Sunday 20 May 2012



ဗိုလ်ချုပ်စောလားဖွယ်သည်၊ ဤကိစ္စနှင့်ပါတ်သက်ပြီး အောက်ပါမေးခွန်း(၃)ခုဖြင့် ထိုင်းအစိုးရအား မေးခွန်း ထုတ်လိုသည်ဟု ဒုတိယ အကြိမ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့ပါသည်။ ၄င်းမေးခွန်းများမှာ-
မေးခွန်းနံပါတ် (၁) ယခင်ထိုင်းနိုင်ငံ ၀န်ကြီးချုပ်တပ်ဆင်ကို ထိုင်းနိုင်ငံ တရားရုံးက ပြစ်မှုကြီးများစွာနှင့် စွဲချက်တင်ပြီး ဖမ်း ဆီးဖို့ အမိန့်ချမှတ်ထားပေမယ့် အခုလက်ရှိအစိုးရအဖွဲ့က ဘာကြောင့် အရေးယူမဖမ်းဆီးတာလဲ။
နံပါတ် (၂) ကျနော့်မှာ ဘာအပြစ်မှမရှိပဲနဲ့ ထိုင်းအစိုးရက ဘာကြောင့် အပြစ်ပေး အရေးယူ ချင်ရတာလဲ။
နံပါတ် (၃) မူယစ်ဆေးဝါးနှင့် ပါတ်သတ်ပြီး ကျနော်ဘာမှ မလုပ်ခဲ့ဘူး။ ပြည်သူလူထုနှင့် တပ်သားကိုလည်းရောင်း ၀ယ်ခိုင်း တာမလုပ်ဘူး။ ဘာကြောင့် ထိုင်းအစိုးရ ကျနော်ကို အရေးယူချင်တာလဲ အကြောင်းရင်းကတော့ ကျနော်တို့ ကရင်တမျိုး သားလုံးရဲ့ စည်းလုံးညီညွတ်ခြင်းနှင့်  ကျနော်တို့ အစိုးရကြား ငြိမ်းချမ်းရေးကို ဖျက်စီးချင်လို့လား။ ဟူ၍ မေးခွန်းထုတ်ခဲ့ပါ သည်။
click this link
http://www.phophtaw.org/burmese/index.php/feature/1606-2012-05-17-12-50-17.html







No comments:

Post a Comment