Wednesday 26 June 2013

ဦးဝီရသူနှင့်ပတ်လို့ 








ကိုသက်လင်း(ရဲရင့်သက်ဇွဲ)နှင့်ညီအကိုလိုခင်တဲ့ဘုန်းလှိုင်မှ
အပြန်အလှန်ဆွေးနွေးခြင်း
မိတ်ဆက်-ကိုသက်လင်းနဲ့ ကျွန်တော်ဟာ ဂျပန်နိုင်ငံက
မြန်မာအလုပ်သမားသမဂ္ဂတစ်ခုဖြစ်တဲ့ FWUBC မှာ အလုပ်သမားရေးနိုင်ငံရေးတွေ အတူလက်တွဲလုပ်ခဲ့တာ ဆယ်နှစ်တိတိ ဖြစ်ပြီး သူနဲ့ ကျွန်တော်ဟာ ခေါင်းနဲ့ ပန်းလိုခွဲလို့ 
မရခဲ့ပါဘူး။အခုမှ ကိုသက်လင်းဂျာမဏီကိုရောက်ပြီးအဲ့ဒီကနေတဆင့် ဖင်လန်ရောက်သွားလို့ 
နက်ပေါ်ကဘဲဆွေးနွေးတဲ့အဆင့်ရောက်သွားပါတော့တယ် ။
အခုကိုသက်လင်းပို့ ပေးလိုက်တဲ့စာထဲက ဗွီဒီယိုဖိုင်မနေ့ တုန်းကကြည့်ပြီးသွားပြီး
ကျွန်တော်သိထားတာက အဲ့ဒီဖိုင်က ၂၀၀၃ တုန်းကပြောထားတဲ့ဖိုင် လို့ သိထားတယ် အဲ့ဒီ
ကိစ္စနဲ့ ထောင်ကျပြီးလွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတာလို့ သိရတယ်။ဒါက အခု နက်ပေါ်မှာ
ရေးနေတာတွေ တင်ထားတဲ့ဗွီဒီယိုဖိုင်တွေကို လေ့ လာပြီးပြောတာနော် အသေးစိပ်ဘာတွေ
ပြောပြီးဘာတွေလုပ်နေတာလဲဆိုတာ လေ့လာဆဲဘဲရှိသေးတယ် ။ အကြောင်းအရာအားလုံးကို တိတိကျကျ မှန်မှန်ကန်ကန်သိပြီးမှ ဝေဖန်ရင် အမှန်နဲ့ပိုပြီး
နီးစပ်လိမ့်မယ်လို့ ယူဆပါတယ်။
အခုအဲ့ဒီကိစ္စကတစ်ခု
ဆရာတော်ကြီးတွေပါလာတဲ့ မျိးစောင့်ဥပဒေကိစ္စက တစ်ခု
ပြီးတော့ divide and rule  လုပ်ဖို့ ကြိုးစားနေတဲ့  ကြံ့ဖွတ် နဲ့ စစ်တပ်ကိစ္စက တစ်ခု၊
အခုကမ္ဘာနဲ့ တဝှမ်း ဖြစ်နေတဲ့ မကြေငြာထားးတဲ့ ခရစ်ယာန်မွတ်စလင်စစ်ပွဲထဲကို မြန်မာပြည်
ကနေစပြီး ကမ္ဘာနဲ့ တဝှမ်းဗုဒ္ဓဘာသာမွတ်စလင်စစ်ပွဲဖြစ်အောင်စပြီးမီးမွှေးတာကတစ်ခု
 အဲ့ဒီတစ်ခုတွေကို စုပြီး ခြုံငုံစဉ်းစားပြီး ဘာလုပ်သင့် သလဲဆိုတာ အဖြေထုတ်ဖို့ လိုလိမ့် မယ်
ကိုသက်လင်း ။
ဦးဝီရသူကိစ္စကို အသေးစိတ်လေ့ လာပြီး ဆရာတော်ကြီးတွေ ဘာသာရေးအရ လိုအပ်သလိုဆောင်
ရွက်သွားကြပါလိမ့် မယ်လို့ ယုံကြည်ပါတယ်။  ကျွန်တော်တို့ အားလုံး ရိုးသားမှုရှိဖို့ လိုပါတယ်။
အပြောနဲ့ အလုပ်နဲ့ ညီဖို့ လိုပါတယ်။ အခုလောလောဆယ်ဦးဝီရသူကိစ္စ ကို ဦးသိန်းစိန်တောင်ဝင်ပါလာတာကို တွေ့ ရတယ်။အခုTime နဲ့ New York Time
 မှာပါတဲ့ကိစ္စက ဦးဝီရသူတယောက်ထဲကိစ္စမဟုတ်ဘူးလို့ ယူဆတယ်။မြန်မာနိုင်ငံသား
ဗုဒ္ဓ ဘာသာဝင်အားလုံးကို စစ်သွေးကြွသူတွေအဖြစ်သွယ်ဝိုက်ပြီးစွတ်စွဲလိုက်တာဘဲဖြစ်တယ်
ဆောင်းပါးရေးသူဆောင်းပါးရှင် ဟာ ဦးဝီရသူတစ်ဦးထဲကိုလေ့လာပြီးရေးသွားတာ ပြီးတော့သူ
လုံးစေ့ပတ်စေ့ မလေ့လာထားတဲကိစ္စတွေကိုပါ အားလုံးသိသလိုခြံပြီးဝါးလုံးရှည်နဲ့ ရမ်းသွားတာလေ။ကျွန်တော့်အမြင်က အဲ့ဒီနောက်ကွယ်မှာ မြန်မာပြည်ကဦးဝီရသူ ရဲ့ ပြော
မှားဆိုမှားတွေကို အခွင့်ကောင်းယူပြီး ကမ္ဘာနဲ့ တဝှမ်းဗုဒ္ဓဘာသာမွတ်စလင်စစ်ပွဲဖြစ်အောင်
စပြီးမီးမွှေးတာလို့ ယူဆတယ်။ ဒလိုင်းလားမားက ဗမာဗုဒ္ဓဘာသာဝင်တွေ အကြမ်းမဖက် ကြ
ပါနဲ့ လို့ ပြောပြီး နာမယ်လဲယူပြီးရှောင်ထွက်သွားတယ်။ ယိုးဒယားက ယိုးဒယားဆရာတော် က
ဗမာဘုန်းကြီးတွေ ကမ္ဘာနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့ ပြောပြီး ရှောင်ထွက်သွားတယ်။
ဒါကြောင့်ဒီကိစ္စကဗမာတွေ ဗုဒ္ဓဘာသာဝင်တွေ တယောက်တပေါက် လုပ်လို့ မရဘူး အစိုးရရော ဒေါ်အောင်ဆန်းစုကြည်ရော ဆရာတော်ကြီးတွေပါ ခေါင်းအေးအေး နဲ့ 
ဝိုင်းစဉ်းစားပြီးလုပ်ရမဲ့ကိစ္စဖြစ်တယ်။ ရွှေညဝါဆရာတော်ကြီးကတော့ ရှင်းရှင်းနဲ့ ပြတ် ပြတ်ပြောသွားတယ် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်ကို လျှောက်နေတဲ့ မြန်မာပြည်
ကို အကူအညီမပေးဘဲ ဝိုင်းပြီးထိုးမချကြဘာနဲ့ လို့ မီဒီယာကိုပြောသွားတယ်။RFA အင်တာ ဗျူးကိုနားထောင်ကြည့်ပါ။
ညီအကိုလိုခင်လို့ ပွင့်ပွင့်လင်းလင်းဆွေးနွေးချင်တယ်
အခုဒီကိစ္စတွေရဲ့ အနီးစပ်ဆုံးအစကိုပြောရရင်
 ဘင်ဂါလီကိစ္စလို့ထင်တယ် ပြီးခဲ့တဲ့ ရခိုင်အရေးအခင်းမှာ ရခိုင်နဲ့ ဘင်ဂါလီအပြန်အလှန်သတ်ကြတယ်။
ဒီတခေါက် မှာ အရင့်အရင်တုန်းက အမြဲတန်းခံနေရတဲ့
ရခိုင်ဘက်က နိုင်ငံရေးအားသာလာတယ်လို့ ထင်ရတယ်။
ဘင်ဂါလီကလဲ ဆော်ဒီနဲ့ အိုအိုင်စီအားကိုးနဲ့ မြန်မာပြည်ကို ပရက်ရှာပေးဖို့ ကြိုးစားတယ်။
ဒုတိယမ္ဘာစစ်တုန်းက ဂျပန်အဝင် အင်္ဂလိပ်အပြေးမှာ ဘင်ဂါလီတွေကို အင်္ဂလိပ်က လက်နက်ပေးပြီးရခိုင်ဘက်မှာ ဂျပန်ကိုပြန်တိုက်ခိုင်းတာ ဂျပန်ကို မတိုက် ဘဲ ရခိုင်ရွာတွေကို မီးရှို့ မြေလှန်ပြီး ရခိုင်တွေကိုသတ်ခဲ့တာ သောင်းနဲ့ ချီပြီးသေခဲ့တယ် အဲ့ဒီရလာဒ်က ဘူးသီးတောင်မောင်းတောတစ်ခုလုံးဘင်ဂါလီလက်ထဲကျ သွားတယ် ။အဲ့ဒါရခိုင်ပြည်နယ် သမိုင်းမှာ ရခိုင်တွေအကြိမ်ကြိမ်ခံခဲ့ရာတာတွေထဲကတစ်ခုကိုပြောတာနော်
 ဟုတ်မဟုတ်လေ့ လာကြည့်ပါ ။ အလွန်သနားစရာကောင်းတဲ့ ဘင်ဂါလီတွေလုပ်သွားတဲ့ကိစ္စလေ။ အခု ရခိုင်တွေက သူတို့ လက်လွတ်ဆုံးရှူံးသွား တဲ့
နယ်မြေတွေကို ပြန်ရဖို့ ကြိုးစားနေတယ်လို့ ထင်တယ်။ဘယ်သူက တရားသလဲ ဘယ်သူကမတရားဘူးလဲ ဖြစ်စဉ်တစ်ခုလုံးကို ခြုံငုံလေ့လာဖို့ လိုတယ် ။ကိုယ်လုပ်ထားတာကို ဖုန်းထားပြီး ငြိမ်နေပြီး ကိုယ်ခံရတဲ့အလှည့်ကျတော့ သနားစရာကောင်းလောက်အောင်ငိုပြတာ
ကိုဗမာတွေ  ဘာလို့ မသနားတာလဲ အဖြေရှာကြည့်တာနော်။
အလွန် ဂရုဏာတရားရှိ တဲ့ ဗမာဗုဒ္ဓ ဘာသာဝင်တွေ။ တယောက်နဲ့ တယောက် မတဲ့ဘဲ တကြက်ကြက်ဖြစ်နေတဲ့ ဗမာတွေ ဘင်ဂါလီအကြောင်းရောက်သွားရင် တသွေးထဲတသံထဲဖြစ်
သွားတာ ၊ သွေးတွေဆူလာကြတာဖြစ်လာရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပေါ့ ။
အဲ့ဒီကိစ္စမှာ မြန်မာပြည်သူတွေကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ nld  ကို အားကိုးမှု လေးစားမှုနဲလာပြီး ကြံ့ဖွတ်နဲ့ စစ်တပ်ကို ပြန်ပြီးအားကိုး လာအောင်လေးစားလာအောင် ကြံ့ဖွတ်ဖက်ကကြိုးစားတာအတော်အတန်အောင်မြင်တယ်လို့ မြင်တယ်။
တစ်ခုရှိတာက အဲ့ဒီကိစ္စတွေကို ဦးဆောင် လုပ်နေတဲ့ ပြည်တွင်းပြည်ပက ရိုဟင်ဂျာအမည်ခံဘင်ဂါလီခေါင်းဆောင်ဆိုသူတွေ ကတော့တိုင်းရင်းသားဖြစ်ကြောင်း
သမိုင်းလိမ်တွေအမျိုးမျိုးပြောပြီး ကမ္ဘာကသနားလာအောင်လုပ်တာမအောင် မြင်တော့
နောက်ပြန်ဆုတ်လို့ မရတော့လို့ ထားလိုက်ပါတော့ ပြည်တွင်းက အဲ့ဒီပြဿနာထဲမှာ ခံနေရတဲ့
ဘင်ဂါလီတွေထဲကခေါင်းဆောင်ကောင်းတွေပေါ်လာပြီး ကျွန်တော်တို့ ဟာ ဘင်ဂါလီတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘင်္ဂလားကိုလဲပြန်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ရိုဟင်ဂျာဆိုတဲ့သမိုင်းလိမ်ထဲမှာ လဲကျွန်တော်တို့ မပါတော့ပါဘူး။တိုင်းရင်းသားပါလို့ လိမ်တောင်းနေတာကို စွန့် လွှတ်ပါတယ်။
မှားပါတယ်လို့ ဝန်ခံပါတယ်။
 မြန်မာပြည်မှာမွေးပြီးမြန်မာပြည် မှာကြီးပြင်းလာလို့ နေထိုင်ခွင့်ပေးပါ မြန်မာနိုင်ငံသားဥပဒေနဲ့ အညီ နိုင်ငံသားဖြစ်နိုင်ရင် နိုင်ငံသားပေးပါ။ ဆော်ဒီကတရားမဝင်ကမ္ဘာကိုတင်ပို့ နေတဲ့ လူဦးရေနဲ့ မွတ်စလင်လွှမ်းမိုးရေး လုပ်ငန်းစဉ်ထဲမှာလဲကျွန်တော်တို့ မပါတော့ပါဘူး။
(ကွယ်လွန်သွားရှာတဲ့လစ်ဗျားက ကာနယ်ဂဒတ်ဖီဆိုရင် ဒီတစ်ခါ သေနတ်တစ်ချက် မဖောက်ဘဲ ဓါး တစ်ချက်မဝင့်ဘဲ ကမ္ဘာကို မွတ်စလင်လွှမ်းမိုးရမယ်လို့ ကြွေးကြော် သွားသေးတယ်) ဒါကြောင့် လစ်ဗျားနိုင်ငံကနေတဆင့် ဥရောပတိုက်ကို လှေစီးဒုက္ခသယ် တွေတင်ပို့ တာ အနီးဆုံးနိုင်ငံဖြစ်တဲ့ ဂရိနိုင်ငံဆိုရင် သူ့ ရဲ့ကမ်းခြေစောင့်တပ်ဖွဲ့ ပိုင်သဘောင်္တွေ ကို အမြဲတန်းနိုင်ငံပိုင်ရေပြင်ရဲ့အစွန်ကို အလှည့်ကျပို့ ထားပြီးတရားမဝင်တဲ့လူတင်လာတဲ့ လှေ သင်္ဘော မှန်သမျှ ပြန်တွန်းထုတ်ပစ်တာကို  ကိုသက်လင်းဥရောပရောက်နေတာ လေ့လာကြည့်ပါ။ မီဒီယာကြီးတွေမှာ တွေ့ ရဖို့ တော့ခက်လိမ့်မယ် ကမ္ဘာကိုချမပြဘဲ တိုးတိုး တိတ်တိတ်လုပ်နေကြတာလေ ။ ယိုးဒယားရေတပ်က ဘင်ဂါလီလှေတွေကို ပင်လယ်ထဲ ပြန်တွန်း ထုတ်တုန်းက ချက်ချင်းရောက်သွားပြီး ကမ္ဘာကို တင်ပြသွားတဲ့  CNN ဘယ်ချောင် သွားကပ်နေသလဲ ။ အဲ့ဒါတွေဟာအနောက်တိုင်းမီဒီယာတွေရဲ့  DOUBLE STANDARD တွေ ပေါ့ ၊ )
ရခိုင်လူမျိုးများနဲ့ ရောအခြားသောမြန်မာနိုင်ငံသားများနဲ့ ပါအေးအတူပူအမျှ နေသွား ပါမယ်။
လို့ ပြောဆိုတင်ပြပြီး အလုပ်နဲ့ အပြောတပြေးညီဖြစ်အောင်သက်သေပြဖို့ လိုတယ်။
 ဦးဝီရသူရဲ့RFA လုပ်သွားတဲ့နောက်ဆုံးအင်တာဗျူးမှာ မြန်မာပြည်က မွတ်စလင်တွေနဲ့ 
ပတ်သက်ပြီး ရခိုင်အရေးအခင်းမှာ ဘင်ဂါလီကိစ္စမှာ မြန်မာပြည်က တခြားမွတ်စလင်တွေ
ဝင်မပါပါနဲ့ ဝင်ပါရင် သူတို့ ကိုလဲ ရန်သူအနေနဲ့ သတ်မှတ်ရမယ်လို့ ပြောသွားတာပါတယ်။
ဒါကြောင့် ဦးဝီရသူစကားအရ ပြောရရင် ဝင်ပါရင်ရန်သူ ဝင်မပါရင်မိတ်ဆွေ ။ အားလုံးကိုတော့ မဆိုလိုဘူး ဝါးလုံးရှည်နဲ့ သိမ်းကျုံးပြီးမရမ်းဘူးပြည်တွင်းနဲ့ ကမ္ဘာတဝှမ်းက မြန်မာနိုင်ငံသား
မွတ်စလင်တွေ ဘင်ဂါလီ ရိုဟင်ဂျာကိစ္စမှာ ဘယ်ဘက်ကဝင်ရပ်နေသလဲ။
ပါးစပ်တွေကထွက်လာတဲ့စကားလုံးတွေနဲ့ လာမပြောနဲ့  ကိုယ်တွေဘာတွေလုပ်နေ သလဲ
ကိုယ့်ဘာသာကိုယ်မေးခွန်းထုတ်ကြည့်ကြစေချင်တယ်။
(မှတ်ချက် ။ကိုသက်လင်းကို အဲ့ဒီထဲမှာပါတယ်လို့ မဆိုလိုပါဘူး)
 မွတ်စလင်ဘာသာ ဝင်အခြင်းခြင်းဖြစ်လို့ ခင်မင်တယ်
သနားတယ်ဆိုတာကို လက်ခံပေးလို့ ရပါတယ် နားလယ်ပေးလို့ ရပါတယ်။
(ဗမာတွေကလဲ ရခိုင်ဟာ ဘင်္ဂလားဒေ့ နဲ့ မြန်မာပြည်ကြားက ရှေ့
တန်းခံတပ်ဖြစ်တယ် ဒါကြောင့်ဗုဒ္ဓဘာသာဝင် ရခိုင်တွေကို ကူညီရမယ်ရိုင်းပင်းရမယ်
ကာကွယ်ရမယ်ဆိုတာ ကြိုတင်ညှိနှိုင်းမထားတဲ့နှလုံးသားထဲကထွက်လာတဲ့ခံစားချက်ဘဲ)
မှတ်ချက်။ ။ ဘင်္ဂလားဒေ့ ကခိုးဝင်တဲ့သူတွေများလွန်းလို့ အိန္ဒိယလို နိုင်ငံကြီးတောင်မခံ နိုင်လို့  ဘင်္ဂလားဒေ့ အိန္ဒီယ နယ်စပ်ကို သံဆူးကြိုးခပ်ထားတယ် အဲ့ဒီတုန်းကလဲ ဘင်္ဂလားဒေ့ အစိုးရ က ပြင်းပြင်းထန်ထန်ကန့် ကွက်ခဲ့သေးတယ် ဘာသဘောလဲ။
တကယ်သနားရင် သမိုင်းစဉ်တစ်ခုလုံးကို ခြုံငုံသုံးသပ်ပြီး
ဘင်ဂါလီ မွတ်စလင်ဘရားသားများကို အပေါ်မှာရေးထားတဲ့အတိုင်းနားချကြပါ။ အဲ့ဒီ
လိုမှာ မဟုတ်ဘဲ ရှေ့ မှာ သနားစရာကောင်းအောင်ငိုပြပြီးနောက်ကွယ်မှာ အစွယ်ထွက်နေတဲ့ 
ဘင်ဂါလီသမိုင်းလိမ်သမားတွေနဲ့  မွတ်စလင်ဘရားသားဟုကွလို့  တခြားမြန်မာနိုင်ငံသားမွတ်စလင်တွေက လက်ခြင်းချိတ်ကြမယ်ဆိုရင်(အခုလဲချိတ်နေသူ တွေဒုနဲ့ ဒေးနော်) အဲ့ဒီသူတွေကို ဦးဝီရသူက ရန်သူလို့ သတ်မှတ်မယ်ဆိုရင်
 လွန်သလားမလွန် ဘူးလားဆိုတာ ကိုယ့်ဘာသာကိုယ်အဖြေထုတ်ကြည့်ကြပါ။ မြန်မာနိုင်ငံသားတွေကရော ဘယ်လိုသဘောထားမလဲ စဉ်းစားကြပါ။အခုအဲ့ဒီနောက်ဆက်တွဲဖြစ်လာတာတွေက မြန်မာ
နိုင်ငံတဝှမ်းမှာ မွတ်စလင်ဗုဒ္ဓဘာသာ အဓိကရုန်းတွေပေါ်လာတယ်။ ဦးဝီရသူမီးထိုးပေးလို့ ဖြစ်တာလို့ တံဆိပ်ကပ်လိုက်တယ်။ ဒီကြားထဲမှာ ဗိုလ်ခင်ညွန့် က ဦးဝီရသူနားကပ်သွားတယ်။
တကယ်နောက်ကွယ်ကမီးထိုးပေးနေတာက ကြံ့ဖွတ်နဲ့  အာဏာကိုဆက်လက်ချုပ်ကိုင်ချင်တဲ့ စစ်ခေါင်းဆောင်တွေနဲ့ သူတို့ ရဲ့လက်ကိုင်တုတ်တွေဖြစ်တယ်။ဒါကြောင့် ဦးဝီရသူဟာ စစ်အာဏာရူးတွေရဲ့ အသုံးချခံဖြစ်နေပြီလို့ သုံးသပ်သူတွေလဲရှိတယ်။အခု ပြည်တွင်းက ဘာသာရေးအဓိကရုဏ်းတွေဖြစ်တဲ့အခါ လေ့လာကြည့်တာ စနစ်တကျ လုပ်နေတာတွေ
ကိုတွေ့ ရတယ် စနစ်တကျလုပ်နေတဲ့အထဲမှာတော့ ဦးဝီရသူမပါနိုင်ဘူးထင်တယ်။သူ့ မှာ အဲ့
ဒီလောက်လုပ်နိုင်တဲ့အားမရှိဘူး ။ အာဏာပိုင်တွေကို ပိုင်မှလုပ်လို့ ရမှာကိုး။ ဘာသွားတွေ့ 
သလဲဆိုတော့ တူတာလေးတစ်ခုက အဲ့ဒီပြဿနာတွေဖြစ်တိုင်းမြို့ ခံတွေကရော ဗုဒ္ဓ ဘာသာ ဝင်တွေရော မွတ်စလင်တွေဆီကပါအသံထွက်လာတာကဆူပူရမ်းကားသူတွေထဲမှာ
 သူတို့ တစ်ခါမှမမြင်ဘူးတဲ့မျက်နှာစိမ်းတွေ ဒေသခံမဟုတ်သူတွေ တွေ့ ရတယ်။ ဒေသခံ
ဗုဒ္ဓဘာသာဝင်မိတ်ဆွေတွေက သူတို့ ရဲ့အိမ်နီးနားခြင်းမွတ်စလင်မိတ်ဆွေတွေကို ဖွက်ထားပေးလို့ ဘေးမသီရန်မခဖြစ်ခဲ့ရတယ်ဆိုတဲ့အင်တာဗျူးတွေလဲရှိတယ်။
ဒါကြောင့်ဗမာဗုဒ္ဓဘာသာတွေနဲ့  မြန်မာပြည်က မွတ်စလင်တွေကြားက ပြဿနာအဆင့်ကို
တကယ်မရောက်သေးဘူး အချိန်မီသေးတယ် တားလို့ ရသေးတယ် ။
          ဘာသာရေးအဓိကရုန်း ဖန်တီးပြီး အကြမ်းဖက်မှုတွေဖြစ်အောင်ဖန်တီးဖို့ 
့ကြံ့ဖွတ်အုပ်စုကလုပ်နေတာဖြစ်တယ်။
အဲ့ဒီအခါ ဗုဒ္ဓဘာသာဝင်တွေရော မွတ်စလင်တွေရောသေကြမယ်
အဲ့ဒီလိုလုပ်ရင် မြန်မာနိုင်ငံဖြစ်လို့ မြန်မာဗုဒ္ဓဘာသာတွေကအများစုဖြစ်လို့ မွတ်စလင်တွေ
ခံရမှာအသေအချာဘဲ ပြဿနာဖြစ်ရင် သတ်နေတာဖြတ်နေတာတွေကို စစ်တပ်နဲ့ ရဲကဘေးက စောင့်ကြည့်မယ် လူတော်များများသေပြီး အိမ်တွေရပ်ကွက်တွေမီးလောင်ပြီးပျက်ပြီးမှ စစ်တပ်နဲ့ ရဲကဝင်မယ်။ အဲ့ဒိမြေတွေကို နောက်ပိုင်းကြရင် စစ်အာဏာရှင်တွေနဲ့ သူတို့ ရဲ့ခရိုနီ
တွေကသိမ်းယူပြီး အလကားရတဲ့မြေတွေပေါ်မှာပရောဂျက်တွေလုပ်မှာနော်။ တွေးကြည့်တာပါ ကျွန်တော်အမတ်ကြီးဦးပေါ်ဦးနဲ့ တော့အမျိုးမတော်ပါဘူး။
တဘက်မှာ အိုဘာဆီး ဘင်ဂါလီတွေက ပြည်တွင်းမှာအသတ်ခံလိုက်ရတဲ့မြန်မာနိုင်ငံသားမွတ်စလင်တွေကိုလက်ညိုးထိုးပြီးရောင်းစား
ပြီးဝိုင်းအော်ကြမယ် ဘင်ဂါလီကိစ္စနဲ့ မြန်မာနိုင်ငံသားမွတ်စလင်တွေအသတ်ခံရတဲ့ကိစ္စကို ရော မွှေကြမယ်။အဲ့ဒီအချိန်မှာ ကြံ့ဖွတ်လိုချင်တဲ့အကွက်ကဝင်လာပြီ တကမ္ဘာလုံးက လူ့ အခွင့် အရေးကာကွယ်စောင့်ရှောက်တဲ့ဆိုင်းဘုတ်ထောင်ထားတဲ့အဖွဲ့ အစည်းများက အောင်ဆန်းစု ကြည်ဘာလုပ်နေသလဲလို့ ဝိုင်းအော်ကြမယ်။ သိပ်လှတဲ့ကစားကွက်တွေပေါ့  ။ ဒေါ်အောင်ဆန်း စုကြည်က မြန်မာပြည်ထဲမှာမွတ်စလင်တွေကို ဗမာဗုဒ္ဓဘာသာ ဝင်တွေက မတရားသတ်နေတာဘာလို့ မတားတာလဲ ဘာလို့ ဝင်မပါတာလဲလို့ ဝိုင်းအော်ကြမယ်။
ငြိမ်းချမ်းရေးနိုဘယ်ဆုနဲ့ မတန်ဘူးလိုတောင်ပြောနေသူတွေရှိကြလိမ့်မယ်ထင်တယ်။
ဒေါ်အောင်ဆန်းစုကြည်က မနေနိုင်လို့ လူ့ အခွင့်အရေးရှုထောင့်ကကြည့်ပြီး တားရင် အပေါ်မှာ
ပြောထားသလို ကြံ့ဖွတ်အကွက်ဆင်ထားတဲ့အတိုင်းမြန်မာပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူတွေ ဗုဒ္ဓဘာသာဝင်တွေဘက်ကမရပ်ဘဲ မွတ်စလင်ဘရားသားဖြစ်သွားပြီး ဟာဂျီအောင်ဆန်းစုကြည်ဖြစ်သွားပြီလို့ စွပ်စွဲကြမယ် ။ အဲ့ဒါက ကြံ့ဖွတ်လိုချင်တဲ့အဖြေဘဲ။ ဒါမှာ ၂၀၁၅ မှာဒါတွေကိုထောက်ပြပြီး NLD မဲမရအောင် လုပ်မယ်လေကောင်းလိုက်တဲ့ဇာတ်လမ်း ကိုဇာကနာကို ဗိုလ်ချုပ်အောင်ဆန်းအထုတ်ပတ်တိ မရိုက်ခင် ဒီကားကိုအရင်ရိုက်ခိုင်းရမယ်။
ပြန်ချုန်းကြည့်ရင်
(၁)ကြံ့ဖွတ်နဲ့ စစ်အုပ်စုကသူတို့ လိုချင်တဲ့ဇာတ်ကွက်ကိုဆင်နေတယ်
(၂)နောက်ဆက်တွဲဖြစ်ရပ်က အခုမလေးရှားမှာ မြန်မာနိုင်ငံသားတော်တော်များများ
အသတ်ခံရတယ်။ မလေးအစိုးရကသူတို့ မှာလဲ ကိုယ့်ပြဿနာနဲ့ ကိုယ်ဆိုတော့ ဗမာတွေ
အသတ်ခံရတာကိစ္စမရှိပါဘူး ငါတို့ ယူအမ်အို အစိုးရဘက် ဘာသာရေးအစွန်းရောက်တွေ
ဦးလှည့်မလာရင်ပြီးတာဘဲဆိုပြီး မသိချင်ရောင်ဆောင်နေတယ်။သီတဂူဆရာတော်ကြီးကမနေ နိုင်လို့ မလေးရှားသွားပြီး အကူအညီတွေပေးတော့မှ လက်ရှိဗမာအစိုးရက ဒုနိုင်ငံခြားရေးဝန်ကြီးကို လွှတ်ပေးလိုက်တယ် ။အဲ့ဒီတော့မှမလေးရှားအစိုးရက တရားဝင်စပြီ
အကူအညီပေးတာတွေ အကာအကွယ်ပေးတာတွေစလုပ်တာတွေ့ ရတယ်။
လက်ရှိဗမာအစိုးရကအမှတ်ယူတတ်တယ်နော် တကယ်စေတနာ ပါတယ်မပါတယ်ဆိုတာ တကယ်လူထုအကျိုးကိုသယ်ပိုးချင်တဲ့စိတ်ရျိသလားမရှိဘူးလားဆိုတာ နှစ်နဲ့ချီပြီးစောင့်ကြည့်
ရမယ်။ ဝေဖန်ရမယ်။ အင်ဒိုနီးရှားမှာကတော့ အပြင်မှာမျက်နှာမပျက်ရအောင် ရဲတွေစစ်တပ်တွေနဲ့ သံရုံးကိုအကာအကွယ်ပေးထားပေမဲ့ အင်ဒိုနီးရှားထောင်ထဲရောက်နေတဲ့
ဗမာလှေစီးဒုက္ဒသယ်နိုင်ငံမဲ့သုံးလေးဆယ်ကို ထောင်ပိုင်က ထောင်ထဲက ဘင်ဂါလီလှေစီးဒုက္ခသယ်သုံးလေးရာနဲ့  အရင်ကတခြားစီထားထားတာကို အတူတူရောထည့်ပေးလိုက်တာ ဘင်ဂါလီတွေဝိုင်းရိုက်လိုက်လို့ အဲ့ဒီဗမာတွေ အားလုံးနီးပါးသေကုန်တယ်လို့ မိတ်ဆွေတယောက်က နက်ပေါ်က တရားဝင်လား တရားမဝင်လားမသိတဲ့သတင်းဖတ်ပြီးပြန်ပြောလို့ ကြားဖူးတယ်။မသေဘဲကျန်နေတဲ့ သူတွေ
ကို မြန်မာပြည်ပြန်ခေါ်မလားလို့ သံရုံးကိုအကြောင်းကြားတော့ ဘာမှမလုပ်ပေးဘူး  လို့ 
အဲ့ဒီသတင်းမှာရေးထားတယ်လို့ ပြောတာဘဲ။
 မီးများမီးနိုင် ရေများရေနိုင်ဆိုတာပေါ့ နော်
အဲ့ဒီတော့ မွတ်စလင်အများစုနေတဲ့ နိုင်ငံတွေရောက်နေတဲ့ မွတ်စလင်မဟုတ်တဲ့မြန်မာနိုင်ငံ သားတွေကို မွတ်စလင်တွေကသတ် အဲ့ဒီသတင်းကိုကြားတော့ပြည်တွင်းက မြန်မာဗုဒ္ဓဘာသာ တွေက မွတ်စလင်တွေကို သတ်နဲ့ ဂျာအေးသူ့ အမေရိုက်ဖြစ်နေကြမှာနော် ပြီးမှာမဟုတ်ဘူး
အဲဒါတွေကို အဆုံးသတ်ဖို့ အတွက်ကတော့ သက်ဆိုင်ရာနိုင်ငံရေး လူမှုရေး ဘာသာရေး စစ်ဘက် နယ်ဘက်အရပ်ရပ် က သြဇာရှိတဲ့ခေါင်းဆောင်များက ဘာသာရေးနိုင်ငံရေးလူမှု ရေးတွေကို ခုတုန်းလုပ်ပြီး လုပ်မစားဘဲ နဲ့  ရိုးရိုးသားသားနဲ့  ညှိနှိုင်းအဖြေရှာမှ ငြိမ်းချမ်းရေး
ရမှာ ဖြစ်တယ်၊် မြန်မာနိုင်ငံဟာ အဲ့ဒီတော့မှနိုင်ငံရေးတည်ငြိမ်တဲ့ ( အရင်တုန်းကလို )ဘာသာပေါင်းစုံငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်တဲ့ တရားဥပဒေစိုးမိုးတဲ့
စီးပွားရေးအရရော ဘက်ပေါင်းစုံကပါ ခေတ်မီဖွံ့ ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်လာမှာနော်။အခုတော့ လုပ်စားနိုင်ငံရေးသမားတွေ လူမျိုးရေးဘာသာရေးကိုခုတုန်းလုပ်ပြီးကိုယ်ကျိုးရှာနေတဲ့ ခေါင်းဆောင်ဆိုသူတွေက များနေတာကိုတွေ့ ရတော့ မြန်မာပြည်ရှေ့ရေးအတွက် ရင်လေးမိ တာတော့အမှန်ပါဘဲ။ ဒါကြောင့် တို့ နိုင်ငံမှာ မှဒီလိုဘာလို့ ဖြစ်ရတာလဲ ဆိုပြီး စိတ်မကောင်း စွာနဲ့ တခြားနိုင်ငံတွေကိုလေ့လာကြည့်ဦးမှ ဆိုပြီးအလုပ်အပျက်ခံပြီး ကွန်ပျူတာတစ်လုံးနဲ့  ကမ္ဘာအနှံ့ ခြေဦးဆန့် လိုက်တာ ဒီမိုကရေစီဘိုးအေ အင်ဂလန်အပါအဝင် ဒီမိုကရေစီခေါင်းဆောင် အမေရိကန်အပါအဝင်ဒီမိုကရေစီနိုင်ငံကြီးတွေလဲရှေ့မှာတမျိုးကွယ် ရာမှာတမျိုး အပြောတခြားအလုပ်တခြားပါဘဲလားဆိုတာကို သွားတွေ့ တော့ နဲ နဲ သက်ပြင်းချနိုင်တယ် အော်တို့ တစ်နိုင်ငံထဲမဟုတ်ပါလားတော်သေးတာပေါ့ ။
ဒီနေရာမှာ အပြောတမျိုးအလုပ်တမျိုးလုပ်တယ်ဆိုတာ အိုဘာဆီးမှာလုပ်တာနော် သူတို့ နိုင်ငံထဲမှာကြတော့ လူထုဆီကမဲမရမှာစိုးလို့  သိပ်မလုပ်ရဲဘာဘူး ဒါကဒီမိုကရေစီစနစ်ရဲ့ 
အားသာချက်တွေပေါ့  ဒါပေမဲ့ အဲ့ဒီလို သက်ပြင်းချပြီး ဆင်ချေလဲလို့ 
တော့မဖြစ်ဘူး ။အခုဒီစာကိုမရေးချင်ပါဘူ့း အိုဘားမာနဲ့  ဟယ်လာရီကလင်တန်ကို ပုဂ္ဂိုလ်ရေးအရ အရမ်းကြိုက် အရမ်းလေးစားလို့ ပါ။
 ဒါဆိုရင် မျှော်လင့်ချက်မထားတာထက်စာရင် မျှော်လင့်ချက် ထားတာကတော်သေးတယ်ဆိုတဲ့စကားအတိုင်း မြန်မာနိုင်ငံကို မျှော်ကြည့်လိုက်တော့ ကယ်တင်မဲ့သူ ခေါင်းဆောင်မဲ့သူ ဒေါ်အောင်ဆန်းစုကြညိ ကိုဘဲသွား တွေ့ တယ် ဒေါ်စုကိုအရင်လိုဘဲ ပြည်တွင်းပြည်ပနိုင်ငံရေးသမားများပြည်သူများ မြန်မာပြည် ကို တကယ် ငြိမ်းချမ်းစေချင်ရင် တကယ်တိုးတက်စေချင်ရင် ငါဟာမြန်မာနိုင်ငံသားစစ်စစ် တကယ် မြန်မာပြည်ကို ချစ်တယ်လို့ ကိုယ့်ကိုယ်ကိုယုံတယ်ဆိုရင် ဝိုင်းရံကြပါ ကာကွယ်ကြပါ
မဲပေးကြပါ NLD ပါတီထဲ ဝင်ပြီး အကျင့်ပျက်သူများရှိနေရင် ဖော်ထုတ်ကြပါ တိုက်ထုတ်ကြပါ။
သမတကြီးဦးသိန်းစိန်ဘာလဲ ဘယ်လဲ
ဘီဘီစီ  HEARD TALK  မှာ သမတကြီးဦးသိန်းစိန်နဲ့  အမေးအဖြေလုပ်တာတွေ ကြည့်ရတော့ ခြုံပြီးပြောရရင် သူဟာ အများသိတဲ့အတိုင်းယူဆတဲ့အတိုင်း အဘ ဗိုလ်ချုပ်မှူး ကြီး နဲ့ အခုလောလောဆယ် ကန့် လန့် ကာနောက်ကွယ်မှာ ခဏပြန်ထိုင်ပြီးနားနေတဲ့ စစ်တပ်ခေါင်းဆောင်တွေ ကိုမလွန်ဆံနိုင်ဘူးဆိုတာကိုခံစားသုံးသပ်မိတယ်။ယူကျုမှာ
 ကိုယ်တိုင်တက်ကြည့် လို့ ရပါတယ်။ မြန်မာလိုဖြေပြီးအင်္ဂလိပ်စာတန်းထိုးထား တာပါ။
ဦးနေဝင်းလက်ထက်က မြန်မာ့နည်းမြန်မာ့ဟန် မြန်မာဆိုရှယ်လစ်ခဲ့ပြီးး ဦးသိန်းစိန်က အခုအဲ့တာကိုအတုယူပြီး မြန်မာ့နည်းမ်ြန်မာဟန် ဒီမိုကရေစီ စနစ်ကိုတည်ဆောက်မယ်လို့  သုံးသွားတယ် လွှတ်တော်ထဲက စစ်ဗိုလ်အမတ် ၂၅ ရာခိုင်နှုန်းကိစ္စမေးတော့ မြန်မာ့တပ်မတော် ဟာ မြန်မာ့နိုင်ငံရေးမှာ ဦးဆောင်တဲ့အနေအထားကပါတယ်လို့ ပြန်ဖြေသွားတယ်။လိမ်မာပါးနပ်စွာရှောင်သွားတယ်  ထပ်မရေးတော့ဘူး ဗမာလိုဖြေထားတာမို့ လို့  အင်္ဂလိပ်လိုနားမလည်ဘူးလို့ အချိန်မပေးချင်တာနဲ့  ဆင်ချေ မပေးကြ ပါနဲ့  ဦးသိန်းစိန်အနေအထားကို အဲ့ဒီ ဗွီဒီယိုဖိုင်တစ်ခုထဲနဲ့  အဆုံးအဖြတ်ပေး နိုင်လောက်အောင် အကောင်းဆုံးမေးခွန်းတွေမေးသွားတာပါ .။ မေးတဲ့သူက တခြားနိုင်ငံခြားခေါင်းဆောင်တွေကို မေးသွားသလို ဖိအားပေးမေးတာမျိုးမလုပ်ဘဲ ဦးသိန်းစိန်ရဲ့ အနေအထားဘာလဲဆိုတာကို ကြည့်တဲ့သူတွေကွင်းကနဲကွက်ခနဲ ပေါ်လာ အောင် မေးသွားတာပါ ဘာမှချောင်ပိတ်ပြီးဖိအားပေးထားတာမရှိပါဘူး သိပ်တော်တာဘဲ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထား
ဒေါ်အောင်ဆန်းစုကြည်က သူပြောတာကရိုးရိုးလေးပြောတာ သူမဘာတွေပြောသွားသလဲ သူမရဲ့ဥရောပခရီးစဉ်မတိုင်ခင်
မှာ မြန်မာနဲ့ ဘင်္ဂလာဒေ့ နယ်စပ်ကို လုံခြုံအောင်လုပ်သင့်တယ်လို့ ပြောလို့  ဘင်္ဂလားဒေ့  အစိုးရ ကချက်ချင်းထကန့် ကွက်တယ်။
 ပြီး တော့မကြာခင်က နေပြည်တော်မှာ လုပ်သွားတဲ့
WORLD ECONOMIC FORUM မှာလုပ်သွားတဲ့အမေးအဖြေအခန်းမှာ ဖြေသွားတာပါ။
ကျွန်မ ရေငုံ နှုတ်ပိတ် နေတာ မဟုတ်ဘူး လို့ ပြောသွားတယ် ။
  • နံပါတ်တစ်အနေနဲ့ တရားဥပဒေစိုးမိုးအောင်လုပ်ရမယ်။
  • နံပါတ် ၂အနေ နဲ့  လက်ရှိနိုင်ငံသားဥပဒေဟာ အပြည်ပြည်ဆိုင်ရာစံနှုန်းတွေနဲ့ ညီမညီ သုံးသပ်လေ့ လာရမယ်လို့ ပြောသွားတယ် ။ဒါကြောင့် နှစ်ဖက်စလုံးက
သူတို့ လိုချင်တာတွေမရလို့  မပြော လို့  ကျွန်မကိုမကျေမနပ်ဖြစ်နေကြတာ.။ တာတော့မတတ်နိုင်ဘူး ကျွန်မရဲ့ ရပ်တည်ချက်ကို ကျွန်မပြောတာလို့ ရှင်းရှင်းနဲ့ ပြတ်ပြတ်ပြောသွားတယ်လေ။
အဲ့ဒီနေ့ က ဦးသန်းမြင့်ဦး(ဦးသန့် မြေး-ပရိတ်သာတ်ထဲမှာထိုင် နေသူ)က ဝင်ပြီးကွန်မင့်ပေးသွားတာက အဲ့ဒီကိစ္စဟာ ( ဘင်ဂါလီကိစ္စ)အဲ့ဒါတစ်ခုထဲကိုစဉ်းစားလို့ မရဘူး မြန်မာပြည်ထဲမှာတရားမဝင်ဝင်လာတာ ဘင်ဂါလီတွေတင်မကဘဲ တရုတ်တွေလဲအများကြီးရှိတယ် ပြီးတော့ယိုးဒယားမှာရောက်နေတဲ့ ဗမာတွေသန်းနဲ့ ချီပြီးရှိသေးတယ်။ သူတို့ ကိစ္စတွေပါ ထည့်စဉ်းစားဖို့ လို့ တယ် ပြဿနာက တကယ်ကို ကျယ်ကျယ်ပြန့် ပြန့် စဉ်းစားအဖြေရှာရမှာဖြစ်တယ်လို့ ပြောသွားတယ်။
စစ်တပ်အနေအထား
အင်အားလေးသိန်းကျော်ရှိတဲ့မြန်မာ့တပ်မတော်ထဲမှာ မြန်မာပြည်ကိုတကယ်ချစ်တဲ့ တရားမျှ
တမှုကို လိုလားတဲ့ ငြိမ်းချမ်းရေးကိုလိုလားတဲ့ အမြင်ကျယ်တဲ့ ကိုယ်ကျိုးမရှာတဲ့
စစ်ခေါင်းဆောင်တွေ စစ်ဗိုလ်စစ်သားတွေ များများပေါ်ထွန်းလာနိုင်ပါစေလို့ 
 မေတ္တာပို့ ဆုတောင်းပေးလိုက်ပါတယ်။
ကဲအချိန်လဲတော်တော်ကုန်နေပါပြီး စာတွေလဲဖောင်းပွကုန်ပြီ
ကိုသက်လင်းတင်ပေးလိုက်တဲ့ဦးဝီရသူအကြောင်းအီးမေးထဲက စာအကြောင်း ပြန်ကောက်ရအောင် ၊ အဲ့ဒီစာကို မနက်ကဘဲ facebook ပေါ်မှာဖတ်ပြီးပါပြီး အသေးစိပ်အချက် အလက်တွေမသိသေးလို့ စောင့်ကြည့်နေတာပါ ကိုသက်လင်းမေးတင်လာလို့ မနေနိုင်တာနဲ့ 
ငါလဲငါ့ အမြင်တွေချရေးလိုက်ဦးမှလို့ စဉ်းစားပြီး ကိုယ်သိထားသလောက် ကိုယ်ဥာဏ်မီ သလောက်ရေးလိုက်တာပါ။
 ဦးဝီရသူကိစ္စက တရားဝင်သတင်းစာရှင်းလင်းပွဲလုပ်ပြီး
မှားတာရှိရင်ဝန်ချ တောင်းပန်ရမယ်။ မမှားဘူးဆိုရင် မမှားတဲ့အကြောင်း ရှင်းပြရမယ်
လို့ မြင်တယ်။ TIME မဂ္ဂဇင်းနဲ့ လဲဖြေရှင်းဖို့ လိုတယ်လို့ ထင်တယ်။အဓိကက ရိုးသားမှုရှိဖို့ ဘဲ ။
ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးကိစ္စဖြစ်လို့  ဘာသာရေးစည်းကမ်းတွေနဲ့ မညီညွတ်ဘူးဆိုရင် လူထွက်ပေးလိုက်ပေါ့ ။ အကြမ်းဖက်တာလူသတ်တာကို ဦးဆောင်တယ် အားပေးတယ် မြှောက်ပေးတယ်ဆိုရင် ဘုန်းကြီးမဟုတ်တော့ဘူးလို့ လည်းကျွန်တော့်မိတ်ဆွေတချို့ က ပြော နေကြတယ်။ ဝိနည်းနားမလည်လို့ ဝိနည်းနားလည်တဲ့ဆရာတော်ကြီးများက စီစစ်သုံးသပ် ဆုံးဖြတ် ပေးကြပါလိမ့် မယ်။
နောက်ဆုံးကိုသက်လင်း ကို ပြောချင်တာလေးတွေက-
ဂေါတမ ဗုဒ္ဓ ကဟောသွားပါတယ် လောကမှာ ဆွေမျိုးမတော်ဘူးတဲ့သူမရှိဘူးတဲ့ ဒါကြောင့် တလောကလုံးကလူသားအားလုံးဟာဘဝအဆက်ဆက်က ဆွေမျိုးတော်ခဲ့တဲ့သူတွေကြီးပါဘဲ။ ဒါကြောင့်တကမ္ဘာလုံးမှာအပြန်အလှန်သတ်နေကြတာ ဆွေမျိုးအခြင်းခြင်းသတ်နေကြတာပါ။ ဒါက ထေရဝါဒ ဗုဒ္ဓဘာသာရှုထောင့်ကကြည့်ပြီးပြောတာပါ ။
ထေရဝါဒ ဗုဒ္ဓဘာသာက သံသရာကို လက်ခံထားတာလေ   
မွေးလိုက်သေလိုက် ပြန်မွေးလိုက်ပြန်သေလိုက် ဆိုတဲ့  သံသရာပေါ့ ။
ဒါကြောင့် ဒီသံသရာကလွတ်မြောက်ရာမဂ္ဂင်ရှစ်ပါး အကျင့်ဆိုတာထေရဝါဒဗုဒ္ဓ ဘာသာမှာဘဲရှိပါတယ်။ တခြားဗုဒ္ဓဘာသာ နာမည်ကွဲတွေမှာမရှိပါဘူး ပြန်ပြင်ထားတဲ့ ဆင်တူရိုး မှားတွေတော့ ရှိပါတယ်။
 မဟာယာနက ရုပ်ပဲသေတယ် နာမ်မသေဘူးလို့ ယူထားလို့ ဒလိုင်းလားမားတို့  ဆိုရင် လူဝင်းစားပုံစံကိုယုံကြည်ကြတာပါအမြင်ချင်းတခြားစီပါ ။
မန္တလေးမှာ ဦးဝီရသူနဲ့ မွတ်စလင်ခေါင်းဆောင်တွေ တွေ့ ဆုံပွဲမှာ ဦးဝီရသူက ဘာသာမတူတာ ပြဿနာမဟုတ်ဘူး ဘာသာတိုင်း ကိုယ့်ဘာသာကိုယ်ချစ်ကြတယ် တခြားဘာသာတွေကို မစော်ကားကြဖို့ဘဲလို့ပြောသွားတဲ့ ဗွီဒီယိုဖိုင်လဲကျွန်တော့်ဆီမှာရှိပါတယ်။ အဲ့ဒါကြောင့် ပုဂ္ဂိုလ်တစ်ဦးထဲက ပြောသွားတဲ့အမြင်တွေကို ဗွီဒီယိုဖိုင်တွေထဲမှာ ကြည့်ပြီးလေ့လာချက်အရ အရှေ့ နဲ့ အနောက် တခြားစီဖြစ်နေတယ်.။အချိန်ကာလ ကွာဟာမှုရှိနေတယ်။ဒါကြောင့် ကာယကံရှင်က ရှင်းပြပေးဖို့ လိုမယ်လို့ ထင်ပါတယ်။
နောက်ဆုံးပြောချင်တာက ကျွန်တော်က ထေရဝါဒဗုဒ္ဓဘာသာဝင်စစ်စစ်တယောက်ဖြစ်တယ်။
မိရိုးဖလာဗုဒ္ဓဘာသာဝင်မဟုတ်ဘူး  အခုမြန်မာပြည်မှာ ဗုဒ္ဓဘာသာ အခြေခံသဘောတရား တွေကိုနားမလည်တဲ့ ဗုဒ္ဓဘာသာဝင်တွေများနေလို့  သီရိလင်္ကာလို ဆန်းဒေးစကူးတွေမြန်မာ ပြည်မှာစလုပ်နေတာကို  TIME MAGAZINE ကဆောင်းပါးရှင်က နားမလည်ဘဲ မွတ်စလင် မုန်းတီးရေးသင်ပေးနေတဲ့ ကျောင်းတွေဖြစ်သရောင်ရောင် ရေးသွားတာတွေဟာ ဦးဝီရသူကိုတိုက်တာ မဟုတ်ပါဘူး ထေရဝါဒသာသနာ     တော်တစ်ခုလုံးကို
တိုက်တာစော်ကားတာ ဖြစ်နေတယ်ဗျ။ စာရေးသူမှာ အဲ့ဒီရည်ရွယ်ချက်မရှိဘူးဆိုရင်တော့ ကိုယ်မသိတဲကိစ္စတစ်ခုကို မသိဘဲ သေသေချာချာမလေ့လာဘဲ ရေးတဲ့အတွက် ပြန်လည်ဖြေရှင်းတောင်းပန်သင့်တယ်လို့ ထင်တယ်။ ကျွန်တော်အပေါ်မှာရေးခဲ့သလို မွတ်စလင်နဲ့ ခရစ်ယာန်တွေကြားက မကြေငြာတဲ့ဘာသာရေးစစ်ပွဲ ထဲကို ဗုဒ္ဓဘာသာဝင်တွေကို ခရစ်ယာန်ကမ္ဘာက ဆွဲသွင်းဖို့ အကွက်တွေ့ သွားလို့ ဇာတ်လမ်းဆင် တယ်ဆိုရင် တော့ ကျွန်တော်တို့ ဗုဒ္ဓ ဘာသာဝင်တွေကို ဘဲ ဆန်ရင်း နာနာဖွတ်တဲ့အနေနဲ့  ပြောချင်တာက ငါ တို့ ခေတ်ကြမှညံ့ ကြတော့မှာ လား ရဲရဲတောက် ဗုဒ္ဓဘာသာဝင်ကြီးများရယ် လို့ ဘဲဆိုရတော့မှာဘဲ ။ ကျွန်တော်ဒီစကားတွေကိုအကြောင်းမဲ့မပြောပါဘူး။ ဆရာဦးဆန်းလွင်
(ဆရာတော် ဦးအာဒိစ္စ)ဘုန်းကြီးဝတ်ပြီး ခန္ဓာဝန်မချခင် ဟောထားတဲ့အခွေတွေ ဓမ္မဒေါင်းလုပ် ပေါ်မှာတင်ထားပါတယ်။သူက မွတ်စလင်က ခရစ်ယာန်ထဲဝင် ပြီးတော့ပြန်ထွက် ပြီး ဘာသာမဲ့ 
လုပ်ပြီး နောက်ဆုံးပိဋကတ်သုံးပုံ(စာလုံးပေါင်းမှားရင်ခွင့်လွှတ်ကြပါ)ကိုလေ့လာပြီးစာတမ်းပြုစု
ရင်းနဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်လာတာပါ ။မိရိုးဖလာဗုဒ္ဓဘာသာဝင်မဟုတ်ပါဘူး အခုသူ့ အကြောင်း ပြောတာက ဗုဒ္ဓဘာသာဝင်ဖြစ်လာ လို့ ဂုဏ်ယူပြီးပြောတာမဟုတ်ပါဘူး ။ ဘာသာတစ်ခုကနေ တစ်ခုကို ပြောင်းနေကြတာ အများကြီးရှိပါတယ်။ ထူးခြားတာက သူက သူဝင်လေရာဘာသာတွေကို သူများပြောတိုင်းမယုံဘဲ မေးခွန်းတွေအများကြီးထုတ်လေ့ရှိသူ ဖြစ်လို့  သူသိထားတာတွေကို ပြန်ဟောထားတာကို နာမိလို့ စိတ်မကောင်းဖြစ်မိတာပါဘဲ။
မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေ ခရစ်ယာန်ဘာသာရေး
ခေါင်းဆောင်တွေ ဗုဒ္ဓဘာသာနဲ့ မြန်မာနိုင်ငံအပေါ်ဘယ်လိုသဘောထားသလဲဆိုတာကို လေ့  လာကြည့်နိုင်ပါတယ်။ ပြီး တော့လန်ဒန် ပါလိဆိုဆိုင်ယတီ ကိုစတင်တည်ထောင်သွားသူ အင်္ဂလိပ်လူမျိုး ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်(နာမည်မေ့ နေလို-သူ့ အဖေက ခရစ်ယာန်ဘုန်းကြီးပါ)
 အကြောင်းလေ့လာကြည့်ရင် ရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေ ဗုဒ္ဓဘာသာ
အပေါ်ဘယ်လိုသဘောထားသလဲဆိုတာ တစေ့တစောင်းအကဲခပ်
နိုင်ပါတယ်။ (မှတ်ချက်။ ။ အားလုံးကိုမဆိုလိုပါဘူး ဝါးလုံးရှည်နဲ့ သိမ်းကျုံးမရမ်းပါဘူး) ။ ဘယ်လူမျိုးမှာမဆို ဘယ်ဘာသာဝင်မှာမဆို လူကောင်းလဲရှိတယ် လူဆိုးလဲရှိတယ်။ ဒါပေမဲ့သူခိုးကိုဓါးရိုးမရမ်းမိဖို့ ဘဲလိုပါတယ် ) ဥပမာတစ်ခုပြောချင်ပါတယ်။ သီတဂူ ဆရာတော်ကြီး ဟောတဲ့တရားတစ်ခွေထဲမှာနာလိုက်ရတာပါ။အိန္ဒိယမှာ ဗုဒ္ဓဘာသာ ဘယ်လိုကွယ်သွားတာလဲဆိုတော့ အာသောကမင်းဆိုလူတိုင်းသိပါတယ် သူ့ မြေးလက်ထက် မှာ စစ်သေနာပတိရာထူးကို ဟိန္ဒူ ကိုပေးလိုက်မိလို့ အဲ့ဒီစစ်သေနာပတိက စစ်တပ်ထဲမှာ  သူနဲ့ ဘာသာတူသူတွေကိုဖြေးဖြေးချင်းထည့်ပြီးအားရှိပြီလဲဆိုရော အာဏာသိမ်းပြီးအိန္ဒိယ တနိုင်ငံလုံးမှာ ဗုဒ္ဓဘာသာတွေကိုအမြစ်ဖြုတ်ခြေမှုန်း လိုက်တာ အာသောကမင်းဆက်လဲပြုတ်  ဗုဒ္ဓဘာသာလဲ အခုထက်ထိ ဘုရားပွင့်တဲ့အိန္ဒီယမှာ အခုထက်ထိနလံမထူနိုင်တော့ပါဘူး။ သမိုင်းကိုနမူနာယူပြီး မြန်မာနိုင်ငံမှာလဲ အဲ့ဒီလိုမဖြစ်အောင်ကာကွယ်ရမှာဖြစ်တယ်ဆိုတာ မြန်မာ ဗုဒ္ဓဘာသာဝင်တွေရဲ့နှလုံးသားထဲမှာရျှိနေပါတယ်။
မြတ်စွာဘုရားရှင်လက်ထက်မှာ ဓါးလှန်လက်နက်နဲ့ ရန်မူလာသူတွေကို ဗုဒ္ဓဟာမေတ္တာ လက်နက်နဲ့ အနိုင်ယူခဲ့တာမှန်ပေမဲ့  အခုခေတ် ဗုဒ္ဓဘာသာဝင် တွေထဲမှာ ဘာသာရေး ခေါင်းဆောင်တွေထဲမှာ အကျင့်ပိုင်းဆိုင်ရာအားနဲလာတယ်ဆိုတာ ၂၀၀၇ သံဃာ့အရေးအခင်း က သက်သေခံနေပါတယ်။ ဗုဒ္ဓဘာသာမှာ စာပေသင်ယူခြင်း(ပရိယာတ်) တရားကျင့်ကြံခြင်း (ပရိပတ်) နဲ့  တရားဆောင်ပုဂ္ဂိုလ်(ပတိဝေဒ) ဆိုပြီးမာန်တိုင်(၃) ခုရှိတာ အဲ့ဒီ(၃) ခု ဟာတစ်ခု နဲ့ တစ်ခု အပြန်အလှန်အထောက်အပ့ံ အမှီသဟဲပြုနေကြတာပါ အနီးစပ်ဆုံးပြရုပ်ကတော့
အမရပူရမြို့  မဟာဂန္ဓာရုံကျောင်းတိုက်ဟာ စာသင်တိုက်ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းက မြန်မာပြည် နဲ့  မြန်မာ့ထေရဝါဒ ဘာလဲဆိုတာကို လေ့လာသူများဟာ အရင်တုန်းက
အမရပူရက မဟာ ကန္ဓာ ရုံကျောင်းတိုက်ကို သွားလေ့လာလေ့ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီတုန်းက မဟာကန္ဓာရုံကျောင်းတိုက်ရဲ့ဆရာတော်ကြီးဖြစ်တဲ့ ရှင်ဇနကာဘိဝံသ က  စာသင်တိုက်ဖြစ်သော်ငြားလဲ စာကြီးဘဲမသင်ရ ၊ စာသင်ချိန်နဲ့ တရားကျင့်ချိန် ခွဲခြားပေးပြီး တရားပါထိုင်ခိုင်းပါတယ်။ ပြီးတော့စာသင်တိုက် ဖြစ်နေတာတောင် စာတတ်ဖို့ ထက်
စိတ်ကောင်းရှိဖို့ ပထမလို့  သွန်သင်ဆုံးမခဲ့တာဖြစ်ပါတယ်။တခြား စံနမူနာပြုရမဲ့ 
စည်းကမ်းချက် များစွာရှိပါသေးတယ်။အခုဆိုရင်တော့သီတဂူသာသနာ့တက္ကသိုလ်ရော အစိုးရ သာသနာ့တက္ကသိုလ်တွေပါပေါ်နေပြီမို့ ပိုလေ့လာဖို့ လွယ်လာပါပြီ။
ကဲတကယ်နိဂုံးချုပ်ပါပြီ
အပေါ်မှာ ရေးထားတာတွေတွေဟာ ကျွန်တော်ရဲ့ နိုင်ငံရေးနဲ့ လက်ရှိမြန်မာပြည်နဲ့  ကမ္ဘာမှာ ဘာတွေဖြစ်နေသလဲဆိုတဲ့ အမြင်တွေရဲ့တစိတ်တဒေသဖြစ်တယ်။
မနေ့ က ကိုသက်လင်းကို facebook ပေါ်မှာ ပြောသလို active နိုင်ငံရေးကိုနားထားပြီ ဆောင်းပါးတွေဘဲရေးနေတယ်လို့ ပြောထားတာ ။ အခုရေးလိုက်တာက ဆောင်းပါးမဟုတ်ပါ ဘူး ကိုသက်လင်းနဲ့ အပြန်အလှန်ဆွေးနွေးတာဖြစ်ပါတယ်။ ကိုယ်သိထားတဲ့အချက်အလက် တွေ ကို အပြန်အလှန်ဖလှယ်တာဖြစ်ပါတယ်။မှားတာတွေ့ ရင် အကျိုးသင့်အကြောင်းသင့် ထောက်ပြဝေဖန်ပါ ။ လက်ခံပါတယ်။ ကျွန်တော့်ဖက်ကလဲပြန်လှန်တင်ပြဆွေးနွေးပါမယ်။ အရေးအကြီးဆုံးက ၁-ရိုးသားကြဖို့    ၂-ရိုးသားကြဖို့     ၃-ရိုးသားကြဖို့ ပါဘဲ -ရီစရာပြောရဦးမယ် အိုဘားမားဒုတိယသက်တမ်းနိုင်အပြီးမှာ ရီပတ်ပလစ်ကန်ကြီးစိုးတဲ့လွှတ် တော်နဲ့ ဘယ်လိုအလုပ်လုပ်ကြမလဲလို့ မေးတော့ နှစ်ဖက်စလုံးက ကျွန်တော်တို့ အားလုံးအမေရိကန်ပြည်သူတွေအတွက် အတူလက်တွဲလုပ်သွားကြမှာပါလို့ ပြောကြပါတယ်။ အဲ့ဒီတော့ အိုဘားမာက တခွန်းထပ်ဖြည့်ပြောသွားပါတယ်။ ရိုးသားမှုရှိဖို့ တော့လိုပါလိမ့်မယ်တဲ့။အခုအမေရိကန်လွှတ်တော်ထဲမှာဘာတွေဖြစ်နေသလဲဆိုတာကို လေ့လာကြည့်မယ်ဆိုရင် ဘယ်သူတွေရိုးသားသလဲ ဘယ်သူတွေမရိုးသားဘူးလဲဆိုတာ မြင်သာပါတယ်။ ပွင့်လင်းမြင်သာတဲ့ transparency  ဆိုလားဘဲနော် ဆရာချစ်ဦးညိုစာပေ ဟော ပြောပွဲ က ဖန်ခွက်နဲ့ အုပ်ထားတဲ့ မြန်မာပြည်က transparency ကြောင့် ကွတကွတ ဗမာတွေထဲမှာ ကျွန်တော်များပါနေသလားမသိဘူး ။ အဲ့ဒီဗီဒီယိုတင်ပေးလိုက်တာ ကျေးဇူးဘဲကိုရဲငြိမ်းရေ။ကိုသက်လင်းရော မကြူကြူစိန်ရော ရှင်းကွန်ရော သမီးကြီးရော ကျန်းမာချမ်းသာကြပါစေ။
လူသားအားလုံးကျန်းမာချမ်းသာကြပါစေ ။ လူသားအားလုံးကို ဗုဒ္ဓရဲ့အဆုံးအမအတိုင်း
 တပြေးညီကြည့်နိုင်အောင် ကြိုးစားနေပါတယ်။
ဘုန်းလှိုင်
၂၀၁၃-၀၆-၂၅
6:20 AM ,TOKYO.









--
http://www.burmaburo.blogspot.com

No comments:

Post a Comment