းထုန်
Posted: 05 Apr 2012 05:27 PM PDT
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ယနေ့ ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီနှင့်
 ရခိုင်ပြည်နယ် အစိုးရ အကြား ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် ပဏာမ သဘောတူညီချက် (၅) ခုကို လက်မှတ်ရေး
ထိုးနိုင်ခဲ့သည်။

လက်မှတ်ရေးထိုးနိုင်ခဲ့သည့် သဘောတူညီချက် (၅) ခုကို ရခိုင်ပြည်လွတ်မြောက်ရေး ပါတီမှ ငြိမ်းချမ်းရေး ဒုခေါင်းဆောင်
 ခိုင်သုခက ယခုကဲ့သို့ပြောသည်။

" ဒီလ ၆ ရက်နေ့က စပြီးတော့ ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်နဲ့ မြန်မာတပ်မတော် အကြား အပြန် အလှန် တိုက်ခို
က်နေမူကို ရပ်တန့်ရန်၊ နှစ်ဦးနှစ်ဘက် ဆက်သွယ်ရေး အတွက် ဆက်ဆံရေးရုံးတွေကို ကျောက်တော်နဲ့ ပလ၀က်ဝမှာ
 ဖွင့်လှစ်ရန်၊ ပစ်ခတ်မူ ရပ်ဆိုင်းတဲ့ ကာလအတွင်း နှစ်ဘက် သဘော တူညီထားသော နယ်မြေ များ အပ နယ်မြေ
 ကျော်လွန်ပြီး လက်နက်ကိုင်ဆောင် သွားလာမူကို နှစ်ဦး နှစ်ဘက် ကြိုတင် ညှိနိုင်းပြီးမှ ဆောင်ရွက်ရန်၊ အပစ်အခတ်
ရပ်စဲထားစဉ် အတွင်း ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ အဖွဲ့ဝင်များကို မြန်မာ တနိုင်ငံလုံး လွတ်လပ်စွာ သွားလာခွင့် ပြုရန်နဲ့
 ပြည်ထောင်စု အစိုးရက ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ ငြိမ်းချမ်အဖွဲ
့တို့ နှစ်ဦး နှစ်ဘက် သဘောတူညီတဲ့ အချိန် သဘောတူညီတဲ့နေရာမှာ ရခိုင်ဒေသအတွင်း တည်ငြိမ် အေးချမ်းရေးနဲ့
 ဖွံ့ဖြိုး တိုးတက်ရေး စတဲ့ လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး အတွက် ဆက်လက် ညှိုင်း ဆွေးနွေးကြရန်ဆိုတဲ့ အချက်တွေ
 ဖြစ်ပါတယ်" ဟု ပြောသည်။

ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် အစိုးရဘက်မှ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်၊ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့
 နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ အနောက်ပိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီးမှူး ပထမတန်း ဒုတိယ ဗိုလ်မှူးကြီး
မျိုးမင်းနောင်၊ ဦးလှသိန်း - ပြည်နယ် ဥပဒေချုပ်၊ ဦးစိုးဝင်း ရခိုင်ပြည်နယ် နယ်စပ် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန
 ညွှန်ကြားရေးမှူးတို့ တက်ရောက်ခဲ့သည်။ ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီဘက်မှ ပါတီ ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင်
 ဦးဆောင်ပြီး ၁၈ ဦး တက်ရောက်ခဲ့သည်။

" ရခိုင်ပြည်နယ် အစိုးရဘက်ကတော့ ဗိုလ်မှူးကြီး ထိန်လင်း ဦးဆောင်ပြီး လက်မှတ်ထိုးပါတယ်။ ကျွန်တော် ALP
ဘက်ကတော့ ၄ ဦး လက်မှတ်ထိုးပါတယ်။ ကျွန်တော် တွဲဘက် အထွေထွေ အတွင်းရေးမှူး ၂ ခိုင်သုခု၊ ဗဟို အလုပ်
အမူဆောင်ကော်မီတီဝင် ခိုင်ထွန်းလင်း ဒုဗိုလ်မှူးကြီး မိုးချမ်း၊ ဗိုလ်မှူး ခိုင်မျိုးချစ်တို့ လက်မှတ်ရေးထိုးထားပါတယ်" ဟု
 ခိုင်သုခမှ ဆက်ပြောသည်။

ဆွေးနွေးပွဲကို စစ်တွေမြို့ကမ်းခြေရှိ စစ်တွေဟိုတယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခု ဆွေးနွေးပွဲနှင့် ပတ်သတ် ပြီး အဖွဲ့
ဒုခေါင်းဆောင်ဖြစ်သူ ခိုင်သုခက ယခုကဲ့သို့ သုံးသပ်ပြောဆိုသည်။

"ဘာဘဲဖြစ်ဖြစ် နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့အတွက် ဒါက ပထမအဆင့်လို့ ယူဆတယ်။ ဒါပေမဲ့
 ဒီကနေပြီးတော့ နောက်ဆုတ်မသွားဘဲ ရှေ့ကို အများကြီး ဆက်လက် ဆောင်ရွက် လာနိုင်မယ်လို့ ယူဆပါတယ်။"

သဘောတူညီချက်များမှာ မနက်ဖြန် (ဧပြီလ ၆ ) ရက်နေ့မှ စပြီး အသက်ဝင်မည် ဖြစ်သည်။

ဦးခိုင်စောနိုင်အောင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ယမန်နေ့ နံနက်က ရန်ကုန်မှ တဆင့် စစ်တွေမြို့ သို့
 ရောက်ရှိလာရာ ဒေသခံ ပြည်သူ သိန်းနှင့်ချီ၍ ကြိုဆိုခဲ့ကြခြင်း အပေါ် ကျေးဇူးတင်ကြောင်းနှင့် ယခုကဲ့သို့ ပြည်သူများ
 ကြိုဆိုကြခြင်းမှာ ALP ပေါ်လစီ မူဝါဒများမှာ ပြည်သူများ လိုလားနေမူနှင့် တစ်ထပ်တည်း တစ်သားတည်း ဖြစ်သည်ကို
 ဖေါ်ပြနေခြင်း ဖြစ်ကြောင်း ခိုင်သုခမှ နိရဉ္စရာသို့ ပြောကြားသွားသည်။

နိရဉ္စရာ
You are subscribed to email updates from သစ်ထူးလွင် Myanmar News Now
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment