Monday 7 May 2012






Posted: 07 May 2012 12:18 AM PDT




လှိုင်မြို့နယ် ၊၁၃-ရပ်ကွက်မှာ ဆယ့်နှစ်ရာသီဝပ်နေသော စွန့်ပစ်ရေဆိုးပြဿနာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊(၁၃)ရပ်ကွက်၊မဟာဆွေလမ်းမကြီးအနောက်ဘက်ခြမ်းနှင့် လမ်းသွယ်များတွင် စက်ရုံများမှ ဓာတုဗေဒဆေးများပါဝင်သည့် အမည်းရောင်စွန့်ပစ်ရေဆိုးရေညစ်များကြောင့် နွေရောမိုးပါ ရေ၀ပ်နေသဖြင့် ရပ်ကွက်နေပြည်သူများ၏ ကျန်းမာရေး ကိုဆိုးရွားစွာထိခိုက်ပြီး၊ ယင်းဓာတုစွန့်ပစ် ရေ ၏အငွေ့ကြောင့် နေအိမ်သွပ်မိုးများပျက်စီးလွယ်ခြင်း၊အီလက်ထရွန်းနစ်ပစ္စည်းများ ပျက်စီးလွယ်ခြင်းတို့ကို ကြုံတွေ့နေရပါသည်။

ရပ်ကွက်နှင့်မျက်နှာချင်းဆိုင် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံမှ ၂၄နာရီမပြတ်စွန့်ထုတ်သော ဓာတုရေဆိုးများ၊ သီရိမြိုင်လမ်းမကြီးနှင့်အုတ်ကျင်းဘူတာရုံ လမ်းထောင့်ရှိ ရေသန့်စက်ရုံ မှ စွန့်ထုတ်သောရေဆိုးများကို ပိတောက်ချောင်းအတွင်းသို့ စနစ်တကျစွန့်ထုတ်မှု မရှိခြင်း ၊ရပ်ကွက်အတွင်းစနစ်ကျသောရေထုတ်ရေနှုတ်မြောင်းများမရှိခြင်း၊ကွန်ကရစ်လမ်းများခင်းထားသောကြောင့်ရေထွက်ပေါက်များ ပိတ်ဆို့ သွားခြင်း၊စသည် အကြောင်းတို့ကြောင့် စွန့်ပစ်ရေဆိုးများသည် အနိမ့်ပိုင်းလမ်းသွယ်များအတွင်းသို့ ပျံ့နှံ့ ၀င်ရောက်ပြီး ဆယ်နှစ်ရာသီရေ၀ပ်သည့်အပြင် လမ်းမအနိမ့်ပိုင်းနေရာအချို့ကိုပါ ရေလွှမ်းမိုးလျက် ရှိနေပါသည်။

ရပ်ကွက်ပြည်သူများသည် နေအိမ်များအောက်တွင် အမြဲဝပ်နေသောရေဆိုးများ၏ ဓာတုဆေးအနံ့ဆိုးများကို နေ့စဉ်ရှုရှိုက်နေရသောကြောင့် ကျန်းမာရေးထိခိုက်ခြင်း၊ရေဆိုးများစိမ့်ဝင်နေသော အ၀ီစိရေကို သောက်သုံးနေရခြင်း၊နေအိမ်အမိုးအကာ သွပ်များ၊ဒန်အိုးဒန်ခွက်များ၊ပေါက်လွယ်ခြင်း၊ အီလက်ထရွန်းနစ် စက်ပစ္စည်းများမကြာခဏပျက်စီးခြင်း စသည် ဒုက္ခများကို ကြုံတွေ့နေရကြရသည်မှာ နှစ်အတန်ငယ်ကြာမြင့်ခဲ့ပြီဖြစ်သည်။

ဤဖြစ်ရပ်မှန်များကို မြို့နယ်စည်ပင်သို့၎င်း၊ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများထံသို့၎င်း၊ လှိုင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် သို့၎င်း၊တိုင်းဒေသကြီးလွှတ်တော်မှတစ်ဆင့် မြို့တော်ဝန်ထံသို့၎င်း၊အကြိမ်ကြိမ်တင်ပြခဲ့ သော်လည်း ယနေ့ထက်တိုင် အရေးယူဆောင်ရွက်ပေးခြင်းမရှိပဲ အထက်ပါဒုက္ခများကို ခံစားနေရဆဲဖြစ်ကြောင်း ရပ်ကွက်ပြည်သူများမှ ရင်ဖွင့်ကြပါသည်။

Ko Win Naing

Posted: 07 May 2012 12:09 AM PDT





ကချင်ပြည်နယ်စစ်ဘေးသင့်ပြည်သူများသို့အလှူ ကိုရဲလွင် ၊ကိုသားထွေး ဦးဆောင်သောအဖွဲ့ မောနင်းစတားလက်ဘက်ရည်ဆိုင်(တိရိစ္ဆာန်ဥယျာဉ်) ၆.၅.၂၀၁၂

6.5.212 ( တန၈င်္နွေ ) မနက် 8 နာရီအချိန်လောက်ကနေ စပြီးတော့ ဦးရဲလွင် ဦးဆောင်တဲ့ "... လွတ်ငြိမ်းချမ်းပန်းရဲ့လမ်း " အဖွဲ့သားတွေဟာ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအမြန်ဆုံးရပ်
တန့်ရေး ၊ စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ရေး အတွက်ရည်ရွယ်ပြီး ရန်ကုန်မြို့တွင်းရှိ လူစည်ကားရာ လက်ဘက်ရည်ဆိုင်တွေမှာ သီဆိုဖျော်ဖြေပြီး ရံပုံငွေရှာဖွေပေးရာ စုစုပေါင်း ကျပ်
784300 - တိတိ ရရှိခဲ့ပါတယ် ။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြုလုပ်မယ့် ယခုအစီအစဉ်မှာ အဆိုတော်တွေ ထပ်မံပူးပေါင်းပါဝင်လာဦးမှာဖြစ်ပါတယ် ။ ယနေ့ ရံပုံငွေရှာခဲတဲ့ဆိုင်တွေကတော့ တိ၇စ္ဆာန်ရုံအနီးက Morning Star ၊ အလုံက
I T cafe နဲ့ ကီလီလမ်းထိပ်က စံပြဒေါ်ကြည် မုန့်ဟင်းခါးဆိုင် တို့ဖြစ်ပါတယ် ။ နောက်အပတ်တွေမှာလဲ 3 ဆိုင်နှုန်းနဲ့ ရံပုံငွေဆက်ရှာပေးသွားမှာဖြစ်ပါတယ် ။ အလှူငွေများကို ကချင်ပြည်နယ်သို့ ချက်ခြင်းပို့ဆောင်လှူဒါန်းမှာဖြစ်ပါတယ် ။

By: Lay Pyay Aung,Thiri Su

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment