Tuesday 19 February 2013

မြန်မာနိုင်ငံ နိုင်ငံရေးအခြေအနေ တစေ့ တစောင်း





Posted: 14 Feb 2013 09:56 AM PST

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အနာဂတ် ပြည်ထောင်စု တပ်မတော်

--- တိုင်းရင်းသား တစ်ဦး


ယခုအချိန်မှာ မြန်မာပြည်ဟာ ဒီမိုကရေစီစံနစ်သစ်ဆီသို့ ဦးတည်သွားနေပြီလို့ ဆိုပါတယ်။ ဒီမို ကရေစီ  စံနစ်ကို ထူထောင်မယ် ဆိုလိုက်တာနဲ့ တရားဥပဒေ စိုးမိုးရေးဟာ အင်မတန် အရေးကြီးတာလဲ လူတိုင်း သိကြပါတယ်။ (အဲဒီလို အရေးကြီးလို့ကို လွှတ်တော်ထဲမှာ ဒေါ်စုက တရားဥပဒေ စိုးမိုးရေး တာဝန်ကို ယူထားတာပေါ့။) ဥပဒေ စိုးမိုးရေး ဆိုရာမှာလဲ ယခုလက်ရှိမှာ ဥပဒေပြင်ပ ရောက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို ဥပဒေ ဘောင်ဝင်အောင် ဘယ်လို legalize လုပ်မလဲ၊ အနာဂတ် ပြည်ထောင်စု တပ်မတော်နဲ့ ဘယ်လို ပေါင်းစည်းကြမလဲ ဆိုတဲ့ ပြဿနာ တွေဟာ အရေး တကာ့ အရေးအကြီးဆုံး ကိစ္စတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေအတွက် အစိုးရရော အတိုက်အခံဖက် ကပါ ရေရေရာရာ စီမံချက် ရှိသေးပုံ မရဘူး၊ ရှိတယ်ဆိုရင်လဲ ပွင့်လင်းမြင်သာမှုမရှိသေးဘူး။ အဲဒီကိစ္စ္စ တွေနဲ့ ပတ်သက်လို့ ပြည်သူတဦးရဲ့ အမြင်ကို တင်ပြချင်တဲ့အတွက် ဒီဆောင်းပါးကို ရေးရတာ ဖြစ်ပါ တယ်။
ပထမဆုံးအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဥပဒေဘောင်ထဲ ရောက်လာအောင် အစိုးရ အဆက်ဆက် အသုံးပြုခဲ့တဲ့ နည်းလမ်းတွေကို ကြည့်ကြရအောင်ပါ။

လက်နက်ချခိုင်းတဲ့နည်း

အစိုးရအဆက်ဆက်က တိုင်းရင်းသားလက်နက်ကိုင်တွေ ဥပဒေဘောင်ဝင်အောင် နှစ်ပေါင်းများစွာ ကျင့်သုံး ခဲ့တာ ကတော့ လက်နက်ချခိုင်းတဲ့နည်း ဖြစ်ပါတယ်။ လက်နက်ချ အလင်းဝင်လိုက်တာနဲ့ ဥပဒေဘောင် ၀င်သွားပြီပေါ့။  ဒီနည်းနဲ့ မအောင်မြင်ခဲ့တာ အထူးပြောစရာမလိုပါဘူး၊ ဒါပေမယ့် ဘာလို့ မအောင်မြင်ခဲ့တာလဲ ဆိုတာ အလေးအနက် စဉ်းစားဖို့ လိုပါတယ်။  

အစိုးရနဲ့ဆွေးနွေးပြီး သဘောတူညီချက်ရလို့် လက်နက်ချခဲ့တာ ဖဆပလအစိုးရ လက်ထက် နိုင်အောင်ထွန်း ခေါင်းဆောင်တဲ့  မွန်လက်နက်ကိုင် အဖွဲ့က ပထမဆုံးလို့ ဆိုပါတယ်။ နိုင်အောင်ထွန်း အဖွဲ့ဟာ အဲဒီအချိန်တုံး ကဆိုရင်  ယခုလက်ရှိ  မွန်ပြည်သစ်ပါတီထက်တောင် လူအင်အား၊ လက်နက် အင်အား တောင့်တင်းပါသတဲ့။  ၀န်ကြီးချုပ် ဦးနုနဲ့ ဆွေးနွေးပြီး သဘောတူညီချက်ရတဲ့အတွက် လက်နက် ချခဲ့တာပါတဲ့။ လက်နက်လဲ ချပြီးရော သဘောတူထားတဲ့ အချက်တွေ ဘာမှ ဖြစ်မလာတဲ့အပြင် ဦးနုနဲ့ သွားတွေ့ပြီး အခြေအတင် ပြောတဲ့အတွက် နိုင်အောင်ထွန်း ထောင်ထဲ ရောက်သွားပါသတဲ့။ အဲဒီ အဖြစ်ကို နမူနာ ယူပြီး တော့ ကျန်တဲ့တိုင်းရင်းသား လက်နက်ကိုင်တွေမှာ "ဘာပဲဖြစ်ဖြစ် လက်နက်တော့ မချနဲ့၊ ဗမာတွေ ကတိမတည်ဘူး" ဆိုတဲ့ သဘောထား ခံယူချက် သံမှိုစွဲသလို မြဲသွားတာပါတဲ့။ (နိုင်အောင်ထွန်း အဖွဲ့ရဲ့ ဖြစ်ထွေကို သူငယ်ချင်း တဦးက ပြောပြခဲ့တာပါ။ စာရေးသူ မမွေးခင်က ကိစ္စ ဖြစ်လို့ ပိုသိတဲ့သူတွေက ပြင်ဆင် ဖြည့်စွက်ပေးကြစေလိုပါတယ်။)

နိုင်အောင်ထွန်းတို့အကြောင်းကို စာရေးသူတို့မမှီလိုက်လို့ အတိအကျ မပြောနိုင်ပေမယ်လို့ န၀တ/ နအဖလက်ထက် ဖြစ်ပျက်ခဲ့တာတွေကတော့ ကိုယ်တွေ့မျက်မြင် ဖြစ်ပါတယ်။ န၀တလက်ထက်မှာ ဗိုလ်ခင်ညွန့်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လိုက်လံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက်တွေ လက်မှတ်ထိုးနိုင်ခဲ့ပါတယ်။  အခြေခံဥပဒေရယ်လို့ မရှိဘဲ ကာကွယ်ရေး ဦးစီးချုပ် ရဲ့ အမိန့်အာဏာနဲ့ အုပ်ချုပ်တဲ့ စစ်အုပ်ချုပ်ရေးကာလမို့လို့လဲ အဲဒီလိုလုပ်လို့ ရတာပါ။ အရင် အစိုးရ တွေ လက်ထက်ကတော့ ဒီလိုလုပ်ရင် ဖြစ်နိုင်မှန်း မသိလို့ မဟုတ်လောက်ပါ၊ တည်ဆဲ ဖွဲ့စည်းပုံ ဥပဒေနဲ့ ငြိစွန်း နေလို့သာ လုပ်မရခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် န၀တ/နအဖ လက်ထက် မှာတော့ နယ်စပ်ဒေသ အတော်များများမှာ အနှစ် (၂၀) နီးပါး ငြိမ်းချမ်းခဲ့တာ အမှန်ပါပဲ။ 

ဒါပေမယ့် အဲဒီငြိမ်းချမ်းရေးဟာ အင်္ဂါမစုံဘဲ မွေးလာတဲ့ ကလေးနဲ့တူနေပါတယ်၊ ကြီးမားတဲ့ ချို့ယွင်းချက် ရှိနေပါတယ်။ ဘယ်လိုချို့ယွင်းချက်လဲ။ ဗိုလ်ခင်ညွန့်က အရေးတယူ လာဆွေးနွေးတယ် ဆိုတာနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေမှာ တူညီတဲ့ အတွေး တခု ၀င်သွားစေခဲ့လို့ပဲ။ ဘယ်လို အတွေးလဲ ဆိုတော့ "ကြည့်စမ်း၊ ဒေါ်စု ခေါင်းဆောင်တဲ့ NLD ကို တပြည်လုံးက လူများစု ထောက်ခံမဲ ပေးထားပါ ရက်နဲ့ ဒီလူတွေ NLD နဲ့ ဆွေးနွေးဖို့ စိတ်ကူးရှိပုံ မရဘူး။ ဒေါ်စုကို အကျယ်ချုပ်ထား၊ NLD အမတ်တွေကို ထောင်ထဲ ထည့်ထားပြီး ငါတို့နဲ့ အရေးတယူ လာဆွေးနွေးနေတယ်။ ဒါ ငါတို့ သေနတ် ကိုင်ထားလို့ပဲ။ ငါတို့မှာသာ လက်နက်မရှိတော့ရင် ငါတို့ကို ဂရုစိုက်ပါဦးမလား၊ ပေးထားတဲ့ ကတိတွေ တည်ပါဦး မလား" ဆိုတဲ့ အတွေးပါ။

စဉ်းစားကြည့်ပါ။ လက်နက်မရှိတဲ့ ဒေါ်စုနဲ့ NLD ကို ဆွေးနွေးရမယ့်အစား အပြုတ်တိုက် ချေမှုန်းဖို့ ကြိုးစားခဲ့တာ နှစ် (၂၀) ကြာခဲ့တယ်။ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ ရာပေါင်း များစွာ အသက် ပေးခဲ့ရ၊ ဘ၀ပျက်ခဲ့ကြရတယ်။ တိုင်းရင်းသားတွေမှာ လက်နက်မရှိတော့ရင် NLD ရဲ့ ကံကြမ္မာမျိုး သူတို့ဖက် လှည့်မလာဘူးလို့ ဘယ်သူက အာမခံမှာလဲ။ ဒါဟာ တိုင်းရင်းသား တွေ လက်နက်မချနိုင်ရခြင်းရဲ့ အဓိကအကြောင်းပဲ။ တနည်းအားဖြင့် ပြောရရင် လက်နက်မရှိတဲ့ NLD ကို ဖိနှိပ်ခဲ့တာဟာ တိုင်းရင်းသားတွေ လက်နက် မစွန့်ချင်အောင်၊ မစွန့်ရဲအောင် လုပ်လိုက်တာနဲ့ အတူတူ ပါပဲ။

နယ်ခြားစောင့်တပ်လုပ်ခိုင်းတဲ့နည်း

တဖက်ကကြည့်ပြန်တော့ အပစ်အခတ် ရပ်စဲပြီး ကိုယ့်နယ်မြေကိုယ်နေ၊ ကိုယ့်စီးပွား ကိုယ်လုပ် ဆိုတာက စစ်အစိုးရလက်ထက်မှာသာ ဖြစ်နိုင်တာကိုး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေလုပ်ပြီး အရပ်သားအစိုးရ အနေနဲ့ အုပ်ချုပ်တော့မယ်ဆိုရင်တော့ (၂၀၀၈) ဥပဒေဖြစ်ဖြစ်၊ အတိုက်အခံတွေ ပြောနေတဲ့ ဖက်ဒရယ်မူ ပဲဖြစ်ဖြစ် တိုင်းပြည် တခုတည်းမှာ ဥပဒေပြင်ပ လက်နက်ကိုင်တပ်တွေ သူတလူ၊ ငါတမင်း ရှိနေလို့ မဖြစ်ပြန်ဘူး။ အဲဒါကြောင့် အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တွေကို နယ်ခြား စောင့်တပ် (BGF) အသွင် ပြောင်းဖို့ စည်းရုံးလာပါတယ်။ လက်နက်မချချင်ရင် မချနဲ့၊ နယ်ခြားစောင့်တပ် အနေနဲ့ တပ်မတော် အောက်မှာ နေပါ ဆိုတဲ့ သဘောပဲ။ တပ်မတော်လက်အောက်ရောက်တယ်ဆိုတာနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဟာ ဥပဒေဘောင်ဝင်သွားပြီ၊ တရားဝင် ရပ်တည်လို့ ရပြီပေါ့။

ဒီနေရာမှာ ပြောချင်တာက တိုင်းရင်းသားလက်နက်ကိုင်တွေကို နယ်ခြားစောင့်တပ်အနေနဲ့ လက်ခံတယ် ဆိုတာ အစိုးရစစ်တပ် အနေနဲ့ အတော်စွန့်စားရတဲ့ ကိစ္စ ဖြစ်တယ်ဆိုတာပါပဲ။ နယ်ခြား စောင့်တပ်ထဲက လူတွေဟာ တချိန်က ကိုယ်နဲ့ သူသေကိုယ်သေ တိုက်ခဲ့တဲ့သူတွေ ဖြစ်သလို နောင်လဲ အခြေအနေ အကြောင်းကြောင်း ကြောင့် အချိန်မရွေး အရောင်ပြောင်းပြီး ကိုယ့်ကို ပြန်တိုက်နိုင်တဲ့သူတွေ ဖြစ်တယ် (ဒါ ကရင်ပြည်နယ်မှာ လက်တွေ့ပဲလေ)။ အစိုးရတပ်မမှူး၊ တိုင်းမှူး တွေမှာ အရေးအကြောင်း ပေါ်လို့ နယ်ခြားစောင့်တပ်ကို ခိုင်းရမယ်ဆိုရင် "ဒီလူတွေ ငါ့အမိန့်ကို နာခံပါ့မလား။ သူတိုတိုင်းရင်းသား အချင်းချင်း ပင်းပြီး ငါ့ကို နောက်ကျော ဓါးနဲ့ ထိုးလေမလား"လို့ တွေးမိကြမှာ ဖြစ်သလို နယ်ခြားစောင့် တပ်မှူးတွေ ကိုယ်တိုင်ကလဲ "ဒီ တပ်မမှူး/တိုင်းမှူး ခိုင်းတိုင်း ငါလုပ်လို့ ဖြစ်ပါ့မလား၊ သူ့အမိန့်ကို နာခံလိုက်လို့ ငါတို့ တိုင်းရင်းသားချင်း ပြန်ပစ်ရတဲ့ အခြေအနေရောက်သွားရင် ငါ့ဇာတိ ရပ်ရွာမှာ၊ ငါ့ဆွေမျိုးတွေ ကြားမှာ သူများတံတွေးခွက် ပက်လက်မျောရချည်ရဲ့" လို့ တွေးမိ ကြမှာ အမှန်ပါပဲ။ စစ်တပ် ဆိုတာက ရဲဘော်ရဲဘက်ချင်း အသက်ပေး ယုံကြည်စိတ်ချနိုင်မှသာ ထက်မြက် ပါတယ်။ အထက်လူနဲ့ အောက်လူ မယုံသင်္ကာဖြစ်ပြီး သံသယတွေ များနေရင်တော့ လူများပြီး ပွဲမစည်တဲ့ တပ်စုတ်တပ်ပဲ့သာ ဖြစ်နေမှာပဲ။ 

တိုင်းရင်းသားတွေဖက်က ကြည့်ပြန်တော့ ပြဿနာက "နယ်ခြားစောင့်တပ် တပ်ရင်းတရင်းစီမှာ တပ်သား ဦးရေ ၃၂၆ ဦး ရှိမည်ဖြစ်ပြီး မြန်မာ့တပ်မတော်မှ စစ်သား ၃ဝ ဦး ပါဝင်မည်။ ထို့ပြင် တပ်ဖွဲ့ဝင် များ၏ လစာ ကို ဗဟိုအစိုးရက ထုတ်ပေးမည်ဖြစ်ပြီး အုပ်ချုပ်မှုအရလည်း မြန်မာ့တပ်မတော် လက်အောက် ၌ပင် ထားရှိ မည်ဖြစ်သည်" ဆိုတာကိုး။ တိုင်းရင်းသားတွေမှာ သူတို့ နှစ်ပေါင်းများစွာ တောင်းဆိုလာတဲ့ အခွင့်အရေး တွေ ဘယ်ဆီနေမှန်းမသိသေးခင် အစိုးရစစ်တပ် အုပ်ချုပ်မှုအောက်မှာ နေရမယ် ဆိုတော့ အစုလိုက် အပြုံလိုက် လက်နက်ချခိုင်းတာနဲ့ အတူတူဖြစ်နေတယ်။ တိုင်းရင်းသား အချင်းချင်းပေါ် သေနတ်ပြောင်း လှည့်ရမယ့် အခြေအနေမျိုးများ ဖြစ်လာခဲ့ရင်  လက်နက်ချတာထက်ကို ပိုဆိုးသွားပြီ။ နောက်ပြီး နယ်ခြား စောင့်တပ်ရင်းတိုင်းမှာ အစိုးရ စစ်သား တွေ လာထည့်ထားတဲ့အတွက် ကိုယ့်မှာရှိတဲ့ လက်နက်အင်အား၊ လူအင်အား၊ လေ့ကျင့်မှု၊ လှုပ်ရှားမှု စတဲ့ အတွင်းရေးတွေကို အစိုးရစစ်တပ်ကို အကုန် ဖွင့်ပြရတာနဲ့ အတူတူပဲ။ နောင် နိုင်ငံရေး ညှိနှိုင်းတာ အဆင် မပြေလို့ မလွှဲသာ မရှောင်သာ ပြန်တိုက် ရမယ် ဆိုရင်တောင် ကိုယ့်အကြောင်း အကုန်လုံး ရန်သူဖက်က သိပြီး ဖြစ်နေလို့ ဒုက္ခ တော်တော် ရောက်သွား နိုင်တယ်။ ဒါကြောင့် ကေအိုင်အေ၊ ဒီကေဘီအေ၊ မွန်ပြည်သစ်ပါတီ စတဲ့ အပစ်ရပ် အဖွဲ့တွေက နယ်ခြားစောင့်တပ် မလုပ်ပဲ ငြင်းဆန်ခဲ့ကြတာပဲ။

ဒါဆိုရင် ဘာဖြစ်လို့ အစိုးရက ဒီလို စီစဉ်ရသလဲ။ "တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင် တော်လှန်ရေးကို တဖက်လှည့်နည်းနဲ့ ဖြိုခွဲချေမှုန်းဖို့ ကြိုးစားတာပါ" လို့ ဖြေချင်ကြပါလိမ့်မယ်။ ဒီအဖြေ မှားတယ်လို့ စာရေးသူ မပြောလိုဘူး၊ ဒါပေမယ့် ဒီအဖြေနဲ့ ရပ်သွားမယ် ဆိုရင်တော့ မြန်မာ့ တပ်မတော်ရဲ့ mindset ကို နားမလည်ရာ ရောက်ပါတယ်။ 

ဒီနေရာမှာ နည်းနည်း အကျယ်တ၀င့် ပြောဖို့ လိုလိမ့်မယ်။ နိုင်ငံတကာ တပ်မတော် တွေမှာ မရှိတဲ့ စည်းကမ်း တခု  မြန်မာ့တပ်မတော်မှာ ရှိသတဲ့။ တစ်ပွင့်နဲ့ အထက် ပြန်တမ်းဝင်အရာရှိတွေဟာ တပ်တတပ် မှာ () နှစ်ထက် ပိုမနေရ ဆိုတဲ့ စည်းကမ်းပဲ။ စည်းကမ်းအရ () နှစ်ဆိုပေမယ့် လက်တွေ့မှာ တစ်နှစ်၊ နှစ်နှစ်နဲ့ ပြောင်းကြရတာက များတယ်။ စစ်သက် (၁၀)နှစ်လောက်ဆို မြန်မာပြည် နှံ့သွားပြီပေါ့။ 

ဒီစည်းကမ်းဟာ အကျိုးထက် အပြစ်ကပိုများပါတယ်။ တပ် ခဏခဏပြောင်းကြရတဲ့ အရာရှိတွေ ခမျာ ဘယ်နေရာမှာမှ နေသားကျအောင် မနေရတဲ့အတွက် နယ်မြေကျွမ်းကျင်မှုမရ၊ ကိုယ့်လက်အောက်က ရဲဘော်တွေအကြောင်း၊ နယ်မြေခံလူထုနဲ့ ရန်သူအကြောင်းကို လေ့လာချိန် မရကြရှာဘူး။ အဲဒီလို နယ်မြေ ကျွမ်းကျင်မှု မရှိတဲ့၊ ကိုယ့်ရဲဘော်တွေ အကြောင်းရော ရန်သူအကြောင်းရော ကောင်းကောင်းနားမလည်တဲ့ အရာရှိ အမိန့်ကို နာခံရတဲ့ ရဲဘော်တွေဟာ မနာသင့်ဘဲနာ၊ မသေသင့်ဘဲသေ ဆိုတာမျိုး မကြာခဏ ကြုံကြရတယ်။ 

ဒီအကြောင်းကို ကိုယ်တိုင် ကြုံတွေ့ ဖြတ်သန်းလာတဲ့ လက်ရှိ တပ်မတော် စစ်ခေါင်းဆောင်တွေ မသိဘဲ မနေပါဘူး။ ဒါဆိုရင် ဒီစည်းကမ်း ဘာလို့ တည်မြဲနေသလဲ။ သမိုင်းပေး သင်ခန်းစာကြောင့်လို့ ဆိုပါတယ်။ လွတ်လပ်ရေး ရခါစ ရောင်စုံသူပုန်တွေ ထကြွတဲ့ အချိန်တုံးက တပ်မတော်ထဲက တပ်ရင်း လိုက် တောခိုသွားတာ အတော်များများ ရှိခဲ့ပါတယ်။ အဲဒီလို တောခိုတဲ့ကိစ္စတွေမှာလဲ များသောအားဖြင့် တကယ် တောခိုတာက  တပ်ရင်းမှူး ဖြစ်ပြီး လက်အောက်ခံ ရဲဘော်တွေကတော့ ခေါင်းဆောင် အမိန့်နာခံ ရင်း သူပုန် ဖြစ်မှန်းမသိ ဖြစ်ကုန်ကြရတာပါတဲ့။ အဲဒီအဖြစ်ကို သင်ခန်းစာယူပြီးတော့ အရာရှိတွေ ကိုယ် တာဝန်ထမ်းဆောင်တဲ့ တပ်အတွင်းမှာ ပုဂ္ဂိုလ်ရေးအရ သြဇာအာဏာ ထူထောင်လို့ မရနိုင်အောင် ဒီစည်းကမ်းကို လုပ်ထားခဲ့တာလို့ ဆိုပါတယ်။
အဲဒီတော့ စဉ်းစားကြည့်ပါ။ ကိုယ့်တပ်ထဲက အရာရှိတွေကိုတောင် ခဏခဏ တပ်ပြောင်းခိုင်းတဲ့ စည်းကမ်းမျိုး ကျင့်သုံးတဲ့ တပ်မတော်ဟာ နယ်ခြား စောင့်တပ်တွေကို တိုက်ရိုက် အုပ်ချုပ်ခွင့်မရဘဲ ဘယ်လို လုပ်ပြီး ယုံကြည်စိတ်ချနိုင်မှာလဲ။ အဲဒီလို ယုံကြည် စိတ်ချနိုင်မှု မရှိတာကြောင့်ပဲ နယ်ခြား စောင့်တပ် အစီအစဉ် မအောင်မြင်ဘဲ ဖြစ်ခဲ့ရတာပါ။

(လွတ်လပ်ရေး ခေတ်ဦးမှာ တပ်ရင်းမှူး ခေါင်းဆောင်မှုနောက်လိုက်ရင်း စစ်သည်တွေ သူပုန်ဖြစ်မှန်းမသိ ဖြစ်ကုန်တာ အမှန် ဖြစ်ခဲ့ပေမယ့် ဒီဖြစ်ရပ်ကို ကြည့်ပြီး တပ်မတော်ခေါင်းဆောင်တွေ သင်ခန်းစာ ယူခဲ့ပုံကတော့ မှားယွင်း တယ်လို့ ယူဆပါတယ်။ တိုင်းပြည်တပြည်ရဲ့ စစ်တပ်ဆိုတာဟာ မိုးကျရွှေကိုယ်မဟုတ်ပါဘူး၊ ဒီတိုင်းပြည်ထဲက ပြည်သူ ပြည်သားတွေနဲ့ပဲ တည်ဆောက်ထားတာပါ။ ကြီးမားနက်ရှိုင်းတဲ့ နိုင်ငံရေး ပြဿနာတွေကြောင့် ပြည်သူလူထု အကြား ညှိမရအောင် ကွဲကြတဲ့ အခါ လူထဲကလူ၊ ပြည်သူထဲကပြည်သူသာ ဖြစ်တဲ့ စစ်တပ်ပါ လိုက်ကွဲရတာဟာ မဆန်းပါဘူး၊ စစ်ခေါင်းဆောင်တွေရဲ့ အပြစ်လဲ မဟုတ်ပါဘူး။ ဒါပေမယ့် နောက်ထပ် ဒီလို မကွဲရအောင် ဆိုပြီး စစ်တပ်နဲ့ မသင့်တော်တဲ့ စည်းကမ်းဥပဒေမျိုးကို ထုတ်ပြန်ကျင့်သုံးတာကတော့ စစ်ခေါင်းဆောင်တွေရဲ့ အမှား လုံးလုံး ဖြစ်ပါတယ်။

ပုံစံယှဉ်ပြရရင် ဒီမိုကရေစီ ဘိုးအေကြီး ဖြစ်တဲ့ အမေရိကန်နိုင်ငံကိုပဲ ကြည့်ပါ။ (၁၉) ရာစုတုံးက ကျေးပိုင် ကျွန်ပိုင်စံနစ် ဆက်ထားသင့်မသင့်ကိစ္စနဲ့ ပတ်သက်လို့ ညှိမရအောင် သဘောထားကွဲကြတဲ့အခါ တောင်ပိုင်း ပြည်နယ်တွေက အမေရိကန်ပြည်ထောင်စုက ခွဲထွက်ဖို့ ဆုံးဖြတ်ကြတဲ့အတွက် စစ်တပ်ပါ () ခြမ်းကွဲပြီး ပြည်တွင်း စစ် အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ စစ်ကာလ () နှစ်အတွင်းမှာ နှစ်ဖက်စစ်သား ခန့်မှန်းခြေ () သိန်းခွဲ လောက် ကျဆုံး ခဲ့ပါတယ် (တိုက်ပွဲမှာ ပွဲချင်းပြီး ကျဆုံးတာကိုက () သိန်းကျော် ရှိတယ်၊ ကျန်တာက ဒဏ်ရာရလို့ တိုက်ပွဲ ပြီးမှ ကျဆုံးတာ၊ ဒဏ်ရာကနေ အဖျားအနာ ရောဂါဝင်ပြီး သေကြတာတွေ ဖြစ်ပါတယ်။ ဒါ အရပ်သားတွေ သေတာ မပါသေးဘူးနော်။ 

အဲဒီစစ်ပွဲမျိုးနဲ့ နှိုင်းယှဉ်ကြည့်ရင် မြန်မာပြည်က ပြည်တွင်းစစ် ဆိုတာ ကြက်တိုက်ပွဲ သာသာပဲ ရှိတယ်)။ အဲဒီလောက် ကြီးကျယ်တဲ့ စစ်ပွဲအပြီး  နိုင်ငံကို ပြန်ထူထောင်ကြတဲ့အခါကျတော့ အဓိက ပြုပြင် ပြောင်းလဲ မှုတွေ လုပ်ကြတာ နိုင်ငံရေးအပိုင်းမှာ ဖြစ်ပါတယ်၊ လူသိအများဆုံးကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြင်ဆင်ချက် () ခုထည့်ခဲ့တာပါ။ စစ်တပ်ကွဲတဲ့ ကိစ္စမျိုး ထပ်မဖြစ်ရအောင် အရာရှိတွေကို ခဏခဏ တပ်ပြောင်း ခိုင်းတဲ့ စည်းကမ်းမျိုးတော့ မြန်မာပြည်မှာလို ဖြစ်မလာပါဘူး။ ဒါပေမယ့်  နိုင်ငံ ညီညွတ်မှုကို နိုင်ငံရေးနည်းနဲ့ ထိန်းသိမ်း နိုင်တဲ့အတွက် ကမ္ဘာစစ် ()ခု တိုက်ပြီးတာတောင် အမေရိကန်စစ်တပ်ဟာ ညီညွတ်ဆဲပါပဲ။

ဒီနေရာမှာ "ဒီလို စည်းကမ်းမျိုး အခြားတပ်မတော်တွေမှာ မရှိပေမယ့် ဒီလို ထိန်းချုပ်ထားတဲ့အတွက် (၁၉၈၈) အရေးအခင်း၊ (၂၀၀၇) သံဃာ့အရေးအခင်းမျိုး ကြုံခဲ့တာတောင် စစ်တပ်ဟာ ညီညွတ်မှု မပျက်ခဲ့ဘူး၊ ဒါကိုက ဒီစည်းကမ်းရဲ့ အကျိုးပဲ" လို့ တပ်မတော် ခေါင်းဆောင်များက ချေပချင်ပါလိမ့်မယ်။ မှန်ပါတယ်၊ ဒါပေမယ့် စဉ်းစားကြည့်ပါဦး။ ကိုယ့်တပ်ထဲ ညီညွတ်နေရုံနဲ့ မပြီးပါဘူး။ တိုင်းပြည်သာ အေးချမ်းညီညွတ်နေမယ်၊ နိုင်ငံရေး ပြဿနာ ကြီးကြီးမားမား မရှိဘူး ဆိုရင် အခု တိုင်းရင်းသားလက်နက်ကိုင်တွေဟာ လက်နက်မကိုင်ပဲ ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားသောက်သူတွေ၊ ဒါမှမဟုတ် ၀ါသနာပါရင် ပြည်ထောင်စုတပ်မတော်ထဲမှာ တာဝန် ထမ်းဆောင်နေတဲ့ စစ်သားကောင်းတွေ ဖြစ်နေမှာပဲ။ အဲဒီလိုလူတွေက လက်နက်ကိုင်ပြီး တော်လှန်နေတယ်ဆိုတာ ကိုက တကယ်ရှိသင့်တဲ့၊ တကယ် ရှိရမယ့် ပြည်ထောင်စု တပ်မတော်ကြီး အစိတ်စိတ်အမွှာမွှာ ကွဲနေတဲ့ သဘော ပါပဲ။)

အဲဒါဆိုရင် ဘယ်လိုလုပ်သင့်သလဲ။ တိုင်းရင်းသားအခွင့်အရေးတွေ အပြည့်အ၀ ရမှသာ တိုင်းရင်းသား အဖွဲ့တွေက လက်နက် စွန့်မှာ ဖြစ်တဲ့အတွက် အဲဒီ အခွင့်အရေးတွေ အပြည့်အ၀ ပေးနိုင်အောင် (၂၀၀၈) ဥပဒေကို ပြင်မှ ဖြစ်မယ်လို့ ယူဆသူ များပါတယ်။ ဒါပေမယ့် အခုထိ ဘယ်သူမှ မပြင်နိုင်ကြ သေးဘူး။ အဲဒီတော့ ထိုင်စောင့်နေရမယ့်အတူတူ လက်ရှိ ဒီ ဥပဒေဘောင်ထဲမှာပဲ လုပ်လို့ရတာကို လုပ်ကြရမှာပါ။ လုပ်လို့ ရတာတွေ ရှိပါတယ်။

လက်ရှိအချိန်မှာ လုပ်လို့ ရတဲ့ လုပ်ငန်းစဉ်များ

ပထမဆုံးလုပ်သင့်တာက တိုင်းရင်းသားတပ်ဖွဲ့တွေကို လက်ရှိအနေအထားအတိုင်း နယ်ခြားစောင့် တပ်များအဖြစ် ကာကွယ်ရေးဦးစီးချုပ်က အသိအမှတ် ပြုပေးဖို့ ဖြစ်တယ်။ တိုင်းရင်းသားတွေဖက်က တံဆိပ် လောက်တော့ ပြောင်းပေးရမှာပေါ့။ လက်ရှိ တိုင်းရင်းသားတပ်ဖွဲ့ တွေကို ဟောသလို ကမ်းလှမ်း သင့်ပါတယ်။
"ဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ် လက်အောက်ရှိမှသာ ဖထီးတို့ တပ်က တရားဝင်မှာ။ ဒါကြောင့် ဖထီး တို့ကို နယ်ခြားစောင့်တပ်အနေနဲ့ ကာကွယ်ရေး ဦးစီးချုပ်က အသိအမှတ်ပြုပေးမယ်။ တံဆိပ်တော့ ပြောင်းတပ်ပေးပါ။ ဒါပေမယ့် ကျွန်တော်တို့ဖက်က ဖထီးတို့တပ်ထဲ လာရောက်စွတ်ဖက်တာ မရှိစေရဘူး။ ဖထီးတို့ အရင်တုံးကလိုပဲ ကိုယ့်နေရာကိုယ်နေပြီး ပြည်သူကို စောင့်ရှောက်ပါ၊ စီးပွားရေး၊ ပညာရေး တိုးတက်အောင် လုပ်ပေးပါ။ နိုင်ငံတော်ကလဲ တတ်နိုင်သလောက် ပံ့ပိုးပေးမယ်။ တိုင်းရင်းသား အခွင့် အရေးကိစ္စ ကတော့ နိုင်ငံရေး  ပြဿနာ ဖြစ်လို့ နိုင်ငံရေးသမားတွေ ဖြေရှင်းကြပါစေ။ နိုင်ငံရေး ဖက်က ပြေလည်ရင် တပ်ကိစ္စက စီစဉ်ရတာ မခက်ပါဘူး။ နိုင်ငံရေးမပြေလည် လို့ ပြန်တိုက် ချင်တယ် ဆိုလဲ နယ်ခြားစောင့်တံဆိပ်ဖြုတ်ပြီး မူရင်း တံဆိပ် ပြန်တပ်တာ ငါးမိနစ် မကြာ ပါဘူး။"

တံဆိပ်ပြောင်းရုံနဲ့ ဘာထူးမှာလဲ မေးစရာ ရှိတယ်။ သိပ်ထူးတာပေါ့။ ကာကွယ်ရေး ဦးစီးချုပ်က နယ်ခြား စောင့်တပ်အဖြစ် အသိအမှတ် ပြုလိုက်တာနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေရော (ဥပမာ KIA) သူတို့နဲ့ ဆက်စပ်နေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေပါ (ဥပမာ KIO) မတရားသင်း ပုဒ်မနဲ့ လွတ်ပြီး တရားဝင် အဖွဲ့အစည်းတွေ ဖြစ်သွားပြီ။ အဲဒီလို အခြေအနေ ရောက်တာနဲ့ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ လုပ်ငန်းကို စလို့ရပြီ။ အဲဒီလုပ်ငန်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ဆိုပြီး () ပိုင်းပါသင့်ပါတယ်။


တိုင်းရင်းသား တစ်ဦး



Posted: 14 Feb 2013 09:15 AM PST
 အမှတ်၁ လယ်ယာသုံး စက်ကိရိယာ ပစ္စည်း ထုတ်လုပ်ရေးစက်ရုံ ငှားရမ်းမှုအကြောင်း နောက်ဆက်တွဲ အသိပေး တိုင်ကြားစာ..
ကျွန်မတို့ ၉မိုင် စက်မှုလယ်ယာ စက်ရုံက ခုသိရသလောက် ဒီလ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး Company လက်ထဲ လွှဲပေးရမယ်လို့ သိရပါတယ်။ (စည်းမျဉ်းအရ စာချုပ်ပြီး တစ်လအတွင်း Company ကလွှဲယူရမယ် ဆိုတာပါတော့ စာချုပ်က ပြီးခဲ့တဲ့ ၁လပိုင်း  ၂၄ရက် မှာချုပ်တာပါတဲ့)

ဒါနဲ့ပတ်သတ်ပြီး ပြီးခဲ့တဲ့ ၃ရက်က ၀န်ထမ်းတွေကို Company ကလာတွေ့ပါတယ်။ 
(တကယ်ကတော့ Company ၀န်ထမ်းအဖြစ် ကြိုတင် နေရာယူထားတဲ့ စက်မှုလယ်ယာ ၀န်ထမ်းဟောင်းတွေပါပဲ၊ သာမာန်ရောက်ရှိနေမှုလား၊ အစီစဉ်တကျ သိမ်းသွင်းထားမှုလားကတော. ဘုရားမှပဲ သိနိုင်ပါမယ်) သေချာတာကတော. Company ရဲ.အကြီးအကဲ လုံးဝပါမလာတာပါပဲ။

သူတို့ ပြောသွားတာလေးတွေ သူတို့ပြောတဲ့ အတိုင်းလေးပဲ ပြန်ရေးပြပါမယ်။
စက်မှုလယ်ယာ အနေနဲ. Policy အရ စက်ရုံတွေ ဆက်မလုပ်တော့မှာကြောင့် ၀န်ထမ်းတွေအတွက်လည်း အလုပ်အကိုင် မရှိတော့ကြောင်း၊ Company မှာမနေခဲ့ပဲ ဌာန ကို လိုက်သွားမယ်ဆိုရင် အဲ့ဒီလိုနေရာ မရှိတော့မှာမို့ ရာထူးလည်း တက်စရာ မရှိကြောင်း၊ လစာလည်း တိုးမှာ မဟုတ်ကြောင်း၊ သူတို့အနေနဲ့ ဒီအလုပ်ကို အကျိုးအမြတ်မရှိလည်း အရှုံးခံပြီး လုပ်မှာဖြစ်ကြောင်း ၊၀န်ထမ်းတွေအလုပ်လက်မဲ့ မဖြစ်ရအောင် သူတို့ကြိုးစားပေးနေတာလို့ ပြောပါတယ်။

၊နောက်ဆုံး ဘာအလုပ်မှ မရှိလည်း လစာပေးထားမှာ ဖြစ်ကြောင်း ၊ရှုံးမယ်မှန်း သိပေမယ်. သူတို.ကို အတင်းထိုးပေးလို. အရှုံးခံပြီး ဒါကိုမတတ်ကျွမ်းပဲ လုပ်မှာဖြစ်ကြောင်း ၊သူတို.ရဲ. သူဌေးက မြန်မာပြည်မှာ အရမ်းချမ်းသာကြောင်း၊ ဘီလီယံ နဲ့ချီပြီး ချမ်းသာသူဖြစ်ကြောင်း၊ ဘဏ်ထဲငွေထည့်ထားပြီး ဘဏ်တိုးပဲ ထိုင်စားနေမယ် ဆိုရင်တောင် ဘာမှလုပ်စရာမလိုကြောင်း၊ အလုပ်က ထွက်မဲ့သူတွေနဲ့  ပတ်သက်လို့ ကတော့ နစ်နာကြေး ၊လျှော်ကြေး ပေးဖို. Company နဲ. မသက်ဆိုင်ကြောင်း ၊ ဒါတွေက ဌာန ကပဲ ရှင်းပေးရမှာဖြစ်ကြောင်း ၊ လုပ်သက်ပြည်.ဖို. ၃နှစ်လောက် လိုသူတွေက သူတို.က လစာ ဆက်သွင်းပေးထားပြီး သက်ပြည့်၊ လုပ်သက်ပြည့် ပင်စင်ရအောင် ကူညီမှာဖြစ်ကြောင်း၊ လက်ရှိ Company မှာမနေခဲ့မဲ့သူတွေကတော. ကလေးတွေ စာမေးပွဲပြီးရင် လိုင်းခန်းက ဖယ်ပေးရမှာဖြစ်ကြောင်း စသည်ဖြင်. ကြွားဝါတာတွေလား ၊ခြိမ်းခြောက်တာတွေလား၊ ဆွဲဆောင်တာတွေလား မသိတဲ့ စကားတွေပြောသွားခဲ့ပြီး ၀န်ထမ်းတွေအတွက် အနာဂတ် ခိုင်မာမဲ့အစီအစဉ်၊ ဌာနနဲ့  ဆက်စပ်တာဝန်ယူ ၊တာဝန်ခံရမယ်. ခိုင်ခိုင်မာမာကိစ္စ တွေတော. မပါပဲပြောသွားပါတယ်ရှင်၊

ပထမဆုံးအနေနဲ. လက်ရှိ လူ ၈၀ လောက် ရှိနေတဲ့ ၀န်ထမ်းလိုင်းခန်းတွေ ဖယ်ပေးရတော.မှာက ပထမပြဿနာပါ၊သူတို. ဆီမှာ ကျန်ခဲ့မယ်. လိုင်းခန်းနေ၀န်ထမ်း ၁၆ဦး လောက်ကလွဲပြီး ကျန်တာတွေက ဘယ်သွားလို. ဘယ်နေရမှန်းမသိတာက အဆိုးဆုံးပြဿနာပါ။ ကျန်ခဲ့တဲ့ သူတွေကလည်း လောလောဆယ် နေစရာလေးတော့ ရှိနေနိုင်ဖို. ဒီအာမခံချက် ဘာမှမရှိတာကို ရွေးရတာပါ။ 

 ဒုတိယ သူတို.ပြောတဲ့ ၀န်ထမ်းတွေ သူတို.ဆီမှာ ၃နှစ်လုပ် ၊ပင်စင်ရအောင်တာဝန်ယူမယ်ဆိုတာက နိုင်ငံ.၀န်ထမ်း စည်းမျဉ်းစည်းကမ်းနဲ. ညီ/မညီ ၊ဘယ်သူက ဒါကို တာဝန်ခံမယ်ဆိုတာက လည်း ခုထိမသိရပါဘူးဌာနဘက်ကတော. ၆လအထိ တာဝန်ယူမယ်ဆိုလား ပြောပါတယ် ၊ပြီးတော. သူတို.၀န်ခံထားပါတယ်၊ဒီအလုပ်ကို မလုပ်တတ်ပါဘူးတဲ့ ၊အတင်းထိုးပေးလို. ဒါကိုအရှုံးခံပြီး ယူထားရတာပါတဲ့ ၊ဒါကိုကျွန်မတို. သိချင်တာက ဘယ်သူက သူတို.ကိုထိုးပေးတာပါလဲ၊ဘာကြောင်. ထိုးပေးတာပါလဲ၊သူတို.ကရော ဘာကြောင်. ရှုံးမယ်မှန်းသိလျှက် ဘာရည်ရွယ်ချက်နဲ. ယူလိုက်ရတာပါလဲ ၊အတော်စိတ်ဝင်စားစရာပါပဲ ။

ဟိုတစ်လောက သတင်းတစ်ပုဒ်ဖတ်လိုက်ရပါတယ်၊မြေနီကုန်းက မြေ ၅ ဧကလောက်ရှိတဲ့ လွှတ်တော်ဘေး နေရာကို တစ်လ ၃၁၁ သိန်းနဲ. ကားပါကင်လုပ်ဖို.ငှားတဲ့သတင်းပါ၊ခုကျွန်မတို.စက်ရုံက ၁၀ ဧကကျော် ၊နေရာကလည်း ၇န်ကုန်လေဆိပ် ၊နောက်လုပ်မယ်. ရန်ကုန်ဒုတိယ မြို.လည်ခေါင် စီမံကိန်း နေရာတွေနဲ. ၁မိုင်မပြည့်တပြည့် ပတ်ချာလည် အတွင်း ပြည်လမ်းမပေါ်မှာ ရှိနေတာဖြစ်ပြီး အထဲမှာ တပ်ဆင်ထားတဲ့ စက်၊ အဆောက်အဦး ရုံးသုံးပရိဘောဂ ကအစ သိန်း၅၀၀ နဲ့ငှားတယ်ဆိုတာကရော တကယ်ဖြစ်သင့်တဲ့ ဈေး ဟုတ်/မဟုတ် ကျွမ်းကျင်သူတွေဆီက ကြားချင်ပါသေးတယ်ရှင်၊ ကျွန်မတို့ သိရသလောက် (ကြိုတင်ဝန်ခံပါရစေ ဒီအချက်နဲ. ပတ်သက်တဲ့ သက်သော အထောက်အထားတော့ မရှိပါဘူး) ဒီစက်ရုံက ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်တွေ တောက်လျှောက် အရှုံးမရှိခဲ့ပါဘူး (ဒါကတော. သက်ဆိုင်သူတွေဆီမှာ ရှိနေမှာပါ)။ 

ဒါကိုတဲ့ သမ္မတ ဆီလေလံပစ်ဖို. တင်တော. ဘာလို့မရှုံးပဲ လေလံပစ်တာလည်း မေးတော. နောက်တစ်ကြိမ် စာရင်းစစ်ရုံးကနေ စစ်ဆေးပြီး ပြန်တင်ပေးပါတယ်တဲ့ ၊အဲဒီတော.မှ ရှုံးသွားတာလို.သိရပါတယ်။ ကျွန်မတို.စက်ရုံအနေနဲ. လက်တွန်းထွန်စက် တစ်မျိုးတည်းတင် တစ်နှစ်ကို ၁၅၀၀ နဲ့ ၂၀၀၀ ကြားထွက်နေပြီး အခြောက်ခံစက်၊ခြွေလှဲ့စက်အပါအ၀င် အခြားပစ္စည်း အများအပြားကို တစ်ခါတစ်လေ ပိတ်ရက်မရှိ တောက်လျှောက် ထုတ်ပေးနေခဲ့တာပါ။

 တစ်ခုတော.ရှိပါတယ် ၂၀၁၂ ၈လပိုင်းနဲ. ၁၀လပိုင်းကြားမှာတော. ဒီအငှားကိစ္စ အကြောင်းပြပြီး ဘတ်ဂျက် လုံးဝချမပေးတော.လို. ခုထိ ၀န်ထမ်းတွေ ငုတ်တုတ်ထိုင်နေရပါတယ် ။ဒါဟာလည်း ကြိုတင်ကြံစည်မှုရဲ. တစ်စိတ်တစ်ပိုင်းလားလို.တော. ကျွန်မတို.စိုးရိမ်ခဲ့ကြရတာပါ။

နောက်တစ်ခုက လက်ရှိဝန်ထမ်း ၁၇၀ လောက်မှာ ကျန်ခဲ့မယ်. ၀န်ထမ်း ၄၀ ကျော်ရှိပါတယ်။ အတော်များများက ရုံးပိုင်းတွေဆိုတော. သူတို.ထုတ်လုပ်ရေးက ဘယ်သူကိုသုံးမယ်တော. မသိရပါဘူး၊ ကျွန်မတို. သိရသလောက် သူတို.Company ရဲ့အစီရင် ခံစာထဲမှာ လက်ရှိလုပ်ငန်းကိုပဲ ဆက်လုပ်မှာဖြစ်ပြီး ၆ လ ကနေ တစ်နှစ်အတွင်း ထုတ်လုပ်ရေး စမယ်လို.ပြောပါတယ်။ နောက်တော. ၃ လအတွင်းခန်.မှာ စနိုင်အောင်ကြိုးစားပါမယ်လို. အစီရင်ခံပါတယ်တဲ့၊လူလည်း အသင်.မရှိ ထုတ်လုပ်ရေးအတွေ.အကြုံလည်း မရှိတဲ့ Company တစ်ခုက ဒီ အောက်မြန်မာပြည်က အစဉ်အလာရှိ စက်ရုံကြီး ကိုဆက်လက်လည်ပတ်မယ် တဲ့ရှင်၊ ကျွန်မတို.ထင်တာတော. သူတို. မှာ လူမရှိရင် ၃လပြည့်ချိန်မှာ လုပ်ငန်းမစနိုင်မှာစိုးလို. ၀န်ထမ်းတွေကိုချော.ခေါ်နေသလားလို.ထင်ပါတယ်ရှင်၊ 

ဒါ.အပြင်ခုနောက်ပိုင်း စက်ရုံတွေ ယူထားပြီး ဘာမှမလုပ်ပဲ ဒီတိုင်းထားလို. ဌာနကနေ
 ၃လတစ်ကြိမ် စစ်ဆေးမယ်လို.တော.လည်းကြားပါတယ်၊ သူတို.ကလည်း ဒီလိုစည်းကမ်းချက်တွေ မညီရင်၊ ဒီလိုမလည်ပတ်နိုင်ရင် စက်ရုံပြန်သိမ်းခံရမှာ စိုးလို့ပဲ စည်းရုံးနေတာပဲဖြစ်ပါလိမ့် မယ်ရှင်၊ ကျွန်မတို့ကတော့ မဖြစ်မနေလွှဲကို ပေးရမယ်ဆိုရင်လည်း  လွှဲပေးပြီးမှ ပြန်သိမ်းတာ ၊အပြစ်ပေးတာ၊ အရေးယူတာထက် မလွှဲခင် တကယ်အာမခံချက်ရှိ တဲ့သူ၊ တကယ်လုပ်မယ့် သူကိုသေချာရွေးလွဲ စေချင်ပါတယ်။ ဒါ့အပြင် လာဘ်ပေး လာဘ်ယူ မသမာမှုတွေ မရှိအောင်လည်း သေချာစစ်ဆေးပြီး ပေးသူရော၊ ယူသူပါ ထိထိရောက်ရောက် စုံစမ်း စစ်ဆေးစေချင်ပါတယ်ရှင်၊ (ဘာလိုလည်းဆိုတော. ခု ကားပေါ်က ပိုက်ဆံပစ်ချတာတွေ့ရင် ကောက်တဲ့ယာဉ်ထိမ်းရဲ ရော ချပေးတဲ့ ကားသမားပါ အရေးယူမယ်ဆိုတာလေး ကြေငြာနေတော)့ ခုလို အရေးကြီး ကိစ္စကြီးတွေမှာလည်း ဒီတိုင်းပဲ ဖြစ်စေလိုတာပါရှင်။ 

'နစ်နာသူတွေအတွက်၊နိုင်ငံတော်အတွက် တကယ်လုံလောက်တဲ့ အရေးယူမှုမျိုးတော.ဖြစ်ဖို. လိုပါတယ်ရှင်) Company ရဲ.စီမံခန်.ခွဲမှုကလည်း  သူယူထားပြီးပိတ်ထားရတဲ. စက်ရုံတွေကိုကြည်.ရင် အဖြေတွေ.နေရသလိုပါပဲရှင်၊ အဲဒီစက်ရုံတွေက ၀န်ထမ်းတွေကိုရော သူမယူခင်က ဘယ်လို ဂတိတွေပေးခဲ့တယ်ဆိုတာ သိချင်ပါတယ်ရှင်၊ ဒါ့အပြင် နိုင်ငံတော်နဲ့ရော ဘယ်လိုစာချုပ်စည်းမျဉ်တွေနဲ့
ချုပ်တယ်ဆိုတာ သိချင်ပါတယ်ရှင်၊ တကယ်တော့လည်း ကိုယ့်နိုင်ငံ အကျိုးအတွက် ကိုယ်ထမ်းဆောင်နေတဲ့ စက်ရုံ၊ အလုပ်ရုံတွေ ကိုဘယ်လို သဘောတူညီချက်၊ ဘယ်လိုစည်းမျဉ်းတွေနဲ. လွှဲပေးတယ်ဆိုတာ သက်ဆိုင်ရာ ၀န်ထမ်းတွေရော၊ နိုင်ငံသားတွေပါ သိရှိသင့်တဲ့၊ သိရှိအောင် ထုတ်ပြန်သင်.တဲ့ အချက်တွေဟာ Clean Government အတွက် မရှိမဖြစ် အချက်တွေ ထဲမှာ ပါမယ်ထင်ပါတယ်ရှင်။

ဒါ့အပြင် ဒီနေ့ထုတ်The Myanmar Post ဂျာနယ် မှာသတင်းတစ်ပုဒ်တွေ.လိုက်ရပါတယ်
လယ်ဆည်ဝန်ကြီး ဌာနမှ နိုင်ငံပိုင် မြေယာ အဆောက်အအုံများအား အငှားချထားနေမှုကို သမ္မတ ထံတင်ပြထားဆိုတဲ့ ခေါင်းစဉ်နဲ့ ပုလိပ်တမာ ပိုးသတ်ဆေးစက်ရုံ (စစ်ကိုင်း) ၊ လှိုင်းတက် စည်သွပ် စက်ရုံ (သာစည်)၊ အမရပူရ ဓါတ်မြေသြဇာ စခန်း၊ နတ်ရေကန် စက်မှုသီးနှံဖွံ.ဖြိုးရေး (ယခင် အမရပူရ ၀ါလုပ်ငန်း) ၊ အမရပူရ စက်မှုလယ်ယာ ထွန်စက်စခန်း၊ ကန်တော်ကြီး ပိုးစာခြံ ၊ဒိုးကွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းပိုင် ကော်ဖီခြံ စတာတွေကို ၂၀၁၁-၂၀၁၂ အတွင်း ငှားရမ်း အသုံးပြုနေမှုများကို ဌာနရဲ့ အငြိမ်းစား ၀န်ထမ်းများက သမ္မတထံ တင်ပြ အသိပေးထားကြောင်း ၊ မန္တလေး တိုင်းဦးစီးဌာန မြေ ပိုင်းဖြတ်ငှားဖို. စီစဉ်နေတာတွေ အပါအ၀င် နိုင်ငံပိုင် အဆောက်အအုံမြေယာတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေဆီ ခွဲစိတ် ငှားရမ်းနေမှု တွေ ဟန့်တားပေးဖို. သမ္မတ ထံ တင်ပြထားကြောင်းတွေ့ရတော့ ကျွန်မတို့လည်း အားတော့ ရှိသွားးသလိုပါပဲ၊ ကျွန်မတို့အနေနဲ့လည်း နိုင်ငံဝန်ထမ်း ရပိုင်ခွင့် ၊၀န်ထမ်းစည်းမျဉ်းစည်းကမ်း၊ ဥပဒေကြောင်းတွေနဲ့  ကျွန်မတို့ စက်ရုံအတွက် ပြန်ကြိုးစားသင်. တယ်လို.ထင်ပါတယ်ရှင်၊ 

ကျွန်မတို.တွေ အားလုံး  တညီတည်းသဘောတူနေကြတာက လောလောဆယ် Company လွှဲမယ်. အစီအစဉ်တွေကို ခေတ္တဆိုင်းငံထားပြီး၊ နိုင်ငံတော်အတွက် ၊ စက်ရုံအတွက် ၊၀န်ထမ်းတွေအတွက် ၀န်င်္ကြီး ဌာန ရဲ. သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ. ဆက်လက်လုပ်ကိုင်မယ်.သူတွေက လုံလောက်တဲ့ အာမခံချက် ရှိသည်ထိ ညှိုနှိုင်း ပြီးမှသာ ဆက်လုပ်စေချင်ပါတယ်ရှင် ၊ဒါနဲ့ပတ်သက်လို့ တရားဝင်ဥပဒေကြောင်း အရ ဆောင်ရွက်နိုင်မှာတွေကို သေချာသိရှိသူများဆီကလည်း အကြံဥာဏ်တွေ လိုချင်ပါတယ်ရှင် Media တွေအနေနဲ.လည်း စောင့်ကြည့် ၊မေးမြန်း၊ စုံစမ်း၊ ဖော်ပြ  ခြင်းဖြင့် ကျွန်မတို့ ဒုက္ခတွေကို ကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင် ၊
                                                                  စက်ရုံဝန်ထမ်းများ

You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

No comments:

Post a Comment