Saturday 21 January 2012









Jan-20, 2012

ဒေါ်တင်ထားဆွေ
ဌာနမှူး
ဘီဘီစီ( မြန်မာပိုင်း)

မင်္ဂလာပါ ဒေါ်တင်ထားဆွေ။ ကျန်းမာပါစေ။

ဘီဘီစီ သောတရှင် တဦးအနေဖြင့် ဘီဘီစီ မြန်မာပိုင်း၏ အယ်ဒီတာတွေ၏ သတင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေ ဘယ်လို စဉ်းစားတယ်။ ဘယ်လို ဆုံးဖြတ်တယ်ဆိုတာ သိချင်ပါသည်။ ပရိသတ်တဦးအနေဖြင့် ကိုယ့်နားထောင်တဲ့ ကြည့်ရှုနေတဲ့ သတင်းဌာန၏ သတင်းခန်းမှာ သတင်းတွေကို ဘယ်လို စံတွေ ဘယ်လို သတ်မှတ်ချက်တွေ ဘယ်လို အခြေခံတွေ မူတွေနဲ. ဆုံးဖြတ်သလဲ ရွေးချယ် ထုတ်လွှင့်သလဲဆိုတာ သိလိုပါသည်။

တနေ.တနေ. ဖြစ်ပျက်နေတဲ့ သတင်းတွေက အများကြီးဆိုတော့ ဘယ်သတင်းကိုတော့ လွှင့်မယ်။ ဘယ်သတင်းကိုတော့ မလွင့်ဘူးဆိုတာမျိုးကို ဘာကို အခြေခံပြီး လွင့်သလဲ သိလိုတာပါ။
ကချင်ပြည်နယ်က ABSDF ( မြောက်ပိုင်း)မှာ ကျောင်းသား အချင်းချင်း သူလျှိုဆိုပြီး စွပ်စွဲကာ လူပေါင်း ၃၀ ကျော် မတရား ဖမ်းဆီး နှိပ်စက် သတ်ဖြတ် ခေါင်းဖြတ်တဲ့အကြောင်း အခု အနှစ် ၂၀ နောက်ပိုင်းမှာ ကာယကရှင်တွေ နစ်နာသူ ခံရသူတွေ၏ ကိုယ်တွေ.အဖြစ်အပျက်တွေကို လူသိရှင်ကြား တရားဝင် ရေးသားပြောဆိုမှု သတင်းတွေဟာ လူပေါင်းများစွာ အကြား ထိပ်ထိပ် လန်.လန်.နဲ. ဖြစ်နေပါတယ်။ ဖတ်ပြီး သွေးပျက် သွေးလန်.တဲ့သူတွေတောင် ရှိပါသည်။  အဲဒီလို သတင်းမျိုးကို ဘာကြောင့် ဘီဘီစီ-မြန်မာပိုင်းက သတင်းအနေဖြင့် မထုတ်လွှင့်ပဲ ငြိမ်နေတာလဲ-

-- ဒါပေမယ့် ABSDF အဖွဲ.ကို ငြိမ်းချမ်းရေးစကားပြောဖို. အစိုးရ၏ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်က ကမ်းလှမ်းချက် ဖုန်းဆက် ခေါ်တဲ့သတင်းတွေ ကျတော့ သတင်းအဖြစ် ထုတ် လွှင့်တာကို တွေ.ရပါသည်။ ဒါကြောင့် ဒီသတင်း ၂ ခုမှာ ဘယ်လို မူတွေ အခြေခံတွေ စံ သတ်မှတ်ချက်တွေနဲ. ဘီဘီစီက တခုကို မလွင့်ဘူး တခုကို လွင့်တယ် ဆိုတာ သိလိုပါသည်။

ခင်မင်စွာဖြင့်

ဦးပေါရ
ဆားလင်းကြီးမြို.။ စစ်ကိုင်းတိုင်း



--
htein lin

www.hteinlin.com
www.kaungkin.com



No comments:

Post a Comment