Monday 28 May 2012

ဆောင်းပါး (၃)

 - လွတ်မြောက်နယ်မြေ ပုံပြင်(၃)--- မာတလိ (မဲဆောက်)
26, May, 2012

မြန်မာ့လက်ရှိနိုင်ငံရေးကတော့ ပိတ်ထားတဲ့ နိုင်ငံရေးတံခါး၊ တံခါးစီးပွါးရေး တံခါး အချို့ အနည်းငယ်ပွင့်ဟ လာတာ တွေ့ မြင်ရတယ်။ စစ်ဝတ်စုံလဲထားတဲ့ အမတ်တွေ ပြည်ပ ထွက်ပြီး နိုင်ငံရေး လေ့လာဖို့ ထွက်ခွင့်ရလာသလို၊ ပူပူနွေးနွေး အင်အယ်လ်ဒီ အမတ်အချို့ လည်း ပြည်ပထွက်ခွင့် လေ့လာခွင့် ရလာတာ မြင်ရတယ်။

မကြာခင် ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် ပြည်ပခရီး ခြေဆန့် ခွင့် ရမယ်ဆိုတာ သတင်းတွေ ပြန့် နေတယ်။
အတွင်းကလူတွေ အပြင်ထွက်နေကြတဲ့ အချိန်မှာ အပြင်ကလူတွေလဲ အတွင်းပြန်ဝင်ရကောင်းနိုးနိုး ၊ အပြင်မှာပဲ ခွင်မိမှာ ဆက်စောင့်ရ ကောင်းနိုးနိုးနဲ့ စိတ်ကူးတဲ့ရာ တောင်ပြော မြောက်ပြော ဘီဘီစီ၊ ဗွီအိုအေ စတာတွေမှာ အာလူး ဖုတ်နေကြာတာ ကြားရတယ်။

စီးပွါးရေး ဘက်မှာကတော့ အရင်က တရုတ်တွေ လွတ်လွတ် လပ်လပ် ပြိုင်ဘက်မရှိ လုပ်ခွင့်ရနေရာကနေ အမေရိကန်နဲ့ ဥရောပက လုပ်ငန်းရှင်တွေ ၀င်တော့မယ့် ဟန် ပြင်နေတာလဲမြင်ရတယ်။

ပြည်ပ အတိုက်အခံတွေအနေနဲ့ တရုတ်တွေ မန္တလေးကို သိမ်းပိုက်ကြ၊ စီးပွါးရေး မှန်သမျှ ပြိုင်ဘက်မရှိ တံခွန်ထူ လုပ်ခွင့်ရ နေစဉ်က နှုတ်ပိတ် နေခဲ့ကြပေမယ့် အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေ ၀င်မယ်ဆိုတော့ မကြိုက်တဲ့ လေသံတွေ အရှက်မရှိ လေလှိုင်းမှာ ပြောဆိုတာ ကြားရတယ်။
တရုတ်က ပရိုပိုဇယ်ပေး၊ လစာပေးပြီး အအော်ခိုင်းထား သလား မှတ်ရတယ်။

သမိုင်းပညာရှင်ကြီး ဒေါက်တာ သန်းထွန်းက ပြောခဲ့ဖူးတယ်။
မအ အောင် သမိုင်းသင်ကြတဲ့။


- မြန်မာ့ သမိုင်းမှာရော ကမ္ဘာ့ သမိုင်းမှာပါ သင်ခန်းစာ ယူစရာတွေနဲ့ ပြည့်နေခဲ့တယ်။
ဒုတိယ ကမ္ဘာစစ် ဘာလို့ ဖြစ်ရခဲ့ရသလဲ။
ဟစ်တလာက ဘာကြောင့် ဂျူးတွေ သုတ်သင်ပြီး စစ်ဆင်ရေး စခဲ့သလဲ။
ဘာကြောင့် သူ စစ်ရှုံးသွားခဲ့ရသလဲ။
၈ျပန်နိုင်ငံ ဘာလို့ အနုမြူဗုံး အချခံပြီးစစ်ရှုံး နိုင်ငံဖြစ်ခဲ့ရ သလဲ။
မြန်မာ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ပြည်ပထွက် အကူအညီရှာတော့ တရုတ်ဆီရောက်ပြီးမှ ဘာလို့ ဂျပန်ဆီ ရောက်သွား ခဲ့ရသလဲ။
လွတ်လပ်ရေး ရပြီးစ ဒီမိုကရေစီခေတ် စစ်အာဏာရှင်လက်အောက် ဘာလို့ ရောက်ပြီး တိုင်းပြည်ဆင်းရဲ သွားရသလဲ။
ကမ္ဘာ့ နိုင်ငံတွေက နှစ်၂၀ ကျော်ကြာ ကူညီနေတဲ့ကြားက ပြည်ပ အတိုက်အခံတွေဘာလို့ ရဲဘော် ၃ကျိပ်လို အောင်ပွဲနဲ့ ပြည်တော် မပြန်နိုင်ခဲ့သလဲ။
ဒါတွေကို သိမီလိုက်တဲ့ ဖြတ်သန်းခဲ့တဲ့ သူတွေက မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်း ပြောပြသင့်ကြတယ်။


သမိုင်းမှာ လူငယ်တွေ သင်ခန်းစာ ယူနိုင်ဖို့ အမွေ မချန်ရစ်ခဲ့တဲ့ သမိုင်းလူလိမ် တရားခံထဲ မာတလိ အပါ မခံပါ။
ကိုယ်တိုင် မခိုးသော်-မယုတ်မာသော် လည်း သိလျှက်နဲ့ ငြိမ်နေခြင်း၊ လက်ဝေခံ စားသောက်ခြင်းသည် မကောင်းမှုကို သွယ်ဝိုက် ကျူးလွန်ရာ မည်၏တဲ့။
ဥပဒေ စကားးနဲ့ပြောရရင် ထိန်ချန်မှု၊ အမှန်ဘက်မှ ရပ်တည်ရန် ပျက်ကွက်မှု ပေါ့။

မေမေစုလို့ ခေါ်တဲ့ ဒေါ်အောင်ဆန်း စုကြည်ကတောင် "အမှန်တရား ပြောရဲမှ ဒီမိုကရေစီ ရမယ်" လို့ ပြောတာ ရှိတယ်မို့လား။



သမိုင်းမှာ ပြည်ပအတိုက်အတိုက်အခံတွေ လွတ်လွပ်လပ်လပ် လုပ်ခွင့်ရပါလျှက်၊ နိုင်ငံတကာ အလှူငွေတွေ ဘုန်းပေါ လအော ရပါလျှက် ဘာဖြစ်လို့ ၂၃ နှစ်ကြာ တော်လှန်ရေးကြီး ဖောရှော ဖြစ်သွားရသလဲဆိုတာ နောင်လာ နောက်သားတွေ ဆက်စပ် စဉ်းစား နိုင်အောင် အမွေ မပေးသင့် ဘူးလား။
သမိုင်းစာမျက်နှာ သစ် ရေးချင်တဲ့ လူတိုင်း၊ ဖတ်ချင်တဲ့ လူတိုင်း၊ ဒီအချက် စဉ်းစား သင့်ကြတယ်။

- ရဲဘော် ၃ ကျိပ်နဲ့ ဒီနေ့ ပြည်ပ အတိုက်အခံ နှိုင်းယှဉ်ရင် ကွက်ကွက်ကွင်းကွင်း အဖြေ ထွက်နိုင်မှာမို့ မာတလိကို ခွင့်လွှတ်နားလည် ပေးစေချင်တယ်။
ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်က ဆုံးဖြတ်ချက် အလွန်ပြတ်သားကြတယ်။ တရုတ်ဆီ သွားတယ်။
တရုတ်ဆီက အကူအညီ မရလို့ ဂျပန်ရောက်တယ်။
ဂျပန် အကူနဲ့ အင်္ဂလိပ်ကိုချတယ်။

ဂျပန်က ၈တိမတည်၊ မြန်မာပြည်သား တွေကို နှိပ်စက်တော့ မဟာမိတ် (အမေရိကန် + အင်္ဂလိပ်တပ်) အကူအညီနဲ့ ပြန်ချတယ်။
ရလဒ် အဖြေက မြန်မာ ပြည်သား လူလည်တွေ ခိုးခွင့်ရကြ(ပါလီမန် ဒီမိုကရေစီခေတ်)၊ အချင်းချင်း အနိုင်ကျင့်ခွင့် ရကြ (စစ်အာဏာရှင်ခေတ်) စတဲ့ လွတ်လပ်တယ် ဆိုတဲ့ နိုင်ငံဖြစ်ခဲ့တယ်။


မြန်မာပြည် တွင်းမှာ ဦးနေ၀င်း စစ်အာဏာရှင် အစိုးရ ၊ မတရားတာ လုပ်လွန်းလို့ ရှစ်ဆယ့်ရှစ် ဖန်တီးတယ်။
နှိပ်ကွပ်တော့ ပြည်ပထွက် တော်လှန်ရေး လုပ်မယ်၊ နိုင်ငံတကာ အကူအညီတွေနဲ့ ပေါ့လေ။
ပြည်ပထွက်တာဆိုတဲ့နေရာမှာ အနီကြောင် ဆရာကြီးတွေရဲ့ အဖေ ၊ တရုတ်ကြီး ဆီ ခိုလှုံသူက အလွန်ရှားတယ်။
နဂို မူလ လက်ဟောင်း ဗိုလ်ချုပ် ကျော်ဇောတို့ သားအဖတွေရယ်၊ ရဲဘော်ကြီး ဖိုးသံချောင်းတို့ အုပ်စုလောက်ပဲရှိတယ်။

ဗိုလ်ချုပ် ကျော်ဇောကို ချစ်ခင်ကြည်ညို လွန်းလို့ ကဗျာဆရာ ဦးတင်မိုးကို အဖော်ခေါ်ပြီး အလေးနီ ပြုချင်တဲ့ ကဗျာဆရာ မောင်စွမ်းရည် တောင် အမေရိကန်မှာ ခိုလှုံခွင့် တောင်းပြီး နေရရှာတယ်။

အများအားဖြင့် ငပွကြီးလို့ မြန်မာ့ နိုင်ငံရေး ဆရာ့ဆရာကြီးတွေ နှုတ်က ထွက်နေတဲ့ ၊ အမြဲ ရှုတ်ချ ခံနေရတဲ့ အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေဆီ အလှူငွေတောင်းကြ၊ အရှက်မရှိ ခိုကပ်ကြတာ ၉၉ ရာနှုန်းပါ။

တော်လှန်ရေး အစမှာ ပြည်ပရောက်တွေ အားကောင်းမောင်းသန် ဟန်ချက်ညီညီ ရေဒီယို၊ အင်တာနက်၊ စာစောင်တွေကနေ စစ်အစိုးရကို အပုတ်ချကြ၊ ဆဲဆိုကြတာ ပြည်သူတွေ လက်ခုပ်သံ အတော်ရခဲ့တယ်။

နောက်ပိုင်းကြတော့ နှစ်ဖက်ချွန်နိုင်ငံရေးသမားတွေ၊ သုံးဖက်ချွန် နိုင်ငံရေးသမားတွေ၊ လေးဘက်ချွန် နိုင်ငံရေးသမားတွေ ၊ ငါးဘက်ချွန် နိုင်ငံရေးသမားတွေ အလျှို အလျှို ပေါ်ထွက်လာခဲ့ကြတယ်။

မြင်သာအောင် နမူနာပြပါမယ်။
နှစ်ဖက်ချွန်မှာ ကွဲပြားချက်တွေ ရှိတယ်။

၁။ စစ်အစိုးရနဲ့ အတိုက်အခံကြား ပြေလည်အောင် ပေါင်းပြီးစားဝါး တဲ့ နှစ်ဖက်ချွန်
၂။ စစ်အစိုးရနဲ့ တရုတ်ကြားမှာ အဆင်ပြေအောင် ပေါင်းပြီးစားဝါး တဲ့ နှစ်ဖက်ချွန်
၃။ စစ်အစိုးရနဲ့ အမေရိကန် အကြားမှာ အဆင်ပြေအောင် ပေါင်းပြီးစားဝါး တဲ့ နှစ်ဖက်ချွန်
၎။ အမေရိကန်နဲ့ တရုတ် အကြားမှာ အဆင်ပြေအောင် ပေါင်းပြီးစားဝါး တဲ့ နှစ်ဖက်ချွန်
၅။ ရောက်လေရာ နိုင်ငံမှာ ဒေါ်စုပုံပြပြီး ငွေတောင်းတတ်တဲ့ အတိုက်အခံနဲ့ အစိုးရတွေကြား မလှုပ်မရှုပ် မပြုတ် နှစ်ဖက်ချွန်


သုံးဖက် ချွန်မှာလဲ အဲလိုပဲ မတူတာတွေရှိပြန်တယ်။
၁။ စစ်အစိုးရ၊ အတိုက်အခံနဲ့ တရုတ်ကြားက ပေါင်းပြီးစားဝါး တဲ့ သုံးဖက်ချွန်
၂။ စစ်အစိုးရ၊ အတိုက်အခံနဲ့  အမေရိကန်အကြား ပေါင်းပြီးစားဝါး တဲ့ သုံးဖက်ချွန်
၃။ အတိုက်အခံ၊ တရုတ်နဲ့ အမေရိကန် အကြား ပေါင်းပြီးစားဝါး တဲ့ သုံးဖက်ချွန်

လေးဘက်ချွန်လဲရှိသေးတယ်။
စစ်အစိုးရ၊ အတိုက်အခံ၊ တရုတ်၊ အမေရိကန် အကြား ပညာရှိယောင်ယောင် ခေါင်းပေါင်း ပေါင်းထားတဲ့ ဆရာ့ဆရာကြီးတွေ ဖြစ်တယ်။
အမေရိကန်မှာ နေပြီး မီဒီယာယောင်ယောင်၊ အက်တစ်ဗတီ ယောင်ယောင်၊ အတွေး အခေါ် ပညာရှင် ယောင်ယောင် လေလှိုင်းမှာ လူတတ်ကြီးတွေ လုပ်ပြောဆိုနေကြတယ်။



နောက်ဆုံး အုပ်စုကတော့ စစ်အစိုးရ၊ အတိုက်အခံ၊ တရုတ်၊ အမေရိကန် တို့လဲ အဆင်ပြေမယ်။
ငွေကိုရေလို သုံးပြီး ရိုဟင်ဂျာပြည်နယ် ဖြစ်မြောက်ရေး အားပေးနေတဲ့ စားဖားကြီးတွေကိုတော့ ငါးဖက်ချွန်လို့ အမည်သစ် ပေးသင့်မယ် ထင်တယ်။

- သာဓက ပမာပြလို့ လူရုပ်တွေ ဆွဲထုတ်ပြရသော်

-- စစ်အစိုးရကို ရန်ငါစည်း ပြတ်မယ်ဆိုတဲ့ လူတွေက အမေရိကန် ပတ်စပို့ ပြင်သစ် ပတ်စပို့ စတဲ့ ဟာတွေ ကိုင်ကြတယ်။
အမေရိကန် နဲ့ ဥရောပ နိုင်ငံတွေ ဆီက ရသမျှ အကူငွေ လက်ကုန်နှိုက်ကြတယ်။

တရုတ်ဆီကို တိတ်တခိုး လက်တိတ်ထိုး သံတော်ဦးတင် ပူးပေါင်းကြတယ်။
နောက်ဆုံး မန်းငြိမ်းမောင်- ပြဿနာ ဖြစ်မှ ဖုံးမနိုင် ဖိမရ ဖြစ်ကြရတယ်။

-- မဲဆောက်မှာရှိတဲ့ အင်အယ်လ်ဒီ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ (ရွှေလူညို) ဆိုတဲ့ လူ အခု အသံပျောက်နေပေမယ့် တချိန်က တရုတ်ပြေးလိုက်၊ နအဖနဲ့ တိတ်တခိုးတွေ့ လိုက်၊ အမေရိကန်နဲ့ တွေ့ လိုက်၊ ဖြစ်နေတာ ဗွီအိုအေ မေးမြန်းခန်းမှာ ကျော်ကျော်သိန်း အမေးကောင်းလို့ ပြည်သူတွေ အဖြစ်မှန် သိခွင့်ရကြတယ်။
သူ့ မိဘက သံတမန် ၀န်ထမ်းဟောင်း ဆိုတော့ မိဘအမွေ ဆက်ထိမ်း သလား အောင်းမေ့ရတယ်။

-- ကြေးမုံ ဦးသောင်း ထုတ်ဖော်ရေးသားခဲ့တဲ့ ဇာ-ဘို-မိုးတို့ မြန်မာပြည်သို့ ပြန်ကြလေကုန် ဆိုတဲ့ ဆောင်းပါးထဲက ဒေါက်တာ ဇာနီကတော့ စစ်အစိုးရနဲ့ အမေရိကန် ကြားမှာ နာမည်ကျော်ပါပဲ။

--"စစ်တပ် အမြစ်ပြတ်မှ ပြည်တော်ပြန်မယ်"ဆိုတဲ့ တချိန်က ကျောင်းသား တပ်မတော်က မိုးသီးဇွန်၊ ဒေါက်တာ နိုင်အောင် တို့က မီးရထားဝန်ကြီးနဲ့ ဆွေးနွေးပြီးမှ ရေဒီယိုက သတင်းထုတ်ပြန်သံ ထွက်လာတယ်။

-- ယူရိုဘားမားက သမ္မတကြီး စ၀်ရွှေသိုက်ရဲ့သား ဦးဟန်ညောင်ရွှေကတော့ အမေရိကန်ပြေးလိုက်၊ ဥရောပက အလှူရှင်တွေဆီပြေးလိုက်၊ နအဖဆီ ပြေးလိုက်၊ ရှမ်းပါတီတွေဆီပြေးလိုက်၊ ကုလားတွေလုပ်တဲ့ ရိုဟင်ဂျာ ပြည်နယ် ပေါ်ထွန်းရေး ညီလာခံပြေးလိုက်နဲ့ အလုပ်များ နေတာလဲ အင်တာနက် သတင်း လေဒီယို သတင်း၊ စစ်အစိုးရ သတင်းစာ မျက်နှာတွေမှာ တွေ့ နေ ရတယ်။

-- ငြိမ်းချမ်းရေး အရေခွံ ခြုံသလိုလို၊ မြန်မာပြည် ကောင်းစားရေး လိုလို၊ ပြည်ပမှာ ဆရာကြီးတွေလိုလို ဂုရုဟန်လုပ်နေတဲ့ ဗဟု အဖွဲ့ကလည်း စစ်အစိုးရ၊ အတိုက်အခံနဲ့ အမေရိကန်ကြားမှာ ခွင်တည့်နေကြတယ်။




ဒီနှစ်ဖက်ချွန်၊ သုံးဖက်ချွန်၊ လေးဘက်ခွန်၊ ငါးဖက် ချွန်တွေကို ကြည့်ပြီးတော့ ၊ အော်-ရဲဘော် ၃ ကျိပ် ၀င်တွေ တော်တော် ရိုးသားပြီး အတော်ကို တိုင်းပြည်အတွက် ပြတ်သားခဲ့ ကိုယ်ကျိုးစွန့် ကြတာပဲဆိုပြီး အလေးပြုချင်စိတ် တဖွားဖွားနဲ့ တားမရအောင်ဖြစ်ပေါ်လာတယ်။

စစ်တပ်က အာဏာရူးတွေက ခိုးကြ ဆိုးကြ၊ ဗိုလ်ကျကြ၊ လာဘ်စားကြ၊ လူထုကို လှည့်ဖျားကြတာကို ကြည့်ပြီး ဓါတ်ကူး ကုန်ကြတာလား၊ အခွင့်အရေးနဲ့ အတို့ မခံနိုင်ကြ တာလား၊ ပြည်ပက နိုင်ငံရေး ၈ုရုကြီးတွေ ကိစ္စ၊ ကာယကံရှင်တွေ ကိုယ်တိုင်မှပဲ သိနိုင်ကြမယ်။

ခုတလော တလ ဒေါ်လာ (၁၀၀) စားနေခဲ့ကြတဲ့ အမ်ပီယူတွေလဲ -
"နေသေးသပ ခြုံထဲက၊ ချိုသွေးသပ တမြမြ " ပဲလုပ်နေကြသလား၊
၁၉၉၀ ရလဒ်ကိုပဲ ပြန်တမ်းတပြီး လွမ်းနာကျ နေကြသလား၊
ပြည်တွင်းမှာနေရင် အမတ်ပြန်ဖြစ်နိုင်သေးဆိုပြီး ပြည်ပအထွက်ကောင်းလို့ သမိုင်းကွေးရသဟ ဆိုပြီး နောင်တတွေပဲ ရနေကြသလား မသိ၊
အသံတွေ လှုပ်ရှားမှုတွေ ငြိမ်သက်နေကြတယ်။

တချို့ကတော့- ၉၀ အနိုင်ရ ကိုယ်စားလှယ် ဆိုတာလေး အသုံးချပြီး လက်ရှိရောက်နေတဲ့ နိုင်ငံအစိုးရတွေဆီ ပူးကပ်ပြီး၊ မြန်မာပြည်ထဲ ၀င်မယ့် ကုပ္မဏီတွေဆီ ရှယ်ယာထဲ့မယ်၊ ပြီးတော့ မြန်မာပြည်မှာ မိမိတို့ အစစအရာရာ ကူညီဆောင်ရွက်ပေးနိုင်ကြောင်း ၊ ၀န်ထမ်းအဖြစ် တာဝန်ပေးရင်လဲ ဆောင်ရွက် နိုင်ပါကြောင်း ကပ်တီးမူးလဲ လုပ်ရင်း ခွင်ဖန်နေတယ်၊ အင်၈ျီအို အဖြစ်ဝင်မယ့် အဖွဲ့တွေဆီ ၀န်ထမ်း အဖြစ်နဲ့ ပြန်ဝင်ခွင့်ရဖို့ ၀င်ပူးကြတာ ရှိတယ်ဆိုတဲ့ အသံ တွေလည်း ထွက်နေတယ်။



တချို့ကတော့- ပြည်တွင်း ပြန်မယ်လို့ လူကြားကောင်းအာင် ပြောသူကပြောပြီး ဒေါ်အောင်ဆန်းစုကြည် အမှားဖြစ်နိုင်မယ့် အရာမှန်သမျှ ထောက်ပြပြီး တော်လှန်ရေး အဓွန့် ရှည်ဖို့ ခွင်ရှာနေကြတာလဲ မြင်နေရ ဆဲပဲဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး စိတ်မချရသေး၊ နောက်ကြောင်းပြန် နိုင်တယ် ဆိုတဲ့ စကားအပေါ် အရှက်မရှိ ပီတိ ဖြစ်နေတဲ့ သူတွေလဲ ရှိတယ်။

ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းမှာ ရုရှား၊ တရုတ် က အာဏာရှင်တွေ မွေးပြီး ခုတ်လို့ အုပ်လို့ ရသမျှ ခုတ်စား အုပ်စား လုပ်နေတယ်။
အမေရိကန်နဲ့ အနောက် အုပ်စု၊ ဥရောပ မဟာမိတ်တို့ကလည်း လူ့ အခွင့်အရေး ရှေ့ တန်းတင်ပြီး သူ့ အုပ်စု တိုးပွါးရေး၊ သူ့ စီပွါးကွက် ချဲ့ ထွင်ရေး လုပ်တယ်။

ရုရှား-တရုတ်နဲ့ ပေါင်းရင်ဘာဖြစ်နေသလဲ၊ မြှောက်ပေးတိုင်း လုပ်မိလို့ ဘယ်သူတွေ မာလကီးယား ကုန်ပြီလဲ ဆိုတာ စက္ကန့် ပိုင်း အတွင်း ဖြစ်သမျှ ဖုံးမနိုင်မိမရ မြင်နေရသလို၊ အမေရိကန်နဲ့ ပေါင်းရင် ဘာဖြစ်မယ်ဆိုတာလဲ ခေတ်မှီဆက်သွယ်ရေး နည်းပညာကြောင်း လူတွေ သိခွင့်ရနေကြပြီ။

"ခြံစည်းရိုးခွထိုင်ပြီး ရွှေပြည်အေး လေသံနှောကာ အနောက်မှာနေ၊ အနောက်မြေမှာ မြူးပါလို့၊ အနောက် ဘီယာ သောက်ပါလို့ ၊ပီဇာ၊ ဟမ်ဘာဂါ စားပါလို့ --တရုတ်ကိုတဲ့ ချစ်လိုက်ချင်" လုပ်ချင်နေတဲ့ ကပ်ပါး အနားပြာတွေ များနေသမျှ မြန်မာ့ နိုင်ငံရေး ရေစုန်မျှော နေဦးမှာ၊ အချိန်ကြာနေဦးမှာ အမှန်ပါ။
အကြောင်း သိချင်း လက်တို့မှ သိမယ်ဆိုရင် လွန်မယ်ပေါ့နော။


အတုယူတတ်သူများ အတုနိုင်ကြပါစေ။
ရှက်တတ်သူများ ရှက်တတ်ကြပါစေ။

အထောက်တော် --မာတလိ (မဲဆောက်)
ဒီမိုကရေစီ ထွန်းကားရန် ငြိမ်းချမ်းစွာ ရုန်းကန်လွတ်မြောက်ရေး လုပ်ငန်းစဉ်များ အမြန်ဆုံး အောင်မြင်ကြပါစေ။

ဓါတ်ပုံများကို ယာဟိုးဆာ့ခ်ျမှ ကူးယူဖော်ပြပါသည်။ (ဟစ်တိုင်)

-------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန့် ပြန် ဆောင်းပါး ရေးသား ပေးပို့  လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။ ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို့  သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက်ပေးပို့ နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ၀ိုင်းတော်သားမျာ့း 
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittaing.org
www.hittai.org

No comments:

Post a Comment