Tuesday 3 April 2012



Posted: 02 Apr 2012 11:54 PM PDT
ဓာတ်ပုံ ကိုဖိုးထောင်..
ခွပ်ဒေါင်းမိခင်ကို ဒီမှာ ထပ်ပြီးမဲပေးမယ်...

ကမ္ဘာကျော် Time မဂ္ဂဇင်းရဲ့ ၂၀၁၂အတွက် ကမ္ဘာ့သြဇာ တိက္ကမကြီးသူ ပုဂ္ဂိုလ်(၁၀၀)ဦးအတွက် ကျွန်တော်တို့ရဲ့ အမေစုကို ဒီမှာမဲပေးကြမယ်။ ဧပြီ(၆)ရက် နောက်ဆုံးဖြစ်ကြောင်း သိရှိရပါတယ်..။ အမြန်သွားရောက် မဲပေးကြပါ...။
Posted: 02 Apr 2012 11:22 PM PDT
ရှမ်းအမျိုးသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)မှ ဦးစိုင်းစံမင်း (ဒီဇိုင်း La Yaung Facebook)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဲဆန္ဒနယ်အမှတ်(၃) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းနေရာအတွက် လားရှိုး၊ သိန်းနီ၊ မိုင်းရယ်၊ တန့်ယန်း၊ ကွမ်းလုံ ငါးမြို့နယ် မဲစာရင်းပေါင်းအရ ကျားဖြူပါတီမှ ဦးစိုင်းစံမင်းက NLD ပါတီအား ၁၅၂၆ မဲအသာဖြင့် ပွတ်ကာသီကာ အနိုင်ရရှိသွားပြီ ဖြစ်ကြောင်း ရလာဒ် ထွက်ပေါ်လာပြီဖြစ်သည်။ ကျားဖြူပါတီ၏ မဲရရှိမှုမှာ ၄၇၂၂၆ မဲဖြစ်ပြီး NLD ပါတီမှာ ၄၅၇၀၀ မဲရရှိခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီက ၄၅၂၉၆ မဲ၊ ကိုးကန့်ပါတီက ၁၇၈၇၄မဲ၊ လားဟူပါတီက ၆၃၀၆ မဲ ကိုယ်စီရရှိခဲ့ကြ သည်။ ကျားဖြူ၊ NLD ၊ ပြည်ခိုင်ဖြိုးပါတီတို့မှာ မဲရလဒ်များ မတိမ်းမယိမ်းဖြစ် ကြသည်။
 7 Day News Journal
Posted: 02 Apr 2012 09:28 AM PDT
၂၀၁၂ခုနှစ် မတ်လ ၂၉ ရက်နေ့က ဖွဲ့စည်းခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့(ဟင်္သာတခရိုင်) ဖွဲ့စည်းခြင်း အခမ်းအနား..
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ယခင်ဖွဲ့စည်းခဲ့တဲ့ မန္တလေးခရိုင်၊ မြင်းခြံ၊ မုံရွာ၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ဒဂုံ၊ မအူပင်ခရိုင်များမှာ မည်သည့် ပြသနာမျှ ပေါ်ပေါက်ခဲ့ခြင်း မရှိပဲ ဟသာင်္တခရိုင်(ဗကသ)အဖွဲ့ဝင် ကျောင်းသား/သူ (၆)ဦးအား ပါမောက္ခချုပ် ဒေါက်တာမျိုးသိမ်းကြီးနှင့် အဖွဲ့မှ စုံစမ်း၊ စစ်ဆေးနေခြင်းအပေါ် ဟင်္သာတခရိုင် (ဗကသ)မှ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်.
Posted: 02 Apr 2012 08:12 AM PDT
လားရှိုး အမျိုးသားလွှတ်တော် အတွက် ဝင်ရောက်ယှဉ်ပြိုင်တဲ့ အဖွဲ့ချုပ် ကိုယ်စားလှယ် ဦးစိုင်းမြင့်မောင်
ဓာတ်ပုံ အဘဥက္ကာကိုကို

လားရှိုးမဲဆန္ဒနယ်မှ ခွပ်ဒေါင်းပါတီနဲ့ ကျားဖြူပါတီ ဘယ်သူနိုင်နိုင် ဂုဏ်ပြုကြပါစို့..
အားလုံးသိချင်နေတဲ့ အမျိုးသားလွှတ်တော်အတွက် လားရှိုးမဲဆန္ဒနယ်မှာ ယနေ့ည နောက်ဆုံး သိရှိရသည့် အချိန်အထိ ကျားဖြူပါတီမှ မဲ၆၀၀အသာနဲ့ ဦးဆောင်နေတယ်လို့ သိရပါတယ်..။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)မှ ဦးစိုင်းစံမင်းမှ မဲ ၆၀၀ အသာနဲ့ ဦးဆောင်နေပြီး အန်အယ်လ်ဒီမှ ဦးစိုင်းမြင့်မောင် ဒုတိယလိုက်နေပါတယ်..။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ အတွက် ကျေးရွာ ၁၀ရွာခန့်ကျန်နေသေးပြီး မနက်ဖြန်မနက်မှာ အဖြေသိရှိနိုင်မှာ ဖြစ်ကြောင်းသိရှိရပါတယ်..။

ဒီမိုဝေယံ အမြင်လေး ပြောရရင်တော့ အန်အယ်လ်ဒီနဲ့ ကျားဖြူပါတီမည်သူရရ ကျေနပ်ရမှာပါ..။ ကျွန်တော့်အမြင်ကတော့ အန်အယ်လ်ဒီနဲ့ ကျားဖြူပါတီကို တအိမ်တည်းနေ ညီအကိုနှစ်ဦး ဗိုလ်လုပွဲမှာ ပြန်တွေ့ကြတဲ့ အတွက် အကိုပဲနိုင်နိုင် ညီပဲနိုင်နိုင် ကျေနပ်ပါတယ်..။ ဘာကြောင့်ဆိုတော့ တစိမ်းမပါတော့ဘူးလေ။ အဲ့တော့ မနက်ဖြန် အဖြေထွက်ခဲ့ရင်တော့ မည်သူနိုင်နိုင် ဂုဏ်ပြုရမယ်လို့ ဒီလိုပဲ မြင်မိပါတယ်ဗျာ...။

တဆက်တည်းမှာပဲ ခုအနိုင်ရရှိတဲ့ အဖွဲ့ချုပ်ရဲ့ ပြည်နယ်နဲ့တိုင်းက ကိုယ်စားလှယ်တွေ လာမယ့် (၇)ရက်နေ့မှာ အဖွဲ့ချုပ်ရုံးမှာ စုံစုံညီညီ တွေ့ဆုံကြပါမယ်... ကျွန်တော်တို့ ပြည်သူတွေ ထပ်မံကြိုဆို ဂုဏ်ပြုကြတာပေါ့ဗျာ..။ 

 ဒီမိုဝေယံ

MRTVက ကြေငြာသွားတဲ့ NLD လွှတ်တော် ကိုယ်စားလှယ်စာရင်း(Burma VJ ရုပ်သံ) from Demo Waiyan on Vimeo.

You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment