Saturday, 13 August 2011






Posted: 12 Aug 2011 10:55 PM PDT
နိုင်ငံအရေး ခရီးကြမ်း ဘယ်လဲ ဘာလဲ.... (၄)
ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)
နောက်တခုက အခုနိုင်ငံတကာမှာ လှုပ်ရှားနေတဲ့ နိုင်ငံတကာစစ်ခုံရုံးတင်ရေးကိစ္စ။

ဒါဟာ သက်သေခိုင်လုံရင် သန်းရွှေ ကိုကြိုးကွင်းစွပ်လို့ရတဲ့ကိစ္စ။ အော်နေရုံနဲ့ မရနိုင်ဘူး။  ဦးတင်ဦး ဒေါ်စုတို့က အစိုးရနဲ့ ညှိနိုင်းရပါမယ်။ ခပ်မာမာကို ရပ်တည်ရပါမယ်။ ညှိနိုင်းရမှာက ဒီပဲယင်းမှာ အဓိကတာဝန်ခံ သန်းဟန် ကအခုဆို နေပြည်တော်မှာ ပါဝါတော်တော်ကြီးနေတဲ့ ဗိုလ်ချုပ်။ ဒီပဲယင်းအပြီး ချက်ချင်းနေ့ချင်းညချင်း ဗိုလ်မှုးချုပ် အဆင့်တိုးပေးတယ်။ မကြာဘူး ဗိုလ်ချုပ်အဆင့် တိုးပေးပြီး သူရဲ့ အဓိကတာဝန်က နေပြည်တော် ကုလားထိုင်ကို လှုပ်လာသူကို သုတ်သင် အပြတ်ရှင်းဖို့တာဝန်။ ဒီအဖွဲ့ ကို ယခင်က ဗိုလ်ချုပ်မြင့်ဆွေက ဦးစီးတယ်။ အခုဗိုလ်ချုပ်မြင့်ဆွေတို့ တဖွဲ့လုံးကို ဖမ်းထားတယ် (သတင်း မထုတ်သေးဘူး)။ သန်းရွှေအတွက် အရေးတကာ့ အရေးအကြီးဆုံးတာဝန်။ တနည်း ဒေါ်အောင်ဆန်းစုကြည်ကို ဦးအောင်ကြည်နဲ့ ဆွေးနွေးစေချိန်မှာ အပြုသဘော ဆောင်တယ် ပြောနေကြသူတွေ အပြုသဘောကို တကယ်ဆောင်မယ်ဆိုရင် သန်းဟန်ကို အရင် အနားပေးထားရပါမယ်။  အခုတော့ ရာထူးတိုးပြီး တပ်ချုပ်ကြီးကို တာဝန်ခံဖို့ အထူးခန့်ထားတာ။ လူတွေဘဲ နဲနဲတွက်ဆကြည့်ကြပါ။ ဒီလူဟာ ဒီပဲယင်းမှာ ဒေါ်စုကို မလုပ်ကြံလိုက်ရတာကိုပင် ဒေါသတချောင်းချောင်း ထွက်ပြခဲ့သူပါ။

ဒီလူကို အထူး ရာထူးပေးထားသမျှ အပြုသဘော ဆောင်တယ် ပြောနေသူတွေ ဘယ်နှစ်တုံး ဆက်စားချင်နေကြသလဲဘဲ မေးရပါမယ် ။

အပြုသဘောလား အပြတ်သဘောလား ရှင်းနေပြီ။ နိုင်ငံတကာခုံရုံး အတွက် သက်သေကို ရအောင် မလုပ်တတ်ကြဘူးလား။ အခုနေ BURMA CAMPAIGN ဘာညာဆိုတဲ့အဖွဲ့ တွေကရနေတဲ့ ဒေါ်လာတွေနဲ့ ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုမှာ ကြံ့ဖွတ်ဘက်က ပါခဲ့သူတွေကို မက်လုံးပေးပြီး နယ်စပ်ကိုခေါ်ထုတ်ပါ။ ပြီးနိုင်ငံတကာ ခုံရုံးသက်သေလုပ်ပေးရင် ခိုလှုံခွင့်ပေးမယ်။ သက်သေအဖြစ် ထွက်ဆိုပေးရင် ဒေါ်လာ ငါးသောင်း / တစ်သိန်းပေးမယ် ကြေငြာလိုက်ပါ  ထွက်လာကြပါမယ်။

မထွက်လာရင်လဲ သန်းရွှေနဲ့ သန်းဟန်တို့က တနည်းနည်းနဲ့ နုတ်ပိတ်ပစ်တာ ခံရပါမယ်။ ဟိုကလည်း ဘယ်ထားပါ့မလဲ။ အတ္တထိပ်ခေါင်ကြီးဘဲ .. သူ့ကိုထိမယ်ထင်ရင် ဘယ်လောက်ဘဲ သူတို့အတွက် လုပ်ပေးခဲ့ လုပ်ပေးခဲ့ သူ့ကိုထိခိုက်လာမယ် ထင်ရင် လုပ်ပေးခဲ့တာတွေ ဘေးချိတ် သတ်မှာဘဲ။  အနုနည်းနဲ့ ရှင်းမှာဘဲ။  အသတ်မခံရရင်လဲ တရက်မှာ နိုင်ငံတကာခုံရုံးမှာ အဖမ်းခံရပြီး သေဒါဏ်ဘဲလေ။  ထွက်လာပြီး ခုံရုံးသက်သေလုပ်မလား၊ သန်းရွှေ နုတ်ပိတ်တာခံမလား၊ နိုင်ငံတကာခုံးရုံးကို ရင်ဆိုင်ရပြီး ကြိုးစဉ်တက်မလား။ ကြိုက်တာရွေးဘဲ။ လမ်း-၃-လမ်း။ အလှည့်ရောက်တော့မယ်။ နွှဲ့ပြဖို့တော့ မစဉ်းစားနေနဲ့။

နောက်ဆုံးတခုကတော့ အလွန်ပွဲဆူနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးပြောပြော ဒုတိယပင်လုံညီလာခံလို့ဘဲ ပြောပြောပေါ့။ အခုဒေါ်အောင်ဆန်းစုကြည်ကလဲ ကြားဝင်စေ့စပ်ရေး တင်ပြလာပါတယ်။ ဒါလုပ်သင့်တယ်။  လုပ်ရပါမယ်။ ဒါပေမဲ့ ဒီလိုမလုပ်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမှာဆုပ်ကိုင်ထားတဲ့ သူလက်ခံထားတဲ့ ပြည်ထောင်စုနဲ့ ပတ်သက်တဲ့မူ ကိုတော့ အရင်ချပြထားရပါမယ်။ စစ်အစိုးရမူက ချပြထားပြီးပြီ။ န.အ.ဖ.မူကတော့ တိုင်းရင်းသားတွေကို ဘေးချိတ်ထား မြန်မာအများစုကတောင် လက်မခံကြဘူး။ ၉၂.၄၈-% လာမပြောနဲ့။ အဲဒီလောက်ခိုင်မာရင် နိုင်ငံတကာအကဲခတ်တွေ ဖိတ် ထပ်မံအတည်ပြုပေးပါ။ ဒေါ်စုနဲ့ နိုင်ငံတကာ အဖွဲ့တွေကလည်း အာဆီယံကို န.အ.ဖ. နာဂစ်ဥပဒေကို အကဲဖြတ်သူ လာခွင့်မပေးမချင်း အတည်မပြုကြရန် ပန်ကြားဖို့လိုပါတယ်။ အာဆီယံမိသားစုလို့ ပြောနေတဲ့ အာဆီယံကိုတောင် လာပြီးလေ့လာခွင့် မပေးရင် သူတို့ဥပဒေကို ကမ္ဘာက လက်ခံအောင် အာဆီယံက ပြောပေးဖို့လဲ မလိုတော့ဘူး။ အာဆီယံကိုတောင် လက်မခံရင် သူတို့ကို အာဆီယံက ဘာလို့လက်ခံ နေစရာလိုသေးလဲ ။

အဲဒါကိုထောက်ပြီး အာဆီယံကို တောင်းဆိုတာ လုပ်ရပါမယ်။ ဒါကိုယ့်ဘက်က ဆုပ်ကိုင်လို့ရတဲ့ အခွင့်အရေးပါ။ အခုဒေါ်စုက သူလက်ခံထားတဲ့ ပြည်ထောင်စုမူဆိုတာဟာ ကျနော်တို့ အားလုံးနဲ့ သက်ဆိုင်နေပါတယ်။ န.အ.ဖ.ရဲ့ နာဂစ်မူကို ကျနော်က လုံးဝ လက်မခံနိုင်သလို တိုင်းရင်းသားတွေ ဆုပ်ကိုင်ထားတဲ့ (ပြည်ထောင်စုစစ်စစ်မူ/ ရှစ်ပြည်နယ်မူ/ မဲသရောထမူ) ဆိုတာကိုလဲ ကျနော်က ဗမာတယောက်အနေနဲ့ လက်မခံနိုင်ပါဘူး။ ၁၉၆၂-ခုနစ်မှာ ဒီမူတင်လာလို့ အာဏာရှင်စနစ်ကြီး အာဏာသိမ်းဖို့ အကွက်လှလှလေး ဖေါ်ပေးလိုက်သလိုဖြစ် သွားရတာပါ။ ဖယ်ဒရယ် ဖက်ဒရယ် လုပ်နေပြီး တကယ်တင်ဖို့ လုပ်နေတာ ဖက်ဒရယ်စစ်စစ်မူ ဆိုတဲ့ ရှစ်ပြည်နယ်မူ။ ဒီမူကတော့ ပြည်ထောင်စုကို သေချာ ပေါက်ပြိုကွဲစေမဲ့မူ။ ဗမာအများစုက သေသေချာချာ သဘောမပေါက်ကြဘူး ။ ကျနော်ကရှင်းပြလိုက်မှ ဟာ ဒါကတော့ ဘယ်မျှတပါ့မလဲ ဖြစ်ကုန်ကြတယ်။ အခုကျတော့ (၁၀- ပြည်နယ်မူ) လုပ်လာပြန်တယ်။ ဧရာဝတိပြည်နယ်နဲ့ တနင်္သာရီပြည်တဲ့။ ဧရာဝတီလူမျိုးဆိုတာ ရှိမှမရှိတာဘဲ။ တနင်္သာရီလူမျိုးလဲ ရှိမှမရှိတာ။

ဒီရှစ်ပြည်နယ်မူကို တချို့သော တိုင်းရင်းသားတွေကလည်း ဒီမိုကရေစီမူတွေနဲ့ ဖီလာဖြစ်နေလို လက်မခံကြပါဘူး။ ဒီမိုကရေစီ စံတွေနဲ့ ချိန်ထိုးလိုက်ရင် တိုင်းရင်းသားတွေဆွဲထားတဲ့ ဖက်ဒရယ်မူစစ်စစ်က ရိုးရိုးဖက်ဒရယ်မူနဲ့ ကမ္ဘာ့ဒီမိုကရေစီစံနစ်ကို ဦးဆောင်နေတဲ့ အမေရိကန်နိုင်ငံက ဖက်ဒရယ်မူ သြစတေးလျနိုင်က ဖက်ဒရယ်မူတွေက ဖက်ဒရယ်မူ မစစ်တော့သလိုလဲ ဖြစ်နေပါတယ်  အခု တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်မူ စစ်စစ်ဆိုတာသာ ဆက်လက်ပြီး အသေဆုပ်ကိုင် ထားကြမယ်ဆိုရင် စစ်တပ်နဲ့ ဘယ်တော့မှ ညှိနိုင်းဖို့ စဉ်းစားမနေကြပါနဲ့။ ဘယ်လိုမှ နီးစပ်နိုင်စရာ လမ်းစပင်မမြင်ပါဘူး။ အဲဒီမူကို ဆက်လက် ဆုပ်ကိုင်နေတာဟာ အာဏာရှင်ကို တဖက်လှဲ့ အားဆေးထိုးပေးနေရာ ရောက်နေပါတယ်။ အမြင်တွေ ကျယ်ကျယ်ထားဖို့ လိုနေပါပြီ။ အာဆီယံကပင် စစ်တပ်အာဏာ လျှော့လိုက်တာနဲ့  အာရှ ဘော်ကန်အရေးအခင်း (ဘော့စနီးယား) ဖြစ်လာမယ် ပြောလာကြပါတယ်။

အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းပြည်မှာဖြစ်နေတဲ့ တိုင်းရင်းသားအရေးကို ကြားဝင် ဖျန်ဖြေပေးမယ်ဆိုရင် သူကိုယ်တိုင် လက်ခံနိုင်မဲ့ ပြည်ထောင်စုမူ ကိုတော့ ဦးစွာ တိုင်းပြည်သိအောင် ချပြထားရန်လိုပါတယ်။ စစ်တပ်ကသိအောင်လဲ ချပြထားရပါမယ်။ ဒီကိစ္စဟာ တချပ်မှောက် ဖဲလိုလုပ်ရမဲ့ ကိစ္စမဟုတ်ပါဘူး။ တတိုင်းတပြည်လုံးနဲ့ ဆိုင်တော့ ပွင့်လင်းထင်သာ မြင်သာရှိရပါမယ်။ ဒါကိုချပြပြီးမှဘဲ တပ်မတော်ဘက်ကလည်း စဉ်းစားလို့ရပါမယ်။

ရေးတာလဲ အတော်လေး ရှည်သွားပါတယ်။ ကျနော်စိတ်ကူးထားမိတဲ့ ဖက်ဒရယ်မူကို ဆက်လက် တင်ပြပေးပါမယ်။ ကျနော်ကတော့ ဖက်ဒရယ်မူနဲ့ အောင်မြင်နေတဲ့ ဒီမိုကရေစီနိုင်ငံကြီးနှစ်ခု အမေရိကန်နဲ့ သြစတေးလျ ပုံစံကို အတုယူတာ ကပိုပြီး လျှော်ကန်သင့်မျှတယ်လို့ဘဲ မြင်ပါတယ်။ မြန်မာအများစုနဲ့ တပ်မတော်လဲ လက်ခံနိုင်မယ်လို့ ယူဆပါတယ် မျှော်လင့်ပါတယ်။

အချုပ်အနေနဲ့က ကျနော်တို့နိုင်ငံမှာ တပ်မတော်ဆိုတာက မရှိလို့ကိုမဖြစ်ဘူး။ တပ်မတော်ကို ဖျက်ပြစ်ဖို့ဆိုတာကတော့ စိတ်မကူးသင့်တဲ့ကိစ္စပါ။ ရှိနေတဲ့ တပ်မတော်နဲ့ တပ်မတော်ခေါင်းဆောင်တွေရဲ့ ခံယူချက်တွေနဲ့ ကိုယ့်ခံယူချက်တွေ နီးစပ်အောင် လုပ်ဖို့ဘဲစဉ်းစားပြီး ညှိနိုင်းယူကြရမှာပါ။ ကိုယ်စိတ်ထဲလိုချင်တဲ့ လွတ်လပ်ခွင့်တွေ မရရင်ချဆိုတဲ့ ပုံစံတွေ မထားသင့်ကြပါဘူး။ တခါ အခုနိုင်ငံရေး ပါတီကြီးတွေအနေနဲ့ ဘယ်လမ်းကိုလှမ်းကြမှာလဲ။ ဘယ်လို လျှောက်ကြမှာလဲ.. ဘယ်လောက် အချိန်မှန်းဆထားလဲတွေကို ပြည်သူတွေသိသင့်လို့ ချပြသင့်ပါတယ်။

ကိုယ်ချပြတဲ့ အချိန်ဇယားအတိုင်း ဖြစ်လာရမယ်လို့ အာမခံခိုင်းတာ မဟုတ်ပါဘူး။ နိုင်ငံအရေးဘဲ အတိအကျ တွက်ဆလို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဘောင်လေးချပြီး ရည်မှန်းချက်လေး ထားတာတော့ လုပ်သင့်ပါတယ်။ မသေချာမရေရာ ဇယားမရှိတော့ မဖြစ်သင့်ပါဘူး။

အခနိုင်ငံရေး ခေါင်းဆောင်တွေအနေနဲ့ တပ်မတော်လက်ဝေခံ ဦးသိန်းစိန်အစိုးရနဲ့ ရင်ဆိုင်နေတဲ့နေရာမှာ မူလေးတွေ ဗျူဟာတွေ တော့ချထားသင့်ပါတယ်။ ဒီလိုမူချမှတ်ရာမှာ ကိုယ်ဘက်က အားသာချက် အားနညးချက်တွေကို သဲသဲကွဲကွဲ တွက်ဆထားပြီး သူဘက်က အားသာချက် အားနည်းချက်တွေ ကိုရှာကြံပြီး အဘက်ဘက် လူအများစု အမြင်တွေကိုတတ်နိုင်သလောက် ဆွေးနွေးအကြံဥာဏ်တွေ ထုတ်ပြီးမှ ဗျူဟာတွေ ချမှတ်ရပါမယ်။ ဒီလိုဗျူဟာချပြိး လုပ်ဆောင်ရာမှာတောင် ပထမ ဦးစားပေးဗျူဟာ မအောင်မြင်ရင် ဒုတိယဗျူဟာ တတိယဗျူဟာ အဲဒီလိုကိုအဆင့်ဆင့်ရေးဆွဲထား ဆွေးနွေးထားရပါမယ် ။

ဟာဗျာ ဒါတော့ ပါတီအရေး လုပ်နေသူတွေ လုပ်ထားမှာဘဲလို့ ပြောလာစရာရှိတာပေါ့။ မရှိပါဘူးလို့ ကျနော်မငြင်းပါဘူး။ အတွေ့ အကြုံအများကြီးရှိတဲ့ ၀ါရင့်နိုင်ငံရေး အရာရှိကြီးတွေ ပါဝင်နေတာဘဲ။ ရှိမှာပေါ့  ဒါပေမဲ့လက်တွေ့မှာ ဒေါ်စုကို ထိန်းလိုက်ရင်အဖွဲ့ချုပ်ဟာ ထိရောက်တဲ့ စွမ်းဆောင် မပြနိုင်တော့ဘူး။  ဒါကလက်တွေ့ရလဒ်ပါ။ ဒေါ်စုမရှိတော့ရင် ဒုတိယတန်း ခေါင်းဆောင် ပျောက်သွားတဲ့ အထိကျန်ခဲ့တယ်။  တကယ်လို့သာ နောက်ထပ် ဒေါ်စုကို ထိန်းလိုက်မယ်ဆိုရင် ဒုတိယတန်း ခေါင်းဆောင်ကို ရဲရဲဝ့ဝံ့ ဦးဆောင်ခွင့် ပေးထားဖို့ လိုနေပါတယ်။ အဲဒီလိုအားနည်းချက် ရှိနေတော့ စစ်တပ်က ဒေါ်စုကို ကစားကွက်တခုလို လိုသလို ထိန်းကစားနေတာ ခံနေရပါတယ်။

တခါဗျူဟာတွေမှာ (ဥပမာ-မူဝါဒရေးရာမှာ) ဘယ်ဟာက အသေဆုပ်ကိုင် ထားရမယ်။ ဘယ်အပိုင်းကိုတော့ အလျော့အတင်း လုပ်နိုင်တယ်။ ဘယ်ပန်းတိုင်ကတော့ ပဓါန ထိပ်တန်းဦးစားပေး တိုက်ရမယ်။ ဘယ်လှုပ်ရှားမူ ကတော့ သာမည စတာတွေကို ပါတီဝင်တွေ ကျေကျေညက်ညက် နားလည်အောင် ချပြထားရပါမယ်။ အခုဆိုရင် အကျဉ်းသားလွှတ်မြောက်ရေးက အဓိကလား လူမှုရေးအလုပ်က အဓိကလား နိုင်ငံရေးကအဓိကလား ဘာမှန်းမသိတော့ဘူး။

တခါအကျဉ်းသား လွှတ်မြောက်ရေးမှာကို လက်မှတ်ထိုးကမ်းပိန်းက ပိုအရေးကြိးတာလား ဘုရားတက် ဆုတောင်းတာက ပိုအရေးကြီးတာလား လူတွေ မသဲကွဲကြပါဘူး။ နောက်တခု ကိုယ်နဲ့ ထိပ်တိုက် ရင်ဆိုင်နေရတဲ့ တပ်မတော် ဘက်က အားသာချက် အားနည်းချက်တွေ အသေအချာ လေ့လာပြီး တိုက်ကွင်း တိုက်ကွက်ကို ဖေါ်ဆောင်ရပါမယ်။ ဥပမာ ပြည်ပမှာ လက်နက်ကိုင် တိုက်ကြမယ်ဆိုပြီး တကျော့ပြန်လိုင်းတင် လာတာမျိုးဟာ ကိုယ်က လူဗလန်လေးဖြစ်ပြီး လက်ဝှေ့ချန်ပီယံ မိုက်တိုက်ဆန်ကို လက်သီးထိုးကြေးသွား စိန်ခေါ်တာမျိုး မလုပ်သင့်ပါဘူး။ လက်နက်ကိုင် တိုက်ကြကြေး ဆိုရင် စစ်တပ်အကြိုက်ပေါ့။ အာဏာမလွှဲချင်လို့ စစ်တပ်အခန်း ဂဏ္ဍကို ကြီးသထက်ကြီးအောင် လုပ်ချင်နေသူတွေကို မီးလောင်ရာ လေပင့်တဲ့အလုပ်တွေ မလုပ်သင့်တော့ပါ။

နောက်ဗျာ မပြောချင်လို့ မပြောလာတာပါ။ ၈၉-မှာ ကျနော်ကို အရာရှိကြီးတဦးက ပြောပါတယ်။ ကိုလှိုင်မြင့် အခု (ဘာခေါင်းဆောင် ညာခေါင်းဆောင်တွေပေါ့ဗျာ) စက်တင်ဘာ-၁၉-ရက် အာဏာသိမ်းအပြီးမှာ သူတို့ကို လမ်းပေါ်ထွက်လာအောင် ကျနော်တို့ မြုပ်ထားတဲ့ ဆဲလ်တွေနဲ့ ဘယ်မှာ ဘယ်လိုတွေ လုပ်နေပြီ လာကူပေးပါဦး ဆိုပြီး အမျိုးမျိုးမြှား ခေါ်ထုတ်တယ်ဗျာ။ ထွက်လာတာနဲ့ ရုံးရင်းဆန်ခတ် ပွဲဆူအောင်လုပ်ပြီး အသေဆော်မလို့ပါတဲ့။ စနိုက်ပါသမားတွေ အဆင်သင့် လုပ်ထားတာတဲ့ တယောက်မှ ထွက်မလာပါဘူးဗျာတဲ့။ ခေါင်းလေးတောင်ပြူ မလာဘူးဗျာတဲ့။ ဒါကို မပြောချင်ဘူးဗျာ။ ကိုယ့်သူရဲကောင်းတွေရဲ့ ဂုဏ်ကိုထိခိုက်လို့။ ဒါပေမဲ့ သူရဲကောင်းပုံ ဖမ်းလာတာများလာလို့ ထုတ်ပြောလိုက်ပါတယ်။ ဂရိပုံပြင်ဆရာကြီး- အီစွတ် AESOP ပြောသလို IT IS EASY TO BE BRAVE FROM A SAFE DISTANCE လုံခြုံစိတ်ချရသောအကွာအဝေး ကနေ သတ္တိပြရတယ်ဆိုတာ လွယ်ပါတယ်။

စစ်တပ်မှာ ဘယ်ဟာမှာ အားနည်းနေလဲ။ အဲဒီအစကို ဆွဲဖေါ် ထုတ်ကိုင်ရပါမယ်။ ဗိုလ်သန်းရွှေဟာ အမတန် အတ္တကြီးမားပြီး တကိုယ်ကောင်းဆန် လုပ်ထားတော့ လွှဲမှားနေတာက အများကြီးမှ အများကြီး။ အဲဒီမှားနေတာတွေထဲက ပြည်သူလူထု နစ်နာနေတာတွေကို ဇောင်းပေး ဖေါ်ထုတ်ပြီး တိုက်ဖို့ကို ဗျူဟာဖေါ်ရပါမယ်။ နောက်အရင်လဲ ရေးဖူးပါတယ်။ အစိုးရတရပ် အသက်ဆက်ဖို့ဆိုတာ အုပ်ချုပ်ရေးယန္တရားကြီး လည်ပတ်နေဖို့ လုပ်ထားရတာပါ။ န.အ.ဖ.ဟာ အဲဒီယန္တရားကြီး လည်ပတ်ဖို့ ပြည်သူတွေရဲ့ လုပ်အားကို အဖိုးအခ နည်းနည်းလေးပေးပြီး လည်ပတ်နေစေတာပါ။ အဲဒါကို ပြည်သူတွေ သိလာအောင်လုပ် ပြည်သူတွေ လုပ်အားအပေါ် ဂုတ်သွေးစုပ်နေတာတွေကို ရပ်သွားအောင် လုပ်ပေးရပါမယ်။ အခုဆိုထိုင်းနိုင်ငံမှာ အနိမ့်ဆုံးလုပ်အားခကို တနေ့ကို (၁၀-ဒေါ်လာ) နှုန်း သတ်မှတ်ပါတော့မယ်။ ကျနော်တို့ဆီမှာ ထိုင်းရဲ့ တ၀က်- (တနေ့ ၅-ဒေါ်လာနှုန်း) သတ်မှတ်ပေးရေး တောင်းဆိုတာမျိုးကို ပါတီကြီးတွေက လိုင်းတင်ပေးရဲဖို့ လိုပါတယ်။

တနည်း ပြည်သူ့လုပ်အားကို ခိုင်းစားနေတာကိုတော့ ရပ်အောင်လုပ်လို့ ကမရဘူး။ ပြည်သူက အလုပ်ရှိမှ စားရမှာ။ လုပ်အားခ တိုးပေးလာအောင် တိုက်ပေးရမယ်။ လုပ်အားခ တိုးတောင်းတာ ဗျူဟာချလာရင် ပြည်သူတွေ ပါလာမယ်။ အစိုးရက လုပ်အားခ တိုးပေးလာရရင် ယန္တရားကြီး လည်ပတ်ဖို့ ငွေပိုပြီးလိုလာမယ်။ ငွေပြတ်လာရင် ကြံ့ဖွတ်လို လူမိုက်တွေ အလကားမွေး မထားနိုင်တော့ဘူး။ တခါ အကုန်အကျ ကြီးမားလာလေ အခွန်ငွေပိုလိုလာလေ။ အဲဒီမှာ အရင်ခိုးထားသူတွေ အာဏာသုံး အခွန်ရှောင်နေသူတွေနဲ့ သမ္မတကြီး ထိပ်တိုက်တွေ့ ရပါတော့မယ်။ သူတို့ ချင်းချင်း ရှင်းကြရပါတော့မယ်။  အခုခေါင်းမာတယ်ဆိုတဲ့ ဒု-သမ္မတရှစ်လုံးလို မတရားချမ်းသာပြီး အခွန်ရှောင်ထားသူတွေကို သူတို့ဘာတွေ ပိုင်ထားပါတယ်။ ဖေါ်ထုတ်ပေးရုံနဲ့တင် သူတို့ချင်း အိုးမဲသုတ် အခွပ်ခိုင်းရပါမယ်။
လွယ်လေးလုပ်နိုင်တာက နိုင်ငံတကာမှာ (ဂုဏ်သိက္ခာကြီးမားတဲ့ ဒီမိုကရေစီနိုင်ငံကြီးတွေမှာ) အမတ်လောင်းတွေဟာ အခွန်ရှောင်ထားခြင်း မရှိပါဘူး ကတိခံဝန်ချက် ထိုးတင်ကြတယ်။ မိမိနဲ့ မိသားစုဝင်တွေရဲ့ တရားဝင် ပိုင်ဆိုင်မှုတွေကို တရားဝင် ကြေငြာထားကြတယ်။ ကျနော်တို့ ဒီမိုကရေစီဘက်တော်သား အမတ်မင်းတွေက ဦးသိန်းစိန်က လုပ်ပါမတောင်းဆိုလဲ အများစုက ကိုယ်သဘောနဲ့ ကိုယ်ပေါ့ ကိုယ့်ပိုင်ဆိုင်တာတွေ ကြေငြာပြီး သမ္မတကြီးဆီ လွှတ်တော်ကိုတင်ပေးလိုက်ပါ။  မတင်သူဟာ သူ့အလိုလို သူခိုးလူလိမ် ပိုင်ဆိုင်တာတွေ မတရားများနေတာပေါ်ရော။

အဲလိုတင်တာကို သမ္မတကြီးက လက်မခံရင်ရတယ်။ သူဘာဖြစ်သွားမလဲ။ လက်မခံလို့လဲမရ လက်ခံပြန်ရင်လဲ ကိုယ်လူတွေက သူခိုးတွေဆိုတာ ပေါ်လာမယ်လေ။ ဒု-သမ္မတကြီးကတော့ အရမ်းရမ်းနှာတင်းပြီး အာဏာပြန်သိမ်းဖို့တွေ လမ်းထွင်ယူရပါမယ်။

အဓိက ကတော့ ထိုင်းစစ်သားလစာ (စစ်မတိုက်ရတဲ့) နဲ့ တနှစ်ပတ်လုံး ရှေ့တန်းထွက် နေရှာကြရတဲ့ မြန်မာစစ်သားလစာ ဘယ်လောက်ကွာနေတယ်ကို မီဒီယာကြီးတွေက မီးမောင်းထိုးပြ ကြစေချင်ပါတယ်။ စစ်သားတွေ လစာကိစ္စ မကြေလည်နေတာကို အသာလေးဖွပေးရုံနဲ့တင် နိုင်ငံရေးဆရာကြီးများ မီဒယာကြီးများ ခင်ဗျာ စစ်ဗိုလ်ချုပ်တဦးတလေ ကိုယ့်ဘက်ပါဖို့  မျှော်တာဘဲလုပ်နေကြတယ်။ စစ်သားတွေ အားလုံးနီးနီး ပုန်ကန်စေချင်ရင် မီဒီယာကြီးများ အသံလေးထုတ်ရုံနဲ့  ယမ်းပုံကြီးမှ အကြီးကြီးပါ။ ခက်တာက မီဒီယာကြီးတွေမှာ န.အ.ဖ. စပိုင်တွေ စီးထားတာကြာပါပြီ။ မီဒီယာကြီးတွေက အော်တော့အော်တယ် တာဝန်ကျေ အပြသက်သက် လုပ်နေကြတာ။ န.အ.ဖနဲ့ အစိုးရကို တကယ်ထိမှာ တွေ့ကျတော့ ပညာသားပါပါ ပိတ်ပင်ထားကြပါတယ်။ တရက်အဲ့ဒီ စပိုင်တွေ ပေါ်လာပါမယ်။

န.အ.ဖနဲ့ ဦးသိန်းစိန်အစိုးရရဲ့ အားနည်းချက်တွေက အများကြီးမှ အများကြီး။ တကယ်ကွဲအောင် ထိုးချင်ရင် သိပ်စဉ်းစားနေစရာ မလိုပါဘူး။ နိုင်ငံရေး ဦးဆောင်နေသူတွေလဲ သိတာပါဘဲ။ မသိမရှိပါဘူး..  ဒါမှမသိရင်လဲ ခေါင်းဆောင် လုပ်မနေပါနဲ့တော့။ ဘာလို့ တကယ်ကွဲမယ့် တိုက်ကွက်ကို မဖေါ်ချင်တာလဲ။ ပြည်သူလူထု အသက်အိုးအိမ်ရင်းရတဲ့ လူထုအုံကြွမှုကိုမှ ဖေါ်ချင်တာလား။

အဲဒီလို ကိုယ်တိုက်ကွက်တိုင်းဟာ ဘယ်လိုအကျိုးဆက်တွေ ရလာမယ်ဆိုတာ အကွက်ချစဉ်းစားပြီး တိုက်ကွက်ကို ဖေါ်ကြစေချင်ပါတယ်။ တပ်မတော်မသိအောင် ဘာညာ လုပ်မနေစေချင်ပါဘူး။  မဟုတ်လဲ သူတို့က ရအောင်ယူနေတာပါဘဲ။ ပေါ်တင်သာချပြ ဆော်ရပါမယ်။ ပြည်ပအတိုက်အခံတွေကလည်း တခါလာ ဆန္ဒပြတာလောက်နဲ့ ရပ်နေကြတာကိုလဲ ပြန်စဉ်းစားသင့်ပါပြီ။ အခုကျနော်တို့ သြစတေးလျမှာဆို ဆန္ဒပြမယ်ဆိုရင် မြို့ တော်က ကမ်ဘာရာမှာ ဆစ်ဒနီကနေ ကီလို-၃၇၀- ဝေးတယ်။ မဲလ်ဘုန်ကနေဆို ၅၅၀-လောက်ေ၉းတယ်။ ကားကြီးတွေငှား သွားကြရတယ်။ လမ်းစားရိတ် အစားအသောက်ပေါ့။ တခါဆန္ဒပြဖို့ အတိုက်အခံ အင်အားစုတွေ စုစုပေါင်းကုန်ကျငွေက (ဆစ်ဒနီနဲ့  မဲလ်ဘုန်းနစ်မြို့ပေါင်း) ဒေါ်လာ- ၅၀၀၀-မကဘူး။ ဒီငွေတွေကို တခုခုစီမံချက်ချ လုပ်ရင်ပေါ့။

နောက်တခါ ပြည်ပအတိုက်အခံတွေထဲမှာလဲ နိုင်ငံရေးလုပ်သူတွေကို အချင်းချင်း ကန်ထုတ်နေကြတာလဲ တော်တော်လေး အရုပ်ဆိုးလှပါတယ်။ ဘာညာ ဥက္ကဌ ဆိုတာကိုလဲ ရာသက်ပန်ယူချင်တဲ့ ရောဂါကလဲမသေးလှဘူး။ ပိုဆိုးတာက တချို့ဆိုရင် လူကသန်သန်မာမာကြီး နိုင်ငံရေးကိုတော့ ဦးဆောင်ချင်တယ်။ ကိုယ်တိုင်ကတော့ သက်ဆိုင်ရာနိုင်ငံရဲ့  အစိုးရအထောက်အပံ့ကို လိမ်ညာယူနေတယ်။ ပြီးတချို့ဆိုရင် ကိုယ်ပိုင် စီးပွားရေးလေးတွေ လုပ်ကြီးပွားနေတယ်။ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေဖြစ်တဲ့ ကိုယ်ပိုင်ဝင်ငွေရှိရင် တရားဝင် ကြေငြာရမယ်ဆိုတဲ့ ဥပဒေကိုလိမ်ညာပြီး ၀င်ငွေမရှိ လိမ်ညာ အခွန်ရှောင်တယ်။ ကိုယ့်အပေါ် ကျေးဇူးရှိထားတဲ့ ဘာမှအမျိုးတောင် မတော်ဘဲ အများကြီး ကူညီထားတဲ့ အစိုးရကိုတောင် ပြန်လိမ်နေတဲ့သူတွေနော်။ ဒီလိုလူလိမ်တွေက နိုင်ငံရေး ဦးဆောင်နေတာလဲ ရှိတယ်။ အားလုံးကိုပြောတာမဟုတ်ပ ။ ဒါပေမယ့် အများကြီးရှိတယ်။

လုပ်နေတဲ့ နိုင်ငံရေးကလည်း စစ်အစိုးရလွှတ်တော်နဲ့ နင်လားငါလား မတိမ်းမယိမ်းဘဲ။ ဥပမာ FORUM ပေါ့ ခေါ်တယ်။ ဖိုရမ်ဆိုတာ အီတလီ စကားကလာတာ လူထုအများ စိတ်ဝင်စားတာကို လူထုအများစု ဝေဖန်ဆွေးနွေးပွဲပေါ့ ။ ကျနော်ကြုံနေတဲ့ ဖိုရမ် နစ်မျိုး ။ မလေးရှားမှာ ၀န်ကြီးချုပ်( ငြိမ်း )မဟာသီယာ ဦးစီးကျင်းပတဲ့ ငြိမ်းချမ်းရေးဖိုရမ် ။ ဟော်တယ်ကြီးမှာ လူအများကြီးတက်ရောက်နိုင်အောင်စိစဉ်ထားတယ်။ စဉ်ပေါ်က ဆွေးနွေးမယ့် ခေါင်းစဉ်ကို မဟာသီယာနဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ လက်ထောက် ( ငြိမ်း) တွေ ပါရဂူတွေက နာရီဝက်လောက် ဟောပြောတယ်။ အဲဒါကိုလူထုက ၂- ၃-နာရီလောက် ဆွေးနွေးကြတယ်။ ပြီးအများစု လူထုအများစု သဘောထားကို လက်ထောင်ဘာညာနဲ့ ဆုံးဖြတ်ချက်ယူတယ်။  တနေကုန် ဆွေးနွေးတာ မှ -၂ရက်တိတိ။ ဆွေးနွေးချိန်က -၂-ရက်ပေါင်း စုစုပေါင်း ၁၄-နာရီလောက်ရှိတယ်။

မြန်မာအတိုက်အခံတွေရဲ့ ဖိုရမ်မှာ အချိန်ယူထားတာက အားလုံးမှ (၂-မှ ၄-နာရီ)။ စဉ်ပေါ်က ဆွေးနွေးတာက (တကယ်က လက်ချာရိုက်နေတာ)က အချိန်အများကြီး။ လူထုကို နှစ်ဦး သုံးဦးလောက် နှစ်မိနစ် မှ ငါးမိနစ်မေးပါတဲ့။ အဲဒီလို.. အဲဒီတော့ ဒီမှာ ဖိုရမ်ဖိတ်ရင် ကျနော်ကမေးတယ် လက်ချာလား/ ဖိုရမ်စစ်စစ်လား ဆိုတော့ကျနော့်ကို မကြည်ဘူး။ မဖိတ်တော့ဘူး။ ဖိတ်လဲတက်စရာ မကောင်းတော့ဘူး။  ရသလောက် လိမ်နေတာလေ။

နောက် အဖွဲ့ချုပ်အနေနဲ့က တလောက မလေးရှားက NLD (LA/Malayisa) က လုပ်ကြံပြီး ရဲကို တဖက်လှဲ့နဲ့တိုင် (လာဘ်ထိုးပြီး) ကိုယ့်မြန်မာချင်းပြန် အဖမ်းခိုင်းတဲ့အထိ ဖေါက်ပြန်လာတာတွေ့ ရပါတယ်။ အဲဒီတော့ ပြည်ပမှာ NLD (LA) ဆိုတာ NLD နာမည်ကိုသုံးစားခွင့်ကို ပြည်တွင်းကအဖွဲ့ချုပ်က ပေးထားတာပါလား။ မဆိုင်ဘူးလား တိတိပပလေး ကြေငြာပေးဖို့ လဲလိုနေပါတယ်။ တခြားမကြည့်ပါနဲ့။ အဖွဲ့ဝင်ကဒ်တခု ရဖို့လေးတင် ရင်းဂစ်-၃၇၀- ( ဒေါ်လာနဲ့ဆို - ၁၁၀-ဒေါ်လာ) လောက်ကောက်စားနေတာ အဖွဲ့ ဝင်-၅၀၀၀-လောက်ရှိတော့ ဒေါ်လာ- ငါးသိန်း/ လောက် ကိုယ်မြန်မာအချင်းချင်းဆီက ၀ိုက်ထားတာကို မသိကျိုးကျွန် ပြုမထားသင့်ပါဘူး။ နောက်လစဉ်ကြေးဆိုတာက တလကို- ၁၀-ရင်းဂစ် (၃-ဒေါ်လာ) တလတလကို လစဉ်ကြေးကတင် ဒေါ်လာ ၁၅၀၀၀-လောက် ၀ိုက်နေကြတာမျိုးတွေကို NLD နာမည်တပ် လုပ်စားနေကြပါတယ်။ တကယ်ဆို NLD နာမည်ခံထားရင် ဒီငွေစာရင်းဇယားကို NLD ကိုပြန်လည်တင်ပြ အစီရင်ခံရပါမယ် ။

ဒီလိုမှ မလုပ်ရင် တခြားသူတွေလဲ NLD နံမည်သုံးခွင့်ရှိတာပါဘဲ။ နောက်ဆုံး အခုအဖမ်းခံရတဲ့ လူတွေကလဲ တိုင်တဲ့အဖွဲ့ ရဲ့အဖွဲ့ ဝင်ဟောင်းတွေပါဘဲ။ အဲဒီမှာ ဒီမိုကရေစီ ကျင့်စဉ် (ဒီမိုကရေစီ စံလေး)ကိုတောင် သူတို့ မသိနားမလည်တာကို ပြလိုက်ပါတယ်။ ဒီမိုကရေစီရဲ့ စံကို အမေရိကန် လွတ်လပ်ရေးရဲ့ ဗိသုကာတဦးလဲဟုတ် အမေရိကန်လွတ်လပ်ရေးကို နှိုးဆော်ပေးလိုက်တဲ့ COMMON SENCE စာတမ်းကြီးကို ရေးသားခဲ့တဲ့ THOMAS PAINE ရဲ့ အဆိုအမိန့် လေးကိုတောင်မလေးရှား NLD (LA)  က မသိကြတဲ့အထိ ဖေါက်ပြန်ခဲ့ပါတယ် ။

HE , THAT HAS SECURED HIS OWN LIBERTY , SHOULD GUARD EVEN HIS ENEMY FROM OPPRESSION , FOR " IF HE VIOLATES THIS DUTY , HE HAS ESTABLISHED A PRECEDENCE , THAT WOULD REACH TO HIMSELF , ONE DAY .

မိမိရဲ့ လွတ်လပ်မှုကို ခိုင်မာအောင် တည်ဆောက်ပြီးသူတဦးဟာ မိမိ၏ရန်သူကိုပင် မတရားဖိနှိပ်မှုများမှ အကာအကွယ်ပေးရပါမည်။ အကယ်လို့ ထိုသူသည် ၎င်းတာဝန်ကို ပျက်ကွက်ခဲ့ပါလျှင် သူဟာ တရက် မိမိထံ တပတ်လည်လာမည့် စံနစ်ဆိုးကြီးကို အစပျိုးမိလျှက်သားဖြစ်သွားပါသည်။

မလေးရှားမှာ ဖြစ်သွားတာက ကိုယ့်မြန်မာအချင်းချင်း နောက်ကိုယ်လူဟောင်းတွေ နောက်ဒီမိုကရေစီ နံမည်ခံသူ အချင်းချင်းကိုပင် မတရားဖမ်းဆီးစေတာဟာ အာဏာရှင်ညဉ်ဆိုးကို ငွေပေးပြီး မွေးယူနေတာပါဘဲ။ တကယ်ဆို မလေးရှားရဲက ဖမ်းရင်တောင် ကျနော်တို့ လူတွေဆိုပြီး လိုက်ကယ်ထုတ် ပေးရမဲ့တာဝန်ရှိနေသူတွေပါ။ အခုတော့ ပြောင်းပြန်လုပ်နေကြတာ။

ဒါအခုတကြိမ်သာ မဟုတ်ပါဘူး။ ဗိုလ်သန်းရွှေဟာ ကျနော်ကိုပြန်ပေးဆွဲဖို့ မလေးရှားကို အခု ဗိုလ်ချုပ်သန်းဟန် ဦးဆောင်တဲ့အဖွဲ့တခုကို လွှတ်ခဲ့တော့ အခုမလေးရှား- NLD( LA ) တွေက ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါတယ်။ မယုံရင်အခု အဲဒီအဖွဲ့နဲ့ ခွာပြဲသွားတဲ့ လူငယ်တွေရှိပါတယ်။ အားလုံးသိကြပါတယ် မေးလို့ရပါတယ်။ အဲဒီလောက်အထိကို ဖေါက်ပြန်နေတဲ့ အဖွဲ့အစည်းကြီးပါ။ ဟိုဘက်ကလဲ သိန်းကိုထောင်နဲ့  ချီိပြီး ကမ်းလှမ်းခဲ့တော့ ဆရာလှိုင်မြင့်လဲ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ခဲ့ရပါသေးတယ်။ Burma Refugee Organization (BRO)ကို မေးကြည့်လဲရပါတယ် ။

တခါပြည်ပအဖွဲ့အစည်းတွေမှာ အဖွဲ့ရဲ့ကြေငြာချက် အဖွဲ့ရဲ့စာစောင်တွေမှာ စည်းရုံးရေးဘာညာ ရေးထားတယ်။ မယုံရင်တခါတလေလောက် ကျနော်က ဘယ်သူပါဘာညာ ရေးဆက်သွယ်ကြည့်ပါ။ အကြောင်းပြန်လာမယ် ထင်သလား။ သိသူမဟုတ်ရင် ဆောရီးဘဲ။ လူကြားကောင်းအောင်လုပ်နေကြတာ။ အင်တာနက်ပေါ်ကနေ (စကိုက်ပေါ်ကနေ ဆွေးနွေးပွဲ)ဖိတ်ခေါ်တယ်။ ကျနော်အလုပ်ကခွင့်ယူပြီး ၀င်ဆွေးနွေးကြည့်တယ်။ တမိနစ်လောက်နေတော့ ဘလောက်လုပ်လိုက်တယ်။ နောက်မကြာဘူး အဲဒီဆွေးနွေးပွဲအပြီး ဘာအဖွဲ့ ညာအဖွဲ့ ဆိုပြီးဖွဲ့ကြတယ်။ ပြီးပျက်သွား အိယောင်ဝါး ပြီးသွားတာဘဲ။

အချုပ်အနေနဲ့ ၂၃-နစ်အချိန်တွေကုန်ခဲ့ပြီ။ ဘာမှဖြစ်မလာဘူးလို့ကို ပြောလို့ရနေပါတယ်။  တိုးတက်မှုအချို့ ရခဲ့ပါတယ်။ အတော်လေး ပေးဆပ်ပြီးမှ ရခဲ့တာပါ။  လမ်းပြမြေပုံဟာ ဒီပဲယင်း ပေးဆပ်မှုကြောင့် ပေါ်လာရတာပါ။ တခါအမျိုးသားညီလာခံကြီး ပြီးပါပြီဆိုတာကလည်း ရွှေဝါရောင်တော်လှန်ရေးနဲ့ ပေးဆပ်လိုက်ရတာပါ။ ဈေးပေါပေါနဲ့ ရခဲ့တာမဟုတ်ပါဘူး။ ရဟန်းရှင်လူ ပြည်သူတွေ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရတာပါ။ ဒီလိုဘဲ  တွေ့ဆုံဆွေးနွေးမှုဟာလဲ ရွှေဝါရောင်ပေးဆပ်မှုပါဘဲ။ တခုမှ ပေါပေါလောလောရခဲ့တာမဟုတ်ပါဘူး။

ဒီပုံစံအတိုင်း ဆက်သွားနေဦးမယ်ဆိုရင်တော့ န.အ.ဖ. သိပ်ပျော်နေပါမယ်။ အခု ဦးသိန်းစိန်အစိုးရမှာ ငွေပြတ်လပ်မှု ကြုံနေပါပြီ။ စီးပွားရေးညံ့တဲ့ အစိုးရကို စီးပွားရေးနဲ့ တိုက်ရပါမယ်  တခြားတိုက်ကွက်တွေထက် စီးပွားရေးနဲ့ မွှေရင် ထိကိုထိတာမို့ အဓိကထားပြောနေရတာပါ။  တခြားသူတို့ အားနည်းတာတွေ တပုံကြီးရှိပါတယ်။ သူတို့အားနည်းတဲ့ ဘက်ကို စစ်မျက်နှာဖွင့် တိုက်ရပါမယ်။ သူတို့အားသာဘက်ကို စစ်မျက်နှာဖွင့်ချင်သူတွေဟာ ဦးဏှောက်နည်းတာလား ရန်သူမြုပ်ထားတဲ့ ကိုယ့်ဘက်သားလား ဆိုတာကို လေးလေးနက်နက်ချင့်ချိန်ဖို့ အချိန်ကျနေပါပြီဖြစ်ကြောင်း သတိပေးရင်း။

ဆောင်းပါးရှည်သွားတာကို သည်းခံဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အချုပ်အနေနဲ့ ပြည်တွင်းက ပါတီကြီးတွေကိုဦးဆောင်နေတဲ့ ခေါင်းဆောင်ကြီးတွေ ပြည် ပကနေပြီး ဒေါ်လာကောင်းကောင်းရအောင် စွမ်းဆောင်နိုင်ကြတဲ့ ခေါင်းဆောင်ကြီးတွေ ကိုပြည်သူလူထုကိုယ်စား မေးချင်ပါတယ်။ မြန်မာ့နိုင်ငံရေး ဘယ်အချိန် အတိုင်းအတာ ဘယ်လိုဗျူဟာတွေ ချထားပြီး ဘယ်လမ်းလျှောက်လို့ ဘယ်ခရီးလဲ။  လူထုဘက်က လိုအပ်ချက်လား ကိုယ်ဘက်ကလိုအပ်ချက်လား။ တော်လှန်ရေး (REVOLUTION) နည်းနဲ့သွားမှာလား (EVOLUTION) တဖြည်းဖြည်းချင်း ပြောင်းမဲ့လမ်းလား ပြည်သူတွေကို တိတိကျကျ အသိပေးချိန်တန်ပါပြီ။

တကယ်လို့ တော်လှန်ရေးလုပ်မယ်ဆိုရင်လဲ လက်ရှိအစိုးရနဲ့ပူးပေါင်း ဆောင်ရွက်နေတာတွေရပ် စီးပွားရေးပိတ်ဆိုတာ ဆွဲကိုင် နိုင်ငံတကာခုံရုံး တင်နိုင်အောင်အပြတ်လုပ်။ လူထုတော်လှန်ရေးကို ဖေါ်နိုင်အောင်လုပ်။ လူထုလမ်းပေါ် ထွက်လာရင်လဲ ခေါင်းဆောင်တဦးတလေ လောက်တော့ ထွက်ခဲ့ကြပါဦး။ လူထုလှုပ်ရှားမှုတိုင်းမှာ တခါမှခေါင်းဆောင်တွေ မပါကြဘူး။

ပူးပေါင်းဆောင်ရွက်ပြီး တစတစပြောင်းယူမယ်ဆိုရင်လဲ ပူးပေါင်းပါ။ .ကိုယ့်မှာ အရည်အချင်းရှိထားရင် သူခိုးတွေ လူလိမ်တွေကို ယှဉ်ရမှာဘာမှ သိပ်ကြောက်နေစရာ မလိုပါဘူး။ အလကားအကောင်တွေပါ။  တကယ်တန်း ယှဉ်ရမယ်ဆိုရင် ဂုဏ်သိက္ခာကို ယှဉ်တာမျိုးတွေ ဆွဲထုတ်ပါ။ သူဟာနဲ့သူ ကျန်းမာရေးမကောင်းလို့ ဘာညာပြပြီး အမြှီးကုတ် ထွက်သွားကြမှာပါ။

အားလုံးကို လေးစားလျှက်

လှိုင်မြင့်

Posted: 12 Aug 2011 10:37 AM PDT
ယနေ့ ယနေ့ ၂၀၁၁ သြဂုတ်လ ၁၂ ရက်နေ့ နေ့လည် ၁း၀၅ အချိန်၌ ရန်ကုန်မြို့၊ အင်းလျားလမ်းရှိ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာ၌ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ ဒုတိအကြိမ် ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ (၁)နာရီကြာ တွေ့ဆုံ ဆွေးနွေးမှုအပြီး၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်မှ (ယခုအကြိမ် ထပ်မံတွေဆုံရာ၌ နှစ်ဦးနှစ်ဖက် ကျေနပ်မှုရရှိပါကြောင်း၊ ပြည်သူလူထုအတွက် ကောင်းကျိုးပြုရေးအတွက်ကို အလေးပေး ဆွေးနွေးခဲ့ပါကြောင်း) ပြောကြားခဲ့ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ (တွေ့ဆုံဆွေးနွေးမှုအတွက် ကျေနပ်ဝမ်းသာပါကြောင်း) ပြောကြားသွားခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်မှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နောက်ထပ်တွေ့ဆုံ ဆွေးနွေးရန် ရှိပါသေးကြောင်း ပြောဆိုသွားခဲ့ပါသည်ဟု သတင်းရရှိပါသည်။

သတင်း၊ ဓာတ်ပုံ.... ဒီမိုဝေယံ၊ ဒီမိုကောင်းကင်...
Posted: 12 Aug 2011 10:24 AM PDT

ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပထမဦးဆုံး သမ္မတကြီးစပ်ရွှေသိုက် (၁၉၄၈)Biography of Presidents and Prime Ministers of Burma 1948 1988
ဒေါင်းလုပ်လုပ်ရန်... http://www.mediafire.com/?ban6pmguzptrkeo
Posted: 12 Aug 2011 10:11 AM PDT
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610


Thursday, 11 August 2011

မြတ်လေးငုံ: ယနေ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှ ဧရာဝတီ အ...

ယနေ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှ ဧရာဝတီ အ...: "Irrawaddy Appeal"




ရင်ထဲကရှစ်ဆယ့်ရှစ် အပိုင်း (၃) (ဆောင်းပါးရှင် မောင်မောင်ဝမ်း)

Posted: 09 Aug 2011 11:10 AM PDT


ရင်ထဲကရှစ်ဆယ့်ရှစ် အပိုင်း (၃)
(ဆောင်းပါးရှင် မောင်မောင်ဝမ်း)

၁၉၈၈သြဂုတ်လ (၈)ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့.. ရှစ်လေးလုံး အရေးတော်ပုံဆိုတာ… တပါတီ အာဏာရှင်စနစ်ကနေ.. ဒီမိုကရေစီစနစ်ကို အကောင်ထည်ဖော်ဘို့.. တောင်းဆိုခဲ့ကြတဲ့.. လူထုတော်လှန်ရေးကြီး ဖြစ်တယ်။ မင်းမဲ့စရိုက်တွေနဲ့ ပရမ်းပတာဖြစ်ပျက်ခဲ့တဲ့.. ဆူပူအရေးအခင်းမဟုတ်...

ခေါင်းလောင်းသံ မဆုံးခင်မှာပဲ ကျနော်တို့ သုံးယောက်သား ကျောင်းထဲကို အပြေးဝင်သွားတယ်။ လုံခြုံရေးဆရာတ ယောက်က တံခါးပိတ်မလို့ ထအလာ… ဆရာက ကျနော်တို့ကို ကြည့်ပြီးကြောင်သွားတယ်။ ကျန်တဲ့ဆရာနှစ်ယောက်က ထလာပြီး ကျနော်တို့ကို လိုက်တားတယ်။ "ဟာ..ဟာ.. ဘာလုပ်ကြမလို့လည်း ခလေးတို့… ဘာလုပ်ကြမလို့လည်း…." ဆရာ့အော်သံကို ကျနော်တို့ နားစွန့်မနေနိုင်ဘူး.. ကျနော်တို့ သုံးယောက်လုံး ကျောင်းအပေါ်ထပ် ပြေးတက်သွားခဲ့တယ်။ ကျောင်းအုပ်ဆရာကြီး ရုံးခန်းနားရောက်တော့… ကျောင်းအုပ်ကြီးနဲ့ ရုံးစာရေးတယောက်က မတ်တပ်ရပ်လို့ ရုတ်တရက် ဆိုတော့သူတို့လည်း ကြောင်သွားပုံရတယ်။ ကျနော်က "တယ်လီဖုန်း ဘယ်မှာလည်းဗျ" ဆိုတော့… ရုံးစာရေးလုပ်တဲ့ သူကလက်ညှိုး လှမ်းထိုးပြလိုက်တယ်။ ကျနော်အပြေးအလွှား သွားပြီး ပါလာတဲ့ ဓါးမြှောင်နဲ့ ဖုန်းကြိုးကို ဖြတ်ပစ်လိုက်တယ်။ မြို့နယ်ပညာရေးမှုးရုံးကလည်း ကျောင်းအပေါ်ထပ်မှာ ကျနော် ပညာရေးမှုးရုံးခန်းဆီကို တခါအပြေးဝင်သွားတယ်။ ကျနော်ဝင်သွားတော့.. ရုံးခန်းက ၀န်ထမ်းတွေက… မတ်တပ်လေးတွေရပ်ပြီး.. ဘာလုပ်ရမှန်းမသိဘူး.. သူတို့စိတ်ထဲ ဘာတွေ ဖြစ်နေတာလည်းကို မသိတာ…. စောစောကလိုပဲ ဖုန်းကိုလိုက်ရှာပြီး ကြိုးကို ဖြတ်ပစ်လိုက်တယ်။ အဲဒီအချိန်မှာ.. သက်နိုင်နဲ့ ကျော်ဆန်းဦးက ကျောင်းဆောင် အပေါ်ထပ် ဆရာ၊ ဆရာမများ နားနေရာအခန်းမှာ.. တရားတွေဟောလို့…

"ဆရာ၊ ဆရာမတို့ခင်ဗျား… အခုချိန်ကစလို့.. ကျနော်တို့ လူထုတော်လှန်ရေးကြီး စပါပြီ…။ ဆရာတို့ဆရာမတို့ဟာ ကျနော်တို့ဆရာတွေပါ.. အားတော့နာပါတယ်။ ဒါပေမဲ့… ဆင်းရဲတွင်းနက်နေတဲ့… ပြည်သူလူထုကြီး အတွက် လုပ်သင့် လုပ်ထိုက်တာဖြစ်လို့.. ကျနော်တို့ကို နားလည်ပေးပါ…." ကျော်ဆန်းဦးက လက်သီးလက်မောင်း တန်းပြီး တရားဟောနေတော့… ဆရာဆရာမတွေလည်း ဘာမှပြန်မပြောကြဘူး.. ငုတ်တုတ်လေးတွေ ထိုင်ပြီး.. ကျနော်တို့ကို ကြောင်စီစီလေးတွေ ကြည့်နေကြတယ်။ ကျနော်က ကျောင်းအောက်ကို တချက် လှမ်းကြည့်လိုက်တော့ ကျောင်းရှေ့ ကွင်းပြင်လယ်မှာ ရန်ကုန်စက်မှုတက္ကသိုလ်က ကိုကံတင်နဲ့ ကျော်စွာတို့ အုပ်စုက ခွပ်ဒေါင်းအလံကို လွှင့်ပြီး ကြွေးကြော်သံတွေတိုင်လို့…

တပါတီအာဏာရှင်စနစ်ဖြုတ်ချရေး--------- တို့အရေး…တို့အရေး
ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး----------- တို့အရေး---တို့အရေး
ဒီမိုကရေစီရရှိရေး------------------တို့အရေး---တို့အရေး
အရေးတော်ပုံ-----------------အောင်ရမည်၊ အောင်ရမည်။

ဒါပေမယ့် ကျောင်းသားအင်အားက ဘာမှမရှိဘူး… ကွင်းပြင်အလယ်မှာ အယောက် နှစ်ဆယ်လောက် ငုတ်စုစုလေး အော်နေကြတာ။ ကျနော်တော်တော် အားငယ်သွားတယ်။ ဒါနဲ့ကျနော်တို့ ကျောင်းအောက်ထပ်ကို ပြန်ဆင်းလာကြပြီး စာသင်ခန်းထဲကို ၀င်တယ်။ ကျောင်းသားတွေကို ၀င်ပြီးတရားဟောတယ်။ တခြားအဆောင်တွေမှာလည်း… ကျနော်တို့ရဲဘော်တွေက.. စာသင်ခန်းတွေထဲဝင်.. ကျောင်းသားတွေကို ကွင်းလယ်ထွက်ခဲ့ဘို့ ပြောတယ်။ ဒါပေမဲ့ ကျောင်းသားတွေက ကြောက်နေကြပြီး ဘယ်သူမှထွက်မလာဘူး။ ကျောင်းရှေ့ကို လှမ်းကြည့်လိုက်တော့… ကျော်လင်းတို့အုပ်စုက တံခါးမကြီးကို သူတို့ယူလာတဲ့ သံကြိုးတွေနဲ့ ချည်ပြီး ပိတ်ထားလိုက်တယ်။ တံခါးမကြီးရဲ့ တဘက် ကျောင်းဝန်း အပြင်ဘက်မတော့… အစုလိုက်အပြုံလိုက် လူထုကြီး…။ နောက်မှသိရတာက… ကျနော်တို့ သတ်မှတ်ထားတဲ့ အချိန်ကိုက် နာရီကို ရောက်တာနဲ့  တပြိုင်နက်ထဲ… မြို့ထဲမှာ တာဝန်ယူထားတဲ့ သူတွေက… သတင်းစကားတွေကို လိုက်ဖြန့်ကြတယ်။ ဖြစ်ချင်တော့… ကျနော်တို့ထဲက တယောက်ဖြစ်တဲ့ မြင့်ငွေ (ယခု NDFပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)က လမ်းတလျှောက် အော်ပြေးတယ်လေ…။

" အထက (၁) မှာ သူပုန်တွေဝင်စီးလို့ဗျို့ အထက (၁) မှာ သူပုန်တွေဝင်စီးနေပြီ " ဆိုတော့… မြို့နေလူထုက ထိတ်လန့်သွားပြီး.. သူတို့သားသမီးတွေရှိရာ ကျောင်းဆီကို တဟုန်ထိုးရောက်လာကြ တယ်… ကျောင်းဝန်းပြင်ပမှာသာ လူထုကြီးက ရောက်နေတာ… ကျောင်းဝန်းအတွင်းမှာက ဘာမှမရှိသလောက်နီးပါး။ ကျနော်တို့ စိတ်ဓါတ် တော်တော်ကျသွားကြတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး။ ပြာယာခတ်နေ ကြပြီ… သက်နိုင်က ကျနော့်ကိုကြည့်ပြီး.. မျက်နှာအမူအရာနဲ့… ဘာဆက်လုပ်ကြမလည်းပေါ့။ ကျနော့်ခေါင်းထဲ အကြံတခုဝင်လာတယ်… ဘာမှ ပြောမနေတော့ဘူး။ ကျောင်းအပေါ်ထပ်ကို ပြေးတက်သွားပြီး.. ခေါင်းလောင်းရှိ ရာကို သွားတယ်။  ပြီးတော့..ခေါင်းလောင်းကို အဆက်မပြတ်တီးတော့ ကျောင်းအုပ်ဆရာကြီးက ကြောင်ပြီး ကြည့်နေတယ်။ စာသင်ခန်းတွေဆီက ကျောင်းသားတွေက.. တကယ် ကျောင်းဆင်းတယ်ထင်ပြီး အကုန်ထွက်လာကြတယ်။ အဲဒီအခါကြမှ ကျောင်းသားတွေက ကွင်းလယ်ကိုစုရုံး ရောက်ရှိလာပြီး.. ကျနော်တို့လူတွေနဲ့ ပေါင်း စည်းမိသွားတော့တယ်။ ခွပ်ဒေါင်းအလံတော်ကို ရှေ့က ငွားငွားစွင့်စွင့် ကိုင်သူကကိုင်နဲ့ စနစ်တကျ တန်းဆီထွက်ဘို့ လိုက်ပြောအပြီးမှာတော့ ငါးယောက်တတွဲ တန်းစီပြီး ကျောင်းထဲကနေ ထွက်လာတော့တယ်။ ကျောင်းဝန်းအပြင်က စောင့်ကြည့်နေကြတဲ့ လူထုကြီးက အဲဒီအခါကြမှ သဘောပေါက်တယ်ထင်ပါရဲ့။ လက်ခုပ်သံတွေ.. မိုးထိယံနေအောင် တီးလို့ အားပေးကြရင်း သူတို့ပါ စီတန်းဆန္ဒပြတဲ့ အထဲမှာ ပါလာကြတယ်လေ။ ဘေးမှာရှိတဲ့ ကျောင်းသားတယောက်က ကျနော့်ကို လက်ကိုင်ပုဝါတထည် လှမ်းကမ်းတယ်။ သူကိုယ်တိုင်လည်း မျက်နှာမှာစည်းထားတော့ စိတ်ထဲမှာ.. သူ့များဒီလိုလုပ်ရမယ်လို့ ဘယ်သူကများ ပြောထားပါလိမ့်ပေါ့ ဒီလိုနဲ့နေရာတနေရာ အရောက်မှာ ပထမဆုံး လူထုနိုင်ငံရေး တရားပွဲစကျင်းပတယ်။ လူတွေက စားပွဲခုံတလုံး ထုတ်ပေးတော့ ကျနော်က အဲဒီအပေါ်တက် ဦးထုပ် အမဲတလုံးကိုလည်း ခေါင်းမှာဆောင်း… လက်ကိုင်ပုဝါကိုလည်း.. မျက်နှာမှာ စည်းထားရင်း (ရုပ်ဖျက်တာ) နိုင်ငံရေးတရားတွေကို အားနဲ့မာန်နဲ့ဟောတာပေါ့...

"ပြည်သူလူထုကြီးခင်ဗျား….. ကျနော်တို့ဟာ တက္ကသိုလ်ကျောင်းသားတွေပါ… အခုဒီနေ့ကစလို့ ကျနော်တတွေ ဦးဆောင်မှုနဲ့… တပါတီအာဏာရှင် မဆလအစိုးရ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရ)ကို လူထုအုံကြွမှုနဲ့ တော်လှန်လိုက်ပါပြီ…….."

ဖြောင်း… ဖြောင်း… ဖြောင်း…. ဖြောင်း…. လူထုကြီးရဲ့ လက်ခုပ်သံတွေ ထွက်ပေါ်လာတယ်။
"ဘာလို့ တော်လှန်ရသလဲ ဆိုရင် ပြည်သူလူထုကြီး သိတဲ့အတိုင်းပဲ.. ကျနော်တို့နိုင်ငံဟာ ဆင်းရဲတွင်း နက်သထက်နက်လို့ နေပါပြီ။ ဒါဘယ်သူ့ကြောင့် ဒီလိုဖြစ်နေတယ်လို့ ထင်ပါသလဲ...

" ခွေးသူတောင်းစား အစိုးရကြောင့် ဒီပါတီ၊ ကောင်စီတွေကြောင့်….."
"ဟုတ်တယ်… လက်ရှိအစိုးရကြောင့် ဒါ့ကြောင့် ဒီအစိုးရကို ကျနော်တို့အားလုံး ဖြုတ်ချပစ်ရမယ်။ ဒီမိုကရေစီစံနစ်ကို ထူထောင်ရမယ်…… အားလုံး သဘောတူပါသလား ခင်ဗျား----"

"တူပါတယ်….တူပါတယ်…တူပါတယ်.."
"ကျနော်ပြောချင်တာ ဒီလောက်ပါပဲ။ ကျနော်တို့ လူထုကြီး ဆက်လက်ပြီး စီတန်းလှည့်လည်ရင်း ဆန္ဒတွေကို ထုတ်ဖော်ကြမယ်။ ကျနော်တို့နဲ့အတူ လိုက်ခဲ့ကြပါ.."
"လိုက်မယ် လိုက်မယ် ဖြောင်း… ဖြောင်း… ဖြောင်း….. ဟေ့ဒါမှ… တို့ရွာသစ်သား… မောင်မောင်ဝမ်းကွ.. ရွာသစ်သားကွ…."

ဟာသွားပြီ.. ကျနော်တော်တော် ရယ်ချင်သွားတယ်။ ရွာသစ်ဆိုတာ ကျနော်နေတဲ့ ရပ်ကွက်. ကျနော်ကမသိအောင် ရုပ်ဖျက်ထားကာမှ.. ကျနော့်နာမည်ကို ထုတ်အော်နေကြတော့.. မထူးတော့ပါဘူး.. မျက်နှာမှာ စည်းထားတဲ့ လက်ကိုင်ပုဝါရော ဦးထုတ်ရော ဆွဲချွတ်ပစ်လိုက်တယ်။ လူအုပ်ကြီးက များသထက် များလာပြီ။ ကျောင်းသား တယောက်က ကြွေးကြော်သံ ရှေ့က တိုင်ပေးတယ်။
" တပါတီအာဏာရှင် မဆလအစိုးရ ဖြုတ်ချရေး------တို့အရေး..တို့အရေး"

"ဒီမိုကရေစီရရှိရေး----တို့အရေး…တို့အရေး"
"ကျောင်းသား ကုလသမဂ္ဂဖွဲ့စည်းရေး တို့အရေး… တို့အရေး"
"အရေးတော်ပုံ….အောင်ရမည်…အောင်ရမည်"

ဟာသွားပြီ ကျနော်အပြေးအလွှား လှမ်းပြောလိုက်ပေမယ့် မမှီလိုက်တော့… ဘယ်နဲ့ ကျောင်းသား ကုလသမဂ္ဂ ရမှာလည်း ကျောင်းသားသမဂ္ဂ… ကျောင်းသားသမဂ္ဂ… ကျနော်က သူ့ကိုရှင်းပြလိုက်တော့မှ….

"ဟုတ်လားအကို…ကျနော်က ကျောင်းသား ကုလသမဂ္ဂထင်နေတာ…ကျနော်ပြန်ပြင်အော်ပါ့မယ်…"


လမ်းဘေး တလျှောက်မှာလည်း အားပေးနေကြတဲ့ လူထုပရိတ်သတ်ကြီးက အားရစရာ…. ရေတိုက်သူကတိုက်.. မုန့်တွေပေးသူကပေး…. လက်ခုပ်တီးသူကတီး…. ဒီလိုနဲ့မြို့ထဲ တနေရာရောက်တော့…..

"ကုလားဗလီ မီးရှို့ကြမယ်ဟေ့ ကုလားတွေ လိုက်ရိုက်… ကုလားဆိုင်တွေ ဖျက်ကြ…."ဆိုတဲ့ အသံတွေက စူးထွက်လာတယ် လူတွေအားလုံး စနစ်တကျ စီတန်းလှည့်လည် လာရာက ၀ရုန်းသုံးကားတွေ ဖြစ်ကုန်ကြတယ်။ ဒါနဲ့ ကျနော်က ကျောင်းသားတွေအားလုံးကို အပြေးအလွှား လိုက်ခေါ်ပြီး မွတ်စလင် ဗလီသွားရာ လမ်းသွယ်ထိပ်ကနေ တယောက်ကို တယောက် လက်ချင်းယှက် ပိတ်ထားလိုက်တယ်။ စားပွဲခုံတလုံးကို အမြန်ယူခိုင်းပြီး ခုံပေါ်တက် စကားပြောရပြန်တော့တယ်။

"ပြည်သူလူထုကြီးခင်ဗျား… ကျနော်တို့တတွေဟာ.. ဘာသာရေး ဆန့်ကျင်မှုအတွက် အခုလို ဆန္ဒပြပွဲကို ဖော် ဆောင်နေတာ မဟုတ်ပါဘူး။ ကျနော်တို့ဟာ.. လက်ရှိတပါတီ အာဏာရှင် မဆလအစိုးရကို ဆန့်ကျင် တော်လှန်နေတာပါ။ ဒါ့ကြောင့်အခုလို… မွတ်စလင်ဗလီများကို ဖျက်စီးဘို့ဆိုတဲ့ ကိစ္စကို မပြုလုပ်ကြဘို့ အနူးအညွတ် မေတ္တာရပ်ခံပါတယ်။ အာဏာရှင်တွေဟာ သူတို့ကိုဆန့်ကျင်တဲ့ ကိစ္စတွေ အာရုံအလှည့်အပြောင်း ဖြစ်သွားအောင်… လူမျိုးရေး အဓိကရုန်းတွေကို ဖန်တီးလေ့ရှိပါတယ်။ တကယ်လို့ ကျနော်တို့အားလုံးက ဘာသာရေး၊ လူမျိုးရေး၊ အဓိကရုန်းကို ပြုလုပ်လိုက်မယ်ဆိုရင်…. အစိုးရ အကြိုက် ဖြစ်သွားပါလိမ့်မယ်။ အစိုးရအကြိုက် အဖြစ်ခံတော့မှာလား "


" အဖြစ်မခံနိုင်ဘူး… ဒီခွေးသားတွေ အကြိုက် အဖြစ်မခံနိုင်ဘူး… ဆက်ချီတက်ကြမယ် "

လက်ခုပ်တွေကို တဖြောင်းဖြောင်းတီးရင်း ဆက်ချီတက်ခဲ့ကြတယ်။ မြို့မြောက်ဖျားဘက် ရောက်သည့်တိုင် အောင် လူထုဆန္ဒပြပွဲကြီးကို ကျင်းပခဲ့ကြတယ်။ တခါမြို့ထဲဘက်ကို ပြန်လှည့်လာခဲ့တယ်။ ကျနော်တို့အားလုံးက သပိတ်စခန်း အမာခံထိုင်မယ့် နေရာကို လျှို့ဝှက်ထားတယ်။ တကယ်လို့ ဒီလိုမလုပ်ပဲ ကြိုတင် ကြေငြာလိုက်မယ်ဆို.. အာဏာပိုင်တွေက လက်နှက်ကိုင်တွေနဲ့ စီးစောင့်နေမှာကို ကာကွယ်ထားတဲ့ သဘောပါ။

သပိတ်စခမ်းအမာခံ ထိုင်မဲ့နေရာက မြို့လယ်နားမှာရှိတဲ့.. လည်ပေါ်(လယ်ပေါ်) သာသနာ့ဗိမ္ဗာန်… ဒီနေရာက သမိုင်းရှိခဲ့တဲ့နေရာ တို့ဗမာ အစည်းရုံးကြီး ပြည်လုံးကျွတ်ညီလာခံ ကျင်းပခဲ့တဲ့နေရာ…. ဗိမ္ဗာန်ကြီးကလည်း တော်တော်ကြီးတယ်။ ဘေးပတ်လည်ကလည်း ရပ်ကွက်တွေ အိမ်တွေ ၀န်းရံထားတော့… လက်နှက်ကိုင်တွေ တော်ယုံဝင်ဘို့ မလွယ်ဘူး လည်ပေါ်သာသနာ့ဗိမ္ဗာန်ကို ၀င်မဲ့ လမ်းသွယ်ထိပ်ကို ဆန္ဒပြလူအုပ်ကြီး ရောက်တယ်ဆိုရင်ပဲ…. ကျောင်းသားတွေအားလုံးက လမ်းကြောင်း ပေးလိုက်ကြတယ်။ အဲဒီ့နေရာမှာ အမာခံ သပိတ်စခန်း ထိုင်မယ်ဆိုတဲ့ သတင်းကိုလည်း အားလုံးသိအောင် ဖြန့်ဝေလိုက်တယ်။ သာသနာ့ဗိမ္ဗာန်ထဲကို လူထုကြီးရောက်တော့… တော်တော် မောနေကြပြီ… မြို့တပတ်ဆိုတာ နည်းတဲ့အကွာဝေးမှ မဟုတ်တာ… ရပ်ကွက်ထဲမှာရှိတဲ့ သူတွေက သောက်ဖို့..ရေတွေကို ပလပ်စတစ်ပုံးတွေ..ရေအိုးတွေနဲ့ အဆက်မပြတ် သယ်လာရင်း… လာတိုက်ကြတယ်။ ခနနေတော့ လူထုထဲကပဲ သူတို့ဖာသာ သူတို့မိုက်ကရိုဖုန်းတွေ လော်စပီကာတွေ သယ်လာကြတယ်။ မမောနိုင် မပန်းနိုင် အသံချဲ့စက်တွေဆင်.. နေရာတွေချပေါ့။

လူစုမခွဲဘို့ ကျောင်းသားတွေကေ မတ္တာရပ်ခံထားတော့… လူအုပ်ကြီးက ကွဲမ သွားဘူး…။ ဒီလိုနဲ့ နေ့လည်(၁)နာရီ လောက်ကနေ. သာသနာ့ဗိမ္ဗာန်ထဲမှာ.. အထိုင်သပိတ်စခန်း နိုင်ငံရေး တရားပွဲကို ကျင်းပကြတော့ တယောက်ပြီး တယောက် စင်ပေါ် တက်ပြောတော့တာပဲ။ လူထုရဲ့ ရင်ဖွင့်သံ အသီးသီးကို ကြားနေရပြီ…။

"ကျမမှာ သားသမီး ၅ယောက်ရှိပါတယ်။ ယောကျာင်္း ဆုံးသွားတာ… ၁၂နှစ်လောက်ရှိပါပြီ။  ကျမကအကြော်ရောင်းပြီး သားသမီးတွေကို စောင့်ရှောက်လာခဲ့တာ.. ကျမမှာဝင်ငွေနဲ့… ထွက်ငွေ မလောက်ပါဘူးရှင်.. မနှစ်က သမီး အငယ်ဆုံးလေးဖျားလို့ ဆေးရုံသွားပို့တာ… ကျမတို့မှာ.. ဆေးကုစရာ ပိုက်ဆံကလည်းမရှိ..  ဘယ်သူကို အားကိုးရမှန်းလည်း မသိ…. သောကတွေ ဝေခဲ့ရပါတယ်… ဒါပေမဲ့..ကျမသမီးလေး အသက်မရှင်ရှာပါဘူး။ ဒီဘ၀မှာ ကျမတို့မိသားစု ဘယ်သူ့ကို အားကိုးရတော့မှာလည်း…. ဟီး….ဟီး" ချုံးပွဲချ ငိုကြွေးရင်း ရင်ဖွင့်သွားတဲ့ အမျိုးသမီးတဦးရဲ့ ခံစားမှု။

"အလုပ်လုပ်တိုင်းသာ ချမ်းသာရစတမ်းဆို… ကျုပ်ချမ်းသာတာကြာပြီဗျ…. ကျုပ်ကဆိုက်ကားနင်းတယ်…. အားတဲ့အချိန် ၀ါသနာပါတဲ့… စာလေးပေလေး ဖတ်တယ်။ ကျုပ်ရဲ့အလုပ်လုပ်ချိန်ဟာ တနေ့ကို ၁၀နာရီလောက်ရှိတယ်။ .တနေ့တနေ့စားဘို့ကို မနည်း ရုန်းကန်နေရတယ်...။ ဒါတောင် မတ်တပ်စာပဲ ရှိသေးတယ်နော်..  …တုန်းလုံးစာ… (နေထိုင်မကောင်းလို့ ဆေးကုသရမဲ့စရိတ်) တပြားမှမရှိဘူး။ နေမကောင်းလို့ ဆေးရုံသွားမယ်… ဘယ်မှာလည်းဆေး… အလုပ်မလုပ်နိုင်လို့.. စားစရာမရှိရင်.. ဘယ်သူက လာကျွေးမှာလည်း… ဒီစနစ်ဆိုးကြီးကို ကျုပ်မကြိုက်ဘူးဗျာ… အားလုံး တော်လှန်ပစ်ကြမယ်….။

ဒီလိုနဲ့ ညနေ နည်းနည်းစောင်းသွားတော့…. စီတန်းလှည့်လည်ဆန္ဒပြပွဲကို ဆက်လို့ဖို့.. ဆုံးဖြတ်လိုက်တယ်။ ကျနော်က တချို့လူတွေကို မေတ္တာရပ်ခံပြီး သပိတ်စခန်းမှာ စောင့်ကျန်ရစ်ခဲ့တယ်။ ဘာလို့လည်းဆိုတော့… လူတွေအားလုံး ထွက်ခွာသွားတဲ့အခါ.. အာဏာပိုင်တွေက… သပိတ်စခန်းကို ၀င်သိမ်းသွားမှာကိုလည်း စိုးရိမ်ရ သေးတယ်။ ကျန်တဲ့ ကျောင်းသားတွေ ခေါင်းဆောင်ပြီး… လူထုဆန္ဒပြပွဲကို ဆက်လက် လုပ်ဆောင်ခဲ့တယ်။ ညနေ၆နာရီလောက်လည်း ရောက်ရော… သတင်းဆိုးတခုက ၀င်လာတယ်… ဆန္ဒပြပွဲကို အာဏာပိုင်တွေက ဖြိုခွင်းနေပြီ။ အခုဆန္ဒပြသမားတွေ.. ပိတ်မိနေပြီ… သေနတ်နဲ့လည်း ပစ်တာ… တယောက် သေသွားတယ်လို့ ကြားတယ်….။ ကျနော် တော်တော်စိုးရိမ်သွားတယ်… စိတ်တွေလည်း အရမ်းလှုပ်ရှားနေပြီ… မတတ်နိုင်ဘူး။ ကျန်ရစ်ခဲ့တဲ့သူတွေကို ဦးဆောင်ပြီး နောက်ကနေ လိုက်သွားခဲ့တယ်။ မြို့ထဲတလျှောက်မှာလည်း.. လူထုကိုလှုံ့ဆော်ရင်း… ပိတ်မိနေတဲ့ နေရာစီ ချီတက်လာတော့… တနေရာအရောက်မှာ… လူတွေက ၀ိုင်းတားတယ်။ ရှေ့ဆက်မသွားနဲ့ ပစ်လိမ့်မယ်… အကြောင်းမဲ့ အသေမခံကြပါနဲ့။ သပိတ်စခန်း မကျအောင်သာ ကာကွယ်ကြအောင်ပါ… ဆိုတော့ ကျနော်တို့ နောက်ကြောင်း ပြန်လှည့်လာခဲ့ကြတယ်။

ရွှေဘုံသာရပ်ကွက်နေ.. ဖိုးချိုဆိုတဲ့သူ သေနတ်နဲ့ အပစ်ခံရတာ ပွဲချင်းပြီး သေသွားတယ်။ သုံးဦးလောက် ဒဏ်ရာရတယ်... လူထုကြီးက.. အာဏာပိုင်တွေ စီးလာတဲ့ကားကို အတင်းလုယူပြီး မီးရှို့ပစ်လိုက်ကြတယ်...။ လူအုပ်ကြီးက ယူကြုံးမရ ဖြစ်နေပြီ။ ဒေါသတွေ ပေါက်ကွဲနေပြီ… ဒါပေမယ့် အမာခံသပိတ်စခန်းကိုတော့ မကျရအောင် ပြန်လှည့်ကာကွယ်ဘို့ ပြန်လာရာကနေ.. ရဲစခန်းတခုရှေ့လည်း ရောက်ရော… လူအုပ်ကြီးက ရဲစခန်းဝင်းထဲက.. အဆောက်တဦတခုကို မီးရှို့ပစ်လိုက်တယ်လေ… လူအုပ်ကြီးကို ကျနော်တို့ မထိန်းနိုင်တော့ဘူး။ ဘာတတ်နိုင်မှာလည်း… ကျနော်တို့ ဘယ်လိုမှ မတားဆီးနိုင်တော့ဘူး။

ညဘက်၈နာရီ သတင်းမှာတော့… ဆူပူအကြမ်းဖက် ဆန္ဒပြသူလူတစုက ကားကိုမီးနဲ့ရှို့လို့ သေနတ်နဲ့ ပြန် လည် ပစ်ခတ်တာ လူတဦး သေဆုံးသွားတယ်ဆိုတာ ပါလာတယ်။ ကျနော်တို့တတွေ ဒေါသထွက်လိုက်တာ မပြောပါနဲ့..တကယ်က..  သေနပ်နဲ့ပစ်တာ..လူတဦးသေလို့… လူထုကကားကို မီးနဲ့ရှို့လိုက်တာ။ ပြောင်းပြန် ကြေငြာသွားတယ်။ အစိုးရရဲ့မသမာမှုနဲ့  လိမ်ညာမှု့ကို အားလုံးက သဘောပေါက်သွားကြပြီ။ အဲဒီနေ့က လူတွေတော်တော် များများ ဒေါသတွေ ထွက်ကြတယ်…။ ကြေကွဲကြတယ်။ ဘာပဲဖြစ်ဖြစ် သပိတ်စခန်းကို အာဏာပိုင်တွေ ၀င်မစီးနင်း နိုင်အောင်တော့ ကာကွယ်ရမယ်။ သပိတ်စခန်းတည်ရှိရာ.. ဆုံတိုက်ရပ်ကွက်သူ၊ ရပ်ကွက်သားတွေအပါဝင် လူတွေက နိုးနိုးကြားကြားနဲ့ ၀ိုင်းဝန်း ကာကွယ်ကြတယ်လေ…
အပိုင်း ( ၄ ) ဆက်ပါဦးမည်
အားလုံးကိုလေးစားစွာဖြင့်
(မောင်မောင်ဝမ်း)
 ဒီမိုဝေယံ . Email delivGoogle


တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် အပစ်အခတ်ရပ်စဲရေးဦးစားပေးပါ

Posted: 09 Aug 2011 08:36 AM PDT

ရန်ကုန်၊ သြဂုတ် ၉၊ ၂၀၁၁ (YPI) - မြန်မာနိင်ငံ၏တိုင်းရင်းသားအရေးကိစ္စပြေလည်ရန် အပစ်အခတ်ရပ်စဲရေးကို ဦးစားပေး လုပ်ဆောင်ဖို့လိုအပ်ကြောင်း ဟောင်ကောင် City တက္ကသိုလ်မှ တွဲဘက်ပါမောက္ခဒေါက်တာကျော်ရင်လှိုင်က သြဂုတ်လ ၆ရက်နေ့တွင်ပြောကြားသည်။

ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုမြန်မာနိင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ( Union of Myanmar Federation of Chambers of Commerce and Industry – UMFCCI) တွင်ပြုလုပ်သည့် ဘာသာရပ်ဆိုင်ရာပညာရှင်များ၏ဟောပြောပွဲတွင်Making Democrcy Works (ဒီမိုကရေစီ အသက်ဝင်ခြင်း) ခေါင်းစဉ်ဖြင့် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

လူပုဂ္ဂိုလ်ပေါ်အခြေခံထားသော အပစ်အခပ်ရပ်စဲရေးကို ငြိမ်းချမ်းရေးဟု ခေါင်းစဉ်တပ်ခဲ့ကြောင်း ယခု ကိုယ်ကျိုး စီပွားများ၊ အဖွဲ့အစည်းများ၏အကျိုးစီးပွားများ အမျိုးသားခံစားခွင့်များ မတူညီသည့်အခြေအနေတွင် ခိုင်မာသောငြိမ်းချမ်းရေး မရှိနိင်ကြောင်း ဒေါက်တာကျော်ရင်လှိုင်က ပြောကြားသည်။

စစ်အစိုးရခေတ်နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း နိုင်ငံရေးအရလုပ်နိုင်ခဲ့သည်မှာ တိုင်းရင်းသားအဖွဲ့ အစည်းများ နှင့် အပစ်အခတ်ရပ်စဲရေး၊ အာဆီယံအသိုင်းဝိုင်းထဲသို့ဝင်ခွင့်ရခဲ့ခြင်းသာရှိခဲ့ကြောင်း အဆိုပါ ဟောပြောပွဲသို့ တက်ရောက်ခဲ့သူရှစ်လေးလုံးမျိုးဆက်တစ်ဦးက သုံးသပ်သည်။

ပြည်တွင်းစစ်ကို ပိုးမွေးသလိုမွေးမြူနေခဲ့ကြသူများတွင် ဦးနု၊ဦးနေ၀င်း၊စစ်အစိုးရတို့သည် အတူတူ ပင် ဖြစ်ကြောင်း၊ စစ်အစိုးရအနေဖြင့် ပြည်ပကျူးကျော်မှုမရှိချိန်တွင် ပြည်တွင်းစစ်ကို အကြောင်း ပြူပြီး စစ်အင်းအားတို့ချဲ့ကာပြည်သူများကို ဖိနှိပ်ရန်လက်နက်များတပ်ဆင်ခွင့်ရနေကြောင်း အသက်၄၅ နှစ်အရွယ် ရှမ်းတိုင်းရင်းသားတစ်ဦးကပြောသည်။


Yangon PressInternational



Email delivery powered by Google


Fwd: ဒေါင်းမာန်ဟုန်


ဧရာဝတီ မြစ်ဆုံမှာ ရေကာတာဆောက်ရင် ဒီရုပ်ရှင်ကားထဲကလိုဖြစ်သွားမယ် (ရုပ်/သံ)

Posted: 11 Aug 2011 12:50 AM PDT

Up the Yangtzi ဆို တဲ့ Documentary Films လေး ကို ကြည့် ဖို့  ညွှန်းချင်ပါတယ်။

Yang Tzi - ယန်ဇီမြစ် ( တရုတ်လို ယန်ကျဇ်ကျန်း၊ ချန်ကျန်း ) လို့ ခေါ် တဲ့ တရုတ်ပြည်မကြီးမှာ ရှိတဲ့ မြစ်တစ်စင်းအကြောင်းရိုက်ကူးထားတဲ့ မှတ်တမ်းကားလေး တစ်ကားဖြစ်ပါသည်။

မြစ်အပေါ် ပိုင်း မှာ The Three Gorges Dam လို့ ခေါ်တဲ့ ရေကာတာ အကြီးကြီး တခု တည်ဆောက်လိုက်လို့  မြစ်အကြေ မှာ ရှိတဲ့ ရွာတွေ မြို့ တွေ တိမ်ကော ပြီး၊ လူနေမှုဘ၀ တွေ ကို ပြောင်းလဲသွားတဲ့ အကြောင်း ကိုရိုက်ကူးထားပါသည်။

အဓိကဇာတ်ဆောင် ဖြစ်တဲ့ ကောင်မလေး Cindy Shui ရဲ့ မိသားစုဘ၀ ကို ရိုက်ကူးပြသရာ မှာ ဆည်ကာတာ တည်ဆောက်ခြင်းကြောင့်နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်တဲ့ မြစ်အောက်ပိုင်း မှာ မြစ်တိမ်ကောသွားလို့  မိသားစု လက်ငုတ်အလုပ်ဖြစ်တဲ့ စိုက်ပျိုးရေး မအောင်မမြင်ဖြစ်ပီး ငတ်ပြတ်မွဲတေ ပုံ၊ ကျောင်းဆက်မတက်နိုင်လို့  မြစ်အသေ ထဲမှာ ပြေးဆွဲနေတဲ့  ကမ္ဘာလှည့်ခရီးသည်တွေ အတွက်ဖွင့်လှစ်ထားတဲ့ သင်္ဘောပေါ် မှာ အလုပ်သွားလုပ်ရပုံ၊ မိသားစုနဲ့ ကွေကွင်းရပုံတွေ ကို တင်ပြထားပါသည်။

The Three Gorges Dam -ရေအားလျှပ်စစ် ရေကာတာ တည်ဆောက်ခြင်းဖြင့် သူတို့ မိသားစု နေထိုင်ရာ သူတို့ ရွာ၊ အနီးအနားမြို့ တွေ တိမ်ကောသွား ပြီး ၊ မြစ်ကမ်းဘေးမှ အောက်ခြေလူတန်းစား အတွက် ဘာ အကျိုးကျေးဇူးမှ မခံစားရ ပဲ ဆင်းရဲတွင်း နက်သထက်နက် ကုန်ပါသည်။

တရုတ်နိုင်ငံလို မိမိပြည်သူတွေအတွက် တောင်မငဲ့ကွက်တဲ့ နိုင်ငံလိုမျိုး ကို သွားပြီး ဧရာဝတီ မြစ်ဆုံ မှာ ရေကာတာ၊ ရေအားလျှပ်စစ် စက်ရုံ လာမတည်ဆောက်ပါနဲ့ လို့ သွား ပြီး မေတ္တာရပ်ခံ လို့ ရမည် မဟုတ်ပါ။ လက်မှတ်ရေးထိုးစရာ ရှိသည်များ ကိုလည်း ရေးထိုးချုပ်ဆိုထားပြီဖြစ်လို့  သူတို့ ဖက် က အသာစီးမှာ ရှိပါသည်။

တိုင်းပြည် ၏ ရတနာ၊ ရာဇ၀င်များ ၏ သတို့ သမီး ကို ကာကွယ်ရန်၊ စောင့်ရှောက်ရန်၊ နောက်မျိုးဆက်သစ်များ ကို အကောင်းအတိုင်း လက်ဆင့်ကမ်းရန် ကျွန်တော်တို့ အားလုံးမှာ တာဝန်ကိုယ်စီ ရှိပါသည်။

ထို့ ကြောင့် မိမိနိုင်ငံ၊မိမိလူမျိုး နဲ့ မိမိတို့ သမိုင်းကို ကာကွယ်ချင်သည် ဆိုလျှင်ဖြင့် မိမိတို့ အသံများကို သက်ဆိုင်ရာ က ကြားအောင်၊ တာဝန်ယူဆောင်ရွက်ပေးအောင် လုပ်ဆောင်ရမှာပဲဖြစ်ပါသည်။ တာဝန်ယူလိုစိတ်နှင့် ဆုံးခန်းတိုင်ရောက်အောင် ဆောင်ရွက်သွားမည် ဆိုသည့် ဇွဲ စိတ်များ လိုအပ်ပါသည်။

သိန်းသန်းဋ္ဌေး

၁၁ရက်၊သြဂုတ်၊၂၀၁၁။

Film Official Link: http://films.nfb.ca/up-the-yangtze/


နည်းနည်း စာတတ်လာပုံပဲ ... ဒူးကွေးတတ်လာပြီ

Posted: 11 Aug 2011 12:26 AM PDT

Photo..Myothahtet

ပထမတပုံတုန်းက လူတွေ စိတ်ဝင်စားတယ်ထင်လို့ အခု ထပ်ယှဉ်ပြတာပါ။ ၁၀ ရက် အတွင်းမှာ ပြောင်းလဲသွားတာပါ။ ကျွန်တော်ကတော့ အခုလို ပြည်သူကို ဆက်ဆံပုံ ပြောင်းလဲသွားတာ အင်မတန် ၀မ်းသာပါတယ်။ နှစ်ယောက်စလုံးက အရင် စစ်အစိုးရ လက်ထက် ဗိုလ်ချုပ်ကြီး တွေပါ။ အခု အစိုးရသစ်မှာလည်း သမ္မတနဲ့ ဒုတိယ သမ္မတပါ။ ဒါပေမဲ့ အပေါ်ပုံလို ``မင်းတို့ အဆင်ပြေရဲ့လားကွ`` လို့ လုပ်တာထက်စာရင် အောက်ပုံလို ရင်းရင်းနှီးနှီး ``မင်းတို့တွေ အဆင်ပြေရဲ့လားကွာ`` လို့ မေးတာမျိုးကို ပြည်သူတွေက ပိုကြိုက်ကြမယ် ထင်ပါတယ်။
အဲဒီ နှစ်ပုံစလုံးက ရေဘေးဒုက္ခသည် ပြည်သူတွေကို သွားကြည့်တာပါခင်ဗျာ၊ ``ဟုတ်ဟုတ် မဟုတ်ဟုတ်`` ဆိုတာက တကယ်မဟုတ်ရင်တော့ ရေရှည် ဒီလိုပုံစံ လုပ်လို့ မရပါဘူး။ ပြည်သူက သိပါတယ်၊ ဘယ်သူက ရင်ထဲက လာတာ... ဘယ်သူကတော့ ဟန်ဆောင် ဟန်ပြလုပ်တာ ဆိုတာကိုပါ။
(Myo tha htet)

ဒါပေမဲ့ ဧရာဝတီ ၀က်ဆိုဒ်မှာ ရေးသားထားတဲ့သတင်းအရ ရေဘေးဒုက္ခသည် ပြည်သူတွေနဲ့ လူကြီးတွေနဲ့တွေ့ခဲ့တဲ့ ကန်းစွန်းခင်း ကျေးရွာသူတဦးစကားကတော့

"အဒေါ်တို့အိမ်က ရေမြုပ်ပျက်စီးပြီး ပစ္စည်းတွေ ရေနဲ့ မျောကုန်ပြီ။ ဘာမှ မရလိုက်ဘူး။ အခု ဒုက္ခသည်တွေနေတဲ့ နေရာမှာ လာနေတာကို လူကြီးတွေက နင်တို့ စားစရာတွေရပြီးရင် ကိုယ့်အိမ်ကိုယ် ပြန်နေကြတော့တဲ့၊ အဲဒီလိုမျိုးတွေ လာပြောသွားတယ်။ အိမ်ပြန်ရင် အိမ်လည်းပြင်ရမှာ စားစရာလည်း မရှိ၊ ချက်ပြုတ်စရာ အိုးခွက်တောင် မရှိဘူး" လို့ပြောသွားပါတယ်..


ပဲခူး ရေကြီး မြို့သုံးပုံတပုံရေနစ်မြုပ်နေ

Posted: 10 Aug 2011 10:14 AM PDT

ပဲခူးမြစ်ရေလျှံတက်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် ပဲခူးမြို့၏ သုံးပုံတပုံ ရေနစ်မြုပ်လျက်ရှိနေသည်ကို တွေ့ရသည်။ ပဲခူးမြို့မှာ နှစ်စဉ် ရေကြီးတတ်သော်လည်း ယခုတစ်ကြိမ် ရေကြီးခြင်းမှာ ဆယ်စုနှစ် နှစ်ခုကျော်အတွင်း အဆိုးဝါးဆုံး ဖြစ်သည်ဟု မြို့ခံအချို့က ၄င်းတို့အတွေ့အကြုံအရ ပြောသည်။

ရေနစ်မြုပ်လျက်ရှိသည့် ပဲခူးမြို့ လူနေရပ်ကွက်အတွင်း လှေများဖြင့် သွားလာနေကြစဉ် (ဓါတ်ပုံ-YPI)

"အရင်ကျွန်မ အသက်၈နှစ်လောက်ကတော့ ရေလျှံဘူးတယ်။ အခု ၂၉နှစ်ဆိုတော့ အနှစ်နှစ်ဆယ် ကျော်အတွင်း ဒါနည်းနည်းဆိုးတဲ့ ရေလျှံမှုလို့ထင်တယ်"လို့ မအိဖြူက ပြောပြခဲ့သည်။

လက်ရှိ ရေကြီးနေသော နေရာအချို့မှာ မဇင်းရပ် ၊ ကျွန်းသာယာ ရပ်နှင့် အနိမ့်ပိုင်းနေရာများဖြစ်သည့် ဘူတာမှ အဝေးပြေးကားလမ်း တလျှောက် ရပ်ကွက်များ ဖြစ်သည်။ အဆိုပါ ရပ်ကွက်များတွင် ၃ပေခန့်အထိ ရေများနစ်မြှုပ် နေသဖြင့် ကားငယ်များ သွားလာရန်ခက်ခဲနေကြောင်း သိရသည်။ ရေမြုပ်နေသည့် ရပ်ကွက် အပိုင်းများတွင် လျှပ်စစ်မီး ဖြတ်တောက်ထားကြောင်းလည်း သိရသည်။

"ကုန်းမြင့်ပိုင်းတွေကျတော့ ထော်လာဂျီတို့ ဆိုက်ကားတို့နဲ့ သွားတယ်။ လှေနဲ့ သွားရတဲ့နေရာတွေ လှေနဲ့သွားတယ်။ တချို့ဆို ကားကြီးတွေအပေါ် ဆိုင်ကယ်တင်ပြီးတော့ သွားရတယ်။ အိတ်စပတ်ကားတွေ မြို့ထဲဝင်လို့ မရတော့ဘူး။ "လို့ ရှင်စောပုရပ်ကွက်တွင် နေထိုင်သူ ပဲခူးမြို့သူမအိဖြူ က ပြောပြသည်။

အိတ်စပတ်ကားနှင့် ကားငယ်များ မြို့တွင်း ၀င်မရသဖြင့် ထော်လာဂျီ ဆယ်ဘီးကားများနှင့် တယောက်လျှင် ငါးရာကျပ်ဖြင့် မြို့ထဲသို့ ပြေးဆွဲပေးနေရပြီး တချို့ ရေအ၀င်များသော ရပ်ကွက်တို့တွင် လှေများနှင့်သွားလာနေရသဖြင့် ပဲခူးသူပဲခူးသားတို့အတွက် အရင်နှစ်များထက် ရေဘေးဒုက္ခပိုကြီးနေသည်ဟု မြို့ခံများက ပြောကြသည်။

"ရေဘေးဒုက္ခသည်တွေကို လှူဖို့ ဒီနေ့လာကောက်တယ်။ လူတွေကလဲ တတ်နိုင်သလောက် အလှူထည့်ကြတယ်။ ဦးကိတ္တဆိုတဲ့ ပရဟိတလုပ်နေတဲ့ ဆရာတော်လဲ ဦးဆောင်ဦးရွက်ပြု ကူညီပေးနေတယ်လို့ ကြားတယ်။ ရွှေနံ့သာကျောင်းမှာရှိတဲ့ ပေတရာလောက် စင်္ကြန်လမ်းမှာ ဒုက္ခသည်တွေ အပြည့်ပဲ။ နောက် သာသနာ့ဗိမာန်မှာ ကျွန်တော်ကြားရသလောက်ကတော့ လူ၂၀၀လောက် ရှိတယ် ကြားတယ်"လို့ ကျောက်ဖူးကုန်းရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ဆိုသည်။

လောလောဆယ် ရေဘေးကယ်ဆယ်ရေးအတွက် ပဲခူးသာသနာ့ဗိမာန်၊ ကလျာဏီသိမ်နှင့် အနောက်ရွှေနံ့သာကျောင်းတို့တွင် အဓိက ရေဘေးကယ်ဆယ်ရေး စခန်းအဖြစ်ဖွင့်လှစ်ထားပြီး အခြားရပ်ကွက်နှင့် နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင်လဲ ရေဘေးဒုက္ခသည်များကို ခိုလှုံခွင့်ပြုထားကြောင်း သိရသည်။

Yangon PressInternational


ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးမြို့ ခရီးစဉ်ဖိတ်စာ

Posted: 10 Aug 2011 09:57 AM PDT


ပေးပို့သော အောင်မျိုးထွန်းအားကျေးဇူးတင်ရှိပါသည်..


ဦး​အောင်ဆန်း​ဦး​နှင့်​ ​မော်နီတာဂျာနယ်ကို ​ဒေါ်​အောင်ဆန်း​စုကြည် တရား​စွဲဆို

Posted: 10 Aug 2011 09:47 AM PDT

ိdemocratic voice of burma

မြန်မာ့​ လွတ်လပ်​ရေး​ဖခင် ဗိုလ်ချုပ်​အောင်ဆန်း​ရဲ့​ သမီး​ဖြစ်သူ ​ဒေါ်​အောင်ဆန်း​စုကြည်က အစ်ကို​တော်စပ်သူ ဦး​အောင်ဆန်း​ဦး​နဲ့​ ​မော်နီတာဂျာနယ်တို့​ကို တရား​စွဲဆိုလိုက်ပါတယ်။

တရား​ရုံး​က မဆုံး​ဖြတ်ရ​သေး​တဲ့​ ၂၀၀၁ ခုနှစ်မှာ ဦး​အောင်ဆန်း​ဦး​က ​ဒေါ်​အောင်ဆန်း​စုကြည်​နေထိုင်တဲ့​ ​နေအိမ်နဲ့​ ခြံနဲ့​ပတ်သက်ပြီး​ "အ​မွေဘုံ ပစ္စည်း​ စီမံခန့်​ခွဲ​ပေး​စေလိုမှု" ဆွဲဆိုခဲ့​တဲ့​ နဲ့​ပတ်သက်ပြီး​ ​မော်နီတာဂျာနယ်အင်တာဗျူးမှာ ဦး​အောင်ဆန်း​ဦး​က တရား​ရုံး​ရဲ့​ဆုံး​ဖြတ်ချက်ကို ​ကျော်လွန်ပြီး​ ​ပြောဆိုခဲ့​တဲ့​အ​ပေါ် ​ဒေါ်​အောင်ဆန်း​စုကြည်က တရား​စွဲဆိုလိုက်တာပါ။

ဒီလိုတရား​ စွဲတဲ့​နေရာမှာ ဦး​အောင်ဆန်း​ဦး​နဲ့​အတူ ​ဖော်ပြသူ ​မော်နီတာဂျာနယ် အယ်ဒီတာချုပ် ဦး​မြတ်ခိုင်နဲ့ ထုတ်​ဝေသူ ဝဏ်ဏ​ကျော်ထင် ဦး​လှမြင့်​ဆွေတို့​ကို တရား​စွဲဆိုလိုက်ပါတယ်။

ဒီလ ၈ ရက်​နေ့​က ရန်ကုန်တိုင်း​ဒေသကြီး​ တရား​လွှတ်​တော်မှာ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ကိုယ်စား​လှယ်​ရှေ့​နေ​တွေက တရား​ရုံး​ကို မထီမဲ့​မြင်ပြုမှုနဲ့​ တရား​ဆွဲဆိုခဲ့​တာလည်း​ ဖြစ်ပါတယ်။ ဒီလို တရား​စွဲရတဲ့​ အ​ကြောင်း​အရင်း​နဲ့​ပတ်သက်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​ရှေ့​နေ ဦး​ဉာဏ်ဝင်း​က အခုလို ရှင်း​လင်း​ ​ပြောဆိုပါတယ်။

"ဦး​အောင်ဆန်း​ဦး​က ​ဒေါ်​အောင်ဆန်း​စုကြည်အ​ပေါ်မှာ အ​မွေဘုံ စီမံခန့်​ခွဲ​ပေး​စေလိုမှုဆိုပြီး​ စွဲဆိုထား​တယ်။ စွဲဆိုထား​တဲ့​အမှုက လက်ရှိအ​ခြေအ​ နေမှာ ​ဒေါ်​အောင်ဆန်း​စုကြည်ဘက်က သက်​သေ​တွေကို စစ်​ဆေး​ဖို့​အဆင့်​ရှိ​သေး​တယ်။ အမှုကမပြီး​သေး​ဘူး​၊​ အဆုံး​အဖြတ်​တွေ မချမှတ်ရ​သေး​ဘူး​။ အဲ့​ဒီအချိန်မှာ ​မော်နီတာဂျာနယ်က ပြီး​ခဲ့​တဲ့​ ဇူလိုင်လမှာ ​ဆောင်း​ပါး​တခု​ရေး​ခဲ့​တယ်။ ​ဆောင်း​ပါး​မှာ ဦး​အောင်ဆန်း​ဦး​က အဓိကငြင်း​ချက်​တွေနဲ့​ သူအနိုင်ရပြီး​ပြီလို့​ အင်္ဂလိပ်လို​ပေါ့​ ​ရေး​ထား​တယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်ဘက်က ပစ္စည်း​တွေလိုချင်တဲ့​သ​ဘောနဲ့​ ပြုလုပ်​နေတယ်ဆိုပြီး​ ​ပြောတယ်။ ဒီအ​ပေါ်မှာ တရား​ရုံး​က အဆုံး​အဖြတ်မပြုရ​သေး​တဲ့​ ကိစ္စကို ပုဂ္ဂိုလ် တဦး​တ​ယောက်တည်း​ရဲ့​ ​ပြောကြား​ချက်ကို ဂျာနယ်ကထည့်​တယ်၊​ ဒီကိစ္စနဲ့​ပတ်သက်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်က ဆရာဦး​ကြည်ဝင်း​နဲ့​ ကျ​နော်တို့​ကို ကိုယ်စား​လှယ်စာ​ပေး​ပါတယ်။ အဲ့​ဒါနဲ့​ ကျ​နော်တို့ပြီး​ခဲ့​တဲ့​တနင်္လာ​နေ့​က ရန်ကုန်တိုင်း​ဒေသကြီး​ တရား​လွှတ်​တော်မှာ တရား​စွဲပါတယ်။"

လက်ရှိ​ခြေအ​ နေမှာ​တော့​ ရန်ကုန်တိုင်း​တရား​လွှတ်​တော်က အမှုကို လက်ခံထား​ပြီး​ ထုတ်ပြန်လာမယ့်​ သတိ​ပေး​ကြေညာစာကို ​စောင့်​ဆိုင်း​နေတယ်လို့​လည်း​ ဦး​ဉာဏ်ဝင်း​က ဆိုပါတယ်။

"ကျ​နော်တို့​ လျှောက်ထား​တာက ၁၉၂၆ ခုနှစ် တရား​ရုံး​များ​အား​ မထီမဲ့​မြင်ပြုမှု ဥပ​ဒေ ပုဒ်မ ၂ နဲ့​ ၃ ပါ။ ရန်ကုန်တိုင်း​ဒေသကြီး​ တရား​လွှတ်​တော်က ဒီအမှုကို လက်ခံထား​ပါတယ်။ လာမယ့်​ ရုံး​ချိန်း​တွေမှာ ဘာလုပ်မလဲဆိုတာနဲ့​ပတ်သက်ပြီး​တော့​ တရား​လွှတ်​တော်ရဲ့​ ​သောကြာ​နေ့​တိုင်း​ ထုတ်ပြန်တဲ့​ သတိ​ပေး​ကြေညာစာ​တွေကို ​စောင့်​ကြည့်​ရမှာပါ။ ပြီး​မှ ဘာဆက်လုပ်ရမလဲဆိုတာ စဉ်း​စား​သွား​မှာပါ။"

အခုလို ၁၉၂၆ ခုနှစ်က ပြဋ္ဌာန်း​ခဲ့​တဲ့​ တရား​ရုံး​များ​အား​ မထီမဲ့​မြင်ပြုမှု ပုဒ်မ​တွေဟာ လက်ရှိ အသက်ဝင်​နေပြီဖြစ်တဲ့​ ၂၀၀၈ ဖွဲ့စည်း​ပုံအ​ခြေခံဥပ​ဒေနဲ့​ တရား​ကျင့်​ထုံး​တွေနဲ့​ ကိုက်ညီမှု ရှိမရှိဆိုတဲ့​အ​ပေါ်ကိုလည်း​ ဦး​ဉာဏ်ဝင်း​က အခုလိုရှင်း​လင်း​ပြောဆိုပါတယ်။

"လုံး​ဝ အကျုံး​ဝင်မှုရှိပါတယ်။ လက်ရှိအစိုး​ရမတက်ခင် ကာလမှာပဲ ကျ​နော်တို့​ ​ရှေ့​နေကြီး​ ဦး​အောင်သိန်း​တုန်း​ကလည်း​ ပြစ်ဒဏ်​ပေး​ခံရတာပါ။ ပြစ်မှု​မြောက်တာ မ​မြောက်တာကို ​ပြောတာမဟုတ်ပါဘူး​ ဒီဥပ​ဒေ အသက်ဝင်​နေ​သေး​တယ် ဆိုတာကို ကျ​နော်​ပြောတာပါ။"

ဒါ့​အပြင် ဒီအမှုမှာ ဦး​အောင်ဆန်း​ဦး​ရဲ့​ အင်တာဗျူး​ကို ​ဖော်ပြခဲ့​တဲ့​ ​မော်နီတာဂျာနယ်က တာဝန်ရှိသူ​တွေကို ထည့်​သွင်း​တရား​စွဲဆိုရတာနဲ့​ ပတ်သက်ပြီး​တော့​လည်း​ ဦး​ဉာဏ်ဝင်း​က အခုလို ​ပြောပါတယ်။

"ဦး​အောင်ဆန်း ​ဦး​ အပါအဝင် ​မော်နီတာဂျာနယ် ထုတ်​ဝေသူ ဝဏ်ဏ​ကျော်ထင် ဦး​လှမြင့်​ဆွေ၊​ အယ်ဒီတာချုပ် ဦး​မြတ်ခိုင် သူတို့​ကို ထည့်​ဆွဲတယ်။ သူတို့​ ၂ ​ယောက်ကို ဆွဲရတာကလည်း​ မြန်မာနိုင်ငံမှာ ရှိ​နေတဲ့​ တရား​ရုံး​ မထီမဲ့​မြင် ပြုမှုဥပ​ဒေ​တွေမှာ ဥပ​ဒေလုပ်ထုံး​ လုပ်နည်း​ ​တွေနဲ့​ အညီ တရား​ရုံး​ စီရင်ချက်​တွေမှာ ထုတ်​ဝေသူနဲ့​ အယ်ဒီတာလည်း​ တာဝန်ရှိတယ်ဆိုပြီး​ တသမတ်ထဲ ဆုံး​ဖြတ်ထား​တယ်။ ဒီအ​ပေါ်မှာ အဲဒီသုံး​ဦး​ကို တနင်္လာ​နေ့​က တရား​စွဲပါတယ်။"

တရား​စွဲဆိုခံရတဲ့​ထဲမှာ ပါဝင်တဲ့​ ​မော်နီတာဂျာနယ်ရဲ့​ အယ်ဒီတာချုပ် ဆရာဦး​မြတ်ခိုင်က​တော့​ ဒီအ​ပေါ်ကို အခုလို​ပြောပါတယ်။

"ဒါ ဖြေတဲ့သူ​တွေရဲ့​ အာ​ဘော်ပဲ​လေ။ ကိုယ့်​အာ​ဘော်မှ မဟုတ်ဘဲ။ သတင်း​ရေး​တာ မဟုတ်ဘူး​။ သတင်း​ဆိုရင်​တော့​ သတင်း​ရေး​သူရဲ့​ အာ​ဘော်ပဲ။ ဒါက အင်တာဗျူး​တဲ့​သူက ​မေး​တယ်။ ​အောင်ဆန်း​ဦး​က ​ဖြေတယ်။ တခြား​ဟာ​တွေကို အင်္ဂလိပ်လို တ​ကြောင်း​နှစ်​ကြောင်း​ပြောတယ်။ တချို့​ဟာ​တွေက တရား​ရုံး​ကျမှပဲ ​ပြော​တော့​မယ်။ တချို့​ဟာ​တွေက အစ်မ​ကော၊​ ကို​အောင်ဆန်း​ဦး​ပါ ဗိုလ်ချုပ်​အောင်ဆန်း​ သား​သမီး​တွေဖြစ်လို့​ ဘာမှဖြစ်စရာ အ​ကြောင်း​မရှိဘူး​။ ဥပ​ဒေအထက်မှာ ဘယ်သူမှ မရှိ​စေရလို့​ ဦးရွှေမန်းတို့က မကြာခဏ ​ပြောဖူး​တာပဲ။ ဥပ​ဒေ အဆုံး​အဖြတ်ခံယူရမှာပါ။"

ဦး​အောင်ဆန်း​ ဦး​က ​ဒေါ်​အောင်ဆန်း​စုကြည်ကို ၂၀၀၀ ပြည့်​နှစ်မှ စတင်ပြီး​ ​နေအိမ်နဲ့​ ခြံဝင်း​ အ​မွေပိုင်ဆိုင်လိုမှုနဲ့​ စတင်တရား​စွဲဆိုမှု ဖြစ်ပွား​ခဲ့​ပါတယ်။ အဲ့​ဒီအမှုမှာ​တော့​ ဦး​အောင်ဆန်း​ဦး​ကို နိုင်ငံခြား​သား​ တဦး​အ​နေဖြင့်​ ​နေအိမ်ခြံဝင်း​ ပိုင်ဆိုင်ခွင့်​မရှိ​ကြောင်း​ တရား​ရုံး​က ဆုံး​ဖြတ်ခဲ့​တာ​ကြောင့်​ ဦး​အောင်ဆန်း​ဦး​ အမှုရှုံး​နိမ့်​ခဲ့​ရပါတယ်။

အဲ့​ဒီ​နောက် ၂၀၀၁ ခုနှစ်မှာ​တော့​ ဦး​အောင်ဆန်း​ဦး​ရဲ့​ ​ရှေ့​နေ​တွေက အ​မွေဘုံ ပစ္စည်း​ စီမံခန့်​ခွဲ ​ပေး​စေလိုမှုနဲ့​ ထပ်မံတရား​စွဲဆိုခဲ့​ရာ ၁၀ နှစ်အကြာ ဒီက​နေ့​အချိန်အထိ တရား​ရုံး​က မဆုံး​ဖြတ်​သေး​တာလည်း​ ဖြစ်ပါတယ်။

ဒီကာလအတွင်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က ၂၀၀၉ ခုနှစ်မှာ ​နေအိမ်ပြင်မှုပြုလုပ်ခဲ့​စဉ်အချိန်ကလည်း​ ဦး​အောင်ဆန်း​ဦး​ရဲ့​ ကန့်​ကွက်မှု​ကြောင့်​ ပြင်ဆင်မှုကို ​ခေတ္တရပ်ဆိုင်း​ထား​ရပါတယ်။


ပဲခူးမြို့ရေကြီး (ဓာတ်ပုံ/သတင်း)

Posted: 10 Aug 2011 09:21 AM PDT


ပဲခူးမြို့ကို ကားလေးတွေ ၀င်လို့မရတော့ဘူး၊ လှေစီးပြီးသွားလာနေကြရပါတယ်။ဒီရက်ပိုင်းတွေ အတွင်းမှာ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ င၀န်မြစ်နဲ့ ပဲခူးမြစ်ရေတွေဟာ စိုးရိမ်ရေမှတ်ကို ကျော်လွန်ပြီး ရေလွှမ်းမိုးခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ရပ်ကွက်နဲ့ ကျေးရွာ အတော်များများ ရေကြီးခဲ့တာကြောင့် ပဲခူးမြို့ပေါ်မှာ ဒု...က္ခသည် ၁၀,၀၀၀ နီးပါးလောက် လာရောက် ခိုလှုံနေရတယ်လို့ ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ဆရာတော် ဦးကိတ္တိက မိန့်ကြားပါတယ်။

"ကျေးရွာတွေ အားကြီးပေါ့၊ ပဲခူးအထွက်ဆိုရင် ကနီးရယ်၊ အ၀ိုင်းရယ်၊ ကျောက်ကလေးရယ် အဲဒီဘက်မှာတော့ လယ်တွေပါ အကုန်မြုပ်ကုန်ပြီ။ ဒုက္ခသည် အားလုံးပေါင်း ၁၀,၀၀၀ လောက် ပြည့်တော့မယ်။ နေရာတွေကတော့ ပဲခူး ရွှေမော်ဓောရဲ့ အနောက်ဘက်မုခ်က ဗိမာန်တို့၊ မွန်ပိဋကတ်တို့၊ ကျောက်ကြီးဘက်ကျတော့ စာသင်ကျောင်းတို့၊ ဘုန်းကြီးကျောင်းတို့၊ ခေါင်းဆေးကျွန်းကျတော့လည်း ဘုန်းကြီးကျောင်းတို့၊ ဘုရားတွေ၊ အဲဒီလိုနေရာတွေမှာ ထားထားပါတယ်။"VOA news။

(Photo) Ye Thurein Min

်facebookမှ ကိုကိုမောင်ရေးသားထားတဲ့ "ဖူကူရှီးမား ပဲခူးသား "ဆိုတဲ့ ကဗျာလေးမျှဝေလိုက်ပါတယ်..
အထူအပါးမညီညာတဲ့ ကတ္တရာလမ်းမထက်မှ
ဘယ်တော့မှ မမှန်တဲ့ နာရီစင်ကြီးက….
တစ်ဖက်ကမ်းကို ငေးရင်း မေးကြည့်နေတယ်…
...ပဲခူးရယ်……………………
ပတ်ပတ်လည်မှာ
မင်းပတ်ဝန်းကျင်မှာ
မလိုအပ်လှတဲ့….
ရေကာတာတွေ ၀န်းရံ
ဆည်မြောင်းတွေ မှိုလိုအ၀ိုင်းခံထားရပြီး
ဖန်လုံးအိမ်အာနိသင်နဲ့
သဘာဝဘေးကြားမှာ…..
မင်းထမင်းထုပ်စားနေရပြီလားတဲ့……..

အစုန်အဆန် အားမာန်အပြည့်နဲ့…
ဝါကျစ်ကျစ် မြစ်ပြင်ကြီးကိုခွထားတဲ့..
ဆောက်ပြီးစ တံတားအသစ်စက်စက်ကြီးက…
တစ်ဘက်ကမ်းကို ငေးရင်း မေးကြည့်နေတယ်…
ပဲခူးရယ်……………….
လမ်းစုံလမ်းခွတွေနဲ့ နီယွန်ယဉ်ကျေးမှု
ကူးစက်စပြုနေတဲ့ မင်းလို မြို့ပြပေါက်စလေးမှာ
အခုတော့….
ငါးမျှားလို့ ရေကူး…
လှေစီးလို့ ကွန်ပြစ်..
တံငါမြို့လေး ဖြစ်လို့နေလေပြီလားတဲ့…

မြို့ရဲ့ နှလုံးသားတည့်တည့်မှာ
ရွှေရောင်အရိပ်ကိုခိုရင်း…
မြို့သားတွေနဲ့ နှစ်ပေါင်းများစွာရင်းနှီးခဲ့တဲ့
ဘုရားခြေရင်းက ခြေသ်ေကြီးတွေက..
သူ့အစွယ်ကို မာန်အပြည့်ဖြဲလိုက်ရင်း…………​…….
ပေးကမ်းသူနဲ့ ဝေမျှသူ
အမြတ်ထုတ်သူနဲ့ ဆုံးရှုံးသူ
ပျော်ရွှင်သူနဲ့ ၀မ်းနည်းသူ
အားလုံး..အားလုံးသော
ပဲခူးသူ ပဲခူးသားများကြားအောင်..ဒီလို ဟိန်းလိုက်တယ်………
ပဲခူးသားတို့………………..
ဆူနာမီနဲ့ နျူကလီးယားကြားမှာ
ဂျပန်က ဖူကူရှီးမားဟာ
သွေးပျက်စရာ ဒုက္ခသည်ဖြစ်ခဲ့..
ဒါပေမယ့်…
ဖူကူရှီးမားဟာ အားငယ်သွားသလား..
ဖူကူရှီးမားဟာ သိမ်ငယ်သွားသလား…
နိုင်ငံတ၀ှမ်းက စစ်ကူတွေဘယ်လောက်လာလာ
ငါတို့ဟာ ငါတို့ကာကွယ်မယ်တဲ့..
ဖူကူရှီးမားသားဟာ
သူချစ်တဲ့ မြို့အတွက် ရဲရင့်ပြခဲ့တယ်..
ဂျပန်သားတွေဟာ
သူတို့တိုင်းပြည်ထဲက မြို့အတွက် တာဝန်ယူတတ်ခဲ့ကြတယ်

မင်းတို့ငါတို့ပဲခူးသားဆိုတာကရော
ကိုယ်ထူကိုယ်ထခေတ်ကို..
ဖြတ်သန်းခဲ့ရတဲ့ မြို့သားတွေ…
လက်မထိပ်အပ်စိုက်ပြီး
သူရဲကောင်းထွန်းကားရာ
ရာဇ၀င် မြို့ပြသားတွေ..
ရေ..မီး..စစ်..ငလျင်..
ရင်ဆိုင်တိုင်း နောက်မတွန့်ပဲ
ကျော်ဖြတ်ခဲ့တဲ့ မြို့သားတွေ..
ငါတို့ဟာ….
ငါတို့ချစ်တဲ့မြို့အတွက်..
ဘာကြောင့်များ..တွေဝေနေမလဲ
ဘာကြောင့်များ…တွန့်တိုနေမလဲ
ဘာကြောင့်များ…စဉ်းစားနေမလဲ
ဘာကြောင့်များ…ဥပေက္ခာထားနို​င်မတဲ့လဲ..
ငါတို့ဟာ…………………….
ရင်ဆိုင်ရဲခဲ့တဲ့ မြို့သား……….
ဖြတ်ကျော်ရဲခဲ့တဲ့ မြို့သား………..
သတ္တိရှိရှိတာဝန်ယူတတ်ခဲ့တဲ့​ မြို့သား…
မြန်မာပြည်ရဲ့ ဖူကူရှီးမားမြို့သား…
မြန်မာပြည်ရဲ့….
ဖူကူရှီးမား ပဲခူးသားတွေဖြစ်တယ်..
ငါတို့ဟာ
ဖူကူ၇ှီးမား ပဲခူးသားတွေ ဖြစ်တယ်….
ကိုကိုမောင်
သြဂုတ် 10


ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည့် ဆောင်းပါးကို Eleven Media Groupနှင့် ၀ါရင့်သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းတို့ကဝေဖန်

Posted: 10 Aug 2011 08:42 AM PDT



ဗမာ့သွေး

သြဂုတ်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် 'လျှပ်စစ် ၀န်ထမ်းတစ်ဦး' ၏ ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည့် ဆောင်းပါးကို Eleven Media Groupနှင့် ၀ါရင့် သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းတို့က ဝေဖန်ခဲ့ကြပါသည်။

နိုင်ငံပိုင်သတင်းစာပါ လျှပ်စစ်ဝန်ထမ်းတစ်ဦး အမည်ဖြင့် ရေးသားထားသည့် ဆောင်းပါး အမည်မှာ 'ထာဝရ အမွေအနှစ် မွန်မြတ်သည့် စေတနာ' ဖြစ်ပြီး ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်သော အကြောင်းအရာများ၊ အဓိကအားဖြင့် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဆိုင်ရာ အကျိုးဖြစ်ထွန်းမှု အချက်အလက်များကို ရေးသားထားခြင်း ဖြစ်ပါသည်။

ထို့အပြင် "နိုင်ငံတော်၏ လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကို ကာလတိုအတွင်း ပြည့်မီစွာ ဖြည့်တင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် လျှပ်စစ်စီမံကိန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် တည်ဆောက် ပေးလျက်ရှိရာ ယခုအခါ လျှပ်စစ်ဓာတ်အားများ တစ်နှစ်ထက်တစ်နှစ် ပိုမိုရရှိနေပြီ ဖြစ်သော်လည်း အချို့ပုဂ္ဂိုလ်/အဖွဲ့အစည်းများ အနေဖြင့် ကချင်ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ဧရာဝတီမြစ်ဆုံ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ပြည်တွင်း ရှိ ပြည်သူလူထု အထင်မှား အမြင်မှား ဖြစ်စေရန် မဟုတ်မမှန် ဖန်တီးလုပ်ကြံ၍ ရေးသား လုပ်ဆောင်လျက် ရှိကြသည်"ဟု နိုင်ငံပိုင် သတင်းစာပါ အဆိုပါ ဆောင်းပါးတွင် ထည့်သွင်း ရေးသားဖော်ပြ ထားပါသည်။


နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါး၌ပါဝင်ခဲ့သည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့် ဆက်စပ်သော ဧရာဝတီ ကိစ္စကို ပြောဆိုနေကြခြင်းသည် လုပ်ကြံဖန်တီး ပြောဆိုရေးသားနေကြခြင်း မဟုတ်ဘဲ မြန်မာလူမျိုး သာမက၊ မြန်မာနိုင်ငံပါ ပျောက်ဆုံးရမည့် အန္တရာယ်ရှိနေခြင်းကြောင့် ပြောဆိုနေရခြင်း ဖြစ်သည် ဟု ၀ါရင့်သတင်းစာ ဆရာကြီး ဦးစိန်ဝင်းကလည်း ပြောဆိုပါသည်။

"ဧရာဝတီအကြောင်း ပြောဆိုရေးသားကြတာတွေဟာ လုပ်ကြံဖန်တီးပြောဆိုနေတယ်လို့ ပြောလာတဲ့သူရှိရင်၊ ဘယ်သူပဲ ပြောပြော၊ အဲဒါကို လုံးဝငြင်းဆိုပါတယ်။ ဧရာဝတီ တိမ်ကောပပျောက်ရမယ့် အန္တရာယ် တွေရှိလာလို့၊ အန္တရာယ်ကို မျက်စိရှေ့ မှာတင် မြင်တွေ့လာရလို့၊ သတင်းတွေ၊ ဆောင်းပါးတွေမှာ ဧရာဝတီအကြောင်းကို မမြင်ရအဆုံးထိအောင်ကို ဖော်ပြလာကြတာပဲ ဖြစ်ပါတယ်။

မျက်မြင်မှာပဲ စစ်ကိုင်း တံတားကြီးဘေးမှာ ထွန်းနေတဲ့ သောင်ကြီးဟာ ဧရာဝတီမြစ် အပြည့်နီးပါး ဖြစ်လာနေပြီ။ ပြည်မှာဆိုရင်လည်း ပြည်ချောင်းသာလို့ ခေါ်ဆိုပြီး လူတွေပျော်ပွဲစား ထွက်လာရတဲ့ အထိအောင် ဧရာဝတီမြစ်ထက်မှာ သောင်ကြီး ဖြစ်နေပါပြီ။

အင်းတော်ကြီးဘက်က စာဖတ်ပရိသတ် တစ်ဦးဆိုလည်း ဖုန်းဆက်ပြီး ပြောတယ်။ ရွှေကျင်နေကြတာတွေကြောင့် ဧရာဝတီမြစ်ဟာ ကောတော့မယ့် အခြေအနေကို ရောက်နေရပြီ။ သတင်းသမားတွေအနေနဲ့ ဒီအတိုင်း ကြည့်နေကြတော့မှာလား ဆိုပြီး မေတ္တာရပ်ခံတယ်။

ဧရာဝတီမြစ်ဟာ မြန်မာတို့ရဲ့ အသက်သွေးကြောပဲ ဖြစ်တယ်။ ဧရာဝတီ တိမ်ကောသွားလို့၊ ဧရာဝတီ ပပျောက်ခဲ့ရပြီဆိုရင် မြန်မာလူမျိုး သာမကပဲ မြန်မာနိုင်ငံပါ ပျောက်သွားနိုင်တဲ့ အန္တရာယ်အထိ ရှိနေတယ်။ ဒီလိုအခြေအနေမျိုး မှာ ဧရာဝတီကို ဖျက်ဆီးလာမယ့် ဘယ်ကိစ္စကို လက်မခံဘူး။ သတင်းသမား တစ်ယောက်အတွက် ကတော့ ဧရာဝတီကို ပျက်စီးမယ့်၊ တိမ်ကောမယ့်၊ ပပျောက်သွားမယ့် ဘယ်ကိစ္စကိုမဆို တားဆီးရမှာပဲ ဖြစ်ပါတယ်"ဟု လူထု ဦးစိန်ဝင်းက ပြောပြပါသည်။

Eleven Media Group၏ Chairman & CEO ဒေါက်တာ သန်းထွဋ်အောင်က သတင်းစာများထဲ
၌ ဖော်ပြခဲ့သော မြစ်ဆုံရေကာတာ ဆောင်းပါးဖော်ပြမှုအတွက် ကြိုဆိုလိုက်ပြီး ဆောင်းပါးနှင့် ပတ်သက်၍ မေးခွန်းများ ထုတ်ခဲ့သည်။

"ဒီလိုသက်ဆိုင်တဲ့ဌာနက မီဒီယာပေါ်မှာ ပထမဆုံး ရှင်းလင်းတာ ကြိုဆိုပါတယ်။ ဒါပေမယ့် အထင်အမြင်လွဲမှားအောင် မဟုတ်မမှန် ဖန်တီးလုပ်ကြံရေးသားတယ် ဆိုပြီး သတင်းစာကို ခုတုံးလုပ်ပြီး ပုတ်ခတ် ရေးသားတာကတော့ မလုပ်သင့်ဘူး။ နိုင်ငံရဲ့အရေး၊ တစ်မျိုးသားလုံးအရေးနဲ့ ပတ်သက်ပြီး စတုတ္ထမဏ္ဍိုင်တစ်ခု အနေနဲ့ ကျွန်တော်တို့ ဝေဖန်ထောက်ပြ ပိုင်ခွင့်ရှိပါတယ်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတွေကို လာရောက်လေ့လာပြီး အကြံဥာဏ်ပေးမယ့် Think Thaanke Group တစ်ခုနဲ့ Eleven Media Group ရုံးမှာ ကျွန်တော်တို့တွေ့တယ်။ အဲဒီမှာပါတဲ့ လူအများစုက အသက် ၃၀၊ ၄၀ အရွယ် လူငယ်၊ လူလတ်တွေဖြစ်ပြီး စင်ကာပူတက္ကသိုလ်က PhD ဘွဲ့ရသူတွေ ပါပါတယ်။

သူတို့ လေ့လာရသလောက် မြစ်ဆုံရေကာတာ စီမံကိန်းဟာ မြန်မာလူထုကို ထိခိုက်နိုင်တယ်ဆိုတဲ့အချက် ကို ငြင်းပယ်မသွားပါဘူး။ ရရှိတဲ့ အချက်အလက်တွေကိုလည်း Professional ပီသစွာ တရုတ်အစိုးရ ကို တိတိကျကျ အစီရင်ခံသွားမယ်လို့ ဆိုပါတယ်။ ဒီဆည်ကြီး ခုနစ်ခု လုံးဝမဆောက်သင့်ဘူး။ အကယ်၍ မဖြစ်မနေ ဆောက်ရရင်လည်း အသေးနှစ်ခုပဲ ဆောက်သင့်တယ်လို့ သူတို့ပြောသွားပါတယ်။ ဒါကြောင့် အခုသတင်းစာပါ လျှပ်စစ်ဝန်ထမ်းတစ်ဦးဟာ ဘယ်ရာထူး အဆင့်လဲ၊ နာမည်ဘယ်သူလဲ၊ ဘယ်လို Professional မျိုးလဲ၊ ကျွန်တော်တို့ တိတိကျကျ သိချင်ပါတယ်"ဟု ပြောကြားခဲ့ပါသည်။

ဒေါက်တာသန်းထွဋ်အောင် က ၎င်းဆောင်းပါးရှင် ရေးသားသော ဆောင်းပါးမှာ သတင်းမီဒီယာ ရှုထောင့်မှဖြစ်စေ၊ ပညာရပ်ပိုင်းဆိုင်ရာ ရှုထောင့်မှဖြစ်စေ ဝေဖန်ကြရပါက အားနည်းမှုများရှိသည် ဟုလည်း ဆိုပါသည်။ ၎င်းက "အဲဒီဆောင်းပါးမှာ နိုင်ငံအတွက် ဘယ်လိုအကျိုးကျေးဇူး ရှိတယ်ဆိုတာကို သဲသဲကွဲကွဲ ရေးမသွားဘူး။ လူ ၂၆၀၀ လောက် အလုပ်ရတယ်။

အိမ်ထောင်စု ထောင်ဂဏန်းလောက် နေရာချထား ပေးခဲ့တယ်ဆိုတာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုင်တဲ့ ပရောဂျက်တစ်ခုအတွက် ရယ်စရာပါ။ လအလိုက် ရေစီးမှုတစ်ခု တည်းကြည့်ပြီး ဧရာဝတီမြစ်အောက်ပိုင်းမှာ ဘာမှမထိခိုက်ဘူး ဆိုတာကလည်း မပြည့်စုံဘူး။

အခုတောင် ဧရာဝတီမြစ်ဟာ မြစ်လက်တက်တွေမှာ ဆောက်တဲ့ဆည်တွေကြောင့် ကောစပြုနေပြီ။ ရေကြောင်းပြောင်းနေပြီ။ နွေရာသီဆိုရင် မြစ်ဝကျွန်းပေါ် အချို့ဒေသတွေမှာ နွေရာသီ ရေချိုပြဿနာ တွေ့နေရပြီ။ ဒါ ကြောင့် ဒီဆည်မဆောက်ခင်မှာ ဘယ်လိုမြစ်ကြောင်းဆိုင်ရာ ပြုပြင်မှုလုပ်မယ်ဆိုတဲ့ အာမခံချက်လည်း မရှိဘူး။ ဒါ့အပြင် ဆောင်းပါးရှင်က တရုတ်စူးစမ်းလေ့လာရေး အဖွဲ့ ရဲ့ ၅၆၉ မျက်နာပါ အစီရင်ခံစာကို ကိုးကားသွားတယ်။

ဒီအဖွဲ့ရဲ့ သမာသမတ်ရှိမှု၊ ပညာရှင်ပီသမှု၊ မြန်မာနိုင်ငံရဲ့အကျိုးနဲ့ တရုတ်အကျိုး ဘယ်ဟာကို ဦးတည်မလဲဆိုတာကို မဖော်ပြဘူး။ ဒါ့အပြင် ကဏ္ဍ ၁၂ ခုနဲ့ပတ်သက်လို့ အသေးစိတ် မဖော်ပြဘူး။ ပညာရှင်တွေရဲ့ အစီရင်ခံစာတိုင်းမှာ အကျိုးနဲ့အပြစ် နှစ်မျိုးလုံးပါတယ်။ ဆောင်းပါးရှင်က ဒီဆောင်းပါးမှာ အကျိုးကျေးဇူးခြောက်ချက်ကိုပဲ ဖော်ပြထားပြီး အပြစ်ကို ဖော်ပြမထားတာ ဟာ ပညာရှင်မဆန်ဘူး။ နောက်ပြီး ရေ၀ပ်ဧရိယာ ဘယ်လောက်ဆိုတာ ဖော်ပြမထားဘူး"ဟု သုံးသပ်ခဲ့ပါသည်။

ထို့အပြင် ဒေါက်တာသန်းထွဋ်အောင်က Public ၌ ပျံ့နှံ့နေသော စာမျက်နှာ ၉၀၀ ပါ EIA Report နှင့် ပတ်သက်ပြီး ဆောင်းပါးရှင် ရှင်းလင်းမထားခြင်း အပေါ်ကိုလည်း ဝေဖန်ခဲ့သည်။

"ဒီ Report အရ ဆည်တစ်ခုတည်းရဲ့ ရေ၀ပ်ဧရိယာကိုက စတုရန်းမိုင် ၅၀၀ နီးပါးရှိတယ်။ ဒါဟာ ကချင်ပြည်နယ် တစ်ခုလုံး ဧရိယာရဲ့ သုံး၊လေးရာခိုင်နှုန်းလောက် ရှိတယ်။ ကချင်ပြည်နယ်ဟာ ပြည်ထောင်စုအတွင်းမှာ သယံဇာတ အပေါကြွယ်ဝဆုံး နေရာ၊ ဒီရေ၀ပ်ဧရိယာလုပ်ရင် မြေပေါ်သယံဇာတ တွေဖြစ်တဲ့ သစ်တောတွေ၊ Tourist တွေလာနိုင်တဲ့ သမိုင်းဝင်နေရာတွေ၊ လှပတဲ့ ရေမြေတောတောင် တွေ၊ မြေအောက်သယံဇာတဖြစ်တဲ့ ရွှေ၊ ကျောက်စိမ်း၊ ရေနံအခြားသတ္ထုတွေ ဆုံးရှုံးသွားမယ်။

ဒီတန်ဖိုးတွေ တွက်ချက်ပြီးပြီလား။ ဒါ့အပြင် မြစ်ကြောင်းတစ်လျှောက် ဆုံးရှုံးသွားမယ့် အလုပ်အကိုင်တွေ၊Biodiversity ကြောင့် ဆုံးရှုံးမှုတွေကော တွက်ချက်ပြီးပြီလား။ ဒါ့အပြင် EIA Report အရ ဒီစီမံကိန်းအတွက် တရုတ်ရင်းနှီးမြုပ်နှံမှုဟာ ဒေါ်လာ ၃ ဒသမ ၆ ဘီလီ ယံဆိုတာ နိုင်ငံတကာစံနှုန်းနဲ့ဆိုရင် သိပ်မများပါဘူး။

ဒါပေမယ့် သူတို့က ၇၀ ရာခိုင်နှုန်း အကျိုးအမြတ်ယူမယ်။ ပြည်ထောင်စု အစိုးရ က ၂၀ ရာခိုင်နှုန်း၊ ကြားပွဲစားက ၁၀ ရာခိုင်နှုန်း၊ ကချင်ပြည်နယ် အစိုးရနဲ့ ကချင်ပြည်နယ်လူထု အတွက်ရော ဘယ်လိုစဉ်းစားထား သလဲ။ ဒီစာချုပ်ဟာ မမျှတဘူး။ နောက်ပြီး ကြားပွဲစားဆိုတာ တရားဝင်လား။ များလွန်းတယ်။ လာဘ်ပေး၊ လာဘ်ယူတွေ ရှိနေသလား။

အခုမြန်မာနိုင်ငံရဲ့ လာဘ်ပေးလာဘ်ယူမှာ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု စီမံကိန်း၊ အထူးသဖြင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု စီမံကိန်း အချို့မှာ ကြားပွဲစားက အများဆုံးဖြစ်နေတယ်။ ဒေါ်လာ သန်းပေါင်းများစွာ တိုင်းပြည်ငွေတွေ ဆုံးရှုံးနေတယ်။ ဒီဟာကို မတိုက်ဖျက်ဘဲ ၀န်ထမ်းငယ်တွေကို ချည်း မမဲသင့်ဘူး"ဟု ထောက်ပြခဲ့ပါသည်။


၎င်းက EIA Report နှင့် ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီး ဌာနအနေဖြင့် အများပြည်သူအား ရှင်းရှင်းလင်းလင်း ဖြစ်စေသင့်သည် ဟု ဆိုပါသည်။ "ဒီရေကာတာဟာ စစ်ကိုင်းပြတ်ရွေ့ကြောအနီးမှာ ရှိတယ်။ ကျိုးသွားရင် စက္ကန့် ၂၀ အတွင်း မြစ်ကြီးနားမြို့ရေမြုပ်သွားမယ်လို့ ဆိုတယ်။ ဒီနေ့(သြဂုတ်လ ၉ ရက်)မှာပဲ ဒီစီမံကိန်းနဲ့ မိုင် ၂၀၀ မဝေးတဲ့ ယူနန်နယ်စပ်မှာ ငလျင်ငယ်လှုပ်သွားတယ်။ ဒီနယ်စပ်မှာ တစ်နှစ် ငလျင် နှစ်ကြိမ်၊ သုံးကြိမ် လှုပ်တယ်။ မကြာမီ ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာ ရစ်ချက်တာ စကေး ၇ အထက် ငလျင်လှုပ်နိုင်တယ် ဆိုတာလည်း ပညာရှင်တွေ ခန့်မှန်းထားတယ်။ ဒါကိုလည်း ရှင်းရှင်းလင်းလင်း ဖြစ်သင့်တယ်"ဟု ဆိုပါသည်။

ဒေါက်တာသန်းထွဋ်အောင် က မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး အစိုးရအပါအ၀င် နိုင်ငံရေးပါတီများ၊ လူထုလူတန်းစား အသီးသီးနှင့် တပ်မတော်သားများ အနေဖြင့် အသိတရားရှိသင့်ပြီး တရုတ် အစိုးရအနေဖြင့်လည်း နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အလေးအနက်ထား စဉ်းစားသင့်သည်ဟု ဆိုပါသည်။

"တရုတ်အစိုးရအနေနှင့်လည်း တရုတ်ကုမ္ပဏီ CPI ရဲ့ အကျိုးစီးပွားတစ်ခုတည်း မကြည့်သင့်သလို မြန်မာဘက်ကလည်း မြန်မာကုမ္ပဏီ တစ်ခုတည်း၊ ၀န်ကြီးဌာနတစ်ခုတည်းရဲ့ အကျိုး စီးပွားကိုချည်းပဲ မကြည့်သင့်ပါဘူး" ဟု ၎င်းက ဆိုပါသည်။

၎င်းက "ကျွန်တော့် အမြင်အရဆိုရင်တော့ ဒီစီမံကိန်းကို လုံးဝရပ်သင့်ပါတယ်။ တကယ်လို့ စဉ်းစားဆင်ခြင်မယ်ဆိုရင် ခေတ္တရပ်ဆိုင်းပြီး တရုတ်ပညာရှင်တွေ၊ မြန်မာပညာရှင်တွ၊ NGO တွေ၊ နိုင်ငံတကာ ပတ်ဝန်းကျင် ပညာရှင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ သတင်းမီဒီယာတွေ အဖွဲ့ဖွဲ့ပြီး လေ့လာရေး အစီအရင်ခံစာ တင်သွင်းသင့်တယ်"ဟုဆိုပါသည်။

၎င်းက "ဧရာဝတီဟာ ကျွန်တော်တို့ရဲ့ အမျိုးသား သမိုင်းအမွေအနှစ် (National Heritage) ပါ။ သူရဲ့ကျေးဇူးက မသေးပါဘူး။ ကျွန်တော်တို့ရဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။

ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်တွေ၊ ပြဿနာတွေ မပေါ်ပေါက်အောင် အရာရာကို စဉ်းစဉ်း စားစား၊ ချင့်ချင့်ချိန်ချိန်လုပ်ကြဖို့ တိုက်တွန်းပါတယ်"ဟု ဆိုပါသည်။

ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအပါအ၀င် မေခ၊ မလိခ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများဆိုင်ရာ နားလည်မှု စာချွန်လွှာ (MoU) ကို ၂၀၀၆ခု နှစ် ဒီဇင်ဘာလအတွင်းက အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန နှင့် တရုတ်နိုင်ငံ (China Power Investment Corporation) တို့ ချုပ်ဆိုခဲ့ကြကြောင်း သိရသည်။ စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ မြန်မာဘက်မှ Asia World ကုမ္ပဏီက ပါဝင်ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။

မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၊ လေ့လာသူများ၊ သတင်းသမားများက စီမံကိန်းမှတစ်ဆင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို အချက်အလက် အတိအကျများဖြင့် ရေးသားပြောဆိုလျက် ရှိနေပါသည်။ ပြီးခဲ့သည့် လများ ကလည်း ကချင်ပြည်နယ်အတွင်းရှိ ရေအားလျှပ်စစ်စီမံကိန်းအချို့ အနီးတွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး တပ်မတော်နှင့် KIA တို့ အကြား တိုက်ပွဲများ ဖြစ်ပွားထားသည်။

မြစ်ကော မြစ်မကောအောင်လို့ သစ်တောတို့ စိမ်းရပေမည် ရေဝေတောတွေ စိမ်းစို့စို့ မှိုင်းညို့ညို့ မှုန်ရီ ချင်းတွင်းနဲ့ ဧရာဝတီ ရေပြာကြည် သမျှ မြန်မာသွေးရှိ တတောလုံးပြောင် တတောင်လုံး လင်း မြစ်ကျဉ်းကာ သောင်တွေပေါ်တာ့ နောင်အရှည် မမျှော် မြန်မာပျောက်အောင်လို့ ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား စိုးကြောက်ဖွယ် အပျက်သဘောနဲ့ မြစ်ကောမယ် လေး...။ မောင်စိန်ဝင်း ( ပုတီးကုန်း )

နေ၀င်ဆည်းဆာရိပ်ကြောင့် ကျမခန္ဓာလေးကို ပိုမို လှပပါတယ် ဆိုတာကို အနုပညာ ကို နှလုံးသားနဲ့ ခံစားသူများက မှတ်တမ်းတင်ရင်း ဂုဏ်ပြုသွားကြတာ ကို မြန်မာနိုင်ငံသားတွေက ဂုဏ်ယူမဆုံး ဖြစ်ခဲ့ကြရတယ်....... ။ ဒါတွေက နောင်အခါ အိပ်ယာဝင် ပုံပြင်တပုဒ်လို ဖြစ်ရတော့မယ်............။ သမိုင်းအစဉ်အဆက်မှာ မင်းဆက်ပေါင်းများစွာနဲ့ ထိတွေ့ဆက်ဆံခဲ့ရတဲ့ ကျမဟာ ဒီအမျိုးယုတ်တွေ လက်ထက်မှာ ကျဆုံးခဲ့တာကိုတော့ ၀မ်းနည်းလို့ မဆုံး ဖြစ်မိတာ အမှန်ပါဘဲ....။ မြန်မာနိုင်ငံသားတွေက် အတွက် နေ့မအား ညမနား ကြိုးစားပေးခဲ့တဲ့ ကျမလို လုပ်အားရှိသူမှကို ရွေးပြီး တိုင်းတပါးကို ထိုးအပ်ဖို့ အရေး လုပ်ဆောင်နေသူတွေရဲ့ တိုင်းပြည်ကိုချစ်တယ် ဆိုတဲ့ စကားများက ကျမကို လှောင်ပြောင်နေသလို ခံစားရလို့ ပြည်သူများကို အသိပေးရင်းက .........နောက်ဆုံးအချိန်ထိ ကျေးဇူးဆပ်ခွင့်ပေးပါ...........နော် ။

အလုပ်တွေ ပြီးဆုံးသွားလို့ အနားယူနေကြတဲ့ ရေလုပ်သားများကု ကျမကို နှုတ်ဆက်ရင်း ထွက်ခါကြတဲ့ အချိန် ၊ တနေ့တာ တာဝန်ထမ်းဆောင်ပြီးလို့ အနောက်အရပ်က သူ့အိမ်ကို ပြန်ခါနီး နေမင်းကြီးကလည်း ကျမကို လှမ်းနှုတ်ဆက်တဲ့ မြင်ကွင်းကို မြင်ရသူတွေက ကြည်နူးစရာ ကောင်းလွန်းလို့ ဆိုတဲ့အသံတွေ ကြားမှာ ပျော်မွေ့ရင်းနဲ့ဘဲ မြန်မာနိုင်ငံရဲ့ အထက်နဲ့အောက်ကို မနားမနေ ခရီးဆက်ရင်း ရှင်သန်ကြီးပြင်းခဲ့သူပါ...။ သိပ်မကြာခင်မှာ ဒါတွေက လွမ်းစရာ အဖြစ်ကျန်ရစ်ပြီး....... အနာဂတ် မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ်လေးများကို ကျမ ဒီနိုင်ငံမှာ ရှင်သန်ကြီးပြင်းကာ တိုင်းပြည်အကျိုးကို သယ်ပိုးခဲ့ဘူးကြောင်း ပြောပြပေးကြပါ.....။ သူတိုတွေက ကျမကို အမှတ်ရလို့ မေးမြန်းခဲ့ရင် အချိန်မကျဘဲ သေဆုံးခဲ့ရတဲ့ ကျမဘ၀ကို မလိမ်မညာဘဲ ဖြေကြားပေးပါလို့ နောက်ဆုံးအနေနဲ့ ပြည်သူလူထုကို တောင်းပန်ပါရစေနော်.။


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

၉ နှစ်သားအရွယ် ကလေးငယ်တစ်ဦးက ပေးခဲ့တဲ့ သင်ခန်းစာ






rsorcerer@googlegroups.com, 11paneiphyu...@gmail.com

ကျွန်တော်ဟာ ပုံမှန်အားဖြင့်တော့ အပေါင်းအသင်းတွေနဲ့ ဟေးလားဝါးလားနဲ့
ပျော်ပါးရတာထက် တစ်ယောက်တည်းနေပြီး စာအုပ်တစ်အုပ်နဲ့ ငြိမ့်နေရတာကို
အာသာတွေ့နေတတ်တဲ့သူပါ ။ ဒါပေမယ့် FaceBook ဆိုတဲ့ လူမှု့ကွန်ယက်ကြီး
စတင်ထိတွေ့လိုက်ကတည်းက အလုပ်အားတာနဲ့ FaceBook ကနေမခွာနိုင်အောင်
ဖြစ်နေရတာနဲ့  စာအုပ်ကို အရင်ကလို စွဲစွဲလန်းလန်း မဖတ်ဖြစ်တော့တာကြာပါပြီ
။
ဒါပေမယ့် ကျွန်တော်ဟာ Tablet တို့ Smart phone တို့သုံးတာမဟုတ်တဲ့အတွက်
ခရီးသွားတဲ့အခါမတော့ FaceBook  ကနေ ခွာခွင့်ရပါတယ် ။ အဲလိုခွာခွင့်ရတဲ့
အခါလောက်မှသာ စာအုပ်ဖတ်ဖြစ်ပါတော့တယ် ။ ဒါနဲ့မနေ့က
ဘုန်းကြီးကျောင်းကိုသွားရင်းနဲ့ လမ်းမှာဖတ်ရအောင် " သူရဇ္ဇ " မဂ္ဂဇင်း
ဝယ်ဖြစ်ခဲ့ပါတယ် ။ အဲဒီထဲက စာရေးဆရာစုံ ရေးတဲ့ဆောင်းပါးလေးတွေဖတ်ရင်းနဲ့
" ဆရာ
ဦးဥာဏ်ဝင်းထက် ( စာပေဗိမာန် ) ရဲ့ ( ၉ နှစ်သားအရွယ် ကလေးငယ်တစ်ဦးက
ပေးခဲ့တဲ့
သင်ခန်းစာ ) " ဆိုတဲ့ဆောင်းပါးလေးကို ဖတ်ပြီး အတုယူစရာ တွေးစရာလေးတွေ
တော်တော်ရလိုက်တဲ့အတွက် Face Book မှသိကျွမ်းတဲ့ စာဖတ်ဝါသနာပါသူ
သူငယ်ချင်းတွေကိုလည်း မျှဝေခံစားချင်တာနဲ့ လက်ညောင်းခံပြီး
ရေးတင်လိုက်ပါတယ် ။
ကျုပ် အဘဆရာ အတ္တကျော် ပြောသလို စာဖတ်သူ ကျွန်တော်ရေးတဲ့စာကိုဖတ်ရင်း
အတွေးပွားဖြစ်ရင်ဖြင့် ရေးရသူ ကျွန်တော်ပျော်ပြီ ဆိုသလို စာဖတ်သူ
သူငယ်ချင်းတွေလည်း ဒီစာကိုဖတ်ပြီး အတွေးလေးရရင်ဖြင့် ကျွန်တော်
လက်ညောင်းခံရကျိုးနပ်ပါပြီဗျာ …. ။





ဒီဆောင်းပါးလေး ဖြစ်ပေါ်လာပုံကတော့ ဂျပန်နိုင်ငံ ဖူကူရှီးမား မြို့မှာ
ရဲအဖြစ်
ဝင်ရောက်လုပ်ကိုနေတဲ့ ဟာမင်းသန်း ဆိုတဲ့ ဗီယက်နမ် လူမျိုး က ဗီယက်နမ်
နိုင်ငံမှာ ရှိနေတဲ့ သူ့သူငယ်ချင်းဆီ ရေးခဲ့တဲ့စာလေးက စခဲ့တာပါ ။ ကဲ
….ဒီဆောင်းပါးထဲမှာ ပါတဲ့အတိုင်း ဤ သည် မရွေး ရေးလိုက်ပါ့မယ် ။

ယင်းသည် ဂျပန်လူမျိုးတို့၏ စိတ်ဓါတ်အင်မား ကြံ့ခိုင်မှု့ ပြယုဂ် သာဓဂ
တစ်ခုဖြစ်ပြီး ဖူကူရှီးမား နူကလီးယား ဓါတ်အားပေးစက်ရုံရှိ ဂျပန်နိုင်ငံ၏
ဘေးဒုက္ခ ကြုံရာ ဗဟိုချက် အနီးမှ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်မှန်
ဘဝသရုပ်ဖေါ်ပြကွတ်တစ်ခုလည်းဖြစ်သည် ။ ၄င်းကို နယူးအမေရိက မီဒီယာမှ
အင်ဒရူးလမ်းက
ဘာသာပြန်၍ ရှန်ဟိုင်းနေ့စဉ် သတင်းစားတွင် ဖေါ်ပြခဲ့သည် ။

အစ်ကို -

                အစ်ကိုနဲ့မိသားစု နေကောင်းရဲ့လား ။ ဒီမှာတော့
ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖရိုဖရဲနဲ့ ကစဥ့်ကလျားဖြစ်ကုန်ပါတယ် ။
ကျွန်တော်မျက်လုံးမှိတ်လိုက်တဲ့ အခါ လူသေအလောင်းတွေ မြင်နေရတယ်

ဖွင့်လိုက်ရင်လည်း လူသေတွေပဲမြင်နေရတယ် ။ ကျွန်တော်တို့အားလုံး တစ်နေ့ကို
နာရီ
( ၂၀ ) အလုပ်လုပ်ရပါမယ် ။ ဒါပေမယ့် တစ်နေ့ကို ( ၄၈ )
နာရီလောက်ရှိစေချင်မိတယ် ။
ဒီတော့မှ လူတွေကို ကူညီကယ်ဆယ်တာဆက်လုပ်နိုင်မယ် ။ ကျွန်တော်တို့မှာ
ရေရောလျှပ်စစ်မီးပါ မရှိတော့ပါဘူး စားနပ်ရိက္ခာခွဲတမ်းလည်း
ကုန်သလောက်ဖြစ်နေပါပြီ ။ ကျွန်တော်တို့ဟာ ဒုက္ခသည်တွေကို
အခြားတစ်နေရာပို့ပေးဖို့ အမိန့်သစ်မလာခင်မှာ ပြောင်းတယ်ရွှေ့တယ် ဆိုရုံလေး
လုပ်ပေးနိုင်ပါတယ် ။ ခုလောလောဆယ် ကျွန်တော် ဖူကူရှီးမား မှာပါ ။
နူကလီးယား
စက်ရုံနဲ့ ( ၂၅ ) ကီလိုမီတာ အကွာမှာပေါ့ ။ ကျွန်တော် အစ်ကို့ကို
ရင်ထဲရှိသမျှ
ရေးချလို့ရရင် ရေးချင် ပြောချင်တာတွေ အများကြီးပါ ။
ဘေးဒုက္ခကြုံတွေ့ချိန်မှာ
လူသားတွေရဲ့ တစ်ဦးနဲ့ တစ်ဦး အပေါ် ဆက်ဆံရေးနဲ့ အပြုအမူ
တွေအကြောင်းဝတ္ထုရှည်တစ်ပုဒ် အဖြစ် ကောင်းကောင်းကြီးရေးနိုင်လောက်ပါတယ် ။
ဒီကလူတွေဟာ တည်တည်ငြိမ်ငြိမ်ရှိကြပါတယ် ။ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့
အပြုအမူအပေါ်ထိန်းသိမ်းနိုင်တဲ့ အသိစိတ်ဟာ အံ့သြ လောက်ပါတယ် ။ ဒါကြောင့်
အခြေအနေရပ်ရပ်ဟာ ထင်သလောက်ဆိုးဝါးမသွားတာပါ ဒါပေမယ့်
နောက်တစ်ပါတ်ဆိုရင်တော့
သင့်တော်တဲ့ ကာကွယ်စောင့်ရှောက်မှု့နဲ့
စည်းစနစ်တကျရှိမှု့ကိုဆက်လက်ဆောင်ရွက်မပေးနိုင်တော့တဲ့
အခြေအနေထိရောက်မလာဘူးလို့တော့ အာမမခံနိုင်ပါဘူး ။



ဘယ်လိုပဲဖြစ်ဖြစ် သူတို့လည်းလူသားတွေပဲလေ အစာရေစာငတ်မွတ်မှု့က
ဂုဏ်သိက္ခာကို
လွှမ်းမိုးသွား ( ဂုဏ်သိက္ခာထက် ပိုအားကောင်းသွား ) တဲ့အခါမှာတော့
လုပ်စရာရှိတာ
လုပ်ကြပါလိမ့်မယ် ။ အစိုးရက အစားအစာနဲ့ ဆေးဝါးတွေကို သယ်ယူပြီး
ထောက်ပံ့မှု့တွေကို လေကြောင်းကနေ ပေးဖို့ ကြိုးစားနေပါတယ် ။ ဒါပေမယ့်
ပင်လယ်သမုဒ္ဒရာထဲကို ဆားတစ်ဆုပ်ကြဲသလို သိပ်မထိရောက်ဘူး ဖြစ်နေတယ် ။



ဒါနဲ့ အစ်ကိုရေ ကျွန်တော့ရင်ကို တကယ်လှုပ်ခတ်သွားစေတဲ့ ဖြစ်ရပါတစ်ခုရှိတယ်
ဒီဖြစ်ရပ်မှာ ဂျပန်ကလေးတစ်ယောက်က ကျွန်တော့လို အရွယ်ရောက်နေတဲ့
လူကြီးတစ်ယောက်ကို လူသားတစ်ယောက် အနေနဲ့ ဘယ်လိုပြုမူသင့်တယ်
( ဘာလုပ်သင့်တယ် )
ဆိုတဲ့ သင်ခန်းစာကိုပေးသွားပါတယ် ။ မနေ့ညက ကျွန်တော်
မူလတန်းကျောင်းတစ်ခုမှာ
တာဝန်ကျတယ် ဒုက္ခသည်တွေကို စားစရာဝေတဲ့ စေတနာရှင် အဖွဲ့တစ်ခုကို
ကူညီပေးဖို့ပါ ။
စားစရာဝေတာကိုယူဖို့ စောင့်နေတဲ့ လူတန်းရှည်ကြီးဟာ မြွေလိမ် မြွေကောတ်
လမ်းတစ်ခုလို အရှည်ကြီးပါပဲ အဲဒီမှာ ( ၉ ) နှစ်လောက်ရှိမယ့်
ကောင်လေးတစ်ယောက်ကို ကျွန်တော်တွေ့တယ် ။ ချာတိတ်လေးက တီရှပ်နဲ့
ဘောင်းဘီကို
ဝတ်ထားတယ် ။



ရာသီဥတုက သိပ်ကို အေးနေပြီး ကောင်လေးကို လူတန်းကြီးရဲ့နောက်ဆုံးဆိုမှ
တကယ့်နောက်ဆုံးမှာ . သူ့အလှည့်ရောက်တော့ စားစရာကျန်ပါ့မလားဆိုပြီး
ကျွန်တော်
စိုးရိမ်သွားမိတယ် ဒါနဲ့ ကျွန်တော် စကားသွားပြောကြည့်တော့ ငလျင်လှုပ်တဲ့
အချိန်မှာ သူကကျောင်းမှာ သူ့အဖေက ကျောင်းအနီးမှာ အလုပ်လုပ်တော့
ကျောင်းကိုကားနဲ့ လာနေတုန်း ဆူနာမီလှိုင်းလုံးကြီးက တိုက်ချသွားတာကို သူက
ကျောင်းရဲ့ တတိယထပ် လသာဆောင်ကနေ လှမ်းမြင်လိုက်သတဲ့ ။ ကျွန်တော် သူ့အမေ
အကြောင်းမေးကြည့်တော့ သူတို့အိမ်ဟာ ပင်လယ်ကမ်းခြေမှာ ရှိတဲ့ အတွက်
သူ့အမေရော
ညီမလေးပါ လွတ်နိုင်မှာ မဟုတ်ဘူး ဆူနာမီထဲပါသွားလောက်ပြီလို့ ပြောတယ် ။
သူ့ဆွေမျိုးသားချင်းတွေအကြောင်းမေးတဲ့ အခါမှာ  မျက်နှာကို
တစ်ဖက်ကိုလှည့်ပြီး
မျက်ရည်စတွေ သုတ်နေရှာတယ် ။ ကလေးက ချမ်းတုန်နေတာကြောင့် ကျွန်တော့်ရဲ့
အပေါ်
အင်္ကျီ ကိုချွတ်ပြီး သူ့ကိုယ်ပေါ်တင်ပေးတော့ ကျွန်တော်ရထားတဲ့ စားစရာ
ခွဲတမ်း (
ရာရှင် ) ထုပ်ကထွက်ကျသွားတယ် ကျွန်တော်ကောတ်ပြီး သူ့ကိုပေးရင်း
ညီလေးအလှည့်ရောက်ရင် စားစရာကုန်ချင်ကုန်သွားမှာ ဒါက အစ်ကိုရထားတဲ့ ဝေစု
အစ်ကိုတော့ စားပြီးပြီ ညီလေးစားလိုက်ပါ ဆိုတော့ ကောင်လေးက
ကျွန်တော်ပေးတဲ့
စားစရာထုပ်ကို ယူပြီး ဦးညွတ် အရိုအသေပေးတယ် ။ သူချက်ချင်း
စားလိမ့်မယ်ထင်ပေမယ့်
မစားဘူးဗျာ သူက စားစရာထုပ်ကိုယူပြီး လူတန်းကြီးရဲ့
ဟိုးတစ်ဘက်စွန်းထိယူသွားပြီး
ဝေဖို့ပုံထားတဲ့ စားစရာပုံထဲကိုထည့်လိုက်တယ် ကျွန်တော်
တုန်လှုပ်သွားတာပေါ့
ဒါနဲ့ ဘာလို့မစားပဲနဲ့ စားစရပုံထဲ သွားထည့်တာလည်း ဆိုတော့ သူက
ကျွန်တော့်ထက်
ပိုပြီး ဆာနေတဲ့သူတွေ အများကြီးပါ ကျွန်တော် အဲဒီအထဲမှာထည့်လိုက်ရင်
စားစရာကို
ညီညီမျှမျှ ဝေပေးမှာပေါ့တဲ့



ကျွန်တော်ရင်ထဲဆို့သွားလို့ မျက်နှာကို တစ်ဖက်လွှဲလိုက်ရတယ်
မျက်ရည်ကျတာကို
လူတွေမမြင်အောင်လို့ပါ ။ မြင့်မြတ်တဲ့ ကောင်းကျိုးအတွက် စွန့်လွှတ်
အနစ်နာခံခြင်း သဘောတရားကို နားလည်သဘောပေါက်တဲ့ ( ၉ ) နှစ်အရွယ်
ကလေးငယ်တစ်ယောက်ကို မွေးထုတ်ပေးနိုင်တဲ့ လူ့အဖွဲ့အစည်းဟာ မြင့်မြတ်တဲ့
လူ့အဖွဲ့အစည်း ကြီးမြတ်တဲ့ လူသားတွေ ဖြစ်ကို ဖြစ်ရမှာပါ ။



အစ်ကိုနဲ့ အစ်ကို့မိသားစု ကျန်းမာ ချမ်းသာစေကြောင်း ဆုတောင်းမေတ္တာ
ပို့သလိုက်ပါတယ် ကျွန်တော့်တာဝန်ချိန်လည်း ပြန်စပါပြီ

ဟာမင်းသန်း ( Ha Minh Thanh )

စာလေးကတော့ ဒီလောက်ပါပဲ ဒါပေမယ့် ဆောင်းပါးရှင်က ထပ်ဖြည့်ထားပါသေးတယ်



ဂျပန်နိုင်ငံမှ အတုယူစရာ သင်ခန်းစာ ( ၁၀ ) ချက်



၁ တည်ငြိမ်မှု့

 ရင်ဘတ်စည်တီး ငိုကြီးချက်မ၍ ယူကျုံးမရ အပူလုံးကြွသူ မတွေ့ရ ။ သောကကို
တည်ငြိမ်စွာ ဖြေဖျောက်နိုင်ကြသည် ။



၂ ဂုဏ်သိက္ခာ

ရေနှင့်စားသောက်ကုန်များကို စည်းစနစ်တကျ တန်းစီယူကြသည် ကြမ်းတမ်းသောစကား
ရိုင်းစိုင်းသော အမူအရာ လုံးဝ မတွေ့ရ ။



၃ စွမ်းရည်

သာဓကအားဖြင့် မယုံနိုင်လောက်အောင်တော်သော ဗိသုကာပညာရှင်များရှိသည် အဆောက်
အအုံများသည် ယိုင်းရိုင်သွားသော်လည်း ပြိုမကျ ။



၎ ထောက်ထားညှာတာမှု့

လောလောဆယ်လိုအပ်သမျှသာ ဝယ်ကြသည် ။ အခြားသူများလည်း ရပါစေတော့ ဟူသည့်
စိတ်ကိုထားသည် ( နောက်လူဝယ်စရာမကျန်အောင် မိမိတစ်ဦးတည်း လောဘတကြီး
သိမ်းကျုံးဝယ်ယူခြင်းမျိုးမလုပ် )



၅စည်းကမ်းသေဝပ်မှု့

ဆိုင်များတွင်လုယက်ခြင်းမရှိလမ်းပေါ်တွင်ဟွန်းသံတညံညံ လုပ်ခြင်း
ကျော်တက်ခြင်းများမရှိ အချင်းချင်းနားလည်ပေးမှု့ရှိသည် ။



၆ အနာခံမှု့

နူကလီးယားဓါတ်ပေါင်းဖိုများတွင်  ပင်လယ်ရေကို စုပ်ထုပ်ရန် အလုပ်သမား
( ဝန်ထမ်း
၅၀ ) သည်နောက်ချန်နေခဲ့သည် . (
ရေဒီယိုဓါတ်ရောင်ခြည်သင့်မှု့ခံရမည်ကိုသိလျက်နှင့်
စွန့်လွှတ်အနစ်နာခံခြင်းဖြစ်သည် ) သူတို့၏ ကျေးဇူး နှင့် မြင့်မြတ်သော
စိတ်ထားကို မည်သို့ပေးဆပ်နိုင်ပါမည်နည်း ။



၇ ကြင်နာယုယမှု့

စားသောက်ဆိုင်များက ဈေးနှုန်းလျှော့ချပေးကြသည် အစောင့်အရှောက်မရှိသော
အေတီအမ်
စက်တစ်လုံးကို ဒီအတိုင်းထားသည် အားကြီးသူက အားနည်းသူကို
ကူညီစောင့်ရှောက်သည်။



၈ လေ့ကျင့်ထားမှု့

သက်ကြီးရွယ်အိုများနှင့် ကလေးများအပါအဝင် လူတိုင်းသည် ဘာလုပ်ရမည်ကို
တိတိကျကျ
သိသည် သိသည့်အတိုင်းလိုက်နာကျင့်သုံးကြသည် ။



၉ မီဒီယာ

သတင်းမီဒီယာများက အထိန်းအကွပ်ရှိသည် သတင်းထုတ်ပြန်ရာ၌
နှိုင်းနှိုင်းချိန်ချိန်
ထိန်းထိန်းသိမ်းသိမ်းရှိသည် ။ ပရမ်းပတာ သတင်းထောက်မရှိ ။



၁၀ အသိစိတ်

စတိုးဆိုင်တစ်ခုတွင် ဓါတ်အားပြတ်တောက်၍ အမှောင်ကျသွားသောအခါ
ဈေးဝယ်သူများသည်
ဝယ်ရန်ယူထားသော ပစ္စည်းများကို စင်ပေါ်တွင် ပြန်တင်၍ အေးငြိမ်းစွာ
ထွက်ခွာသွားကြသည် ။



ဆောင်းပါးရှင် ဦးဥာဏ်ဝင်းထက် ( စာပေဗိမာန် ) သူရဇ္ဇမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၁



Credit: Ko Aung Soe

http://www.facebook.com/notes/aung-myo-thu/%E1%81%89-%E1%82%8F%E1%80%BD%E1%80%85%E1%80%B9%E1%80%9E%E1%80%AC%E1%80%B8%E1%80%A1%E1%80%9B%E1%80%BC%E1%80%9A%E1%80%B9-%E1%80%80%E1%80%B1%E1%80%9C%E1%80%B8%E1%80%84%E1%80%9A%E1%80%B9%E1%80%90%E1%80%85%E1%80%B9%E1%80%A6%E1%80%B8%E1%80%80-%E1%80%B1%E1%80%95%E1%80%B8%E1%80%81%E1%80%B2%E1%80%B7%E1%80%90%E1%80%B2%E1%80%B7-%E1%80%9E%E1%80%84%E1%80%B9%E1%80%81%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AC/10150287196082937

Monday, 8 August 2011

ကြည့်မြင်တိုင် သာဓုပရိယတ္တိစာသင်ကျောင်းမှာ ပြုလုပ်တဲ့၂၃ နှစ်မြောက် ၈ လေးလုံး နှစ်ပတ်လည်နေ့  ၀ါဆိုသင်္ကန်းကပ်ပွဲ









အေးဆေးငြိမ်းချမ်းစွာ ပြီးစီးသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ကျော်က အတူတူတွဲလုပ်ခဲ့တဲ့ သူငယ်ချင်း တွေ၊ ၉၄- ၉၅ မျိုးဆက်တွေ၊ ၂၀၀၇ မျိုးဆက်တွေ စတဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု ရေအလျင်ကြောမှာ မနားတမ်း၊ မမောတမ်းကူးခတ်နေကြတဲ့ တိုက်ပွဲဝင်သူရဲကောင်းတွေကို စုံစုံလင်လင် တွေ့ ရတဲ့အခါ စိတ်ထဲ မှာဝမ်းနည်းဝမ်းသာဖြစ်ရပြီး တစ်စုံတစ်ခုကို လွမ်းဆွတ်မိသလို ခံစားရပါတယ်။

အခမ်းအနားမှူးအဖြစ် မဇ္ဈိမလှိုင်းကိုရဲလွင်နဲ့ အတူ ၈၈ ကျောင်းသား ကိုတိုးကျော်လှိုင်က တစ်မိနစ် ငြိမ်သက်ခြင်းအစီအစဉ်ကို ဦးဆောင်ပြုလုပ်ပါတယ်။ ငြိမ်သက်ရခြင်းရဲ့  ပထမပိုင်းကတော့ နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေးနဲ့  အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ အတွက် ဦးတည်ပြီး ငြိမ်သက်ခြင်း ဒုတိယပိုင်းဟာဖြင့် ဒီမိုကရေစီလူထုလှုပ်ရှားမှုကြီးမှာ အသက်ပေးကျဆုံးသွားရတဲ့ တိုက်ပွဲဝင်ရဲဘော်ရဘက်အားလုံးအတွက် ရည်စူးရခြင်းဖြစ်ပါတယ်။

တစ်မိနစ်ငြိမ်သက်နေစဉ်မှာ အခမ်းအနားကို တက်ရောက်လာကြသူတွေရဲ့  စိတ်နှလုံးတွေ ညှိုးချုံးနေ ကြမှာ အသေအချာပါဘဲ။ ဒီအချိန်မှာ အကျဉ်းကျခံနေရတဲ့ ကျွန်တော်တို့ ရဲ့  ရဲဘော်တွေထံ စိတ်အစဉ်တွေ ပြေးလွှားရောက်ရှိခဲ့ရပါတယ်။ သူငယ်ချင်းတို့ ရဲ့  စိတ်အစဉ်တွေလည်း ဒီအခမ်းအနားကို ရောက်ချင်ရောက်နေမှာပါဘဲ။
လူချင်း အတူတူမတွေ့ ကြရပေမယ့် တို့ တတွေ စိတ်ချင်းအမြဲ နီးနေကြပါတယ်လို့  ဖြေတွေး တွေးလိုက်ရပါတယ်။

ဆရာတော်ဘုရားကြီးရဲ့ ရေစက်ချ တရားနာမှုကို တက်ရောက်လာတဲ့ပရိသတ်တွေ ရိုကျိုးစွာခံယူကြပါတယ်။

ဆရာတော်ကြီးရဲ့  သြ၀ါဒက “အစားဆန်း၊ အနေဆန်း၊ အ၀တ်ဆန်းတွေ ကို မတပ်မက်ကြပါနဲ့ ။ အတွေး ဆန်းကြပါ၊ အတွေးရဲကြပါ၊ အတွေး ပေါက်ကြပါ။ ဒါဆိုရင် ပေးတိုင်း မယူကြတဲ့စိတ်၊ ကျွေးတိုင်း မစားကြတဲ့စိတ်၊ခြောက်တိုင်း မကြောက်ကြတဲ့စိတ်၊ မြှောက်တိုင်း မမြောက်ကြတဲ့စိတ် တွေ ပေါ်ပေါက်လာပြီး အဲဒီစိတ်ထားတွေက တစ်ဆင့် ပြန်လည်စည်းလုံးရေး၊ ငြိမ်းချမ်းရေးကို လုပ်နိုင်ကိုင်နိုင်ကြပါလိမ့်မယ်” လို့  ဟောကြားသွားပါတယ်။အဖိုးတန် ဆုံးမစကားတွေကို နာယူလိုက်ရပါတယ်။

ဒီအခမ်းအနားကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာသလို အမျိုးသား ဒီမိုကရေစီ ပါတီဝင်များ၊ ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီများမှ ပုဂ္ဂိုလ်များ၊ အနုပညာလောကသားများ၊ တစ်သီးပုဂ္ဂလများ၊မျိုးဆက်သစ်လူငယ်များနဲ့  ၈ လေးလုံးကို ဖြတ်သန်းခဲ့ကြသူများ အင်အား နှစ်ထောင်ကျော်ခန့်  လာရောက်ကြပြီး အကျဉ်းသားမိသားစုဝင်များကိုလည်း တွေ့ မြင်ခဲ့ရပါတယ်။ ကိုဖြိုးမင်းသိန်းတို့ ကိုမျိုးရန်နောင်သိန်းတို့ အပါအ၀င် အခမ်းအနားစီစဉ်ကျင်းပရေးလူငယ်များရဲ့  ဟာကွက်မရှိအောင် ကြိုးစားပမ်းစား ဖြည့်ဆည်းပေးနေကြတာကိုလည်း တွေ့ ခဲ့ရပါတယ်။

သံဃာတော်များကို ၀ါဆိုသင်္ကန်းကပ်လှူကြပြီး နေ့ ဆွမ်းဆက်ကပ်ကြပါတယ်။ လူပုဂ္ဂိုလ်များကိုတော့စာသင်တိုက်ရဲ့  အပေါ်ထပ်အောက်ထပ်မှာ ထမင်းကျွေးပါတယ်။ စီစဉ်သူတွေရဲ့ စေတနာနဲ့  ရည်မှန်းချက်တွေအလုံးစုံ အောင်မြင်ပြီးမြောက်ခဲ့တဲ့ ကြည်လင်လှပတဲ့ ၈ လေးလုံး (၂၃)နှစ်မြောက် အခမ်းအနားတစ်ခုဖြစ်ခဲ့ပြီးတက်ရောက်လာကြသူတွေရဲ့  ချီးမြှင့်ပံ့ပိုးမှုတွေဟာလည်း လေးစားဂုဏ်ယူဖွယ်ကောင်းလှပါတယ်။

ဒီမိုကရေစီရေးလှုပ်ရှားတက်ကြွသူများရဲ့  ဆောင်ရွက်ချက်တချို့ ကို တည်ဆဲအစိုးရအနေနဲ့ အခုလို ခွင့်ပြုလိုက်လျောမှုပေးခဲ့တာဟာ အပေါင်းလက္ခဏာဆန်တဲ့ လက်ခံပူးပေါင်းမှုတစ်ခုလို့  ကျွန်တော်တို့ ယူဆပြီးဒီ့ ထက်ပိုတ၊ဲ့ ဒီ့ ထက် ထိထိမိမိရှိတဲ့ မြန်မာပြည်သူပြည်သားအားလုံး မျှော်လင့်တောင့်တနေကြတဲ့ အရေးကိစ္စတွေကိုလည်း ရှေ့ အနာဂတ်မှာ ဆက်လက်ဆုံးဖြတ်လုပ်ဆောင်ပေးဖို့  လိုအပ်နေပါသေးတယ်။

နောင်နှစ် ၈ လေးလုံးနှစ်ပတ်လည်နေ့ မှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျတို့ နဲ့ အတူကျွန်တော်တို့ တတွေ လူစုံတက်စုံ ဆင်နွှဲရလိမ့်မယ်လို့  စူးစူးနစ်နစ်ယုံကြည်လျက်....။

Photo..AP
အောင်မျိုးထွန်း

Burma marks 8888 Uprising anniversary