Thursday, 1 November 2012
| You are subscribed to email updates from dawnmanhon To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
ဗြိတိသျှစပစ်ဖိုင်းယားတွေပြန်ပေးရင်
ပတ္တမြားငမောက်နဲ့နန်းစဉ်ရတနာတွေပြန်တောင်းပေးနိုင်မလား
ဗြိတိသျှတို့က မြန်မာနိုင်ငံတွင်းမှာ အကောင်းတိုင်း
အစိတ်အပိုင်းလိုက်မြှုပ်နှံထားခဲ့တဲ့ စပစ်ဖိုင်းယားတွေကို
ပြန်လိုချင်ပါသတဲ့ ။အခုမှသတင်းထုတ်ပြန်လိုက်တော့ အံများတောင်သြပါရဲ့
။လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်ကတည်းက ရှာဖွေနေခဲ့ပါသတဲ့ ။အခု မြှုပ်နှံခဲ့တဲ့
စစ်သားဟောင်းတွေရဲ့မှတ်တမ်းမှတ်ရာတွေနဲ့ apple ရဲ့ နည်းပညာတွေပေါင်းစပ်ရ
ှာဖွေမှုနဲ့ လေယာဉ်းအစင်း ၂၀ ကျော် ကို ပြန်တူးပြီးအကောင်းတိုင်းပြန်ယူတော့မယ်တဲ့ ။
ကျွန်တော်တို့သဘောကတော့ မပေးရဘူး ။ဘာကြောင့်လဲ ။ဒီလေယာဉ်တွေဟာ
ဗြိတိသျှသမိုင်းတင်မဟုတ်ပါဘူး ။ကျွန်တော်တို့နိုင်ငံသမိုင်းလည်းဖြစ်ပါတယ်
။ကျွန်တော်တို့ နိုင်ငံမြေအောက်မှာ နှစ်ပေါင်း ၇၀ ကျော် အိပ်စက်နေခဲ့တာပါ
။ကျွန်တော်တို့လည်း ပိုင်တယ် ။ဒီလေယာဉ်တွေကို
တူးဖော်ခွင့်ပေးခဲ့မယ်ဆိုရင်
နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ခိုင်မာစေမှာလို့ ဒေးဗစ်ကင်မရွှန်းကပြောတယ်
။ဟုတ်ပြီ ။ဒီလေယာဉ်အစင်း၂၀ ပြန်ပေးမှ ဆက်ဆံရေးကောင်းမွန်မှာလား ။ဒါဆိုရင်
ဘဲစားဘဲခြေ လေး ကစားကြည့်ရအောင် ။ကျွန်တော်တို့ဆီက သမ သွားတဲ့ ပတ္တမြား
ငမောက်ကြီး ဘယ်ရောက်နေတုန်း ။
ကိုင်း ... ဒီစာရင်းထဲက နန်းစဉ်ရတနာတွေ ပြန်ပေးမလား ။
၁။သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန်
ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက်
၂။ဗဒုံမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့
လှော်ကားတင်ကလေး ဟုခေါ်သော ပတ္တမြား
၃။သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့
ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီး ဟုခေါ်သော ပတ္တမြား
၎။အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော် ဟုခေါ်သော ပတ္တမြား
၅။အလေးချိန် ဆယ်ရတီရှိ ဆင်မတော် ဟုခေါ်သော ပတ္တမြား
၆။စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော် ဟုခေါ်သော ပတ္တမြား
ပြီးတော့ သူတို့ပြတိုက်ထဲက စစ်သူကြီး မဟာ ဗန္ဓုလ ရဲ့ သံချပ်ကာ ဝတ်စုံ
ကြီးကို ရောပြန်ပေးနိုင်မလား ။
ဧကရီဘုရင်မကြီးကို ပေးပို့သည့်ပစ္စည်းတွေထဲက သီပေါ၏ အကောင်းဆုံး
သရဖူတစ်ခု၊ ဒုတိယ သရဖူမှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့်
ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ်တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့်
ဘယက်တစ်ကုံး နှင့် ရွှေဘီး တစ်ချောင်း
ဒါတွေဟာ နှစ်ဦးနှစ်ဘက်လုံးမနစ်နာတဲ့ တောင်းဆိုမှူပဲဖြစ်ပါတယ် ။
ဒီသရဖူဟာ သီပေါမင်းဆီက သရဖူ ဖြစ်နိုင်ပါတယ်
ပြီးတော့ ဗြိတိသျှ ပြတိုက်တွေထဲက မြန်မာ့ယဉ်ကျေးမှူ အနုပညာပစ္စည်းတွေ
ပြန်ပေးမလား ။ကျွန်တော်တို့ အစိုးရကရော ပြန်တောင်းပေးမလား ။အခုဗြိတိသျှ
ဘုရင်မကြီးခေါင်းက သရဖူက ဘာနဲ့လုပ်ထားတယ် ထင်လဲ
။ကျွန်တော်တို့နိုင်ငံကနန်းစဉ်ကျောက်တွေနဲ့လုပ်ထားတာပါ ။တန်ဖိုးလား
။ဟုတ်ကဲ့ ဗြိတိသျှနဲ့ပြင်သစ်နှစ်နိုင်ငံကမြေတွေကို
အကုန်ဝယ်လို့ရနိုင်ပါတဲ့ တန်ဖိုးတွေပါ ။ ဒါတွေပြန်ပေးမလား ။
စပစ်ဖိုင်းယားတွေဟာ ဗြိတိသျှရဲ့ အမျိုးသားရေးဂုဏ်တစ်ခုပါ
။တကယ်လေးစားဖွယ်ကောင်းပါတယ် ။ဒီတော့ကာ ဗြိတိသျှတွေဆီရောက်နေတဲ့
ကျွန်တော်တို့ နန်းစဉ်ပတ္တမြားတွေကရော တန်ဖိုးမဲ့ခဲ့ပြီလား
။ဓါးပြတိုက်ယူသွားတဲ့ ကျောက်တွေမို့ အောက်ဈေးနဲ့ပဲ ရနိုင်တာပေါ့လို့
ဖြေသိမ့်တော့မှာလား ။အဲဒီကျောက်တွေကရော ကျွန်တော်တို့နိုင်ငံရဲ့
ဂုဏ်တစ်ခုမဟုတ်တော့ဘူးလား ။ကမ္ဘာ့ကျောက်မျက်ရတနာလောကမှာ
ပတ္တမြားငမောက်ဆိုတာ ဒဏ္ဍာရီအဆန်ဆုံး နာမည်အကြီးဆုံးပါ ။ Burmese Royal Ruby
လို့တသွယ် SuFaYarLatt's Ruby လို့တနည်း နဲ့ ခုချိန်ထိ နာမည်ကြီးဆဲပါ
။တသသပြောလို့မဆုံးတဲ့ ကမ္ဘာ့ကျောက်မျက်လောကရဲ့ စနိုးဝှိုက်ပုံပြင်တစ်ခုပါ
။ ကိုင်း ....အဲဒါနဲ့ တည့်-တည့် ပြန်ချိန်းလိုက်ရအောင်လား
။နိုင်ငံရေးစကားနဲ့ဆိုရရင် Win-Win အခြေအနေပါပဲဗျာ ။
အခု ကမ္ဘာမှာ ဝေဟင်မှာ မောင်းနှင်နိုင်တဲ့ စပစ်ဖိုင်းယားဟာဆိုရင် ၃၆
စီးလို့ဆိုပေမယ့် လက်တွေ့မှာ အစီး ၃၀ သာ တကယ်မောင်းနှင်နိုင်ပါတော့တယ်
။အဲဒီ အစင်း ၃၀ ဟာလည်း တစ်စုတစ်စည်းတည်း မရှိပဲ နေရာအနှံပြန့်ကျဲနေပါတယ်
။ဒီတော့ကာ ကျွန်တော်တို့နိုင်ငံမှာ အစင်း ၂၀ လုံလုံး တစုတစည်းတည်း
အကောင်းပတိ ရှိနေပါတယ် ။ ဒီအစီး ၂၀ ကိုပြတိုက်ထဲထည့် လိုက်ရင်
ကျွန်တော်တို့ နိုင်ငံခြားငွေ ဘယ်လောက်စီးဝင်လာမလဲ ။ ဒါမှမဟုတ် ၁၀ စီးကို
ပြတိုက်ထဲထည့် ၁၀ စီးကို အကောင်းအတိုင်းပြန်ဆင်ပြီး အပျော်တမ်းကလပ်ပုံစံ
သို့မဟုတ် ကမ္ဘာလှည့်ခရီးသွားတွေ လေ့လာသူတွေအတွက်
မောင်းနှင်စီးနင်းနိုင်အောင် လုပ်ထားခဲ့မယ်ဆိုရင် ???? ။
သူတို့ဒီလေယာဉ်တွေကို စရှာဖွေကတည်းက အခုချိန်ထိ ဒေါ်လာ
နှစ်သိန်းတစ်သောင်းကျော် ကုန်ကျပါတယ်လို့ ပြောခဲ့တယ် ။ဟုတ်ပြီ
ကျွန်တော်တို့သာဆိုလျှင် ရှာဖွေပေးခဲ့တဲ့ ဒေးဗစ်ဂျေကန်ဒယ်လ် ကို ဒေါ်လာ
သိန်းနှစ်ဆယ် ဆုချလိုက်ပါ့မယ် ။ဘာကြောင့်လဲ ။
ဗြိတိသျှ သားတွေဟာ ကျွန်တော်တို့လိုမျိုး ဇာတိဂုဏ်ကို
သိပ်တန်ဖိုးထားသူတွေပါ ။ သူတို့နိုင်ငံရဲ့ ဂုဏ်ကျက်သရေကို
ကျွန်တော်တို့ဆီလာကြည့်လာလေ့လာရမှာပါ ။အဲဒီတစ်ခုတည်းနဲ့တင် ကျွန်တော်တို့
မီးခိုးမထွက်တဲ့ စက်ရုံတစ်ခုဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေဆီကနေ
နိုင်ငံခြားငွေ ထိုင်ယူနေရုံပါပဲ ။ဘယ်လောက်ကြာအောင် ထိုင်ယူနေမှာလဲ
။ဒီလေယာဉ်တွေ မြန်မာနိုင်ငံမှာရှိနေသမျှ နဲ့ နောင် သားစဉ်မြေးဆက်အထိ
နှစ်ထောင်ပေါင်းများစွာ နိုင်ငံခြားငွေသဲ့ယူလို့ရမဲ့ အရာတွေပါ ။
သူတို့ကလည်း သူတို့နိုင်ငံရဲ့ ဂုဏ်ယူစရာ အမွေအနှစ်ကြီးတွေကို
ပြန်တောင်းတယ် ။ကျွန်တော်တို့ကလည်း
ကျွန်တော်တို့နိုင်ငံရဲ့အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ
ယဉ်ကျေးမှူအမွေအနှစ်တွေ ပြန်တောင်းတယ် ။ကဲ.ဒါ ရာဇဝတ်မှူလည်းမဟုတ်ဘူး ။
မလုပ်ရတဲ့ စည်းမျဉ်းလည်း မဟုတ်ဘူး ။သူတို့လူမျိုးဟာကျတော့ သိတတ်ပြီး
ကျွန်တော်တို့ ဟာတွေကျတော့ ခပ်တည်တည်နဲ့ ပြတိုက်ထဲထည့်ပြီး
သူတို့နိုင်ငံက လုပ်စားပြစား ဂုဏ်ယူနေတာတော့ မဟုတ်သေးဘူးခင်ဗျ ။
http://www.facebook.com/photo.php?fbid=244478665678205&set=a.197320087060730.40023.100003482205504&type=1
ဆိုမာလီယာနိုင်ငံမှ လူမှုကယ်ဆယ်ရေး စွမ်းဆောင်ရှင် နှလုံးလှ ဆရာဝန် မွတ်စလင် သားအမိများ
ဆိုမာလီယာ (Somalia) နိုင်ငံသူ အမျိုးသမီး အသက် ၆၃ နှစ်အရွယ် ဒေါက်တာဟာဝါအက်ဘ်ဒီ (Hawa Abdi) ဟာ အမေရိကန် အခြေဆိုက် လူမှုကူညီရေး အဖွဲ့တစ်ခု ဖြစ်တဲ့ American Friends Service Committee (AFSC) က ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု (Nobel Peace Prize) အတွက် ပဏာမ ရွေးချယ်ခံထားရသူ (Nominee) တစ်ဦးဖြစ်ပါတယ်။ သို့သော်လည်း European Union (EU) က ၂၀၁၂ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိသွားခဲ့ပါတယ်။
နိုဘယ်ဆုနဲ့ လွဲခဲ့ရပေမဲ့ ဒေါက်တာ ဟာဝါအက်ဘ်ဒီ (Hawa Abdi) ဟာ အမေရိကန် နိုင်ငံ ဂျွန်ဂျေး ကောလိပ် (John Jay College) က ၂၀၁၂ ခုနှစ်အတွက် ပေးအပ်တဲ့ တရားမျှတမှုဆု (Justice Award) ကို ချီးမြင့်ခြင်း ခံခဲ့ရပါတယ်။ ကိုယ်ပိုင် ဆေးရုံဖွင့်ပြီး ဆိုမာလီယာ ပြည်တွင်းစစ်ဒဏ် ခံစားနေရတဲ့ ဒုက္ခသည် တွေကို နှစ်ပေါင်းများစွာ ကူညီကယ်ဆယ်မှု လုပ်ငန်းတွေ ပြုလုပ်ပေးနေတဲ့ သူမရဲ့ မွန်မြတ်တဲ့ လုပ်ဆောင်မှုတွေကြောင့် ဒီလို ဂုဏ်ပြုခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဒီလိုလုပ်ငန်းတွေ ဆောင်ရွက်ဖို့ သူမမှာ ဆရာဝန် သမီး နှစ်ဦး လည်းရှိနေပါပြီ။ သူမရဲ့ သမီးတစ်ဦး ဖြစ်သူ နယူးယောက်မြို့ကို ရောက်ရှိနေတဲ့ ဒေါက်တာ ဒီကိုမိုဟာမက် (Dr. Deqo Mohamed)က ဒီ တရားမျှတမှုဆု (Justice Award) ကို တက်ရောက် ရယူပေးခဲ့ပါတယ်။
ဒေါက်တာ ဒီကိုမိုဟာမက် နဲ့ သူ့ညီမဟာ သူတို့ မိခင် တည်ထောင်ထားတဲ့ ဆေးရုံနဲ့ ဒုက္ခသည် စခန်းတွေမှာ ကူညီကယ်ဆယ်မှု လုပ်ငန်းတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ်က အသေးစား ဆေးကုခန်းလေးအဖြစ် စတင်ခဲ့ပြီး အခုအခါမှာတော့ ဆေးရုံ၊ ဒုက္ခသည် စခန်းကြီး တစ်ခုအနေနဲ့ ဆောင်ရွက်နေတာပါ။ ဆိုမာလီယာ ပြည်တွင်းစစ်ဒဏ်ကြောင့် စုစုပေါင်း ဒုက္ခသည် အရေအတွက်မှာ ၉၀,၀၀၀ လောက်ထိ ရောက်ရှိပြီး အများစုဟာ အမျိုးသမီး နဲ့ ကလေးငယ်များဖြစ်ပါတယ်။
ဒေါက်တာ ဟာဝါအက်ဘ်ဒီ ရဲ့ သမီးနှစ်ဦး ဖြစ်သူ ဒေါက်တာ ဒီကိုမိုဟာမက် နဲ့ ဒေါက်တာအမီနာ တို့ နှစ်ဦးဟာ ရုရှားနိုင်ငံကနေ ဆေးတက္ကသိုလ် ကျောင်းဆင်းပြီး ဆရာဝန်ဘွဲ့ ရရှိခဲ့ပါတယ်။ ဒေါက်တာ ဒီကိုမိုဟာမက်ဟာ အမေရိကန် နိုင်ငံမှာ အလုပ်လုပ်ကိုင် နေထိုင်ပြီး ပြီးခဲ့တဲ့ နှစ်က မိခင်ရဲ့ ဆေးရုံမှာ ကူညီဆောင်ရွက်ဖို့ ဆိုမာလီယာ နိုင်ငံကို ပြန်လည် ရောက်ရှိလာတာဖြစ်ပါတယ်။ သူမတို့ သားအမိတွေရဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေ အပေါ် လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေသူ နာမည်ကြီး ဟောလိဝုဒ် (Hollywood) သရုပ်ဆောင် အန်ဂျလီနာ ဂျိုလီ (Angelina Jolie) ကလည်း Newsweek နဲ့ The Daily Beast မှ တဆင့် ထုတ်ဖော် ချီးမွမ်းထားပါတယ်။
ဆိုမာလီယာ နိုင်ငံဟာ အခြေခံ လိုအပ်ချက် တစ်ခု ဖြစ်တဲ့ သောက်သုံးရေ ဖြန့်ဖြူးမှုစနစ် အပါအဝင် အစစအရာရာမှာ တိုးတက်မှုမှု နည်းပါးနေတဲ့ ကမ္ဘာ့ အဆင်းရဲဆုံး စာရင်းဝင် နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ဒုက္ခသည် စခန်းတွေမှာလည်း စောင်၊ခြင်ထောင် အစရှိတဲ့ ပစ္စည်းတွေ လုံလောက်မှု မရှိပါဘူး။ ဒါပေမဲ့လည်း ဒီလိုအပ်ချက်တွေကို ဖြေရှင်းဖို့ အသင့်ဖြစ်နေပြီလို့ ဒေါက်တာ ဒီကိုမိုဟာမက်က ဆိုပါတယ်။ မိခင်ဖြစ်သူ ဒေါက်တာ ဟာဝါအက်ဘ်ဒီ၊ သမီးနှစ်ယောက် ဖြစ်တဲ့ ဒေါက်တာ ဒီကိုမိုဟာမက် နဲ့ ဒေါက်တာ အမီနာ တို့ဟာ အယောက် ၉၀,၀၀၀ လောက်ရှိတဲ့ ဆိုမာလီယာ စစ်ဘေးဒုက္ခသည် တွေအတွက်တော့ ကယ်တင်ရှင်များသဖွယ် ဖြစ်ပါတယ်။
ဒေါက်တာ ဟာဝါအက်ဘ်ဒီဟာ ဆိုမာလီယားနိုင်ငံ ရဲ့ "Mother Teresa" လို့ ကျော်ကြားလူသိများပြီး သူမရဲ့ အတ္ထုပတ္တိ စာအုပ်ဖြစ်တဲ့ "မျှော်လင့်ချက်များ ရှင်သန်စေနေခြင်း" (Keeping Hope Alive) စာအုပ်ဟာလည်း လာမယ့် ၂၀၁၃ ခုနှစ်အတွင်းမှာ ထွက်ရှိတော့မှာဖြစ်ပါတယ်။
ကိုးကား – TheDailyBeast.com
မောင်သာကျူး
This is JEKYLL & HYDE
if u want my fwd mails u can join this group >> Click here
If u want to visit my blog >> Click here
--
You received this message because you are subscribed to the Google Groups "Share from HYDE" group.
To post to this group, send email to hydegroup@googlegroups.com.
To unsubscribe from this group, send email to hydegroup+unsubscribe@googlegroups.com.
For more options, visit this group at http://groups.google.com/group/hydegroup?hl=my.




