Thursday 12 July 2012

Posted: 11 Jul 2012 10:42 AM PDT
ရခိုင်ပြည်နယ်က တိုင်းရင်းသား ရခိုင်ပြည်သူတွေ အရေးကတော့ ယခုထက်တိုင် ရင်မအေးနိုင်ပါ...။

သဘာဝဓာတ်ငွေ့တွေ ထွက်ရှိပေမယ့် အာဏာရှင်လက်ထက် မြန်မာပြည်ရဲ့ ဒုတိယအဆင်းရဲဆုံး ပြည်နယ် ဘဝရောက်သွား
ခဲ့ရတဲ့ ချင်သီးပင်အောက် ချင်သီးပျောက်ခဲ့ရသလို ရွှေဂတ်စ်ရဲ့ ...အသီးအပွင့်ကို ရခိုင်ပြည်သူတွေ မခံစားခဲ့ရပါဘူး။
 မြွေပူရာ ကင်းမှောင့်သလို ဇွန်လ (၈)ရက်နေ့က မောင်တောမှာ စခဲ့တဲ့ ဘင်္ဂလီတွေရဲ့ အကြမ်းဖက် လုပ်ဆောင်မှုကြောင့်
 ကိုယ့်မြေ ကိုယ့်ရေမှာ တိုင်းတပါး ကျူးကျော်သူတွေ ရန်ကြောင့် အသက်အိုးအိမ်တွေ ဆုံးရှုံးခဲ့ရပြီး ယခုထက်တိုင်
 မိမိဋ္ဌာနေကို မပြန်နိုင်ပဲ ဒုက္ခသည်စခန်းတွေမှာ နေထိုင် နေရရှာတာပါ..။ ဆင်းရဲလှတဲ့ ရခိုင်ပြည်သူတွေမှာ လက်ကိုင်ပြစရာ
ဆိုလို့ ဗလာနတ္ထိပါ...။

ပြီးခဲ့တဲ့ ဇွန်လ(၈)ရက်နေ့က မောင်တော အရေးအခင်းနဲ့ ပတ်သက်ပြီး ထပ်မံစုံစမ်း သိရှိရတာကတော့
 ဘင်္ဂလီ အကြမ်းဖက် ခေါင်းဆောင်သူ လူကြီးတွေ မူလပထမ စီစဉ်ထားတာကတော့ အဆိုပါ (၈)ရက်နေ့ညမှာ
 ရခိုင်ကျေးရွာတွေကို မီးရှို့ပြီး အပျောက်ရှင်းဖို့ ကြံစည်ထားတယ်လို့ ဆိုပါတယ်..။ သို့ပေမယ့် အဆိုပါနေ့က
 ဗလီမှ ဆင်းလာချိန်မှာ သွေးဆူနေတဲ့ ဘင်္ဂလီ လူငယ်များအား မထိန်းသိမ်းနိုင်တော့တဲ့ အတွက်ကြောင့် နေ့ခင်းကြောင်တောင်
မှာပဲ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့ရတာပါ...။ ညဘက်လူမမြင် သူမမြင်အချိန်မှာ အကြမ်းဖက်
 မီးရှို့ ရွာလုံးကျွတ်ပျောက်အောင် ပြုလုပ်ဖို့ ကြံရွယ်ထားတဲ့ အစီအစဉ် တွေဟာလည်း ပျက်ပြယ်သွားခဲတာလို့ ဆိုပါတယ်...။
 ဒီလို အကြမ်းဖက်မယ့် အစီအစဉ်တွေကို ညဘက်မှာ ပြုလုပ်ခဲ့ရင်တော့ အခြေအနေတွေဟာ မတွေးဝံ့စရာပါပဲ..။

(ဖော်ပြပါ သတင်းနဲ့ ပတ်သက်ပြီး မောင်တော ဒေသခံများနဲ့ သက်ဆိုင်ရာ အာဏာပိုင် များအား မေးမြန်းစုံစမ်းနိုင်ပါ
တယ်...။ မည်သည့်အတွက်ကြောင့် ယခင် အပ်ကျတာကအစ သိပါတယ်ဆိုတဲ့ သက်ဆိုင်ရာ အာဏာပိုင်များဟာ
 အဆိုပါ ကြိုတင်ကြံစည်မှုအား တရားဝင် ဖော်ထုတ်ခြင်း မရှိသေးတာ စဉ်းစားစရာ အချက်ပါပဲ)
ဇူလိုင် လဆန်းပိုင်းက စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာသူ အချို့အား စစ်တွေလေဆိပ်မှာ တွေ့ရစဉ်..
ရခိုင်ပြည်နယ်နဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေ ဘဝကတော့ ရင်နင့်ဘွယ်ရာပါပဲ...။ စစ်တွေမြို့မှာ ချမ်းသာ
ကြွယ်ဝတဲ့ ရခိုင်ပြည်သူတွေ ရန်ကုန်နဲ့ နီးစပ်ရာ မြို့တွေကို ထွက်ခွါကုန် ကြပါပြီ..။ ဒါဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါ...။
 မြွေပူရာ ကင်းမှောင့် ဖြစ်နေရတဲ့ ဆင်းရဲတဲ့ ပြည်သူအများစုဟာ နေရပ်လည်း မပြန်နိုင်၊ ဘဝအာမခံချက်တွေလည်း
 ပျောက်နေရတဲ့ အခြေအနေပါ။ အများစုဟာ ရှိသမျှ အရာအားလုံးကို စွန့်ပြီး အသက်အန္တရာယ်ကြောင့်
 စွန့်ခွာ ထွက်ပြေးလာရတာပါ...။ အေးချမ်းနေပါပြီဆိုပြီး ဆိုပြီး လက်လွတ် စံပယ်တော့ မပြောသင့်ပါ..။ မိမိပြည်သူတွေ
မျက်နှာကို ကြည့်ပြီး ရခိုင်ပြည်သူတွေ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရေး အတွက် လုပ်သင့်တာကို
ပြတ်ပြတ်သားသား လုပ်ဆောင်ပေးဖို့ အင်မတန်မှ အရေးကြီးပါတယ်..။ ယနေ့ ဇူလိုင်လ
၁၁ရက်နေ့မှာ ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ဆရာတော်ဝီရသူနဲ့ ၈၈ခေါင်းဆောင်တွေရဲ့ အသံတွေကို နားထောင်ကြည့်ကြပါ..။
ရခိုင်ပြည်သူတွေရဲ့ ဘဝလုံခြုံမှုအရေးကို  ရေရှည် အာမခံချက် ပေးဖို့ လိုပါလိမ့်မယ်..
အစိုးရအနေနဲ့ ပြည်သူတွေရဲ့ ဘဝလုံခြုံရေးအတွက် အာမခံချက်တွေ အပြည့်အဝ လုပ်ဆောင်ပေးနိုင် မပေးနိုင်ဆိုတာ
 အဓိက အရေးကြီးတဲ့ အချက်ပါ။ အစိုးရအနေနဲ့ ယခုလို အခြေအနေမှာ ပြတ်ပြတ်သားသား ဖြေရှင်းပေးဖို့
 လစ်ဟင်းခဲ့မယ် ဆိုရင်တော့ အနာဂတ် မြန်မာနိုင်ငံအရေးဟာ မတွေးဝံ့စရာပါ။ နောင်သမိုင်းမှာ မြန်မာမြေပုံပေ
ါ်က ရခိုင်ပြည်နယ်ဆိုတာ သမိုင်းစာအုပ်ပေါ်မှာပဲ မြင်တွေ့ရမယ့် အရေးကိုတော့ ကျွန်တော်တို့ လုံးဝအဖြစ်မခံနိုင်ပါ..။
 ကျွန်တော်တို့ အားလုံး ရခိုင်ပြည်နယ် အရေးကို အမျိုးသားရေး၊ အချုပ်အခြာ အာဏာပိုင်ဆိုင်ရေးအမြင်နဲ့ မမေ့မလျော့ပဲ
ဆက်လက် ဝိုင်းဝန်းကူညီ ကြဖို့ မေတ္တာရပ်ခံ အပ်ပါတယ်..။

ဓာတ်ပုံ။ ။(ဒီမိုဝေယံ သတင်းထောက်) စစ်တွေမြို့ ဒုက္ခသည် စခန်းတခုမှ ဗုဒ္ဓဘာသာ သီလရှင်အိုတဦးရဲ့ ရင်နင့်ဖွယ် မြင်ကွင်းပါ
..။ ရုံထားတဲ့ သင်္ကန်းဟာလည်း အပေါက်အပြဲ တွေနဲ့ပေါ့..

ရရှိထားတဲ့ ဓာတ်ပုံများ ဆက်လက်ဖော်ပြပေးပါမယ်..။

ဒီမိုဝေယံ
Posted: 11 Jul 2012 08:43 AM PDT
လွှတ်တော်ဥက္ကဌကြီး သူရဦးရွှေမန်း အမည် အလွှဲသုံးစားပြုနေတဲ့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးဟောင်း ဗိုလ်မှုးကြီးဟောင်း ဦးခင်မောင်တင့်ရဲ့ မတရားမှုအကြောင်း (တိုင်ကြားစာ)

ဦးကျော်သိန်း ဒေါ်တင်နွယ်တို့မိသားစုသည် ရန်ကင်းမြို့နယ် အမှတ်(၈) ရပ်ကွက်တွင် ၁၉၆၅ ခုနှစ်မှ ယနေ့အထိ
 နေထိုင် လာခဲ့ကြပါတယ်၊ ၁၉၉၃ ခုနှစ်မှာတိုင်းစစ်ဒေသနှင့် ဟိန္ဒူဘုရားကျောင်း ဂေါပက အဖွဲ့တို့က ၄င်းတို့ ဘိုးဘွားပိုင်မြေ
အား ဟိန္ဒူဘုရားကျောင်းပိုင်မြေဟု ဆိုကာ အတင်းမောင်းထုတ် ဆွဲချခဲ့ပါသည်။ ၄င်းမိသားစုမှနေစရာ
 မရှိသဖြင့် အသနားခံစာတင် သောကြောင့် ၁၉၉၄ ခုနှစ်တွင် ယခု လက်ရှိနေထိုင်လျှက်ရှိသော အမှတ်(၈၆) သဇင်ဖြူလမ်းသွယ်
 (၄) အမှတ်(၈)ရပ်ကွက် ရန်ကင်းမြို့နယ်တွင် ပြန်လည် အစားထိုးပေးခဲ့ပါသည်။

ယင်းမြေကွက်အား စတင်နေထိုင်စဉ်က ရွံ့နွံအိုင်ကြီးမျှသာ ဖြစ်ပါသဖြင့် ကိုယ်ထူကိုယ်ထ ခက်ခက်ခဲခဲ ပြုပြင်
 နေထိုင် လာခဲ့ရပါသည်။ အိမ်ထောင်ဦးစီး ဖြစ်သူ ဦးကျာ်သိန်းမှာ အမှတ်(၂) စက်မှုဝန်ကြီးဌာနမှ သာမန်
ရိုးသားသော အစိုးရ၀န်ထမ်း တစ်ဦးဖြစ်ပြီး ၀န်ထမ်းကောင်း လက်မှတ်များ ကိုင်ဆောင်ထားသော
အငြိမ်းစား အစိုးရ၀န်ထမ်းဟောင်း တစ်ယောက်ဖြစ်ပါသည်။ ၎င်းတို့မိသားစု
(၁၈)နှစ်ကျော်ကြာနေထိုင် လာခဲ့သောယင်းမြေကွက်အား ယခုအခါတွင် စစ်တက္ကသိုလ် ကျောင်းအုပ် ကြီးဟောင်း
 ဗိုလ်မှုးကြီး ခင်မောင်တင့် ဆိုသူက ၎င်းပိုင်ဆိုင်သည်ဟု မတရားသဖြင့် စွပ်စွဲကာ လုပ်ကြံတရား
 စွဲဆိုလာသည်ကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက တစ်ဖက်သက် စစ်ဆေးပြီး အမှုအား အနိုင်ပေးလိုက်ပါသည်။

တစ်ဖက်သက်စစ်ဆေးပြီး အနိုင်ပေးလိုက်သည်ဆိုသည်မှာ ရုံးချိန်းများသာ ပုံမှန်ခေါ်ယူပြီး မည်သည့်
ထိရောက်သော စစ်ဆေးမှုမျိုးကိုမျှ ပြုလုပ်ခြင်းမရှိဘဲ ဗိုလ်မှုးကြီးဟောင်း ခင်မောင်တင့်အား အနိုင်ပေး လိုက်ခြင်းကို
ဆိုလိုပါသည်။ ဗိုလ်မှုးကြီးဟောင်းခင်မောင်တင့်သည် သူ့ကိုယ်သူ သူရဦးရွှေမန်း၏ ဆရာ ဟုဆိုကာ
 ပြောဆိုအာဏာ သုံးခဲ့သည်များလည်း ရှိခဲ့ပါသည်။ စစ်တက္ကသိုလ်မှ ထုတ်ဝေသော ချယ်ရီအလှ(၁၁) ပတ္တမြားရတု
 မဂ္ဂဇင်း မှာကြည့်နိုင်ပါတယ်။ အမှန်တကယ်လည်း DSA အပါတ်စဉ် (11) ဆင်း သူရဦးရွှေမန်း၏ ဆရာဖြစ်နေပါသည်။

တစ်ဖက်မှာ လွှတ်တော်ဥက္ကဌကြီးမှ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲ ရန်အတွက်စေတနာ အပြည့်ဖြင့် ကြိုးစားနေ
ချိန်တွင် ၄င်း၏ဆရာဆိုသူက ယခုလိုအာဏာကို အလွဲသုံးစားပြုလုပ်ကာ အပြစ်မဲ့မိသားစု တစ်စုအပေါ်ကို
 မတရား အနိုင်ကျင့်နေခြင်းကို လွှတ်တော်ဥက္ကဌကြီး အနေဖြင့်ယခုလို လျှစ်လျှူရှု မနေပဲ သင့်တော်သလို ဆောင်ရွက်ပေးနိုင်ပါ
ရန် အသနားခံ တင်ပြအပ်ပါသည်။

ကျွန်တော်၏ မိတ်ဆွေမိသားစု မှာယခုအခါ နေထိုင် ခိုကိုးစရာ မရှိပါသဖြင့် ပဉ္စနိကာယ် ကျောင်းထိုင် ဆရာတော်မှ
 ခေါ်ယူ ကယ်ဆယ်ထားရပါသည်။ ဗိုလ်မှုးကြီးဟောင်း ဦးခင်မောင်တင့်သည် ယခင်က
လည်းအခြားသူများ ပိုင်ဆိုင်သော နေအိမ်ခြံဝင်းများအား အကြိမ်ကြိမ် ၀င်ရောက်ကျူးကျော်ကာ ခြံစည်း
 ရိုးခတ်သဖြင့် (၎င်းပိုင်ဆိုင်သည့် အနေဖြင့်ခြံစည်းရိုးခတ် ခြင်းဖြစ်သည်) မြို့နယ်မ၀တရုံးတွင် အကြိမ်ကြိမ်
 ခေါ်ယူဖြေရှင်း ခဲ့ရဖူးပါသည်။ ဦးခင်မောင်တင့်သည် တရားပြိုင် ရှေ့နေများ အားလည်း ခြိမ်းခြောက်သည့်
သဘောမျိုးဖြင့် လက်ရှိသမ္မတနှင့် လွှတ်တော်အကြီးကဲ များအားလုံးသည် တစ်ချိန်က ၎င်း၏ တပည့်များဖြစ်သဖြင့်
 အမှုအား လုံးဝမနိုင် နိုင်ကြောင်းလည်း ပြောပါသည်။ (ပြောသည့်အတိုင်းလည်း အမှန်ပင် မနိုင်ခဲ့ပါ။)

သို့ဖြစ်ပါ၍ လွှတ်တော်ဥက္ကဌကြီး သူရဦးရွှေမန်းနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဦးထွန်းထွန်းဦး ခင်ဗျား…. ယခုလို
အပြစ်မဲ့ မိသားစု တစ်စုအား မတရားသဖြင့် အနိုင်ကျင့်နေခြင်းအား လွှတ်တော် ဥက္ကဌကြီး သူရဦးရွှေမန်းနှင့်
 ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့မှ သနားငဲ့ညှာ သောအားဖြင့် သေချာစွာ
ံပြန်လည်စီစစ်ပြီး သင့်တော်သလိုကူညီစောင်ရွက်ပေးနိုင်ပါရန် အသနားခံ တင်ပြ အပ်ပါသည်ခင်ဗျား…..။

အမှန်တရားအတွက် ကိုယ်ချင်းစာနာသူ တစ်ဦး
Posted: 11 Jul 2012 08:03 AM PDT
မိချောင်းမျက်ရည်
(ကဗျာရှင် နေရဲနီ)

တို့တိုင်းပြည်က ရှိသမျှမြေပေါ်မြေအောက်သယံဇာတ
အာဏာရှင် အတ္တသမားကြီးကို လည်ပင်းနင်းပြီး
သူအတင်း ယူသွားတယ်။
ငတ်နေတဲ့ ပြည်သူတွေရဲ့ ကြမ်းတမ်းတဲ့ဘဝတွေက
သက်သေပြနေတယ်။

တို့တိုင်းပြည်က အိမ်ခြံမြေလမ်းတံတား
ရှိရှိသမျှ နေရာအားလုံး
အာဏာရှင်တစ်ကိုယ်ကောင်း သမားကြီးကို
လည်ပင်းညှစ်ပြီး သူတို့ အတင်းရယူသွားတယ်။
ဓာတ်ငွေ့ ပိုက်လိုင်း ဖောက်တဲ့လမ်းပေါ်မှာ
လယ်မြေတွေ အသိမ်းခံနေရတဲ့
လယ်သမားတွေရဲ့ ထမင်းငတ်တော့မယ့် ဆူဆူညံညံ အသံတွေက
သက်သေပြနေတယ်။

ယခုတဖန် မြန်မာပြည် ဒီမိုကရေစီအရေးအတွက်
စိုးရိမ်စွာ သတိပေးလိုက်ပါတယ် တဲ့
ရေနစ်နေတဲ့ သတ္တဝါကို ကယ်တော့မလိုနဲ့
မညှာမတာ ကိုက်သတ်စားပြီးခါမှ
သေသွားတဲ့ သတ္တဝါအပေါ်မှာ
မဟာကရုဏာကြီးစွာနဲ့ ကျမိတဲ့
မိချောင်းမင်းရဲ့ ရွှေမျက်ရည်
မြစ်ဆုံဆည်ကြီးက သက်သေပြနေလေရဲ့။

နေရဲနီ

အောက်မှာ မိကျောင်းမျက်ရည်ကျပြတဲ့ သတင်းကို ဆက်ဖတ်နိုင်ပါတယ်..။

မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ တရုတ် သတိပေး

ဇူလိုင်လ(၂)ရက်နေ့ VOA (မြန်မာပိုင်း) သတင်း

မြန်မာနိုင်ငံက ဒီမိုကရေစီရေး အပြောင်းအလဲတွေဟာ "အလျင်စလို" လုပ်လို့ မဖြစ်နိုင်ဘူးလို့ တရုတ်နိုင်ငံပိုင်
 မီဒီယာက သတိပေး ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ အားလုံးကို ဒီမိုကရေစီ
ဆိုတဲ့ အရာတခုထဲနဲ့ ဖြေရှင်းလို့ မရနိုင်ဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံက အရပ်သားတပိုင်း အစိုးရသစ်က တိုင်းပြည်မှာ မကြုံဘူးသေးတဲ့
အနာဂတ်ကို ဖန်တီး ပေးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြုလုပ်နေတဲ့ ပြုပြင် ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး
ကွန်မြူနစ်ပါတီက ထုတ်ဝေတဲ့ Global Times ရဲ့ သုံးသပ်ချက် ဆောင်းပါးမှာ ရေးသားထားပါတယ်။

အနောက်တိုင်းဆန်တဲ့ ဒီမိုကရေစီ ပုံစံဟာ မြန်မာနိုင်ငံအတွက် အန္တရာယ်ကြီးမားတယ်
ဆိုပြီးတော့လည်း သတိပေး ရေးသားထားပါတယ်။ အလျှင်စလို ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်တာဟာ
အစွန်းရောက်သူတွေကို အားပေးလိုက်သလို ဖြစ်သွားလိမ့်မယ်လို့ ဆိုပါတယ်။

မကြာသေးခင်က တိုင်းပြည် အနောက်ခြမ်းမှာ လူတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရသလို ထောင်နဲ့ချီပြီး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတဲ့
 မွတ်ဆလင် ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြား ဖြစ်ပွားခဲ့ရတဲ့ အဓိကရုန်းကို ဥပမာပေး ရေးသားထားပါတယ်။

"ဒီမိုကရေစီ ဆိုတာ မြန်မာနိုင်ငံအတွက် ၉၆ ပါး ရောဂါ ပျောက်ဆေးကြီး မဟုတ်ဘူး" ဆိုပြီး ခေါင်းစဉ်တပ် ရေးသားတဲ့
 ဆောင်းပါးမှာ အနောက်နိုင်ငံတွေက ဒီမိုကရေစီ စံနစ်ဟာ မြန်မာနိုင်ငံအပေါ် တော်တော် သြဇာ လွှမ်းမိုးနေကြောင်း
 မြန်မာနိုငငံ အနောက်ခြမ်းမှာ ဖြစ်တဲ့ အဖြစ်အပျက်မျိုးဟာ ဆိုးဝါးလာနိုင်သလို ထိန်းမနိုင် သိမ်းမရ
 အခြေအနေ ဆိုက်ရောက်နိုင်ကြောင်းလည်း သတိပေး ရေးသားထားပါတယ်။
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment