Saturday 3 May 2014

မြန်မာဘက်မှ ၀င်ရောက်လာသူ မွတ်ဆလင်စာရင်း ဘင်္ဂလားအစိုးရကောက်ခံမည်။

(နိရဉ္စရာ- ၁၇ ဖေဖေါ်ဝါရီ ၂၀၁၄)
stacks_image
မြန်မာဘက်က တရားမ၀င် ၀င်ရောက်နေထိုင်သူ မွတ်ဆလင် လူဦးရေ စာရင်းကို ဘင်္ဂလာဒေခ်ျ့ အစိုးရမှ ကောက်ခံ သွားမည် ဖြစ်ကြောင်း ယမန်နေ့က ထုတ်ဝေသည့်  ကော့စ်ဘာဇား The Daily Ajker Deshbidesh သတင်းစာတွင် ဖော်ပြသည်။
မြန်မာနိုင်ငံ မောင်တောခရိုင်နှင့် အနီးကပ်တည်ရှိသည့် ဖလောင်းချိတ်ခရိုင်အတွင်းရှိ ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်ကြီးရုံးမှ အသိမှတ်ပြုသည့် မွတ်ဆလင် ဒုက္ခသည်စခန်း ၂ ခုဖြစ်သည့် ကောတော့ပလောင်နှင့် နာဝါပါရာတွင် နေထိုင်သူ ၃၀၀၀၀ ခန့်ရှိကြောင်း၊ စခန်းအပြင်တွင် မည်ရွေ့ မည်မျှရှိသည်ကို ဘင်္ဂလာအာဏာပိုင်များ အနေဖြင့် မသိရှိသေးကြောင်း၊ သို့သော်လည်း  ဒုက္ခသည် စခန်းပြင်ဘက်တွင် ပြန့်ကြဲနေထိုင်သူပေါင်း (၅) သိန်းကျော်ခန့် ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း၊ တချို့မှာ မူးယစ် ဆေးဝါး အပါအ၀င် ဥပဒေနှင့် မလွတ်ကင်းသည့် ပြစ်မှုများတွင် ပတ်သတ်မှုများရှိနေကြောင်း သတင်းတွင် ဖော်ပြသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညဥ့်အချိန် ဖလောင်းချိတ်ခရိုင် အီဂင် မြို့နယ် နွားဈေး၊ ကောလိပ်ဂိတ်၊ ဟာချိနာရွာတို့တွင် တရားမ၀င် ၀င်ရောက်လာသည့် မြန်မာနိုင်ငံသား မွတ်ဆလင် ဆိုသူ ၂၄ ဦးကို ရဲတပ်ဖွဲ့ မှ ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
အလားတူ နတ်ကျောက်ဆရီမြို့နယ် ခေါင်းတုန်းနယ်စပ်ဂိတ်မှ ဘင်္ဂလာဘက်သို့  တရားမ၀င် ၀င်ရောက်လာသူ ဘင်္ဂလီ ၁၀ ဦးကိုလည်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မြန်မာဘက်ကို ပြန်ပို့ခဲ့ကြောင်းဆိုသည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံ၌ ပါကိစ္စတန် အစိုးရ လက်ထက်ကတည်းက လမ်းဘေးတွင် အထောက်အထားမဲ့ နေထိုင်သူ အများအပြားရှိရာ ထိုသူများကို မြန်မာနိုင်ငံသား အဖြစ် စာရင်းသွင်းကာ မြန်မာဘက်ကို ပို့ဆောင်ရန် ကြိုးစားလာနိုင်သဖြင့် မြန်မာတာဝန်ရှိသူများက အထူးသတိထား စောင့်ကြည့်ရန် လိုအပ်ကြောင်း ဖလောင်းချိတ် ဒေသခံများက ပြောဆိုသည်။

No comments:

Post a Comment