Friday 21 June 2013

[8888peoplepower] [မောင်ပါလ] သင်္ကန်းဝတ်တွေက နိုင်ငံရေးသမားတွေကို ရှိခိုးရတော့မလား






မိမိကိုယ်ကိုမိမိ ဗုဒ္ဓဘာသာလို့ ယုံကြည်သူတွေအားလုံး အောက်ကစာစုကို အသေ
အချာဖတ်ကြည့်ကြပါ။ တခါဖတ်လို့ နားမလည်ရင် အခေါက်ခေါက်အခါခါ ဖတ်ကြည့်
ကြပါ။ ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ ဘာသာတရားအပေါ် မိမိမည်ရွေ့မည်မျှ
တာဝန်ဝတ္တရားများကျေပွန်အောင် ထမ်းဆောင်ပြီးပြီလဲဆိုတာ မိမိကိုယ်ကိုမိမိ မေး
ဖြေကြည့်ကြပါ။
ဘာသာတရားမှာ အသက်ကန့် သတ်ချက်ရယ်/နောက်ကျတယ်ဆိုတာမရှိပါဘူး၊
သိလာမြင်လာသည့်အချိန်ကစပြီး ဆောင်ရွက်ခဲ့ရင် လုပ်နိုင်သလောက်သည်
မိမိအတွက်ရော၊ ဘာသာ သာသနာအတွက်ပါ အကျိုးများပါတယ်။ အကျိုးတိုးပွား
အောင်မလုပ်နိုင်သေးခင်၊ အကျိုးမဲ့စေသည့် ဘာသာတရားအပေါ်စော်ကားသော
အပြုအမူ၊ အပြောအဆို၊ အရေးအသားတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
တာဝန်ဝတ္တရားကျေပွန်သောဗုဒ္ဓဘာသာဝင်ကောင်းများဖြစ်ကြပါစေလို့ . . . . . .

From: မောင်ပါလ <mgpala@gmail.com>
Subject: [8888peoplepower] Fwd: [မောင်ပါလ] သင်္ကန်းဝတ်တွေက နိုင်ငံရေးသမားတွေကို ရှိခိုးရတော့မလား
To: "8888peoplepower" <8888peoplepower@yahoogroups.com>
Date: Tuesday, June 18, 2013, 10:35 AM

 

သင်္ကန်းဝတ်တွေက နိုင်ငံရေးသမားတွေကို ရှိခိုးရတော့မလား



ငါက ဘုန်းကြီးကျောင်းသား။ ငါ့လက်ရှိအသက်ရဲ့သုံးပုံတပုံက ဘုန်းကြီးကျောင်းမှာ လူလားမြောက်ခဲ့တယ်။ နိုင်ငံရေးလား???? ငါဘာမှမသိဘူး။ နကန်းတလုံးတောင် နားမလည်ဘူး။ ငါတွေးမိတာငါရေးတယ်။ မှန်တာရှိမယ် မှားတာရှိမယ်။ သေချာတာက သူများအတွေးနဲ့ ယောင်ဝါးဝါး အသက်မရှူဘူး။ ငါတွေးနိုင်သလောက်တွေးပြီး ငါဘာသာငါရှင်သန်တယ်။

ဘာသာရေးအကြောင်းပြောမလား။ ငါသိတာနတ္ထိ။ သရဏဂုံပဲရှိတယ်။ စာဖတ်လေ့ရှိတာသိတဲ့ မိတ်ဆွေတွေက ဘာသာရေးစာအုပ်တွေ ပေးကြတယ်။ ဘုရားကျောင်းဆောင်ပေါ်မှာ တရိုတသေသိမ်းထားတယ်။ ယောင်လို့တောင် ဖွင့်ကြည့်လေ့မရှိဘူး။

ငါဘုန်းကြီးကျောင်းမှာနေတုန်းက ဆရာဘုန်းကြီးပြောဖူးတာရှိတယ်။ "ဘုန်းကြီးတွေဟာ ၀ိနည်း၊ သိက္ခာပုဒ်၊ ပညတ်တွေ စောင့်ထိန်းရတာ အများကြီးရှိတယ်။ အဲဒီလိုစောင့်ထိန်းနိုင်ဖို့ ဒကာ၊ ကပ္ပိယတွေရဲ့ အကူအညီကို လိုအပ်တယ်။ ဒကာတွေရဲ့အကူအညီကိုမရတဲ့အခါ ဘုန်းကြီးက ၀ိနည်း၊ သိက္ခာတွေဖောက်ဖျက်ပြီး မဖြစ်မနေ ကိုယ်တိုင်ဝင်လုပ်ရတတ်တယ်။ ဥပမာ- ဘုန်းကြီးတွေဟာ သစ်ပင် ပန်းပင်လေးတွေကို ချိုးဖြတ်ဖို့မဆိုထားနဲ့၊ ချိုးဖို့ခူးဖို့ ခိုင်းမိရင်တောင် အာပတ်သင့်တယ်။ ဘုန်းကြီးကျောင်းကဘုရားပန်းအိုးမှာ ပန်းတွေညှိုးနေမယ်ဆိုရင် ကျောင်းသားက အလိုက်တသိနဲ့ ကျောင်းမှာစိုက်ထားတဲ့ပန်းပင်က ပန်းကိုခူးပြီး ဘုရားပန်းလဲရမယ်။ အဲလိုမှမဟုတ်ဘဲ ကျောင်းသားကအလိုက်ကန်းဆိုးနားမလည် ဘုရားပန်းမလဲဘဲနေမယ်ဆိုရင် မနေနိုင်တဲ့အဆုံး ဘုန်းကြီးက အာပတ်သင့်ခံပြီး ပန်းပင်တွေချိုး ဘုရားပန်းလဲရတော့မယ်" တဲ့။ "တပည့်လိမ္မာရင် ဆရာအာပတ်လွတ်တယ်" ဆိုတဲ့ မြန်မာစကားပုံက အဲဒါပဲလို့ ပြောဖူးတယ်။

ပဋိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ ဆိုတဲ့ သာသနာတော်သုံးရပ်နဲ့ ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားဖို့ ဘုန်းတော်ကြီးတွေက တာဝန်ယူလုပ်ဆောင်နေကြသလို ဗုဒ္ဓဘာသာဝင် ဒကာ ဒကာမတွေကလည်း ဘာသာ၊ သာသနာ ရေရှည်တည်တံ့နိုင်ဖို့အတွက် နည်းမျိုးစုံနဲ့ ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ယူရမယ်။ ကျားဆိုးတွေသောင်းကျန်းတဲ့ရွာမှာ ဘုန်းကြီးတွေ ဘုရား၊ တရား အေးအေးဆေးဆေးလုပ်ပြီး သာသနာပြုနိုင်ဖို့အတွက် ဒကာရွာသားတွေက ကျားဆိုးရန်ကို ကာကွယ်နှိမ်နင်းရမယ့်တာဝန်ရှိတယ်။ အဲဒီ့အချိန်မှာ ရွာသားတွေက ငါတို့ဘုရားက မေတ္တာတရားထားကြဖို့ဟောတယ်။ သူများအသက်သတ်ရင် ဘုရားမကြိုက်ဘူးဆိုပြီး ကျားတွေကိုမသတ်ရင် ဘုန်းကြီးရောရွာသားတွေပါ ကျားစားခံရမယ်။ သာသနာပြုဖို့မပြောနဲ့။ အကုန်လုံး သေချင်းဆိုးနဲ့ မာလကီးယားကုန်မယ်။

ရွာသားတွေမလိမ္မာမှုကြောင့် အားလုံးကျားစာဖြစ်မယ့်အရေးကိုမြင်လို့ ကျားတွေကိုနှိမ်နင်းဖို့ ဘုန်းကြီးကဆော်သြမယ်ဆိုရင် အဲဒိဘုန်းကြီးလုပ်ရပ်ဟာ မမှန်ဘူးလို့ မင်းတို့တွေပြောနိုင်မလား။ ဘုန်းကြီးအလုပ်ဘုန်းကြီးမလုပ်ဘူးလို့ မင်းတို့တွေ ဝေဖန်မလား။

နိုင်ငံရေးနဲ့ဆက်နွယ်ပြီး ဘာသာရေးပိုင်းမှာ ဘုန်းကြီးကျောင်းသားက ပလ္လင်ပေါ်တက် တရားဟောနေတဲ့အဖြစ်မျိုး ကြုံနေ ကြားနေရတယ်။ မေတ္တာတရားထားလိုက်ကြတာများ သိဒ္ဓတ္ထက အကိုပြန်ခေါ်ရလောက်အောင်ကို ဘုရားထက်တလကြီးနေကြတယ်။ ခန္တီစနေလိုက်ကြတာများ ဝေဿန္တရာက အဘ အဘ ပြန်ခေါ်ရလောက်အောင်ကို ခန္တီစနိုင်ကြတဲ့ ဘုရားအလောင်းတွေ မှိုလိုပေါက်နေတယ်။ ဒီကြားထဲ ဟိုဘုန်းကြီးက ဘာလုပ်နေပြန်ပြီ။ ဒီကတုံးက ဘုန်းကြီးအလုပ်ဘုန်းကြီးမလုပ်ဘူး ဆိုပြီး အိမ်ကဆင်းတုတော်တောင် ခြေနဲ့ကျောက်မတတ် ပြောတဲ့ကောင်တွေကရှိသေးတယ်။

မင်းတို့ကိုယ်မင်းတို့လည်း ပြန်ကြည့်ကြပါဦး။ မေတ္တာတရားတွေ ခန္တီစတွေပြောပြီး တရားဟောရလောက်အောင် ဂေါတမလို လေးအင်္သချေနဲ့ကမ္ဘာတသိန်း ပါရမီဖြည့်ဖို့မပြောနဲ့၊ အခုဘ၀မှာ ဓမ္မစရိယတောင် အောင်အောင်ဖြေဖို့ ကြိုးစားကြည့်ကြပါဦး။ လူဝတ်ကြောင်ကိုစွန့်ပြီး သင်္ကန်းဝတ်ဖို့မပြောနဲ့၊ မင်းတို့ပစ္စည်းတွေကို အစာကျွေးတာရပ် စွပ်ထားတာလေးချွတ်ပြီး ခြင်ထောင်ထဲကထွက်နိုင်ဖို့ အရင်ကြိုးစားကြည့်ကြပါဦး။

ဘုန်းကြီးကျောင်းသားက ပလ္လင်ပေါ်တက်ပြီး မေတ္တာတရားကို သွင်သွင်ကြီးဟောနေတဲ့အချိန်မှာ ဘုန်းကြီးက သင်္ကန်းတကားကားနဲ့ ဓားတချောင်းကိုင်ပြီး ကျားကိုနှိမ်နင်းဖို့ ကြိုးစားနေရတာ ဘယ်သူသောက်သုံးမကျတာလဲ။ သေချာစဉ်းစားကြ။

ကြံ့ဖွတ်အစိုးရနဲ့နောက်လိုက်ခွေးတွေ ဗုဒ္ဓဘာသာအယောင်ဆောင်ပြီး ဗုဒ္ဓဘာသာကို စော်ကားနေတဲ့ကောင်တွေကိုတော့ ပြောစရာမရှိဘူး။ ဗုဒ္ဓဘာသာဝင် နိုင်ငံရေးသမား ကြီးကြီးငယ်ငယ် ပြည်တွင်းပြည်ပ အကုန်လုံးကိုပြောချင်တယ်။ ကြံ့ဖွတ်အစိုးရက အာဏာတည်မြဲဖို့ ဘာသာရေးခုတုံးလုပ်ပြီး ပဋိပက္ခတွေဖန်တီးနေတာကို သတိထားနေကြသလို နိုင်ငံရေး၊ လူ့အခွင့်အရေးကို ခုတုံးလုပ်ပြီး ဘာသာရေးကျူးကျော်မှု၊ ထိုးနှက်ရန်စမှုတွေကိုလည်း ဂရုတစိုက်ရှိစေချင်တယ်။ ဘာသာ သာသနာ စော်ကားမှုကိုဖြစ်စေတဲ့ ဟိုဘုန်းကြီးဘာလုပ်တယ် ဒီကတုံးဘာဖြစ်တယ် ဆိုတဲ့ ဗုဒ္ဓဘာသာဝင် နိုင်ငံရေးသမားတွေကို ပြင်းထန်စွာ ရှုတ်ချတယ်။

မင်းတို့….. မင်းတို့တွေရဲ့ အရေးအသား၊ အပြုအမူ၊ အပြောအဆိုတွေကြောင့် "ပေါ်လတီရှင် သရဏံ ဂစ္ဆာမိ" မဖြစ်ပါစေနဲ့။

မောင်ပါလ
၁၇.၆.၂၀၁၃


--
Posted By မောင်ပါလ to မောင်ပါလ at 6/17/2013 01:43:00 PM

__._,_.___
Reply via web post Reply to sender Reply to group Start a New Topic Messages in this topic (1)
Recent Activity:
    .

    __,_._,___





    --
    http://www.burmaburo.blogspot.com

    No comments:

    Post a Comment