Saturday 5 January 2013





    Posted: 04 Jan 2013 10:19 PM PST

    ကိုဖြိုးဝေအောင်ဆုံးပြီတဲ့ ။ အဲဒီသတင်းဆိုးကိုဖတ်မိလိုက်တာနဲ့ ကျနော်မျက်ရည်ကျတယ် ။ ဖြတ်သန်းခဲ့ပြီးတဲ့ တော်လှန်ရေးခရီး ၂၄နှစ်ကျော်ကာလအတွင်းမှာ ရဲဘော်ရဲဘက်တွေ သေဆုံး-ကျဆုံးကြတာ အကြိမ်ကြိမ်ကြုံဘူး ၊ ဒီ လိုပဲ မျက်ရည်အကြိမ်ကြိမ်ကျဘူးခဲ့ပြီဆိုပေမဲ့ စိတ်ခံစားမှုက မရင့်ကျက်နိုင်သေးဘူး ။ နာကျင်ကြေကွဲမှုတွေနဲ့ နာကျည်းဒေါသဖြစ်ရမှုတွေဟာ အချိန်ကာလကြောင့်အနည်ထိုင်မသွားပဲ ထပ်ထပ်ပဲတိုးလာနေရတယ် ။

    တကယ်ဆိုရင် ပညာတတ်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ ကိုဖြိုးဝေအောင်ရဲ့ ၃၃နှစ်ဆိုတဲ့ အသက်အရွယ်ဟာ လူ့ ဘဝမှာ အကျန်းမာဆုံး ၊ မိသားစုဘဝကို အတည်ဆောက်နိုင်ဆုံး ဖြစ်ရမဲ့ အရွယ်ကောင်းပါ ။ မိဘ ၊ သားသမီးနဲ့ဇနီး ၊ အပေါင်းအသင်းမိတ်ဆွေတွေနဲ့ လူသားပီသစွာ ချမ်းမြေ့ပျော်ရွှင်နေနိုင်ရမဲ့ အရွယ်ကောင်းပါ ။ ခုလိုဝေဒနာဆိုးတွေခံ စားပြီး လူ့လောကကိုစွန့်ခွာသွားရမဲ့အချိန် မဟုတ်သေးပါဘူး ။ ခုတော့ သူ့အမေလည်း ငိုကြွေးနေရပြီ ။ သူ့ဇနီးလည်း ခိုကိုးရာမဲ့ပြီ ။ လူမမယ် သူ့သားနဲ့သမီးလေးနှစ်ယောက်လည်း အဖေခေါ်စရာမဲ့ခဲ့ရပြီ ။

    ကိုဖြိုးဝေအောင်ကွယ်လွန်ခြင်းဟာ သာမန်သေဆုံးမှုမဟုတ်ဘူး ။ ဒီမိုကရေစီရေး ၊ လူ့အခွင့်အရေးနဲ့ ပြည်တွင်းငြိမ်း ချမ်းရေးတွေအတွက် စစ်အာဏာရှင်စနစ်ဆိုးတိုက်ဖျက်ရေးမှာ တစ်တပ်တစ်အားပါဝင်ရင်း တော်လှန်ရေးခရီးတစ်နေ ရာမှာ သူရဲကောင်းပီသစွာကျဆုံးခဲ့တာပဲဖြစ်တယ် ။

    ဟုတ်တယ် ။ စစ်အာဏာရှင်တွေရဲ့စစ်ကြောရေးစခန်းက မတရားညှင်းပန်းနှိပ်စက်မှုမျိုးစုံတွေကြောင့်နဲ့ လူသားဖြစ် တည်မှုကိုတန်ဖိုးမထားတဲ့ အကျဉ်းထောင်ထဲကကျန်းမာရေးဥပေက္ခာပြုမှုတွေကြောင့် ကိုဖြိုးဝေအောင်ဟာ အချိန်မ တန်ခင်ကြွေလွင့်ခဲ့ရတာဖြစ်တယ် ။ ကိုဖြိုးဝေအောင်ကို စစ်အာဏာရှင်စနစ်က သတ်လိုက်တာပဲဖြစ်တယ် ။

    ရန်ကုန်တိုင်းစစ်ဒေသမှုး ဗိုလ်မှုးကြီးအုန်းချို ၊ ဗိုလ်ကြီးသန့်စင်သိန်း ၊ ကြံ့ဖွတ်ဦးမောင်လေးတို့အပါအဝင် အာဏာပိုင် အသိုင်းအဝိုင်းတွေ သေဆုံးအထိအခိုက်များခဲ့တဲ့ ၂၀၁၀ခုနှစ် သင်္ကြန်မဏ္ဍပ်ဗုံးကွဲမှုမှာ ကိုယ်တိုင်ပါဝင်သူတစ်ယောက် ဖြစ်တယ်လို့ ၊ ရဲချုပ်ခင်ရီက သတင်းစာရှင်းပွဲမှာ ကမ္ဘာသိ တဘက်သတ်စွတ်စွဲပြောဆိုပြီး ခုခံချေပခွင့်မဲ့ မတရား သေဒါဏ်ချမှတ်ခံခဲ့ရတယ် ။ ထောင်ထဲမှာ တိုက်ပိတ်အကျဉ်းသားအဖြစ် တစ်ယောက်ထဲနေခဲ့ရတဲ့ ၂ နှစ်ကျော်ကာလ မှာ အသည်းရောဂါ ဖြစ်လာခဲ့တယ် ။ ထောင်ကို ဖိနှိပ်ရေးယန္တယားနဲ့ ၊ အနိုင်ကျင့်နှိပ်စက်ရေးဌာနအဖြစ်သာအသုံး ပြုတဲ့ စစ်အာဏာရှင်ခေတ်မှာ ထောင်ထဲမှာရောဂါဖြစ်ရင် ဘယ်အကျဉ်းသားမှ ဖြစ်လာတဲ့ရောဂါအတွက် လုံလောက် တဲ့ကျန်းမာရေးကုသမှု မရဘူး ။ အထူးသဖြင့် နိုင်ငံရေးသမားတွေကိုဆိုရင် နောင်ကျဉ်သွားအောင် ၊ မှတ်သွား အောင်ဆိုတာမျိုး ရည်ရွယ်ချက်ရှိရှိနဲ့ ဆေးကုသမှုမပေးပဲ ပစ်ထားတာမျိုးတွေ ပိုလုပ်တတ်တယ် ။ အဲဒီဒါဏ်ကို ကိုဖြိုးဝေအောင် အလူးအလဲခံခဲ့ရတယ် ။ သာမန် အသည်းရောဂါကနေ အသည်းကင်ဆာအဆင့်ဖြစ်လာခဲ့တယ် ။ နှိပ်စက်ခံထားရတာတွေ ၊ တိုက်ပိတ်ခံထားရတာတွေနဲ့ အသည်းကင်ဆာရောဂါတွေပေါင်းပြီး အောက်ပိုင်းသေဝေဒနာ သည်ဘဝကို ရောက်ခဲ့ရတယ် ။ ဆေးရုံတင်မကုရင် မဖြစ်တော့တဲ့အခြေအနေဆိုးကိုရောက်လို့ အင်းစိန်ဆေးရုံမှာ ဆေးကုသခွင့်ရပေမဲ့ အောက်ပိုင်းသေနေတဲ့လူတယောက်ရဲ့ခြေကို သံခြေကျင်းခတ်ပြီး ကုတင်တိုင်နဲ့သံကြိုးတွဲချည် နှောင်ထားတာမျိုး လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ခံခဲ့ရတယ် ။ မကျူးလွန်ခဲ့တဲ့အကြောင်းအရာအတွက် မတရား ချမှတ်ခံခဲ့ရတဲ့သေဒါဏ်အမိန့်ကို သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွှတ်ပေးလိုက်တယ်ဆိုပေမဲ့ ၊ ကိုဖြိုးဝေအောင် ထောင်ကလွတ်မြောက်လာတဲ့အချိန်မှာ အသည်းကင်ဆာရောဂါက တားဆီးမရနိုင်တော့အောင်ကျွမ်းနေပြီဖြစ်တယ် ။ ဒါကြောင့် ကျွန်တော် ခိုင်ခိုင်မာမာပြောရဲတယ် ။ နာနာကျည်းကျည်းပြောမယ် ။ ကိုဖြိုးဝေအောင်ကို စစ်အာဏာရှင်တွေ သတ်တာ…။ ဒါ..အသေအချာပဲ ။

    ကိုဖြိုးဝေအောင်ဟာ နိုင်ငံရေးနယ်ပယ်ထဲမှာ ထင်ရှားသူတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး ။ ဒါပေမဲ့သူဟာ စစ်အာ ဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲတွေမှာ ပါဝင်ခဲ့တယ် ။ အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်ပေမဲ့ ဗုဒ္ဓဘာသာဘုန်းကြီး တွေရဲ့ ရွှေဝါရောင်တော်လှန်ရေးကို ထောက်ခံအားပေးပြီး ကိုယ်တိုင်ပါဝင်ခဲ့တယ် ။ မတရားစွတ်စွဲပြီး အမှုဆင်ဖမ်းဆီး ခံရချိန်မှာလည်း ကြောက်ရွံ့မနေခဲ့ဘူး ။ စစ်အာဏာရှင်တွေရဲ့အနိုင်ကျင့်နှိပ်စက်မှုတွေကို ရဲရဲဝံ့ဝံ့ဖေါ်ထုတ်ပြောကြားခဲ့ တယ် ။ အာဏာပိုင်တွေအသင့်ရေးထားပေးတဲ့ ညွှန်ကြားချက်စာရွက်ကိုလာဖတ်ပြယုံပဲဆိုရင် ဘယ်လိုအမှန်တရား ဖြစ်မှာလည်းလို့ တရားသူကြီးတွေကိုပြန်ပြောလို့ တရားရုံးကိုမထေမဲ့မြင်ပြုမှုဆိုတာမျိုးအရေးယူခံခဲ့ရတယ် ။ ထောင် ထဲမှာ တိုက်ပိတ်ခံထားရပေမဲ့လည်း အာဏာပိုင်တွေရဲ့မတရားမှု ၊ အကျဉ်းသားတွေရဲ့လူ့အခွင့်အရေးချိုးဖေါက်ခံနေရ မှုတွေကို လေ့လာမှတ်သားပြီး တစ်ချိန်မှာစာတမ်းပြုစုမယ်ဆိုတာမျိုးထိ ရည်မှန်းထားခဲ့တယ် ။ အဲဒီအချက်တွေကို မစ္စတာကင်တားနားနဲ့တွေ့ခွင့်ရခဲ့တဲ့အချိန်မှာလည်း ဖေါ်ထုတ်ပြောပြခဲ့တယ် ။ သေဒါဏ်ကနေ လွတ်ငြိမ်းချမ်းသာ ခွင့်ရခဲ့ပေမဲ့လည်း မတရားအမှုဆင်ခံခဲ့ရတာဖြစ်တယ်ဆိုတာကို အယူခံတင်ဖို့နဲ့ သူုအဖမ်းခံရတာဟာ အာဏာ ရှင်စနစ်ဆိုးကြောင့်ဖြစ်တယ်ဆိုတာ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ ကြိုးစားခဲ့တယ် ။ ဆိုးရွားလွန်းနေတဲ့ ကျန်းမာရေး အခြေအနေကြောင့်သာ မလုပ်ဖြစ်ခဲ့တာဖြစ်ပါတယ် ။ အဲဒီတော့ မြင်တွေ့ခဲ့ရတဲ့သမိုင်းတွေအရ ကိုဖြိုးဝေအောင်ဟာ အညတရသူရဲကောင်းတစ်ယောက်ဖြစ်တယ်လို့ ကျွန်တော် ဂုဏ်ပြုသတ်မှတ်ပါတယ် ။

    ဒီမိုကရေစီ တော်လှန်ရေးကြီးမှာ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ ၊ ပါဝင်ဆောင်ရွက်နေဆဲဖြစ်တဲ့ ၊ ရဲဘော်ရဲဘက်အားလုံး ကလည်း ကိုဖြိုးဝေအောင်ကို စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ အညတရသူရဲကောင်းတစ် ယောက်အဖြစ် အသိအမှတ်ပြုပေးကြဖို့ ၊ ပြည်တွင်းပြည်ပအင်အားစုအားလုံးအနေနဲ့ ကျန်ရစ်သူမိသားစုကို ကူညီပံပိုး အားပေးကြဖို့ တိုက်တွန်းနှိုးဆော်ပါတယ် ။

    ကိုဖြိုးဝေအောင်ဟာ သူ့အတွက်အမှန်တရားမရရှိခင် ၊ သူ့ပြည်သူတွေအတွက် အမှန်တရားမရရှိခင် ကျဆုံးခဲ့ရတာ ဖြစ်တယ် ။ ကိုဖြိုးဝေအောင်ကို သတင်းစာရှင်းပွဲကနေ မတရားစွတ်စွဲခဲ့တဲ့ ရဲချုပ်ဗိုလ်မှုးချုပ်ခင်ရီက စစ်တပ်ကနေရဲ ၊ ရဲကနေ ဝန်ကြီးဘဝပြောင်းနေတယ် ။ အဲဒီအချိန်မှာ အမိန့်တွေပေးခဲ့တဲ့ နအဖစစ်အာဏာရှင်တွေက စစ်ယူနီဖေါင်း တွေချွတ်ပြီး လွှတ်တော်ထဲမှာ နေရာအမျိုးမျိုးယူထားကြတယ် ။ စစ်အာဏာရှင်တွေရဲ့ လုပ်နည်းလုပ်ဟန်မပျက် မတရားဖမ်းဆီးထောင်ချမှုတွေ ၊ လက်ပန်းတောင်သံဃာတွေကို မီးလောင်ဗုံးပစ်နှိမ်နှင်းမှုမျိုး အကြမ်းဖက်အနိုင်ကျင့် မှုတွေ ၊ ကချင်တိုင်းရင်းသားတွေနဲ့ ပြည်တွင်းစစ်မှာ တိုက်လေယာဉ်တွေသုံးထိုးစစ်ဆင်တာမျိုးတွေ ကျူးလွန်နေကြ ဆဲပါပဲ ။ ဒါကြောင့် စစ်အာဏာရှင်စနစ်ရှိနေဆဲပဲဖြစ်တယ် ။ ကိုဖြိုးဝေအောင်လို မကြွေသင့်ပဲကြွေခဲ့ရတဲ့ ၊ စစ်အာဏာ ရှင်စနစ်ရဲ့ဒါဏ်ကိုခံကြရတဲ့သူတွေ ၊ ကိုဖြိုးဝေအောင်လို အညတရသူရဲကောင်းတွေ အများကြီးကြုံတွေ့ကြရဦးမှာ ဖြစ်တယ် ။ ဒီအတွက် အသက်မသေရှင်ကျန်ရစ်နေသေးတဲ့ ကျွန်တော်တို့တတွေအနေနဲ့လည်း စစ်အာဏာရှင်စနစ် တည်ရှိနေသေးသမျှ တစ်ထောင့်တစ်နေရာကနေ တပ်စွမ်းသမျှ တိုက်ပွဲဝင်နေကြရဦးမှာပဲဖြစ်တယ် ။

    " ငါတို့သည် တိုက်ပွဲဝင်ရဲဘော်များနှင့် ကျဆုံးခဲ့သောရဲဘော်များအပေါ် သစ္စာရှိပါမည်" ဆိုတဲ့ အဓိဌာန်ကို ခိုင်ခိုင်မာမာ ဆက်လက်ရွတ်ဆိုရင်း ကိုဖြိုးဝေအောင်ကို အလေးပြုဦးညွတ်လိုက်ပါတယ် ။ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲကာ လတစ်လျှောက် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် သေဆုံး-ကျဆုံးခဲ့ကြရသော တိုက်ပွဲဝင်သူရဲကောင်းအပေါင်းကိုလည်း ထပ်တူ အလေးပြုအပ်ပါတယ် ။
    Posted: 04 Jan 2013 10:13 PM PST
    ဓါတ်ပုံ-ရွှေသာလျောင်း(ပဲခူး)

    ဘုရားဂေါပကတွေရဲ့အခွန်ငွေ မြန်မာနိုင်ငံအနှံအပြားကတန်ခိုးကြီးဘုရားတွေမှာ ဂေါပကအဖွဲဝင်တွေကနေ ဘုရားကြီးရွှေချ၊ရင်ပြင်တော်ကျောက်ပြားလဲ၊သံပန်းဆေးသုတ်၊အိမ်သာအခ၊ဖိနပ်အပ်ခအထွေထွေတွေအပြင် မြန်မာပြည်တနှံတလျားက လာရောက်လည်ပါတ်ရောက်လာကြတဲ့ ဘုရားဖူးသူတွေ မိသားစု သူငယ်ချင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးလိုတဲ့အခါ အမှတ်တရဓါတ်ပုံရိုက်ကူးချင်သူတွေကို ရိုက်ပေးဖို့အတွက် ဓါတ်ပုံလုပ်ငန်းရှင်စတဲ့ကန်ထရိုက်ပေါင်းစုံလုပ်ငန်းတွေကို နီးစပ်ရာ ဆွေမျိုးသားချင်းတွေကိုလုပ်ကိုင်ခွင့်ပေးခဲ့တယ်။ လုပ်ငန်းလိုင်စင်ကိုပြန်လည်ရောင်းချပြီးစီးပွားရှာခဲ့ကြတယ်။ ဟိုးအရင်ကတော့ မြန်မာပြည်သူတွေမှာ ကင်မရာတလုံးပိုင်ဆိုင်ခွင့် ခက်ခဲကြတယ် ..

    ယနေ့အချိန်မှာတော့တန်ဖိုးနည်းကင်မရာတွေဖုန်းတွေနဲ့အမှတ်တရရိုက်ကူးခွင့်အခွင့်အလမ်းရှိလာတဲ့အခါ ငွေကြေးလက်ဆောင်တွေကုန်ကြခံထားတဲ့ ဓါတ်ပုံကန်ထရိုက်တွေက ဘုရားဖူးတွေအပေါ်နည်းမျိုးစုံနဲ့ သူတို့ကုန်ကျခံထားခဲ့ တဲ့ လေလံကြေး နဲ့လက်ဆောင်ပဏ္ဍာအတွက် လည်မျိုညစ်နေမှုကို ရပ်ဆိုင်းသင့်ပါပြီ။ ဒီအတွက် အရိုးသားဆုံးနည်းကတော့ မိမိတို့နီးစပ်ရာအသိုင်းအဝိုင်းကို ဘယ်ဘုရားမှာဘဲဖြစ်ဖြစ် မိမိတို့ကိုယ်ပိုင်ကင်မရာနှင့်အမှတ်တရရိုက်ကူးခြင်းကို မပေးဆောင်ကြဖို့စတင်သင့်ပါပြီ။

    ဘုရားဂေါပကတွေရဲ့အခွန်ငွေမြန်မာနိုင်ငံအနှံအပြားက တန်ခိုးကြီးဘုရားတွေမှာ ဂေါပကအဖွဲဝင်တွေကနေ ဘုရားကြီးရွှေချ၊ရင်ပြင်တော်ကျောက်ပြားလဲ၊သံပန်းဆေးသုတ်၊အိမ်သာအခ၊ဖိနပ်အပ်ခအထွေထွေတွေအပြင် မြန်မာပြည်တနှံတလျားက လာရောက်လည်ပါတ်ရောက်လာကြတဲ့ ဘုရားဖူးသူတွေ မိသားစု သူငယ်ချင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးလိုတဲ့အခါ အမှတ်တရဓါတ်ပုံရိုက်ကူးချင်သူတွေကို ရိုက်ပေးဖို့အတွက် ဓါတ်ပုံလုပ်ငန်းရှင်စတဲ့ကန်ထရိုက်ပေါင်းစုံလုပ်ငန်းတွေကို နီးစပ်ရာ ဆွေမျိုးသားချင်းတွေကိုလုပ်ကိုင်ခွင့်ပေးခဲ့တယ်။ လုပ်ငန်းလိုင်စင်ကိုပြန်လည်ရောင်းချပြီးစီးပွားရှာခဲ့ကြတယ်။ ဟိုးအရင်ကတော့ မြန်မာပြည်သူတွေမှာ ကင်မရာတလုံးပိုင်ဆိုင်ခွင့် ခက်ခဲကြတယ် ယနေ့အချိန်မှာတော့ တန်ဖိုးနည်းကင်မရာတွေ ဖုန်းတွေ နဲ့ အမှတ်တရရိုက်ကူးခွင့်အခွင့်အလမ်းရှိလာတဲ့အခါ ငွေကြေးလက်ဆောင်တွေကုန်ကြခံထားတဲ့ ဓါတ်ပုံကန်ထရိုက်တွေက ဘုရားဖူးတွေအပေါ်နည်းမျိုးစုံနဲ့ သူတို့ကုန်ကျခံထားခဲ့တဲ့ လေလံကြေးနဲ့လက်ဆောင်ပဏ္ဍာအတွက် လည်မျိုညစ်နေမှုကို ရပ်ဆိုင်းသင့်ပါပြီ။ ဒီအတွက် အရိုးသားဆုံးနည်းကတော့ မိမိတို့နီးစပ်ရာအသိုင်းအဝိုင်းကို ဘယ်ဘုရားမှာဘဲဖြစ်ဖြစ်

    Aung Pan Facebook
    Posted: 04 Jan 2013 08:44 PM PST

    ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ဟင်္သာတအကျဉ်းဦးစီးဌာန မှ ထောင်ပိုင်ကြီး ဦးနေစိုး(မိုးကျရွှေကိုယ်)သည် အကျဉ်းသားများထံမှ လာပ်ငွေတောင်းခံနေကြောင်း သိရှိရပါသည်။ သူကိုယ်တိုင်တောင်းခံခြင်းမရှိပဲ သူ့လက်အောက်ရှိ ထောင်ဝါဒါ နောင်နောင်ဆိုသူကို တောင်းခံခိုင်းကြောင်း သိရပါသည်။

    ထောင်ထဲတွင် ၀ါဆိုသင်္ကန်းကပ်ဖို့၊ တီဗီဝယ်ဖို့၊ ဒီဗီဒီဝယ်ဖို့ဆိုပြီး အကြောင်းအမျိုးမျိုးပြပြီး အကျဉ်းသားများထံမှ ငွေကြေးတောင်းခံနေပါသည်။

    အကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးမှ `ထောင်ထဲစရောက်ရောက်ခြင်း အကျဉ်းသားကို ထောင်ဝါဒါက မေးတယ်…၊ လိုင်းဝင်မလား…၊ သန့်ရှင်းရေးလုပ်မလား…၊ အိမ်သာပုံးသွန်မလား…တဲ့၊ လိုင်းဝင်ရင်တော့ လေးသောင်းပေးရမယ် လို့ပြောတယ်´ ဟု သူကြုံခဲ့ရပုံကို ပြောပြပါတယ်။ အဲဒီကရတဲ့လေးသောင်းကိုတော့ ထောင်ဝါဒါတွေ အချိုးကျခွဲယူပြီး ကျန်တာကို ထောင်ပိုင်ကြီးကို ပေးရကြောင်းလည်း သိရပါသည်။ ယခင်ထောင်ပိုင်ကြီး တာဝန်ယူချိန်ကလည်း ယခုကဲ့သို့ပင် လာပ်စားသောကြောင့် နယ်ပြောင်းခံရကြောင်း၊ ခု ထောင်ပိုင် ဦးနေစိုး မှာလည်း `၀န်ထမ်းဟူသမျှ လာပ်စားကြ´ ဆောင်ပုဒ်ကိုပင် ကျင့်သုံးနေကြောင်း မြို့ခံများက ပြောဆိုနေကြပါတယ်။

    Hinthata HumanRight

    Posted: 04 Jan 2013 08:29 AM PST
    တစ်နှစ်တာအတွင်း လုပ်ငန်းချဲ့ ထွင်နိုင်သူများကိုကြည့်လျှင် အများစုမှာအစိုးရနှင့်နီးစပ်သည့် လုပ်ငန်းရှင်များဖြစ်နေခြင်းကို ၂၀၁၂ ခုနှစ်အတွင်းထင်ရှားသည့်စီးပွားရေးဖြစ်ရပ်တစ်ခုအဖြစ်ထည့်သွင်းဖော်ပြအပ်ပါသည်။အစိုးရနှင့်နီးစပ်သည့်လုပ်ငန်းရှင်ကြီးများဟုဆိုရာတွင် အချို့ မှာ နိုင်ငံတော်စီးပွားရေးနှင့်လူမှုရေးအကြံပေးကောင်စီ၏ အဖွဲ့ ဝင်များပင် ပါဝင်နေသည်။

    နိုင်ငံတော်အကြံပေးကောင်စီဝင်တစ်ဦးဖြစ်သည့် ဦးခင်မောင်အေးသည်ယခုနှစ်အတွင်း Golden Myanmar လေကြောင်းလိုင်းအား တည်ထောင်ခွင့်ရရှိကာ ပြည်တွင်းပြည်ပသို့  ပျံသန်းတော့မည်ဖြစ်သည်။ ယင်းအပြင်၂၂ ဒသမ ၆ ဧက ကျယ်ဝန်းသည့်မြေပေါ် တွင် သိမ်ဖြူ ကုန်သေတ္တာဆိပ်ခံတံတား တည်ဆောက်ကာဆိပ်ကမ်းဝန်ဆောင်မှုပေးမည့်လုပ်ငန်းကိုလည်းကောင်း၊ Master ကတ်၊ VISA ကတ်များကိုလည်းကောင်းဦးခင်မောင်အေး ဥက္ကဌအဖြစ် တာဝန်ယူလုပ်ကိုင်နေသည့် သမ၀ါယမဘဏ်(CB Bank) ဖြင့် ချိတ်ဆက်အသုံးပြုခွင့်နှင့် နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုလုပ်ငန်းကိုပါ လုပ်ကိုင်ခွင့်ရခဲ့သည်။ ဦးခင်မောင်အေးသည် အဆိုပါလုပ်ငန်းများအပြင် မြို့ တော်သစ်ဖွံ့ ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်ဖွဲ့ စည်းကာမန္တလေး တံတားဦး မြို့ တော်သစ်တည်မည့် စီမံကိန်းကိုလည်း လုပ်ဆောင်ရန်ချမှတ်ထားသည်။

    နိုင်ငံတော်အကြံပေးကောင်စီဝင်ဖြစ်ခဲ့ပြီး ယခုအခါ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်ယခင်လုပ်ကိုင်ခဲ့သည့် KMD ကုမ္ပဏီမှာလည်း ယခု ၂၀၁၂ ခုနှစ်အတွင်း၌ပင်ကမ္ဘာကျော်အမှတ်တံဆိပ် Intel အား ပြည်တွင်း၌ ဖြန့် ချိခွင့်၊ ထိုင်ဝမ်(တရုတ် တိုင်ပေ)အခြေစိုက် HTC မိုဘိုင်းဖုန်း၏ တရားဝင် အရောင်းစင်တာနှင့်
    ဆားဗစ်စင်တာ ဖွင့်လှစ်ခွင့်၊ မြန်မာနိုင်ငံ၏ ပထမဆုံးသော Mobile & IT Mall အား Mandalay 77 Mobile & IT Mall အမည်ဖြင့် မန္တလေးတွင်ဖွင့်လှစ်ခွင့် စသည်ဖြင့် လုပ်ငန်းပေါင်းများစွာ တိုးချဲ့ နိုင်ခဲ့သည်။

    နိုင်ငံတော်သမ္မတ၏ အကြံပေးကောင်စီအဖွဲ့ ဝင်လည်းဖြစ်ပြီးသမ္မတ၏နိုင်ငံခြားခရီးစဉ်အတွင်းလိုက်ပါခွင့်ရရှိခဲ့သူ ဒေါက်တာကိုကိုကြီး (ဒိုင်းမွန်းစတား၊ Capital)သည်လည်း ယခု ၂၀၁၂ ခုနှစ်အတွင်း ထိပ်တန်းစားသောက်ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်သော ပက်စီ ကုမ္ပဏီ၏ ကုန်ပစ္စည်းများကို တင်သွင်းဖြန့် ချိခွင့် ရရှိခဲ့သည်။ ယင်းအပြင် ၄င်းအနေဖြင့် ရွှေဂုံတိုင်ခုံးကျော်တံတားကိုလည်း တည်ဆောက်ခွင့်ရရှိထားသည့် လုပ်ငန်းရှင်ဖြစ်သည်။

    အကြံပေးမဟုတ်သော်လည်း နိုင်ငံတော်သမ္မတ၏ နိုင်ငံခြားခရီးစဉ်များတွင်လိုက်ပါခွင့်ရရှိသည့် ရွှေသံလွင် ကုမ္ပဏီအနေဖြင့်မူ မည်သူမျှလွယ်လွယ်ကူကူ ခွင့်ပြုမိန့် မရနိုင်သည့် စီးကရက်၊ ဘီယာ၊ အချိုရည်စက်ရုံများကို ရွှေသံလွင်စက်မှုဇုံ၌ တည်ထောင်ခွင့်ရရှိခဲ့သည်။ ရွှေသံလွင် ကုမ္ပဏီမှတည်ထောင်ထားသော Sky Net ရုပ်သံလိုင်းအနေဖြင့် မည်သည့်ပွဲမဆို
    တိုက်ရိုက်ထုတ်လွှင့်သည့် အခွင့်အရေးရရှိနေသည်။ ရွှေသံလွင်မှတည်ထောင်ထားသော Sky Net ရုပ်သံလိုင်းသည် လွှတ်တော် Channel ကိုပင်သီးခြားထုတ်လွှင့်ကာ တိုက်ရိုက်ပြသခွင့်ရရှိထားသည်အထိ အခွင့်အလမ်းရရှိထားခဲ့သည်။

    အစိုးရနှင့်နီးစပ်ပြီး အင်အားတောင့်တင်းသည့် ရွှေတောင်အုပ်စု ကုမ္ပဏီမှာလည်း ယခင်နှစ်များကတည်းက စိမံကိန်းကြီးများ ဆက်တိုက်ရရှိမှုကြောင့်အခွင့်အလမ်းကောင်းခဲ့သည့် ကုမ္ပဏီအုပ်စုကြီးတစ်ခုဖြစ်သည်။ယခုနှစ်တွင်လည်း ရွှေတောင်အုပ်စု ကုမ္ပဏီမှာ ရန်ကုန်မြို့ ၏ အကြီးဆုံးဈေးဝယ်စင်တာတစ်ခုဖြစ်သော Junction Square Shopping Centre ကို
    ဖွင့်လှစ်နိုင်ခဲ့သည်။

    ယင်းအပြင်ရန်ကုန်မြို့ လယ်ရှိဗိုလ်ချုပ်အောင်ဆန်းနှင့်ရွှေတိဂုံဘုရားလမ်းထောင့်ရှိ လေဟာပြင်ဈေး မြေကွက်လပ်နေရာတွင်
    ၃၄ ထပ် အမြင့်ရှိ အဆောက်အအုံကို ဆောက်လုပ်ခွင့်ရရှိထားပြီးဖြစ်သည်။ရန်ကုန်မြို့ ၏ ခုံးကျော်တံတားစီမံကိန်းများတွင် လည်း ရွှေတောင် ကုမဏီကပထမဆုံးပါဝင်ခွင့်ရထားပြီး လှည်းတန်း ခုံးကျော်တံတားကို လက်ရှိတည်ဆောက်နေခြင်း လည်း ဖြစ်သည်။

    (သတင်း - Weekly Eleven News ဂျာနယ်၊ အတွဲ ၈ အမှတ် ၁၃ မှ..)

    Weekly Eleven News ဂျာနယ်၊ အတွဲ ၈ အမှတ် ၁၃ မှ သတင်းစာသားများကို စာရိုက်မှတ်တမ်းတင်စာရိုက်ဖြန့်ဝေပေးတဲ့ ကိုအောင်မျိုးထွန်းကို ကျေးဇူးမှတ်တမ်းတင်အပ်ပါတယ်။

    Credit: Aungmyo Tun





    You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်)
    To stop receiving these emails, you may unsubscribe now.
    Email delivery powered by Google
    Google Inc., 20 West Kinzie, Chicago IL USA 60610



    --
    http://www.burmaburo.blogspot.com

    No comments:

    Post a Comment