Saturday 21 January 2012


Posted: 20 Jan 2012 10:17 PM PST






(၁၅.၁.၂၀၁၂)နေ့(၁၆.၁.၂၀၁၂)နေ.တွင်လူ.အခွင့်ရေးစောင့်ကြည့်ကာကွယ်ရေးကွန်ယက်(HRWDN)၏ဈေးရောင်းပွဲကို
အမှတ်(၉)ရပ်ကွက်၊ ပုသိမ်တဖက်ကမ်းနိဂျောဓါဗျာဒိတ်ပေးဘုရားပွဲတော်တွင် ဈေးရောင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ အဓိကအနေနှင့်ဗိုလ်ချုပ်ပုံ။ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံများအား ပြည်သူလူထု လက်ထဲသို့ရောက်ရှိကာကွန်ယက်၏
ကျယ်ပြန်.မူ.ညီညွတ်မူ.များရရှိခဲ့ပါသည်။

HRWDN

Posted: 20 Jan 2012 09:15 PM PST

"သံဃာ့ဂိုဏ်း မသင့်စေဖို့ "

မိမိသည် နိုင်ငံရေး ဘုန်းကြီးလည်း မဟုတ်ပါ နိုင်ငံရေး ပိုစ့်များလည်း မရေးပါ..သို့သော်ရေးချိန်တန်လာ သော ကြောင့်
ရေးလိုက်ပါသည်

­"အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ"

သံဃာတော်များအတွက် ပရိယတ္တိသာသနာနှင့်ဆိုင်သော ကျမ်းစာအားလုံးရေးသားတော်မူခဲ့သည် ။ သုတ္တန်ဘာသာ ဋီကာ
တအုပ်သာ ရေးဖို့ ကျန်ခဲ့သည်။ ရုပ်ပုံ ရှင်ကျင့်ဝတ်မှ စ၍ အခြေပြုသဒ္ဒါ နာမ်ဂိုဏ်းစဉ် အာချာတ်ဂိုဏ်းစဉ် မှသည်အဆင့်မြင့်မား
လွန်းသော စာပေများ သံဃာထု အားလုံး အသုံးပြုကြရသည်။

လူများအတွက် ရတနာဂုဏ်ရည် ကိုယ်ကျင့်အဘိဓမ္မာ မှသည် အဆင့်မြင့် ပုဂ္ဂိုလ်ဖြစ်နိုင်သည့်အထိ ကျမ်းစာပေါင်း များစွာ
ရေးသားတော်မူသည်။

သာသနာတော်ဝယ် နေလိုလလို ထွန်းထောက်တော်မူခဲ့၍ ၂၁ ရာစု ဗုဒ္ဓဃောသ ဟုပင်နာမည်တွင်ခဲ့ နာမည်တင်နေဆဲဖြစ်သော
ဆရာတော်ဖြစ်ပါသည်။။

အမရပူရ မဟာဂန္ဓာရုံဆရာတော်၏ တပည့်အရင်း တပါးဖြစ်တော်မူသည်။သက်တော် ၂၇ သိက္ခာ ၀ါတော် ၇ ၀ါမျှဖြင့်
တိပိဋကဓရ ဖြစ်တော်မူခဲ့၍တိပိဋကဓရ ဖြစ်သည်နှစ်တွင် ရန်ကုန်မြို့  ကမ္ဘာအေး မဟာဂန္ဓာရုံ ကျောင်းတိုက်ကို
တည်ထောင်တော်မူသည်။ တစ်ကြိမ်ပို့ ချလျှင် တစ်နာရီခွဲ ဖြင့် တစ်နေ့ လျှင် စာဝါ ၇ ၀ါ ၈ ၀ါမျှပို့ ချတော်မူခဲ့သည်။

မန္တလေးမြို့တွင် သံဃာတော်များကို စစ်တပ်မှ ပစ်ခတ်၍မန္တလေးသံဃာထုမှ ဗိုလ်ချုပ်မှုးကြီးစောမောင် ဦးဆောင်သော
န၀တ အစိုးရအားသပိတ်မှောက် သံဃာကံပြုတော်မူကြသည်

သာသနာအတွက် အသက်စွန့် လှူထားတော်မူသော တိပိဋကဓရ ဆရာတော်သည်သပိတ်မှောက်ကံဆောင်သော
သတင်းကို ကြားသောအခါ မိမိတပည့်များအားသြ၀ါဒ ပေးတော်မူသည်။သံဃာဆိုတာညီညွတ်ရသည်..သံဃာအဆက်ဆက်ညီညွတ်ခဲ့၍ယနေ့တိုင်အောင်
သာသနာတော်တည်နေခြင်းဖြစ်သည်။

မန္တလေးသံဃာက အစိုးရကို သပိတ်မှောက် ကံဆောင်၍ ရန်ကုန်သံဃာက သပိတ်မမှောက်ခဲ့သော်
သံဃာညီညွတ်ရေး ပျက်ပြားလိမ့်မည်။သံဃာညီညွတ်ရေးကို ရှေးရှု၍ သာသနာအတွက် တာဝန်ကျေရ မည်ဟု မိန်တော်မူသည်။

အင်းစိန်ရွာမ တိုက်အုပ်ဆရာတော် ။ ရွှေဘုန်းပွင့်ဆရာတော် ။ ကျောက်ကုန်းမေဒိနီ ဆရာတော်စသော
ထင်ရှားသောဆရာတော်များကို ပင့်ဖိတ်၍ ဆရာတော်က ဥက္ကဌ ။ အင်းစိန်ရွာမ တိုက်အုပ်ဆရာတော်က
အတွင်းရေးမှုး တာဝန်ယူကာ စစ်အစိုရအား သပိတ်မှောက်ကံပြုကြောင်း လက်မှတ်ရေးထိုး ပေးပို့ ခဲ့သည်။

တပည့် စာချဘုန်းတော်ကြီးများကို စေလွှတ်၍ ၆ ထပ်ကြီး ဘုရားတွင် အစိုးရအားသပိတ်မှောက်ကံ ပြုစေတော်မူသည်။

ဒီသံဃာ သပိတ်မှောက်လျှင် ကိုးကွယ်စရာ သံဃာများစွာရှိသည်ဟု သဘောထားသောစစ်အစိုးရသည် ထိုသို့  သပိတ်မှောက်ကံပြုခံရသည်ကို အစပိုင်းတွင် မမှုခဲ့ပါ။

နိုင်ငံတော် လမ်းဖွင့်ပွဲစသော ပွဲလမ်းများတွင် သံဃာများကိုပင့်သည် ။မက်မောလောက် အောင်TV အောက်စက် မှ အစ လှူသည်..သို့သော်ငယ်ဖြူသံဃာများကြွရောက်တော်မမူကြတောထွက်သံဃာများသာ ကြွရောက်တော်မူကြသည်

အစိုးရပြုလုပ်သော သံဃာ့ အခန်းအနားများတွင် သံဃာ့ထိုင်ခုံနေရာများစွာ လွပ်လပ်နေသည်
ထို့ ထက်ဆိုးသည်ကား စစ်တပ် မိသားစုဝင်များ ကွန်လွန်သော်အသုဘသို့ ကြွရောက်ခါ ရေစက်ချ သရဏဂုံတင်ပေးမည့် သံဃာတော်မရှိဖြစ်ရသည်။မိမိတို့  တိပိဋက မဟာဂန္ဓာရုံကျောင်းသည် ချော်တွင်းကုန်း ကပစ ၁၀၆စစ်တပ်နှင့်နီး၍ထိုသတင်းများကို သိခဲ့ရသည်။

မိသားစုဝင်သေလို့ မှ အသုဘ ရေစက်ချ သရဏဂုံတင်ပေးမည့် ဘုန်းကြီးမရှိသော် မျက်ရည်ကျကြရသော
အောက်ခြေ စစ်တပ်မိသားစုနှင့် အထက်အရာရှိများမှ တဆင့် ထိပ်ပိုင်းခေါင်းဆောင်များပြဿနာ တက်ရ တော့ မည့်အခြေအနေတွင် န၀တ အစိုးရမှ အမိန့် ထုတ်သည်

သပိတ်လှန်မပေးလျှင် ပြင်းထန်စွာအရေးယူမည်ဟု ဆရာတော့်ထံ စာပို့ သည်။မြန်မာ့အသံမှ တနာရီခြားတစ်ခါ ထိုအမိန့် ကို အသံလွှင့်သည်။

အမိန့် ကြေငြာစာ ထုတ်လွှင့်ပြီးချိန်အတွင်း စစ်ချီတေး စစ်သည်တေးများအဆက်မပြတ်ထုတ်လွှင့်ခဲ့သည်

ဆရာတော်က သပိတ်လှန်လက်မှတ်ထိုးမပေးလိုသော်လည်း အစိုးရအကြောင်းကိုသိတော်မူသော ဆရာတော်၏ ဆရာ မန္တလေး မဟာဝိသုဒ္ဓါရုံတိုက် သံတော်ဆင့်ဆရာတော်မှ ဖျောင်းဖျပြောဆို လက်မှတ်ထိုးစေတော်မူသည်။

ဆရာ့စကားကို မပယ်ရှားလို၍ သပိတ်လှန်ကြောင်း လက်မှတ်ထိုးပေးခဲ့ရသည်.ထိုညက မှတ်မှတ်ရရ မိုးကြိုး ၁၂ ကြိမ်ကျော်မျှ ပစ်သံကြားရသည်။

န၀တ အစိုးရ သတ်မှတ်ချိန် အတိုင်မီ သပိတ်လှန်လက်မှတ် ထိုးပေးခဲ့သော်လည်းစစ်အစိုးရမှ အာဃာတ တရား ကြီးမားစွာဖြင့် လက်မှတ်ထိုးပြီး နောက်တစ်နေ့ သံဃာတော်များ ဆွမ်းခံကြွတော်မူကြချိန် ဆရာတော်အား ဖမ်းခေါ်သွားကြသည်

ဆရာတော် ဘယ်ဆီဘယ်ဝယ်သို့ ရောက်သည်ဟု သတင်မကြားတလလောက်ကြာမှ မြစ်ကြီးနားထောင်သို့ ပိုဆောင်ခံရကြောင်း သိကြရသည်

မြစ်ကြီးနားထောင်မပို့ ခင် စစ်ခုံရုံးသို့ ပိုသည် .. ဆရာတော်အား စစ်ဆေးမည့်ဗိုလ်မှုးကြီးအား အခြားဗိုလ်မှုးတစ်ဦးမှ မင်းစစ်ဆေးရမဲ့သူက တခြားသူမဟုတ်ဘူး.တိပိဋကဓရ ဆရာတော်ဖြစ်သည်ဟု ပြောဆိုပြီး စာရေးဆရာ ကုသလဗုဒ္ဓိ ကောင်းကြွယ်ရေးသားသောတိပိဋကဓရ ဆရာတော်ကြီးငါးပါး စာအုပ်ကိုပေးခဲ့သည်။ထို စစ်ဆေးရန်တာဝန်ကျ ဗိုလ်မှုးကြီးလည်း ထိုတာဝန်ကို ရှောင်လွှဲခဲ့သည်

ထိုခေတ်ထိုအခါက သတင်းစာများတွင် ဘယ်ရဟန်းသည် ဘယ်နေရာမှာ အရက်မူးနေသည်။ ဘယ်မိန်ကလေးကို ဆွဲလားရမ်းလားလုပ်သည်ဟု သတင်းစာများတွင် ဓာတ်ပုံများဖြင့်
သတင်းများစွာ လွှင့်ခဲ့သည်။

ဗိုလ်ချုပ်မှုးကြီးစောမောင် မြစ်ကြီးနားဘက်သို့  ခရီးစဉ်ထွက်သောအခါတိပိဋကဓရ ဆရာတော်ဖြစ်လျှက် နိုင်ငံရေးလုပ်သော ဘုန်းကြီးများလည်းရှိဟုသတင်းစာတွင် 8 point စာလုံးမဲကြီးများဖြင့် ရေးသားခဲ့သည်ကို
သတိထား သတိရ သူများ ရှာဖွေကြပါကုန်....

တိပိဋကဓရ ဆရာတော်သည် သံဃာညီညွတ်ရေး နှင့် သာသနာ့အရေးကိုသာကြည့်၍ န၀တ အစိုးရအား သပိတ်မှောက်ကံပြုခဲ့ခြင်းသာ ဖြစ်သည်..နိုင်ငံရေးလုပ်သော ဘုန်းကြီးလည်း မဟုတ်ပါ။

၂၀၀၇ စက်တင်ဘာတွင် လမ်းပေါ်ထွက်၍ မေတ္တာပို့ ကြသောသံဃာတော်များမှာ အစိုးရမှ ယာယီ သင်္ကန်းပတ်ပေးသော အတုအယောင်များမှလွဲ၍စာသင်သား သံဃာတော် အစစ်အမှန်များသာဖြစ်သည်။
ယာယီ အတုအယောင်များသည်လည်း မိဘ ဆွေမျိုး အသက်စည်းစိမ် အိုးအိမ်ကိုကြောက်လန့်၍သာ လုပ်ကြရသည်ဟု ယူဆမိသည်။

"သီလကြီးလေးပါး လုံခြုံလျှင်"


သီလကြီးလေးပါးလုံခြုံလျှင် သံဃာစစ် သံဃာမှန်သာ ဖြစ်သည်။သံဃာဟူသည် ဘယ်ခေတ် ဘယ်အခါကမှ အတုအယောင် မရှိခဲ့ပါပေ..

သံဃာတော် အဆက်ဆက်သည် ဒကာ ဒကာမ တို့ အပေါ်ဝယ်တာဝန်ကျေခဲ့ကြသည်ချည်းဖြစ်သည်

ကိုယ်တိုင် ပရိယတ် ပဋိပတ် သာသနာ့တာဝန်များ ကျေပွန်တော်မူကြရုံသာ မကဒကာ ဒကာမတို့ အား သံသရာဝယ် အထက်တန်း ဘ၀များသို့ တိုင်အောင်တဆင့်တက်၍ နိဗ္ဗာန်တိုင်အောင် ပို့ ဆောင်ပေးတော်မူကြသည်

သတ္တိ ဗျတ္တိရှိ၍ ထက်မြက်သော .. အတိုက်အခံ လုပ်သည်ဟုအစိုးရမှ ယူဆသော သံဃာတော်များမှာ အကြောင်းတစ်မျိုးမျိုးဖြင့်ဖိနှိပ်၍ လူဝတ်လဲ ခံခဲ့ရသည်ချည်းဖြစ်သည်။

ဟိုးယခင် ခေတ်အခါက သာသနာတော်သန့် ရှင်းရေး အမည်တပ်လျက်ထူးကြီးဆရာတော် ။ ဦးစံတင့် စတုနိကာယကောဝိဒ စသော ပုဂ္ဂိုလ်များလူဝတ်လဲခံခဲ့ရသည်ကို ကြည့်လျှင် သိနိုင်ပေသည် ။

နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများသည်လည်းထိုအကြောင်းကို သိ၍ ထိုသို့ ပြုလုပ်ခံခဲ့ရလျှင်သက်တော် ရွယ်တော်နှင့် မိမိတို့ ကိုယ်ကျင့်သိက္ခာကို ငဲ့ကွက်တော်မူကြရသောကြောင့်
ရေငုံ နှုတ်ပိတ်သာ နေတော်မူကြရကုန်သည် ။

ယခု အခါ သံဃာတု သံဃာယောင်ဟူသော စကားလုံးများ ကျယ်လောင်စွာသုံးလာကြသည်..
မြန်မာနိုင်ငံ ၀ယ် သံဃာဦးရေ အရမ်းများနေသည်.သံဃာအတွက် ခေါင်းခဲရ၍ နောင်တချိန် သာသနာတော်သန့် ရှင်းရေး အမည်ပေးကာ နှိပ်ကွက်ဖို့  အစပျိုးခြင်းလားဟုထင်မိပါသည်.။.

"အထူးသတိပေးချက်"

သံဃာတော်များ ညီညွတ်တော်မူကြသည်မှာ ဘုရားရှင်၏၀ိနည်း ဥပဒေတော် ပယ်နှုတ်စရာ ပြင်ဆင်စရာ ရှိသည်ဟုပြောစရာ မလိုလောက်အောင် ဥပဒေတိကျမှန်ကန်ခဲ့၍ ဖြစ်သည်။

အကယ်၍များ မြန်မာနိုင်ငံသည် မှန်ကန်၍ အများလက်ခံသောစစ်မှန်သော ဥပဒေပေါ်ပေါက်လာပါက စီးပွါးရေး ခိုင်မာဖွံ့ ဖြိုးလာပေမည်။

ထိုအခါ သာသနာဘောင်ဝယ် အချောင်နေသည်ဟု ယူဆသူတို့ ကယူဆနေကြသောသံဃာတော်များလည်း ယခုလောက် များတော့မည် မဟုတ်ပါ။ဥပဒေ မှန်ကန်ဖို့ နှင့် နိုင်ငံတော် ဖွံ့ ဖြိုးတိုးတက်ဖို့ သာ လိုပေသည်။တာဝန်ကိုယ်စီ ကျေပွန်ကြဖို့  အရေးကြီးသည် ။

ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းသည် သောနုတ္ထိုရ် မုဆိုးအားအသေသတ်နိုင်ပါသော်လည်း မုဆိုးခြုံထားသော သင်္ကန်းကိုမြင်ရသောအခါ ဘုရား ပစ္စေက ဗုဒ္ဓါတို့ ၏ အသုံးအဆောင်ကို ငါ့အားလာပြပေသည်။ဒီလို အ၀တ်မျိုး ဘ၀သံသရာတွင် တွေ့ ကြုံရဖို့  အလွန်ခဲယဉ်းသည်ငါသည်လည်း ပါရမီဖြည့်နေသော ယောင်္ကျားကောင်း ယောင်္ကျားမြတ်ဖြစ်သည်သူ့ အသက်ကို မသေစေကောင်းဟု သာကြည်စွာ လွှတ်ပေးရုံမကဆင်စွယ် တစ်စုံ ..။ မုဆိုးအတွက် ၇ရက်အတွင်း ပြည်တော်ပြန်ရောက်စေရန်
ပရိတ်အရံအတားများ ဖြင့် ချီးမြှောက်တော်မူခဲ့သည်

သြကာသပင်ဖြောင့်အောင် မရသော တချို့ သော လူတန်းစားများသည်သာသနာတော်၏ ဂုဏ်ကျေးဇူး သံဃာတော်တို့ ၏ ဂုဏ်ကျေးဇူးဆိုသည်ကို သိဖို့ အင်မတန်မှ ခက်ခဲလေသည် ။

မိမိဘ၀ကို မိမိမတူးဖြိုမှီ အသိနောက်မကျသေးခင် မပြစ်မှားသင့်သောသူများအား မပြစ်မှား မိစေဖို့  စေတနာဖြင့်ရေးသား
ရပါသည်။

သာသနာတော်အတွက် အန္တရာယ် ကျရောက်မည့် အခါတိုင်းသံဃာတော်သည် ကြောင့်ကြမဲ့ နေတော် မမူကြပါပေ။

မိမိရေးသားသောစာသည် မည်သူ့ ပုဂ္ဂိုလ် အဖွဲ့ အစည်းကိုမျှရည်ရွယ်၍ရေးသားသည် မဟုတ်ပါ။

နိုင်ငံရေးဆိုသည်ကိုလည်း စိတ်မ၀င်းစား ..မပျက်စီးသင့်သောသူများ ဘ၀သံသရာ မပျက်စီးစေဖို့ 
သံဃာ့ဂိုဏ်း မသင့်စေဖို့  မိမိကိုယ်ကိုယ် မိမိပြန်လည်၍ တူးဖြိုဖျက်ဆီးသူများမဖြစ်စေဖို့  သာသနာ အရှည်ခံ့၍ တည်တံ့စေဖို့ သာ ရည်ရွယ်ပါသည်

သစ္စာစကား မှန်ကန်ပါက အမိမြန်ပြည် အေးချမ်းသာယာ၍သာသနာတော်သည် နေလို လလို ထွန်းလင်းတောက်ပပါစေ
သတည်း ။

အမြဲတမ်း ဘေးမသန်းပဲ အေးချမ်းသာယာ သံသရာဝယ်

ချမ်းသာပျော်ရွှင်စွာ ဘ၀ခရီးကိုဖြတ် နိဗ္ဗာန်အထိ တက်လှမ်းနိုင်ကြပါစေ ။

ဘဒ္ဒန္တ တိက္ခဥာဏာလင်္ကာရ


(ဆရာတော် ကြီး ပျံလွန်တော်မူတဲ့ အချိန် မှာ ဦးခင်ညွန့် အကျယ်ချုပ် ဘ၀နဲ့ သွားကန်တော့သည်ဟုသိရသည် ။ သို့သော် အချိန်နှောင်းခဲ့ပြီ )

ကိုသိန်းဝင်း အားကျေးဇူးတင်ရှိပါသည်။

Posted: 20 Jan 2012 09:00 PM PST

ငွေကြေးအလွဲသုံးစားလုပ်ပြီး ၂၀၀၈ ခုနှစ်တွင် ဝယ်ယူခဲ့သည့် ဘန်ကောက်မြို့နေအိမ်

၁။ ဒီမိုကရက်တစ်မြန်မာ့​အသံ ပြည်တွင်း​သတင်း​လုပ်ငန်း​ကို ဦး​ဆောင်သူများ​က လုပ်ငန်း​အတွက် သတ်မှတ်​ပေး​ထား​သော အဖွဲ့အစည်း​ပိုင် ​ငွေများ​ကို အလွဲသုံး​စား​ပြုလုပ်​နေ​ကြောင်း​ ဒီမိုကရက်တစ်မြန်မာ့​အသံ အုပ်ချုပ်​ရေး​ တာဝန်ရှိသူများ​ဖြစ်သည့်​ ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​နှင့်​ လက်​ထောက်ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​တို့​က အ​ထောက်အထား​အခိုင်အမာ ​တွေ့​ရှိခဲ့​သည်။
ငွေ​ကြေး​စီမံခန့်​ခွဲ​ရေး​ အပါအဝင် မြန်မာပြည်တွင်း​သတင်း​လုပ်ငန်း​ကို ဦး​ဆောင်တာဝန်ယူသူ ဦးမျိုး​မင်း​နိုင် (အမည်ခွဲများ​- ကို​နေထွန်း​၊​ ကိုနန္ဒ၊​ ကိုမျိုး​ကြီး​) နှင့်​ ဦး​အောင်မျိုး​ကျော် (အမည်ခွဲများ​- ပွကြီး​၊​ အရှည်​လေး​) တို့​နှစ်ဦး​သည် မမှန်ကန်​သော
ငွေစာရင်း​များ​တင်ပြကာ ပုဂ္ဂိုလ်​ရေး​ အကျိုး​စီး​ပွား​အတွက် အဖွဲ့​ပိုင်​ငွေ​ကြေး​များ​ကို မတရား​ရယူ​နေ​ကြောင်း​ သက်​သေ အ​ထောက်အထား​များ​အရ သိရသည်။ ထို့​ကြောင့်​ ယမန်နှစ် စက်တင်ဘာလက ထို​ငွေ​ကြေး​အလွဲသုံး​စား​မှုကို အုပ်ချုပ်​ရေး​ တာဝန်ရှိသူများ​က ဘုတ်အဖွဲ့​သို့​တင်ပြခဲ့​သည်။ ထိုအချိန်မှစ၍ ဘုတ်အဖွဲ့က အဆိုပါ ​ငွေ​ကြေး​အလွဲသုံး​စား​မှုကို တာဝန်
ယူ စုံစမ်း​ဖော်ထုတ်ခဲ့​သည်။

၂။ လွတ်လပ်၍ သမာသမတ်ကျ​သော စုံစမ်း​စစ်​ဆေး​မှုကို ဦး​တည်​သောအား​ဖြင့်​ ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​ ဦး​အေး​ချမ်း​နိုင်နှင့်
လက်​ထောက် ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​ ဦး​ခင်​မောင်ဝင်း​တို့​သည် စုံစမ်း​စစ်​ဆေး​မှု ပြီး​သည်အထိ စီမံခန့်​ခွဲ​ရေး​တာဝန်မှ
ယာယီရပ်နား​ပြီး​ အသံလွှင့်​လုပ်ငန်း​ပိုင်း​ကိုသာ တာဝန်ယူခဲ့​သည်။ ထိုကာလအတွင်း​ ဒီဗွီဘီ စီမံခန့်​ခွဲ​ရေး​ကို တာဝန်ယူရန်
ယာယီ ဦး​ဆောင်ညွှန်ကြား​မှူး​အဖြစ် ဦး​ဟန်​ညောင်​ရွှေနှင့်​ ယာယီရုံး​အုပ်ချုပ်​ရေး​မှူး​အဖြစ် Ms. Vibeke Hermanrud တို့​ကို
ခန့်​အပ်တာဝန်​ပေး​ခဲ့​သည်။

၃။ စုံစမ်း​စစ်​ဆေး​မှုပြုလုပ်ရန် Price waterhouse Coopers (PwC) ကို ငှား​ရမ်း​ခဲ့​သည်။ ​နော်​ဝေး​ နိုင်ငံနှင့်​ ထိုင်း​နိုင်ငံတို့​တွင်
အ​ခြေစိုက်​သော PwC ရုံး​ခွဲများ​မှ စုံစမ်း​စစ်​ဆေး​ရေး​မှူး​ ​ခြောက်ဦး​သည် ယမန်နှစ် နိုဝင်ဘာလဆန်း​မှစ၍ စုံစမ်း​စစ်​ဆေး​ခဲ့​သည်။ ​အော်စလိုမြို့​ ဒီမိုကရက်တစ်မြန်မာ့​အသံ ရုံး​ချုပ်ရှိ ဝန်ထမ်း​များ​ကို ပထမ​မေး​မြန်း​ပြီး​ ​ငွေစာရင်း​များ​၊​ သက်​သေ အ​ထောက်
အထား​များ​ကို စစ်​ဆေး​ခဲ့​သည်။ ​နော်​ဝေး​ PwC ရုံး​မှ စစ်​ဆေး​ရေး​မှူး​နှစ်ဦး​နှင့်​ ထိုင်း​နိုင်ငံ PwC ရုံး​မှ စစ်​ဆေး​ရေး​မှူး​ တဦး​တို့​က နိုဝင်ဘာလလယ်ပိုင်း​တွင် ထိုင်း​နိုင်ငံအတွင်း​ စုံစမ်း​စစ်​ဆေး​ခဲ့​သည်။

၎။ ယခုအခါ PwC က ၎င်းတို့​စုံစမ်း​စစ်​ဆေး​ ​တွေ့​ရှိချက်များ​ကို အစီရင်ခံစာ ​ရေး​သား​ထုတ်ပြန်လိုက်ပြီဖြစ်သည်။ အဓိက ​တွေ့​ရှိချက်များ​ထဲတွင် ​အောက်ပါအချက်များ​ ပါဝင်သည်။

(က) ဒီမိုကရက်တစ်မြန်မာ့​အသံ၏ ပြည်တွင်း​ သတင်း​လုပ်ငန်း​ ကွန်ရက်ကို ၂၀၀၆ ခုနှစ် တည်​ထောင်ချိန်မှစ၍ အခုအချိန်ထိ တာဝန်ယူကြီး​ကြပ်​နေ​သော ​အော်စလိုအ​ခြေစိုက် တာဝန်ခံ ဦးမျိုး​မင်း​နိုင် (အမည်ခွဲများ​- ကို​နေထွန်း​၊​ ကိုနန္ဒ၊​ ကိုမျိုး​ကြီး​) နှင့်​ ပြည်တွင်း​သတင်း​လုပ်ငန်း​အတွက် ​ငွေ​ကြေး​ကို မဲ​ဆောက်မှ ကြီး​ကြပ်သူ ​ဦးအောင်မျိုး​ကျော် (အမည်ခွဲများ​- ပွကြီး​၊
အရှည်​လေး​) တို့​ နှစ်ဦး​မှာ အလွဲသုံး​စား​လုပ်သူများ​ ဖြစ်​ကြောင်း​ PwC အစီရင်ခံစာ က ​ထောက်ပြထား​သည်။

(ခ) အလွဲသုံး​စား​လုပ်ခဲ့​သည်ဟု PwC က အတည်ပြု​သော ​ငွေပမာဏမှာ ​နော်​ဝေး​ငွေ က​ရောင်း​ ၂,၂၁၈,၁၄၁၊
(အ​မေရိကန်​ဒေါ်လာ ၃၆၉,၀၇၅၊​ မြန်မာကျပ် ၃၁၀,၀၀၀,၀၀၀) ဖြစ်သည်။ အလွဲသုံး​စား​ ပြုလုပ်ခံရ​သော ​ငွေများ​မှာ
ပြည်တွင်း​နှင့်​ မဲ​ဆောက်ရုံး​တာဝန်ကျ သတင်း​ထောက်နှင့်​ ဝန်ထမ်း​များ​၏ လစာ​ငွေများ​၊​ ဖမ်း​ဆီး​ခံထား​ရ​သော ဒီမိုကရက်တစ်
မြန်မာ့​အသံ သတင်း​ထောက်များ​၏ မိသား​စုများ​အတွက် ​ပေး​သော ​ထောက်ပံ့​ငွေများ​၊​ ရုံး​ခန်း​ငှား​ခများ​နှင့်​ လုပ်ငန်း​ လည်ပတ်စရိတ်အတွက် သတ်မှတ်​ပေး​ထား​သော ​ငွေများ​ဖြစ်သည်။

(ဂ) အလွဲသုံး​စား​လုပ်၍ စု​ဆောင်း​ရရှိ​သော ​ငွေများ​ဖြင့်​ ထိုင်း​နိုင်ငံနှင့်​ မြန်မာနိုင်ငံတွင် အိမ်များ​၊​ တိုက်ခန်း​များ​၊​ ​မော်​တော်ယာဉ်
များ​၊​ ​မြေကွက်များ​ ဝယ်ယူထား​သည့်​အပြင် ​လောင်း​ကစား​နှင့်​ အခြား​ စီး​ပွား​ရေး​လုပ်ငန်း​များ​ကိုလည်း​ လုပ်​ဆောင်​နေသည်။

(ဃ) အကျဉ်း​ထောင်အသီး​သီး​တွင် ​ထောင်ချခံခဲ့​ရသည့်​ ဒီဗွီဘီ သတင်း​ထောက်များ​နှင့်​ မိသား​ဝင်များ​အတွက် ​ထောက်ပံ့​ငွေများ​ကိုအလည်း​ အလွဲသုံး​စား​ လုပ်ခဲ့​ကြသည်။

၅။ အလွဲသုံး​စား​ငွေများ​ထဲမှ ဘတ်​ငွေ နှစ်သန်း​ခုနစ်သိန်း​ဖြင့်​ ၂၀၀၈ ခုနှစ်တွင် ဝယ်ယူထား​သော ဘန်​ကောက်မြို့​ရှိ အိမ်တလုံး​ကို ဒီမိုကရက်တစ်မြန်မာ့​အသံက ပြန်လည်သိမ်း​ယူထား​ပြီး​ဖြစ်သည်။ ကျန်​နေ​သေး​သော အထက်​ဖော်ပြပါ ပစ္စည်း​များ​ကို
သိမ်း​ယူနိုင်ရန် ဆက်လက်​ဆောင်ရွက်သွား​မည်။

၆။ စုံစမ်း​စစ်​ဆေး​မှု စတင်ကတည်း​က ​ဖော်ပြပါ အလွဲသုံး​စား​ လုပ်သူများ​သည် သူတို့​အ​ပေါ် နိုင်ငံ​ရေး​ လုပ်ကြံမှုဖြစ်​ကြောင်း​ ​ကောလာဟလသတင်း​များ​ လွှင့်​ခဲ့​သည်။ ပြည်တွင်း​သတင်း​ ကွန်ရက်တွင် တာဝန်ထမ်း​ဆောင်​နေ​သော သတင်း​ထောက်များ​နှင့်
နိုင်ငံ​ရေး​အဖွဲ့​များ​အကြား​ သတင်း​မှား​များ​ ဖြန့်​ချိကာ ဒီမိုကရက်တစ်မြန်မာ့​အသံ အကွဲအပြဲဖြစ်သ​ယောင် လုပ်​ဆောင်​နေသည်။ ၂၀၀၇ ​ရွှေဝါ​ရောင် ​တော်လှန်​ရေး​အတွင်း​ ဒီမိုကရက်တစ်မြန်မာ့​အသံ သတင်း​ထောက်များ​၏ စွန့်​စား​လုပ်​ဆောင်ချက်များ​ကို မှတ်တမ်း​တင်ထား​သည့်​ "Burma VJ" မှတ်တမ်း​တင် ရုပ်ရှင်ကား​ အမည်ကို အသုံး​ပြုပြီး​ Burma VJ Media Network ဟု
ခေါ်​သော အဖွဲ့​ကို တည်​ထောင်ထား​သည်။ ထို့​အပြင် ဒီမိုကရက်တစ်မြန်မာ့​အသံက ထုတ်​ပေး​ထား​သော ပစ္စည်း​ကိရိယာများ​၊​ ဒီမိုကရက်တစ်မြန်မာ့​အသံ မူပိုင်ဖြစ်​သော archive ဗွီဒီယို၊​ ဓာတ်ပုံနှင့်​ အခြား​ အ​ရေး​ကြီး​ သတင်း​အချက်အလက်များ​ကိုလည်း​ ပြန်လည်အပ်နှံခြင်း​မရှိဘဲ သိမ်း​ယူထား​ဆဲဖြစ်သည်။ ဒီဗွီဘီပိုင် ပစ္စည်း​များ​အား​ အလွဲသုံး​စား​ လုပ်ထား​ခြင်း​အ​ပေါ် ဆက်လက် အ​ရေး​ယူ​ဆောင်ရွက်သွား​မည်။

၇။ အခက်အခဲများ​စွာကို ရင်ဆိုင်ကာ ဒီမိုကရက်တစ်မြန်မာ့​အသံတွင် ဆက်လက် တာဝန်ထမ်း​ဆောင်​နေ​သော ပြည်တွင်း​သတင်း​ကွန်ရက်မှ သတင်း​ထောက်များ​အား​လုံး​ကို ချီး​ကျူး​ဂုဏ်ပြုပါသည်။ အဖြစ်မှန်ကိုသိ၍ ဒီမိုကရက်တစ် မြန်မာ့​အသံနှင့်​ ပြန်လည်လက်တွဲလုပ်ကိုင်လို​သော ဒီဗွီဘီ သတင်း​ထောက်များ​အား​လုံး​ကို ဖိတ်​ခေါ်ပါသည်။

၈။ ဘုတ်အဖွဲ့​က ဦး​အေး​ချမ်း​နိုင်နှင့်​ ဦး​ခင်​မောင်ဝင်း​တို့​ကို ၎င်းတို့​ယာယီနုတ်ထွက်ထား​သော ရာထူး​များ​ဖြစ်သည့်​ ဦး​ဆောင်
ညွှန်ကြား​ရေး​မှူး​နှင့်​ လက်​ထောက်ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​ ရာထူး​များ​တွင် ၂၀၁၂ ဇန်နဝါရီ ၁ ရက်​နေ့​ကတည်း​က အသီး​သီး​ ပြန်လည်ခန့်​အပ်ထား​ပြီး​ ဖြစ်သည်။

ဆက်သွယ်ရန်

1. Mr. Harald Lars Bøckman, ဘုတ်အဖွဲ့​ဥက္ကဋ္ဌ၊​ harald.bockman@sum.uio.no, +47 94143838
2. Mr. Eirik Vinje, Attorney-at-law, ဒီမိုကရက်တစ်မြန်မာ့​အသံ​ရှေ့​နေ၊​ ev@gmco.no, +47 92 88 67 79
3. ဦး​အေး​ချမ်း​နိုင်၊​ ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​၊​ acn@dvb.no, +47 91107743
4. ဦး​ခင်​မောင်ဝင်း​၊​ လက်​ထောက်ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​၊​ kmw@dvb.no, +47 45276649

ဇန်နဝါရီလ (၂၀) ရက်​နေ့​၊​ ၂၀၁၂ ခုနှစ်။ ​အော်စလိုမြို့

http://burmese.dvb.no/

နိုင်ငံရေး အကျဉ်းသူ-သားဟောင်းများ ပိတ်ပင်ခံထားရ
Posted: 20 Jan 2012 08:16 PM PST

သိန်းစိန်အစိုးရမှ(ပြောင်းလဲနေပါပြီလို့ ပြောနေတဲ့) နိုင်ငံကူးလက်မှတ် လျှောက်ထားသူ နိုင်ငံရေး အကျဉ်းသူ-သားဟောင်းများ(၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၂ရက်နေ့တွင် လွတ်မြောက်လာသူများ)အား ငြင်းပယ် ပိတ်ပင်ခံထားရခြင်း သက်သေတစ်ခုအဖြစ် တင်ပြလိုက် ရပါသည်။ Here is one of the approved documents of Nwet Hnin Yi. Her passport application has been rejected by the authority of Thein Sein's government because her involvement in human rights & pro-democracy movements in Burma. She was released from Ma U Pin prison on October 12, 2011.(Nyi nyi aung)

အကျဉ်းထောင်အတွင်းအသီးသီးမှ လွတ်မြောက်လာသောနိုင်ငံရေးအကျဉ်းသား/သူ အချို့ ပတ်စ်ပို့များ လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းများအပေါ် ပြုလုပ်ပေးခြင်းမရှိသေးပဲ တစ်နှစ်စောင့်ကြည့် ကာလအဖြစ်သတ်မှတ်ခံနေရဆဲဖြစ်ကြောင်း ပတ်စပို့သက်တမ်းတိုးလျက်ရှိသော နိုင်ငံရေးအကျဉ်းသားဟောင်းများထံမှ သိရသည်။

'ဒီကိစ္စက လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ သူတို့ကထောင်ကထွက်လာတဲ့သူမို့လို့ တစ်နှစ်စောင့်ကြည့်ကာလ လို့ပြောတယ်၊ စလစ်စာရွက်သွားထတ်တော့လဲ စာရွက်မှာ B L (Black list) လို့ရေးထားတယ် ' ဟု ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ တွင် မအူပင် အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်လာသူ နွဲ့နှင်းရည် (ခ) နိုးနိုး ကပြောသည်။

နိုင်ငံသားတစ်ယောက်ဖြစ်သည့်အတွက် ထိုကိစ္စမျိုးသည် ပြည်သူတစ်ယောက်၏ ရပိုင်ခွင့်ကို ပိတ်ပင်ထားခြင်းဖြစ်ကြောင်း မိမိမှာ ကျောင်းသူတစ်ယောက်ဖြစ်သည့်အတွက် ပြည်ပနိုင်ငံများတွင် ပညာသင်သွားရမည့်ကိစ္စများရှိကြောင်း နိုင်ငံတော်မှ ပေးထားသော ပြစ်ဒဏ်များကိုလည်း ကျခံထားပြီးဖြစ်၍ ထိုသို့သော ကိစ္စများကိုလက်မခံနိုင်ကြောင်း မနွဲ့နှင်းရည် ကပြောသည်။

'သူတို့ပြောသလိုဆိုရင် နိုင်ငံရေးကြောင့်ထောင်ကျတဲ့သူတွေအားလုံးကို တစ်နှစ်စောင့်ကြည့်ကာလ လို့သတ်မှတ်ထားတဲ့သဘောပဲ။ ဒါပေမယ့် တကယ်တမ်းတော့ အဲလိုမဟုတ်ဘူး။ ပတ်စ်ပို့က ရတဲ့သူရတယ်။ တစ်ချို့ဆိုရင် သွားပြီးပြန်လာတဲ့သူတွေတောင် ရှိနေတယ်။ မေးချင်တာက နိုင်ငံရေးအကျဉ်းသားခြင်းအတူတူကို ဘယ်လိုလူကိုတော့ ပေးမယ်။ ဘယ်လိုလူကိုတော့မပေးဘူး လို့သတ်မှတ်ထားတာရှိလား။ သိချင်တယ်' ဟု ၎င်းကပြောသည်။

ထိုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများအား ပတ်စ်ပို့မထုတ်ပေးခြင်းသည် နိုင်ငံသားတစ်ဦး၏ ရပိုင်ခွင့်ကို ပတ်ပင်တားဆီးသည်ဟု မြင်မိကြောင်း ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော်တိုင်းဒေသကြီးအတွင်း အမတ်လောင်းနေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် လူငယ်အဆိုတော် တစ်ဦးဖြစ်သည့် ကိုဇေယျာသော်ကပြောသည်။

'ကျွန်တော်လဲ ပတ်စ်ပို့လျှောက်ထားတာကြာပြီ။ ကျွန်တော်ပြန်လွတ်လာတဲ့ မေလ ထဲကလျှောက်ထားတာ။ အခုထိမရသေးဘူး။ ဆိုင်းငံ့ကာလလုပ်ထားတယ်။ ကျွန်တော်တစ်ယောက်ထဲအတွက်အတော့ ကိစ္စမရှိပါဘူး။ ဘယ်မှသွားစရာမှမရှိတာ။ ဒါပေမယ့် ကျန်းမာရေးအတွက် လိုအပ်လို့ ပြည်ပမှာ ဆေးတွေဘာတွေ သွားကုရမယ်ဆို ရင်ဘယ်လိုစီစဉ်ပေးမလဲ သိချင်တာ ' ဟု ကိုဇေယျာသော်ကပြောသည်။

ထိုကဲ့သို့ ပတ်စ်ပို့လျှောက်ထားပြီး ဆိုင်းငံ့ထားခြင်းခံရသူများမှာ ၈၈ မျိုးဆက်ကျောင်းသားများအပါအဝင် GW(Generation Wave) အတွင်းရှိ လူငယ် အဖွဲ့ဝင်အချို့ပါဝင်ကြောင်း သိရသည်။

`ကိုဇာဂနာကိုတော့ ထုတ်ပေးလိုက်ပေမဲ့ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုတော့ ထုတ်မပေးဘူးလို့ပဲ ပြောရမှာပါ`ဟု GW မှ ကိုအာကာဗိုက သုံးသပ်ပြောဆိုသည်။

(မြစ်မခ)

Posted: 20 Jan 2012 09:40 AM PST





Morley's warm and soulful voice often gets her compared to Annie Lennox and Roberta Flack. And she uses that gorgeous voice as an instrument of change. Using music to facilitate dialogue, she works with teenagers from domestic and international conflict zones, as well as organizations such as Face to Face/Faith to Faith, the Door, the Lower East Side Girls Club, Code Pink, and the Fortune Society (a program that facilitates reentry into society from prison), to name a few. Her music has been used in an array of films, including Burma and the Media: Amplifying Voices for Democracy.
Morley's next CD, Undivided, will be available in spring 2012; until then, check out her albums Seen, Days Like These, and sunmachine ... She has collaborated and toured with artists such as Angélique Kidjo, Dr. Bernice Johnson Reagon, Toshi Reagon, Dave Matthews, Raul Midón, Amadou et Mariam and Queen Latifah.


Read more about Aung San Suu Kyi, the inspiration for "Women of Hope."

Posted: 20 Jan 2012 09:31 AM PST

သူုတို့ကို မြင်တာနဲ့ ခွပ်ဒေါင်းအလံတော်ကို မြင်လာတယ်...
ခွပ်ဒေါင်းအလံတော်ကို မြင်ရင် သူတို့ကို မြင်လာတယ်. . .

ခွပ်ဒေါင်းအလံတော် ဆိုတာ. . .
ကိုလိုနီခေတ်က လူမျိုးခြားကျွန်ဘ၀မှာ. . .
ငါတို့သမဂ္ဂအလံတော်ကို
ငါတို့အမျိုးသား ကဒေါင်း အလံ သုံးခွင့်မပြုနိုင်ဘူးလို့
တားမြစ်ချုပ်ချယ်ခဲ့တဲ့အတွက်
ငါတို့ဘိုးဘွားတွေက . . .ရတဲ့နည်းနဲ့ ဖန်တီးဖီဆန်ခဲ့ကြတဲ့ ခွပ်ဒေါင်း. . .။

ခွပ်ဒေါင်း ဆိုတာ . . .
ဖိနှိပ်ချုပ်ချယ်မှုမှန်သမျှ
မတရားမှုမှန်သမျှကို
ဆန့်ကျင်တော်လှန်တယ်. . .
အဲဒီအလံတော်ထဲမှာ ခွပ်ဒေါင်းကစက်ဝိုင်းကို ဖေါက်ထွက်နေတာ. . .
ဖိနှိပ်ချုပ်ချယ်မှုမှန်သမျှ ဖေါက်ထွက်ဆန့်ကျင်မယ် ဆိုတဲ့ အဓိပ္ပါယ်ပါပဲ. . ။

ဟုတ်တယ်. . .သူတို့ဟာ ငါတို့ခေတ်ရဲ့ ခွပ်ဒေါင်းတွေ. . .
ကာလများစွာ. . သမိုင်းစာမျက်နှာမှာ ပျောက်ရှနေတဲ့
ခွပ်ဒေါင်း ကို မန်းမှုတ်. . .
အသက်သွင်းပေးခဲ့တဲ့သူတွေ. . .
အဲဒီ ခွပ်ဒေါင်းကြီးက. . ကျောင်းပရ၀ုဏ်ကနေ ပျံဝဲ. .
မြန်မာပြည် မှိုစွဲ သလို စွဲနေတဲ့
အာဏာရှင်စနစ်ကို ဆုတ်ဖြဲပစ်လိုက်စေခဲ့တယ်. . .
ရှစ်လေးလုံး တဲ့ ဟေ့ ။

၈ ၈ ၈ ၈ ဆိုတာ. ..
အဲဒီ ခွပ်ဒေါင်းတွေက မွေးဖွားခဲ့တာ. . .
ခု ခွပ်ဒေါင်းတွေ ပျံလာပြီ. . .
မြန်မာပြည်ရဲ့ အချုပ်အနှောင် အတားအဆီး
အဓမ္မမှန်သမျှ အံတုကြမယ့်
၈၈ မျိုးဆက် ခွပ်ဒေါင်းတွေ. . . . .။ ။

(ချိုတူးဇော်)

(ကျနော်တို့ရဲ့ ၈၈ ခွပ်ဒေါင်းသူရဲကောင်းများ အတွက်
ဆန်ဖရန်ရောက်နေတဲ့ ကဗျာဆရာက မော်ကွန်းရေးထိုးပေးပါတယ်)- ပန်းချီ- Min Kyaw Khine

Posted: 20 Jan 2012 07:46 AM PST







မန္တလေးမြို့ ပဒုမ္မာခန်းမတွင် ပြသလျှက်ရှိသော ကာတွန်းပြပွဲသို့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝိစိတ္တဘိဝံသ(ခေါ်)အရှင်ဝီရသူမှ လာရောက်ကြည့်ရှု့အားပေးခါ အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့...
၁၄ရက်နေ့ မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လွှတ်ခဲ့သော အရှင်ဝီရသူသည် မန္တလေးတိုင်းNLDမှကြီးမူးကျင်းပ နေသော all for joke ,joke for all ကာတွန်းပြပွဲသို့ လာရောက်ကြည့်ရှု့အားပေးခါ ဧည့်သည်တော် မှတ်တမ်း တွင် လက်မှတ်ရေးထိုးပေးသွားခဲ့ပါသည်၊ ထို့အပြင် အလှူငွေ (၃၀၀၀၀ကျပ်)ကိုထည့်ဝင်လှူဒါန်းရာ ကာတွန်းဆရာ ဟာဂျူလီ(ကသာ)မှ လက်ခံရယူခဲ့ပြီး အလှူခံ သေတ္တာပုံးအတွင်းသို့ ထည့်သွင်းပေးခဲ့ ပါသည်၊ ကာတွန်းပြပွဲမှ ရရှိငွေအားလုံးကို မန္တလေးအိုးဘိုထောင်အတွင်းကျန်ရှိနေသေးသော နိုင်/ကျဉ်း၇၄ယောက်သို့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါသည်၊

သတင်းဓာတ်ပုံ။ ။ ဟာဂျူလီ ကသာ၊ကာတွန်းအောင်မော်

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment