Posted: 26 Jan 2013 06:32 AM PST
ဘူးသီးတောင်နှင့် မောင်းတော တစ်လျှောက်ရှိ ဘင်္ဂါလီများသည်၎င်းတို့အနေဖြင့် ဗလီတက်ခွင့်မရခြင်း၊ ဆောက်လုပ်ခွင့်မရခြင်းနှင့် ပတ်သက်၍ ဆန္ဒပြမည်ဟူသော သတင်းများ ထွက်ပေါ်နေကြောင်း
မောင်းတော ဒေသခံများက မြန်မာ့ခေတ်သို့ ပြောကြားသည်။
ယမန်နေ့က ဆန္ဒမည်ဆိုသော သတင်းကြောင့် ရခိုင်လူမျိုးများနှင့်
ဘင်္ဂါလီလူမျိုးတို့အကြား သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့မှ လုံခြုံရေး တင်ကျပ်စွာချထားကြောင်း မောင်းတောဒေသခံ ကိုကျော်ကျော်က
ပြောကြားသည်။
"မနေ့က နွားတွေသတ်ပြီး စားကြတယ်။ သူတို့က ဆန္ဒပြမယ်လို့
ကြားနေရတာ တစ်ပါတ်လောက်ရှိပြီ။ အဲဒီမှာတော့ အာဏာပိုင်
တွေက လုံခြုံရေးတင်းကျပ်ထားတယ်" ဟု ၎င်းကြားသိရသော သတင်းအား ပြောကြားသည်။
အဆိုပါ ဆန္ဒပြမည့် အကြောင်းအရာနှင့်ဆက်လျဉ်း၍ စစ်တွေ
မြို့ရှိ ဝံလက် ဖောင်ဒေးရှင်းမှ ဦးသိန်းထွန်းအေးက "ဘင်္ဂါလီ
တွေက သူတို့ဘင်္ဂလီအရေးကို ကမ္ဘာက သိအောင် လှုံဆော်
နေတယ်" ဟု ၎င်း၏အမြင်ကို ပြောကြားသည်။
"ဒီလိုမျိုး ဘာသာရေးကို အကြောင်းပြပြီး အစွန်းရောက်အဖွဲ့
တွေက ဘာမှ နားမလည်တဲ့သူတွေကို လှုံဆော်ပြီး နိုင်ငံဆူပူ
အောင်လုပ်နေတာ" စစ်တွေပြည်နယ် အမှတ်(၂) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောကြားသည်။
ကြာသပတေးနေ့က မောင်းတောမြို့၊ တောင်ဘက်ရှိ ပန်းတော်ပြင်
ကျေးရွာ၌ ဘင်္ဂါလီများက ၎င်းတို့၏ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအား
မီးရှို့လိုက်ကြောင်းသိရသည်ဟု မောင်းတော ဒေသခံ ဦးအောင်
ကျော်ညွှန့်က ဆိုသည်။
"သူတို့အချင်းချင်း အုပ်ချုပ်ရေးမှူးကို မကျေနပ်လို့ ရှိုတာလို့
ကြားထားတယ်၊ တချို့ကလည်း မီးဖိုကနေ မီးလောင်တယ်လို့
ပြောတယ်" ဟု ဆိုသည်။
၎င်းကပင် ယမန်နေ့က နယ်စပ်စည်းအတွက် ခြံစည်းရိုးခတ်နေ
သောအင်ဂျင်နီယာတပ်၏ ကျောက်သယ်ကား တစ်စီးအား
ဘင်္ဂါလီများက မီးရှို့လိုက်သည်ဟုလည်း ကြားသိထားကြောင်း ထပ်မံပြောကြားသည်။
စူးရှ
ဓာတ်ပုံ - စူးရှ
The Myanma Age
 
 
 
No comments:
Post a Comment