Sunday 20 May 2012


ထိုင်းနိုင်ငံကုန်ထုတ်စွမ်းအားကို ၁၀ နှစ်အတွင်း မှီတော့မည်လား..။
မြန်မာနိုင်ငံ၏ ယခင် ၇ နှစ်အတွင်း GDP တိုးတက်နှုန်းနှင့် အရှေ့တောင်အာရှ ၃ နိုင်ငံကိုနှိုင်းပါက မြန်မာနိုင်ငံ၏ နှစ်စဉ်တိုးတက်နှုန်းသည် အခြားနိုင်ငံများထက် များစွာများသာနေသည်။ ၇ နှစ်အတွင်း မြန်မာ- ၆.၅ဆ၊ ဗီယက်နမ်- ၂.၃ဆ၊ ထိုင်း- ၁.၉ဆ၊ မလေးရှား- ၁.၈ဆ ဖြစ်ပါ သည်။ ထိုတိုးတက်နှုန်းအတိုင်းသာဆိုပါက GDP အနည်းဆုံးဖြစ်သောမြန်မာနိုင်ငံသည် ၂၀၁၅ တွင် ဗီယက်နမ်ကိုကျော်မည်။ ၂၀၁၇ တွင် မလေးရှားကိုကျော်လွန်သွားပြီး ၂၀၂၀ တွင် ထိုင်းနိုင်ငံကိုမှီမည်ဖြစ်သည်။ ကျွန်ုပ်၏ ထိုအိပ်မက်သည် iMF Nominal GDP data – http://www.imf.org/external/datamapper/index.php ကို ရည်ညွှန်းထားပါသည်။ ထိုအိပ်မက် တကယ်ဖြစ်လာစေရန် နိုင်ငံခေါင်းဆောင်များမှာ အဓိကတာဝန်ရှိသော်လည်း၊ ကျွန်ု၏စိတ်နေစိတ်ထား Good Attitude သို့ပြောင်းလဲရေးသည် ပိုအရေးကြီးပါသည်။

Fig. GDP Trend Chart (Actual and Dream GDP)
• ကျွန်ုပ်၏စိတ်ကူးယဉ်တာဝန်

အိမ်မက်ပမာ ဗီယက်နမ် GDP ကို ၂၀၁၅ တွင် အမှီလိုက်ရေး၊ ၂၀၂၀ တွင် ထိုင်းနိုင်ငံကိုမှီရေး၊ မြန်မာအစိုးရ ဘာလုပ်သင့်သည်ကို ကျွန်ုပ် ရေးလျှင် ရေးမကုန်နိုင်ပါ။ ကျွန်ုပ်ဘာလုပ်သင့်သနည်းကိုရေးသည်က ပိုသဘာဝကျပါမည်။

ကျွန်ုပ်တို့ငယ်စဉ်က မုံရွာမြို့၊ မြို့မဂါတ်၊ မူလတန်းကျောင်းရှေ့မှာ သစ္စာဆိုခဲ့ပါသည်။ မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်၊ မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်၊ မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်။ မိမိတိုင်းပြည်တွက် ကောင်းအောင်ကြိုးစားမည်ဟူသော သစ္စာဓိ ဌာန် ၄ ချက်အရ၊ ပထမဆုံးလုပ်ရမည်မှာ မိမိအတွက်ပင်ဖြစ်ပါသည်။ မိမိအိပ်ထဲချည်း မပြည့်မချင်းထည့်သည့် မိမိကောင်းစားရေး၊ တကိုယ် ကောင်းစိတ်ထားမှာ စစ်အာဏာရှင်စနစ်နှင့် ချန်ထားရစ်လေပြီ။ မိမိ အိမ်၊ ကား ဘယ်လောက်ကြီးကို ပိုင်ဆိုင်သည်ဆိုသည်ထက် ထိုအိမ် ကြီး၊ ကားကြီးတွင် လူဘယ်နှစ်ယောက် နေထိုင်၊ စီးနင်းကြပါသလဲဆိုသည်က ပိုအရေးကြီးပါသည်။ မိမိငွေ၊ စတော့ရှယ်ယာများ ဘယ် လောက်များများချမ်းသာသည်ဆိုသည်က အရေးမကြီးပါ၊ သူဌေးကြီးဘီးလ်ဂိတ်ကဲ့သို့ သူ့လက်အောက် သန်းကြွယ်သူဌေးများစွာ မွေးထုတ် ပေးနိုင်ခြင်းသည် ပိုအရေးကြီးပါသည်။ မိမိပိုင်ဆိုင်မှုများသည် မိမိသေလျှင် နိုင်ငံတော်လက်ထဲရောက်မည်သာဖြစ်သည်။ ကံဇာတာမ ကောင်းပါက မိမိမသေမီ ငွေကြေးဖိစီးမှုကို ကောင်းကောင်းခံရမည်။ သို့မဟုတ် မိမိသားသမီးများလက်ထက် ကဋေကြွယ်သူဌေးသား၊ ဆင်း ရဲသွားသလို ဖြစ်နိုင်ပါသည်။
ထိုကြောင့် မိမိတတ်ကျွမ်းသောပညာရပ်များ၊ စုဆောင်းမိသောဥစ္စာများကို ပြန်လည်ဝေငှရပါမည်။ မြန်မာလို တရားစကားနှင့်ပြောရလျှင် အမျှဝေရပါမည်။

• မည်သူနှင့် စတင်အမျှဝေရမည်နည်း

မိမိဇနီး၊ ခင်ပွန်းနှင့် ဥပမာ .. ကျွန်တော်က မိမိဇနီးနှင့်စတင်ရသည်။ နှုတ်အားဖြင့် အကြံပေး၊ အပြစ်တင်၊ ရန်ထောင်၊ စကားနာထိုး၊ အ တင်းကျပ်ခိုင်းစေမှုများကို ကျွန်ုပ်မှ တဖက်သတ်စတင်ရပ်ဆိုင်းရပါမည်။ ကျွန်ုပ်လုပ်ဆောင်ရမည့် အိမ်ထောင်၊ မိသားစုတာဝန်များကို စ ကားမပြောပဲ Action Speaks Louder than Word စကားပုံအတိုင်း လုပ်ဆောင်ပြရန်ဖြစ်သည်။ မိမိဖက်မှ တဖက်သတ်ကောင်းမှုများကို လုပ်ဆောင်ပြလျှင် ကျွန်ုပ်ဇနီးသည် သေချာပေါက် Newton Law အရ တုံ့ပြန်မှုကောင်းများရရှိလာသည်။ ကျွန်ုပ် တခါမှဝယ်မပေးဖူးသော ပန်းတပွင့်၊ လက်ဆောင် ဇနီးသည်အား ၀ယ်ပေးခြင်းမျိုးကို ဇနီးက ကျွန်ုပ်ကို သံသယဖြစ်သွားပေမည်။ ထိုသို့အပြုအမှုများ Over Action သတိထားရှောင်ရမည်။ ပုံမှန်ဆက်ဆံရန်ဖြစ်သည်။ တဖြေးဖြေး ကျွန်ုပ်စိတ်နေစိတ်ထားများ Attitude ကို တဖက်သတ် ပြုပြင်ပြောင်းလဲရင်း၊ တလ၊ နှစ်လအတွင်းမှာပင် ဇနီးသည်သည် Positive Thinking များဖြစ်လာပါသည်။ မိသားစုပြသနာများဖြစ်သော အလုပ်လက်မဲ့အခြေနေ၊ သားသမီးအရေး၊ ငွေကို ချွေတာသုံးစွဲမှုများ၊ သူ့ဆွေမျိုး၊ ကိုယ့်ဆွေမျိုးပြဿနာများတွင် စိတ်သဘောတူလာသည်။ အိမ်ထောင်ငွေကြေး အခြေအနေလည်း ကောင်းလာသည်။

ကျွန်ုပ်ဇနီးနှင့် အိမ်ထောင်ရေးအဆင်ပြေသောကြောင့်၊ ကျွန်ုပ်အလုပ်တွင်လည်း အလုပ်ရှင်၊ အလုပ်သမားများနှင့်အဆင်ပြေမည်မှာ သေချာ ပါသည်။
ချစ်မိတ်ဆွေ၊ …. ဗီယက်နမ်စီးပွားရေး GDP ကို မြန်မာ ၃ နှစ်အတွင်းမှီရန် ဖြစ်ကောင်းဖြစ်နိုင်မည်။ အစိုးရခေါင်းဆောင်များအဖို့ အခြားစဉ်း စားစရာ အခြားကဏ္ဍများစွာရှိသည်။ ပညာရေး၊ စစ်ရေး၊ ကျန်းမာရေး၊ လယ်ယာ၊ စက်မှု၊ စွမ်းအင်၊ ဆောက်လုပ်ရေး၊ ဆက်သွယ်ရေး.. စသည်တို့ဖြစ်သည်။ ကျွန်ုပ်အတွက် ၁၀ နှစ်လုံး ဇနီး၊ ခင်ပွန်းနှင့် တနေ့တခါ အနည်းဆုံး အသံကျယ်ကျယ်၊ အသံမာမာ အချေတင်ပြော ခြင်းများမှ၊ သုံးရက်တခါ လျှော့သွားအောင်လုပ်ဖို့ တော်တော်ခက်မည် သေချာပါသည်။ ဂျာမန်လူမျိုးများ ဂျမန်စစ်တပ်တွင် ဒေါသဖြစ်ပါက၊ ပြန်မပြောပဲ၊ တညအိပ်ပြီး နောက်တနေ့မှ ပြောရသည်။ ကျွန်ုပ်မှစတင်ပြီး ပြုပြင်ပြောင်းလဲရမည်။ "လ" သုံးလုံး – "လာဘ်၊ လိင်၊ လောင်က စား" များကို အနာဂါတ်ခေါင်းဆောင်လူငယ်များနှင့်ဝေးစေရန်လည်း ကျွန်ုပ်မှာတာဝန်ရှိပါသည်။
ဤသီု့ဖြင့် မိမိကိုယ်ကို ကောင်းအောင်ကြိုးစားရာတွင်၊ ဗီယက်နမ်ပြုပြင်ပြောင်းလဲရေးမှာ သင်္ခန်းစာမျာကိုယူနိုင်ရန်ဖြစ်သည်။ စစ်မှန်သောမျိုး ချစ်စိတ်ရှိပြီး၊ စိတ်ရင်းစေတနာ Attitude ကောင်းသူများဖြင့်၊ ငွေစကားမပြောသူများ စုပေါင်းလုပ်ကိုင်ပါက အောင်မြင်မှုရှိမည်ဖြစ်သည်။



No comments:

Post a Comment